"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 8
For unicode
ရှောင်းကျန့်စကားကိုနားမထောင်ခဲ့ခြင်းအားဖြင့်ဝမ်ရိပေါ်တစ်ယောက်အဲ့နေ့မနက်ထဖက်မှာစဖျားလေသည်။ ရှောင်းကျန့်တစ်ယောက်သူ့ကိုဖက်ထားတဲ့လူရဲ့ပုံမှန်မဟုတ်တဲ့ကိုယ်အပူချိန်ကြောင့်မျက်လုံးတွေပွင့်လာခဲ့သည်။
"ရိပေါ် မင်းဖျားနေပြီ"
"သိတယ်"
ရှောင်းကျန့်ရဲ့လှုပ်ရှားမှုကြောင့်ဘေးနားကဝမ်ဝမ်ကိုပါနှိုးမိသလိုဖြစ်သွားခဲ့ပြီးဝမ်ဝမ်ပါနိုးလာခဲ့သည်။ ပြီးတော့မျက်လုံးမပွင့်သေးဘဲခြေထောက်လေးနဲ့ဟိုစမ်းဒီစမ်းလုပ်ပြီးဘေးနားကလူကိုရှာသည်။ သူ့ဘေးနားမှာဘယ်သူ့မှမစမ်းမိတာနဲ့ဝမ်ဝမ်ကကြောက်လန့်သွားကာမျက်လုံးတွေပွင့်လာခဲ့သည်။
ဒါပေမယ့်သူထင်ထားသလိုအခန်းကစိမ်းသက်မဲမှောင်မနေဘဲနေခြည်နွေးနွေးကြောင့်ကြောက်လန့်စိတ်တွေပျယ်သွားခဲ့၏။
"ပါးပါး!"
ဝမ်ဝမ်ကမနေ့ညကသူ့ပါးပါးကိုစိတ်ကောက်နေတာကိုပြန်သတိရသွားတာကြောင့်အခန်းထဲကိုမျက်လုံးဝေ့ကြည့်၏။ ဒါပေမယ့်သူ့ပါးပါးကိုမတွေ့ဘဲအိပ်နေတဲ့သူ့ဒက်ဒီကိုသာတွေ့တယ်...။ ဝမ်ဝမ်ကသူ့ဒက်ဒီနားတိုးကပ်သွားပြီးရိပေါ်အကျီစကိုကိုင်ကာလှုပ်နှိုးလာ၏။
"ဒက်ဒီ! ဒက်ဒီ!"
ဝမ်ရိပေါ်ကသူ့သားရဲ့အသံစူးစူးကြောင့်မျက်မှောင်ကျုံ့သွားပြီးမျက်လုံးပွင့်လာခဲ့သည်။
"ဒက်ဒီ! ပါးပါးရော..
ဝမ်ဝမ့်ပါးပါး!"
"မင်းပါးပါးအလုပ်သွားဖို့ပြင်နေတယ်"
"အာ.."
ဝမ်ဝမ်ကကုတင်အောက်ကိုလျှောဆင်းဖို့ပြင်တာနဲ့ဝမ်ရိပေါ်ကဝမ်ဝမ်ကိုလှမ်းဆွဲလိုက်၏။
"ဝမ်ဝမ်! ပါးပါးကိုအလုပ်မသွားဖို့ဂျီကျလိုက်!
မင်းကျောင်းကိုဒက်ဒီခွင့်တင်ပေးမယ်
ကျောင်းမသွားချင်ဘူးမလား"
"အသွားချင်ဘူး! ဝမ်ဝမ်ကျောင်းအသွားချင်ဘူး
ပါးပါးနဲ့ဘဲနေမာ"
"ရှူး..
ဒါဆိုဒက်ဒီပြောတဲ့အတိုင်းလုပ်"
"ဟုတ်"
ဝမ်ရိပေါ်ကသူ့သားကိုရှောင်းကျန့်ကိုဂျီကျဖို့နည်းလမ်းနည်းနည်းသင်ပေးလိုက်တယ်။ ဒါမှနှစ်ယောက်လုံးအိမ်ကပ်ပြီးသူပျင်းမနေမှာ။ မဟုတ်ရင်ရှောင်းကျန့်ကသူရိုးရိုးဖျားတာဆိုပြီးဆေးတိုက်ပြီးတာနဲ့အလုပ်သွားမှာ။ သူတကယ်နှာစေးနေပြီးနှာခေါင်းလည်းပိတ်နေတယ်။ ခေါင်းကိုက်တာမျက်လုံးတောင်မဖွင့်ချင်ဘူး..
မနေ့ညကမှောင်မှရေချိုးကြပြီးရေချိုးတာလည်းနည်းနည်းကြာသွားလို့။ ဒါပေမယ့်ရှောင်းကျန့်ကဘာမှမဖြစ်ဘဲသူကလာဖျားတယ်။ တကယ့် ချီးဘဲ!..။ မနေ့ညတုန်းကချမ်းတုန်ပြီးဖျားလာတာသေချင်စိတ်ပေါက်တယ်။ ဘေးနားကတစ်ယောက်ကိုဘယ်လောက်ဘဲတိုးဖက်တိုးဖက်အချမ်းမပြေဘူး။ ဒီလောက်ဆေးမသောက်ချင်တာတောင်ဘာမှမဟုတ်တာလေးနဲ့လာဖျားနေတယ်..
