Unicode 💙
မန်နေဂျာရုံးခန်းထဲမှ ထွက်လာပြီးကတည်းက မှုန်ကုပ်နေသော ကျွန်တော့်ကို ကြည့်ပြီး
ဆောနူhyung မှ
" ဂျောင်ဝန်းနား ဘာဖြစ်နေတာလဲ။
မန်နေဂျာပက်က ဟို... ဟို ဒရမ်မာတွေထဲကလို အထက်လူကြီးဆိုး ဖြစ်နေလို့လားဟင် "
ဒီ hyung ကတော့လေ ထင်ကြေးတွေ ဇွတ်ပြောနေတယ်။ တကယ်ပဲ.... ဒီက ဖွင့်ပြောခံလိုက်ရလို့ပါ ဆိုနေ။
ပြောလို့လဲမဖြစ်... တရုံးလုံးပြန့်သွားရင် နေစရာမရှိမှာက ကျွန်တော်။
အတင်းတုပ်လို့ပြီးကြမှာ မဟုတ်ဘူး။
မျက်နှာကို အတတ်နိုင်ဆုံး လန်းနေတဲ့ ပုံစံပေါက်အောင် လုပ်ပြီး ဘာမှမဖြစ်သလို ပြုံးပြကာ
" မဟုတ်ပါဘူး hyungရ။ မန်နေဂျာပက်က သဘောကောင်းပါတယ် "
" အဲဒါဆို မင်းမျက်နှာက ဘာဖြစ်တာလဲ။ မသိရင် ဖွင့်ပြောခံရလို့ စိတ်ညစ်နေတဲ့ရုပ်နဲ့ "
ခေါင်းကို ဆတ်ခနဲမော့ကြည့်ပြီးမှ မလုံမလဲဖြစ်သွားရတယ်။ ရိပ်မိမှာ စိုးလို့ အမူအရာ မနည်းပြင်လိုက်ရသေးတယ်။
ဒီ hyung ကတော့ ဘာလို့ အကြားအမြင်ဆရာမလုပ်ဘဲ ဒီမှာ လာလုပ်နေလဲ မသိဘူး ။
" ပေါက်... ပေါက်ကရတွေ ပြောမနေနဲ့။
အလုပ်သွားလုပ်ဝောာ့ hyung "
" အေးပါဟ သွားမှာပါ "
ဆောနူ hyung သူ့နေရာသူ ပြန်သွားမှပဲ သက်ပြင်းချမိတော့တယ်....
🌃🐈
ညနေ 6 ထိုးရန် ငါးမိနစ်အလို တနည်းအားဖြင့် ရုံးဆင်းရန် ငါးမိနစ်အလို.....
မန်နေဂျာရုံးခန်းထဲမှ ထွက်လာတဲ့ ဌာနမှူးအီဟာ တခုခုကို ပျော်နေဟန်။
ရုံးဆင်းဖို့ပြင်နေတဲ့ ဝန်ထမ်းတွေကို ခဏရပ်ခိုင်းထားပြီး ထုံးစံအတိုင်း သူရဲ့ vocal နဲ့အော်ပြောလိုက်တယ်။
" အားလုံးပဲ !!
