လက်ရုံး မနက်မိုးလင်းသည်နှင့် တစ်ပြိုင်တည်း ဖီးလိမ်းပြင်ဆင်နေမိသည်။၀တ်နေကျ ပုဆိုးအကွက်အစိတ်လေးနှင့် လက်ရှည်လေးကိုပဲ ၀တ်ပြန်လည်း လက်ရုံးကတော့ ခန့်သားပြီးသားပင်။တစ်ထောင်ဆစ်ထိ လက်ရှည်ကို တိတိရိရိခေါက်တင်လိုက်သည်။နှာတံစဉ်းစဉ်း စူးရှသောမျက်၀န်းညိုများ တိရိနေသော မျက်ခုံးမွှေးစဉ်းစဉ်း နှုတ်ခမ်းများမှာလည်း အနားသတ်ညီညီညာညာနှင့် ခန့်ခန့်ညားညား ယောက်ျားပျိုပင်ဖြစ်သည်။အသားအရေမှာလည်း ညိုစိမ့်စိမ့်ပင်မဟုတ် ဖြူသည့်ဘက်သွားသည်မို့ အမေကတော့ ငါ့သားရုပ်ရှင်မင်းသားနိုင်းနိုင်းတို့ထက်တောင် ခန့်သားသည်တဲ့။
မနေ့ညက အဖေကမြို့တတ်စိုက်ပျိုးရေးဆေးများ၀ယ်ရန် အမှာတော်ပါးထားခြင်းကြောင့် လက်ရုံး ယနေ့မြို့တတ်ဆေး၀ယ်ရပေမည်။
"သား သွားတော့မလို့လားကွဲ့"
"ဟုတ် အမေ သားသွားတော့မယ် အမေဘာမှာချင်သေးလဲ မြို့က သား၀ယ်ခဲ့ပေးမယ်"
"မမှာတော့ပါဘူးကွယ် အရင်တစ်ခေါက် သားအဖေမြို့တတ်တုန်းက အပြည့်အစုံမှာထားတာ ဘာမှမလိုပါဘူးကွယ် ငါ့သားသာ သတိထားသွား"
"ဟုတ်ကဲ့ပါ အမေ ဒါဆို သားသွားပြီနော် "
"အေး အေး အေးကွယ် "
လက်ရုံး အမေ့ကိုနှုတ်ဆတ်ပြီး ဆိုင်ကယ်လေးထုတ်ကာ ထွက်လာလိုက်သည်။လက်ရုံးတို့ရွာက မြို့နှင့် မိုင်နှစ်ဆယ်လောက်တော့ ဝေးပေလိမ့်မည်။ထို့ကြောင့်လည်း လက်ရုံးစောစောထွက်လာခြင်းဖြစ်သည်။အဖေ့ကိုတော့ လက်ရုံးဆင်းလာကတည်းကမမြင်မိ။အစောကြီး ယာခင်းသွားကြည့်နေပြန်ပြီထင်သည်။
လက်ရုံးမြို့ရောက်သည်နှင့် မှာလိုက်သည့် ဆေးစာရင်းအတိုင်းပင် တစ်ခုမကျန်၀ယ်လာခဲ့ရသည်။ဆိုင်တစ်ဆိုင်ထဲတွင် မိမိလိုချင်သည့်အဆးများ အစုံမရနိုင်သဖြင့် တစ်ဆိုင်၀င်တစ်ဆိုင်ထွက် ၀ယ်ရပြန်သည်။ဆေး၀ယ်သည့် အချိန်ပင် တော်တော်ကြာသွားသည်မို့ နေပင်အတော်စောင်းနေလေပြီ။
>>>>>><<<<<<
