အခန်း ၃.၂ - မတူညီတဲ့ကမ္ဘာလေးတစ်ခု။
Unicode
"အန်ကယ်ရော ယုန်လေးတွေကို ကြိုက်တာလား။" ဟုဘေးနားမှ ကလေးသံလေးတစ်ခု ထွက်ပေါ်လာသည်။
ရှီပိုင်ချန်သည် သူ့ဘေးနားရှိ ကလေးမလေးအား တစ်ချက်ကြည့်လိုက်ပြီး "မကြိုက်ဘူး။" ဟု အေးစက်စွာပြောလိုက်သည်။
"မကြိုက်လို့တော်သေးတာပေါ့။ သမီးက သမီးနဲ့ပြိုင်ပြီးဒီအရုပ်ကိုလုမယ်ထင်နေတာ။"
ကလေးမလေးက သက်တောင့်သက်သာရှိတဲ့အကြည့်နဲ့ ရင်ဘတ်ကို ပွတ်သပ်ပြီး “ဒီယုန်လေးက အရမ်းချစ်စရာကောင်းတယ်၊ ဘာလို့မကြိုက်တာလဲ” လို့ ချက်ချင်းပြန်မေးတယ်။
"ဒီမြည်းက ပိုချစ်စရာကောင်းတယ်လို့ မင်းမထင်ဘူးလား" ဟု ရှီပိုင်ချန်းသည် ယုန်ဘေးနားရှိ မြည်းရုပ်လေးကို တိတ်တဆိတ် ကောက်ယူပြီး ကလေးမလေးကို ပေးလိုက်သည်။
ကလေးမလေးသည်တစ်ခဏမျှ နှုတ်ဆိတ်နေကာ သူ့အားမနှစ်မြို့သောအကြည့်ဖြင့် "ဒါက မြက်ခင်းပြင် မြင်းတစ်ကောင်ပဲ"
ရှီပိုင်ချန်း - “…”
[ဟားဟားဟား၊ရှင်ဒီယုန်ကလေးကို သတ်လိုက်တာပဲ။]ဟုမီလီက နားရွက်တွေတုန်သွားတဲ့အထိ ရယ်ရင်းပြောတယ်။
ကလေးမလေးသည် တစ်ခုခုကို ခံစားမိပုံရသည်။ သူမ မော့ကြည့်ခါနီးတွင် ဘေးမှသူမအမေ၏အသံကိုကြားလိုက်ရသည်။
"ရှင်းရှင်း သမီးဘာဝယ်ချင်တယ်လို့ ပြောတာလဲ။"
“ယုန်။”
ကလေးမလေးသည် အာရုံပျံ့လွင့်ကာ ယုန်ဆီသို့ ပျော်ရွှင်စွာ လက်ညှိုးထိုးပြလိုက်သည်။အဲ့ခဏအတွင်းမှာပဲ လက်ကြီးတစ်ချောင်းက သူမ၏ခေါင်းပေါ်ကဖြတ်သွားပြီး ယုန်နားရွက်ကို ကောက်ကိုင်ကာ ဈေးဝယ်လှည်းထဲသို့ ပစ်ချပြီးနောက် ကလေးမလေး သတိမထားမိခင်မှာပဲ လှည့်ထွက်သွားသည်။
ယုန်ငယ်လေးကို မကြိုက်ဘူးလို့ မပြောဘူးလား၊ဘယ်လိုဖြစ်ပြီးကလေးတစ်ယောက်နဲ့အပြိုင်လုရတာလဲ။လူကြီးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိသေးရဲ့လား။လူလိမ်ကြီးရဲ့!!!