ဝမ်ရိပေါ်ကသူ့အတွင်းရေးမှူးကိုအကျိုးအကြောင်းလှမ်းပြောလိုက်ပြီးအရေးတကြီးလက်မှတ်ထိုးရမယ့်ဟာတွေကိုအိမ်ကိုယူလာဖို့မှာလိုက်၏။
နောက်တစ်ဖက်မှာတော့ဝမ်ဝမ်ကရှောင်းကျန့်ကိုအလုပ်သေချာမလုပ်ရအောင်ပတ်မွှေနေ၏။ မျက်နှာမသစ်ရသေးတဲ့မျက်နှာ၊ ရှုပ်ပွနေတဲ့ဆံပင်ခွေခွေရှည်ရှည်တွေ၊ ညဝတ်အကျီတကားကားနဲ့ဝမ်ဝမ်လေးကရှောင်းကျန့်ဆန်ပြုတ်သေချာပြုတ်လို့မရအောင်တွယ်ကပ်နေတယ် ။
ရှောင်းကျန့်ကဝမ်ဝမ်ကိုကြည့်ပြီးဆံပင်ညှပ်ရတော့မယ်လို့တွေးလိုက်၏။ ဆံပင်တွေမျက်လုံးကိုဖုံးပြီးလည်ပင်းဖုံးနေကြပြီ။ မဟုတ်ရင်သူ့သားကိုမိန်းကလေးမွေးထားတာလားလို့စကြတော့မယ်။
"ပါးပါး အလုပ်အသွားနဲ့
ဝမ်ဝမ်လည်းကျောင်းအသွားဘူး"
"ပါးပါးကပိုက်ဆံရှာဖို့အလုပ်သွားရမယ်
ဝမ်ဝမ်ကစာရေးတတ်၊ဖတ်တတ်ဖို့ကျောင်းသွားရမယ်"
"အသွားဘူး! ဝမ်ဝမ်ကပါးပါးနဲ့နေမာ!"
"ဝမ်ဝမ်! ပါးပါးဒက်ဒီအတွက်ဆန်ပြုတ်ပြုတ်နေတယ်
ဒက်ဒီဆီသွားနေစမ်းပါ"
"နိုး! ပါးပါးဝမ်ဝမ်ကိုအနှင်နဲ့!"
ဝမ်ဝမ်ကတကယ်စိတ်ကောက်လာပုံရပြီးပါကေးအခင်းအပေါ်မှာဒီအတိုင်းထိုင်ချပြစ်၏။ ရှောင်းကျန့်ကဆန်ပြုတ်ပြစ်အောင်သေချာမွှေနေတော့နောက်ကသားကိုသတိမထားမိလိုက်။ ဝမ်ဝမ်ကသူ့ပါးပါးသူ့ကိုလျစ်လျူရှူထားတော့အမှန်တကယ်ဝမ်းနည်းလာကာရှိုက်သံမထွက်အောင်မျက်ရည်တွေကျလာတယ်..
မနေ့ညကလည်းကျောင်းမှာပန်းချီဆွဲတော်လို့ဆရာမကချီးကျူးလိုက်တာကိုပါးပါးကိုကြွားမလို့အကြာကြီးစောင့်နေသေးတယ်။ ပါးပါးကဝမ်ဝမ်အိပ်တဲ့အထိတောင်မရောက်လာဘူး။ ဝမ်ဝမ်ကသူ့ပါးပါးနဲ့နေရရင်ကျောင်းမှာထက်ပျော်တယ်။ ပါးပါးကတော့ဝမ်ဝမ်ကိုအချိန်မပေးတော့ဘူး..
ရှောင်းကျန့်ကအသံတိတ်သွားလို့အနောက်ဘက်ကိုလှည့်ကြည့်လာတယ်။ ရှိုက်သံမထွက်ဘဲငိုနေတဲ့ကလေးကြောင့်ပြာယာခပ်သွားပြီးလက်ထဲကဇွန်းကိုချကာသူ့သားကိုအမြန်ပွေ့ချီလိုက်၏။
"ပါးပါးသားလေး ဘာလို့ငိုနေရတာလဲကွာ!"
"ဝမ်းနည်းယို့.."
ရှောင်းကျန့်ကငိုသံလေးနဲ့ပြန်ဖြေတဲ့သားကြောင့်ကျောလေးကိုအသာပွတ်ပြီးချော့လိုက်၏။ ဒီနေ့မှဘာလို့ပြောရခက်နေတာလဲကွာ။
"ပါးပါးကသားအတွက်အလုပ်ကြိုးစားနေတာလေကွာ"
"ဒက်ဒီမှာပိုက်ဆံအများရီးရှိတယ်!"
"ဒက်ဒီပိုက်ဆံကဒက်ဒီ့ပိုက်ဆံဘဲလေ
ပါးပါးကလည်းအလုပ်ကြိုးစားမှပိုက်ဆံတွေအများကြီးရှိလာမှာပေါ့"
"လိုဘူး ဝမ်ဝမ်ပိုက်ဆံတွေပါးပါးကိုပေးမယ်!
ဝမ်ဝမ်မှာမုန့်ဖိုးတွေအများရီးရှိတယ်!"
ရှောင်းကျန့်ကမျက်နှာငယ်လေးနဲ့သားဖြစ်သူကြောင့်အလုပ်သွားရမှာလည်းစိတ်မဖြောင့်တော့။ မနေ့ညကall dayရထားတော့ဒီနေ့ထပ်ပြီးခွင့်ယူလို့မကောင်းလို့သာ။ မဟုတ်ရင်နေမကောင်းတဲ့ယောက်ျားနဲ့သားဖြစ်သူကိုထားခဲ့ဖို့လည်းစိတ်မချပါဘူး။ ရှောင်းကျန့်ကအလုပ်မသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးစောစောစီးစီးဘဲအဆူအဆဲခံလိုက်ပြီးခွင့်တိုင်လိုက်၏။
"ကဲ အရှင်မင်းသားလေး
ကျေနပ်တော်မူပြီလား!"
"ဝမ်ဝမ်ကပါးပါးကိုအချစ်ဆုံးဘဲ!"