မော်ဒယ်အသစ် ကားနီနီလေးတစ်စီး မြို့မှတစ်ဆင့်မြေနီလမ်းနီနီပေါ် ပြေးလွှားနေရသဖြင့် တစ်စတစ်စသော ဖုန်များပင် တတ်နေပြီဖြစ်၍ ထိုပေါ်သို့ အရုပ်ရေး၍ပင် ရနေပြီဖြစ်သည်။နှိုင်းမိမိဖခင်၏ မွေးရပ်မြေသာယာကုန်းရွာသို့ လာခြင်းဖြစ်သည်။တစ်နေ့က ဒယ်ဒီသည် မိမိအား အလုပ်မလုပ်လျှင် ရွာပြန်ပို့မည်ဟုစိတ်တိုပြီးေပြာခဲ့သည်။ဤသည်ကို ပင် နှိုင်းက အတည်မှတ်ယူကာ အလုပ်မလုပ်ချင်သောကြောင့် ရှောင်ထွက်လာခြင်းမျိုး ဖြစ်သည်။
နှိုင်း မောင်းနေတာ အတော်ကြာပြီဖြစ်သော်လည်း ယာခင်းစိမ်းစိမ်းများကလွဲ၍ အိမ်ဆိုတစ်အိမ်မှမတွေ့ပေ။အရုပ်ရေးကြည့်ရမည့် အခြေအနေပင်။လမ်းဆိုသည်မှာလည်း မြေနီ ကျောက်ပြုတ်လမ်းဖြစ်၍ တစ်ချက်တစ်ချက် အေပါ်မြောက်တတ်သွားသကဲ့သို့ပြန်ကျလာလျှင်လည်း တော်တော်လေးခံရခတ်ပါသည်။တော်သေးသည် နှိုင်းက ကားနှင့်ပေမို့ ။ဆိုင်ကယ်များသွားလာလျှင် မလွယ်ကြောပင်။နှိုင်း မိမိကိုယ်ကို လကမ္ဘာပေါ် ရောက်နေသည် ဟုပင် အထင်မှားမိတော့မည်။
နှိုင်းဟိုကြည့် သည်ကြည့်နှင့်သာ စမ်းတဝါးဝါးသွားနေရခြင်းဖြစ်သည်။ထိုစဉ်
"ဗွမ်း!"
ဟာ သွားပြီ။နှိုင်း ဆိုင်ကယ်နဲ့လူကို မြင်၍ အားတတ်သရော လမ်းမေးမည်ကြံကာမှ ရေတင်ကျန်
နေသော ချိုင့်ခွက်ကို နှိုင်းကားဘီးတစ်ဖတ်ကျသွား၍ ဆိုင်ကယ်နှင့်လူကို ရွှံ့ရေတွေ စင်မိသွားတာ။နှိုင်းကြောက်ပါသည် တမင်လုပ်ခြင်း မဟုတ်သော်လည်း ပြဿနာလာရှာပါက နှိုင်းမှာ သူများဒေသ ကူဖော်ကူဖက်သည်မရှိသည်မို့ ဒလဟော မောင်းလာမိသည်။ေကြာက်၍ လှည့်ပင်မကြည့်ခဲ့။
ရှေ့ရောက်တော့ လူတစ်စုတွေ့သည်မို့နှိုင်းကားလေး အသာမှေးကာ
"ဗျို့ ဟေ့လူတွေ"
ပြန်ကြည့်လာသောလူတစ်စု။ဦးလေးအရွယ်တွေပင်းနှိုင်းက မကွဲလို့ ဟေ့လူတွေလို့ခေါ်လိုက်ပေမဲ့ဦးလေးကြီးများက စိတ်ခုသွားသည့်ပုံမပေါ်။ထိုထဲမှ ဦးလေးကြီးတစ်ယောက်က
"လူလေး ဘာများလဲကွဲ့ "
တော်သေးသည် နှိုင်း သဘောကောင်းသော ဦးလေးကြီးနှင့် တွေ့ပေသည်မို့။
"ဟို ဒါ သာယာကုန်းရွာ သွားတဲ့လမ်းလားမသိဘူး "
"ဟုတ်တယ်ကွဲ့ ဒါသာယာကုန်းရွာသွားတဲ့လမ်းပါ"
"ရောက်ဖို့ လိုသေးလားဦးလေး"
