Zgy
Mine 18
"ဘာ.."
ပြီးရင် မခေါ်ပဲလဲ မနေနိုင်ပြပဲနဲ့.."
မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ဘတ်ဟျွန်းစာဆက်တွက်နေမိသည်။
"ချန်း..."
"ရော့..."
"ချန်း ...
"ဒီလိုလေး..."
ပြီးတော့ မက်မောစွာ။
ချန်းမို့လို့။
*******
ထမင်းစားပွဲမှာ ထိုင်နေတဲ့ ဉီးလေးကြီးက စာအိတ်လေးတစ်အိတ်ကိုင်ပြီး ငူငူကြီးဖြစ်နေတယ်။
"ဉီးလေး ချန်း ရော်..???"
"ဘယ်ကလဲဟင်.."
ဘတ်ဟျွန်းဟာ
"ဘတ်ဟျွန်းနီးးး
ကိုယ်တောင်းပန်ပါတယ်"
#Heki
Uni
Mine 18
စာမေးပွဲ နီးလာတာနဲ့အမျှ ချန်းယောလ်ရော ဘတ်ဟျွန်းရော သာမက ဂျုံအင်ပါစာကြည့်တိုက်မှာ စာတွေနဲ့ လုံးထွေးနေချိန်သာ များလာတယ်။ အထက်တန်းကျောင်းသားတွေဖြစ်တာမို့ စာက အတော်အတန်များနေပြီး အစတည်းက တစိုက်မတ်မတ်လုပ်ခဲ့တာမဟုတ်တဲ့ ဘတ်ဟျွန်းတို့နှစ်ယောက်က ပိုပင်ပန်းရတယ်။ ဂျုံအင်ကတော့ နဂိူတည်းက စာတော်တဲ့အထဲပါတာမို့ ဘတ်ဟျွန်းတို့ရဲ့ စာပေတိုက်ကြီးက ကင်မ်ဂျုံအင်။
"ဂျုံအင်းနား ဒီအပုဒ် နါးမလည်လို့.."
ချန်းယောလ်ရော ဘတ်ဟျွန်းရော ခေါင်းချင်းဆိုင်ပြီး ဂျုံအင်ကို ဆရာတင်ရများသည်။ စိတ်ရှည်ရှည်ရှင်းပြတတ်တဲ့ ဂျုံအင်ကြောင့် စာတွေဟာ နားလည်ရလွယ်လာသည်။ ဂျုံအင်ရှင်းပြထားတဲ့ စာတွေဟာ မေ့သွားတယ်မရှိတော့ပဲ အမြဲလွယ်သွားတတ်တယ်။
"ချန်းယောလ် စတော်ဘယ်ရီနို့ဝယ်ပေး.."
"ဘာ.."
"စာရှငိးပြရတာ အာခေါင်ခြောက်တယ်လေ..."
"အဲ့ဒါဆို မင်းဘာသာမင်းသွားဝယ်သောက်လေ..."
"ရတယ်လေ နောက်စာမရှင်းပြတော့ဘူး.."
ဂျုံအင်က အဲ့လိုဂျစ်တိုက်ပြီး အစက ချန်းယောလ်သူ့ကို သဘောမကျတာကို အခြေအနေပေးတိုင်း အနိူင်ကျင့်တတ်သေးသည်။ ထိုသို့သောအခါတိုင်း ပတ်ချန်းယောလ်တို့ မကျေနပ်ကြည့်ကြီးနဲ့ သွားရမြဲ။ လုပ်ပေးရမြဲ။
ထွက်သွားတဲ့ ချန်းယောလ်ရဲ့ ကျောပြင်ကိုကြည့်ပြီး ဘတ်ဟျွန်းခေါင်းယမ်းမိသည်။ ဒီနှစ်ယောက် ဘယ်ချိန်မှ ရငိ့ကျက်ကြမှာလဲ။
"ဂျုံအင်ရာ အလကားရန်သွားစပြန်ပြီ..
