MINE(Completed)

Heki-21

15.8K 1.8K 168

**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... Еще

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
17
18
19
20
21
22
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)

16

348 44 3
Heki-21

Zgy

Mine 16

အျပန္လမ္းတစ္ေလ်ွာက္ဟာ တိတ္ဆိတ္ေနသံေၾကာင့္ စက္ဘီးတစ္ခ်က္နင္းလိုက္ရင္ ထြက္ေပၚလာတတ္တဲ့ ပြတ္တိုက္သံသာရိွတယ္။ ဘတ္ဟြၽန္းရဲ့ လက္ဖမိုးႏုႏုဟာ ခ်န္းေယာလ္ခါးေပၚမွာ ေနရာတက်။ မတူညီတာတစ္ခုက ခါတိုင္းထက္ပိုၿပီး တင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားတာတစ္ခုပဲ။ မၾကာခင္လႊတ္ခ်ေပးလိုက္ရမယ့္ ကိုယ္အႀကိဳက္ဆံုး ဖန္ခြက္တစ္ခုလို။ ဒါမွမဟုတ္ရင္ ဆက္ဆံေရးတစ္ခု။

ခ်န္းေယာလ္က ဘတ္ဟြၽန္းကို ခ်စ္လားလို႔ တစ္ခါမွမေမးခဲ့ဖူးသလို ခ်န္းေယာလ္ကိုလဲ ဘတ္ဟြၽန္းက ခ်စ္တယ္ဆိုတဲ့အေၾကာင္းကို တခုတ္တရမေျပာဖူးဘူး။ ခ်န္းေယာလ္ကသာ ဝန္ခံသူျဖစ္ၿပီး ခ်န္းေယာလ္ကသာ ခ်စ္တဲ့အေၾကာင္းကို မေမ့ရေအာင္ ေျပာေနတတ္သူျဖစ္တယ္။

သူက ခ်စ္တယ္လို႔ေျပာရင္ ဘတ္ဟြၽန္းေျပာရတာ တစ္ခုတည္း။ ငါလည္းခ်စ္တယ္ မဟုတ္ပဲ ။ *အင္း* ဆိုတဲ့အတည္ျပဳေပးသံတစ္ခုတည္း။ စိတ္ဝိဉာဉ္ရဲ့ ဘာသာစကားကို ဘယ္လိုစကားလံုးမ်ိဳးနဲ႔ ေျပာသင့္သလဲ။ ဘယ္လိုေဝါဟာရမ်ိဳးနဲ႔ ထုတ္ေဖာ္သင့္သလဲ။

ခ်န္းေယာလ္ကေျပာတယ္။
သူက ေပါင္းသင္းဆက္ဆံေရးမ​ေကာင္းဘူးတဲ့။ စကားေတြအမ်ားႀကီး မေျပာတတ္ဘူးတဲ့။
ဘတ္ဟြၽန္းကေတာ့ ေပါင္းသင္းဆက္ဆံေရး​ေကာင္းတယ္။ ေက်ာင္းမွာလဲ သူငယ္ခ်င္းေတြ အမ်ားႀကီးပဲ။ စကားေတြလဲ အမ်ားႀကီးေျပာတယ္။
ဒါေပမယ့္ ခ်စ္တဲ့စကားကိုေတာ့ ခ်န္းေယာလ္က ႏႈတ္ကေျပာတယ္။ ဘတ္ဟြၽန္းကေတာ့ အခ်စ္နဲ႔ပတ္သတ္ရင္ အထူးသျဖင့္ ထုတ္ေဖာ္လို႔ မနက္ရိႈင္းဘူးလို႔ထင္တဲ့အရာမ်ိဳးကို စကားေတြအမ်ားႀကီးမေျပာျခင္းျဖင့္သာ ေဖာ္ျပပါတယ္။

ခ်န္းေယာလ္နဲ႔ ဘတ္ဟြၽန္းက ပင္လယ္ျပင္နဲ႔ ေကာင္းကင္လို သဘာဝဆန္ဆန္ ကြဲျပားျခားနားၾကတယ္။

"ခ်န္းေယာလ္ အိမ္ခဏဝင္ခ်င္တယ္"

