Unicode 💙
Flashback
ဂျုံဆောင်း pov
ရောက်ကတည်းက အသားကင်ထက် ဆိုဂျူနဲ့ မက်ဂျူကိုပဲ လှိမ့်သောက်နေတဲ့ ဟိုကလေး။ သောက်ပြီးလည်း ငြိမ်ငြိမ်မနေ ဟိုကြည့်ဒီကြည့်နဲ့။
တစ်ဆိတ် သူကဘယ်သူလဲဆိုရင် ကျွန်တော့်နှလုံးသားကို မနေ့ကမှ ယူသွားတဲ့ ယန်းဂျောင်ဝန်းလေးပေါ့ ။
မနေ့ညက ကုမ္ပဏီကို အဖေ့ဆီက အမိန့်နဲ့
အမေရိကက ရောက်ရောက်ချင်း လေဆိပ်ကနေအပြေးသွားလိုက်ရတယ်။ ရောက်တော့လည်း ဘာမှမဟုတ် ။ ငါ့သားတွေကို သတိရလို့ အရင် ခေါ်လိုက်တာတဲ့။ ကိုရီးယားမှာ အိမ်စောင့်တွေနဲ့ပဲ ထားခဲ့တဲ့ အိမ်ကိုပြန်ဖို့လုပ်တော့ ည 11 နာရီတောင်ရှိနေပြီ။
14 လွှာမှာရှိတဲ့ ဥက္ကဌရုံးခန်းကနေ မြေညီထပ်ကို ဆင်းလာရင်း ဒရိုင်ဘာကို ကားထုတ်ထားဖို့ပြောလိုက်တယ်။ ကုမ္ပဏီ ဝင်ပေါက်ကနေ ထွက်တော့ ရုတ်တရက် အရှေ့မှာ လာရပ်လာတဲ့ လူတစ်ယောက်။ အဲ့ဒီအချိန် မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းလေးတွေ။ ယောက်ျားလေးတစ်ယောက်ရဲ့ မျက်လုံးက အဲ့လောက်လှဖို့ လိုလို့လား။
မျက်ရစ်လေးတွေနဲ့ မျက်ဝန်းညိုညိုလေး။ ကြောင်ပေါက်လေးတွေကိုတောင် ပြေးမြင်မိတယ်။ ဒုက္ခရောက်နေတဲ့ ကြောင်ပေါက်လေးပဲ။ Taxi ခ လာချေးတာတဲ့။ ကိုယ်နဲ့တွေ့တာ ကံကောင်းတယ် မင်း။ ဘာမှမတွေဝေဘဲ
ဝမ်ငါးသောင်း ချက်ချင်းထုတ်ပေးလိုက်တယ်။
အဲ့ဒီအချိန်မှာ ကားရောက်လာတော့ ကောင်လေးကို နှုက်တောင်မဆက်မိဘဲ သွားမိတယ်။ ဘာလို့လဲဆိုတော့ ကံကြမ္မာကို ယုံတယ်လေ။ ဒီကောင်လေးနဲ့ ထပ်တွေ့ရဦးမယ်ဆိုတာ။
တကယ်လည်း ထပ်တွေ့ပါတယ်။ အလုပ်ဆင်းရမယ့် ဌာနက ဝန်ထမ်းလေးဖြစ်နေတော့။
မနက်က ရုံးခန်းထဲမှာ နှလုံးသားယူသွားလို့ လျော်ကြေးတောင်းတာကို မလှိမ့်တပတ်နဲ့ ပြေးထွက်သွားတာ လုံးလုံးလေး။
ဟက် အရမ်းချစ်ဖို့ကောင်းနေတယ်မဟုတ်လား။ အိတ်ကပ်ထဲ ဖွက်ထားချင်လာပြီနော်။
အခုလည်း ကျွန်တော်ကြည့်နေတာသိသွားပြီး အကြည့်စူးစူးနဲ့ ပြန်ကြည့်နေသေးတယ်။
နဂိုထက်ပို ပြန်စိုက်ကြည့်ပေးလိုက်တော့ ကိုယ်လေးကျူံ့ပြီး ပြန်လှည့်သွားတယ်။
ဘေးက ကျွန်တော့ညီဖြစ်သူကို ကြည့်တော့ ဟိုကလေးထိုင်နေတဲ့ ဝိုင်းက တယောက်ကို ကြည့်နေတာများ မျက်တောင်တောင်မခတ်။
" ဆောင်းဟွန်း မင်းဘယ်သူ့ကို အဲ့လောက်တောင် ကြည့်နေရတာလဲ "
" မဟုတ်ပါဘူး ဘယ်မှာကြည့်လို့လဲ "
ပြောတော့မကြည့်ဘူးတဲ့။ ရောက်ကတည်းက မျက်လုံးတွေက အဲ့တယောက်ဆီမှာ။
မလိမ်တတ်ဘဲနဲ့ လိမ်နေသေးတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်က ဗြုန်းစားကြီး အမေရိကကို ရောက်လာတဲ့ ဆောင်းဟွန်းကို မှတ်မိပါသေးတယ်။ မလာခင်က ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်လိုမှ မေးလို့မရ။ ဒါနဲ့အမေရိကမှာပဲ တက္ကသိုလ်တက်ပြီး အဲ့မှာရှိတဲ့ ရုံးခွဲကို ညီအကိုနှစ်ယောက် တူတူဦးစီးခဲ့ရတယ်။ မနေ့က ကိုရီးယားပြန်မယ်ဆိုတော့ စိတ်လှုပ်ရှားနေတာ ဖုံးဖိမရ။ ရေခဲတုံးကို ညီ တော်ထားတော့လည်း သည်းခံရမှာပေါ့။
နည်းနည်း ဉာဉ့်နက်လာတော့ ဆိုင်ထဲမှာ လူရှင်းစပြုနေပြီ။
တယောက်ပြီးတယောက် နှုက်ဆက်ကာ ပြန်သွားကြတဲ့ သူတွေကို လူမှုရေးအရ ပြန်နှုက်ဆက်ပြီး ဟိုကလေး အခြေအနေကိုပဲ ကြည့်နေမိတယ်။ သောက်နေတာများ တစ်ပုလင်းပြီး တစ်ပုလင်း။ ခွက်ထဲ ထည့်တာတောင် ချော်သွားသေးတယ်။
ယိုင်နေတဲ့ ကိုယ်လုံးလေးကြောင့် အဲဒီ့ဝိုင်းဆီ အမြန်ပြေးပြီး ဘေးနားရပ်လိုက်တော့ ရင်ခွင်ထဲ ပြိုကျလာတဲ့ ကြောင်ပေါက်လေး။
" ဂျောင်ဝန်း .... ယန်းဂျောင်ဝန်း...