မန်နေဂျာပက်က သူ့ရဲ့ပထမဆုံး ရုံးတက်ရက်မှာ ဝန်ထမ်းတွေကို ညစာစားပွဲ လုပ်ပေးမယ်လို့ ပြောပါတယ်။ အဲဒါ ကုမ္ပဏီနားက အသားကင်ဆိုင်မှာ လုပ်မယ်လို့ အကြံပြုလိုက်တယ်။ အဆင်ပြေကြရဲ့လား "
" " ပြေပါတယ် " "
ကုမ္ပဏီရဲ့ မျက်စောင်းထိုးမှာ ဖွင့်ထားတဲ့ အဲ့ဒီအသားကင်ဆိုင်က ကျွန်တော်တို့လို လူနှစ်ဆယ်လောက်ရှိတဲ့ အဖွဲ့တွေအတွက် ညစာစားပွဲလုပ်ဖို့ အံကိုက်ပင်။ ခဏခဏစားဖူးပေမဲ့ စားတိုင်းမရိုးနိုင်ပါ။
အခုတော့ ဒကာခံမယ့်သူရှိတုန်း အဝကြိတ်ရတော့မည်။
ဆိုင်ကိုရောက်တော့ ကျွန်တော်တို့အပြင် အခြားအဖွဲ့တဖွဲ့ပါ ရောက်နေတာကို တွေ့ရတယ်။ သေချာကြည့်တော့မှ ဂျယ်ယွန်း hyung တို့ ဌာနပင်။
ဌာနနှစ်ခုရဲ့ မန်နေဂျာနှစ်ယောက် တနည်း ညီအစ်ကိုနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အရ ညစာစားပွဲကို နှစ်ဖွဲ့ပေါင်းလိုက်ကြသည်။ ထုံးစံအတိုင်း ကျွန်တော်တို့ဝိုင်းမှာတော့ ဂျယ်ယွန်း hyung ၊ ဆောနူ hyung နဲ့နီခီ ၊ ဌာနမှူးအီ ။
အသားဖတ်ကို စိတ်မပါသလို ဝါးနေသော
ဂျယ်ယွန်း hyungကို ကြည့်ပြီး ဘာဖြစ်နေတာလဲလို့ မေးလိုက်ဝောာ့ အိမ်ရောက်မှ ပြောပြမယ်လို့သာ ပြန်ဖြေလာတယ်။ ကျွန်တော် မက်ဂျူတစ်ခွက်ကို တစ်ဝက်လောက် မော့ချပြီး အခြားသူများအခြေအနေကို တချက်ကြည့်လိုက်တယ်။
ဌာနမှူးအီက ဘယ်တုန်းကတည်းက ဗိုက်ဆာနေလဲမသိ အသားကင်ကိုသာ မနားတမ်းစားနေတယ်။ ဆောနူ hyung ကတော့ တစ်ခွက်နှစ်ခွက်ဝင်တာနဲ့ ဘေးကနီခီကို စပြီးရစ်နေတော့တယ်။
နီခီကလည်း ပြုံးပြုံးကြီး အရစ်ခံနေတယ်။
ကျွန်တော့်ဘက် မြားဦးမလှည့်လာလို့ တော်သေးတယ်။ ရုတ်တရက် ကိုယ့်ကို တစုံတယောက် စိုက်ကြည့်နေတယ်လို့ မသိစိတ်က ခံစားလိုက်ရတာကြောင့် ဘေးဘီကြည့်လိုက်တော့ ....
တွေ့ပါပြီ ။ ကြည့်နေတာက တခြားသူမဟုတ်။ မနက်ကတင် ကျွန်တော့်ကို ဖွင့်ပြောထားတဲ့ မန်နေဂျာ ပက်ဂျုံဆောင်းပင်။ ကျွန်တော် ပြန်ကြည့်နေတာတောင် စိုက်ကြည့်နေသေးတာ
ကြောင့် ခန္ဓာကိုယ်ကို ကျူံ့မိကာ အကြည့်လွှဲလိုက်တယ်။
သူ့ဘေးက ဂျယ်ယွန်းhyung တို့မန်နေဂျာ ပက်ဆောင်းဟွန်းကလည်း ကျွန်တော်တို့ဝိုင်းကိုပဲ
ကြည့်နေသလိုပဲ ။ သူကြည့်နေတာက ဆလပ်ရွက်နဲ့ နှမ်းရွက်တွေကို ဒီတိုင်းကောက်ဝါးနေတဲ့
ဂျယ်ယွန်း hyung။
အခြားသူများအတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် ဒါတွေက Hyung စိတ်ညစ်နေရင် လုပ်နေကြ အမူအကျင့်တွေ။
လောလောဆယ်တော့ မက်ဂျူကို ထပ်မော့ပြီး
အကင်ဗန်းပေါ်က အသားတွေသာ ဗိုက်ထဲသို့
အရောက်ပို့လိုက်သည်။
A few moments later.........