ဟိုက အကြောင်းမသိတညလဲမဟုတ်ပဲ
ပြီးရင် မခေါ်ပဲဲလဲ မနေနိုင်ပြပဲနဲ့.."
"ချန်းယောလ်ကိုစရတာ ပျော်ဖို့ကောင်းတယ်လေ
မဟုတ်ရင် အဲ့ကောင်က ငါခိုင်းတာလုပ်ပေးပါ့မလား..
မင်းကို စာတွေရှင်းပြပေးနေလို့ ရတာကို.."
မနိူင်ဘူးဆိုတဲ့ ပုံစံနဲ့ ဘတ်ဟျွန်းစာဆက်တွက်နေမိသည်။
ခဏအကြာမှ ချန်းယောလိရဲ့ တမင်တကာဖိနင်းလျှောက်လာတဲ့ ခြေသံပြင်းပြင်းနဲ့ ဒေါက်ခနဲမြည်အောင်ချလိုက်တဲ့ စားပွဲနဲ့ဘူးနဲ့ရိုက်ခတ်သံကို စာအုပ်စဥ်တွေကြားမှ စာအုပ်ရှာနေတဲ့ ဘတ်ဟျွန်းကြားလိုက်ရတယ်။ အဲ့ဒီ ချန်းယောလ်ဟာလေ စာကြည့်တိုက်ဆိုတာ မေ့နေလျော့လေသလား။ အများပိုင်နေရာမှာ ဆူညံမှုမလုပ်ရတာများ မသိလေသလား။
ပြီးတော့ ကင်မ်ဂျုံအင်ဆိုတဲ့ငနဲရဲ့ တပြွတ်ပြွတ်မြည်အောင်သောက်နေသံ။ ဒီနှစ်ကောင်ဟာ အတူထားလို့ကိုမဖြစ်တာ။
တော်ကြာနေ စာကြည့်တိုက်မှူးရဲ့ သတိပေးခံရနိုင်သည်။
ဘတ်ဟျွန်းလိုချင်တဲ့ စာအုပ်ကို ခပ်မြန်မြန်ရှာလိုက်ပြီး အမြန်ယူကာ နေရာပြန်သွားဖို့ပြင်ရသည်။ ခက်တာက စာအုပ်စဥ်တွေကို ဘာလို့များ ဒီလေါက်အမြင့်ကြီးတွေ လုပ်ထားရပါသလဲ။ ဘတ်ဟျွန်းဟာ ခြေဖျားလေးကော့နေအောင်ထောက်ပြီး လှမ်းယူပေမယ့် အနည်းငယ်သာထိမိသည်။ ပြန်ကြိုးစားကြည့်သေးတယ်။ မရပေ။ ထိုစဥ် ရင်းနှီးနေကျ ကိုယ်သင်းနံ့တစ်ခုရယ် ဘတ်ဟျွန်းနောက်ကျောဘက်ဆီက ရငိခွင်တစ်စုံရယ် ပြီးတော့ ရှည်လျားတဲ့ လက်တစ်ဖက်က ဘတ်ဟျွန်းလှမ်းယူနေတဲ့ စာအုပ်ဆီ အသာအယာလှမ်းလို့။ ဘတ်ဟျွန်းဟာ သဘောတကျ။ အမြတ်တနိုး။
"ချန်း..."
"ရော့..."
ခပ်ထူထူစာအုပ်လေးကို ဘတ်ဟျွန်းလက်ထဲထည့်လို့ ဘာအရိပ်အရောင်မှမရှိတဲ့ မျက်ဝန်းနက်နက်တွေကို ဘတ်ဟျွန်း အရောင်ဆိုးပစ်လိုက်သည်။
ချန်းယောလ်ရဲ့ ခါးအင်္ကျီစပ်လေးကို မရဲတရဲလေးကိုင်ရင်း
"ချန်း ...