ကလေးမလေးသည် မိုးကြိုးပစ်ခံလိုက်ရသလို အသွင်အပြင်ဖြင့် မျက်လုံးကို ပြူးကျယ်သွားသည်။
[ရှင်တကယ်ပဲအဲ့လောက်ထိလုပ်ဖို့လိုလို့လား။]
လူအိုကြီးပိုင်ဟာ ဒီတစ်သက်မှာ ကလေးမရနိုင်ဘူးလို့ မီလီ ခံစားခဲ့ရတယ်။
"သူမကို အိမ်ခေါ်သွားဖို့ ဘယ်သူက ပြောတာလဲ။" ရှီပိုင်ချန်းက သူမကို မနှစ်သက်သလို တစ်ချက်ကြည့်ကာဖြေလိုက်သည်။
[ရှင်ကလေးတွေကို ညင်ညင်သာသာလေး ဆက်ဆံသင့်သည်။]
"ဟမ်"
ရှီပိုင်ချန်းသည် မထီမဲ့မြင်ပြုကာ ပြန်ဖြေသည်။
ငွေရှင်းကောင်တာတွင် ငွေရှင်းပြီးနောက် ရှီပိုင်ချန်းသည် လက်တစ်ဖက်တွင် ဈေးဝယ်အိတ်တစ်လုံးကိုကိုင်ဆောင်ကာ ကျန်တစ်ဖက်တွင် ယုန်တစ်ကောင်နှင့်အတူ ကုန်တိုက်မှထွက်လာခဲ့သည်။
ယုန်ရုပ်နှင့် စျေးဝယ်အိတ်ကို နောက်ထိုင်ခုံတွင် ချထားလိုက်ပြီး ရှီဘိုင်ချန်တံခါးပြန်ပိတ်ခါနီးတွင် မီလီက အမြန်ပြောသည်။
[ခဏနေပါဦး၊ကျွန်မကိုယ်နေဟန်ထားကို ပြောင်းပေးပါဦး။ဗိုက်ပေါ် မှာလှဲလျောင်းနေတဲ့ပုံနဲ့မထားခဲ့နဲ့။ကျွန်မပြတင်းပေါက်အပြင်ဘက် ရှုခင်းတွေကြည့်ချင်တယ်။]
ရှီပိုင်ချန်းကပြန်လာပြီး သူမကိုမတ်တပ်အနေအထား ထားကာကားတံခါးဘေးသို့ ရွေ့ပေးလိုက်တယ်။
မီလီက သူ့အား [ထိုင်ခုံခါးပတ်ပတ်ဖို့ မမေ့နဲ့။] ဟု သတိပေးတယ်။
အရမ်းဇီဇာကြောင်တာပဲ။
ရှီပိုင်ချန်းသည် သူမအား ထိုင်ခုံခါးပတ်ကိုချိတ်ဖို့ ကူညီပေးခဲ့ပါတယ်။
[ကျေးဇူးတင်ပါတယ်။ရှင်က အရမ်းကောင်းတဲ့သူပဲ။]
မီလီက သူ့ကို လူကောင်းကတ်ပြားတစ်ခု ပေးခဲ့တယ်။
ရှီပိုင်ချန်းက ကားမောင်းတဲ့ အနေအထားမှာ ထိုင်နေပြီး ကားစက်ကို စတင်နိုးလိုက်တယ်။
မီလီသည် ပြတင်းပေါက်မှ ငေးကြည့်ကာ အထင်ကရ အဆောက်အအုံများ၊ အထင်ကရနေရာများနှင့် ကြော်ငြာဘုတ်များကို အာရုံစိုက်မှတ်ခဲ့သည်။
Shoufeng အဆောက်အဦး၊ Thorns ပြတိုက်၊Baijia လမ်း၊ Yunlang ဗဟိုဆေးရုံ…
Yunlang မြို့လား။တရုတ်ပြည်မှာ Yunlang မြို့ရှိတာလား။မီလီ နည်းနည်းတော့ စိတ်ရှုပ်သွားသည်။