မအိပ်သွားနဲ့ဦးလေ... ဂျောင်ဝန်း "
ဟာဒီကလေးတော့ ။ ဒီလိုမျိုးဖြစ်နေကြလား? ကိုယ်မဟုတ်ဘဲ တခြားသူတွေဆိုဘယ်လိုလုပ်မလဲ။ စိတ်မချလိုက်တာနော်။
" ဖယ်ဦး "
အသံကြားလို့ လှည့်ကြည့်တော့ ဖယ်ဆိုတဲ့ အမူအရာနဲ့ ရပ်နေတဲ့ ပက်ဆောင်းဟွန်း။
ဂျောင်ဝန်းကို ချီပြီး ဘေးကပ်ပေးလိုက်တော့ ဘေးမှာ မှောက်အိပ်နေတဲ့ ကောင်လေးဆီ တိုးသွားတယ်။
" မင်း သူ့ကိုသိလို့လား "
ကောင်လေးကို ကျောပေါ်တင်ပြီး မတ်တပ်ရပ်ဖို့ လုပ်နေတဲ့ ဆောင်းဟွန်းကို မေးလိုက်တယ်။
" သိတယ် "
အဲ့တစ်ခွန်းထဲ ဖြေပြီး ဆိုင်အပြင်ထွက်သွားတာများ အရိပ်တောင်မမြင်ရ။ ရင်ခွင်ထဲက ဂျောင်ဝန်းကလည်း နွေးလို့ထင်တယ် တအီအီနဲ့ တိုးဝင်လာတာ ကြောင်ပေါက်လေးလိုပဲ။ အိမ်ပြန်ပို့ဖို့က သူ့အိမ်မသိဘူးဆိုတော့ ကျွန်တော့်အိမ်ပဲ ခေါ်သွားလိုက်ပါမယ်။
[ အကြံများနဲ့ PJS 🙈 ]
" သခင်လေး ပြန်လာပါပြီလား "
ကားပေါ်ကနေ ဂျောင်ဝန်းကို ပွေ့ချီပြီး ဆင်းလာတဲ့ ကျွန်တော့်ကို အိမ်မှာစောင့်နေတဲ့ အာဂျူးမားက တအံ့တဩကြည့်ပြီး နှုက်ဆက်နေလေရဲ့။
ခေါင်းငြိမ့်ပြပြီး အိမ်ပေါ်ထပ်တက်မယ့် လှေကားဆီသို့ သွားရင်းမှ တခုခုကို သတိရပြီး အာဂျူးမားဆီပြန်လှည့်လာလိုက်တယ်။
" အာဂျူးမား မနက်ဖြန် မနက်စာကို အမူးပြေဟင်းရည် ချက်ထားပေးပါ ။ ပြီးတော့ နှစ်ယောက်စာပြင်ထားပေးနော် "
" ဟုတ် ... ဟုတ်ကဲ့ သခင်လေး "
လှေကားကို တစ်ထစ်ချင်း တက်လာသော်လည်း လက်ထဲတွင် အလေးချိန်မရှိသလောက် ပေါ့ပါးနေသော ကိုယ်လုံးလေးကြောင့် ရှိမှရှိသေးရဲ့လားလို့ ငုံ့ကြည့်နေရတာ အမော။
ကုတင်ပေါ် အသာလေးချပေးတော့ အင်းအဲပြုပြီး ငြိမ်သွားတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို ကျွန်တော့်လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လာတယ်။ မျက်လုံးလေး မပွင့်တပွင့်နဲ့ နှာထိပ်လေးတွေလည်းနီရဲနေရော။
" အာ့ ! "
ချစ်ဖို့ကောင်းကြောင်းပြောနေတုန်းရှိသေး ရုတ်တရက် ပုခုံးကို ဖက်ကိုက်သွားတာ။ ကြောင်လေးတွေလို ဖွဖွကိုက်တာဆိုတော့ နာတော့မနာပေမဲ့ လန့်ပြီးအော်မိသွားတယ်။
ဖက်ထားတဲ့ လက်တွေ မလွှတ်ပေးသေးတော့ ဘေးမှာဝင်လှဲလိုက်တော့မှ လွှတ်ပေးပြီး ငြိမ်သွားတယ်။
" ဟူးးးး "
သက်ပြင်းတိုးတိုးချပြီး ထဖို့လုပ်တော့ ခါးကို ရစ်တွယ်လာပြန်တဲ့ လက်သေးသေးလေးတွေ ။
" ဒီကလေးကတော့ ငါ့ကို လာစမ်းနေတာပဲ "
လက်ကိုဖယ်ဖို့လုပ်တော့လည်း ပိုပြီးသာ တင်းကြပ်လာတယ်။ မထူးပါဘူးဆိုပြီးသာ ပြန်လှဲပြီး နေရာယူလိုက်တယ်။
သက်တောင့်သက်သာဖြစ်အောင် ခေါင်းအောက်ထဲ လက်သွင်းပေးလိုက်ပြီး ရင်ခွင်ထဲသာ ထည့်ထားလိုက်တယ်။
" အိမ်မက်လှလှမက်ပါစေ ကလေးလေး "
နဖူးပြင်လေးကို နှုတ်ခမ်းနဲ့ တချက် ဖိကပ်လိုက်ပြီး မျက်လုံးမှိတ်ကာ အိမ်မက်ကမ္ဘာသို့သာ ခုန်ဆင်းလိုက်တယ်။
ဒီအနမ်းအကြောင်းကိုတော့ မနက်ကျရင် ပြန်ပြောဖြစ်မယ်မထင်။ ဟက် ... ပြောလိုက်ရင် ကျွန်တော့်ကို ရှောင်နေမှာပေါ့။
End of flashback
ဂျောင်ဝန်း pov ....
နားထောင်ပြီးတော့ မန်နေဂျာကြီးရဲ့ ပုခုံးကို လှမ်းကြည့်မိတယ်။
" ဘာအရာမှတော့ မရှိတော့ဘူး "
ကျွန်တော် ကြည့်နေတာကို တွေ့ပြီး ပြုံးစိစိနဲ့ ပြောလာတဲ့ မန်နေဂျာပက်။
" ဒါမဲ့ တောင်းပန်ပါတယ် ။ ကျွန်တော် မူးပြီးကိုက် ... ကိုက်လိုက်မိတာကို ။ ပြီးတော့ အတင်းဖက်ထားမိတာကော....