Drama တွေမှာဆိုရင် ဒီလိုအခြေအနေမျိုးဆို ဘယ်လိုဆက်ဖြစ်တယ်ထင်လဲ..."
"ငါမှ Drama တွေ မကြည့်တာကို ဟျွန်းနီးရဲ့..."
"ဒီလိုလေး..."
ဘတ်ဟျွန်းက ခြေဖျားလေးကိုချန်းယောလ်ရဲ့ ခြေထောက်ပေါ် ဖိနပ်ချွတ်ပြီးဖိနင်းလိုက်တယ်။ ပြီးတော့ မှီနေတဲ့ မေးဖျားလေးဆီ မော့နမ်းလိုက်တယ်။ ချန်းယောလ်ဟာ မှင်သက်သူလို ငေးမောနေရာကနေ ဘတ်ဟျွန်းခါးစပ်ကနေထိန်းကိုင်ပြီး မျက်နှာငုံကျလာတယ်။ လေငွေ့ရိုက်တာတောင် ခံစားနိုငိတဲ့ နီးကပ်လွန်းနဲ့ အနေအထားမှာ ချန်းယောလ်က ဘတ်ဟျွန်းကြားနိူင်ယုံလေသံလေူနဲ့..
"နောက်ဆို Drama တွေကြည့်မှ ဖြစ်တော့မှာပဲ...!"
ပြီးနောကိမှာတော့ ဘတ်ဟျွန်းရဲ့ နှုတ်ခမ်းပါလေးကို နူးညံ့စွာ မွတ်သိပ်စွာ။
ပြီးတော့ မက်မောစွာ။
ချန်းမို့လို့။
ချန်းယောလ်မို့လို့ကို ဘတ်ဟျွန်းက တိမ်းညွန့်ပါတယိ။
၁၆ နှစိအရွယ် ချန်းယောလ်က သိမ်မွေ့စွာ ဘတ်ဟျွန်း နှလုံးသားကို သိမ်းပိုက်တယ်။
ဘတ်ဟျွန်းဟာ ပတ်ချန်းယောလ်ဆိုတဲ့ ဒီအမျိုးသားရဲ့ အပိုင်ဖြစ်ပါတယ်။
*******
**အိပ်မက်တွေကို ယုံကြည်ပါသလား။
ဘတ်ဟျွန်းကတော့ ယုံတယ်။
ယုံတယ်ဆိုတာထက် လက်တွေ့ကျစွာ ကြုံခဲ့ရတာမို့ ယုံသွားတာဆို ပိုမှန်ပါလိမ့်မယ်။**
အဲ့ဒီနေ့က ဘတ်ဟျွန်းတို့ စာမေးပွဲဖြေဖို့ ၁၅ရက် လဝက်ခန့်သာလိုတော့တဲ့ အချိန်ဖြစ်တယ်။ မနက်စောစော စာထကျက်နေကျ ဘတ်ဟျွန်းကို အဲ့ဒီနေ့က ချန်းယောလ်က မနှိုးခဲ့ပါဘူး။ သူနှိုးမှ ထနေကျ ဘတ်ဟျွန်းလဲ စာထမကျက်ဖြစ်ခဲ့ဘူး။ ဝဝလင်လင် အိပ်စက်ရာကနေ ဘတ်ဟျွန်းနိုးလာတော့ မနက်ခင်း ၈ နာရီ။ လိုက်ကာစကြားကနေ ထိုးနေတဲ့ နေက ဘတ်ဟျွန်းမျက်နှာပေါ် ဖြန့်ကျန့်နေတာကြောင့် နိုးလာရခြင်း။ ပုံမှန်ဆို ချန်းယောလ်က တံခါးပိတ်တာဖြစ်ဖြစ် တခုခုနဲ့ ကာပေးတာဖြစ်ဖြစ် လုပ်ပေးနေကြ။
ဘတ်ဟျွန်းက အိပ်ရာနံဘေးကို လက်နဲ့စမ်းကြည့်လိုက်တော့ အေးစက်နေတာကြောင့် ချန်းယောလ်ထသွားတာ ကြာပြီဖြစ်ပါလိမ့်မယ်။ ဘတ်ဟျွန်းက ပုံမှန်နေရက်တွေအတိုင်း ရေချိုး အဝတ်လဲပြီးမှ အောက်ထပ်ကို ဆင်းလာခဲ့တယ်။
ထမင်းစားပွဲမှာ ထိုင်နေတဲ့ ဦးလေးကြီးက စာအိတ်လေးတစ်အိတ်ကိုင်ပြီး ငူငူကြီးဖြစ်နေတယ်။
"ဦးလေး ချန်း ရော်..???"
