Zgy
Mine 14
ခ်န္းေယာလ္ရဲ့ ငံု႔က်လာတဲ့ မ်က္ဝန္းညိုေတြမွာ ဆြဲ႔ညို႔ခံရသလို ဘတ္ဟြၽန္း သတိလက္လြတ္။
တစ္စကၠန္႔ ..
ႏွစ္စကၠန္႔ .......
သံုးစကၠန္႔.............
တစ္ေယာက္အသက္ရႉသံ တစ္ေယာက္ၾကားရတဲ့ နီးကပ္မႈမွာ ဘတ္ဟြၽန္း မ်က္ခြံေတြအလို အေလ်ွာက္ ပိတ္က်သြားတယ္။
ၿပီးေတာ့.....
ၿပီးေတာ့ ဘတ္ဟြၽန္းႏႈတ္ခမ္းပါးထက္မွာ လိပ္ျပာလွလွေလးတစ္ေကာင္နားခိုသြားတယ္။ ခဏေလး။ တကယ္ကို ခဏေလး။ တစ္စကၠန္႔ရဲ့ သံုးပံုတစ္ပံုစာေလာက္ အခ်ိန္တစ္ခုထိပဲ ထိကပ္သြားတဲ့ ႏႈတ္ခမ္းပါးတစ္စံုဟာ တစ္ဘဝစါအတြက္ ေမတၲာေတြ ထမ္းပိုးထားတာ ဘတ္ဟြၽန္းယံုတယ္။ ခ်န္းေယာလ္ဟာ ထိုကဲ့သို႔ ယံုပံုအားကိုးထိုက္သူမို႔ သူမေျပာရင္ေတာင္ ဘတ္ဟြၽန္းႏွလံုးသားက အလိုအေလ်ာက္သိပါတယ္။
"ဘတ္ဟြၽန္း"
"ဟင္"
"ငါက လူမႈဆက္ဆံေရးညံ့တယ္
အေပါင္းအသင္းနည္းတယ္
ၿပီးေတာ့ ခံစားခ်က္ေတြကို ထုတ္ေဖာ္မျပတတ္ဘူး"
"အင္း ငါသိတယ္"
"ဒါေပမယ့္ မင္းကိုေတာ့ ကာကြယ္ေပးခ်င္တယ္
ဘာေၾကာင့္ဆိုတာမ်ိဳးထက္
မင္းျဖစ္ေနလို႔ မင္းဆိုတဲ့ျဖစ္တည္မႈမို႔လို႔ "
"အင္း ငါခ်န္းေယာလ္ကို ယံုတယ္"
"တေလာကလံုးမုန္းေနရင္ေတာင္ ငါ့ဘက္မွာ မင္းရိွရင္ ရၿပီ
ဒါေၾကာင့္ မင္းကေတာ့ ငါ့ကို အဆံုးထိ ယံုၾကည္ေပးမယ္မလား"
"အင္း"
ထို႔ေနာက္ ဘတ္ဟြၽန္းရဲ့ ဘယ္ဘက္လက္ကေလးကို ဆြဲယူကာ ခ်န္းေယာလ္က လက္သူႂကြယ္ေနရာေလးဆီ သူ႔ရဲ့ ႏႈတ္ခမ္းထူထူေတြ စူးနစ္ေနတဲ့အထိ တံဆိပ္ခတ္တယ္။ ေမႊးညင္းႏုႏုေတြရဲ့ ၾကမ္းရွရွအထိဟာ ဘဝမွာ ရင္အခုန္ရဆံုး အခိုက္အတန္႔ပါပဲ။
"မင္းက ငါ့အပိုင္ပဲေနာ္
လက္စြပ္ဆိုတဲ့ မတည္ၿမဲျခင္းေတြထက္
ငါ့ႏႈတ္ခမ္းပါးေတြနဲ႔ ေသရာပါ သက္ေသတည္တယ္ ဘတ္ဟြၽန္း"
ဘတ္ဟြၽန္း အသံေလး ခိုးခိုးခစ္ခစ္ ထြက္တဲ့အထိရယ္ေမာမိတယ္။ ဒီေကာင္ေလးက မႏူးညံ့တတ္ပဲ သိမ္ေမြ့လြန္းေနတယ္ မဟုတ္လား။ ဒါေၾကာင့္ေျပာၾကတာထင္တယ္ လူၾကမ္းေတြ ခြၽဲရင္ သိပ္ခ်စ္စရာေကာင္းပါတယ္လို႔။
"ငါ စိန္လက္စြပ္ႀကီးနဲ႔ propose လုပ္မွာလားလို႔ကို အခုက ဘာလဲကြာ..."
"ေဟ့ မင္း
ငါနဲ႔ စိန္လက္စြပ္မွာ စိန္လက္စြပ္ကို ပိုၿပီးႀကိဳက္တာလား"
"ေအးေပါ့ စိန္လက္စြပ္က ေရာင္းစားလို႔ရတယ္ မင္းက ေရာင္းစားလို႔မွ မရပဲ"
"ဘာ.."