ရှောင်းကျန့်ကဝမ်ဝမ်ကိုလက်တစ်ဖက်နဲ့ချီထားလိုက်ပြီးဆန်ပြုတ်အိုးကိုထုတ်လိုက်၏။ ဆန်ပြုတ်ကနီရဲနေတဲ့ပုဇွန်ရနံ့နဲ့ကြက်ဉနံ့ကသင်းနေတယ်။ ရှောင်းကျန့်ကရိပေါ်ဖို့ငရုတ်ကောင်းနည်းနည်းပါခပ်လိုက်ပြီးအပေါ်ထပ်ယူလာခဲ့၏။
ရိပေါ်ကပြုံးရွှင်နေတဲ့သူ့သားမျက်နှာကိုမြင်တာနဲ့သူ့အကြံအောင်သွားပြီမှန်းသိလိုက်၏။ ဝမ်ဝမ်ကလည်းမျက်နှာတစ်ချီချီ။ အောင်မြင်မှုကိုဂုဏ်ဆာနေတဲ့သူလို။ တကယ်လည်းမျက်ရည်တွေအများကြီးရင်းလိုက်ရတယ်မလား..။
"ရိပေါ် ထနိုင်ရဲ့လား!"
"ထနိုင်တယ်"
"ကိုယ်ဆန်ပြုတ်ကျိုလာတယ် နည်းနည်းသောက်လိုက်နော်"
"ကိုယ်လက်မမြှောက်နိုင်ဘူး"
ဝမ်ရိပေါ်ရဲ့အတည်ပေါက်ပြောတဲ့အသံကြောင့်ရှောင်းကျန့်ကသက်ပြင်းချကာရိပေါ်ကိုခွံကျွေးမလို့ပြင်လိုက်၏။ တစ်ဦးတည်းသောသားတွေကတကယ်မလွယ်။ ရိပေါ်ကတကယ်ဂရုစိုက်ခံချင်တယ်။ အဲ့ဒါလည်းသူ့ရှေ့ကျမှလွယ်လွယ်ပြတတ်တာမို့အကြီးတစ်ယောက်အနေနဲ့ရှောင်းကျန့်ကညီလေးတစ်ယောက်လိုရော၊ကိုယ့်ရဲ့အိမ်ထောင်ဦးစီးတစ်ယောက်လိုပါအများကြီးဂရုစိုက်ပေးရတယ်။
ရိပေါ်ကကိုယ့်ရဲ့တခြားတစ်ဖက်ကိုသူ့ဆီမှာချပြနေတာကိုကိုယ့်ဘာကိုသိရဲ့လားမသိဘူး။ ရိပေါ်ကအရမ်းဦးစားပေးခံချင်တယ်။ သူတခြားတစ်ယောက်ကိုနည်းနည်းပိုဂရုစိုက်မိသွားတာနဲ့အဲ့နေ့မှာစိတ်မလိုမကျဖြစ်နေရော။
ရှောင်းကျန့်ကပုစွန်တစ်ကောင်ရွေးပြီးဘေးနားကလျှာရည်ကျနေတဲ့ဝမ်ဝမ်ကိုခွံကျွေးလိုက်သည်။ ဝမ်ဝမ်ကလည်းမနက်စာဘာမှမစားရသေး။ ငိုလည်းငိုလိုက်တော့ဗိုက်ဆာနေလောက်ပြီ။
"ဝမ်ဝမ်! ဒက်ဒီစားထားတာစားရင်ဝမ်ဝမ်ကိုအဖျားကူးလိမ့်မယ်"
"ဟုတ်ယို့လား"
"ခင်များ ပြောလိုက်လေ"
"အင်း အင်း ဟုတ်တယ်!
ဝမ်ဝမ်ကမျက်နှာသွားသစ်ချေဦး"
ဝမ်ဝမ်ကအိပ်ရာပေါ်ကပြေးဆင်းပြီးရေချိုးခန်းထဲပြေးသွားခဲ့လေသည်။ ကလေးတွေဆိုတာသိပ်ကိုအယုံလွယ်သားနော်..။
"ဆန်ပြုတ်ကနေအဖျားမကူးဘူး"
"ကျွန်တော်သူ့ကိုတမင်ဂျင်းထည့်လိုက်တာ"
"မင်းကြောင့်ကလေးကလိမ်တတ်သွားမယ်"
"ကျွန်တော်နဲ့တူရင်ဒီထက်ဆိုးဦးမှာ!"
"ဝမ်ဝမ်ကလိမ်မာတယ်!"
"ကျွန်တော်နဲ့မတူစေချင်ဘူးမလား!
ဆယ်ကျော်သက်အရွယ်မှာအိမ်ပေါ်ကဆင်းလာပြီးတေလေဂျပိုးလိုနေလာတဲ့ကောင်နဲ့လေ
ကျွန်တော်လိုဖြစ်လာမှာကြောက်တယ်မလား"
"ဝမ်ဝမ်ကအဲ့လိုဖြစ်လာမှာမဟုတ်ဘူး
သူကလိမ်မာတယ်"
"အဲ့တေလေဂျပိုးကောင်ကိုဘာလို့ကြိုက်ခဲ့သေးလဲ!
ကျွန်တော်သူဌေးသားမှန်းအစတည်းကသိနေတာမဟုတ်လား"
"ကိုယ့်မှာအဲ့လောက်အထိသိနိုင်စွမ်းမရှိဘူးရိပေါ်"
"ဒါဆိုဘာလို့ကြိုက်ခဲ့တာလဲ!"
"ပါးပါး! ဒက်ဒီ!
ဝမ်ဝမ်ပြီးပီ! ဝမ်ဝမ်ကိုယ့်ဘာကိုယ်အိမ်သာတက်ခဲ့တယ် ဟိဟီး"
နှစ်ယောက်သားရဲ့စကားဝိုင်းကဝမ်ဝမ့်စကားကြောင့်တိခနဲပြတ်သွားခဲ့သည်။
"ရေဆွဲချခဲ့လား"
"အချခဲ့ဘူး ကြောက်ရို့"
"ဖင်ကိုရော ဆေးခဲ့လား!"
