Zgy
Mine 17
"ခ်န္းေယာလ္ "
"အင္း"
"မနက္ျဖန္လည္း အတန္းလစ္ရေအာင္"
ဘတ္ဟြၽန္းဆံပင္ေတြကို ေဆာ့ကစားေနတဲ့ ခ်န္းေယာလ္လက္ေခ်ာင္းရွည္ေတြ ရပ္တန္႔သြားတယ္။ အံ့ၾသတဲ့ မ်က္ဝန္းဝိုင္းဝိုင္းေတြနဲ႔ ဘတ္ဟြၽန္းကို စူးစမ္းလာတယ္။ ဘတ္ဟြၽန္းက အဲ့ဒီလက္ေခ်ာင္းေလးေတြကို ဆြဲယူၿပီး လွဲအိပ္ေနရာကေန ငုတ္တုပ္ေလး ထထိုင္ကာ ကေလးေတြ ဂ်ီက်သလိုမ်ိဳးေလး လႈပ္ယမ္းကာ..
"ေနာ္...
ေနာ္လို႔ ခ်န္း"
"ေဟာဗ်ာ..."
ရယ္သံတစ္ဝက္နဲ႔ ခ်န္းေယာလ္က မယံုႏိုင္သလိုၿပံဳးရင္းဆိုတယ္။ တကယ္ေတာ့ ဒီလိုဂ်ီက်တာမ်ိဳးမလုပ္ရင္ေတာင္မွ ခ်န္းေယာလ္က လိုက္ပို႔ေပးမွာ ေသခ်ာပါတယ္။ အမွန္က ဘတ္ဟြၽန္းကိုယ္တိုင္ ခ်န္းေယာလ္အေပၚကို ႏူးညံ့တဲ့အပိုင္းေတြ ျပခ်င္တာျဖစ္တယ္။ တမင္တကာကို ဆိုးၾကည့္ခ်င္တာ။ ေဝးသြားၿပီးတဲ့ေနာက္မွာ ခ်န္းေယာလ္က ေနာက္စာသင္ႏွစ္မွာ ျပန္လာမွာ ဆိုေပမယ့္။ တကယ္လို႔မ်ားဆိုတဲ့ေနာက္မွာ ဘတ္ဟြၽန္း ေနာင္တေတြ ရေနတတ္ၿပီ။
တကယ္လို႔မ်ား ခုခ်ိန္မွာ ခ်န္းေယာလ္နဲ႔ အဆံုးအစြန္ထိ မခ်စ္ၾကည့္လိုက္လ်ွင္။ တကယ္လို႔မ်ား အတူရိွေနခ်ိန္မွာ ဆိုးႏြဲ႔တဲ့ပံုစံေလးေတြ မလုပ္လိုက္ဘူးဆိုရင္။
တကယ္လို႔မ်ား ဘတ္ဟြၽန္းတို႔ အတန္းေတြ အတူတူမလစ္ခဲ့ဖူးဘူးဆိုရင္။
တကယ္လို႔မ်ား အမွတ္တရေတြ အမ်ားႀကီးအခု မလုပ္ထားလိုက္ဘူး ဆိုရင္။
တကယ္လို႔မ်ား ဆယ္ေက်ာ္သက္ေတြလုပ္တတ္တဲ့ ရူးႏွမ္းႏွမ္းကိစၥေတြ အခုသာ မလုပ္ၾကည့္ဘူးဆိုရင္။
ေနာင္ဘယ္ေတာ့မွမ်ား တစ္ခါျပန္ မဆံုႏိုင္ေတာ့ရင္ ေနာင္တတို႔ ကင္းေအာင္ျဖစ္တယ္။
အနည္းဆံုးေတာ့ အေကာင္းဆံုးဆိုတဲ့ အမွတ္တရေတြ အတူတူရိွခ်ိန္ မ်ားမ်ားသိမ္းထားခ်င္တယ္။ ဒါမွ ။
အဲ့တာမွ...
"ေနာ္ ခ်န္း
ေနာ္ ....လို႔...."
"ဟားဟားးးး အသဲယားစရာေလးကြာ...
ဘာေလးမွန္းမသိဘူး...."
အဲ့လိုရယ္ေတာ့လဲ တကယ္ရွက္သြားရတာ ဘတ္ဟြၽန္းပါပဲ။
"ဟြန္႔..."
ဘတ္ဟြၽန္း ႏွာေလးမႈတ္ကာ ေခါင္းၪီးေပၚ ေမွာက္ခ်လိုက္ေလေတာ့သည္။ ရွက္လိုက္တာဆိုတာ အေငြ့သာပ်ံသြားခ်င္ေတာ့တယ္။ အားတင္းၿပီး ခ်စ္စရာေကာင္းၾကည့္ပါတယ္။ ထင္သေလာက္ေတာ့ မလြယ္ေပ။
"ဟိတ္ မရွက္ပါနဲ႔ကြာ
ကိုယ္က မငိးခ်စ္စရာေကာင္းလို႔ ရယ္လိုက္မိတာကို..
ဟြၽန္း..
ဟြၽန္းနီးးး ..
ျပပါၪီး ေမာ့ပါၪီး မ်က္ႏွာေလး..
ေဟး အခ်စ္..."
"ရားးး
ပတ္ခ်န္းေယာလ္ မစနဲ႔လို႔.."
"ကေလးေလး
ပူတူးတူးေလး
အသဲေလး
လုပ္ပါ မ်က္ႏွာေလးျပပါၪီး
ကိုကို႔ အခ်စ္ေလးရဲ့.."