လွစ္ခနဲ ေျပးထြက္သြားတဲ့ ဘတ္ဟြၽန္းကိုယ္ေလးက ခ်န္းေယာလ္ဆြဲလိုက္တဲ့ေနာက္မွာ ေဆြ့ခနဲ ျပန္ပါသြားတာပါပဲ။
"ျပန္ေျပာ"
"ဘာကိုလဲ"
လ်ွာဖ်ားေလးထုတ္လို႔ စတဲ့အခါ အသည္းယားသလို ဘတ္ဟြၽန္းႏွာေခါင္းလံုးလံုးေလးကို သူ႔ႏွာေခါင္းထိပ္ေလးနဲ႔ ပြတ္တိုက္က်ီစယ္လာတယ္။ ၿပီးေတာ့ေမာ့ရယ္ေနလိုက္တာ တိမ္ျပာျပာေတြလို ၾကည္လင္လို႔။
"ဟားဟားးးး"
ပါးၿခိဳက္နက္နက္ေတြဟာ ေမ့ေမ်ာပစ္လိုက္ခ်င္စရာ။ ရယ္ေမာေနတဲ့ ႏႈတ္ခမ္းေထာင့္စြန္းတိုင္းဟာ ယစ္မူးခ်င္စရာ။
ဘတ္ဟြၽန္းက အခ်စ္ဆိုေသာအရာကို အထက္တန္း ပထမႏွစ္မွာ ျမည္းစမ္းခြင့္ရခဲ့တယ္။ ထိုအခ်စ္ဟာ ခ်န္းေယာလ္နဲ႔ စတင္ပါတယ္...
ဘတ္ဟြၽန္းကစီးထားတဲ့ ေျခၫွပ္ဖိနပ္ေလးခြၽတ္ၿပီး ခ်န္းေယာလ္ေျခဖမိုးေတြေပၚတက္ကာ ေျခဖ်ားေလးေမာ့ေနေအာင္ေထာက္လိုက္တယ္။ ရယ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ငံု႔မိုးၾကည့္လာတဲ့ ခ်န္းေယာလ္က အႏိႈင္းမဲ့ေသာ အရာေတြသာ သက္ဆိုင္တယ္။
နစ္ဝင္ေနတဲ့ ခ်န္းေယာလ္ ပါးၿခိဳင့္ေလးဆီ ဖိနမ္းပစ္လိုက္တယ္။ အဲ့ဒ္ီအခ်ိန္ ေက်ာင္းပတ္ဝန္းက်င္ဆိုတာလဲ သတိမရဘူး။ အထက္တန္းေက်ာင္းသားဆိုတာလဲ သတိမရဘူး။ ဒီအတိုင္း ေခါင္းထဲမွာ ခ်န္းေယာလ္ကလြဲလို႔ ဘာဆိုဘာမွကို မရိွတာမ်ိဳး။
"အဟမ္း"
ေခ်ာင္းဟန္႔သံေၾကာင့္ ဘတ္ဟြၽန္ခပ္ျမန္ျမန္ ကိုယ္ရိွန္သတ္ကာ ေနာက္ကိုဆုတ္လိုက္တယ္။
ေျမၾကီးေပၚ ဘတ္ဟြၽန္းေျခေထာက္က်သြားမွာ မလိုလားတဲ့ ခ်န္းေယာလ္က ဘတ္ဟြၽန္းခါးကေန ျပန္ဆြဲယူထားျပန္တယ္။
"ေက်ာင္းေရ႔ွႀကီးမွာ မင္းတို႔ကလဲ.."
"မင္းနဲ႔ ဘာဆိုင္လဲ"
တစ္ဖက္ေက်ာင္းသားရဲ့ ၿပံဳးစိစိစကားကို ခ်န္းေယာလ္က ေအးစက္ေနတဲ့အသံနဲ႔ တုန္႔ျပန္တယ္။
"ခ်န္းေယာလ္ လႊတ္ၪီး"
"ဖိနပ္ေသခ်ာစီးၪီးေလ ဘာလို႔ အတင္းရုန္းေနတာလဲ"
"သဲသဲကဲကဲေတြ ဖယ္ ဖယ္ ငါတို႔ေက်ာင္းတက္ရၪီးမယ္ မ်က္စိေနာက္္တယ္"
သူက ေျပာေျပာဆိုဆို ဘတ္ဟြၽန္းရယ္ ခ်န္းေယာလ္ရယ္နဲ႔ ၾကားထဲကေန တိုးတိုက္တြန္းဖယ္သြားတဲ့အခါ ခ်န္းေယာလ္ဆီက ေတာက္ေခါက္္သံ တစ္ခ်က္ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာတယ္။
*ေတာက္*
"ခ်န္းေယာလ္
သူက စသြားတာပဲကို "
"ဒီေကာင္ သက္သက္လုပ္သြားတာ"
ခ်န္းေယာလ္က မ်က္ႏွာႀကီး ရွစ္ေခါက္ခ်ိဳးဆိုေပမယ့္ ဘတ္ဟြၽန္းကေတာ့ ခုနကျဖတ္သြားတဲ့ ေကာင္ေလးဆီလွမ္းၾကည့္လိုက္မိသည္။ ေသခ်ာၾကည့္ရင္ ခင္ခ်င္စရာေလးပါ။ ဘာလို႔မ်ား ခ်န္းေယာလ္က ရန္စတယ္လို႔ ထင္သြားရတာလဲ။
***********
သခ်င္္ာစရာက ကိန္းေရာေတြအေၾကာင္းရွင္းျပေနတယ္။ ဘတ္ဟြၽန္း အာရံုကေတာ့ ဘတ္ဟြၽန္းေရ႔ွတည့္တည့္မွာထိုင္ေနတဲ့ မနက္ကေတြ့တဲ့ေကာင္ေလးရယ္ ဘတ္ဟြၽန္းေနာက္တည့္တည့္မွာထိုင္ေနတဲ့ ခ်န္းေယာလ္ရယ္ေၾကာင့္ စာထဲကို နည္းနည္းမွ စိတ္ဝင္စားလို႔မရ။
မဟုတ္ေသးပါဘူး။ ေနပါၪီး။ အရင္ေန့ေတြက သူ႔ကိုမေတြ့ဖူးပါဘူး။ ခ်က္ခ်င္းႀကီးအတန္းေျပာင္းလာတာလား။ စာေမးပြဲေျဖဖို႔ ဘယ္ေလာက္မွမလိုေတာ့တာကို ေက်ာင္းေျပာင္းလာတာေတာ့မျဖစ္ႏိုင္ေပ။
"ဟိတ္.."
