ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.2K 2.4K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 1.1 (U/Z)

875 83 3
By KaGura695

Unicode

အခန်း ၁.၁ - မင်းရဲ့တံခါးခေါင်းလောင်းသံက အသက်ဝင်လာတယ်။

လွန်ခဲ့သည့်တစ်လက မီလီသည် ကွင်းဆက်ပေါက်ကွဲမှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည်။ဓာတုပစ္စည်းများ တင်ဆောင်လာသော ထရပ်ကားတစ်စီးသည် ရုတ်တရက်ပေါက်ကွဲခဲ့ပြီး ယာဉ်များစွာကို ထိခိုက်ပျက်စီးစေခဲ့ပြီး လူသုံးဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

မီလီသည် မတော်တဆဖြစ်တဲ့နေရာနှင့်အနည်းငယ်ဝေးကွာနေသောကြောင့် ကံကောင်းသည်ဟု ယူဆနိုင်သည်။ပေါက်ကွဲမှုကြောင့် သူမကားသည် ဘေးဖက်ရောက်သွားပြီး အခြားကားကို တိုက်မိခဲ့တယ်။အပေါ်ယံ ထိမှန်ခြင်းမှလွဲပြီး ဒဏ်ရာအ‌နည်းငယ်သာ ရရှိခဲ့သည်။ဆေးရုံမှာ နှစ်ရက်လောက်နေခဲ့ရပြီးနောက် ဆေးရုံက ဆင်းခွင့်ရခဲ့သည်။

အရာအားလုံးပြီးသွားပြီလို့ထင်ပြီး မတော်တဆမှုဖြစ်ခဲ့သည်ကို မိဘတွေကို အသိမပေးပဲ‌နေခဲ့သည်။ဒါပေမယ့်ရက်အနည်းငယ်ကြာတော့ တစ်ခုခုမှားနေပြီဆိုတာ သူမရုတ်တရက် သိလိုက်ရတယ်။

ပထမဆုံးအနေနဲ့ သူမသည် အိပ်စက်ခြင်းကို စွဲလမ်းခဲ့တယ်။နှစ်နာရီသို့မဟုတ်သုံးနာရီတိုင်း သူမ အိပ်ပျော်သွားသည်။ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဆူညံနေပါစေ သူမသည်မနိုးဘဲအိပ်စက်နိုင်သည်။ကံကောင်းထောက်မစွာဖြင့် သူမသည်အိမ် ငှားရမ်းခများကို တခါတလေမှသာ လိုက်‌တောင်းရတာမို့ နေ့စဉ် အိမ်မှုကိစ္စများကို ကိုင်တွယ်ရန် သာလိုအပ်သည်။သူမတွင်အားလပ်ချိန်များစွာရှိခြင်းကြောင့် အိပ်စက်ခြင်းက အလုပ်ထိခိုက်မှာကို စိုးရိမ်နေစရာမလို‌ပေ။

မီလီက ဆေးရုံမှာ စစ်ဆေးခဲ့ပေမယ့် ဆရာဝန်က အားလုံးအဆင်ပြေတယ်လို့ ပြောတယ်။ပြီးတော့သူမကိုလေ့ကျင့်ခန်း များများလုပ်ရန် လိုအပ်ပြီး အလွန်အကျွံ မစားမအိပ်ရန် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

မီလီသည် ဝမ်းနည်းလာသည်။  သူမရဲ့ အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမဟာ အအိပ်အစားအလွန်အကျွံ မနှစ်မြို့ကြောင်း သိနိုင်သည်။ယာဉ်မတော်တဆမဖြစ်မီက သူမသည် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခဲ့သော်လည်း ယခုအခါတွင်မူ မတ်တပ်ရပ်နေရင်းနှင့်ပင် အိပ်ပျော်သွားတတ်သည်။

