"ဝှားးးး "
"အား ဘာလဲကွာ မျက်လုံးစူးလိုက်တာ"
နှိုင်းတစ်ယောက် ပျဉ်ကြိုပျဉ်ကြားမှ ကျရောက်လာသောနေရောင်ကြောင့် မျက်လုံးစူး၍နိုးလာခြင်းပင်။နှိုင်းအိပ်ရေးအတော်ပင် ၀သွားပါသည်။နာရီကောက်ကြည့်တော့ ဆယ့္တစ္နာရီ။
"ဟင် ဆယ့်တစ်နာရီ ငါတော်တော်အိပ်လိုက်တာပဲ
ကျစ် ငါ့ခါး ဟာကွာ ခါးကနာနေသေးတယ်"
မနေ့က ဒီ တောကြိုအုံကြားရွာကို လာရတာ ပင်ပန်းလွန်း၍လားမသိ နှိုင်းခါးပင်နာနေလေပြီ။နှိုင်းကတော့ မိမိခါးနာနေသည်ကိုပင်အကြောင်းပြုကာ ဒယ်ဒီ့ရွာကို တောကြိုအုံကြားဟု သတ်မှတ်လိုက်လေခြင်း။နှိုင်းကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ အချဉ်စော်ပင်နံလုနီးပါး။မနေ့က ပင်ပန်းလွန်း၍ ရောက်ရောက်ချင်းအိပ်လိုက်တာ သန့်ရှင်းဖို့လိုအပ်နေပြီ ဖြစ်သည်။နှိုင်းသန့်ရှင်းရေး လုပ်ရန်အောက်ဆင်းရမည်မို့ အောက်ဆင်းသွားမိသည်။ အောက်ရောက်တော့မနေ့က နှိုင်းကိုအခန်းလိုက်ပို့သော အဒေါ့်ကိုတွေ့သည်မို့
"ဟို ဒေါ်ဒေါ် က ဒေါ်တင်လှဆိုတာမလား ဒယ်ဒီ့မိတ်ဆွေလေ "
"ဟုတ်ပါ့တော် လူလေးအဖေက ပြောတာလားကွယ်"
"ဟုတ်ကဲ့ဗျ ကျွန်တော် ခနခနကြားဖူးပါတယ်
ဒေါ်ဒေါ်တို့ နာမည်တွေကို "
"အေးကွယ် ဒါနဲ့ လူလေးနာမည်က.."
"ကျွန်တော့်နာမည်
နှိုင်းတုမမှီ ပါဒေါ်ဒေါ်"
"အော် လူလေးက နာမည်ရော လူရော
တယ်လှသကို"
"ဟီး ဟုတ်ကဲ့ ဒေါ်ဒေါ်"
"ဒါနဲ့ လူလေးရေချိုးမလို့မဟုတ်လား လာလာအရီးလိုက်ပို့မယ်"
"ဟုတ်ကဲ့ဗျ ကျွန်တော်ရေချိုးချင်နေတာ
ခုပဲ ဒေါ်ဒေါ့်ကို မေးမလို့ဗျ"
နှိုင်းကို ဒေါ်ဒေါ်က ရေချိုးရန်ခေါ်သွားသော အိမ္ေရှ့အုတ်ကန်တွင်ပင် ရေတစ်ခါတည်းချိုးလိုက်သည်။လူကလည်း အတော်ပင် ပြိုင်းနေသေည်မို့ ရေအေးအေးနှင့်တွေ့ကာမှ လန်းဆန်းသွားတော့သည်။ထို့နောက်ဒျေါဒျေါက ထမင်းကျွေးသည်မို့ နှိုင်းလည်းဆာဆာနှင့်ပင်စားလိုက်ရသည်။ နှိုင်းသည် ဒယ်ဒီ့သားဖြစ်၍ မိမိတို့ ကျေးဇူးရှင် ဖြစ်ကြောင်း ရပ်ဆွေရပ်မျိုးတော်စပ်သည် ဖြစ်ကြောင်း အဒေါ်ဟုခေါ်စရာမလိုကြောင် ရင်းရင်းနှီးနှီး အရီးဟုသာခေါ်နိုင်ကြောင်း ပြောသေးသည်။နှိုင်းငယ်ငယ်က ရောက်ဖူးသည်တဲ့ နှိုင်းတော့ မမှတ်မိတော့ပေ။ထို့နောကျ နှိုင်းထက် နှစ်နှစ်ငယ်သော သူ့သားရှိကြောင်း။ယာခင်းထဲသွားသည်တဲ့။နှိုင်းက သူ့သားထက်ပင် ပိုချော ပိုချစ်စရာကောင်းကြောင်းကိုလည်း နှိုင်းကိုစေ့စေ့စပျစပျကွညျ့ကာ ပြောနေပါသေးသည်။မနက်က နှိုင်းကို လာနိုးသော ဟိုကောင်လေးပဲဖြစ်ရမယ်။ထို႔ေနာက်နှိုင်းလည်း ထမင်းစားပြီး ဘာမျှလုပ်စရာမရှိသဖြင့် အခန်းထဲပဲ ပြန်နေလိုက်သည်။