ဘတ္ဟြၽန္းရဲ့စကားေၾကာင့္ ခ်န္းေယာလ္စက္ဘီးရဲ့ၪီးတည္းရာဟာ ဘတ္ဟြၽန္းရဲ့ အရင္အိမ္ဆီသို႔ျဖစ္တယ္။ လူေတြဟာ ကိစၥတစ္ခုခုႀကံဳရၿပီဆိုရင္ အိမ္ကိုလြမ္းတတ္တာသဘာဝပဲ မဟုတ္လား။

တကယ္ဆို ဘတ္ဟြၽန္းအိမ္မေရာက္တာအေတာ္ၾကာၿပီ။ အေျခတက်ျဖစ္ေနတဲ့ ဒီဘဝမွာ ဘတ္ဟြၽန္းေနသားက်ေနၿပီ။ ဒီေန့ေတာ့ အထူးတလည္ အိမ္ကိုသြားခ်င္ေနတာမ်ိဳးျဖစ္သည္။

အေဖနဲ႔ အတူရိွခဲ့စဥ္တစ္ေလ်ွာက္က အသက္ဝင္ခဲ့တဲ့ အိမ္ဝင္းေလးဟာ အခုေတာ့ ေျခာက္ေသြ့တိတ္ဆိတ္ေနတယ္။ လွဲက်င္းမႈမရိွမွန္းသိသာစြာပဲ ၿခံဝကေန သစ္ရြက္တစ္ခ်ိဳ႕ျပန္႔က်ဲေနတာ အိမ္ဝအထိ။ ၿပီးေတာ့ အေဖ့ရဲ့အလုပ္ေနရာ။ အရင္အတိုင္းတစ္ပံုစံတည္းမဟုတ္ေတာ့ေပမယ့္ ဘတ္ဟြၽန္းအာရံုထဲမွာေတာ့ အေဖအလုပ္လုပ္ေနတဲ့ပံုေတြသာ အစီအရီထြက္လာတယ္။ လႊတစ္ေခ်ာင္းကိုင္ၿပီး ျဖတ္ေတာက္ေနတဲ့ပံုစံေတြ ။ ခဲတံကိုနားၾကားထိုးလို႔ တိုင္းတာေနဟန္ေတြ။ ထြင္းထု ထုရိုက္ေနဟန္ေတြ။ ဘတ္ဟြၽန္းျပန္လာတိုင္း အိမ္ဝကို တစ္ခ်က္လွမ္းၾကည့္ရံု အသိအမွတ္ျပဳတတ္ပံုေတြ။ ၿပီးေတာ့ ခ်န္းေယာလ္နဲ႔အတူ အရိုက္ခံခဲ့ရတဲ့ ပံုစံေတြ။ အရာအားလံုးဟာ ျပန္မရႏိုင္ေတာ့တဲ့ အတိတ္ရဲ့ ေျခရာမ်ား အျဖစ္သာ ဘတ္ဟြၽန္းဆီမွာ က်န္ေတာ့သည္။

"ခ်န္းေယာလ္ "

ဘတ္ဟြၽန္းရဲ့ေနာက္တည့္တည့္မွာ ရပ္ေနတဲ့ ခ်န္းေယာလ္ဘက္ကို ဘတ္ဟြၽန္းက မလွည့္ပဲေခၚလိုက္တယ္။ ဘတ္ဟြၽန္းက အေဖ့ရဲ့ အလုပ္စားပြဲကို လက္နဲ႔ပြတ္သပ္လိုက္တဲ့အခါ ဖုန္ေတြအထပ္လိုက္ ဘတ္ဟြၽန္းလက္ညိုးမွာ ကပ္ပါလာတယ္။ စိတ္ဝင္စားစရာမဟုတ္တဲ့ ဖုန္စေတြကို ဘတ္ဟြၽန္းက အာရံုမရိွစြာပဲ စိတ္ဝင္တစားစိုက္ၾကည့္ရင္း

"မင္းကေတာ့ ငါ့ကိုမထားခဲ့ဘူးမလား..."