သို့သော် သူမ၏ ခန္တာကိုယ်လေးလံထိုင်းမှိုင်းနေမှုသည် အထူးဆန်းဆုံးအရာမဟုတ်ပေ။အထူးဆန်းဆုံးကတော့ သူမ အိပ်ပျော်သွားတိုင်း သူမရဲ့ ဝိညာဉ်က သူမခန္ဓာကိုယ်ကနေ ထွက်သွားတာပါပဲ။

ပထမအကြိမ်မှာ ဆေးရုံက‌နေဆင်းပြီး သုံးရက်မြောက်နေ့တွင်ဖြစ်သည်။မီလီသည် တီဗီကြည့်ရင်း ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။

သူမမှိန်းပြီးအိပ်‌ပျော်နေချိန်မှာသူမ၏အသိစိတ်သည် “နိုး” နေသလိုခံစားရသည်။မီလီသည် ထူးဆန်းသောအိမ်အပြင်အဆင်နှင့်အခန်းတစ်ခုတွင်သူမကိုယ်သူမ ရှာတွေ့ခဲ့သည်။ယောက်ျား‌လေးတစ်ယောက်၏ အိပ်ခန်း ဖြစ်နိုင်ချေများသည်။

မီလီသည် သူမ၏ကိုယ်ခန္ဓာကို မခံစားနိုင်သော်လည်း သူမ၏စိတ်မှာမူအရာအားလုံးကိုရှင်းရှင်းလင်းလင်းသိနိုင်သည်။သူမသည် လွတ်လွတ်လပ်လပ် လှည့်ပတ်ကြည့်ရှုနိုင်သော်လည်း မလှုပ်ရှားနိုင်ပေ။သူမ၏ “ခန္ဓာကိုယ်” သည် တစ်နေရာတည်းတွင် တည်ရှိနေသကဲ့သို့ခံစားရသည်။

သေချာစူးစမ်းစစ်ဆေးပြီးနောက် သူမသည် ညမီးအိမ်ငယ်လေးဖြစ်‌နေကြောင်း နောက်ဆုံးတွင် သူမသိလိုက်ရသည်။သူမသည် အလင်းရောင်ကို တုန်ခါအောင်ပြုလုပ်နိုင်ရုံမှတစ်ပါး အခြားဘာမျှမတတ်နိုင်သည့်အပြင် အဖွင့်အပိတ်အခြေအနေကိုသာထိန်းချုပ်နိုင်သည်။

ခဏလောက်ဖွင့်ပိတ်ကစားပြီးနောက် သူမသည် အနည်းငယ်ငြီးငွေ့လာကာ အိပ်ခန်းဆီသို့သာ အာရုံပြန်စိုက်လိုက်သည်။

အိပ်ခန်းသည် အဓိကအားဖြင့် အပြာရောင်ဖြစ်ပြီး ကျယ်ဝန်းကာ သန့်ရှင်းသပ်ရပ်နေသည်။နက်ပြာရောင်အိပ်ရာကြီးကို သေသေသပ်သပ်လုပ်ထားပြီး ရွှေညိုရောင်လိပ်ကာကြီးတွေကို ချိတ်ဆွဲထားကာ စားပွဲပေါ်တွင် စာအုပ်များကို စနစ်တကျစီထားသည်။ဗီရို၏ဘေးတွင်လျှောတံခါးတစ်ခုရှိနေပြီး ကြည့်ရသလောက်တော့ အဝတ်စားလဲခန်းဖြစ်မယ်ထင်သည်။တစ်ဖက်တွင် ရေချိုးခန်းရှိသည်။နှင်းခဲပုံသဏ္ဍာန်ရှိသော ဖန်သားသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးပြီး ကြည်လင်တောက်ပကာ အိပ်ခန်းတွင်းတွင် တောက်ပနေသောတစ်ခုတည်း‌သော အလင်းရောင်ဖြစ်သည်။

မီလီသည် ဒီနေရာတွင် အမျိုးသမီးပစ္စည်းတစ်ခုမှမရှိသောကြောင့် အိပ်ခန်းပိုင်ရှင်သည် တစ်ကိုယ်တည်းသမားဖြစ်နိုင်သည်ဟု တိတ်တဆိတ် ခန့်မှန်း‌နေသည်။