>>>>>>><<<<<<<
လက်ရုံးယခုအိမ်ရှေ့ကွစ်ပျစ်ပေါ် ၀င်ထိုင်နေခြင်းဖြစ်သည်။ညနကေ အလုပ်က အလုပ်သမားနည်းသောကြောင့် အတော်နှင့် ပြန်မလာနိုင်ပေ။။လက်ရုံးပြန်ရောက်တော့ ဟိုလူကိုမတွေ့မိ။အမေ့မေးကြည့်ကာမှ နေ့ခင်းကမှနိုးသည်တဲ့ ဒီလူ ပင်ပန်းသွားပုံရသည်။လက်ရုံးလည်း ပင်ပန်းနေမည်ဟုထင်သောကြောင့် သွားပင်မတွေ့မိ။မနေ့ကလဲ သူ့ကားကြီးနှင် လက်ရုံးကိုရွှံ့ဗွက်တွေစင်အောင် လုပ်သွားသည် မဟုတ်ပါလား။
"ဒီမှာ မင်း ဘာလုပ်နေတာလဲ"
နှိုင်းယနေ့မနက်ဆယ့်တစ်နာရီထိပင် အိပ်ထားသောကြောင့် တော်တော်နှင့် အိပ်မပျော်။ထို့ကြောင့် အောက်ဆင်းလာခြင်း။အိမ်ရှေ့ကထိုကောင်လေးကိုမြင်၍ အပြင်ထွက်လာမိသည်။နှိုင်းကသာမေးနေတာ ဘာမှပြန်မပြောပဲ သူ့ကိုယ်ကြီးကို ဟိုဘက်ကို ရွှေ့ပေးသည်။သဘောက နှိုင်းကို သူနှင့်အတူ လာထိုင်ပါပေါ့။နှိုင်းကပဲ သူ့ဘေးဝင်ထိုင်ပြီး
"ဟို ..ငါအိပ်မပျော်လို့"
"အင်း"
ဒီကောင်လေးက တေမိများလား။အမှန်ဆို နှိုင်းကဧည့်သည်လေ ဖော်ဖော်ရွေရွေ ဆက်ဆံသင့်သည် မဟုတ်ပါလား။
"မင်းက အိမ်ရှေ့ကို ဘာလို့ထွက်ထိုင်နေတာလဲ"
"ပူလို့လေ ခင်ဗျား ဗိုက်ဆာနေလား"
ဟုတ်ပါသည်။နှိုင်းနေ့ခင်းက ဒေါ်ဒေါ်ကျွေးသည့် ထမင်းကလွဲပြီး ဘာမှမစားရသေး၍ အတော်ပင်ဆာနေပြီဖြစ်သည်။ဒီလိုတော့လဲ ဘယ်ဆိုးလို့လဲ။နှိုင်းကိုသာမကြည့်တာ နှိုင်းဗိုက်ဆာနေတာတော့ သူသိသည်မို့ မဆိုးဘူး။
"ထမင်းစားမလား"
"ဟို ဒီအချိန်ကြီးငါ ထမင်းမစားချင်ဘူး"
ညရှစ်နာရီထိုးလုပင် ဖြစ်နေသည်မို့ နှိုင်းထမင်းတော့ မစားချင်တော့။အိမ်မှာလည်း မိမိဗိုက်ဆာလျှင် အဆာပြေမုန့်များသာစားသည်။မဟုတ်လျှင် ဝိတ်တတ်လာနိုင်သည်။နှိုင်း ဝိတ်တော့မတတ်ချင်။တစ်သတ်လုံး ယခုကဲ့သို့ ချပ်ချပ်ရပ်ရပ်နှင့် မော်ဒယ်ခန္ဓာကိုယ်ပဲ ဖြစ်ချင်ပါသည်။
"ဘာဖြစ်လို့လဲ ခင်ဗျားအတွက် ဟင်းတွေသက်သက်ချန်ထားပါတယ် ခင်ဗျား မစားရသေးလို့"