ခ်န္းေယာလ္ဆီက အပ္က်သံေတာင္ထြက္မလာတဲ့အခါ ဘတ္ဟြၽန္းရင္ဘတ္ေတြေအာင့္တက္လာတယ္။ နာနာက်င္က်င္ ခံစားလိုက္ရတာ အေဖထားခဲ့ၿပီဆိုတာ သိတဲ့အခ်ိန္တုန္းကလိုပဲ။ လိႈက္တက္လာတဲ့ ဝမ္းနည္းစိတ္ကို ဘတ္ဟြၽန္းအလ်ွင္အျမန္ ၿမိဳသိပ္လိုက္ရတယ္။

"ဟင္ ခ်န္းေယာလ္ ...
အေဖ့လိုမ်ိဳး မင္းကေတာ့ ငါ့ကိုထားခဲ့မွာ မဟုတ္ဘူးမလား.."

"ဘတ္ဟြၽန္း."

"ဟင့္အင္း "

လက္ဖဝါးေလးကိုဆုပ္ကိုင္လာတဲ့ ခ်န္းေယာလ္လက္ဖဝါးေနြးေနြးက ဒီေန့ဒီအခ်ိန္မွာ ဘာလို႔မ်ား ေနြးေထြးလံုၿခံဳတယ္လို႔ မထင္ရတာလဲ။ ဘာေၾကာင့္မ်ား ဟာလာဟင္းလင္းျပင္လို ရင္ထဲမွာ ဟာေနရတာလဲ။

"ေသခ်ာေပါက္ ငါ့အနားမွာ ရိွေနမယ္လို႔ ကတိေပးခဲ့တယ္မလား..
မင္းကေတာ့ ငါ့ကိုဘယ္ေတာ့မွ ခ်န္မထားဘူးလို႔ ယံုတယ္
ေနာ္ ခ်န္း..."

ဘတ္ဟြၽန္း မ်က္ဝန္းမွာ မ်က္ရည္စေတြ ခိုသီးလာတယ္။ ရင္ဘတ္ကဆန္တက္လာတဲ့ တစ္ဆို႔ဆို႔ခံစားခ်က္ႀကီးဟာ လည္ေခ်ာင္းဝမွာ ။ ခံစားရခက္လိုက္တာ။ ခ်န္းေယာလ္က ဘယ္ေတာ့မွ မထားခဲ့ဘူးလို႔ အတည္မျပဳေပးတဲ့ ဒီဝန္ထုပ္ဝန္ပိုးႀကီးဟာ ေလးလံလိုက္တာ။

"ငါ ေသခ်ာေပါက္ မင္းရိွရာအရပ္ကို ျပန္လာမွာပါ"

"ဟက္ ...
ေနာက္ဆံုးေတာ့ မင္းလဲ အတူတူပဲ"

"...."

"တစ္ခုပဲ အမွန္အတိုင္းေျဖေပး ခ်န္းေယာလ္..
ငါ့ကို ခ်စ္ခဲ့တာေရာ ေသခ်ာလား
မင္းငါ့ကို သနားခဲ့တာ မဟုတ္ဘူးလား"

"ဘတ္ဟြၽန္း...
ငါ့အခ်စ္ကို မယံုမၾကည္ မျဖစ္စမ္းနဲ႔..
ဒီစႂကၤဝ႒ာမွာ ငါ့ကိုယ္ငါထက္ေတာင္ ပိုခ်စ္တာဆိုလို႔ မင္းပဲရိွတာ ဘတ္ဟြၽန္း"

"ဒါဆို ငါ့ကိုလဲ ေခၚသြားပါ
ငါ မင္းမရိွရင္ မျဖစ္ဘူး.. ခ်န္းေယာလ္ရဲ့
မင္းမရိွရင္ ငါတကယ္မျဖစ္ဘူး.."

ပါးျပင္ေပၚ မ်က္ရည္စက္ေတြ လိွမ့္က်လာတယ္။ ဒါေပမယ့္ ရင္ဘတ္ထဲက ပိုနာပါတယ္။ ခ်န္းေယာလ္က သူ႔ကို ထားခဲ့ေတာ့မယ္တယ္ေလ။
တျခားသူက မဟုတ္ပဲ ခ်န္းေယာလ္က..

"ခ်န္း မသြားခင္ ငါ့ကို ႀကိဳေျပာပါ..
ငါ့ကို မႏႈတ္ဆက္ပဲ ထြက္မသြားပါနဲ႔..
ဒါဆို မင္းကေစာင့္ဆိုရင္ ေသမင္းကိုေတာင္ အံတုၿပီးေစာင့္မယ္
ဒီတစ္ခုပဲ ကတိေပးပါ
ငါ့ကို ႏႈတ္ဆက္ၿပီးမွ သြားပါမယ္လို႔
ငါ့ကို အသိမေပးပဲ မေပ်ာက္ကြယ္သြားပါနဲ႔
အေဖ့ လိုမ်ိဳး..."