သူမရှေ့မှာ မြင်နေသမျှအရာအားလုံးက ရှင်းရှင်းလင်းလင်းဖြစ်ပြီး အိပ်မက်မက်နေသလိုမျိုး မခံစားရဘူး။ဒါပေမယ့် ဒါက အိပ်မက်မဟုတ်ရင် ဘာဖြစ်နိုင်မလဲ။

သူမ စဉ်းစားနေရင်းနဲ့ အိပ်ခန်းတံခါးက ရုတ်တရက် ပွင့်သွားတယ်။မီလီသည် သူမကိုယ်သူမ ထိန်းကာ ဝင်လာတဲ့လူကို စိုက်ကြည့်နေသည်။

သို့သော်သူမသည် ပုံသဏ္ဌန်ကို ကြည့်ဖို့ပဲရှိသေး သူမ၏ အသိစိတ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားကာ ညမီးအလင်းသည်လည်း အမှောင်ကျသွားသည်။

အိပ်ခန်းထဲကို လှမ်းဝင်လာတဲ့ ရှီပိုင်ချန်းဟာ ညအိပ်မီးရောင် ရုတ်တရက် မှောင်ကျသွားတာကို မြင်လိုက်ရတယ်။သူသည် စိတ်ရှုပ်ထွေးစွာဖြင့် လမ်းလျှောက်လာရင်း လက်ကိုဆန့်ကာ စစ်ဆေးကြည့်သည်။ဘာအမှားမှ မတွေ့သဖြင့် လျစ်လျူရှုကာ အင်္ကျီကော်လာကိုဆွဲဖွင့်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားသည်။

ခဏကြာတော့ ရေချိုးခန်းထဲက ရေကျသံတွေ ထွက်လာတယ်။  ရေနွေးငွေ့မှတဆင့် အရပ်မြင့်မြင့်နှင့် ခိုင်ခံ့သော အသွင်အပြင်ရှိသည့် ခန္တာကိုယ်သည် ဖန်သားပြင်ပေါ်တွင် မှိန်ပျပျလေးရောင်ပြန်ဟပ်နေသည်။

အိပ်ရာကနိုးလာပြီးနောက်တွင် မီလီ၏ မှတ်ဉာဏ်သည် ရှင်းရှင်းလင်းလင်း မရှိဘဲ ၎င်းကို အိပ်မက်တစ်ခုအဖြစ် သဘောထားကာ သိပ်ဂရုမစိုက်ပဲထားလိုက်သည်။အချိန်ကို တွက်ကြည့်လိုက်တော့ သူမတစ်နာရီကျော်ကျော်လောက် အိပ်ပျော်သွားသည်။

သူမသည် အကြောဆန့်ကာ ထပြီး ညစာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။

Zawgyi

အခန္း ၁.၁ - မင္းရဲ႕တံခါးေခါင္းေလာင္းသံက တည္ၿငိမ္လာတယ္။

လြန္ခဲ့သည့္တစ္လက မီလီသည္ ကြင္းဆက္ေပါက္ကြဲမႈတစ္ခုတြင္ ပါဝင္ပတ္သက္ခဲ့သည္။ဓာတုပစၥည္းမ်ား တင္ေဆာင္လာေသာ ထရပ္ကားတစ္စီးသည္ ႐ုတ္တရက္ေပါက္ကြဲခဲ့ၿပီး ယာဥ္မ်ားစြာကို ထိခိုက္ပ်က္စီးေစခဲ့ၿပီး လူသုံးဦး ေသဆုံးကာ လူအမ်ားအျပား ဒဏ္ရာရရွိခဲ့သည္။