တကယ် တောင်းပန်ပါတယ်ဗျ "
ဒီတိုင်းတောင်းပန်ရတာ အားမရလို့ ထရပ်ပြီး
ခါးကို 90°ချိုးပြီး ခေါင်းငုံ့တောင်းပန်လိုက်တယ်။
" အဲ့လောက်ထိ မလိုပါဘူး ။ ထိုင်... ထိုင်
ကိုယ်က ကလေး ... အဲ ... ဂျောင်ဝန်းကို ခွင့်လွှတ်ပြီးသားပါ "
" ဟုတ်ကဲ့ "
ဖက်ကိုက်လိုက်တယ်တဲ့လား ယန်းဂျောင်ဝန်းရယ်။ ဒါနဲ့ပဲ ရပ်သွားတာ တော်သေးတယ် ။ ဆဲဆိုနေခဲ့တာမဟုတ်လို့။
ဒါပေမဲ့ ဘာလို့ ဒီလက်တွေက မန်နေဂျာပက်ကို.....
ဖက်လုံးလို့များထင်သွားတာလားမသိ။
ရှက်စရာကြီးးးးးးး
-----------------------
" ကောင်းကောင်းစားခဲ့ရပါတယ် ။
အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်ဗျ ......
မန်နေဂျာကြီး ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါလား။ ရေမိုးချိုးရတော့မယ် ။ မနေ့ညကတည်းက အတိုင်းပဲဆိုဝောာ့ အနံတွေ ထွက်နေပြီ "
" ကောင်းပြီလေ ကိုယ်လိုက်ပို့ပေးပါ့မယ် "
" ဟုတ်... အာဂျူးမားနီး ကျွန်တော်သွားပြီနော်။
ကောင်းကောင်းနေရစ်ခဲ့ပါ "
အာဂျူးမား : " အေးပါကွယ် "
----------------
" ဟိုနားက တိုက်ဆို ရောက်ပါပြီ မန်နေဂျာကြီး "
ကျွန်တော် ငှားနေတဲ့ တိုက်ခန်းက ကြာပြီဆိုပေမဲ့ သစ်လွင်တဲ့ ပုံပေါက်ပြီး နေချင်စရာလေးပါ။
မှတ်မိပါသေးတယ် ။ အဲ့ဒီ့တိုက်ခန်းကို ငှားဖို့
ဂျယ်ယွန်း hyung နဲ့ ကျွန်တော် အချိန်ပိုင်းအလုပ်တွေ အများကြီး လုပ်ခဲ့ရတာ ။
အခုတော့ ကုမ္ပဏီ အကြီးကြီးမှာ အလုပ်ရသွားပြီဆိုတော့ ငှားခအတွက် စိတ်မပူရတော့ဘူး။
မေပယ်ရွက်တွေနဲ့ ဝေဝေဆာဆာလှနေသော အပင်အောက်မှာ ကားရပ်လိုက်တော့ ကျွန်တော်လည်း မနှေးမမြန် တံခါးဖွင့်ပြီး ဆင်းလိုက်တယ်။
တံခါးပိတ်သံ နှစ်ခုကြားလိုက်တာကြောင့် မန်နေဂျာပက်လည်း ဆင်းလာတယ် ဆိုတာသိလိုက်တယ်။
" လိုက်ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျ "
မန်နေဂျာပက် ဘက်ကို လှည့်ပြီး သေချာ ပြောလိုက်တယ်။ ရုံးချိန်ပြင်ပဆိုပေမယ့် လက်လွတ်စပယ် လုပ်လို့ရတာမှမဟုတ်တာ။ ဒါ့အပြင် မူးပြီး ဒုက္ခလဲ ပေးမိထားတာဆိုတော့ အားနာနေတာမှ တပိုင်းသေနေပြီ။
" ကျေးဇူးတင်ရင် ကိုယ့်ကို အဖြေပေးး "
" ဗျာ !! ဘာအဖြေလဲဟင် "
" ကိုယ် ဖွင့်ပြောထားတာကိုလေ "
မေ့တောင်မေ့နေတာ။ သူပြောမှ သတိရသွားတယ်။ အဲ့လောက်တောင် ခေါင်းကကောင်းတာ။
စဉ်းစားကြည့်တော့ မန်နေဂျာပက်က ချောတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ကြိုက်တာလား ၊ မကြိုက်တာလား မသေချာ။ ပြီးတော့ သိတာလည်း မကြာသေးဘူးလေ။ ကြိုးရှည်ရှည်နဲ့ လှန်းထားရအောင် မန်နေဂျာပက်က ငါးခြောက်မဟုတ်။ ဘယ်လိုပြန်ပြောရမလဲ......
" ဟို .... မန်နေဂျာပက် အပေါ်ထားတဲ့ ခံစားချက်ကို ကျွန်တော် သေချာမသိသေးဘူး .... "
" ဂျေး "
" ဗျာ "
" ကိုယ့်နာမည်ပဲ .... မင်းကတော့ အဲ့လိုခေါ် "
" ဟုတ် နှစ်ယောက်တည်း ရှိတဲ့ ချိန်ဆိုခေါ်ပါ့မယ်
ဂျေး hyung "
ခေါ်စေချင်တာ ခေါ်လိုက်လို့ထင်တယ်။ နှုတ်ခမ်းတွေ တွန့်ကွေးသွားအောင် ပြုံးနေတယ်။
ဘာလို့ပြုံးနေတာလဲ .... ဒီမှာ ကိုယ့်ခံစားချက်ကို ဝေခွဲနေပါတယ်ဆိုမှ။ လူကို ရင်ဘတ်ထဲမှာ ရထားဖြတ်မောင်းသွားအောင် လုပ်တဲ့ အဲဒီအပြုံး။
ကျွန်တော့် ဆက်ပြီး မမြင်တော့အောင် အကြည့်လွှဲလိုက်ရတယ်။ သေချာတာတော့
ကျွန်တော့်ပါးတွေ နီနေမယ်ဆိုတာ။
အဲဒီ့အချိန် အနားမှာ ထိုးရပ်လာတဲ့ ကားတစ်စီး။
တဆက်တည်း ကားပေါ်က ဆင်းလာတဲ့ သူကြောင့် ကျွန်တော့ပါးစပ်က အလိုလို ခေါ်မိသွားတယ်။
" ဂျယ်ယွန်း hyung ! "
ကျွန်တော့်အသံကြားတော့ လှည့်ကြည့်ပြီး တည့်တည့် လျှောက်လာတယ်။ အနောက်မှာလည်း ကားပေါ်က ဆင်းလာပြန်တဲ့ မန်နေဂျာပက်ဆောင်းဟွန်း။
" ဂျောင်ဝန်းနား အဆင်ပြေရဲ့လား။ အရက်နာကျနေသေးလား "
အနားရောက်တာနဲ့ ကျွန်တော့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး ခေါင်းကို ဟိုစောင်း ဒီစောင်းလုပ်နေတယ်။ ဆိုချင်တာက မူးနေသေးလားဆိုပြီး စမ်းတာ။ အစမ်းကြီးနော် .....