ဦးလေးက ပြန်ဖြေရမယ့်အစား ဘတ်ဟျွန်းဆီ စာအိတ်လေးကမ်းပေးလာတယ်။ ကိုင်ထားတာ ကြာပြီမှန်းသိသာစွာ အနားသတ်လေးတွေမှာ စွန်းပြီးနှုန်းကြေနေတယ်။
"ဘယ်ကလဲဟင်.."
ဘတ်ဟျွန်းက အဖေ့ဘက်က ဦးလေူတွေအဒေါ်တွေဆီကလို့ ထင်လိုက်သေးတယ်။ ဒါပေမယ့် စာအိတ်ကိုဖောက်လို့ စာရွက်ခေါက်လေးကို ဖွင့်လိုက်လျှင်ဖွင့်လိုက်ချငိး မြင်လိုက်ရတဲ့ ခပ်သော့သော့လက်ရေးတွေ။ အနားသတ် မညီမညာနဲ့ ဒီလက်ရေးရဲ့ ပိုင်ရှငိဟာ ဘယ်သူဆိုတာ ပြောစရာမလိုအောင် ဘတ်ဟျွန်း ရင်းနှီးပြီးသားသူဖြစ်တယ်။ ဘတ်ဟျွန်း ရင်ဘတ်ထဲ အသက်ရှူတွေ ကြပ်လာတယ်။ တင်းကြပ်ဆို့ပိတ်နေသလို ခံရခက်မှုဟာ မျက်ရည်တွေလည်လာတဲ့အထိ။ ပင့်သက်တစ်ချက်ရှိုက်သွင်းလိုက်တဲ့ လေထဲမှာ ချန်းယောလ်အငွေ့အသက်တွေ ပျောက်ဆုံးနေတယ်။ ပါးပြင် မျက်ရည်တစ်ပေါက်လိမ့်ကျသွားမှုမှာ သုတ်ပေးတဲ့ လက်ချောင်းရှည်ရှည်တွေ ကင်းမဲ့နေတယ်။
ဘတ်ဟျွန်းဟာ
"ဘတ်ဟျွန်းနီးးး
ကိုယ်တောင်းပန်ပါတယ်"
ဆိုတဲ့ စာကြောင်းရဲ့ အောက်ကစာတွေ ဆက်လက်ဖတ်နိုင်စွမ်းမရှိတော့ဘူး။ အားအင်တွေ ဆုတ်ယုတ်နေတဲ့ ခန္ဓာလိုမျိုး ဒီစာရွက်လေးဟာ လေးလံနေလိုက်တာ။ အရိုကြိုးပျက်သလို လက်ကလေးဟာ ဘေးဘက်ကို တွဲလျှက်ကျသွားတယ်။ စာရွက်ရဲ့ အနားစလေးကတော့ အတင်းအကြပ်ဆုတ်ကိုင်ခံထားရတာကြောငိ့ နာနေရော့မယ်။
ဘတ်ဟျွန်း ဆီကို ကံဆိုးခြင်းတွေဟာ အသိမပေးပဲရောက်လာခဲ့ပြန်တယ်။
ထိုနေ့ကလဲ အပြင်မှာ နေသာတယ်။
#Heki