"အင္း ကိုယ္မင္းကို ေျပာမွာပါ
ဒါေၾကာင့္ မင္းက ၪီးေလးဆီမွာ ေကာင္းေကာင္းေနရစ္ၿပီး ငါ့ကို ေစာင့္ေန..
ငါက ေသခ်ာေပါက္ ငါ့အပိုင္ေလးကို လာေခၚမွာမို႔...

ေနာ္ မငိုေတာ့နဲ႔ ႏွာေခါင္းေလးေတြေတာင္ ရဲေနၿပီ
လာပါၿပီး ကိုယ့္အခ်စ္ရယ္။"

ဘတ္ဟြၽန္းက မ်က္ရည္ေတြကို လက္ဖမိုးနဲ႔ ပြတ္ဆြဲရင္း ခ်န္းေယာလ္ ရင္ခြင္ထဲဝင္တဲ့အခါ ခ်န္းေယာလ္က ဘတ္ဟြၽန္းမ်က္ႏွာေလးကို ေမာ့ယူၿပီး မ်က္ရည္စေတြကို ႏႈတ္ခမ္းပါးေတြနဲ႔ တိုးတိုက္ေျခာက္ေသြ့ေစတယ္။

အခုေတာ့လဲ ဒီရင္ခြင္ဟာ ေနြးေထြးလံုၿခံဳမႈကို ေပးေလရဲ့။ ခိုနားရာဟာ ဒီအရိပ္မို႔ ဘတ္ဟြၽန္းဟာ ဒီအမိုးမွာ ေအးျမပါတယ္။ ခ်န္းေယာလ္ဆိုတဲ့ ဘတ္ဟြၽန္းအခ်စ္ဟာ အဲ့ဒီလို ေနြးေစေအးေစပါတယ္။

#Heki

Baby တို႔ေရ သိၿပီးေလာက္ၿပီ ထင္ေပမယ့္ ကီ့ရဲ့ စာေရးဟန္ကေလ အခ်ိဳႀကီးပဲ မေရးတတ္ဘူးမို႔လို႔ အခါးေလးေတြပါ ပါလိမ့္မယ္။ ေဆးဖက္ဝင္ပါတယ္ baby ေလးေတြေရ။ ကိုယ္လဲ ရင္နဲ႔ရင္းၿပီး ေရးတာမို႔ လိုက္ပါစီး​ေမ်ာေပးပါၪီးေနာ္..

Uni

Mine 16

အပြန်လမ်းတစ်လျှောက်ဟာ တိတ်ဆိတ်နေသံကြောင့် စက်ဘီးတစ်ချက်နင်းလိုက်ရင် ထွက်ပေါ်လာတတ်တဲ့ ပွတ်တိုက်သံသာရှိတယ်။ ဘတ်ဟျွန်းရဲ့ လက်ဖမိုးနုနုဟာ ချန်းယောလ်ခါးပေါ်မှာ နေရာတကျ။ မတူညီတာတစ်ခုက ခါတိုင်းထက်ပိုပြီး တင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာတစ်ခုပဲ။ မကြာခင်လွှတ်ချပေးလိုက်ရမယ့် ကိုယ်အကြိုက်ဆုံး ဖန်ခွက်တစ်ခုလို။ ဒါမှမဟုတ်ရင် ဆက်ဆံရေးတစ်ခု။

ချန်းယောလ်က ဘတ်ဟျွန်းကို ချစ်လားလို့ တစ်ခါမှမမေးခဲ့ဖူးသလို ချန်းယောလ်ကိုလဲ ဘတ်ဟျွန်းက ချစ်တယ်ဆိုတဲ့အကြောင်းကို တခုတ်တရမပြောဖူးဘူး။ ချန်းယောလ်ကသာ ဝန်ခံသူဖြစ်ပြီး ချန်းယောလ်ကသာ ချစ်တဲ့အကြောင်းကို မမေ့ရအောင် ပြောနေတတ်သူဖြစ်တယ်။