"မလိုတော့ပါဘူး ဆယ့်ငါးမိနစ်လောက်ပဲ လိုရော့မယ်ကွဲ့ ဒီယာတွေအကုန်လုံးက ဒီရွာအပိုင်တွေပဲလေ ငါ့တူကြီးရ။ဒီယာတွေမြင်တာနဲ့ သာယာကုန်းရွာကို ရောက်တာပဲကွဲ့"
"အော် ဟုတ်ကဲ့ ဦးလေး။ဒါဆို ကျွန်တော် ခရီးဆက်အုံးမယ်ဗျ။ဦးလေးကို ကျေးဇူးတင်ပါတယ်"
"မလိုပါဘူးကွယ် ငါ့တူကြီး သွားသွား"
"ဟုတ် သွားပြီဗျို့ "
နှိုင်းနှုတ်ဆက်ကာ ထွက်လာပြီး ခနအကြာ "သာယာကုန်းရွာမှ ကြိုဆိုပါ၏"ဆိုသည့် ဆိုင်းဘုတ်ကို တွေ့မှသာ သတ်ပျင်းချနိုင်တော့သည်။နှိုင်းဒီနေ့ တစ်နေကုန်မည်ထင်ထားတာ ။တော်သေးသည် နေမ၀င်ခင် တွေ့ပေသည်မို့ ။
>>>>>>><<<<<<
"အွတ် အီး အီး အွတ်
အွတ် အီး အီး အွတ်
အွတ် အီး အီး အွတ် "
မနက်အာရုံတတ်ချိန်ဖြစ်၍ ကြက်များပင်တွန်နေလေပြီ။လက်ရုံးလည်း နိုးနေကြအချိန်ပေမို့ ကြက်တွန်တာနှင့် နိုးနှင့်ပြီးသားပင်။ထို့နောက် နိစ္စဓူ၀လုပ်ငန်းစဉ် ဖြစ်တဲ့ မျက်နှာသစ်သွားတိုက်ရန် အောက်သို့ဆင်းလာခြင်း။အိမ်ရှေ့က ကားနီနီကြီးကို မြင်ကာမှ မနေ့က မိမိကို လမ်းတွင် ရွှံ့ရေတွေစင်အောင်လုပ်သွားသော ကားကို အမှတ်ရသည်။လက်ရုံး မနေ့က ရွာထဲရောက်သည်နှင့် ဦးလေးသာလှတို့အိမ်မှ အမှာပါးလိုက်သော ဆေးများကို သွားပို့ပြီး ပြန်အလာ ထိုကားကို တွေ့လိုက်သည်နှင့် မိမိနှင့်လမ်းမှာဆုံလိုက်သောကားဖြစ်နေသည်ကို သိလိုက်သည်။အမေ့ကိုမေးကာမှ ဦးမာန်ရှိန်ဟုန်၏ သားတဲ့လေ။ပင်ပန်းသည်ဟုပြောကာ အိမ်ပေါ်ထပ်၀င်အိပ်နေ၍ လက်ရုံးနှင့်ပင် မတွေ့ရသေး။
"အမေ"
"အေး သားလေး"
"ဟို သူကဦးမာန်ရှိန်ရဲ့ သားဟုတ်လား"
"ဟုတ်တယ်လေကွယ် မင်းထက်နှစ်နှစ်လောက်ကြီးရော့မယ် သားငယ်ငယ်က မောင်မာန်ရှိန်နောက် လိုက်လာသေးတယ်လေ ငါ့သားမမှတ်မိလောက်ဘူးထင်တယ်"
"ဟုတ် သားမမှတ်မိဘူး ဦးမာန်ရှိန်ကိုတောင် ရေရေရာရာ မမှတ်မိတော့ဘူး"
"သားလေးက ငယ်သေးတာကိုကွယ်
ဒါနဲ့ ထမင်းစားရအောင် ဟိုလူလေးကို သွားနှိုးချေ"
"သား သွားနှိုးရမှာလား "