ဘာသာစကား၊ဓလေ့ထုံးတမ်း၊ လူမျိုးရေးစရိုက်အားလုံးဟာ သူမနေထိုင်သောနိုင်ငံနှင့် တူတူဘဲဟာကို ဘာလို့သူမအရင်ကတခါမှမကြားဖူးသော မြို့တစ်မြို့ရှိနေရတာလဲ။
သူမရဲ့ မသိစိတ်ကဖန်တီးခဲ့ခြင်း ဖြစ်နိုင်သလား ဒါမှမဟုတ် သူမ၏ ဝိညာဉ်သည် တူညီတဲ့တခြားနေရာထဲသို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့တာလား။
သူမသည် မူလက သူမ၏ ဝိညာဉ်ခန္ဓာကိုယ်မှ ထွက်ခွာသွားတာက ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း အခုအရာများက ပို၍ပင် ရှုပ်ထွေးလာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
[လူအိုကြီးပိုင် ရှင်ဘယ်မြို့ကလာတာလဲ။] ဟု မီလီက ရုတ်တရက်မေးလိုက်တယ်။
"ငါက ယွင်လန်မြို့ဇာတိက။"
ရှီပိုင်ချန်းက "မင်းကော ဘယ်ကလဲ" လို့ ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။
[ဟန်ကျိုး။]
"ဟန်ကျိုးလား။"
ရှီပိုင်ချန်းကစပ်စုပြီး "ဟန်ကျိုး က ဘယ်မှာရှိတာလဲ။"
[အခုက တရုတ်မှာလား။] ဟု မီလီက ထပ်မေးတယ်။
“ဟုတ်တယ်လေ ဒါက တရုတ်ပြည်ပဲ။” ဟုဆိုကာ ရှီပိုင်ချန်းသည် နောက်ကြည့်မှန်မှတစ်ဆင့် သူမကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။
ထိတ်လန့်နေတဲ့ မီလီ - သူတို့ နှစ်ယောက်စလုံးက တရုတ်မှာ ပဲဖြစ်နေတာကို ဘာလို့ဒီလောက် ကွာခြားနေရတာလဲ။
တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်မြို့ဖြစ်လို့ဟန်ကျိူးကိုမသိဘူးဆိုရင်ထားပါတော့။အခုက ဟန်ကျိုးသည် ZJ ၏မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံ၏ရှေးဟောင်းမြို့တော်ရှစ်ခုအနက်မှတစ်ခုဖြစ်သည်။ ပထဝီဝင်ကိုတစ်ခါမျှမလေ့လာဖူးတဲ့သူကိုသွားမေးကြည့်ရင်တောင် ဟန်ကျိုးမြို့၏တည်နေရာကိုသိနိုင်တယ်။
{ T/N : ZJ သည် စာရေးဆရာ၏ မှတ်စု ကိုးကာချက်များအရ Zhejiang ပြည်နယ်ရဲ့ အတိုကောက်ဖြစ်နိုင်သည်။ }