ဘတ္ဟြၽန္း ေငါက္ခနဲ ထထိုင္ၿပီး ခ်နိးေယာလ္ရဲ့ ဗိုက္စပ္ဆီ လက္သီးတစ္ခ်က္ပစ္ေကြၽးလိုက္ေပမယ့္ သေကာင့္သားကေတာ့ တဟားဟား ေအာ္ရယ္ေနဆဲ ။ စလို႔ေကာင္းေနဆဲ။
"ကဲေျပာပါၪီး
ကိုကို႔ အခ်စ္က မနက္ျဖန္ ေက်ာင္းလစ္ၿပီး ဘယ္သြားခ်င္တာလဲ
ကိုကိုခ်န္းက လိုက္ပို႔ေပးမွာေပါ့..
ခြီးးးး"
"ခ်န္း ေတာ္ေတာ့ေနာ္...
မစနဲ႔ေတာ့လို႔...."
"အင္းပါ အင္းပါ
မစေတာ့ဘူး အတည္ေမးတာ
ေျပာ သဲေလး ဘယ္သြားခ်င္လဲ..."
"Sh*t "
"ဘာ တကယ္ႀကီးလား သဲေလး..."
"ခ်န္းေယာလ္"
"ေအးပါ ေအးပါ"
ထိုညက တစ္ညလံုး စေနတာနဲ႔ ဘတ္ဟြၽန္းတို႔ ဘာမွ ေရေရာရာရာမေျပာျဖစ္လိုက္။ ဒီလိုပါပဲ စရင္းေနာက္ရင္း ကြၽန္ေတာ္တို႔ဟာ တကယ္ရင္ဆိုင္ရမယ့္ မနက္ျဖန္ေတြကို မသိခ်င္ေယာင္ေဆာင္ရင္း။ အဲ့ဒီလို ေက်ာ္ျဖတ္ၾကတယ္။ တစ္ခ်ိဳ႕ေသာ ဟန္ေဆာင္ျခင္းေတြက ပိုအဆင္ေျပေစတတ္ပါေၾကာင္း ကြၽန္ေတာ္ အထက္တန္း ပထမႏွစ္ရဲ့ စာေမးပြဲေျဖဖို႔ ၂လ အလိုမွာ ေသခ်ာေလး နားလည္လိုက္တယ္။ အဲ့တာကလဲ ဘဝနဲ႔ရင္းလို႔။
မနက္မိုးလင္းေတာ့ ဘတ္ဟြၽန္းေရာ ခ်န္းေယာလ္ေရာ ေက်ာင္းလြယ္အိတ္ထဲကို အက်ႌေတြခိုးထည့္ၿပီး စက္ဘီးတစ္စီးနဲ႔ ထြက္လာၾကတယ္။ အမ်ားသံုး သန္႔စင္ခန္းမွာ အဝတ္အစားေတြ လဲလို႔ လမ္းေဘး မားကတ္ေသးေသးေလးမွာ ၪီးေလးႀကီးဆီက ခိုးလာတဲ့ မွတ္ပံုတင္အတုနဲ႔ စီးကရက္တစ္ခ်ိဳ႕ရယ္ ဆိုဂ်ဳတစ္ခ်ိဳ႕ရယ္ ဝယ္လို႔ မီးျပတိုက္ရဲ့ အေပၚဆံုးထပ္ဆီ ခိုးတက္လို႔။
လူငယ္ဘဝရဲ့ ရူးမိုက္မိုက္အရာေတြကို ခ်န္းနဲ႔သာ ပထမဆံုး ျဖတ္သန္းခ်င္ပါတယ္။
"ခ်န္း မင္းစီးကရက္ ေသာက္ဖူးလား.."
"မေသာက္ဖူးဘူး မင္းေရာ..."
"ဟင့္အင္း
ငါအရင္ေသာက္ၾကည့္မယ္ေနာ္"
"မရဘူး ငါအရင္ေသာက္မယ္ ေပး!"
ဘတ္ဟြၽန္းပါးစပ္နဲ႔ကိုက္ထားတဲ့ ေဆးလိပ္ကိုဆြဲယူၿပီး သူ႔ႏႈတ္ခမ္းမွာေတ့ကာ မီးျခစ္ကိုင္ထားတဲ့ ဘတ္ဟြၽန္းကို သူက မီးညိွခိုင္းတယ္။
"အဟြတ္ အဟြတ္ အဟြတ္..."
"ခ်န္း..."
အဆက္မျပတ္ ေခ်ာင္းေတြဆိုးၿပီးတဲ့ေနာက္မွာ ခ်န္းေယာလ္က ေနာက္တစ္ႀကိမ္ျပန္ ေသာက္ျပန္တယိ။ ဒီတစ္ခါေတာ့ သတိရိွရိွ။ ေျဖးေျဖးခ်င္း။ သတိနဲ့ ဆုပ္ယူ မႈတ္ထုတ္လုပ္ေနမယ့္ တစ္ခ်က္တစ္ခ်က္ေတာ့ ေခ်ာင္းသံထြက္လာတုန္းပဲ။
"ခ်န္း မေသာက္နဲ့ေတာ့ မ်က္ရည္ေတြေတာင္ ဝဲေနၿပီ ေခ်ာင္းဆိုးတာ.."
ခ်နိးေယာလ္က ေဆးလိပ္ေငြ့တစ္ခ်ိဳ႕ကို ႏွာေခါင္းဝကေန ထုတ္လႊင့္ရင္း
"ရၿပီ..."