hyung လက်ကို ဖယ်ပြီး ကျွန်တော့ပါးနှစ်ဖက်ကို ပွတ်ကာ
" ပြေပါတယ် .... hyung ကော "
" ငါလည်း ပြေတယ် "
ကြည့်ရတာတော့ ပုံမှန်အတိုင်းပဲဆိုဝောာ့ တကယ်အဆင်ပြေတာထင်ပါတယ်။ ဒါပေမဲ့ မျက်နှာအမူအရာက စိတ်ညစ်နေသေးတဲ့ပုံ။
" အဟမ်းးး !! "
ချောင်းဟန့်သံတစ်ခု။ ဘယ်သူ့ဆီကလဲဆိုတော့ မန်နေဂျာပက်ဆောင်းဟွန်းဆီက။
အခုမှသတိထားမိတယ်။ နှစ်ယောက်လုံး ဘာလို့ နဂါးမျက်စောင်းတွေနဲ့ ကျွန်တော်တို့ကို ကြည့်နေကြတာလဲ ။
ဒီလိုအခြေအနေမှာ ကျွန်တော်ကပဲစပြီး လေထုကို ဖြိုခွင်းလိုက်တယ်။
" ဂျယ်ယွန်း hyung ..... ဒါကျွန်တော်တို့မန်နေဂျာ ပက်ဂျုံဆောင်းလေ ။ သိတယ်မဟုတ်လား "
" သိတယ် ။ ဥက္ကဌပက်သားမလား "
တိတ်ဆိတ်သွားပြန်တဲ့ လေထု။ ဒီhyung ကလည်း သူ့မန်နေဂျာကို မိတ်ဆက်ပေးမယ့်ပုံမပေါ်ဘူး။
ဘယ်လိုလား။
" အိမ်ထဲဝင်ကြရအောင် ဂျောင်ဝန်းနား ။
ဒီနေ့ အိမ်သန့်ရှင်းရေး လုပ်ရမှာမလား .... ဝင်မယ်လေ "
ကျွန်တော်တို့နှစ်ယောက် နေတဲ့ တိုက်ခန်းက သန့်ရှင်းသပ်ရပ်တယ်ဆိုတဲ့ စကားစုတောင် တံခါးပေါက်ကနေ လှည့်ပြေးသွားနိုင်တယ်။
တစ်ပတ်လုံး ဘာသန့်ရှင်းရေးမှ မလုပ်ဘဲ ပုံထားပြီး ဒီနေ့လို ပိတ်ရက်ကျမှ မနားဘဲ တအိမ်လုံး ရှင်းလင်းကြရတာ။
" နှစ်ယောက်က အတူတူနေတာလား "
မျက်ခုံးတန်းနှစ်ခု ထိလုမတတ်စုနေပြီး လေသံအနည်းငယ် မာသယောင် မေးလာတဲ့ မန်နေဂျာပက် ... အဲ .... ပက်နှစ်ပက်ရှိတာဆိုတော့ ဂျေးhyung လို့ပဲခေါ်ပါတော့မယ် ။ စိတ်ထဲမှာပေါ့။
" ဟုတ်ကဲ့ ဘာဖြစ်လို့လဲဟင် "
" ဘာမှမဟုတ်ပါဘူး တက်ဝောာ့လေ ။
သေချာအနားယူလိုက်ဦး "
" ဟုတ်ကဲ့ "
ကျွန်တော်နဲ့ ဂျေးhyung ကသာ စကားတွေပြောနေပေမဲ့ ဂျယ်ယွန်း hyung ကတော့ သူ့မန်နေဂျာကို လှည့်တောင်မကြည့်ပါ။ ဘာတွေဖြစ်ထားလည်းမသိဘူး။
" ဒါဆို ကောင်းကောင်းသွားပါ မန်နေဂျာပက်နဲ့ မန်နေဂျာပက် "
ကိုယ်စီ ကားပေါ်တက်သွားတဲ့ နှစ်ယောက်ကို ကျွန်တော်တယောက်တည်းပဲ ဒိုင်ခံ နှုက်ဆက်ပေးလိုက်ရတယ်။ ဂျယ်ယွန်းhyung ကတော့ ဝင်သွားနှင့်ပြီ။
ကျွန်တော်တွေ့လိုက်ပါသေးတယ် ။ ကားပေါ်ရောက်တဲ့အထိ လှည့်ကြည့်လှည့်ကြည့် လုပ်နေတဲ့ မန်နေဂျာပက်ဆောင်းဟွန်းရဲ့ မျက်လုံးတွေက ဂျယ်ယွန်း hyung ကိုပဲ လွမ်းလွမ်းဆွတ်ဆွတ် ကြည့်နေတာ။
___________ A/N ____________
ကိုယ်ရေးတဲ့ စာ ကိုယ်ပြန်ဖတ်ရတာ တမျိုးဖြစ်နေပေမဲ့ ယောရောဘွန်းတို့တော့ ဘယ်လိုနေလဲ မသိဘူး။ ဇာတ်လမ်းကော အဆက်အစပ်မိရဲ့လားမသိ။
Pov အနေနဲ့ ရေးတာဆိုတော့ စကားပြောသလိုပဲ ပိုများပါတယ်။ တပိုင်းတပိုင်းကို နည်းနည်း ရှည်ရှည်တော့ရေးထားပါတယ်နော်။
𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻 𝓡𝓮𝓪𝓭𝓲𝓷𝓰 💓
Zawgyi 💙
Flashback
ဂ်ဳံေဆာင္း pov
ေရာက္ကတည္းက အသားကင္ထက္ ဆိုဂ်ဴနဲ႔ မက္ဂ်ဴကိုပဲ လွိမ့္ေသာက္ေနတဲ့ ဟိုကေလး။ ေသာက္ၿပီးလည္း ၿငိမ္ၿငိမ္မေန ဟိုၾကည့္ဒီၾကည့္နဲ႔။
တစ္ဆိတ္ သူကဘယ္သူလဲဆိုရင္ ကြၽန္ေတာ့္ႏွလုံးသားကို မေန႔ကမွ ယူသြားတဲ့ ယန္းေဂ်ာင္ဝန္းေလးေပါ့ ။