"အဆေးခဲ့ဘူး တစ်ရှူးကုန်နေရို့"
ဝမ်ရိပေါ်ကဆန်ပြုတ်ဆက်မသုတ်နိုင်တော့။ ရှောင်းကျန့်ပေးတဲ့ဆေးကိုဘဲယူကာရေနဲ့မျောချလိုက်သည်။ ရှောင်းကျန့်ကရိပေါ်ကိုဆေးတိုက်ပြီးတာနဲ့သားဖြစ်သူလက်ကိုဆွဲကာရေချိုးခန်းထဲမှာတစ်ခါတည်းရေပါချိုးပေးလိုက်၏။
ရှောင်းကျန့်ကရေချိုးပြီးတာနဲ့ဝမ်ဝမ်ကို towelအကြီးကြီးနဲ့ပတ်ကာထုတ်ယူခဲ့၏။ သူ့လက်ထဲမှာဝမ်ဝမ်ကခြေထောက်လေးတွေကိုလှုပ်ခါပြီးသီချင်းညည်းနေ၏။ ကျောင်းကသင်ပေးလိုက်တဲ့ကလေးသီချင်းဖြစ်မယ်။
သူထွက်လာတော့ရိပေါ်ကတစ်ယောက်နဲ့ဖုန်းပြောနေတယ်။
"အင်း ကိုယ်သိပြီ"
"......."
"အကူညီလိုရင်ပြောဦး ကိုယ်ကူညီပေးမယ်"
"...."
"အင်း ကိုယ်ဒါရိုက်တာကိုပြောလိုက်မယ်
မနက်ဖြန်လူရွေးပွဲသွားလိုက်!"
"......"
"မလိုဘူး ရတယ်
အချင်းချင်းဘဲကို"
".... မွ!"
ဖုန်းထဲကအာဘွားပေးသံကိုအခန်းထဲကရှောင်းကျန့်ကကြားဖြစ်အောင်ကြားလိုက်၏။ ဝမ်ဝမ့်ခေါင်းကိုသုတ်ပေးနေတဲ့သူ့လက်တွေလည်းရပ်တန့်သွားခဲ့သည်။ ရိပေါ်ကလည်းတဖက်ကထိုသို့ပြုမူလာမယ်လို့မထင်ထားခဲ့တာကြောင့်ကြောင်အပြီးဖုန်းကိုအမြန်ချပစ်လိုက်၏။
"ခင်များထင်သလိုမဟုတ်ဘူး"
"ဒက်ဒီ! အဲ့လူကဘယ်သူလဲ!"
ရှောင်းကျန့်ကဒေါသထွက်ပုံမရဘဲဝမ်ဝမ်လေးကသာစူပုတ်ပြီးဝမ်ရိပေါ်ကိုလှမ်းမေး၏။
"မင်းအန်ကယ်လေး ဖုန်းထဲကမင်းကိုအာပွားလှမ်းပေးတာ!"
"အော် ဟုတ်ယား"
"အင်း"
ကလေးတွေကတကယ်ညာရလွယ်ပြီး၊အယုံလည်းလွယ်တယ်။ရှောင်းကျန့်ကသိသိသာသာတိတ်ဆိတ်သွားတာကြောင့်ဝမ်ရိပေါ်ကချောင်းဟန့်လိုက်ပြီး..
"အဟမ်း သူ့ကကျွန်တော့်ကိုအကူညီလှမ်းတောင်းတာ!
သူကနာမည်ကြီးသရုပ်ဆောင်ဖြစ်ချင်နေတာလေ
ကျွန်တော်ကနည်းနည်းအကူညီပေးရုံပါဘဲ"
"အင်း သိပ်ပါပြီ"
"ခင်များဘာမှမဖြစ်ဘူးလား!"
"ကိုယ်ကဘာဖြစ်ရမှာလဲ"
ရိပေါ်ကဘာမှဆက်မပြောတော့ဘဲခေါင်းညိတ်ကာစောင်အောက်ပြန်ဝင်သွားခဲ့၏။ ရှောင်းကျန့်ကတော့အတွေးယာဉ်ထဲလွင့်မျောပါကာအတိတ်နေ့ရက်ဆီကိုပြန်တွေးဖြစ်သွားခဲ့သည်။
သူ့ညီအကြောင်းသူအသိဆုံးဘဲ..။ သူ့မိသားစုအကြောင်းသူသိပ်သိတာပေါ့။ ရှောင်းပိုင်ဒီလောက်နဲ့မရပ်တန့်တော့ဘူးဆိုတာ...။
(18.7.22)
.................
"ေရွာင္းက်န႔္ရဲ႕ခင္ပြန္းကိုကလူက်ီစယ္ျခင္းနည္းလမ္းမ်ား"
Part- 8
For zawgyi
ေရွာင္းက်န႔္စကားကိုနားမေထာင္ခဲ့ျခင္းအားျဖင့္ဝမ္ရိေပၚတစ္ေယာက္အဲ့ေန႕မနက္ထဖက္မွာစဖ်ားေလသည္။ ေရွာင္းက်န႔္တစ္ေယာက္သူ႕ကိုဖက္ထားတဲ့လူရဲ႕ပုံမွန္မဟုတ္တဲ့ကိုယ္အပူခ်ိန္ေၾကာင့္မ်က္လုံးေတြပြင့္လာခဲ့သည္။
"ရိေပၚ မင္းဖ်ားေနၿပီ"
"သိတယ္"
ေရွာင္းက်န႔္ရဲ႕လႈပ္ရွားမႈေၾကာင့္ေဘးနားကဝမ္ဝမ္ကိုပါႏွိုးမိသလိုျဖစ္သြားခဲ့ၿပီးဝမ္ဝမ္ပါနိုးလာခဲ့သည္။ ၿပီးေတာ့မ်က္လုံးမပြင့္ေသးဘဲေျခေထာက္ေလးနဲ႕ဟိုစမ္းဒီစမ္းလုပ္ၿပီးေဘးနားကလူကိုရွာသည္။ သူ႕ေဘးနားမွာဘယ္သူ႕မွမစမ္းမိတာနဲ႕ဝမ္ဝမ္ကေၾကာက္လန႔္သြားကာမ်က္လုံးေတြပြင့္လာခဲ့သည္။
ဒါေပမယ့္သူထင္ထားသလိုအခန္းကစိမ္းသက္မဲေမွာင္မေနဘဲေနျခည္ႏြေးႏြေးေၾကာင့္ေၾကာက္လန႔္စိတ္ေတြပ်ယ္သြားခဲ့၏။
"ပါးပါး!"