"ဟင္ ဘာကို ရတာလဲ.."
"ေဆးလိပ္ကို စေသာက္ၿပီဆို ေျဖးေျဖးေလးဆုပ္ယူ
သတိေလးနဲ႔ ၿပီးေတာ့ လည္ေခ်ာင္းထဲအေရာက္မခံနဲ႔ အာေခါင္ပိတ္ထားၿပီး အသက္ရႉထုတ္လိုက္ ဟြၽန္းနီး အဲ့တာဆို မသီးေတာ့ဘူး.."
လက္စသတ္ေတာ့ ခ်န္းေယာလ္က ဘတ္ဟြၽန္း ေဆးလိပ္ေသာက္ရင္ သီးသြားမွာႀကိဳသိတာေၾကာင့္ မေသာက္တတ္သူခ်င္းအတူတူေတာင္ သူပဲဒုကၡခံ စမ္းသပ္လိုက္တာ။ ၿပီးေတာ့မွ နည္းလမ္းကို မ်ွေဝေပးတာ ။ ခ်န္းေယာလ္ဆို ဘတ္ဟြၽန္းအတြက္ အဲ့ဒီလိုျဖစ္တည္မႈမ်ိဳး။ အဲ့ဒီလိုလူမ်ိဳး။ မရိွမျဖစ္ လိုအပ္ခ်က္လိုမ်ိဳး။
ဘတ္ဟြၽန္းက ခ်န္းေယာလ္ပါးစပ္ထဲက ဖင္ဆီခံနားကပ္ေနတဲ့ ေဆးလိပ္ကိုဆြဲယူၿပီး ႏႈတ္ခမ္းမွာတပ္လိုက္တယ္။
ၿပီးေတာ့ ခ်န္းေယာလ္ေျပာသလို ေျဖးေျဖးခ်င္းေလး မႈတ္ထုတ္လိုက္တယ္။ စနစ္တက် ။ ေသေသသပ္သပ္။
"ေဟာ ရသြားတာပဲ
ငါက သီးမွာ စိတ္ပူေနတာ.."
ခ်န္းေယာလ္က လက္ထဲက စီးကရက္ဘူးထဲက ေဆးလိပ္တစ္လိပ္ကိုယူကာ ႏႈတ္ခမ္းမွာ ေတ့လိုက္တယ္။ ဘတ္ဟြၽန္းက မီးျခစ္ျခစ္လို႔ ကမ္းလိုက္ေပမယ့္
ခ်န္းေယာလ္ကေတာ့ ဘတ္ဟြၽန္းႏႈတ္ခမ္းက ကုန္ေတာ့မယ့္ စီးကရက္ဆီက မီးစနဲ႔ တို႔ၫွိလိုက္တယ္။
မထင္မွတ္ထားတဲ့ အေျခအေနမွာ မထင္မွတ္ထားတဲ့ အျပဳအမူေၾကာင့္ ဘတ္ဟြၽန္းမွင္သက္ေနခ်ိန္မွာပဲ ခ်န္းေယာလ္က ေနာက္ျပန္ယို႔သြားတယ္။ ခ်န္းေယာလ္ဟာ ျပဳစားတတ္တဲ့ ညို႔အားျပင္းတယ္။ ကိုယ္သင္းနံ႔ကအစ အသက္ရႈသံအထိ။
ပဲေလွာ္ေတြကို ဆိုဂ်ူပုလင္းနဲ႔ ျမည္းဖို႔ ခ်ေနရင္း ဘတ္ဟြၽန္းက အလ်ွင္အျမန္ဝင္ေျပာလာတယ္။
"ဒီတစ္ခါ ငါအရင္ေသာက္မွာေနာ္ ခ်န္း.."
"မရပါဘူး .."
"ဘာလို႔မရရမွာလဲ ခုနက မင္းအရင္ေသာက္တာေလ ေဆးလိပ္က်
အခု ဆိုဂ်ူကို ငါအရင္ျမည္းမွာ.."
ေျပာေျပာဆိုဆို ဘတ္ဟြၽန္းက ဆိုဂ်ူခြက္ထဲ အျမန္ထည့္ကာ တစ္ႀကိဳက္တည္းေမာ့ျပစ္လိုက္တယ္။
"အားး ခါးလိုက္တာ ...
ေဝါ့..."
"အာ့ေၾကာင့္ေျပာတာကို
ေရာ့ ေရာ့ ဒါေလး ဝါးလိုက္.."
ပဲေလွာ္ေတြ တစ္ဆုပ္ႀကီး ပါးစပ္ထဲ ထညိ့ေပးလာတာေၾကာင့္ ဘတ္ဟြၽန္းျမန္ျမန္ဝါးလိုက္ရသည္။
"ခ်န္း မေသာက္နဲ႔ေတာ့ ခါးတယ္.."
သို႔ေသာ္ မရေပ။ ခ်န္းေယာလ္လဲ တစ္ခြက္ေမာ့ၿပီး ရႈံ႔မဲ့သြားေလသည္။
"ၾကညိ့ပါလား ငါေျပာတာ နားမွ မေထာင္ပဲ.."
"ဆိုဂ်ူက ေသာက္ရင္းနဲ႔မွ ခ်ိဳလာတာတဲ့
လာေနာက္တစ္ခြက္..
ကမ္းေပ့..."
"ကမ္းေပ့.."
"ကမ္းေပ့.."
"ကမ္းေပ့..."