သူက ချစ်တယ်လို့ပြောရင် ဘတ်ဟျွန်းပြောရတာ တစ်ခုတည်း။ ငါလည်းချစ်တယ် မဟုတ်ပဲ ။ *အင်း* ဆိုတဲ့အတည်ပြုပေးသံတစ်ခုတည်း။ စိတ်ဝိဉာဉ်ရဲ့ ဘာသာစကားကို ဘယ်လိုစကားလုံးမျိုးနဲ့ ပြောသင့်သလဲ။ ဘယ်လိုဝေါဟာရမျိုးနဲ့ ထုတ်ဖော်သင့်သလဲ။

ချန်းယောလ်ကပြောတယ်။
သူက ပေါင်းသင်းဆက်ဆံရေးမ​ကောင်းဘူးတဲ့။ စကားတွေအများကြီး မပြောတတ်ဘူးတဲ့။
ဘတ်ဟျွန်းကတော့ ပေါင်းသင်းဆက်ဆံရေး​ကောင်းတယ်။ ကျောင်းမှာလဲ သူငယ်ချင်းတွေ အများကြီးပဲ။ စကားတွေလဲ အများကြီးပြောတယ်။
ဒါပေမယ့် ချစ်တဲ့စကားကိုတော့ ချန်းယောလ်က နှုတ်ကပြောတယ်။ ဘတ်ဟျွန်းကတော့ အချစ်နဲ့ပတ်သတ်ရင် အထူးသဖြင့် ထုတ်ဖော်လို့ မနက်ရှိုင်းဘူးလို့ထင်တဲ့အရာမျိုးကို စကားတွေအများကြီးမပြောခြင်းဖြင့်သာ ဖော်ပြပါတယ်။

ချန်းယောလ်နဲ့ ဘတ်ဟျွန်းက ပင်လယ်ပြင်နဲ့ ကောင်းကင်လို သဘာဝဆန်ဆန် ကွဲပြားခြားနားကြတယ်။

"ချန်းယောလ် အိမ်ခဏဝင်ချင်တယ်"

ဘတ်ဟျွန်းရဲ့စကားကြောင့် ချန်းယောလ်စက်ဘီးရဲ့ဦးတည်းရာဟာ ဘတ်ဟျွန်းရဲ့ အရင်အိမ်ဆီသို့ဖြစ်တယ်။ လူတွေဟာ ကိစ္စတစ်ခုခုကြုံရပြီဆိုရင် အိမ်ကိုလွမ်းတတ်တာသဘာဝပဲ မဟုတ်လား။

တကယ်ဆို ဘတ်ဟျွန်းအိမ်မရောက်တာအတော်ကြာပြီ။ အခြေတကျဖြစ်နေတဲ့ ဒီဘဝမှာ ဘတ်ဟျွန်းနေသားကျနေပြီ။ ဒီနေ့တော့ အထူးတလည် အိမ်ကိုသွားချင်နေတာမျိုးဖြစ်သည်။

အဖေနဲ့ အတူရှိခဲ့စဥ်တစ်လျှောက်က အသက်ဝင်ခဲ့တဲ့ အိမ်ဝင်းလေးဟာ အခုတော့ ခြောက်သွေ့တိတ်ဆိတ်နေတယ်။ လှဲကျင်းမှုမရှိမှန်းသိသာစွာပဲ ခြံဝကနေ သစ်ရွက်တစ်ချို့ပြန့်ကျဲနေတာ အိမ်ဝအထိ။ ပြီးတော့ အဖေ့ရဲ့အလုပ်နေရာ။ အရင်အတိုင်းတစ်ပုံစံတည်းမဟုတ်တော့ပေမယ့် ဘတ်ဟျွန်းအာရုံထဲမှာတော့ အဖေအလုပ်လုပ်နေတဲ့ပုံတွေသာ အစီအရီထွက်လာတယ်။ လွှတစ်ချောင်းကိုင်ပြီး ဖြတ်တောက်နေတဲ့ပုံစံတွေ ။ ခဲတံကိုနားကြားထိုးလို့ တိုင်းတာနေဟန်တွေ။ ထွင်းထု ထုရိုက်နေဟန်တွေ။ ဘတ်ဟျွန်းပြန်လာတိုင်း အိမ်ဝကို တစ်ချက်လှမ်းကြည့်ရုံ အသိအမှတ်ပြုတတ်ပုံတွေ။ ပြီးတော့ ချန်းယောလ်နဲ့အတူ အရိုက်ခံခဲ့ရတဲ့ ပုံစံတွေ။ အရာအားလုံးဟာ ပြန်မရနိုင်တော့တဲ့ အတိတ်ရဲ့ ခြေရာများ အဖြစ်သာ ဘတ်ဟျွန်းဆီမှာ ကျန်တော့သည်။