မေန႔ညက ကုမၸဏီကို အေဖ့ဆီက အမိန႔္နဲ႔
အေမရိကက ေရာက္ေရာက္ခ်င္း ေလဆိပ္ကေနအေျပးသြားလိုက္ရတယ္။ ေရာက္ေတာ့လည္း ဘာမွမဟုတ္ ။ ငါ့သားေတြကို သတိရလို႔ အရင္ ေခၚလိုက္တာတဲ့။ ကိုရီးယားမွာ အိမ္ေစာင့္ေတြနဲ႔ပဲ ထားခဲ့တဲ့ အိမ္ကိုျပန္ဖို႔လုပ္ေတာ့ ည 11 နာရီေတာင္ရွိေနၿပီ။
14 လႊာမွာရွိတဲ့ ဥကၠဌ႐ုံးခန္းကေန ေျမညီထပ္ကို ဆင္းလာရင္း ဒ႐ိုင္ဘာကို ကားထုတ္ထားဖို႔ေျပာလိုက္တယ္။ ကုမၸဏီ ဝင္ေပါက္ကေန ထြက္ေတာ့ ႐ုတ္တရက္ အေရွ႕မွာ လာရပ္လာတဲ့ လူတစ္ေယာက္။ အဲ့ဒီအခ်ိန္ ေမာ့ၾကည့္လာတဲ့ မ်က္လုံးဝိုင္းေလးေတြ။ ေယာက္်ားေလးတစ္ေယာက္ရဲ႕ မ်က္လုံးက အဲ့ေလာက္လွဖို႔ လိုလို႔လား။
မ်က္ရစ္ေလးေတြနဲ႔ မ်က္ဝန္းညိဳညိဳေလး။ ေၾကာင္ေပါက္ေလးေတြကိုေတာင္ ေျပးျမင္မိတယ္။ ဒုကၡေရာက္ေနတဲ့ ေၾကာင္ေပါက္ေလးပဲ။ Taxi ခ လာေခ်းတာတဲ့။ ကိုယ္နဲ႔ေတြ႕တာ ကံေကာင္းတယ္ မင္း။ ဘာမွမေတြေဝဘဲ
ဝမ္ငါးေသာင္း ခ်က္ခ်င္းထုတ္ေပးလိုက္တယ္။
အဲ့ဒီအခ်ိန္မွာ ကားေရာက္လာေတာ့ ေကာင္ေလးကို ႏႈက္ေတာင္မဆက္မိဘဲ သြားမိတယ္။ ဘာလို႔လဲဆိုေတာ့ ကံၾကမၼာကို ယုံတယ္ေလ။ ဒီေကာင္ေလးနဲ႔ ထပ္ေတြ႕ရဦးမယ္ဆိုတာ။
တကယ္လည္း ထပ္ေတြ႕ပါတယ္။ အလုပ္ဆင္းရမယ့္ ဌာနက ဝန္ထမ္းေလးျဖစ္ေနေတာ့။
မနက္က ႐ုံးခန္းထဲမွာ ႏွလုံးသားယူသြားလို႔ ေလ်ာ္ေၾကးေတာင္းတာကို မလွိမ့္တပတ္နဲ႔ ေျပးထြက္သြားတာ လုံးလုံးေလး။
ဟက္ အရမ္းခ်စ္ဖို႔ေကာင္းေနတယ္မဟုတ္လား။ အိတ္ကပ္ထဲ ဖြက္ထားခ်င္လာၿပီေနာ္။
အခုလည္း ကြၽန္ေတာ္ၾကည့္ေနတာသိသြားၿပီး အၾကည့္စူးစူးနဲ႔ ျပန္ၾကည့္ေနေသးတယ္။
နဂိုထက္ပို ျပန္စိုက္ၾကည့္ေပးလိုက္ေတာ့ ကိုယ္ေလးက်ဴံ႕ၿပီး ျပန္လွည့္သြားတယ္။
ေဘးက ကြၽန္ေတာ့ညီျဖစ္သူကို ၾကည့္ေတာ့ ဟိုကေလးထိုင္ေနတဲ့ ဝိုင္းက တေယာက္ကို ၾကည့္ေနတာမ်ား မ်က္ေတာင္ေတာင္မခတ္။
" ေဆာင္းဟြန္း မင္းဘယ္သူ႔ကို အဲ့ေလာက္ေတာင္ ၾကည့္ေနရတာလဲ "
" မဟုတ္ပါဘူး ဘယ္မွာၾကည့္လို႔လဲ "
ေျပာေတာ့မၾကည့္ဘူးတဲ့။ ေရာက္ကတည္းက မ်က္လုံးေတြက အဲ့တေယာက္ဆီမွာ။
မလိမ္တတ္ဘဲနဲ႔ လိမ္ေနေသးတယ္။
လြန္ခဲ့တဲ့ ေျခာက္ႏွစ္က ျဗဳန္းစားႀကီး အေမရိကကို ေရာက္လာတဲ့ ေဆာင္းဟြန္းကို မွတ္မိပါေသးတယ္။ မလာခင္က ဘာျဖစ္ခဲ့လဲဆိုတာ ဘယ္လိုမွ ေမးလို႔မရ။ ဒါနဲ႔အေမရိကမွာပဲ တကၠသိုလ္တက္ၿပီး အဲ့မွာရွိတဲ့ ႐ုံးခြဲကို ညီအကိုႏွစ္ေယာက္ တူတူဦးစီးခဲ့ရတယ္။ မေန႔က ကိုရီးယားျပန္မယ္ဆိုေတာ့ စိတ္လႈပ္ရွားေနတာ ဖုံးဖိမရ။ ေရခဲတုံးကို ညီ ေတာ္ထားေတာ့လည္း သည္းခံရမွာေပါ့။
နည္းနည္း ဉာဥ့္နက္လာေတာ့ ဆိုင္ထဲမွာ လူရွင္းစျပဳေနၿပီ။
တေယာက္ၿပီးတေယာက္ ႏႈက္ဆက္ကာ ျပန္သြားၾကတဲ့ သူေတြကို လူမႈေရးအရ ျပန္ႏႈက္ဆက္ၿပီး ဟိုကေလး အေျခအေနကိုပဲ ၾကည့္ေနမိတယ္။ ေသာက္ေနတာမ်ား တစ္ပုလင္းၿပီး တစ္ပုလင္း။ ခြက္ထဲ ထည့္တာေတာင္ ေခ်ာ္သြားေသးတယ္။
ယိုင္ေနတဲ့ ကိုယ္လုံးေလးေၾကာင့္ အဲဒီ့ဝိုင္းဆီ အျမန္ေျပးၿပီး ေဘးနားရပ္လိုက္ေတာ့ ရင္ခြင္ထဲ ၿပိဳက်လာတဲ့ ေၾကာင္ေပါက္ေလး။
" ေဂ်ာင္ဝန္း .... ယန္းေဂ်ာင္ဝန္း...