"ဟုတ်တယ်လေကွယ် သွားနှိုးလိုက် ဒီမှာအဆင်သင့်ဖြစ်နေပြီကွယ်"
လက်ရုံး အင်တင်တင်နှင့်ပင် နှိုးဖို့ရာ အိမ်ေပါ်ထက် တတ်လာခြင်း။လက်ရုံးတို့အိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်ကိုမှ အခန်းများဖွဲ့ထားခြင်းပင်။လက်ရုံးနှင့် အခန်းခြင်းကပ်ရပ်ပင်။
သူ့အခန်းထဲရောက်တော့
"ဟေ့လူ ဟေ့လူ ထတော့"
လက်ရုံး ပခုံးလေးကို ပုတ်ပြီး သုံးခါလောက်ဆင့်နှိုးလိုက်ရသည်။ထိုအခါမှ အင်း အင်း အဲအဲလုပ်လာသည်။
"ဒီမှာ ခင်ဗျား ထမင်းစားရအောင် ထတော့လေ"
"ဟင် ဘယ်သူလဲ
ငါမစားသေးဘူး အိပ်အုံးမှာ"
လက်ရုံးမှာသာ မနေ့ကလဲ ဘာမှမစား ပင်ပန်းသည်ဟုပြောကာ အမေ့ကိုသူနားမည့်အခန်းလိုက်ပို့ခိုင်းကာ တစ်ချိုးတည်း အိပ်သွားသည်ဟာဆိုသောကြောင့် ဆာနေမည်ဆိုး၍လာနှိုးခြင်း။ဒါကို သကောင့်သားလေးက အိပ်ရေးမ၀ဟုဆိုကာ ပြန်အိပ်နေသေးသည်။ဆောင်များနှင့် လုံးထွေကာ အိပ်နေသည်မှာ လူပင်မြုပ်လုမတတ်။မိမိထက်ကြီးသည်ဟုသာဆိုတာ ဘယ်နေရာမှ လက်ရုံးထက်ကြီးတာမတွေ့။အသားအရေကလဲ ဖြူလွန်းပြီး နို့နှစ်ရောင်ကဲ့သို့ပင်။အိပ်နေခြင်းဖြစ်၍ မျက်လုံးမမြင်ရသော်လည်း မျက်တောင်ရှည်များက တစ်ဖတ်နှင့် တစ်ဖတ် ယှက်တွယ်နေလိုက်တာ။နှုတ်ခမ်းဆိုသည်မှာလည်း ရဲတွတ်ပြီး နှင်းဆီဖူးကဲ့သို့ပင် ။ဆံပင်ကလဲ လက်ရုံးတို့လို မဟုတ်။ခပ်အုပ်အုပ်နှင့် ဒီလူဘာလူလဲ။ဒါနဲ့လက်ရုံး မဆီမဆိုင် ယခုမှတွေ့သည့်သူကို စေ့စေ့စပ်စပ်ကြည့်သုံးသပ်နေရပါသနည်း။ပြန်အိပ်သည့်သူက တစ်ရေးတောင် ရနေလောက်ပြီဖြစ်သော်လည်း လက်ရုံးမှာ ကုတင်ဘေးမတ်မတ်ကြီးရပ်နေသော မိမိကိုယ့်ကို သတိမမူမိပဲ ကြည့်နေလိုက်တာ။ခေါင်းကို သုံးချက်လောက် ခါရမ်းလိုက်ပြီး အောက်ထပ်ရောက်သည်နှင့် အမေ့ကို ယာခင်းထဲသွားမည်ဟုပြောကာ ထွက်လာလိုက်သည်။အမေကလှမ်းအော်နေသည်ကို လက်ရုံးကြားပါသည်။သို့သော် ပြန်မဖြေမိတော့။
အမေအော်ပြောနေသည်က
"ငါ့သား ထမင်းမစားသွားဘူးလားတဲ့"
>>>>>><<<<<<
#minus-zero
27 July 22