မီလီသည္ မေတာ္တဆျဖစ္တဲ့ေနရာႏွင့္အနည္းငယ္ေဝးကြာေနေသာေၾကာင့္ ကံေကာင္းသည္ဟု ယူဆႏိုင္သည္။ေပါက္ကြဲမႈေၾကာင့္ သူမကားသည္ ေဘးဖက္ေရာက္သြားၿပီး အျခားကားကို တိုက္မိခဲ့တယ္။အေပၚယံ ထိမွန္ျခင္းမွလြဲၿပီး ဒဏ္ရာအ‌နည္းငယ္သာ ရရွိခဲ့သည္။ေဆး႐ုံမွာ ႏွစ္ရက္ေလာက္ေနခဲ့ရၿပီးေနာက္ ေဆး႐ုံက ဆင္းခြင့္ရခဲ့သည္။

အရာအားလုံးၿပီးသြားၿပီလို႔ထင္ၿပီး မေတာ္တဆမႈျဖစ္ခဲ့သည္ကို မိဘေတြကို အသိမေပးပဲ‌ေနခဲ့သည္။ဒါေပမယ့္ရက္အနည္းငယ္ၾကာေတာ့ တစ္ခုခုမွားေနၿပီဆိုတာ သူမ႐ုတ္တရက္ သိလိုက္ရတယ္။

ပထမဆုံးအေနနဲ႔ သူမသည္ အိပ္စက္ျခင္းကို စြဲလမ္းခဲ့တယ္။ႏွစ္နာရီသို႔မဟုတ္သုံးနာရီတိုင္း သူမ အိပ္ေပ်ာ္သြားသည္။ပတ္ဝန္းက်င္က ဘယ္ေလာက္ပဲ ဆူညံေနပါေစ သူမသည္မႏိုးဘဲအိပ္စက္ႏိုင္သည္။ကံေကာင္းေထာက္မစြာျဖင့္ သူမသည္အိမ္ ငွားရမ္းခမ်ားကို တခါတေလမွသာ လိုက္‌ေတာင္းရတာမို႔ ေန႔စဥ္ အိမ္မႈကိစၥမ်ားကို ကိုင္တြယ္ရန္ သာလိုအပ္သည္။သူမတြင္အားလပ္ခ်ိန္မ်ားစြာရွိျခင္းေၾကာင့္ အိပ္စက္ျခင္းက အလုပ္ထိခိုက္မွာကို စိုးရိမ္ေနစရာမလို‌ေပ။

မီလီက ေဆး႐ုံမွာ စစ္ေဆးခဲ့ေပမယ့္ ဆရာဝန္က အားလုံးအဆင္ေျပတယ္လို႔ ေျပာတယ္။ၿပီးေတာ့သူမကိုေလ့က်င့္ခန္း မ်ားမ်ားလုပ္ရန္ လိုအပ္ၿပီး အလြန္အကြၽံ မစားမအိပ္ရန္ ျပင္းျပင္းထန္ထန္ သတိေပးခဲ့သည္။

မီလီသည္ ဝမ္းနည္းလာသည္။  သူမရဲ႕ အသြင္အျပင္ကို တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ သူမဟာ အအိပ္အစားအလြန္အကြၽံ မႏွစ္ၿမိဳ႕ေၾကာင္း သိႏိုင္သည္။ယာဥ္မေတာ္တဆမျဖစ္မီက သူမသည္ ေန႔စဥ္ေလ့က်င့္ခန္းလုပ္ခဲ့ေသာ္လည္း ယခုအခါတြင္မူ မတ္တပ္ရပ္ေနရင္းႏွင့္ပင္ အိပ္ေပ်ာ္သြားတတ္သည္။

သို႔ေသာ္ သူမ၏ ခႏၲာကိုယ္ေလးလံထိုင္းမႈိင္းေနမႈသည္ အထူးဆန္းဆုံးအရာမဟုတ္ေပ။အထူးဆန္းဆုံးကေတာ့ သူမ အိပ္ေပ်ာ္သြားတိုင္း သူမရဲ႕ ဝိညာဥ္က သူမခႏၶာကိုယ္ကေန ထြက္သြားတာပါပဲ။