"ဟင္.."
"ငါ့နာမည္ ဂ်ံဳအင္ မင္းေရာ"
"ငါလား ဘတ္ဟြၽန္း"
"မင္းေကာင္ကေရာ "
ဘတ္ဟြၽန္းေခါင္းေလးေစာင္းၾကည့္လိုက္ေတာ့ ခ်န္းေယာလ္က မ်က္ေထာက္နီႀကီးနဲ႔ဘတ္ဟြၽန္းကိုေက်ာ္ၿပီး ဂ်ံဳအင့္ဆီကေနအၾကည့္မလႊဲ..
"ဟို ဟိုဟာ"
"ေတာ္ၿပီ မင္းနဲ႔ပဲ သူငယ္ခ်င္းလုပ္ေတာ့မယ္ မင္းေကာင္က ေခ်မိုးေနတာပဲ"
"ဟို သူက အဲ့လိုပဲ ေနတတ္တာမို႔လို႔ပါ"
"အင္းပါ အင္းပါ
ဒါနဲ႔ ေန့လည္ ကန္တင္းတူတူသြားမယ္ေနာ္"
"ေအာ္ အင္း..."
ထိုအခ်ိန္ ဘတ္ဟြၽန္းထိုင္ခံုေလးအားနဲ႔ ကန္ခံလိုက္ရတာေၾကာင့္ ဘတ္ဟြၽန္းေတာင္ လန္႔သြားရသည္။
"အာ့,,,"
ေသခ်ာေပါက္ကို ခ်န္းေယာလ္ကန္လိုက္တာ..
ဘတ္ဟြၽန္း ေနာက္လွည့္ေမးမလို႔ေပမယ့္ ဂ်ံဳအင္က လက္ကေလးတစ္ဖက္လွမ္းဆြဲကာ
"ဟမ္ ငါနဲ႔ အတူတူသြားမယ္ေနာ္
ငါက အထူးေရႊ့ေျပာင္းလႊာနဲ႔ ခုမွေျပာင္းလာတာမို႔လို႔ သူငယ္ခ်င္းမရိွလို႔..
ေနာ္.... ေနာ္....."
"အင္း အင္း
ခ်န္းေယာလ္ေရာ သံုးေယာက္ တူတူသြားမယ္ေလ.."
"မင္းေကာင္လား..."
"ဟီးး"
"ရုပ္ကိုကေနာ္ ..."
*အာ့ ...*
ဒါပတ္ခ်န္းေယာလ္ ထပ္ကန္ျပန္တာ။ သူမႀကိဳက္ဘူးဆိုတာ တမင္သိေအာင္ လုပ္ေနတာ။
ဘတ္ဟြၽန္း ခ်န္းေယာလ္ကို လွည့္ၿပီးရွင္းျပမလို႔ေပမယ့္ ဆရာဝင္လာတာေၾကာင့္ လွည့္ခြင့္မရလိုက္ေပ။
ေန့လည္ထမင္းစားဆင္းခ်ိန္ေရာက္ေတာ့ ဂ်ံဳအင္ရယ္ ခ်န္းေယာလ္ရယ္ ဘတ္ဟြၽန္းလက္ကို တစ္ေယာက္တစ္ဖက္ဆီဆြဲကာ ကေလးေတြမုန္႔လုသလို လုၾကပါေတာ့သည္။
"ခဏ ခဏေလး"
"ဘတ္ဟြၽန္း ငါအရင္ေျပာထားတာေနာ္"
"ဘတ္ဟြၽန္း ဘာလုပ္မွာလဲ
အခု ဘယ္သူနဲ႔လိုက္မွာလဲ ေျပာ"
"ခဏေလးေနၾကပါၪီး
ထမင္းစားခန္းက တစ္ခုထဲေလ ႏွစ္ေယာက္လံုးနဲ႔ တူတူသြားၿပီး တူတူစားမွာ
ဘယ္လိုျဖစ္ေနၾကတာလဲ.."
ဂ်ံဳအင္က ကိစၥမရိွေပမယ့္ ဘတ္ဟြၽန္းရဲ့ တစ္မိုးေအာက္ေလးက မေက်မနပ္ စူပုပ္ေနဆဲ။
"ခ်န္းေယာလ္ရာ လာပါ
သူငယ္ခ်င္းအသစ္ရတာကို ဘာလို႔ စူပုပ္ေနရတာလဲ..."
ပတ္ခ်န္းေယာလ္တို႔ တုပ္တုပ္မ်ွမလႈပ္ေပ။
"ငါ ဗိုက္ဆာေနၿပီ..."
ထိုေတာ့မွ ေပကပ္ကပ္နဲ႔ ဘတ္ဟြၽန္းကို လက္ေမာင္းကေန သူ႔ဘက္ဆြဲကပ္ကာ ထမင္းစားခန္းဆီသြားရျခင္းသို႔ေရာက္သည္။
ေရ႔ွေရွာက္အသစ္ေလးနဲ႔ ခ်န္းေယာလ္နဲ႔ ဘယ္လို စခန္းသြားရပါ့မလဲ မသိေတာ့ ..