"ဟို.. ငါထမင်းမစားချင်လို့ပါကွာ အဆာပြေစားစရာဘာရှိလဲ"
လက်ရုံး ထမင်းမစားချင်သောသူကို အဆာပြေမုန့်ယူပေးရန်ထလိုက်သည်နှင့် လက်ကိုဖျတ်ခနဲ လှမ်းဆွဲလာသူ
"ဟို ...မင်း ဘယ်သွားမလို့လဲ"
"မုန့်သွားယူမလို့လေ"
"ငါ့အတွက်လား"
"ဟုတ်တယ်လေ ခင်ဗျားကြောက်လို့လား"
"ဟို..ဟို..ငါက"
"ရွာကဘာမှမရှိဘူး မစိုးရိမ်နဲ့ ကျုပ်ခနပဲ ပြန်လာမယ်"
"အင်းပါ မြန်မြန်နော်"
နှိုင်းအစောက သူရှိ၍လာခြင်းဖြစ်သည်။ယခုကြည့်လိုက်ကာမှ တစ်ရွာလုံးအစောအိပ်ကြသည်ထင်သည်။တိတ်ဆိတ်လွန်းသည်။အိမ်ရှေ့လမ်းကို ကြည့်ပြန်တော့လည်း မှောင်မှောင်မဲမဲ။အိမ်ဝိုင်း တစ်ဝိုင်လုံးလည်း မှောင်မဲနေသည်လေ။နှိုင်း သရဲမကြောက်တတ်သော်လည်း ညလုံးပေါက် ထိန်လင်းနေသော မြို့တွင် မွေးကတည်းက နေလာသူပီပီ ယခုကဲ့သို့ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ကျောတော့ခပ်ဆိမ့်ဆိမ့်ပင်။ထို့ကြောင့် နှိုင်းအတွက် မုန့်သွားယူသောကောင်လေးကို မြန်မြန်နော် ဟုပင် လှမ်းအော်လိုက်ခြင်း။
"ဒီမှာ ခင်ဗျား စားလိုက်ရော့"
"အော် အင်း ဘာတွေလဲ"
"မုန့်ခြောက်တွေလေ ကွစ်ကီးတွေနဲ့ ဒါက ကိတ်ဆို"
လက်ရုံးဆိုလျှင် ဤကဲ့သို့ သရေစာများမစား။ထမင်းမစားချင်ဆိုသောကြောင့်သာ အမေ၀ယ်ထားသော မုန့်များယူလာခြင်းဖြစ်သည်။ကြိုက် မကြိုက်တော့မသိ။
"ခင်ဗျာ စားနိုင်ရဲ့လား"
"အင်း ရပါတယ် ငါစားနိုင်တယ်"
ထိုညက ထိုလူစားပြီးသည်အထိလက်ရုံးထိုင်စောင့်နေရသည်။ဤသည်ကိုပင် လက်ရုံးက 'ခင်ဗျား'ဟု ခေါ်သည်ကို မကြိုက်၍လားမသိ သူနာမည် 'နှိုင်းတုမမှီ'ဖြစ်ကြောင်း ပြောနေသေးသည်။လက်ရုံးအသက်ကိုမေးကာ လက်ရုံးထက် နှစ်နှစ်ပင်ကြီးကြောင်းပြောသည်မို့ လက်ရုံးက 'ခင်ဗျားက အသက်ပဲကြီးတာပါ ကျန်တာကျုပ်လောက်ကြီးလို့လား'ဟု စနောက်ပြောတော့ ကိတ်ဆိုစားရင်း ပလုတ်ပလောင်းရန်ပြန်တွေ့လာသူ။ဟုတ်သည်လေ ရန်ပြန်တွေ့နေပုံကိုက နှုတ်ခမ်းထူထူလေးကို ဆူထော်နေသေးတော့ ဘဲနှုတ်သီးကဲ့သို့ပင်။လက်ရုံးမနက်က ထိုလူအိပ်နေသည်ဖြစ်၍မမြင်ခဲ့ရသော မျက်လုံးများသည်လည်း အလင်းရောင်မှိန်မှိန်အောက် အရောင်တွေလဲ့နေသေးသည်။ရွာထဲက မိန်းကလေးတွေထက်ပင် လှနေသေးသည်။ပြီးတော့ စကားလည်းများတယ်။
>>>>>>>><<<<<<
#minus-zero
22 July 22