မအိပ္သြားနဲ႔ဦးေလ... ေဂ်ာင္ဝန္း "
ဟာဒီကေလးေတာ့ ။ ဒီလိုမ်ိဳးျဖစ္ေနၾကလား? ကိုယ္မဟုတ္ဘဲ တျခားသူေတြဆိုဘယ္လိုလုပ္မလဲ။ စိတ္မခ်လိုက္တာေနာ္။
" ဖယ္ဦး "
အသံၾကားလို႔ လွည့္ၾကည့္ေတာ့ ဖယ္ဆိုတဲ့ အမူအရာနဲ႔ ရပ္ေနတဲ့ ပက္ေဆာင္းဟြန္း။
ေဂ်ာင္ဝန္းကို ခ်ီၿပီး ေဘးကပ္ေပးလိုက္ေတာ့ ေဘးမွာ ေမွာက္အိပ္ေနတဲ့ ေကာင္ေလးဆီ တိုးသြားတယ္။
" မင္း သူ႔ကိုသိလို႔လား "
ေကာင္ေလးကို ေက်ာေပၚတင္ၿပီး မတ္တပ္ရပ္ဖို႔ လုပ္ေနတဲ့ ေဆာင္းဟြန္းကို ေမးလိုက္တယ္။
" သိတယ္ "
အဲ့တစ္ခြန္းထဲ ေျဖၿပီး ဆိုင္အျပင္ထြက္သြားတာမ်ား အရိပ္ေတာင္မျမင္ရ။ ရင္ခြင္ထဲက ေဂ်ာင္ဝန္းကလည္း ေႏြးလို႔ထင္တယ္ တအီအီနဲ႔ တိုးဝင္လာတာ ေၾကာင္ေပါက္ေလးလိုပဲ။ အိမ္ျပန္ပို႔ဖို႔က သူ႔အိမ္မသိဘူးဆိုေတာ့ ကြၽန္ေတာ့္အိမ္ပဲ ေခၚသြားလိုက္ပါမယ္။
[ အႀကံမ်ားနဲ႔ PJS 🙈 ]
" သခင္ေလး ျပန္လာပါၿပီလား "
ကားေပၚကေန ေဂ်ာင္ဝန္းကို ေပြ႕ခ်ီၿပီး ဆင္းလာတဲ့ ကြၽန္ေတာ့္ကို အိမ္မွာေစာင့္ေနတဲ့ အာဂ်ဴးမားက တအံ့တဩၾကည့္ၿပီး ႏႈက္ဆက္ေနေလရဲ႕။
ေခါင္းၿငိမ့္ျပၿပီး အိမ္ေပၚထပ္တက္မယ့္ ေလွကားဆီသို႔ သြားရင္းမွ တခုခုကို သတိရၿပီး အာဂ်ဴးမားဆီျပန္လွည့္လာလိုက္တယ္။
" အာဂ်ဴးမား မနက္ျဖန္ မနက္စာကို အမူးေျပဟင္းရည္ ခ်က္ထားေပးပါ ။ ၿပီးေတာ့ ႏွစ္ေယာက္စာျပင္ထားေပးေနာ္ "
" ဟုတ္ ... ဟုတ္ကဲ့ သခင္ေလး "
ေလွကားကို တစ္ထစ္ခ်င္း တက္လာေသာ္လည္း လက္ထဲတြင္ အေလးခ်ိန္မရွိသေလာက္ ေပါ့ပါးေနေသာ ကိုယ္လုံးေလးေၾကာင့္ ရွိမွရွိေသးရဲ႕လားလို႔ ငုံ႔ၾကည့္ေနရတာ အေမာ။
ကုတင္ေပၚ အသာေလးခ်ေပးေတာ့ အင္းအဲျပဳၿပီး ၿငိမ္သြားတယ္။ ဒါေပမဲ့ ႐ုတ္တရက္ဆိုသလို ကြၽန္ေတာ့္လည္ပင္းကို လက္ႏွစ္ဖက္နဲ႔ သိုင္းဖက္လာတယ္။ မ်က္လုံးေလး မပြင့္တပြင့္နဲ႔ ႏွာထိပ္ေလးေတြလည္းနီရဲေနေရာ။
" အာ့ ! "
ခ်စ္ဖို႔ေကာင္းေၾကာင္းေျပာေနတုန္းရွိေသး ႐ုတ္တရက္ ပုခုံးကို ဖက္ကိုက္သြားတာ။ ေၾကာင္ေလးေတြလို ဖြဖြကိုက္တာဆိုေတာ့ နာေတာ့မနာေပမဲ့ လန႔္ၿပီးေအာ္မိသြားတယ္။
ဖက္ထားတဲ့ လက္ေတြ မလႊတ္ေပးေသးေတာ့ ေဘးမွာဝင္လွဲလိုက္ေတာ့မွ လႊတ္ေပးၿပီး ၿငိမ္သြားတယ္။
" ဟူးးးး "
သက္ျပင္းတိုးတိုးခ်ၿပီး ထဖို႔လုပ္ေတာ့ ခါးကို ရစ္တြယ္လာျပန္တဲ့ လက္ေသးေသးေလးေတြ ။
" ဒီကေလးကေတာ့ ငါ့ကို လာစမ္းေနတာပဲ "
လက္ကိုဖယ္ဖို႔လုပ္ေတာ့လည္း ပိုၿပီးသာ တင္းၾကပ္လာတယ္။ မထူးပါဘူးဆိုၿပီးသာ ျပန္လွဲၿပီး ေနရာယူလိုက္တယ္။
သက္ေတာင့္သက္သာျဖစ္ေအာင္ ေခါင္းေအာက္ထဲ လက္သြင္းေပးလိုက္ၿပီး ရင္ခြင္ထဲသာ ထည့္ထားလိုက္တယ္။
" အိမ္မက္လွလွမက္ပါေစ ကေလးေလး "
နဖူးျပင္ေလးကို ႏႈတ္ခမ္းနဲ႔ တခ်က္ ဖိကပ္လိုက္ၿပီး မ်က္လုံးမွိတ္ကာ အိမ္မက္ကမာၻသို႔သာ ခုန္ဆင္းလိုက္တယ္။
ဒီအနမ္းအေၾကာင္းကိုေတာ့ မနက္က်ရင္ ျပန္ေျပာျဖစ္မယ္မထင္။ ဟက္ ... ေျပာလိုက္ရင္ ကြၽန္ေတာ့္ကို ေရွာင္ေနမွာေပါ့။
End of flashback
ေဂ်ာင္ဝန္း pov ....
နားေထာင္ၿပီးေတာ့ မန္ေနဂ်ာႀကီးရဲ႕ ပုခုံးကို လွမ္းၾကည့္မိတယ္။
" ဘာအရာမွေတာ့ မရွိေတာ့ဘူး "
ကြၽန္ေတာ္ ၾကည့္ေနတာကို ေတြ႕ၿပီး ၿပဳံးစိစိနဲ႔ ေျပာလာတဲ့ မန္ေနဂ်ာပက္။
" ဒါမဲ့ ေတာင္းပန္ပါတယ္ ။ ကြၽန္ေတာ္ မူးၿပီးကိုက္ ... ကိုက္လိုက္မိတာကို ။ ၿပီးေတာ့ အတင္းဖက္ထားမိတာေကာ....
