အခန်း ၃.၁ - မတူညီတဲ့ကမ္ဘာလေးတစ်ခု။
Unicode
မီလီသည် နာမည်ကြီးစာရေးဆရာအချို့ကို အင်တာနက်တွင် ရှာဖွေခဲ့သော်လည်း သူမ၏ အဓိကပစ်မှတ်ကိုရှာမတွေ့ခဲ့ပေ။
လူအိုကြီးပိုင်သည် ယခုနှစ်တွင် ၂၉ နှစ်ရှိပြီဖြစ်သည်။သူ့ရဲ့ အသွင်အပြင် အတိအကျကို သူမ မမှတ်မိပေမယ့် သူမရဲ့ မှတ်မိမှုအရတော့ သူကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ချောမောပြီး ယောက်ျားပီသတာကလည်းခေါင်းကနေခြေဖျားအထိပေါ်လွင်နေသေးတယ်။အင်တာနက်မှာသူတို့ရဲ့ဓာတ်ပုံတွေကိုတင်ထားတဲ့ အမျိုးသား စာရေးဆရာအများစုရဲ့ရုပ်ရည်ကသာမန်တွေပဲဖြစ်သည်။ ရုပ်ရည်ပိုကြည့်ကောင်းသူများ၏ အသက်၊အရပ်နှင့် အခြားသက်ဆိုင်သော အချက်အလက်များကလည်း သူနဲ့မကိုက်ညီပါ။
ရှီပိုင်ချန်းကိုအင်တာနက်မှတဆင့်ရှာရန်မဖြစ်နိုင်သော်လည်း မီလီသည်အလျင်လိုစရာအကြောင်းမရှိချေ။ သူနဲ့ နောက်တစ်ကြိမ်တွေ့ရင် သူဘယ်မှာနေလဲဆိုတာကို တိုက်ရိုက်မေးလို့ရနေတာပဲတာပဲလေ။
သူမ၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့် အတွေ့အကြုံ အနည်းငယ်ကြာပြီးနောက် မီလီသည် ထိုပြောင်းလဲမှုနှင့်တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာသည်။အိပ်ငိုက်ခြင်းကြောင့် ဖြစ်လာမည့်အမှားအယွင်းများကို ရှောင်ရှားနိုင်ရန် သူမသည် အိပ်ချိန်ဇယားကို ပြုလုပ်ခဲ့သည်။မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ညနေတစ်ကြိမ် အိပ်ချိန် ၂ နာရီ တိုးပေးခြင်းဖြင့် တစ်နေ့လျှင် အိပ်ချိန် ၁၄ နာရီခန့်အိပ်ဖို့ သူမလိုအပ်သည်။အကယ်၍သူမသည် အိပ်ချိန်မလုံလောက်ပါက၊စိတ်မတည်ငြိမ်မှုနှင့်အလုပ်စွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကို ခံစားရမည်ဖြစ်ပြီး အဲ့တာတွေကသူမ၏နေ့စဉ်ဘ၀ကို ဆိုးရွားစွာထိခိုက်စေမည်ဖြစ်သည်။
ငိုက်မျဉ်းခြင်းကို အတင်းအကျပ် တွန်းလှန်မယ့်အစား အချိန်ကိုတတ်နိုင်သမျှ ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲတာက ပိုကောင်းပါတယ်။
နေ့လည်စာစားပြီးနောက် မီလီသည်အိမ်တွင် လေ့ကျင့်ခန်းလုပ်ကာ အိပ်ယာပေါ်တွင်သက်တောင့်သက်သာလှဲနေလိုက်သည်။နှိုးစက်နာရီကို ချိန်ညှိပြီးနောက် အိပ်ပျော်သွားခဲ့သည်။