"ချန်းယောလ် "

ဘတ်ဟျွန်းရဲ့နောက်တည့်တည့်မှာ ရပ်နေတဲ့ ချန်းယောလ်ဘက်ကို ဘတ်ဟျွန်းက မလှည့်ပဲခေါ်လိုက်တယ်။ ဘတ်ဟျွန်းက အဖေ့ရဲ့ အလုပ်စားပွဲကို လက်နဲ့ပွတ်သပ်လိုက်တဲ့အခါ ဖုန်တွေအထပ်လိုက် ဘတ်ဟျွန်းလက်ညိုးမှာ ကပ်ပါလာတယ်။ စိတ်ဝင်စားစရာမဟုတ်တဲ့ ဖုန်စတွေကို ဘတ်ဟျွန်းက အာရုံမရှိစွာပဲ စိတ်ဝင်တစားစိုက်ကြည့်ရင်း

"မင်းကတော့ ငါ့ကိုမထားခဲ့ဘူးမလား..."

ချန်းယောလ်ဆီက အပ်ကျသံတောင်ထွက်မလာတဲ့အခါ ဘတ်ဟျွန်းရင်ဘတ်တွေအောင့်တက်လာတယ်။ နာနာကျင်ကျင် ခံစားလိုက်ရတာ အဖေထားခဲ့ပြီဆိုတာ သိတဲ့အချိန်တုန်းကလိုပဲ။ လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်ကို ဘတ်ဟျွန်းအလျှင်အမြန် မြိုသိပ်လိုက်ရတယ်။

"ဟင် ချန်းယောလ် ...
အဖေ့လိုမျိုး မင်းကတော့ ငါ့ကိုထားခဲ့မှာ မဟုတ်ဘူးမလား.."

"ဘတ်ဟျွန်း."

"ဟင့်အင်း "

လက်ဖဝါးလေးကိုဆုပ်ကိုင်လာတဲ့ ချန်းယောလ်လက်ဖဝါးနွေးနွေးက ဒီနေ့ဒီအချိန်မှာ ဘာလို့များ နွေးထွေးလုံခြုံတယ်လို့ မထင်ရတာလဲ။ ဘာကြောင့်များ ဟာလာဟင်းလင်းပြင်လို ရင်ထဲမှာ ဟာနေရတာလဲ။

"သေချာပေါက် ငါ့အနားမှာ ရှိနေမယ်လို့ ကတိပေးခဲ့တယ်မလား..
မင်းကတော့ ငါ့ကိုဘယ်တော့မှ ချန်မထားဘူးလို့ ယုံတယ်
နော် ချန်း..."

ဘတ်ဟျွန်း မျက်ဝန်းမှာ မျက်ရည်စတွေ ခိုသီးလာတယ်။ ရင်ဘတ်ကဆန်တက်လာတဲ့ တစ်ဆို့ဆို့ခံစားချက်ကြီးဟာ လည်ချောင်းဝမှာ ။ ခံစားရခက်လိုက်တာ။ ချန်းယောလ်က ဘယ်တော့မှ မထားခဲ့ဘူးလို့ အတည်မပြုပေးတဲ့ ဒီဝန်ထုပ်ဝန်ပိုးကြီးဟာ လေးလံလိုက်တာ။

"ငါ သေချာပေါက် မင်းရှိရာအရပ်ကို ပြန်လာမှာပါ"

"ဟက် ...
နောက်ဆုံးတော့ မင်းလဲ အတူတူပဲ"

"...."