ယွင်လန်မြို့သည်လည်း သေးငယ်သော နေရာမဟုတ်သည်မှာ ထင်ရှားပါသည်။မြို့ရဲ့ စားသုံးမှု၊ သယ်ယူပို့ဆောင်ရေး အချက်အချာကျသော နေရာများ၊ အထင်ကရ အဆောက်အအုံများကို ကြည့်လိုက်လျှင် ယင်းမြို့သည် ပထမအဆင့်သို့ ရောက်ရှိလာသည်မှာ သေချာပါသည်။တရုတ်လူမျိုးတစ်ယောက်အနေနှင့် မီလီသည် ထိုကဲ့သို့သော မြို့ကြီးတစ်မြို့ကို တစ်ခါမှ မကြားဖူးသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
Zawgyi
အခန္း ၃.၂ - မတူညီတဲ့ကမာၻေလးတစ္ခု။
"အန္ကယ္ေရာ ယုန္ေလးေတြကို ႀကိဳက္တာလား။" ဟုေဘးနားမွ ကေလးသံေလးတစ္ခု ထြက္ေပၚလာသည္။
ရွီပိုင္ခ်န္သည္ သူ႔ေဘးနားရွိ ကေလးမေလးအား တစ္ခ်က္ၾကည့္လိုက္ၿပီး "မႀကိဳက္ဘူး။" ဟု ေအးစက္စြာေျပာလိုက္သည္။
"မႀကိဳက္လို႔ေတာ္ေသးတာေပါ့။ သမီးက သမီးနဲ႔ၿပိဳင္ၿပီးဒီအ႐ုပ္ကိုလုမယ္ထင္ေနတာ။"
ကေလးမေလးက သက္ေတာင့္သက္သာရွိတဲ့အၾကည့္နဲ႔ ရင္ဘတ္ကို ပြတ္သပ္ၿပီး “ဒီယုန္ေလးက အရမ္းခ်စ္စရာေကာင္းတယ္၊ ဘာလို႔မႀကိဳက္တာလဲ” လို႔ ခ်က္ခ်င္းျပန္ေမးတယ္။
"ဒီျမည္းက ပိုခ်စ္စရာေကာင္းတယ္လို႔ မင္းမထင္ဘူးလား" ဟု ရွီပိုင္ခ်န္းသည္ ယုန္ေဘးနားရွိ ျမည္း႐ုပ္ေလးကို တိတ္တဆိတ္ ေကာက္ယူၿပီး ကေလးမေလးကို ေပးလိုက္သည္။
ကေလးမေလးသည္တစ္ခဏမွ် ႏႈတ္ဆိတ္ေနကာ သူ႔အားမႏွစ္ၿမိဳ႕ေသာအၾကည့္ျဖင့္ "ဒါက ျမက္ခင္းျပင္ ျမင္းတစ္ေကာင္ပဲ"
ရွီပိုင္ခ်န္း - “…”
[ဟားဟားဟား၊ရွင္ဒီယုန္ကေလးကို သတ္လိုက္တာပဲ။]ဟုမီလီက နား႐ြက္ေတြတုန္သြားတဲ့အထိ ရယ္ရင္းေျပာတယ္။
ကေလးမေလးသည္ တစ္ခုခုကို ခံစားမိပုံရသည္။ သူမ ေမာ့ၾကည့္ခါနီးတြင္ ေဘးမွသူမအေမ၏အသံကိုၾကားလိုက္ရသည္။
"ရွင္းရွင္း သမီးဘာဝယ္ခ်င္တယ္လို႔ ေျပာတာလဲ။"
“ယုန္။”
ကေလးမေလးသည္ အာ႐ုံပ်ံ႕လြင့္ကာ ယုန္ဆီသို႔ ေပ်ာ္႐ႊင္စြာ လက္ညႇိဳးထိုးျပလိုက္သည္။အဲ့ခဏအတြင္းမွာပဲ လက္ႀကီးတစ္ေခ်ာင္းက သူမ၏ေခါင္းေပၚကျဖတ္သြားၿပီး ယုန္နား႐ြက္ကို ေကာက္ကိုင္ကာ ေဈးဝယ္လွည္းထဲသို႔ ပစ္ခ်ၿပီးေနာက္ ကေလးမေလး သတိမထားမိခင္မွာပဲ လွည့္ထြက္သြားသည္။
ယုန္ငယ္ေလးကို မႀကိဳက္ဘူးလို႔ မေျပာဘူးလား၊ဘယ္လိုျဖစ္ၿပီးကေလးတစ္ေယာက္နဲ႔အၿပိဳင္လုရတာလဲ။လူႀကီးတစ္ေယာက္အေနနဲ႔ ဂုဏ္သိကၡာရွိေသးရဲ႕လား။လူလိမ္ႀကီးရဲ႕!!!
