ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.3K 2.4K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 2.1 (U/Z)

421 81 0
By KaGura695

အခန်း ၂.၁ - ငါကနတ်ဆိုးတစ်ကောင်ပဲ။

Unicode

မီလီ အိပ်ရာက နိုးလာတော့ ည ၉ နာရီ ထိုးနေပြီဖြစ်သည်။သူမသည် အိပ်ယာမှထကာ မျက်နှာကို ပွတ်သပ်ပြီး ရေချိုးခန်းထဲသို့ မှင်‌သေသေနဲ့ဝင်သွားသည်။

မီလီသည် သူမ၏ "အိပ်မက်" အတွေ့အကြုံကိုရေရောရာရာမမှတ်မိပေ။ဒါ‌ပေမယ့်သူမသည် လူခေါ်ခေါင်းလောင်းဖြစ်လာပြီး ယောက်ျားပီသလွန်းတဲ့သူနှင့် ခဏကြာ စကားပြောဆိုသည်ကို မှတ်မိနေသည်။

[ဒါဆို အခုကစပြီးရှင့်ကို “အဘိုးပိုင်” လို့‌ခေါ်ရင်ဘယ်လိုလဲအဆင်‌ပြေမလား။]

အဘိုးပိုင်??

မီလီသည် သူမ၏အမှတ်တရများကို အကြိမ်ကြိမ်ပြန်သတိရရန် ကြိုးစားသော်လည်း ထိုလူ၏အသွင်အပြင်ကို ယခုထိ မမှတ်မိနိုင်ပေ။

သူမက ဘယ်လိုဖြစ်ပြီးဒီလိုထူးဆန်းတဲ့ အိပ်မက်တွေကိုမက်နေရတာလဲ။သူမ တကယ်အိပ်မက်မက်နေတာလား။တစ်ရက်ထဲ နှစ်ခါဆက်တိုက် အိပ်ပျော်နေချိန်မှာ သူမသည်ဘယ်လိုဖြစ်လို့ သူတပါးပိုင်ဆိုင်တဲ့အရာဖြစ်သွားရတာလဲ။

မီလီသည် ရေချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာတော့ လန်းဆန်းမှုကိုခံစားလိုက်ရသည်။သူမသည် ခါးစည်းကို ၀တ်ဆင်ပြီး ကင်မရာကိုတပ်ဆင်ကာ ချက်ပြုတ်‌ရေးတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်နေတော့သည်။

“ဒီနေ့တွက် ညလယ်စာသရေစာကတော့ ဘေကွန်နဲ့ ကြက်ဥမုန့်ပါ။လုပ်ဆောင်ရတဲ့အဆင့်တွေက ရိုးရှင်းပြီး အရသာကလည်း အရမ်း‌ကောင်းတယ်။”

မီလီသည် ဂျုံမှုန့်၊ ထောပတ်၊ ကြက်ဥ၊ ဘေကွန်၊ ငရုတ်သီးနှင့် ဆားတို့ကို စားပွဲပေါ်တွင် တစ်ခုပြီးတစ်ခု ချထားလိုက်သည်။

သူမသည် ဂျုံမှုန့်၊နို့နှင့် ကြက်ဥတို့ကို ရောစပ်ကာ ပလပ်စတစ်ဖြင့် ထုပ်ပြီး ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ခန့် ထားလိုက်သည်။ပြီးတဲ့နောက် အရသာရောစပ်နယ်ထားတဲ့ဂျုံ၊ ကြက်သွန်နီနှင့်ဘေကွန်ကို ဆီဖြင့်ချက်လိုက်သည်။

ဒယ်အိုးပေါ်တွင် ဆီတစ်လွှာဖြန့်ပြီးနောက် မုန့်နှစ်တစ်ဇွန်းခန့်ကို ကျက်မြန်အောင် ဖြန့်ပေးပါ။မီလီသည် မုန့်သားကို ရွှေရောင်သန်းလာသည်အထိ ကြော်ပြီးအလယ်တွင် ကြက်ဥတစ်လုံးကို ဖောက်ကာ အသီးအနှံများနှင့် ဒိန်ခဲများကို ဖြန့်ထည့်လိုက်သည်။