ကျွန်တော် ဆိုဂျူပုလင်းအသစ်ကို ဖောက်ကာ
ဂျယ်ယွန်း hyung ခွက်ထဲ ထည့်ပေးတော့ ချော်ထွက်ပြီး စားပွဲပေါ်ဖိတ်သွားတယ်။ ကိုယ့်ခွက်ကို ထည့်တော့လည်း ချော်ထွက်သွားပြန်သေးတယ်။
ဘာလား ကမ္ဘာကြီးက ဘာဖြစ်နေတာလည်း။ လည်တာ ကောင်းကောင်း မလည်ဘူး။ ဒီမှာ အရက်တောင်ထည့်လို့ မရတော့ဘူးလေ။
ကျွန်တော့်ရဲ့ အရက်သောက်နိုင်စွမ်း limit က နှစ်ပုလင်း။ ဂျယ်ယွန်း hyungက နှစ်ပုလင်းခွဲ။ ပေါင်းတော့ လေးပုလင်းခွဲ ။
ဒါပေမဲ့ စားပွဲပေါ်မှာ ရှိနေတဲ့ ပုလင်းခွံက
ရှစ်ပုလင်းး ။
" အေ့ ဆောနူhyung အေ့ ရက်စက်သယ် အေ့
ကျွန်တော့်ကို ထားပီးထွက် အေ့ သွားပီ
အီးဟီးး ဆောနူ hyung မကောင်းဘူး "
မူးပြီးမှောက်သွားတဲ့ ဆောနူhyung ကို နီခီမှ လွန်ခဲ့တဲ့ နာရီဝက်ကတည်းက အိမ်ပြန်ခေါ်သွားပြီ ဖြစ်တယ်။ ကျွန်တော်နဲ့ ဂျယ်ယွန်း hyung ကတော့ ထိုင်ရာမထ ကြွက်တွင်းလုပ်လို့ကောင်းတုန်း။
ဆိုင်ထဲမှာ လူရှင်းသွားပေမယ့် ကျွန်တော်တို့အပြင် လူနည်းနည်း ကျန်သေးတာတော့ သိတယ်။ ဘယ်သူမှန်းသာ မသိတော့တာ။ စကားသံတွေက နီးသွားလိုက် ဝေးလာလိုက်နဲ့ မသဲကွဲတော့ ။
ဘေးကမှောက်ပြီးအိပ်ပျော်သွားတဲ့ ဂျယ်ယွန်း hyungကို တချက်ကြည့်ပြီး ကျွန်တော်လည်း လေးလံလာတဲ့ မျက်ခွံတွေကို မှိတ်ချလိုက်တယ်။
နောက်ဆုံးကြားလိုက်တာက .....
" ဂျောင်ဝန်း .... ယန်းဂျောင်ဝန်း...
မအိပ်သွားနဲ့ဦးလေ... ဂျောင်ဝန်း "
မန်နေဂျာပက် လှုပ်နှိုးနေတာသိပေမယ့် မျက်လုံးက မဖွင့်နိုင်တော့ ။ ဘေးကို လှဲချလိုက်တော့ အိပ်မက်ဆိုးတွေ ဖယ်ရှားပေးနိုင်လောက်တဲ့ ရင်ခွင်နွေးနွေးကြီးထဲ ရောက်သွားတယ်။
ဘာမှမသိတော့ အခုချိန် အိပ်ရဖို့သာ
အရေးကြီးတယ်......