ရင်းနှီးနေသော ခံစားချက်က ပြန်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကနေ ဆူညံ့နေသော အသံတစ်ခုထွက်ပေါ်လာသည်။ အလင်းရောင်တဖြည်းဖြည်း တောက်ပလာသည်နှင့်အမျှ မီလီ၏ အမြင်အာရုံတွင် ပထမဆုံးပေါ်လာသည့်အရာမှာ ကြီးမားပြီးလှသော မျက်လုံးတစ်စုံဖြစ်သည်။ထိုမျက်လုံးပိုင်ရှင်သည် ကျစ်ဆံမြီးနှစ်ခွကျစ်ထားသော အသက်ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး ဖန်သားပြင်ပေါ်ရှိ လက်များကိုတင်ထားကာ တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
[ဟိုင်း အလှလေးရေ မင်္ဂလာပါ။] ဟု မီလီက သူ့ကိုကြင်နာစွာ နှုတ်ဆက်လိုက်သည်။
ကလေးမလေးသည် မကြားဟန်ပေါ်ကာမလှမ်းမကမ်းမှာရှိနေသောအမျိုးသမီးအား "အမေ၊သမီးဒီယုန်ရုပ်လေးကို ဝယ်ချင်တယ်။" ဟု လှမ်းအော်လိုက်သည်။
ပြည့်ဖောင်းသော လက်ကလေးက မီလီကို တည့်တည့် ညွှန်ပြသည်။
မီလီသည် ကောင်မလေး ပြောနေသော ယုန်ရုပ်ဟာ သူမကို ပြောနေမှန်းသိလိုက်ရသည်။ဦးခေါင်းကြီးကြီး၊နားရွက်ရှည်ရှည်၊မျက်လုံးစွေစွေ၊ပြည့်ဖောင်းနေသော ခန္ဓာကိုယ်နှင့်လူအရပ်တစ်ဝက်ခန့်ရှိသော သူမ၏ယုန်အရုပ်သဏ္ဌာန်အသွင်အပြင်မှာ ရိုးရိုးရှင်းရှင်းနှင့်ချစ်စရာကောင်းသည်။သူမသည် အသွင်အပြင်မျိုးစုံဖြင့် ခြောက်ခုသို့မဟုတ်ခုနစ်ခုလောက်ရှိနေတဲ့အရုပ်တွေကြားထဲသပ်ရပ်စွာထိုင်နေပါသည်။
လူတွေက သွားလိုက်လာလိုက်နဲ့ ရံဖန်ရံခါ သူတို့မျက်လုံးတွေကသူမကိုစောင်းကြည့်သွားကြတယ် — အများစုကတော့ ကလေးလေးတွေဖြစ်သည်။
အဲ့ဒီအချိန်မှာမီလီသည် ဈေးဝယ်လှည်းတွန်းနေတဲ့ လူအုပ်ကြားထဲကနေဖြတ်သွားနေတဲ့ ရင်းနှီးတဲ့ပုံစံကို ရုတ်တရက်တွေ့လိုက်တယ်။
[လူအိုကြီးပိုင်] မီလီက သူမရဲ့ ဝိညာဉ်ကနေပြီးအော်ပြောလိုက်ပါတယ်။
ရှီပိုင်ချန်းက သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
[ကျွန်မဒီမှာ၊ရှင့်နေရာကကြည့်ရင်၁၀နာရီထောင့်မှာ။]
ရှီပိုင်ချန်းက သူ့ခေါင်းကိုလှည့်ပြီး ၁၀နာရီထောင့်နေရာကို တည့်တည့်စိုက်ကြည့်လိုက်တယ်။
[ဟုတ်တယ်၊အလှပြထားတဲ့အရုပ်တန်းထဲမှာ အလွန်ချစ်စရာကောင်းတဲ့ ယုန်လေးကို မင်းမြင်လား။အဲဒါကျွန်မပဲ။]
ရှီပိုင်ချန်းသည် အရုပ်စင်ရှေ့သို့ လှမ်းလာကာ ကြီးမားပြီးဝတုတ်နေတဲ့ ယုန်ရုပ်လေးတစ်ကောင်ကိုတွေ့ကာတိတ်ဆိတ်စွာ ကြည့်နေလေသည်။
[ဂုဏ်ယူပါတယ်။အခုဆိုရင်သင်ဟာချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးကိုတွေ့ရှိသွားပါပြီ။ချက်ချင်းပဲ အိမ်သို့ခေါ်ဆောင်သွားလိုက်ပါ။] ဟု မီလီက သူမရဲ့ယုန်နားရွက်များကို လှုပ်ယမ်းပြကာပြောလိုက်သည်။