ဝမ္ဝမ္ကမေန႕ညကသူ႕ပါးပါးကိုစိတ္ေကာက္ေနတာကိုျပန္သတိရသြားတာေၾကာင့္အခန္းထဲကိုမ်က္လုံးေဝ့ၾကည့္၏။ ဒါေပမယ့္သူ႕ပါးပါးကိုမေတြ႕ဘဲအိပ္ေနတဲ့သူ႕ဒက္ဒီကိုသာေတြ႕တယ္...။ ဝမ္ဝမ္ကသူ႕ဒက္ဒီနားတိုးကပ္သြားၿပီးရိေပၚအက်ီစကိုကိုင္ကာလႈပ္ႏွိုးလာ၏။
"ဒက္ဒီ! ဒက္ဒီ!"
ဝမ္ရိေပၚကသူ႕သားရဲ႕အသံစူးစူးေၾကာင့္မ်က္ေမွာင္က်ဳံ႕သြားၿပီးမ်က္လုံးပြင့္လာခဲ့သည္။
"ဒက္ဒီ! ပါးပါးေရာ..
ဝမ္ဝမ့္ပါးပါး!"
"မင္းပါးပါးအလုပ္သြားဖို႔ျပင္ေနတယ္"
"အာ.."
ဝမ္ဝမ္ကကုတင္ေအာက္ကိုေလွ်ာဆင္းဖို႔ျပင္တာနဲ႕ဝမ္ရိေပၚကဝမ္ဝမ္ကိုလွမ္းဆြဲလိုက္၏။
"ဝမ္ဝမ္! ပါးပါးကိုအလုပ္မသြားဖို႔ဂ်ီက်လိဳက္!
မင္းေက်ာင္းကိုဒက္ဒီခြင့္တင္ေပးမယ္
ေက်ာင္းမသြားခ်င္ဘူးမလား"
"အသြားခ်င္ဘူး! ဝမ္ဝမ္ေက်ာင္းအသြားခ်င္ဘူး
ပါးပါးနဲ႕ဘဲေနမာ"
"ရႉး..
ဒါဆိုဒက္ဒီေျပာတဲ့အတိုင္းလုပ္"
"ဟုတ္"
ဝမ္ရိေပၚကသူ႕သားကိုေရွာင္းက်န႔္ကိုဂ်ီက်ဖိဳ႕နည္းလမ္းနည္းနည္းသင္ေပးလိုက္တယ္။ ဒါမွႏွစ္ေယာက္လုံးအိမ္ကပ္ၿပီးသူပ်င္းမေနမွာ။ မဟုတ္ရင္ေရွာင္းက်န႔္ကသူရိုးရိုးဖ်ားတာဆိုၿပီးေဆးတိုက္ၿပီးတာနဲ႕အလုပ္သြားမွာ။ သူတကယ္ႏွာေစးေနၿပီးႏွာေခါင္းလည္းပိတ္ေနတယ္။ ေခါင္းကိုက္တာမ်က္လုံးေတာင္မဖြင့္ခ်င္ဘူး..
မေန႕ညကေမွာင္မွေရခ်ိဳးၾကၿပီးေရခ်ိဳးတာလည္းနည္းနည္းၾကာသြားလို႔။ ဒါေပမယ့္ေရွာင္းက်န႔္ကဘာမွမျဖစ္ဘဲသူကလာဖ်ားတယ္။ တကယ့္ ခ်ီးဘဲ!..။ မေန႕ညတုန္းကခ်မ္းတုန္ၿပီးဖ်ားလာတာေသခ်င္စိတ္ေပါက္တယ္။ ေဘးနားကတစ္ေယာက္ကိုဘယ္ေလာက္ဘဲတိုးဖက္တိုးဖက္အခ်မ္းမေျပဘူး။ ဒီေလာက္ေဆးမေသာက္ခ်င္တာေတာင္ဘာမွမဟုတ္တာေလးနဲ႕လာဖ်ားေနတယ္..