🌤️🐈
ညက ကျွန်တော် အိပ်မက်ကောင်းကောင်း မက်ခဲ့တယ်။ Yeri noona က ကျွန်တော့်ဆီ ပြေးလာပြီး ဖက်လိုက်တယ်တဲ့။ အစက noona ဖက်လာတော့ ကြောင်သွားပေမယ့် ကျွန်တော်လည်း ပြန်ဖက်ပြီး ပြုံးပြုံးကြီးနဲ့ ကျေနပ်နေတယ်။
ဒါပေမယ့် ဖက်ထားတာ ပိုတင်းကြပ်လာပြီး နောက်ဆုံး အသက်ရှူဖို့တောင် ခဲယဉ်းလာလို့ တွန်းဖယ်ပေမယ့် မရ။
လန့်နိုးလာကာ လက်တွေ့ကိုပြန်ရောက်တော့ အိပ်မက်ထဲကနဲ့ တပုံစံတည်း ဖြစ်နေတယ်။ မတူတာက ဖက်ထားတဲ့သူက တောင့်တင်းသန်မာတဲ့ လက်မောင်းတစ်စုံနှင့် ကျွန်တော့်ကို လွတ်ထားသွားမှာစိုးသည့်အလား ဖက်ထားခြင်းပင်။ သူ့ရဲ့အသက်ရှူသံကို ကျွန်တော့်နဖူးပြင်မှာ အတိုင်းသားခံစားနေရတယ်။
ကျွန်တော့်ရဲ့လက်တွေကလည်း သူ့ခါးမှာ အံဝင်ခွင်ကျဖက်ထားသေးတယ်။ ဒါဘယ်လိုအခြေအနေကြီးလဲ !!
ကျွန်တော် မျက်စိတစ်ဖက်ဖွင့် အနေအထားကနေ ဖက်ထားရာက ရုန်းလိုက်မှ အင်းအဲအသံပြုကာ လွှတ်ပေးလိုက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ခံစားချက်နဲ့ ငုတ်တုတ်ထိုင်လိုက်ပြီး ကိုယ့်ကိုကိုယ် ငုံ့ကြည့်လိုက်တယ်။
မနေ့ညက အဝတ်အစားအတိုင်းပဲ တော်သေးတာပေါ့။
အရက်နာကျနေတဲ့ ခေါင်းကိုဖိကာ မျက်လုံးကို အားယူ၍ ပြူးကာ ပတ်ဝန်းကျင်ကို ကြည့်မိလိုက်တယ်။ Classic အငွေ့အသက်တွေနဲ့ ပြည့်လျှံနေပြီး သပ်ရပ်မှုအတိုင်းအတာက next level လောက်ရှိတယ်။
သေချာတာကတော့ ကျွန်တော့်အခန်းမဟုတ်။ ကျွန်တော့်အခန်းဆိုလျှင် တံခါးဝမှာကတည်းက ပုံနေသော အဝတ်များ တွေ့ရလိမ့်မည်။
အထဲကို ဆက်မကြည့်ဖို့တော့ တိုက်တွန်းပါရစေ။ တော်ကြာ ဝင်ရှင်းပေးချင်စိတ်ပေါက်သွားမှာ စိုးလို့ ဟီးး။
ကုတင်ဘေးက စားပွဲမှာ ထောင်ထားတဲ့ ဓာတ်ပုံဆီ အကြည့်ရောက်တော့ ပုံထဲမှာ all black နှင့် မန်နေဂျာပက်။ ဒါဆို ဒီအခန်းက......
ကျွန်တော့်ဘေးကို ကြည့်တော့ ကွေးကွေးလေး လှဲနေတဲ့ မန်နေဂျာပက်။ ညက ကျွန်တော် မူးပြီးအိပ်ပျော်သွားတာလေ။
မန်နေဂျာပက် အသံကိုနောက်ဆုံးကြားလိုက်ပြီး အိပ်ပျော်သွားတာ။ ဒါဆိုကျွန်တော့်ကို သူ့အိမ်ခေါ်လာတာထင်တယ်။
ပြီးတော့ အားးးးးးး
အရက်မူးရင် ပေါ်လာတတ်တဲ့ ကျွန်တော်ရဲ့ အကျင့်ဆိုးတွေ.....