သူမသည် ပန်ကိတ်၏ လေးမျက်နှာကို လေးထောင့်ပုံစံဖြစ်အောင် ခေါက်ပြီးနောက်ချိစ်အရည်ပျော်ကာ ကြက်ဥအနှစ်ဝိုင်း ရွှေရောင်သန်းလာသည်အထိ အပူပေးသည်။နောက်ဆုံးတွင် အသီးအနှံအနည်းငယ်ကို လှီးဖြတ်ပြီး ထောင့်နား‌လေးတွေမှာအလှဆင်လိုက်သည်။အခုဆိုရင် ရိုးရှင်းပြီး အရသာရှိတဲ့ ကြက်ဥမုန့်လေး ပြီးပါပြီ။

မီလီသည်လတ်လတ်ဆတ်ဆတ် ဖုတ်ထားသောကြက်ဥမုန့်ကို ကောက်ကိုင်လိုက်သည်။သူမသည် မုန့်အနံ့အားပြင်းပြင်း ရှူရှိုက်ပြီးမှတ်ချက်မချမီ ပရိသတ်အား အရင်ဆုံးအနီးကပ်ပြပေးကာ

"ဒိန်ခဲနှင့် ဘေကွန်တို့ ရောစပ်ထားတဲ့အပြင်ကြက်ဥနှင့်နို့၏ အမွှေးရနံ့သည် ရှိပြီးသားအရသာကို ပို၍‌ကောင်းစေပါသည်။အရောင်ကိုကြည့်မယ်ဆိုရင်လည်း တောက်ပနေပြီး အာဟာရပြည့်ဝကာ ကျန်းမာစေပါတယ်။ညဘက်အချိန်ရရင် စမ်းကြည့်ကြပါ။ကျွန်မကတော့ အခုချက်ချင်းစားပြပါတော့မယ်။"

[အားးးး ကြည့်ရုံနဲ့တင် ဗိုက်ဆာလာပြီ။ငါ့ကိုယ်ငါအနှိပ်စက်ခံပြီးဘာလို့ဆက်ကြည့်နေရတာလဲ။]

[ဒီဘဝမှာ ငါကိုယ်အလေးချိန်ကျဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူး။]

[ထုတ်လွှင့်သူရဲ့ခန္တာကိုယ်ကိုငါတကယ်မနာလိုဖြစ်မိတယ်။ဘယ်လောက်စားစားသူမ မဝလာဘူး။]

[ငါအခုပဲ အစားအသောက်တွေ မှာလိုက်ပြီ။ကိုယ့်ကိုယ်ကိုအစားအသောက်တွေကြားထဲနစ်မြှုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။]

မုန့်စားပြပြီးနောက် မီလီ၏ ကျေနပ်အားရဖွယ်အမူအရာသည် လှိုင်းဂယက်ထသွားပြီးတိုက်ရိုက်ထုတ်လွှင့်မှုသည်ဆုကြေးငွေများစွာဖြင့် ပြီးဆုံးခဲ့သည်။

မီလီသည် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ပြေးစက်ပေါ်တွင် နောက်ထပ် မိနစ် 30 ခန့် ဖြည်းညှင်းစွာ ပြေးခဲ့သည်။

ညသန်းခေါင်ရောက်တော့ သူမသည်အချိန်မှန် အိပ်ယာဝင်ခဲ့သည်။မျက်လုံးမှိတ်ပြီး ငါးမိနစ်အတွင်းမှာပဲမီလီအိပ်ပျော်သွားသည်။သူမ၏ အိပ်စက်မှုပုံစံသည် အမြဲတမ်းကောင်းမွန်နေခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ရက်အတွင်းပုံမှန်မဟုတ်ခဲ့ပေ။ထူးဆန်းသော အိပ်မက်များစွာကိုမက်ရင်းအိပ်ပျော်နေခြင်းဖြစ်သည်။

Zawgyi

အခန္း ၂.၁ - ငါကနတ္ဆိုးတစ္ေကာင္ပဲ။

မီလီ အိပ္ရာက ႏိုးလာေတာ့ ည ၉ နာရီ ထိုးေနၿပီျဖစ္သည္။သူမသည္ အိပ္ယာမွထကာ မ်က္ႏွာကို ပြတ္သပ္ၿပီး ေရခ်ိဳးခန္းထဲသို႔ မွင္‌ေသေသနဲ႔ဝင္သြားသည္။

မီလီသည္ သူမ၏ "အိပ္မက္" အေတြ႕အႀကဳံကိုေရေရာရာရာမမွတ္မိေပ။ဒါ‌ေပမယ့္ သူမသည္ လူေခၚေခါင္းေလာင္းျဖစ္လာၿပီး ေယာက္်ားပီသလြန္းတဲ့သူႏွင့္ ခဏၾကာ စကားေျပာဆိုသည္ကို မွတ္မိေနသည္။

[ဒါဆို အခုကစၿပီးရွင့္ကို “အဘိုးပိုင္” လို႔‌ေခၚရင္ဘယ္လိုလဲအဆင္‌ေျပမလား။]

အဘိုးပိုင္??