"တစ်ခုပဲ အမှန်အတိုင်းဖြေပေး ချန်းယောလ်..
ငါ့ကို ချစ်ခဲ့တာရော သေချာလား
မင်းငါ့ကို သနားခဲ့တာ မဟုတ်ဘူးလား"

"ဘတ်ဟျွန်း...
ငါ့အချစ်ကို မယုံမကြည် မဖြစ်စမ်းနဲ့..
ဒီစင်္ကြဝဋ္ဌာမှာ ငါ့ကိုယ်ငါထက်တောင် ပိုချစ်တာဆိုလို့ မင်းပဲရှိတာ ဘတ်ဟျွန်း"

"ဒါဆို ငါ့ကိုလဲ ခေါ်သွားပါ
ငါ မင်းမရှိရင် မဖြစ်ဘူး.. ချန်းယောလ်ရဲ့
မင်းမရှိရင် ငါတကယ်မဖြစ်ဘူး.."

ပါးပြင်ပေါ် မျက်ရည်စက်တွေ လှိမ့်ကျလာတယ်။ ဒါပေမယ့် ရင်ဘတ်ထဲက ပိုနာပါတယ်။ ချန်းယောလ်က သူ့ကို ထားခဲ့တော့မယ်တယ်လေ။
တခြားသူက မဟုတ်ပဲ ချန်းယောလ်က..

"ချန်း မသွားခင် ငါ့ကို ကြိုပြောပါ..
ငါ့ကို မနှုတ်ဆက်ပဲ ထွက်မသွားပါနဲ့..
ဒါဆို မင်းကစောင့်ဆိုရင် သေမင်းကိုတောင် အံတုပြီးစောင့်မယ်
ဒီတစ်ခုပဲ ကတိပေးပါ
ငါ့ကို နှုတ်ဆက်ပြီးမှ သွားပါမယ်လို့
ငါ့ကို အသိမပေးပဲ မပျောက်ကွယ်သွားပါနဲ့
အဖေ့ လိုမျိုး..."

"အင်း ကိုယ်မင်းကို ပြောမှာပါ
ဒါကြောင့် မင်းက ဦးလေးဆီမှာ ကောင်းကောင်းနေရစ်ပြီး ငါ့ကို စောင့်နေ..
ငါက သေချာပေါက် ငါ့အပိုင်လေးကို လာခေါ်မှာမို့...

နော် မငိုတော့နဲ့ နှာခေါင်းလေးတွေတောင် ရဲနေပြီ
လာပါပြီး ကိုယ့်အချစ်ရယ်။"

ဘတ်ဟျွန်းက မျက်ရည်တွေကို လက်ဖမိုးနဲ့ ပွတ်ဆွဲရင်း ချန်းယောလ် ရင်ခွင်ထဲဝင်တဲ့အခါ ချန်းယောလ်က ဘတ်ဟျွန်းမျက်နှာလေးကို မော့ယူပြီး မျက်ရည်စတွေကို နှုတ်ခမ်းပါးတွေနဲ့ တိုးတိုက်ခြောက်သွေ့စေတယ်။

အခုတော့လဲ ဒီရင်ခွင်ဟာ နွေးထွေးလုံခြုံမှုကို ပေးလေရဲ့။ ခိုနားရာဟာ ဒီအရိပ်မို့ ဘတ်ဟျွန်းဟာ ဒီအမိုးမှာ အေးမြပါတယ်။ ချန်းယောလ်ဆိုတဲ့ ဘတ်ဟျွန်းအချစ်ဟာ အဲ့ဒီလို နွေးစေအေးစေပါတယ်။

#Heki

Baby တို့ရေ သိပြီးလောက်ပြီ ထင်ပေမယ့် ကီ့ရဲ့ စာရေးဟန်ကလေ အချိုကြီးပဲ မရေးတတ်ဘူးမို့လို့ အခါးလေးတွေပါ ပါလိမ့်မယ်။ ဆေးဖက်ဝင်ပါတယ် baby လေးတွေရေ။ ကိုယ်လဲ ရင်နဲ့ရင်းပြီး ရေးတာမို့ လိုက်ပါစီး​မျောပေးပါဦးနော်..

Продолжить чтение

Вам также понравится

572K 12.8K 40
In wich a one night stand turns out to be a lot more than that.
1M 54.6K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.6M 57.2K 29
"how have you never held a gun before?" - DISCLAIMER: profanity, homicide, organized crime - #1 in chan | january 8, 2020 #1 in felix | september 11...
620K 37.8K 102
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...