ကုတင်ပေါ်က ဆင်းပြီး တံခါးဝဆီသွားမို့ရှိသေး အရက်နာကျနေတာကြောင့် ယိုင်သွားသေးတယ်။ ကြမ်းပြင်ပေါ်ကျမယ် ထင်ထားပေမဲ့ ပွေ့လာပေးတဲ့ လက်တစ်စုံ။
" အဆင်ပြေရဲ့လား ။ ခေါင်းမူးနေသေးတာလား "
အိပ်ရာနိုးနိုးချင်းတောင် ကြည်လင်ပြီး နူးညံ့နေတဲ့ အသံကြောင့် ခေါင်းမူးတောင် ပျောက်ချင်သလိုလို ။
" ဟုတ်ကဲ့ နည်းနည်း "
" လန်းသွားအောင် မျက်နှာသွားသစ်လိုက်။ ပြီးရင် အောက်မှာ အားဂျူးမားကို အမူးပြေဟင်းရည်ချက်ခိုင်းထားတယ် ။ သွားသောက်ရအောင် "
" ဟုတ် "
ဘုံပိုက်ခေါင်းက ကျလာတဲ့ အေးစက်နေသော ရေနဲ့ မျက်နှာကို သုံးလေးခါလောက် သစ်လိုက်တော့မှ ခေါင်းနည်းနည်းကြည်လာတယ်။ အရက်သောက်ပြီးတိုင်း ဒီလိုဖြစ်ရင် တော်တော်နဲ့ မပျောက်။ ဒါမဲ့လည်း မသောက်ပဲမနေနိုင်။ ဒီနေ့က ရုံးပိတ်ရက်မို့တော်သေးတယ်။ နို့မို့ဆို ကုမ္ပဏီသွားနိုင်မှာ မဟုတ်ဘူး။
မျက်နှာသစ်ပြီး မှန်ထဲကြည့်လိုက်တဲ့ အချိန် တံခါးဝမှာလက်ပိုက်ကာ မှီနေသော မန်နေဂျာကြီးကို တွေ့ရလိုက်တယ်။ ကျွန်တော်ပြီးမယ့်အချိန်ကို စောင့်နေပုံရတယ်။
ပုဝါတစ်ထည်ပေးပြီး မျက်နှာသုတ်လိုက်ဆိုပြီး လက်ထဲထည့်ကာ အခန်းပြင်သို့ ထွက်သွားတယ်။ကျွန်တော်လည်း မနေနိုင် မန်နေဂျာပက်နောက် လိုက်ပြီး အောက်ထပ်သို့ ဆင်းလိုက်တယ်။
ထမင်းစားခန်းထဲရောက်တော့ မန်နေဂျာပက်က ခုံတစ်လုံးကို ဆွဲပေးပြီး ကျွန်တော့်ကို ထိုင်စေတယ်။ သူကတော့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး အာဂျူးမား ထမင်းပြင်ပေးတာကို စောင့်နေတယ်။
" ကောင်းကောင်းစားပါ့မယ် "
ယဉ်ကျေးမှုအရပြောပြီး ဟင်းရည်တစ်ဇွန်း ခက်သောက်လိုက်တော့ အရက်နာကျတာ ပျောက်သွားသလိုပင်။ အမေ့လက်ရာစားနေရသည့်အတိုင်း။
" အရမ်းအရသာရှိတယ် အာဂျူးမားနီး "
ပြောရင်း လက်မလေးထောင်ကာ ရယ်ပြလိုက်တော့ အာဂျူးမားက
" အာရီးဂူး ချစ်ဖို့ကောင်းလိုက်တာ
များများစားနော် "
" ဟုတ်ကဲ့ ဟီးး "
ကျွန်တော်နဲ့ အာဂျူးမား ပြောနေတာကို ကြည့်ပြီး အရှေ့ကလူက ပြုံးနေတယ်။ ပြုံးလိုက်တော့ပေါ်လာတဲ့ အရာလေးတွေက ချစ်ဖို့ကောင်းရဲ့သားနဲ့ ဘာလို့ရုပ်တည်ကြီးနဲ့ နေနေလဲမသိ။
ဟင်းရည်တစ်ပန်းကန် ကုန်အောင် သောက်ပြီးနောက် အရက်နာကျတာ ယူပစ်သလို ပျောက်သွားတယ်။ အခုမှ နေလို့ထိုင်လို့ကောင်းသွားတာပဲ ။ နေပါဦး ဒီကိုဘယ်လိုရောက်လာသလဲ မေးရဦးမယ်။ ပြီးတော့ ဂျယ်ယွန်း hyung ကော ဘယ်ရောက်သွားတာလဲ။