Zawgyi
အခန္း ၃.၁ - မတူညီတဲ့ကမာၻေလးတစ္ခု။
မီလီသည္ နာမည္ႀကီးစာေရးဆရာအခ်ိဳ႕ကို အင္တာနက္တြင္ ရွာေဖြခဲ့ေသာ္လည္း သူမ၏ အဓိကပစ္မွတ္ကိုရွာမေတြ႕ခဲ့ေပ။
လူအိုႀကီးပိုင္သည္ ယခုႏွစ္တြင္ ၂၉ ႏွစ္ရွိၿပီျဖစ္သည္။သူ႔ရဲ႕ အသြင္အျပင္ အတိအက်ကို သူမ မမွတ္မိေပမယ့္ သူမရဲ႕ မွတ္မိမႈအရေတာ့ သူကေတာ့ ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္နဲ႔ ေခ်ာေမာၿပီး ေယာက္်ားပီသတာကလည္းေခါင္းကေနေျခဖ်ားအထိေပၚလြင္ေနေသးတယ္။အင္တာနက္မွာသူတို႔ရဲ႕ဓာတ္ပုံေတြကိုတင္ထားတဲ့ အမ်ိဳးသား စာေရးဆရာအမ်ားစုရဲ႕႐ုပ္ရည္ကသာမန္ေတြပဲျဖစ္သည္။ ႐ုပ္ရည္ပိုၾကည့္ေကာင္းသူမ်ား၏ အသက္၊အရပ္ႏွင့္ အျခားသက္ဆိုင္ေသာ အခ်က္အလက္မ်ားကလည္း သူနဲ႔မကိုက္ညီပါ။
ရွီပိုင္ခ်န္းကိုအင္တာနက္မွတဆင့္ရွာရန္မျဖစ္ႏိုင္ေသာ္လည္း မီလီသည္အလ်င္လိုစရာအေၾကာင္းမရွိေခ်။ သူနဲ႔ ေနာက္တစ္ႀကိမ္ေတြ႕ရင္ သူဘယ္မွာေနလဲဆိုတာကို တိုက္႐ိုက္ေမးလို႔ရေနတာပဲတာပဲေလ။
သူမ၏ ဝိညာဥ္သည္ သူမ၏ ခႏၶာကိုယ္မွ ထြက္ခြာသြားသည့္ အေတြ႕အႀကဳံ အနည္းငယ္ၾကာၿပီးေနာက္ မီလီသည္ ထိုေျပာင္းလဲမႈႏွင့္တျဖည္းျဖည္း လိုက္ေလ်ာညီေထြျဖစ္လာသည္။အိပ္ငိုက္ျခင္းေၾကာင့္ ျဖစ္လာမည့္အမွားအယြင္းမ်ားကို ေရွာင္ရွားႏိုင္ရန္ သူမသည္ အိပ္ခ်ိန္ဇယားကို ျပဳလုပ္ခဲ့သည္။မနက္တစ္ႀကိမ္၊ ေန႔လည္တစ္ႀကိမ္၊ညေနတစ္ႀကိမ္ အိပ္ခ်ိန္ ၂ နာရီ တိုးေပးျခင္းျဖင့္ တစ္ေန႔လွ်င္ အိပ္ခ်ိန္ ၁၄ နာရီခန႔္အိပ္ဖို႔ သူမလိုအပ္သည္။အကယ္၍သူမသည္ အိပ္ခ်ိန္မလုံေလာက္ပါက၊စိတ္မတည္ၿငိမ္မႈႏွင့္အလုပ္စြမ္းေဆာင္ရည္ က်ဆင္းျခင္းတို႔ကို ခံစားရမည္ျဖစ္ၿပီး အဲ့တာေတြကသူမ၏ေန႔စဥ္ဘ၀ကို ဆိုး႐ြားစြာထိခိုက္ေစမည္ျဖစ္သည္။
ငိုက္မ်ဥ္းျခင္းကို အတင္းအက်ပ္ တြန္းလွန္မယ့္အစား အခ်ိန္ကိုတတ္ႏိုင္သမွ် က်ိဳးေၾကာင္းဆီေလ်ာ္စြာ စီမံခန႔္ခြဲတာက ပိုေကာင္းပါတယ္။
ေန႔လည္စာစားၿပီးေနာက္ မီလီသည္အိမ္တြင္ ေလ့က်င့္ခန္းလုပ္ကာ အိပ္ယာေပၚတြင္သက္ေတာင့္သက္သာလွဲေနလိုက္သည္။ႏႈိးစက္နာရီကို ခ်ိန္ညႇိၿပီးေနာက္ အိပ္ေပ်ာ္သြားခဲ့သည္။