အဲ့လိုနဲ႔ တစ္ခြက္ၿပီးတစ္ခြက္ ။
စီးကရက္ေတြ တစ္လိပ္ၿပီးတစ္လိပ္...
ပဲေလွာ္ေတြ တစ္ထုတ္ၿပီး တစ္ထုတ္,,,
အနာဂတ္ဟာ ဘာလဲ။
ဘယ္လိုအရာေတြ ျဖစ္လာမွာလဲ
ေျပးလို႔ မေတြးခ်င္ေတာ့ဘူး။
ပစၥုပၸန္မွာ ခ်န္းေယာလ္ရိွရင္ ဘတ္ဟြၽန္းက အနာဂတ္ကို လစ္လ်ူရႈခ်င္ပါတယ္။
ခ်န္းေယာလိ ပုခံုးတစ္ဘက္ေပၚမွာ ေခါင္းမွီလိုက္တယ္။ လည္ပင္းစပ္နားဆီတိုးလို႔ ခ်န္းေယာလ္ကိုယ္သင္းနံ႔ကို တစ္ဝႀကီး ရႈသြင္းျပစ္လိူက္တယ္။ ဆိုဂ်ူနံ႔သာမက စီးကရက္နံ႔ပါ ေရာေနေပမယ့္ ခ်န္းေယာလ္ရဲ့ ကိုယ္နံ႔သင္းသင္းဟာ ကြဲထြက္စြာ သင္းပ်ံ့ေနတယ္။
"ခ်စ္တယ္ ဘတ္ဟြၽန္း
ထာဝရဆိုတာထက္ မင္းကို ပိုခ်စ္တယ္"
"အင္း ငါေရာ.."
"တစ္ခ်ိန္မွာ မင္းက တြန္းထုတ္မယ္ဆိုရင္ေတာင္ ငါက မင္းကိုတြယ္ကပ္ေနမွာ သံသရာဆံုးတဲ့ ေန့အထိ.."
"အင္း တြယ္ကပ္ေနေပး..."
"တခုပဲ ကတိေပး..."
"..."
"ငါ့ကို မေမ့သြားပါနဲ႔.."
**မင္းလဲ ငါ့ကို ေမ့မသြားနဲ႔ ခ်န္း
အကယ္၍ ငါ့မွာ မင္းသာမရိွဘူးဆိုရင္ ငါက ရွင္သန္ႏိုင္မွာ မဟုတ္ဘူး ခ်န္း..
မငိးရိွေနလို႔ ...
ငါဆိုတဲ့ ျဖစ္တည္မႈက မင္းရိွေနလို႔ ျဖစ္တည္ေနတာ ခ်န္း...**
စိတ္ရဲ့ ေရရြတ္သံကို ခ်န္းေယာလ္မၾကားေပ။ မီးျပတိုက္ရဲ့ အေပၚကေန ပင္လယ္ျပင္ဆီေငးေနတဲ့ ဘတ္ဟြၽန္းရဲ့ ရီေဝေဝ မ်က္ဝန္းေတြကိုသာ ခ်န္းေယာလ္က အဓိပၸါယ္ေဖာ္ေနတယ္။ ၿပီးေတာ့ အေျဖျပန္မရတဲ့ ဘတ္ဟြၽန္းဆီကေန ခ်န္းေယာလ္က ဘယ္လိုကတိမွ ထပ္မေတာင္းေတာ့ဘူး။ ဘတ္ဟြၽန္းကလဲ
**အင္း..** လို႔ေတာင္ ျပန္မေျပာျဖစ္လိုက္ဘူး။
မေန့ညက အိမ္မက္ဆိုးမက္တယ္ခ်န္း
အိမ္မက္ထဲမွာ မင္းကငါ့ကို အသိမေပးပဲ ေပ်ာက္ကြယ္သြားတယ္တဲ့။ အိပ္ေပ်ာ္ေနတဲ့ မင္းရဲ့ေဘးမွာ ငါဟာ ရိႈက္ႀကီးတငင္ငိုေနခဲ့ရတယ္။ ေတာ္ေသးတာက ငါ့ေဘးမွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနတဲ့မင္းကို ငါႏိုးနိးျခင္း ျမင္လိုက္ရလို႔ပဲ။ အကယ္၍သာ အဲ့ဒီအိမ္မက္က တကယ္ဆို ငါက ေဆာက္တည္ရာမဲ့သြားႏိုင္တယ္။
မေန့ညက ငါကမင္းကို တင္းတင္းဖက္လို႔ မနက္ခင္း ၃ နာရီေလာက္ထဲကကို တေရးမွ အိပ္မေပ်ာ္ေတာ့ဘူး။ မ်က္စိမိွတ္ထားတဲ့အခ်ိန္မွာ မင္းေပ်ာက္ကြယ္သြားမွာ ငါတကယ္ေၾကာက္တယ္ ခ်န္း..
အိပ္မက္ေလးတစ္ခုကေတာင္ ငါ့ရဲ့ေန့စဥ္ဘဝကို ဖ်က္ဆီးႏိုင္တယ္။ ငါ့ရဲ့ အိပ္စက္ေနခ်ိန္ကို ေနွာက္ယွက္ႏိုင္တယ္။
ငါမင္းကို အဲ့ေလာက္ထိကို....ခ်န္း...