မီလီသည္ သူမ၏အမွတ္တရမ်ားကို အႀကိမ္ႀကိမ္ျပန္သတိရရန္ ႀကိဳးစားေသာ္လည္း ထိုလူ၏အသြင္အျပင္ကို ယခုထိ မမွတ္မိႏိုင္ေပ။

သူမက ဘယ္လိုျဖစ္ၿပီးဒီလိုထူးဆန္းတဲ့ အိပ္မက္ေတြကိုမက္ေနရတာလဲ။သူမ တကယ္အိပ္မက္မက္ေနတာလား။တစ္ရက္ထဲ ႏွစ္ခါဆက္တိုက္ အိပ္ေပ်ာ္ေနခ်ိန္မွာ သူမသည္ဘယ္လိုျဖစ္လို႔ သူတပါးပိုင္ဆိုင္တဲ့အရာျဖစ္သြားရတာလဲ။

မီလီသည္ ေရခ်ိဳးၿပီး ေရခ်ိဳးခန္းထဲမွ ထြက္လာေတာ့ လန္းဆန္းမႈကိုခံစားလိုက္ရသည္။သူမသည္ ခါးစည္းကို ၀တ္ဆင္ၿပီး ကင္မရာကိုတပ္ဆင္ကာ ခ်က္ျပဳတ္‌ေရးတိုက္႐ိုက္ထုတ္လႊင့္မႈအတြက္ ျပင္ဆင္ေနေတာ့သည္။

“ဒီေန႔တြက္ ညလယ္စာသေရစာကေတာ့ ေဘကြန္နဲ႔ ၾကက္ဥမုန႔္ပါ။လုပ္ေဆာင္ရတဲ့အဆင့္ေတြက ႐ိုးရွင္းၿပီး အရသာကလည္း အရမ္း‌ေကာင္းတယ္။”

မီလီသည္ ဂ်ဳံမႈန႔္၊ ေထာပတ္၊ ၾကက္ဥ၊ ေဘကြန္၊ င႐ုတ္သီးႏွင့္ ဆားတို႔ကို စားပြဲေပၚတြင္ တစ္ခုၿပီးတစ္ခု ခ်ထားလိုက္သည္။

သူမသည္ ဂ်ဳံမႈန႔္၊ႏို႔ႏွင့္ ၾကက္ဥတို႔ကို ေရာစပ္ကာ ပလပ္စတစ္ျဖင့္ ထုပ္ၿပီး ေရခဲေသတၱာထဲတြင္ မိနစ္ ၃၀ခန႔္ ထားလိုက္သည္။ၿပီးတဲ့ေနာက္ အရသာေရာစပ္နယ္ထားတဲ့ဂ်ဳံ၊ ၾကက္သြန္နီႏွင့္ေဘကြန္ကို ဆီျဖင့္ခ်က္လိုက္သည္။

ဒယ္အိုးေပၚတြင္ ဆီတစ္လႊာျဖန႔္ၿပီးေနာက္ မုန႔္ႏွစ္တစ္ဇြန္းခန႔္ကို က်က္ျမန္ေအာင္ ျဖန႔္ေပးပါ။မီလီသည္ မုန႔္သားကို ေ႐ႊေရာင္သန္းလာသည္အထိ ေၾကာ္ၿပီးအလယ္တြင္ ၾကက္ဥတစ္လုံးကို ေဖာက္ကာ အသီးအႏွံမ်ားႏွင့္ ဒိန္ခဲမ်ားကို ျဖန္႔ထည့္လိုက္သည္။