ကန္တင္းေရာက္ေတာ့လဲ ႏွစ္ေယာက္သား ေနရာလုၾကျပန္သည္။ ဘတ္ဟြၽန္းဘဝမွာ ခ်န္းေယာလ္ရဲ့ ကေလးဆန္လြန္းတဲ့ ပံုရိပ္ကို ခုမွေတြ့ဖူးတာမို႔ အံ့ၾသလည္းအံ့ၾသ ရယ္လဲ ရယ္ခ်င္။ ၿပီးေတာ့ ရယ္လဲ မရယ္ရဲ။
ေနာက္ဆံုးေတာ့ သူတို႔ႏွစ္ေယာက္ကို ပူးထိုင္ခိုင္းလိုက္ၿပီး ဘတ္ဟြၽန္းက ေရ႔ွတည့္တည့္မွာ တစ္ေယာက္တည္းထိုင္ျခင္းျဖင့္ ရန္ပြဲကို အဆံုးသတ္လိုက္ရသည္။ ေတာ္ေသးတာက ႏွစ္ေယာက္လံုး စကားေတာ့ နည္းနည္းနားေထာင္ေနေသးလို႔။
ဟူးးးးးး
"ဘတ္ဟြၽန္း အင့္ ...ပုဇြန္စား"
သို႔ေသာ္ ဘတ္ဟြၽန္းပန္းကန္ထဲမေရာက္မီ ခ်န္းေယာလ္ျဖတ္လုကာ ပါးစပ္ထဲအတင္းထည့္လိုက္သည္။
ၿပီးမွ ပလံုးပေထြးျဖင့္
"ဘတ္ဟြၽန္း ပုဇြန္နဲ႔ မတည့္ဘူး"
ဘတ္ဟြၽန္း ၿပံဳးလိုက္မိသည္။ တစ္ခါက ၪီးေလးႀကီးခ်က္ေကြၽးတဲ့ ဟင္းရည္ထဲဘပုဇြန္မႈန္႔ေတြ ပါလို႔ ဘတ္ဟြၽန္း ေဆးရံုတင္လိုက္ရဖူးသည္။ အဲ့တည္းက ခ်န္းေယာလ္တို႔အိမ္မွာ ပုဇြန္နဲ႔တူတာမေတြ့ရေတာ့သလို ဘတ္ဟြၽန္းပတ္ဝန္းက်င္မွာလဲ ပုဇြန္နဲ႔တူတာ မေတြ့ရေတာ့။
"ေဆာရီး ဘတ္ဟြၽန္း ငါမသိလို႔"
"ရတယ္ မသိလို႔ပဲကို.."
"ေနာက္ဆို မဆင္မျခင္ ဘတ္ဟြၽန္းပန္းကန္ထဲ ထည့္တာမ်ိဳးမလုပ္နဲ႔"
ဒါက ပထမဆံုး ဂ်ံဳအင္ကို ခ်န္းေယာလ္ေျပာေသာစကားျဖစ္သည္။
"ခ်န္းေယာလ္ ဒါေလးစားၾကည့္.."
ငါးအသားလံုးေလးကို ခ်န္းေယာလ္ဆီထည့္ေပးတာျမင္ေတာ့ ပတ္ခ်န္းေယာလ္တို႔ ဝင့္ႂကြားတဲ့ မ်က္ႏွာႀကီးနဲ႔ ဂ်ံဳအင့္ဘက္တည့္တည့္လွည့္ကာ အရသာရိွရိွကို စားျပေနေတာ့တာ။
ဘတ္ဟြၽန္းအသံထြက္ေအာင္ ရယ္လိုက္ေပမယ့္ ဂ်ံဳအင္ကေတာ့ **ေဝါ့ ေဝါ့ * ဆိုပီး တစ္ဖက္လွည့္ကာ ေျပာင္ေနေတာ့တာ မၿပီးမစီး။
မတည့္သလိုေပမယ့္ အရမ္းႀကီး မတည့္တာမဟုတ္ေတာ့သလို အဲ့ဒီခင္မင္မႈေလးရယ္ ထိန္းၫွိစက္ေလးအျဖစ္ ဘတ္ဟြၽန္းရယ္ အခ်ိန္ေတြအၾကာႀကီး အတူတူရိွေနရရင္ တကယ္ကိုေကာင္းမွာ။
ဒီလိုဆို ခ်န္းေယာလ္ရဲ့ ကေလးဆန္တဲ့ တစ္ဖက္ျခမ္းကို တေမ့တေမာ ဘတ္ဟြၽန္းေငးေမာခြင့္အမ်ားႀကီးရမွာ။
ထိုေန့က ဂ်ံဳအင္က ေက်ာင္းေျပာင္းဆရာရဲ့သားမို႔ တစ္ခါတည္းအေျပာင္းနဲ႔ ခုမွေရာက္လာတဲ့အေၾကာင္းေတြ ေမာ့ပိုမွာတုန္းသူငယ္ခ်င္းေတြအေၾကာင္းေတြ။ စသျဖင့္ သူ႔အေၾကာင္းေတြေျပာရင္း ခ်န္းေယာလ္ကေတာ့ မသိခ်င္ေယာင္ေဆာင္ရင္း။ ဘတ္ဟြၽန္းကေတာ့ စိတ္ဝင္တစား ေမာ့ပိုအေၾကာင္း စူးစမ္းရင္း။ ဘတ္ဟြၽန္းတို႔ သံုးေယာက္ မတူညီစြာ ရင္းႏွီးခဲ့ၾကတယ္။
ဟုတ္တယ္ အထက္တန္းပထမႏွစ္ရဲ့ စာသင္ႏွစ္ၿပီးခါနီးေလးမွာ ခ်န္းေယာလ္ရယ္ဘတ္ဟြၽန္းရယ္ဆိုတဲ့ ဘဝေလးထဲ ကင္မ္ဂ်ံဳအင္ဆိုတဲ့ သူငယ္ခ်င္းေလးတစ္ေယာက္ ထပ္မံေရာက္ရိွလို႔လာပါတယ္။
ကြၽန္ေတာ္တို႔ေတြ ထိုကဲ့သို႔ ေတြ့ဆံုခဲ့ၾကတယ္။
#Heki
အၾကာႀကီးပစ္ထားလိုက္တာသိပါတယ္။ တကယ္ကို အားနာပါတယ္ Baby ေလးတို႔ေရ။ Timemanagement ေသခ်ာေလးလုပ္ၿပီး ဒီဘက္ကို အခ်ိန္ျပန္ေပးပါ့မယ္။ အခုေတာ့ ၅ရက္ေလာက္ေရးမွ တစ္ပိုင္းထြက္တာမို႔ နည္းနည္းေလး စိတ္ရွည္ေပးေနာ္။ ဘယ္လိုမွ မအားေနလို႔ပါ။
ခ်စ္တယ္ေနာ္...