#Heki
ဒီေန့ ေသခ်ာေပါက္ Up ေပးရတဲ့ အေၾကာင္းအရင္းက baby တို႔သိၿပီးသားျဖစ္ေပမယ့္ အလႉေငြ ကိစၥေလး ေမတၲာရပ္ခံခ်င္လို႔ပါ။
chanbaek page ေတြနဲ႔ ဆိုင္တဲ့ေနရာေတြမွာေရာ EXO Fandom နဲ႔ပတ္သတ္တဲ့ Page ေတြမွာေရာ challence ေလးေတြရိွပါတယ္။ တတ္ႏိုင္သမ်ွ ပါဝင္ေပးပါၪီးလို႔ ေတာင္းဆိုခ်င္လို႔ပါ။ ဒီေတၚလွန္ေရး ျမန္ျမန္ေအာင္ဖို႔ကို တတ္ႏိုင္တဲ့ဘက္က အားျဖည့္ၿပီး လက္လွမ္းမီသေလာက္ တြန္းကူၾကရေအာင္။ မိသားစုတိုင္းရဲ့ အဖိုးတန္ ရတနာေတြ ထပ္ၿပီးမဆံုးရႈံးရေအာင္ တတ္စြမ္းႏိုင္သမ်ွ အားျဖည့္ၾကရေအာင္ပါ။ ေက်းဇူးတင္ပါတယ္။
အားလံုးကို ခ်စ္ပါတယ္ေနာ္ ။
Uni
Mine 17
"ချန်းယောလ် "
"အင်း"
"မနက်ဖြန်လည်း အတန်းလစ်ရအောင်"
ဘတ်ဟျွန်းဆံပင်တွေကို ဆော့ကစားနေတဲ့ ချန်းယောလ်လက်ချောင်းရှည်တွေ ရပ်တန့်သွားတယ်။ အံ့သြတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ ဘတ်ဟျွန်းကို စူးစမ်းလာတယ်။ ဘတ်ဟျွန်းက အဲ့ဒီလက်ချောင်းလေးတွေကို ဆွဲယူပြီး လှဲအိပ်နေရာကနေ ငုတ်တုပ်လေး ထထိုင်ကာ ကလေးတွေ ဂျီကျသလိုမျိုးလေး လှုပ်ယမ်းကာ..
"နော်...
နော်လို့ ချန်း"
"ဟောဗျာ..."
ရယ်သံတစ်ဝက်နဲ့ ချန်းယောလ်က မယုံနိုင်သလိုပြုံးရင်းဆိုတယ်။ တကယ်တော့ ဒီလိုဂျီကျတာမျိုးမလုပ်ရင်တောင်မှ ချန်းယောလ်က လိုက်ပို့ပေးမှာ သေချာပါတယ်။ အမှန်က ဘတ်ဟျွန်းကိုယ်တိုင် ချန်းယောလ်အပေါ်ကို နူးညံ့တဲ့အပိုင်းတွေ ပြချင်တာဖြစ်တယ်။ တမင်တကာကို ဆိုးကြည့်ချင်တာ။ ဝေးသွားပြီးတဲ့နောက်မှာ ချန်းယောလ်က နောက်စာသင်နှစ်မှာ ပြန်လာမှာ ဆိုပေမယ့်။ တကယ်လို့များဆိုတဲ့နောက်မှာ ဘတ်ဟျွန်း နောင်တတွေ ရနေတတ်ပြီ။
တကယ်လို့များ ခုချိန်မှာ ချန်းယောလ်နဲ့ အဆုံးအစွန်ထိ မချစ်ကြည့်လိုက်လျှင်။ တကယ်လို့များ အတူရှိနေချိန်မှာ ဆိုးနွဲ့တဲ့ပုံစံလေးတွေ မလုပ်လိုက်ဘူးဆိုရင်။
တကယ်လို့များ ဘတ်ဟျွန်းတို့ အတန်းတွေ အတူတူမလစ်ခဲ့ဖူးဘူးဆိုရင်။
တကယ်လို့များ အမှတ်တရတွေ အများကြီးအခု မလုပ်ထားလိုက်ဘူး ဆိုရင်။
တကယ်လို့များ ဆယ်ကျော်သက်တွေလုပ်တတ်တဲ့ ရူးနှမ်းနှမ်းကိစ္စတွေ အခုသာ မလုပ်ကြည့်ဘူးဆိုရင်။
နောင်ဘယ်တော့မှများ တစ်ခါပြန် မဆုံနိုင်တော့ရင် နောင်တတို့ ကင်းအောင်ဖြစ်တယ်။
အနည်းဆုံးတော့ အကောင်းဆုံးဆိုတဲ့ အမှတ်တရတွေ အတူတူရှိချိန် များများသိမ်းထားချင်တယ်။ ဒါမှ ။
အဲ့တာမှ...
"နော် ချန်း
နော် ....လို့...."
"ဟားဟားးးး အသဲယားစရာလေးကွာ...
ဘာလေးမှန်းမသိဘူး...."
အဲ့လိုရယ်တော့လဲ တကယ်ရှက်သွားရတာ ဘတ်ဟျွန်းပါပဲ။
"ဟွန့်..."
ဘတ်ဟျွန်း နှာလေးမှုတ်ကာ ခေါင်းဦးပေါ် မှောက်ချလိုက်လေတော့သည်။ ရှက်လိုက်တာဆိုတာ အငွေ့သာပျံသွားချင်တော့တယ်။ အားတင်းပြီး ချစ်စရာကောင်းကြည့်ပါတယ်။ ထင်သလောက်တော့ မလွယ်ပေ။
"ဟိတ် မရှက်ပါနဲ့ကွာ
ကိုယ်က မငိးချစ်စရာကောင်းလို့ ရယ်လိုက်မိတာကို..