တကယ္ ေတာင္းပန္ပါတယ္ဗ် "
ဒီတိုင္းေတာင္းပန္ရတာ အားမရလို႔ ထရပ္ၿပီး
ခါးကို 90°ခ်ိဳးၿပီး ေခါင္းငုံ႔ေတာင္းပန္လိုက္တယ္။
" အဲ့ေလာက္ထိ မလိုပါဘူး ။ ထိုင္... ထိုင္
ကိုယ္က ကေလး ... အဲ ... ေဂ်ာင္ဝန္းကို ခြင့္လႊတ္ၿပီးသားပါ "
" ဟုတ္ကဲ့ "
ဖက္ကိုက္လိုက္တယ္တဲ့လား ယန္းေဂ်ာင္ဝန္းရယ္။ ဒါနဲ႔ပဲ ရပ္သြားတာ ေတာ္ေသးတယ္ ။ ဆဲဆိုေနခဲ့တာမဟုတ္လို႔။
ဒါေပမဲ့ ဘာလို႔ ဒီလက္ေတြက မန္ေနဂ်ာပက္ကို.....
ဖက္လုံးလို႔မ်ားထင္သြားတာလားမသိ။
ရွက္စရာႀကီးးးးးးး
-----------------------
" ေကာင္းေကာင္းစားခဲ့ရပါတယ္ ။
အစားအေသာက္အတြက္ ေက်းဇူးတင္ပါတယ္ဗ် ......
မန္ေနဂ်ာႀကီး ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔ေပးပါလား။ ေရမိုးခ်ိဳးရေတာ့မယ္ ။ မေန႔ညကတည္းက အတိုင္းပဲဆိုေဝာာ့ အနံေတြ ထြက္ေနၿပီ "
" ေကာင္းၿပီေလ ကိုယ္လိုက္ပို႔ေပးပါ့မယ္ "
" ဟုတ္... အာဂ်ဴးမားနီး ကြၽန္ေတာ္သြားၿပီေနာ္။
ေကာင္းေကာင္းေနရစ္ခဲ့ပါ "
အာဂ်ဴးမား : " ေအးပါကြယ္ "
----------------
" ဟိုနားက တိုက္ဆို ေရာက္ပါၿပီ မန္ေနဂ်ာႀကီး "
ကြၽန္ေတာ္ ငွားေနတဲ့ တိုက္ခန္းက ၾကာၿပီဆိုေပမဲ့ သစ္လြင္တဲ့ ပုံေပါက္ၿပီး ေနခ်င္စရာေလးပါ။
မွတ္မိပါေသးတယ္ ။ အဲ့ဒီ့တိုက္ခန္းကို ငွားဖို႔
ဂ်ယ္ယြန္း hyung နဲ႔ ကြၽန္ေတာ္ အခ်ိန္ပိုင္းအလုပ္ေတြ အမ်ားႀကီး လုပ္ခဲ့ရတာ ။
အခုေတာ့ ကုမၸဏီ အႀကီးႀကီးမွာ အလုပ္ရသြားၿပီဆိုေတာ့ ငွားခအတြက္ စိတ္မပူရေတာ့ဘူး။
ေမပယ္႐ြက္ေတြနဲ႔ ေဝေဝဆာဆာလွေနေသာ အပင္ေအာက္မွာ ကားရပ္လိုက္ေတာ့ ကြၽန္ေတာ္လည္း မေႏွးမျမန္ တံခါးဖြင့္ၿပီး ဆင္းလိုက္တယ္။
တံခါးပိတ္သံ ႏွစ္ခုၾကားလိုက္တာေၾကာင့္ မန္ေနဂ်ာပက္လည္း ဆင္းလာတယ္ ဆိုတာသိလိုက္တယ္။
" လိုက္ပို႔ေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ဗ် "
မန္ေနဂ်ာပက္ ဘက္ကို လွည့္ၿပီး ေသခ်ာ ေျပာလိုက္တယ္။ ႐ုံးခ်ိန္ျပင္ပဆိုေပမယ့္ လက္လြတ္စပယ္ လုပ္လို႔ရတာမွမဟုတ္တာ။ ဒါ့အျပင္ မူးၿပီး ဒုကၡလဲ ေပးမိထားတာဆိုေတာ့ အားနာေနတာမွ တပိုင္းေသေနၿပီ။
" ေက်းဇူးတင္ရင္ ကိုယ့္ကို အေျဖေပးး "
" ဗ်ာ !! ဘာအေျဖလဲဟင္ "
" ကိုယ္ ဖြင့္ေျပာထားတာကိုေလ "
ေမ့ေတာင္ေမ့ေနတာ။ သူေျပာမွ သတိရသြားတယ္။ အဲ့ေလာက္ေတာင္ ေခါင္းကေကာင္းတာ။
စဥ္းစားၾကည့္ေတာ့ မန္ေနဂ်ာပက္က ေခ်ာတာေတာ့ ဝန္ခံပါတယ္။ ဒါေပမဲ့ ႀကိဳက္တာလား ၊ မႀကိဳက္တာလား မေသခ်ာ။ ၿပီးေတာ့ သိတာလည္း မၾကာေသးဘူးေလ။ ႀကိဳးရွည္ရွည္နဲ႔ လွန္းထားရေအာင္ မန္ေနဂ်ာပက္က ငါးေျခာက္မဟုတ္။ ဘယ္လိုျပန္ေျပာရမလဲ......
" ဟို .... မန္ေနဂ်ာပက္ အေပၚထားတဲ့ ခံစားခ်က္ကို ကြၽန္ေတာ္ ေသခ်ာမသိေသးဘူး .... "
" ေဂ်း "
" ဗ်ာ "
" ကိုယ့္နာမည္ပဲ .... မင္းကေတာ့ အဲ့လိုေခၚ "
" ဟုတ္ ႏွစ္ေယာက္တည္း ရွိတဲ့ ခ်ိန္ဆိုေခၚပါ့မယ္
ေဂ်း hyung "
ေခၚေစခ်င္တာ ေခၚလိုက္လို႔ထင္တယ္။ ႏႈတ္ခမ္းေတြ တြန႔္ေကြးသြားေအာင္ ၿပဳံးေနတယ္။
ဘာလို႔ၿပဳံးေနတာလဲ .... ဒီမွာ ကိုယ့္ခံစားခ်က္ကို ေဝခြဲေနပါတယ္ဆိုမွ။ လူကို ရင္ဘတ္ထဲမွာ ရထားျဖတ္ေမာင္းသြားေအာင္ လုပ္တဲ့ အဲဒီအၿပဳံး။
ကြၽန္ေတာ့္ ဆက္ၿပီး မျမင္ေတာ့ေအာင္ အၾကည့္လႊဲလိုက္ရတယ္။ ေသခ်ာတာေတာ့
ကြၽန္ေတာ့္ပါးေတြ နီေနမယ္ဆိုတာ။
အဲဒီ့အခ်ိန္ အနားမွာ ထိုးရပ္လာတဲ့ ကားတစ္စီး။
တဆက္တည္း ကားေပၚက ဆင္းလာတဲ့ သူေၾကာင့္ ကြၽန္ေတာ့ပါးစပ္က အလိုလို ေခၚမိသြားတယ္။
" ဂ်ယ္ယြန္း hyung ! "
ကြၽန္ေတာ့္အသံၾကားေတာ့ လွည့္ၾကည့္ၿပီး တည့္တည့္ ေလွ်ာက္လာတယ္။ အေနာက္မွာလည္း ကားေပၚက ဆင္းလာျပန္တဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္း။
" ေဂ်ာင္ဝန္းနား အဆင္ေျပရဲ႕လား။ အရက္နာက်ေနေသးလား "
အနားေရာက္တာနဲ႔ ကြၽန္ေတာ့မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ အုပ္ၿပီး ေခါင္းကို ဟိုေစာင္း ဒီေစာင္းလုပ္ေနတယ္။ ဆိုခ်င္တာက မူးေနေသးလားဆိုၿပီး စမ္းတာ။ အစမ္းႀကီးေနာ္ .....