ပထမအႀကိမ္မွာ ေဆး႐ုံက‌ေနဆင္းၿပီး သုံးရက္ေျမာက္ေန႔တြင္ျဖစ္သည္။မီလီသည္ တီဗီၾကည့္ရင္း ဆိုဖာေပၚတြင္ အိပ္ေပ်ာ္သြားသည္။

သူမမွိန္းၿပီးအိပ္‌ေပ်ာ္ေနခ်ိန္မွာသူမ၏အသိစိတ္သည္ “ႏိုး” ေနသလိုခံစားရသည္။မီလီသည္ ထူးဆန္းေသာအိမ္အျပင္အဆင္ႏွင့္အခန္းတစ္ခုတြင္သူမကိုယ္သူမ ရွာေတြ႕ခဲ့သည္။ေယာက္်ား‌ေလးတစ္ေယာက္၏ အိပ္ခန္း ျဖစ္ႏိုင္ေခ်မ်ားသည္။

မီလီသည္ သူမ၏ကိုယ္ခႏၶာကို မခံစားႏိုင္ေသာ္လည္း သူမ၏စိတ္မွာမူအရာအားလုံးကိုရွင္းရွင္းလင္းလင္းသိႏိုင္သည္။သူမသည္ လြတ္လြတ္လပ္လပ္ လွည့္ပတ္ၾကည့္ရႈႏိုင္ေသာ္လည္း မလႈပ္ရွားႏိုင္ေပ။သူမ၏ “ခႏၶာကိုယ္” သည္ တစ္ေနရာတည္းတြင္ တည္ရွိေနသကဲ့သို႔ခံစားရသည္။

ေသခ်ာစူးစမ္းစစ္ေဆးၿပီးေနာက္ သူမသည္ ညမီးအိမ္ငယ္ေလးျဖစ္‌ေနေၾကာင္း ေနာက္ဆုံးတြင္ သူမသိလိုက္ရသည္။သူမသည္ အလင္းေရာင္ကို တုန္ခါေအာင္ျပဳလုပ္ႏိုင္႐ုံမွတစ္ပါး အျခားဘာမွ်မတတ္ႏိုင္သည့္အျပင္ အဖြင့္အပိတ္အေျခအေနကိုသာထိန္းခ်ဳပ္ႏိုင္သည္။

ခဏေလာက္ဖြင့္ပိတ္ကစားၿပီးေနာက္ သူမသည္ အနည္းငယ္ၿငီးေငြ႕လာကာ အိပ္ခန္းဆီသို႔သာ အာ႐ုံျပန္စိုက္လိုက္သည္။

အိပ္ခန္းသည္ အဓိကအားျဖင့္ အျပာေရာင္ျဖစ္ၿပီး က်ယ္ဝန္းကာ သန႔္ရွင္းသပ္ရပ္ေနသည္။နက္ျပာေရာင္အိပ္ရာႀကီးကို ေသေသသပ္သပ္လုပ္ထားၿပီး ေ႐ႊညိဳေရာင္လိပ္ကာႀကီးေတြကို ခ်ိတ္ဆြဲထားကာ စားပြဲေပၚတြင္ စာအုပ္မ်ားကို စနစ္တက်စီထားသည္။ဗီ႐ို၏ေဘးတြင္ေလွ်ာတံခါးတစ္ခုရွိေနၿပီး ၾကည့္ရသေလာက္ေတာ့ အဝတ္စားလဲခန္းျဖစ္မယ္ထင္သည္။တစ္ဖက္တြင္ ေရခ်ိဳးခန္းရွိသည္။ႏွင္းခဲပုံသ႑ာန္ရွိေသာ ဖန္သားသည္ ေက်ာက္စိမ္းကဲ့သို႔ ေႏြးေထြးၿပီး ၾကည္လင္ေတာက္ပကာ အိပ္ခန္းတြင္းတြင္ ေတာက္ပေနေသာတစ္ခုတည္း‌ေသာ အလင္းေရာင္ျဖစ္သည္။