ဟျွန်း..
ဟျွန်းနီးးး ..
ပြပါဦး မော့ပါဦး မျက်နှာလေး..
ဟေး အချစ်..."
"ရားးး
ပတ်ချန်းယောလ် မစနဲ့လို့.."
"ကလေးလေး
ပူတူးတူးလေး
အသဲလေး
လုပ်ပါ မျက်နှာလေးပြပါဦး
ကိုကို့ အချစ်လေးရဲ့.."
ဘတ်ဟျွန်း ငေါက်ခနဲ ထထိုင်ပြီး ချနိးယောလ်ရဲ့ ဗိုက်စပ်ဆီ လက်သီးတစ်ချက်ပစ်ကျွေးလိုက်ပေမယ့် သကောင့်သားကတော့ တဟားဟား အော်ရယ်နေဆဲ ။ စလို့ကောင်းနေဆဲ။
"ကဲပြောပါဦး
ကိုကို့ အချစ်က မနက်ဖြန် ကျောင်းလစ်ပြီး ဘယ်သွားချင်တာလဲ
ကိုကိုချန်းက လိုက်ပို့ပေးမှာပေါ့..
ခွီးးးး"
"ချန်း တော်တော့နော်...
မစနဲ့တော့လို့...."
"အင်းပါ အင်းပါ
မစတော့ဘူး အတည်မေးတာ
ပြော သဲလေး ဘယ်သွားချင်လဲ..."
"Sh*t "
"ဘာ တကယ်ကြီးလား သဲလေး..."
"ချန်းယောလ်"
"အေးပါ အေးပါ"
ထိုညက တစ်ညလုံး စနေတာနဲ့ ဘတ်ဟျွန်းတို့ ဘာမှ ရေရောရာရာမပြောဖြစ်လိုက်။ ဒီလိုပါပဲ စရင်းနောက်ရင်း ကျွန်တော်တို့ဟာ တကယ်ရင်ဆိုင်ရမယ့် မနက်ဖြန်တွေကို မသိချင်ယောင်ဆောင်ရင်း။ အဲ့ဒီလို ကျော်ဖြတ်ကြတယ်။ တစ်ချို့သော ဟန်ဆောင်ခြင်းတွေက ပိုအဆင်ပြေစေတတ်ပါကြောင်း ကျွန်တော် အထက်တန်း ပထမနှစ်ရဲ့ စာမေးပွဲဖြေဖို့ ၂လ အလိုမှာ သေချာလေး နားလည်လိုက်တယ်။ အဲ့တာကလဲ ဘဝနဲ့ရင်းလို့။
မနက်မိုးလင်းတော့ ဘတ်ဟျွန်းရော ချန်းယောလ်ရော ကျောင်းလွယ်အိတ်ထဲကို အင်္ကျီတွေခိုးထည့်ပြီး စက်ဘီးတစ်စီးနဲ့ ထွက်လာကြတယ်။ အများသုံး သန့်စင်ခန်းမှာ အဝတ်အစားတွေ လဲလို့ လမ်းဘေး မားကတ်သေးသေးလေးမှာ ဦးလေးကြီးဆီက ခိုးလာတဲ့ မှတ်ပုံတင်အတုနဲ့ စီးကရက်တစ်ချို့ရယ် ဆိုဂျုတစ်ချို့ရယ် ဝယ်လို့ မီးပြတိုက်ရဲ့ အပေါ်ဆုံးထပ်ဆီ ခိုးတက်လို့။
လူငယ်ဘဝရဲ့ ရူးမိုက်မိုက်အရာတွေကို ချန်းနဲ့သာ ပထမဆုံး ဖြတ်သန်းချင်ပါတယ်။
"ချန်း မင်းစီးကရက် သောက်ဖူးလား.."
"မသောက်ဖူးဘူး မင်းရော..."
"ဟင့်အင်း
ငါအရင်သောက်ကြည့်မယ်နော်"
"မရဘူး ငါအရင်သောက်မယ် ပေး!"
ဘတ်ဟျွန်းပါးစပ်နဲ့ကိုက်ထားတဲ့ ဆေးလိပ်ကိုဆွဲယူပြီး သူ့နှုတ်ခမ်းမှာတေ့ကာ မီးခြစ်ကိုင်ထားတဲ့ ဘတ်ဟျွန်းကို သူက မီးညိှခိုင်းတယ်။
"အဟွတ် အဟွတ် အဟွတ်..."
"ချန်း..."
အဆက်မပြတ် ချောင်းတွေဆိုးပြီးတဲ့နောက်မှာ ချန်းယောလ်က နောက်တစ်ကြိမ်ပြန် သောက်ပြန်တယိ။ ဒီတစ်ခါတော့ သတိရှိရှိ။ ဖြေးဖြေးချင်း။ သတိနဲ့ ဆုပ်ယူ မှုတ်ထုတ်လုပ်နေမယ့် တစ်ချက်တစ်ချက်တော့ ချောင်းသံထွက်လာတုန်းပဲ။
"ချန်း မသောက်နဲ့တော့ မျက်ရည်တွေတောင် ဝဲနေပြီ ချောင်းဆိုးတာ.."
ချနိးယောလ်က ဆေးလိပ်ငွေ့တစ်ချို့ကို နှာခေါင်းဝကနေ ထုတ်လွှင့်ရင်း
"ရပြီ..."
"ဟင် ဘာကို ရတာလဲ.."