ကေလးမေလးသည္ မိုးႀကိဳးပစ္ခံလိုက္ရသလို အသြင္အျပင္ျဖင့္ မ်က္လုံးကို ျပဴးက်ယ္သြားသည္။
[ရွင္တကယ္ပဲအဲ့ေလာက္ထိလုပ္ဖို႔လိုလို႔လား။]
လူအိုႀကီးပိုင္ဟာ ဒီတစ္သက္မွာ ကေလးမရႏိုင္ဘူးလို႔ မီလီ ခံစားခဲ့ရတယ္။
"သူမကို အိမ္ေခၚသြားဖို႔ ဘယ္သူက ေျပာတာလဲ။" ရွီပိုင္ခ်န္းက သူမကို မႏွစ္သက္သလို တစ္ခ်က္ၾကည့္ကာေျဖလိုက္သည္။
[ရွင္ကေလးေတြကို ညင္ညင္သာသာေလး ဆက္ဆံသင့္သည္။]
"ဟမ္"
ရွီပိုင္ခ်န္းသည္ မထီမဲ့ျမင္ျပဳကာ ျပန္ေျဖသည္။
ေငြရွင္းေကာင္တာတြင္ ေငြရွင္းၿပီးေနာက္ ရွီပိုင္ခ်န္းသည္ လက္တစ္ဖက္တြင္ ေဈးဝယ္အိတ္တစ္လုံးကိုကိုင္ေဆာင္ကာ က်န္တစ္ဖက္တြင္ ယုန္တစ္ေကာင္ႏွင့္အတူ ကုန္တိုက္မွထြက္လာခဲ့သည္။
ယုန္႐ုပ္ႏွင့္ ေစ်းဝယ္အိတ္ကို ေနာက္ထိုင္ခုံတြင္ ခ်ထားလိုက္ၿပီး ရွီဘိုင္ခ်န္တံခါးျပန္ပိတ္ခါနီးတြင္ မီလီက အျမန္ေျပာသည္။
[ခဏေနပါဦး၊ကြၽန္မကိုယ္ေနဟန္ထားကို ေျပာင္းေပးပါဦး။ဗိုက္ေပၚ မွာလွဲေလ်ာင္းေနတဲ့ပုံနဲ႔မထားခဲ့နဲ႔။ကြၽန္မျပတင္းေပါက္အျပင္ဘက္ ရႈခင္းေတြၾကည့္ခ်င္တယ္။]
ရွီပိုင္ခ်န္းကျပန္လာၿပီး သူမကိုမတ္တပ္အေနအထား ထားကာကားတံခါးေဘးသို႔ ေ႐ြ႕ေပးလိုက္တယ္။
မီလီက သူ႔အား [ထိုင္ခုံခါးပတ္ပတ္ဖို႔ မေမ့နဲ႔။] ဟု သတိေပးတယ္။
အရမ္းဇီဇာေၾကာင္တာပဲ။
ရွီပိုင္ခ်န္းသည္ သူမအား ထိုင္ခုံခါးပတ္ကိုခ်ိတ္ဖို႔ ကူညီေပးခဲ့ပါတယ္။
[ေက်းဇူးတင္ပါတယ္။ရွင္က အရမ္းေကာင္းတဲ့သူပဲ။]
မီလီက သူ႔ကို လူေကာင္းကတ္ျပားတစ္ခု ေပးခဲ့တယ္။
ရွီပိုင္ခ်န္းက ကားေမာင္းတဲ့ အေနအထားမွာ ထိုင္ေနၿပီး ကားစက္ကို စတင္ႏိုးလိုက္တယ္။
မီလီသည္ ျပတင္းေပါက္မွ ေငးၾကည့္ကာ အထင္ကရ အေဆာက္အအုံမ်ား၊ အထင္ကရေနရာမ်ားႏွင့္ ေၾကာ္ျငာဘုတ္မ်ားကို အာ႐ုံစိုက္မွတ္ခဲ့သည္။
Shoufeng အေဆာက္အဦး၊ Thorns ျပတိုက္၊Baijia လမ္း၊ Yunlang ဗဟိုေဆး႐ုံ…
Yunlang ၿမိဳ႕လား။တ႐ုတ္ျပည္မွာ Yunlang ၿမိဳ႕ရွိတာလား။မီလီ နည္းနည္းေတာ့ စိတ္ရႈပ္သြားသည္။
ဘာသာစကား၊ဓေလ့ထုံးတမ္း၊ လူမ်ိဳးေရးစ႐ိုက္အားလုံးဟာ သူမေနထိုင္ေသာႏိုင္ငံႏွင့္ တူတူဘဲဟာကို ဘာလို႔သူမအရင္ကတခါမွမၾကားဖူးေသာ ၿမိဳ႕တစ္ၿမိဳ႕ရွိေနရတာလဲ။