ဝမ္ရိေပၚကသူ႕အတြင္းေရးမႉးကိုအက်ိဳးအေၾကာင္းလွမ္းေျပာလိုက္ၿပီးအေရးတႀကီးလက္မွတ္ထိုးရမယ့္ဟာေတြကိုအိမ္ကိုယူလာဖို႔မွာလိုက္၏။
ေနာက္တစ္ဖက္မွာေတာ့ဝမ္ဝမ္ကေရွာင္းက်န႔္ကိုအလုပ္ေသခ်ာမလုပ္ရေအာင္ပတ္ေမႊေန၏။ မ်က္ႏွာမသစ္ရေသးတဲ့မ်က္ႏွာ၊ ရႈပ္ပြေနတဲ့ဆံပင္ေခြေခြရွည္ရွည္ေတြ၊ ညဝတ္အက်ီတကားကားနဲ႕ဝမ္ဝမ္ေလးကေရွာင္းက်န႔္ဆန္ျပဳတ္ေသခ်ာျပဳတ္လို႔မရေအာင္တြယ္ကပ္ေနတယ္ ။
ေရွာင္းက်န႔္ကဝမ္ဝမ္ကိုၾကည့္ၿပီးဆံပင္ညွပ္ရေတာ့မယ္လို႔ေတြးလိုက္၏။ ဆံပင္ေတြမ်က္လုံးကိုဖုံးၿပီးလည္ပင္းဖုံးေနၾကၿပီ။ မဟုတ္ရင္သူ႕သားကိုမိန္းကေလးေမြးထားတာလားလို႔စၾကေတာ့မယ္။
"ပါးပါး အလုပ္အသြားနဲ႕
ဝမ္ဝမ္လည္းေက်ာင္းအသြားဘူး"
"ပါးပါးကပိုက္ဆံရွာဖို႔အလုပ္သြားရမယ္
ဝမ္ဝမ္ကစာေရးတတ္၊ဖတ္တတ္ဖို႔ေက်ာင္းသြားရမယ္"
"အသြားဘူး! ဝမ္ဝမ္ကပါးပါးနဲ႕ေနမာ!"
"ဝမ္ဝမ္! ပါးပါးဒက္ဒီအတြက္ဆန္ျပဳတ္ျပဳတ္ေနတယ္
ဒက္ဒီဆီသြားေနစမ္းပါ"
"နိုး! ပါးပါးဝမ္ဝမ္ကိုအႏွင္နဲ႕!"
ဝမ္ဝမ္ကတကယ္စိတ္ေကာက္လာပုံရၿပီးပါေကးအခင္းအေပၚမွာဒီအတိုင္းထိုင္ခ်ျပစ္၏။ ေရွာင္းက်န႔္ကဆန္ျပဳတ္ျပစ္ေအာင္ေသခ်ာေမႊေနေတာ့ေနာက္ကသားကိုသတိမထားမိလိုက္။ ဝမ္ဝမ္ကသူ႕ပါးပါးသူ႕ကိုလ်စ္လ်ဴရႉထားေတာ့အမွန္တကယ္ဝမ္းနည္းလာကာရွိုက္သံမထြက္ေအာင္မ်က္ရည္ေတြက်လာတယ္..
မေန႕ညကလည္းေက်ာင္းမွာပန္းခ်ီဆြဲေတာ္လို႔ဆရာမကခ်ီးက်ဴးလိုက္တာကိုပါးပါးကိုႂကြားမလို႔အၾကာႀကီးေစာင့္ေနေသးတယ္။ ပါးပါးကဝမ္ဝမ္အိပ္တဲ့အထိေတာင္မေရာက္လာဘူး။ ဝမ္ဝမ္ကသူ႕ပါးပါးနဲ႕ေနရရင္ေက်ာင္းမွာထက္ေပ်ာ္တယ္။ ပါးပါးကေတာ့ဝမ္ဝမ္ကိုအခ်ိန္မေပးေတာ့ဘူး..
ေရွာင္းက်န႔္ကအသံတိတ္သြားလို႔အေနာက္ဘက္ကိုလွည့္ၾကည့္လာတယ္။ ရွိုက္သံမထြက္ဘဲငိုေနတဲ့ကေလးေၾကာင့္ျပာယာခပ္သြားၿပီးလက္ထဲကဇြန္းကိုခ်ကာသူ႕သားကိုအျမန္ေပြ႕ခ်ီလိုက္၏။
"ပါးပါးသားေလး ဘာလို႔ငိုေနရတာလဲကြာ!"
"ဝမ္းနည္းယို႔.."
ေရွာင္းက်န႔္ကငိုသံေလးနဲ႕ျပန္ေျဖတဲ့သားေၾကာင့္ေက်ာေလးကိုအသာပြတ္ၿပီးေခ်ာ့လိုက္၏။ ဒီေန႕မွဘာလို႔ေျပာရခက္ေနတာလဲကြာ။
"ပါးပါးကသားအတြက္အလုပ္ႀကိဳးစားေနတာေလကြာ"
"ဒက္ဒီမွာပိုက္ဆံအမ်ားရီးရွိတယ္!"
"ဒက္ဒီပိုက္ဆံကဒက္ဒီ့ပိုက္ဆံဘဲေလ
ပါးပါးကလည္းအလုပ္ႀကိဳးစားမွပိုက္ဆံေတြအမ်ားႀကီးရွိလာမွာေပါ့"
"လိုဘူး ဝမ္ဝမ္ပိုက္ဆံေတြပါးပါးကိုေပးမယ္!
ဝမ္ဝမ္မွာမုန႔္ဖိုးေတြအမ်ားရီးရွိတယ္!"
ေရွာင္းက်န႔္ကမ်က္ႏွာငယ္ေလးနဲ႕သားျဖစ္သူေၾကာင့္အလုပ္သြားရမွာလည္းစိတ္မေျဖာင့္ေတာ့။ မေန႕ညကall dayရထားေတာ့ဒီေန႕ထပ္ၿပီးခြင့္ယူလို႔မေကာင္းလို႔သာ။ မဟုတ္ရင္ေနမေကာင္းတဲ့ေယာက္်ားနဲ႕သားျဖစ္သူကိုထားခဲ့ဖို႔လည္းစိတ္မခ်ပါဘူး။ ေရွာင္းက်န႔္ကအလုပ္မသြားဖို႔ဆုံးျဖတ္ခ်က္ခ်လိဳက္ၿပီးေစာေစာစီးစီးဘဲအဆူအဆဲခံလိုက္ၿပီးခြင့္တိုင္လိုက္၏။
"ကဲ အရွင္မင္းသားေလး
ေက်နပ္ေတာ္မူၿပီလား!"