"ဆေးလိပ်ကို စသောက်ပြီဆို ဖြေးဖြေးလေးဆုပ်ယူ
သတိလေးနဲ့ ပြီးတော့ လည်ချောင်းထဲအရောက်မခံနဲ့ အာခေါင်ပိတ်ထားပြီး အသက်ရှူထုတ်လိုက် ဟျွန်းနီး အဲ့တာဆို မသီးတော့ဘူး.."
လက်စသတ်တော့ ချန်းယောလ်က ဘတ်ဟျွန်း ဆေးလိပ်သောက်ရင် သီးသွားမှာကြိုသိတာကြောင့် မသောက်တတ်သူချင်းအတူတူတောင် သူပဲဒုက္ခခံ စမ်းသပ်လိုက်တာ။ ပြီးတော့မှ နည်းလမ်းကို မျှဝေပေးတာ ။ ချန်းယောလ်ဆို ဘတ်ဟျွန်းအတွက် အဲ့ဒီလိုဖြစ်တည်မှုမျိုး။ အဲ့ဒီလိုလူမျိုး။ မရှိမဖြစ် လိုအပ်ချက်လိုမျိုး။
ဘတ်ဟျွန်းက ချန်းယောလ်ပါးစပ်ထဲက ဖင်ဆီခံနားကပ်နေတဲ့ ဆေးလိပ်ကိုဆွဲယူပြီး နှုတ်ခမ်းမှာတပ်လိုက်တယ်။
ပြီးတော့ ချန်းယောလ်ပြောသလို ဖြေးဖြေးချင်းလေး မှုတ်ထုတ်လိုက်တယ်။ စနစ်တကျ ။ သေသေသပ်သပ်။
"ဟော ရသွားတာပဲ
ငါက သီးမှာ စိတ်ပူနေတာ.."
ချန်းယောလ်က လက်ထဲက စီးကရက်ဘူးထဲက ဆေးလိပ်တစ်လိပ်ကိုယူကာ နှုတ်ခမ်းမှာ တေ့လိုက်တယ်။ ဘတ်ဟျွန်းက မီးခြစ်ခြစ်လို့ ကမ်းလိုက်ပေမယ့်
ချန်းယောလ်ကတော့ ဘတ်ဟျွန်းနှုတ်ခမ်းက ကုန်တော့မယ့် စီးကရက်ဆီက မီးစနဲ့ တို့ညှိလိုက်တယ်။
မထင်မှတ်ထားတဲ့ အခြေအနေမှာ မထင်မှတ်ထားတဲ့ အပြုအမူကြောင့် ဘတ်ဟျွန်းမှင်သက်နေချိန်မှာပဲ ချန်းယောလ်က နောက်ပြန်ယို့သွားတယ်။ ချန်းယောလ်ဟာ ပြုစားတတ်တဲ့ ညို့အားပြင်းတယ်။ ကိုယ်သင်းနံ့ကအစ အသက်ရှုသံအထိ။
ပဲလှော်တွေကို ဆိုဂျူပုလင်းနဲ့ မြည်းဖို့ ချနေရင်း ဘတ်ဟျွန်းက အလျှင်အမြန်ဝင်ပြောလာတယ်။
"ဒီတစ်ခါ ငါအရင်သောက်မှာနော် ချန်း.."
"မရပါဘူး .."
"ဘာလို့မရရမှာလဲ ခုနက မင်းအရင်သောက်တာလေ ဆေးလိပ်ကျ
အခု ဆိုဂျူကို ငါအရင်မြည်းမှာ.."
ပြောပြောဆိုဆို ဘတ်ဟျွန်းက ဆိုဂျူခွက်ထဲ အမြန်ထည့်ကာ တစ်ကြိုက်တည်းမော့ပြစ်လိုက်တယ်။
"အားး ခါးလိုက်တာ ...
ဝေါ့..."
"အာ့ကြောင့်ပြောတာကို
ရော့ ရော့ ဒါလေး ဝါးလိုက်.."
ပဲလှော်တွေ တစ်ဆုပ်ကြီး ပါးစပ်ထဲ ထညိ့ပေးလာတာကြောင့် ဘတ်ဟျွန်းမြန်မြန်ဝါးလိုက်ရသည်။
"ချန်း မသောက်နဲ့တော့ ခါးတယ်.."
သို့သော် မရပေ။ ချန်းယောလ်လဲ တစ်ခွက်မော့ပြီး ရှုံ့မဲ့သွားလေသည်။
"ကြညိ့ပါလား ငါပြောတာ နားမှ မထောင်ပဲ.."
"ဆိုဂျူက သောက်ရင်းနဲ့မှ ချိုလာတာတဲ့
လာနောက်တစ်ခွက်..
ကမ်းပေ့..."
"ကမ်းပေ့.."
"ကမ်းပေ့.."
"ကမ်းပေ့..."
အဲ့လိုနဲ့ တစ်ခွက်ပြီးတစ်ခွက် ။
စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်...