Uni
Mine 14
ချန်းယောလ်ရဲ့ ငုံ့ကျလာတဲ့ မျက်ဝန်းညိုတွေမှာ ဆွဲ့ညို့ခံရသလို ဘတ်ဟျွန်း သတိလက်လွတ်။
တစ်စက္ကန့် ..
နှစ်စက္ကန့် .......
သုံးစက္ကန့်.............
တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားရတဲ့ နီးကပ်မှုမှာ ဘတ်ဟျွန်း မျက်ခွံတွေအလို အလျှောက် ပိတ်ကျသွားတယ်။
ပြီးတော့.....
ပြီးတော့ ဘတ်ဟျွန်းနှုတ်ခမ်းပါးထက်မှာ လိပ်ပြာလှလှလေးတစ်ကောင်နားခိုသွားတယ်။ ခဏလေး။ တကယ်ကို ခဏလေး။ တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံစာလောက် အချိန်တစ်ခုထိပဲ ထိကပ်သွားတဲ့ နှုတ်ခမ်းပါးတစ်စုံဟာ တစ်ဘဝစါအတွက် မေတ္တာတွေ ထမ်းပိုးထားတာ ဘတ်ဟျွန်းယုံတယ်။ ချန်းယောလ်ဟာ ထိုကဲ့သို့ ယုံပုံအားကိုးထိုက်သူမို့ သူမပြောရင်တောင် ဘတ်ဟျွန်းနှလုံးသားက အလိုအလျောက်သိပါတယ်။
"ဘတ်ဟျွန်း"
"ဟင်"
"ငါက လူမှုဆက်ဆံရေးညံ့တယ်
အပေါင်းအသင်းနည်းတယ်
ပြီးတော့ ခံစားချက်တွေကို ထုတ်ဖော်မပြတတ်ဘူး"
"အင်း ငါသိတယ်"
"ဒါပေမယ့် မင်းကိုတော့ ကာကွယ်ပေးချင်တယ်
ဘာကြောင့်ဆိုတာမျိုးထက်
မင်းဖြစ်နေလို့ မင်းဆိုတဲ့ဖြစ်တည်မှုမို့လို့ "
"အင်း ငါချန်းယောလ်ကို ယုံတယ်"
"တလောကလုံးမုန်းနေရင်တောင် ငါ့ဘက်မှာ မင်းရှိရင် ရပြီ
ဒါကြောင့် မင်းကတော့ ငါ့ကို အဆုံးထိ ယုံကြည်ပေးမယ်မလား"
"အင်း"
ထို့နောက် ဘတ်ဟျွန်းရဲ့ ဘယ်ဘက်လက်ကလေးကို ဆွဲယူကာ ချန်းယောလ်က လက်သူကြွယ်နေရာလေးဆီ သူ့ရဲ့ နှုတ်ခမ်းထူထူတွေ စူးနစ်နေတဲ့အထိ တံဆိပ်ခတ်တယ်။ မွှေးညင်းနုနုတွေရဲ့ ကြမ်းရှရှအထိဟာ ဘဝမှာ ရင်အခုန်ရဆုံး အခိုက်အတန့်ပါပဲ။
"မင်းက ငါ့အပိုင်ပဲနော်
လက်စွပ်ဆိုတဲ့ မတည်မြဲခြင်းတွေထက်
ငါ့နှုတ်ခမ်းပါးတွေနဲ့ သေရာပါ သက်သေတည်တယ် ဘတ်ဟျွန်း"
ဘတ်ဟျွန်း အသံလေး ခိုးခိုးခစ်ခစ် ထွက်တဲ့အထိရယ်မောမိတယ်။ ဒီကောင်လေးက မနူးညံ့တတ်ပဲ သိမ်မွေ့လွန်းနေတယ် မဟုတ်လား။ ဒါကြောင့်ပြောကြတာထင်တယ် လူကြမ်းတွေ ချွဲရင် သိပ်ချစ်စရာကောင်းပါတယ်လို့။
"ငါ စိန်လက်စွပ်ကြီးနဲ့ propose လုပ်မှာလားလို့ကို အခုက ဘာလဲကွာ..."
"ဟေ့ မင်း
ငါနဲ့ စိန်လက်စွပ်မှာ စိန်လက်စွပ်ကို ပိုပြီးကြိုက်တာလား"
"အေးပေါ့ စိန်လက်စွပ်က ရောင်းစားလို့ရတယ် မင်းက ရောင်းစားလို့မှ မရပဲ"
"ဘာ.."