သူမရဲ႕ မသိစိတ္ကဖန္တီးခဲ့ျခင္း ျဖစ္ႏိုင္သလား ဒါမွမဟုတ္ သူမ၏ ဝိညာဥ္သည္ တူညီတဲ့တျခားေနရာထဲသို႔ ေဖာက္ထြင္းဝင္ေရာက္သြားခဲ့တာလား။
သူမသည္ မူလက သူမ၏ ဝိညာဥ္ခႏၶာကိုယ္မွ ထြက္ခြာသြားတာက ထူးဆန္းသည္ဟု ထင္ခဲ့ေသာ္လည္း အခုအရာမ်ားက ပို၍ပင္ ရႈပ္ေထြးလာမည္ဟု သူမ မေမွ်ာ္လင့္ခဲ့ေပ။
[လူအိုႀကီးပိုင္ ရွင္ဘယ္ၿမိဳ႕ကလာတာလဲ။] ဟု မီလီက ႐ုတ္တရက္ေမးလိုက္တယ္။
"ငါက ယြင္လန္ၿမိဳ႕ဇာတိက။"
ရွီပိုင္ခ်န္းက "မင္းေကာ ဘယ္ကလဲ" လို႔ ေပါ့ေပါ့ပါးပါး ေမးလိုက္တယ္။
[ဟန္က်ိဳး။]
"ဟန္က်ိဳးလား။"
ရွီပိုင္ခ်န္းကစပ္စုၿပီး "ဟန္က်ိဳး က ဘယ္မွာရွိတာလဲ။"
[အခုက တ႐ုတ္မွာလား။] ဟု မီလီက ထပ္ေမးတယ္။
“ဟုတ္တယ္ေလ ဒါက တ႐ုတ္ျပည္ပဲ။” ဟုဆိုကာ ရွီပိုင္ခ်န္းသည္ ေနာက္ၾကည့္မွန္မွတစ္ဆင့္ သူမကို ထူးဆန္းစြာ စိုက္ၾကည့္ေနသည္။
ထိတ္လန႔္ေနတဲ့ မီလီ - သူတို႔ ႏွစ္ေယာက္စလုံးက တ႐ုတ္မွာ ပဲျဖစ္ေနတာကို ဘာလို႔ဒီေလာက္ ကြာျခားေနရတာလဲ။
တတိယအဆင့္ သို႔မဟုတ္ စတုတၳအဆင့္ၿမိဳ႕ျဖစ္လို႔ဟန္က်ိဴးကိုမသိဘူးဆိုရင္ထားပါေတာ့။အခုက ဟန္က်ိဳးသည္ ZJ [1]၏ၿမိဳ႕ေတာ္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ၏ေရွးေဟာင္းၿမိဳ႕ေတာ္ရွစ္ခုအနက္မွတစ္ခုျဖစ္သည္။ ပထဝီဝင္ကိုတစ္ခါမွ်မေလ့လာဖူးတဲ့သူကိုသြားေမးၾကည့္ရင္ေတာင္ ဟန္က်ိဳးၿမိဳ႕၏တည္ေနရာကိုသိႏိုင္တယ္။
{ T/N : ZJ သည္ စာေရးဆရာ၏ မွတ္စု ကိုးကာခ်က္မ်ားအရ Zhejiang ျပည္နယ္ရဲ႕ အတိုေကာက္ျဖစ္ႏိုင္သည္။ }
ယြင္လန္ၿမိဳ႕သည္လည္း ေသးငယ္ေသာ ေနရာမဟုတ္သည္မွာ ထင္ရွားပါသည္။ၿမိဳ႕ရဲ႕ စားသုံးမႈ၊ သယ္ယူပို႔ေဆာင္ေရး အခ်က္အခ်ာက်ေသာ ေနရာမ်ား၊ အထင္ကရ အေဆာက္အအုံမ်ားကို ၾကည့္လိုက္လွ်င္ ယင္းၿမိဳ႕သည္ ပထမအဆင့္သို႔ ေရာက္ရွိလာသည္မွာ ေသခ်ာပါသည္။တ႐ုတ္လူမ်ိဳးတစ္ေယာက္အေနႏွင့္ မီလီသည္ ထိုကဲ့သို႔ေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ကို တစ္ခါမွ မၾကားဖူးသည္မွာ မည္သို႔ျဖစ္ႏိုင္မည္နည္း။