ပဲလှော်တွေ တစ်ထုတ်ပြီး တစ်ထုတ်,,,
အနာဂတ်ဟာ ဘာလဲ။
ဘယ်လိုအရာတွေ ဖြစ်လာမှာလဲ
ပြေးလို့ မတွေးချင်တော့ဘူး။
ပစ္စုပ္ပန်မှာ ချန်းယောလ်ရှိရင် ဘတ်ဟျွန်းက အနာဂတ်ကို လစ်လျူရှုချင်ပါတယ်။
ချန်းယောလိ ပုခုံးတစ်ဘက်ပေါ်မှာ ခေါင်းမှီလိုက်တယ်။ လည်ပင်းစပ်နားဆီတိုးလို့ ချန်းယောလ်ကိုယ်သင်းနံ့ကို တစ်ဝကြီး ရှုသွင်းပြစ်လိူက်တယ်။ ဆိုဂျူနံ့သာမက စီးကရက်နံ့ပါ ရောနေပေမယ့် ချန်းယောလ်ရဲ့ ကိုယ်နံ့သင်းသင်းဟာ ကွဲထွက်စွာ သင်းပျံ့နေတယ်။
"ချစ်တယ် ဘတ်ဟျွန်း
ထာဝရဆိုတာထက် မင်းကို ပိုချစ်တယ်"
"အင်း ငါရော.."
"တစ်ချိန်မှာ မင်းက တွန်းထုတ်မယ်ဆိုရင်တောင် ငါက မင်းကိုတွယ်ကပ်နေမှာ သံသရာဆုံးတဲ့ နေ့အထိ.."
"အင်း တွယ်ကပ်နေပေး..."
"တခုပဲ ကတိပေး..."
"..."
"ငါ့ကို မမေ့သွားပါနဲ့.."
**မင်းလဲ ငါ့ကို မေ့မသွားနဲ့ ချန်း
အကယ်၍ ငါ့မှာ မင်းသာမရှိဘူးဆိုရင် ငါက ရှင်သန်နိုင်မှာ မဟုတ်ဘူး ချန်း..
မငိးရှိနေလို့ ...
ငါဆိုတဲ့ ဖြစ်တည်မှုက မင်းရှိနေလို့ ဖြစ်တည်နေတာ ချန်း...**
စိတ်ရဲ့ ရေရွတ်သံကို ချန်းယောလ်မကြားပေ။ မီးပြတိုက်ရဲ့ အပေါ်ကနေ ပင်လယ်ပြင်ဆီငေးနေတဲ့ ဘတ်ဟျွန်းရဲ့ ရီဝေဝေ မျက်ဝန်းတွေကိုသာ ချန်းယောလ်က အဓိပ္ပါယ်ဖော်နေတယ်။ ပြီးတော့ အဖြေပြန်မရတဲ့ ဘတ်ဟျွန်းဆီကနေ ချန်းယောလ်က ဘယ်လိုကတိမှ ထပ်မတောင်းတော့ဘူး။ ဘတ်ဟျွန်းကလဲ
**အင်း..** လို့တောင် ပြန်မပြောဖြစ်လိုက်ဘူး။
မနေ့ညက အိမ်မက်ဆိုးမက်တယ်ချန်း
အိမ်မက်ထဲမှာ မင်းကငါ့ကို အသိမပေးပဲ ပျောက်ကွယ်သွားတယ်တဲ့။ အိပ်ပျော်နေတဲ့ မင်းရဲ့ဘေးမှာ ငါဟာ ရှိုက်ကြီးတငင်ငိုနေခဲ့ရတယ်။ တော်သေးတာက ငါ့ဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့မင်းကို ငါနိုးနိးခြင်း မြင်လိုက်ရလို့ပဲ။ အကယ်၍သာ အဲ့ဒီအိမ်မက်က တကယ်ဆို ငါက ဆောက်တည်ရာမဲ့သွားနိုင်တယ်။
မနေ့ညက ငါကမင်းကို တင်းတင်းဖက်လို့ မနက်ခင်း ၃ နာရီလောက်ထဲကကို တရေးမှ အိပ်မပျော်တော့ဘူး။ မျက်စိမှိတ်ထားတဲ့အချိန်မှာ မင်းပျောက်ကွယ်သွားမှာ ငါတကယ်ကြောက်တယ် ချန်း..
အိပ်မက်လေးတစ်ခုကတောင် ငါ့ရဲ့နေ့စဥ်ဘဝကို ဖျက်ဆီးနိုင်တယ်။ ငါ့ရဲ့ အိပ်စက်နေချိန်ကို နှောက်ယှက်နိုင်တယ်။
ငါမင်းကို အဲ့လောက်ထိကို....ချန်း...
#Heki
ဒီနေ့ သေချာပေါက် Up ပေးရတဲ့ အကြောင်းအရင်းက baby တို့သိပြီးသားဖြစ်ပေမယ့် အလှူငွေ ကိစ္စလေး မေတ္တာရပ်ခံချင်လို့ပါ။
chanbaek page တွေနဲ့ ဆိုင်တဲ့နေရာတွေမှာရော EXO Fandom နဲ့ပတ်သတ်တဲ့ Page တွေမှာရော challence လေးတွေရှိပါတယ်။ တတ်နိုင်သမျှ ပါဝင်ပေးပါဦးလို့ တောင်းဆိုချင်လို့ပါ။ ဒီတေါ်လှန်ရေး မြန်မြန်အောင်ဖို့ကို တတ်နိုင်တဲ့ဘက်က အားဖြည့်ပြီး လက်လှမ်းမီသလောက် တွန်းကူကြရအောင်။ မိသားစုတိုင်းရဲ့ အဖိုးတန် ရတနာတွေ ထပ်ပြီးမဆုံးရှုံးရအောင် တတ်စွမ်းနိုင်သမျှ အားဖြည့်ကြရအောင်ပါ။ ကျေးဇူးတင်ပါတယ်။
အားလုံးကို ချစ်ပါတယ်နော် ။