မီလီသည္ ဒီေနရာတြင္ အမ်ိဳးသမီးပစၥည္းတစ္ခုမွမရွိေသာေၾကာင့္ အိပ္ခန္းပိုင္ရွင္သည္ တစ္ကိုယ္တည္းသမားျဖစ္ႏိုင္သည္ဟု တိတ္တဆိတ္ ခန႔္မွန္း‌ေနသည္။

သူမေရွ႕မွာ ျမင္ေနသမွ်အရာအားလုံးက ရွင္းရွင္းလင္းလင္းျဖစ္ၿပီး အိပ္မက္မက္ေနသလိုမ်ိဳး မခံစားရဘူး။ဒါေပမယ့္ ဒါက အိပ္မက္မဟုတ္ရင္ ဘာျဖစ္ႏိုင္မလဲ။

သူမ စဥ္းစားေနရင္းနဲ႔ အိပ္ခန္းတံခါးက ႐ုတ္တရက္ ပြင့္သြားတယ္။မီလီသည္ သူမကိုယ္သူမ ထိန္းကာ ဝင္လာတဲ့လူကို စိုက္ၾကည့္ေနသည္။

သို႔ေသာ္သူမသည္ ပုံသဏၭန္ကို ၾကည့္ဖို႔ပဲရွိေသး သူမ၏ အသိစိတ္သည္ တျဖည္းျဖည္း မွိန္ေဖ်ာ့သြားကာ ညမီးအလင္းသည္လည္း အေမွာင္က်သြားသည္။

အိပ္ခန္းထဲကို လွမ္းဝင္လာတဲ့ ရွီပိုင္ခ်န္းဟာ ညအိပ္မီးေရာင္ ႐ုတ္တရက္ ေမွာင္က်သြားတာကို ျမင္လိုက္ရတယ္။သူသည္ စိတ္ရႈပ္ေထြးစြာျဖင့္ လမ္းေလွ်ာက္လာရင္း လက္ကိုဆန႔္ကာ စစ္ေဆးၾကည့္သည္။ဘာအမွားမွ မေတြ႕သျဖင့္ လ်စ္လ်ဴရႈကာ အက်ႌေကာ္လာကိုဆြဲဖြင့္ၿပီး ေရခ်ိဳးခန္းဆီသို႔ ေလွ်ာက္သြားသည္။

ခဏၾကာေတာ့ ေရခ်ိဳးခန္းထဲက ေရက်သံေတြ ထြက္လာတယ္။  ေရေႏြးေငြ႕မွတဆင့္ အရပ္ျမင့္ျမင့္ႏွင့္ ခိုင္ခံ့ေသာ အသြင္အျပင္ရွိသည့္ ခႏၲာကိုယ္သည္ ဖန္သားျပင္ေပၚတြင္ မွိန္ပ်ပ်ေလးေရာင္ျပန္ဟပ္ေနသည္။

အိပ္ရာကႏိုးလာၿပီးေနာက္တြင္ မီလီ၏ မွတ္ဉာဏ္သည္ ရွင္းရွင္းလင္းလင္း မရွိဘဲ ၎ကို အိပ္မက္တစ္ခုအျဖစ္ သေဘာထားကာ သိပ္ဂ႐ုမစိုက္ပဲထားလိုက္သည္။အခ်ိန္ကို တြက္ၾကည့္လိုက္ေတာ့ သူမတစ္နာရီေက်ာ္ေက်ာ္ေလာက္ အိပ္ေပ်ာ္သြားသည္။

သူမသည္ အေၾကာဆန႔္ကာ ထၿပီး ညစာျပင္ဆင္ရန္ မီးဖိုေခ်ာင္ထဲသို႔ ဝင္လိုက္သည္။

Continue Reading

You'll Also Like

776K 46.7K 30
A love contest between a boy who likes to kick football and a little doctor.
181K 24.5K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
473K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