သူမသည္ ပန္ကိတ္၏ ေလးမ်က္ႏွာကို ေလးေထာင့္ပုံစံျဖစ္ေအာင္ ေခါက္ၿပီးေနာက္ခ်ိစ္အရည္ေပ်ာ္ကာ ၾကက္ဥအႏွစ္ဝိုင္း ေ႐ႊေရာင္သန္းလာသည္အထိ အပူေပးသည္။ေနာက္ဆုံးတြင္ အသီးအႏွံအနည္းငယ္ကို လွီးျဖတ္ၿပီး ေထာင့္နား‌ေလးေတြမွာအလွဆင္လိုက္သည္။အခုဆိုရင္ ႐ိုးရွင္းၿပီး အရသာရွိတဲ့ ၾကက္ဥမုန႔္ေလး ၿပီးပါၿပီ။

မီလီသည္လတ္လတ္ဆတ္ဆတ္ ဖုတ္ထားေသာၾကက္ဥမုန႔္ကို ေကာက္ကိုင္လိုက္သည္။သူမသည္ မုန႔္အနံ႔အားျပင္းျပင္း ရႉရႈိက္ၿပီးမွတ္ခ်က္မခ်မီ ပရိသတ္အား အရင္ဆုံးအနီးကပ္ျပေပးကာ

"ဒိန္ခဲႏွင့္ ေဘကြန္တို႔ ေရာစပ္ထားတဲ့အျပင္ၾကက္ဥႏွင့္ႏို႔၏ အေမႊးရနံ႔သည္ ရွိၿပီးသားအရသာကို ပို၍‌ေကာင္းေစပါသည္။အေရာင္ကိုၾကည့္မယ္ဆိုရင္လည္း ေတာက္ပေနၿပီး အာဟာရျပည့္ဝကာ က်န္းမာေစပါတယ္။ညဘက္အခ်ိန္ရရင္ စမ္းၾကည့္ၾကပါ။ကြၽန္မကေတာ့ အခုခ်က္ခ်င္းစားျပပါေတာ့မယ္။"

[အားးးး ၾကည့္႐ုံနဲ႔တင္ ဗိုက္ဆာလာၿပီ။ငါ့ကိုယ္ငါအႏွိပ္စက္ခံၿပီးဘာလို႔ဆက္ၾကည့္ေနရတာလဲ။]

[ဒီဘဝမွာ ငါကိုယ္အေလးခ်ိန္က်ဖို႔ဆိုတာလုံးဝမျဖစ္ႏိုင္ေတာ့ပါဘူး။]

[ထုတ္လႊင့္သူရဲ႕ခႏၲာကိုယ္ကိုငါတကယ္မနာလိုျဖစ္မိတယ္။ဘယ္ေလာက္စားစားသူမ မဝလာဘူး။]

[ငါအခုပဲ အစားအေသာက္ေတြ မွာလိုက္ၿပီ။ကိုယ့္ကိုယ္ကိုအစားအေသာက္ေတြၾကားထဲနစ္ျမႇဳပ္ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။]

မုန႔္စားျပၿပီးေနာက္ မီလီ၏ ေက်နပ္အားရဖြယ္အမူအရာသည္ လႈိင္းဂယက္ထသြားၿပီးတိုက္႐ိုက္ထုတ္လႊင့္မႈသည္ဆုေၾကးေငြမ်ားစြာျဖင့္ ၿပီးဆုံးခဲ့သည္။

မီလီသည္ မီးဖိုေခ်ာင္ကို သန႔္ရွင္းေရးလုပ္ၿပီးေနာက္ ေျပးစက္ေပၚတြင္ ေနာက္ထပ္ မိနစ္ 30 ခန႔္ ျဖည္းညႇင္းစြာ ေျပးခဲ့သည္။

ညသန္းေခါင္ေရာက္ေတာ့ သူမသည္အခ်ိန္မွန္ အိပ္ယာဝင္ခဲ့သည္။မ်က္လုံးမွိတ္ၿပီး ငါးမိနစ္အတြင္းမွာပဲမီလီအိပ္ေပ်ာ္သြားသည္။သူမ၏ အိပ္စက္မႈပုံစံသည္ အၿမဲတမ္းေကာင္းမြန္ေနခဲ့ေသာ္လည္း ၿပီးခဲ့သည့္ႏွစ္ရက္အတြင္းပုံမွန္မဟုတ္ခဲ့ေပ။ထူးဆန္းေသာ အိပ္မက္မ်ားစြာကိုမက္ရင္းအိပ္ေပ်ာ္ေနျခင္းျဖစ္သည္။

Continue Reading

You'll Also Like

2M 103K 32
The entire story line and character names are just the imagination of the author.
1.1M 25.8K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
537K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9M 90.6K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...