လှစ်ခနဲ ပြေးထွက်သွားတဲ့ ဘတ်ဟျွန်းကိုယ်လေးက ချန်းယောလ်ဆွဲလိုက်တဲ့နောက်မှာ ဆွေ့ခနဲ ပြန်ပါသွားတာပါပဲ။
"ပြန်ပြော"
"ဘာကိုလဲ"
လျှာဖျားလေးထုတ်လို့ စတဲ့အခါ အသည်းယားသလို ဘတ်ဟျွန်းနှာခေါင်းလုံးလုံးလေးကို သူ့နှာခေါင်းထိပ်လေးနဲ့ ပွတ်တိုက်ကျီစယ်လာတယ်။ ပြီးတော့မော့ရယ်နေလိုက်တာ တိမ်ပြာပြာတွေလို ကြည်လင်လို့။
"ဟားဟားးးး"
ပါးခြိုက်နက်နက်တွေဟာ မေ့မျောပစ်လိုက်ချင်စရာ။ ရယ်မောနေတဲ့ နှုတ်ခမ်းထောင့်စွန်းတိုင်းဟာ ယစ်မူးချင်စရာ။
ဘတ်ဟျွန်းက အချစ်ဆိုသောအရာကို အထက်တန်း ပထမနှစ်မှာ မြည်းစမ်းခွင့်ရခဲ့တယ်။ ထိုအချစ်ဟာ ချန်းယောလ်နဲ့ စတင်ပါတယ်...
ဘတ်ဟျွန်းကစီးထားတဲ့ ခြေညှပ်ဖိနပ်လေးချွတ်ပြီး ချန်းယောလ်ခြေဖမိုးတွေပေါ်တက်ကာ ခြေဖျားလေးမော့နေအောင်ထောက်လိုက်တယ်။ ရယ်နေတဲ့ မျက်ဝန်းတွေနဲ့ ငုံ့မိုးကြည့်လာတဲ့ ချန်းယောလ်က အနှိုင်းမဲ့သော အရာတွေသာ သက်ဆိုင်တယ်။
နစ်ဝင်နေတဲ့ ချန်းယောလ် ပါးခြိုင့်လေးဆီ ဖိနမ်းပစ်လိုက်တယ်။ အဲ့ဒ်ီအချိန် ကျောင်းပတ်ဝန်းကျင်ဆိုတာလဲ သတိမရဘူး။ အထက်တန်းကျောင်းသားဆိုတာလဲ သတိမရဘူး။ ဒီအတိုင်း ခေါင်းထဲမှာ ချန်းယောလ်ကလွဲလို့ ဘာဆိုဘာမှကို မရှိတာမျိုး။
"အဟမ်း"
ချောင်းဟန့်သံကြောင့် ဘတ်ဟျွန်ခပ်မြန်မြန် ကိုယ်ရှိန်သတ်ကာ နောက်ကိုဆုတ်လိုက်တယ်။
မြေကြီးပေါ် ဘတ်ဟျွန်းခြေထောက်ကျသွားမှာ မလိုလားတဲ့ ချန်းယောလ်က ဘတ်ဟျွန်းခါးကနေ ပြန်ဆွဲယူထားပြန်တယ်။
"ကျောင်းရှေ့ကြီးမှာ မင်းတို့ကလဲ.."
"မင်းနဲ့ ဘာဆိုင်လဲ"
တစ်ဖက်ကျောင်းသားရဲ့ ပြုံးစိစိစကားကို ချန်းယောလ်က အေးစက်နေတဲ့အသံနဲ့ တုန့်ပြန်တယ်။
"ချန်းယောလ် လွှတ်ဦး"
"ဖိနပ်သေချာစီးဦးလေ ဘာလို့ အတင်းရုန်းနေတာလဲ"
"သဲသဲကဲကဲတွေ ဖယ် ဖယ် ငါတို့ကျောင်းတက်ရဦးမယ် မျက်စိနောက််တယ်"
သူက ပြောပြောဆိုဆို ဘတ်ဟျွန်းရယ် ချန်းယောလ်ရယ်နဲ့ ကြားထဲကနေ တိုးတိုက်တွန်းဖယ်သွားတဲ့အခါ ချန်းယောလ်ဆီက တောက်ခေါက််သံ တစ်ချက် ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။
*တောက်*
"ချန်းယောလ်
သူက စသွားတာပဲကို "
"ဒီကောင် သက်သက်လုပ်သွားတာ"
ချန်းယောလ်က မျက်နှာကြီး ရှစ်ခေါက်ချိုးဆိုပေမယ့် ဘတ်ဟျွန်းကတော့ ခုနကဖြတ်သွားတဲ့ ကောင်လေးဆီလှမ်းကြည့်လိုက်မိသည်။ သေချာကြည့်ရင် ခင်ချင်စရာလေးပါ။ ဘာလို့များ ချန်းယောလ်က ရန်စတယ်လို့ ထင်သွားရတာလဲ။
***********
သချင်္ာစရာက ကိန်းရောတွေအကြောင်းရှင်းပြနေတယ်။ ဘတ်ဟျွန်း အာရုံကတော့ ဘတ်ဟျွန်းရှေ့တည့်တည့်မှာထိုင်နေတဲ့ မနက်ကတွေ့တဲ့ကောင်လေးရယ် ဘတ်ဟျွန်းနောက်တည့်တည့်မှာထိုင်နေတဲ့ ချန်းယောလ်ရယ်ကြောင့် စာထဲကို နည်းနည်းမှ စိတ်ဝင်စားလို့မရ။
မဟုတ်သေးပါဘူး။ နေပါဦး။ အရင်နေ့တွေက သူ့ကိုမတွေ့ဖူးပါဘူး။ ချက်ချင်းကြီးအတန်းပြောင်းလာတာလား။ စာမေးပွဲဖြေဖို့ ဘယ်လောက်မှမလိုတော့တာကို ကျောင်းပြောင်းလာတာတော့မဖြစ်နိုင်ပေ။
"ဟိတ်.."