hyung လက္ကို ဖယ္ၿပီး ကြၽန္ေတာ့ပါးႏွစ္ဖက္ကို ပြတ္ကာ
" ေျပပါတယ္ .... hyung ေကာ "
" ငါလည္း ေျပတယ္ "
ၾကည့္ရတာေတာ့ ပုံမွန္အတိုင္းပဲဆိုေဝာာ့ တကယ္အဆင္ေျပတာထင္ပါတယ္။ ဒါေပမဲ့ မ်က္ႏွာအမူအရာက စိတ္ညစ္ေနေသးတဲ့ပုံ။
" အဟမ္းးး !! "
ေခ်ာင္းဟန႔္သံတစ္ခု။ ဘယ္သူ႔ဆီကလဲဆိုေတာ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းဆီက။
အခုမွသတိထားမိတယ္။ ႏွစ္ေယာက္လုံး ဘာလို႔ နဂါးမ်က္ေစာင္းေတြနဲ႔ ကြၽန္ေတာ္တို႔ကို ၾကည့္ေနၾကတာလဲ ။
ဒီလိုအေျခအေနမွာ ကြၽန္ေတာ္ကပဲစၿပီး ေလထုကို ၿဖိဳခြင္းလိုက္တယ္။
" ဂ်ယ္ယြန္း hyung ..... ဒါကြၽန္ေတာ္တို႔မန္ေနဂ်ာ ပက္ဂ်ဳံေဆာင္းေလ ။ သိတယ္မဟုတ္လား "
" သိတယ္ ။ ဥကၠဌပက္သားမလား "
တိတ္ဆိတ္သြားျပန္တဲ့ ေလထု။ ဒီhyung ကလည္း သူ႔မန္ေနဂ်ာကို မိတ္ဆက္ေပးမယ့္ပုံမေပၚဘူး။
ဘယ္လိုလား။
" အိမ္ထဲဝင္ၾကရေအာင္ ေဂ်ာင္ဝန္းနား ။
ဒီေန႔ အိမ္သန႔္ရွင္းေရး လုပ္ရမွာမလား .... ဝင္မယ္ေလ "
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေနတဲ့ တိုက္ခန္းက သန႔္ရွင္းသပ္ရပ္တယ္ဆိုတဲ့ စကားစုေတာင္ တံခါးေပါက္ကေန လွည့္ေျပးသြားႏိုင္တယ္။
တစ္ပတ္လုံး ဘာသန႔္ရွင္းေရးမွ မလုပ္ဘဲ ပုံထားၿပီး ဒီေန႔လို ပိတ္ရက္က်မွ မနားဘဲ တအိမ္လုံး ရွင္းလင္းၾကရတာ။
" ႏွစ္ေယာက္က အတူတူေနတာလား "
မ်က္ခုံးတန္းႏွစ္ခု ထိလုမတတ္စုေနၿပီး ေလသံအနည္းငယ္ မာသေယာင္ ေမးလာတဲ့ မန္ေနဂ်ာပက္ ... အဲ .... ပက္ႏွစ္ပက္ရွိတာဆိုေတာ့ ေဂ်းhyung လို႔ပဲေခၚပါေတာ့မယ္ ။ စိတ္ထဲမွာေပါ့။
" ဟုတ္ကဲ့ ဘာျဖစ္လို႔လဲဟင္ "
" ဘာမွမဟုတ္ပါဘူး တက္ေဝာာ့ေလ ။
ေသခ်ာအနားယူလိုက္ဦး "
" ဟုတ္ကဲ့ "
ကြၽန္ေတာ္နဲ႔ ေဂ်းhyung ကသာ စကားေတြေျပာေနေပမဲ့ ဂ်ယ္ယြန္း hyung ကေတာ့ သူ႔မန္ေနဂ်ာကို လွည့္ေတာင္မၾကည့္ပါ။ ဘာေတြျဖစ္ထားလည္းမသိဘူး။
" ဒါဆို ေကာင္းေကာင္းသြားပါ မန္ေနဂ်ာပက္နဲ႔ မန္ေနဂ်ာပက္ "
ကိုယ္စီ ကားေပၚတက္သြားတဲ့ ႏွစ္ေယာက္ကို ကြၽန္ေတာ္တေယာက္တည္းပဲ ဒိုင္ခံ ႏႈက္ဆက္ေပးလိုက္ရတယ္။ ဂ်ယ္ယြန္းhyung ကေတာ့ ဝင္သြားႏွင့္ၿပီ။
ကြၽန္ေတာ္ေတြ႕လိုက္ပါေသးတယ္ ။ ကားေပၚေရာက္တဲ့အထိ လွည့္ၾကည့္လွည့္ၾကည့္ လုပ္ေနတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းရဲ႕ မ်က္လုံးေတြက ဂ်ယ္ယြန္း hyung ကိုပဲ လြမ္းလြမ္းဆြတ္ဆြတ္ ၾကည့္ေနတာ။
___________ A/N ____________
ကိုယ္ေရးတဲ့ စာ ကိုယ္ျပန္ဖတ္ရတာ တမ်ိဳးျဖစ္ေနေပမဲ့ ေယာေရာဘြန္းတို႔ေတာ့ ဘယ္လိုေနလဲ မသိဘူး။ ဇာတ္လမ္းေကာ အဆက္အစပ္မိရဲ႕လားမသိ။
Pov အေနနဲ႔ ေရးတာဆိုေတာ့ စကားေျပာသလိုပဲ ပိုမ်ားပါတယ္။ တပိုင္းတပိုင္းကို နည္းနည္း ရွည္ရွည္ေတာ့ေရးထားပါတယ္ေနာ္။
𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻 𝓡𝓮𝓪𝓭𝓲𝓷𝓰 💓