"ဝမ္ဝမ္ကပါးပါးကိုအခ်စ္ဆုံးဘဲ!"
ေရွာင္းက်န႔္ကဝမ္ဝမ္ကိုလက္တစ္ဖက္နဲ႕ခ်ီထားလိုက္ၿပီးဆန္ျပဳတ္အိုးကိုထုတ္လိုက္၏။ ဆန္ျပဳတ္ကနီရဲေနတဲ့ပုဇြန္ရနံ႕နဲ႕ၾကက္ဉနံ႕ကသင္းေနတယ္။ ေရွာင္းက်န႔္ကရိေပၚဖို႔င႐ုတ္ေကာင္းနည္းနည္းပါခပ္လိုက္ၿပီးအေပၚထပ္ယူလာခဲ့၏။
ရိေပၚကၿပဳံး႐ႊင္ေနတဲ့သူ႕သားမ်က္ႏွာကိုျမင္တာနဲ႕သူ႕အႀကံေအာင္သြားၿပီမွန္းသိလိုက္၏။ ဝမ္ဝမ္ကလည္းမ်က္ႏွာတစ္ခ်ီခ်ီ။ ေအာင္ျမင္မႈကိုဂုဏ္ဆာေနတဲ့သူလို။ တကယ္လည္းမ်က္ရည္ေတြအမ်ားႀကီးရင္းလိုက္ရတယ္မလား..။
"ရိေပၚ ထနိုင္ရဲ႕လား!"
"ထနိုင္တယ္"
"ကိုယ္ဆန္ျပဳတ္က်ိဳလာတယ္ နည္းနည္းေသာက္လိုက္ေနာ္"
"ကိုယ္လက္မျမႇောက္နိုင္ဘူး"
ဝမ္ရိေပၚရဲ႕အတည္ေပါက္ေျပာတဲ့အသံေၾကာင့္ေရွာင္းက်န႔္ကသက္ျပင္းခ်ကာရိေပၚကိုခြံေကြၽးမလို႔ျပင္လိုက္၏။ တစ္ဦးတည္းေသာသားေတြကတကယ္မလြယ္။ ရိေပၚကတကယ္ဂ႐ုစိုက္ခံခ်င္တယ္။ အဲ့ဒါလည္းသူ႕ေရွ႕က်မွလြယ္လြယ္ျပတတ္တာမို႔အႀကီးတစ္ေယာက္အေနနဲ႕ေရွာင္းက်န႔္ကညီေလးတစ္ေယာက္လိုေရာ၊ကိုယ့္ရဲ႕အိမ္ေထာင္ဦးစီးတစ္ေယာက္လိုပါအမ်ားႀကီးဂ႐ုစိုက္ေပးရတယ္။
ရိေပၚကကိုယ့္ရဲ႕တျခားတစ္ဖက္ကိုသူ႕ဆီမွာခ်ျပေနတာကိုကိုယ့္ဘာကိုသိရဲ႕လားမသိဘူး။ ရိေပၚကအရမ္းဦးစားေပးခံခ်င္တယ္။ သူတျခားတစ္ေယာက္ကိုနည္းနည္းပိုဂ႐ုစိုက္မိသြားတာနဲ႕အဲ့ေန႕မွာစိတ္မလိုမက်ျဖစ္ေနေရာ။
ေရွာင္းက်န႔္ကပုစြန္တစ္ေကာင္ေ႐ြးၿပီးေဘးနားကလွ်ာရည္က်ေနတဲ့ဝမ္ဝမ္ကိုခြံေကြၽးလိုက္သည္။ ဝမ္ဝမ္ကလည္းမနက္စာဘာမွမစားရေသး။ ငိုလည္းငိုလိုက္ေတာ့ဗိုက္ဆာေနေလာက္ၿပီ။
"ဝမ္ဝမ္! ဒက္ဒီစားထားတာစားရင္ဝမ္ဝမ္ကိုအဖ်ားကူးလိမ့္မယ္"
"ဟုတ္ယို႔လား"
"ခင္မ်ား ေျပာလိုက္ေလ"
"အင္း အင္း ဟုတ္တယ္!
ဝမ္ဝမ္ကမ်က္ႏွာသြားသစ္ေခ်ဦး"
ဝမ္ဝမ္ကအိပ္ရာေပၚကေျပးဆင္းၿပီးေရခ်ိဳးခန္းထဲေျပးသြားခဲ့ေလသည္။ ကေလးေတြဆိုတာသိပ္ကိုအယုံလြယ္သားေနာ္..။
"ဆန္ျပဳတ္ကေနအဖ်ားမကူးဘူး"
"ကြၽန္ေတာ္သူ႕ကိုတမင္ဂ်င္းထည့္လိုက္တာ"
"မင္းေၾကာင့္ကေလးကလိမ္တတ္သြားမယ္"
"ကြၽန္ေတာ္နဲ႕တူရင္ဒီထက္ဆိုးဦးမွာ!"
"ဝမ္ဝမ္ကလိမ္မာတယ္!"
"ကြၽန္ေတာ္နဲ႕မတူေစခ်င္ဘူးမလား!
ဆယ္ေက်ာ္သက္အ႐ြယ္မွာအိမ္ေပၚကဆင္းလာၿပီးေတေလဂ်ပိဳးလိုေနလာတဲ့ေကာင္နဲ႕ေလ
ကြၽန္ေတာ္လိုျဖစ္လာမွာေၾကာက္တယ္မလား"
"ဝမ္ဝမ္ကအဲ့လိုျဖစ္လာမွာမဟုတ္ဘူး
သူကလိမ္မာတယ္"
"အဲ့ေတေလဂ်ပိဳးေကာင္ကိုဘာလို႔ႀကိဳက္ခဲ့ေသးလဲ!