"ဟင်.."
"ငါ့နာမည် ဂျုံအင် မင်းရော"
"ငါလား ဘတ်ဟျွန်း"
"မင်းကောင်ကရော "
ဘတ်ဟျွန်းခေါင်းလေးစောင်းကြည့်လိုက်တော့ ချန်းယောလ်က မျက်ထောက်နီကြီးနဲ့ဘတ်ဟျွန်းကိုကျော်ပြီး ဂျုံအင့်ဆီကနေအကြည့်မလွှဲ..
"ဟို ဟိုဟာ"
"တော်ပြီ မင်းနဲ့ပဲ သူငယ်ချင်းလုပ်တော့မယ် မင်းကောင်က ချေမိုးနေတာပဲ"
"ဟို သူက အဲ့လိုပဲ နေတတ်တာမို့လို့ပါ"
"အင်းပါ အင်းပါ
ဒါနဲ့ နေ့လည် ကန်တင်းတူတူသွားမယ်နော်"
"အော် အင်း..."
ထိုအချိန် ဘတ်ဟျွန်းထိုင်ခုံလေးအားနဲ့ ကန်ခံလိုက်ရတာကြောင့် ဘတ်ဟျွန်းတောင် လန့်သွားရသည်။
"အာ့,,,"
သေချာပေါက်ကို ချန်းယောလ်ကန်လိုက်တာ..
ဘတ်ဟျွန်း နောက်လှည့်မေးမလို့ပေမယ့် ဂျုံအင်က လက်ကလေးတစ်ဖက်လှမ်းဆွဲကာ
"ဟမ် ငါနဲ့ အတူတူသွားမယ်နော်
ငါက အထူးရွှေ့ပြောင်းလွှာနဲ့ ခုမှပြောင်းလာတာမို့လို့ သူငယ်ချင်းမရှိလို့..
နော်.... နော်....."
"အင်း အင်း
ချန်းယောလ်ရော သုံးယောက် တူတူသွားမယ်လေ.."
"မင်းကောင်လား..."
"ဟီးး"
"ရုပ်ကိုကနော် ..."
*အာ့ ...*
ဒါပတ်ချန်းယောလ် ထပ်ကန်ပြန်တာ။ သူမကြိုက်ဘူးဆိုတာ တမင်သိအောင် လုပ်နေတာ။
ဘတ်ဟျွန်း ချန်းယောလ်ကို လှည့်ပြီးရှင်းပြမလို့ပေမယ့် ဆရာဝင်လာတာကြောင့် လှည့်ခွင့်မရလိုက်ပေ။
နေ့လည်ထမင်းစားဆင်းချိန်ရောက်တော့ ဂျုံအင်ရယ် ချန်းယောလ်ရယ် ဘတ်ဟျွန်းလက်ကို တစ်ယောက်တစ်ဖက်ဆီဆွဲကာ ကလေးတွေမုန့်လုသလို လုကြပါတော့သည်။
"ခဏ ခဏလေး"
"ဘတ်ဟျွန်း ငါအရင်ပြောထားတာနော်"
"ဘတ်ဟျွန်း ဘာလုပ်မှာလဲ
အခု ဘယ်သူနဲ့လိုက်မှာလဲ ပြော"
"ခဏလေးနေကြပါဦး
ထမင်းစားခန်းက တစ်ခုထဲလေ နှစ်ယောက်လုံးနဲ့ တူတူသွားပြီး တူတူစားမှာ
ဘယ်လိုဖြစ်နေကြတာလဲ.."
ဂျုံအင်က ကိစ္စမရှိပေမယ့် ဘတ်ဟျွန်းရဲ့ တစ်မိုးအောက်လေးက မကျေမနပ် စူပုပ်နေဆဲ။
"ချန်းယောလ်ရာ လာပါ
သူငယ်ချင်းအသစ်ရတာကို ဘာလို့ စူပုပ်နေရတာလဲ..."
ပတ်ချန်းယောလ်တို့ တုပ်တုပ်မျှမလှုပ်ပေ။
"ငါ ဗိုက်ဆာနေပြီ..."
ထိုတော့မှ ပေကပ်ကပ်နဲ့ ဘတ်ဟျွန်းကို လက်မောင်းကနေ သူ့ဘက်ဆွဲကပ်ကာ ထမင်းစားခန်းဆီသွားရခြင်းသို့ရောက်သည်။
ရှေ့ရှောက်အသစ်လေးနဲ့ ချန်းယောလ်နဲ့ ဘယ်လို စခန်းသွားရပါ့မလဲ မသိတော့ ..