ရင္းႏွီးေနေသာ ခံစားခ်က္က ျပန္ေပၚလာၿပီး ပတ္ဝန္းက်င္တစ္ခုလုံးကေန ဆူညံ့ေနေသာ အသံတစ္ခုထြက္ေပၚလာသည္။ အလင္းေရာင္တျဖည္းျဖည္း ေတာက္ပလာသည္ႏွင့္အမွ် မီလီ၏ အျမင္အာ႐ုံတြင္ ပထမဆုံးေပၚလာသည့္အရာမွာ ႀကီးမားၿပီးလွေသာ မ်က္လုံးတစ္စုံျဖစ္သည္။ထိုမ်က္လုံးပိုင္ရွင္သည္ က်စ္ဆံၿမီးႏွစ္ခြက်စ္ထားေသာ အသက္ခုနစ္ႏွစ္ သို႔မဟုတ္ ရွစ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးျဖစ္ၿပီး ဖန္သားျပင္ေပၚရွိ လက္မ်ားကိုတင္ထားကာ ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။
[ဟိုင္း အလွေလးေရ မဂၤလာပါ။] ဟု မီလီက သူ႔ကိုၾကင္နာစြာ ႏႈတ္ဆက္လိုက္သည္။
ကေလးမေလးသည္ မၾကားဟန္ေပၚကာမလွမ္းမကမ္းမွာရွိေနေသာအမ်ိဳးသမီးအား "အေမ၊သမီးဒီယုန္႐ုပ္ေလးကို ဝယ္ခ်င္တယ္။" ဟု လွမ္းေအာ္လိုက္သည္။
ျပည့္ေဖာင္းေသာ လက္ကေလးက မီလီကို တည့္တည့္ ၫႊန္ျပသည္။
မီလီသည္ ေကာင္မေလး ေျပာေနေသာ ယုန္႐ုပ္ဟာ သူမကို ေျပာေနမွန္းသိလိုက္ရသည္။ဦးေခါင္းႀကီးႀကီး၊နား႐ြက္ရွည္ရွည္၊မ်က္လုံးေစြေစြ၊ျပည့္ေဖာင္းေနေသာ ခႏၶာကိုယ္ႏွင့္လူအရပ္တစ္ဝက္ခန႔္ရွိေသာ သူမ၏ယုန္အ႐ုပ္သဏၭာန္အသြင္အျပင္မွာ ႐ိုး႐ိုးရွင္းရွင္းႏွင့္ခ်စ္စရာေကာင္းသည္။သူမသည္ အသြင္အျပင္မ်ိဳးစုံျဖင့္ ေျခာက္ခုသို႔မဟုတ္ခုနစ္ခုေလာက္ရွိေနတဲ့အ႐ုပ္ေတြၾကားထဲသပ္ရပ္စြာထိုင္ေနပါသည္။
လူေတြက သြားလိုက္လာလိုက္နဲ႔ ရံဖန္ရံခါ သူတို႔မ်က္လုံးေတြကသူမကိုေစာင္းၾကည့္သြားၾကတယ္ — အမ်ားစုကေတာ့ ကေလးေလးေတြျဖစ္သည္။
အဲ့ဒီအခ်ိန္မွာမီလီသည္ ေဈးဝယ္လွည္းတြန္းေနတဲ့ လူအုပ္ၾကားထဲကေနျဖတ္သြားေနတဲ့ ရင္းႏွီးတဲ့ပုံစံကို ႐ုတ္တရက္ေတြ႕လိုက္တယ္။
[လူအိုႀကီးပိုင္] မီလီက သူမရဲ႕ ဝိညာဥ္ကေနၿပီးေအာ္ေျပာလိုက္ပါတယ္။
ရွီပိုင္ခ်န္းက သူ႔ေျခလွမ္းေတြကို ရပ္လိုက္ၿပီး ပတ္ပတ္လည္ကို ၾကည့္လိုက္တယ္။
[ကြၽန္မဒီမွာ၊ရွင့္ေနရာကၾကည့္ရင္၁၀နာရီေထာင့္မွာ။]
ရွီပိုင္ခ်န္းက သူ႔ေခါင္းကိုလွည့္ၿပီး ၁၀နာရီေထာင့္ေနရာကို တည့္တည့္စိုက္ၾကည့္လိုက္တယ္။
[ဟုတ္တယ္၊အလွျပထားတဲ့အ႐ုပ္တန္းထဲမွာ အလြန္ခ်စ္စရာေကာင္းတဲ့ ယုန္ေလးကို မင္းျမင္လား။အဲဒါကြၽန္မပဲ။]
ရွီပိုင္ခ်န္းသည္ အ႐ုပ္စင္ေရွ႕သို႔ လွမ္းလာကာ ႀကီးမားၿပီးဝတုတ္ေနတဲ့ ယုန္႐ုပ္ေလးတစ္ေကာင္ကိုေတြ႕ကာတိတ္ဆိတ္စြာ ၾကည့္ေနေလသည္။
[ဂုဏ္ယူပါတယ္။အခုဆိုရင္သင္ဟာခ်စ္စရာေကာင္းတဲ့ အိမ္ေမြးတိရိစာၦန္ေလးကိုေတြ႕ရွိသြားပါၿပီ။ခ်က္ခ်င္းပဲ အိမ္သို႔ေခၚေဆာင္သြားလိုက္ပါ။] ဟု မီလီက သူမရဲ႕ယုန္နား႐ြက္မ်ားကို လႈပ္ယမ္းျပကာေျပာလိုက္သည္။