ကြၽန္ေတာ္သူေဌးသားမွန္းအစတည္းကသိေနတာမဟုတ္လား"
"ကိုယ့္မွာအဲ့ေလာက္အထိသိနိုင္စြမ္းမရွိဘူးရိေပၚ"
"ဒါဆိုဘာလို႔ႀကိဳက္ခဲ့တာလဲ!"
"ပါးပါး! ဒက္ဒီ!
ဝမ္ဝမ္ၿပီးပီ! ဝမ္ဝမ္ကိုယ့္ဘာကိုယ္အိမ္သာတက္ခဲ့တယ္ ဟိဟီး"
ႏွစ္ေယာက္သားရဲ႕စကားဝိုင္းကဝမ္ဝမ့္စကားေၾကာင့္တိခနဲျပတ္သြားခဲ့သည္။
"ေရဆြဲခ်ခဲ့လား"
"အခ်ခဲ့ဘူး ေၾကာက္ရို႔"
"ဖင္ကိုေရာ ေဆးခဲ့လား!"
"အေဆးခဲ့ဘူး တစ္ရႉးကုန္ေနရို႔"
ဝမ္ရိေပၚကဆန္ျပဳတ္ဆက္မသုတ္နိုင္ေတာ့။ ေရွာင္းက်န႔္ေပးတဲ့ေဆးကိုဘဲယူကာေရနဲ႕ေမ်ာခ်လိဳက္သည္။ ေရွာင္းက်န႔္ကရိေပၚကိုေဆးတိုက္ၿပီးတာနဲ႕သားျဖစ္သူလက္ကိုဆြဲကာေရခ်ိဳးခန္းထဲမွာတစ္ခါတည္းေရပါခ်ိဳးေပးလိုက္၏။
ေရွာင္းက်န႔္ကေရခ်ိဳးၿပီးတာနဲ႕ဝမ္ဝမ္ကို towelအႀကီးႀကီးနဲ႕ပတ္ကာထုတ္ယူခဲ့၏။ သူ႕လက္ထဲမွာဝမ္ဝမ္ကေျခေထာက္ေလးေတြကိုလႈပ္ခါၿပီးသီခ်င္းညည္းေန၏။ ေက်ာင္းကသင္ေပးလိုက္တဲ့ကေလးသီခ်င္းျဖစ္မယ္။
သူထြက္လာေတာ့ရိေပၚကတစ္ေယာက္နဲ႕ဖုန္းေျပာေနတယ္။
"အင္း ကိုယ္သိၿပီ"
"......."
"အကူညီလိုရင္ေျပာဦး ကိုယ္ကူညီေပးမယ္"
"...."
"အင္း ကိုယ္ဒါရိုက္တာကိုေျပာလိုက္မယ္
မနက္ျဖန္လူေ႐ြးပြဲသြားလိုက္!"
"......"
"မလိုဘူး ရတယ္
အခ်င္းခ်င္းဘဲကို"
".... မြ!"
ဖုန္းထဲကအာဘြားေပးသံကိုအခန္းထဲကေရွာင္းက်န႔္ကၾကားျဖစ္ေအာင္ၾကားလိုက္၏။ ဝမ္ဝမ့္ေခါင္းကိုသုတ္ေပးေနတဲ့သူ႕လက္ေတြလည္းရပ္တန႔္သြားခဲ့သည္။ ရိေပၚကလည္းတဖက္ကထိုသို႔ျပဳမူလာမယ္လို႔မထင္ထားခဲ့တာေၾကာင့္ေၾကာင္အၿပီးဖုန္းကိုအျမန္ခ်ပစ္လိုက္၏။
"ခင္မ်ားထင္သလိုမဟုတ္ဘူး"
"ဒက္ဒီ! အဲ့လူကဘယ္သူလဲ!"
ေရွာင္းက်န႔္ကေဒါသထြက္ပုံမရဘဲဝမ္ဝမ္ေလးကသာစူပုတ္ၿပီးဝမ္ရိေပၚကိုလွမ္းေမး၏။
"မင္းအန္ကယ္ေလး ဖုန္းထဲကမင္းကိုအာပြားလွမ္းေပးတာ!"
"ေအာ္ ဟုတ္ယား"
"အင္း"
ကေလးေတြကတကယ္ညာရလြယ္ၿပီး၊အယုံလည္းလြယ္တယ္။ေရွာင္းက်န႔္ကသိသိသာသာတိတ္ဆိတ္သြားတာေၾကာင့္ဝမ္ရိေပၚကေခ်ာင္းဟန႔္လိုက္ၿပီး..
"အဟမ္း သူ႕ကကြၽန္ေတာ့္ကိုအကူညီလွမ္းေတာင္းတာ!
သူကနာမည္ႀကီးသ႐ုပ္ေဆာင္ျဖစ္ခ်င္ေနတာေလ
ကြၽန္ေတာ္ကနည္းနည္းအကူညီေပး႐ုံပါဘဲ"
"အင္း သိပ္ပါၿပီ"
"ခင္မ်ားဘာမွမျဖစ္ဘူးလား!"
"ကိုယ္ကဘာျဖစ္ရမွာလဲ"
ရိေပၚကဘာမွဆက္မေျပာေတာ့ဘဲေခါင္းညိတ္ကာေစာင္ေအာက္ျပန္ဝင္သြားခဲ့၏။ ေရွာင္းက်န႔္ကေတာ့အေတြးယာဥ္ထဲလြင့္ေမ်ာပါကာအတိတ္ေန႕ရက္ဆီကိုျပန္ေတြးျဖစ္သြားခဲ့သည္။
သူ႕ညီအေၾကာင္းသူအသိဆုံးဘဲ..။ သူ႕မိသားစုအေၾကာင္းသူသိပ္သိတာေပါ့။ ေရွာင္းပိုင္ဒီေလာက္နဲ႕မရပ္တန႔္ေတာ့ဘူးဆိုတာ...။
(18.7.22)
.................