ကန်တင်းရောက်တော့လဲ နှစ်ယောက်သား နေရာလုကြပြန်သည်။ ဘတ်ဟျွန်းဘဝမှာ ချန်းယောလ်ရဲ့ ကလေးဆန်လွန်းတဲ့ ပုံရိပ်ကို ခုမှတွေ့ဖူးတာမို့ အံ့သြလည်းအံ့သြ ရယ်လဲ ရယ်ချင်။ ပြီးတော့ ရယ်လဲ မရယ်ရဲ။
နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို ပူးထိုင်ခိုင်းလိုက်ပြီး ဘတ်ဟျွန်းက ရှေ့တည့်တည့်မှာ တစ်ယောက်တည်းထိုင်ခြင်းဖြင့် ရန်ပွဲကို အဆုံးသတ်လိုက်ရသည်။ တော်သေးတာက နှစ်ယောက်လုံး စကားတော့ နည်းနည်းနားထောင်နေသေးလို့။
ဟူးးးးးး
"ဘတ်ဟျွန်း အင့် ...ပုဇွန်စား"
သို့သော် ဘတ်ဟျွန်းပန်းကန်ထဲမရောက်မီ ချန်းယောလ်ဖြတ်လုကာ ပါးစပ်ထဲအတင်းထည့်လိုက်သည်။
ပြီးမှ ပလုံးပထွေးဖြင့်
"ဘတ်ဟျွန်း ပုဇွန်နဲ့ မတည့်ဘူး"
ဘတ်ဟျွန်း ပြုံးလိုက်မိသည်။ တစ်ခါက ဦးလေးကြီးချက်ကျွေးတဲ့ ဟင်းရည်ထဲဘပုဇွန်မှုန့်တွေ ပါလို့ ဘတ်ဟျွန်း ဆေးရုံတင်လိုက်ရဖူးသည်။ အဲ့တည်းက ချန်းယောလ်တို့အိမ်မှာ ပုဇွန်နဲ့တူတာမတွေ့ရတော့သလို ဘတ်ဟျွန်းပတ်ဝန်းကျင်မှာလဲ ပုဇွန်နဲ့တူတာ မတွေ့ရတော့။
"ဆောရီး ဘတ်ဟျွန်း ငါမသိလို့"
"ရတယ် မသိလို့ပဲကို.."
"နောက်ဆို မဆင်မခြင် ဘတ်ဟျွန်းပန်းကန်ထဲ ထည့်တာမျိုးမလုပ်နဲ့"
ဒါက ပထမဆုံး ဂျုံအင်ကို ချန်းယောလ်ပြောသောစကားဖြစ်သည်။
"ချန်းယောလ် ဒါလေးစားကြည့်.."
ငါးအသားလုံးလေးကို ချန်းယောလ်ဆီထည့်ပေးတာမြင်တော့ ပတ်ချန်းယောလ်တို့ ဝင့်ကြွားတဲ့ မျက်နှာကြီးနဲ့ ဂျုံအင့်ဘက်တည့်တည့်လှည့်ကာ အရသာရှိရှိကို စားပြနေတော့တာ။
ဘတ်ဟျွန်းအသံထွက်အောင် ရယ်လိုက်ပေမယ့် ဂျုံအင်ကတော့ **ဝေါ့ ဝေါ့ * ဆိုပီး တစ်ဖက်လှည့်ကာ ပြောင်နေတော့တာ မပြီးမစီး။
မတည့်သလိုပေမယ့် အရမ်းကြီး မတည့်တာမဟုတ်တော့သလို အဲ့ဒီခင်မင်မှုလေးရယ် ထိန်းညှိစက်လေးအဖြစ် ဘတ်ဟျွန်းရယ် အချိန်တွေအကြာကြီး အတူတူရှိနေရရင် တကယ်ကိုကောင်းမှာ။
ဒီလိုဆို ချန်းယောလ်ရဲ့ ကလေးဆန်တဲ့ တစ်ဖက်ခြမ်းကို တမေ့တမော ဘတ်ဟျွန်းငေးမောခွင့်အများကြီးရမှာ။
ထိုနေ့က ဂျုံအင်က ကျောင်းပြောင်းဆရာရဲ့သားမို့ တစ်ခါတည်းအပြောင်းနဲ့ ခုမှရောက်လာတဲ့အကြောင်းတွေ မော့ပိုမှာတုန်းသူငယ်ချင်းတွေအကြောင်းတွေ။ စသဖြင့် သူ့အကြောင်းတွေပြောရင်း ချန်းယောလ်ကတော့ မသိချင်ယောင်ဆောင်ရင်း။ ဘတ်ဟျွန်းကတော့ စိတ်ဝင်တစား မော့ပိုအကြောင်း စူးစမ်းရင်း။ ဘတ်ဟျွန်းတို့ သုံးယောက် မတူညီစွာ ရင်းနှီးခဲ့ကြတယ်။
ဟုတ်တယ် အထက်တန်းပထမနှစ်ရဲ့ စာသင်နှစ်ပြီးခါနီးလေးမှာ ချန်းယောလ်ရယ်ဘတ်ဟျွန်းရယ်ဆိုတဲ့ ဘဝလေးထဲ ကင်မ်ဂျုံအင်ဆိုတဲ့ သူငယ်ချင်းလေးတစ်ယောက် ထပ်မံရောက်ရှိလို့လာပါတယ်။
ကျွန်တော်တို့တွေ ထိုကဲ့သို့ တွေ့ဆုံခဲ့ကြတယ်။
#Heki
အကြာကြီးပစ်ထားလိုက်တာသိပါတယ်။ တကယ်ကို အားနာပါတယ် Baby လေးတို့ရေ။ Timemanagement သေချာလေးလုပ်ပြီး ဒီဘက်ကို အချိန်ပြန်ပေးပါ့မယ်။ အခုတော့ ၅ရက်လောက်ရေးမှ တစ်ပိုင်းထွက်တာမို့ နည်းနည်းလေး စိတ်ရှည်ပေးနော်။ ဘယ်လိုမှ မအားနေလို့ပါ။
ချစ်တယ်နော်...