" ဒါနဲ့ ကျွန်တော် ဒီကို ဘယ်လိုရောက်လာတာလဲဟင်။ ပြီးတော့ မနေ့ညက မှောက်သွားတာ ကျွန်တော် တယောက်တည်းမှ မဟုတ်တာ ။ ဘေးက ဂျယ်ယွန်း hyung ကောဟင် "
မန်နေဂျာပက်က ဝါးလက်စ ထမင်းကို ကုန်အောင် မြိုချပြီးမှ ဖြေလာတယ်။
" မနေ့ညက ဆိုင်မှာ ကိုယ်ရယ် ဆောင်းဟွန်းရယ် ဂျောင်ဝန်းတို့နှစ်ယောက်ရယ်ပဲ ကျန်ခဲ့တာ။
ဂျောင်ဝန်းက အိပ်ပျော်သွားပြီး ဘယ်လိုမှ နှိုးမရတာနဲ့ ကိုယ့်အိမ်ခေါ်လာလိုက်တာပဲ။ ဘေးက တစ်ယောက်ကတော့ ဆောင်းဟွန်းက သူနဲ့သိတယ်ဆိုပြီး ခေါ်သွားတယ် "
" အော် .... hyung အသိထင်တယ်
ဒါနဲ့လေ ... မနေ့ညက ကျွန်တော် မူးနေတုန်း အမှားတစ်ခုခုများ ကျူးလွန်မိလား မသိဘူး "
" ရှိတာပေါ့ မမှတ်မိဘူးလား "
" ဘာ.... ဘာတွေလုပ်ခဲ့မိတာလဲဟင် "
အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေအနေနဲ့ အမူးလွန်ပြီးဖြစ်ခဲ့တာတွေကို အမူးပြေပြီးရင် ဘာမှမမှတ်မိတာပဲ။ အခုလည်း ဘာမှ စဉ်းစားမရ။ တစ်ခုခု ဆိုးရွားတာမျိုး မဖြစ်ပါစေနဲ့ Jebal......
" မမှတ်မိရင်လဲ ထားလိုက်ပါ "
" ဗျာ! ပြောပြပါဗျ။ အဲတာမှ တောင်းပန်လို့ရအောင် "
" တကယ်ပြောရမှာလား ။ ပြီးမှ ထွက်မပြေးနဲ့ "
" ဟုတ် .. ဟုတ် "
" ဟက် ကိုယ်တော့မထင်
ဒါဆို သေချာနားထောင် "
ပန်းကန်တွေ သိမ်းနေသော အာဂျူးမားကို အပြင်ခဏထွက်ခိုင်းပြီး ထမင်းစားခန်းထဲ ကျွန်တော်တို့နှစ်ယောက်သာ ကျန်စေတယ်။ ဘာတွေပြောမှာမလို့လဲ မသိဘူး။ ကြောက်လာပြီနော်။ အဖြစ်အပျက်တွေကို နားထောင်ဖို့ ကျွန်တော့် စိတ်ကိုသာ ပြင်ဆင်ပြီး သေချာသာ နားစွင့်လိုက်တယ်။
____________ A/N ______________
Click လည်းလုပ်ကြပါဦးနော် !!!!
𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻 𝓡𝓮𝓪𝓭𝓲𝓷𝓰 💓
Zawgyi 💙
မန္ေနဂ်ာ႐ုံးခန္းထဲမွ ထြက္လာၿပီးကတည္းက မႈန္ကုပ္ေနေသာ ကြၽန္ေတာ့္ကို ၾကည့္ၿပီး
ေဆာႏူhyung မွ
" ေဂ်ာင္ဝန္းနား ဘာျဖစ္ေနတာလဲ။
မန္ေနဂ်ာပက္က ဟို... ဟို ဒရမ္မာေတြထဲကလို အထက္လူႀကီးဆိုး ျဖစ္ေနလို႔လားဟင္ "
ဒီ hyung ကေတာ့ေလ ထင္ေၾကးေတြ ဇြတ္ေျပာေနတယ္။ တကယ္ပဲ.... ဒီက ဖြင့္ေျပာခံလိုက္ရလို႔ပါ ဆိုေန။
ေျပာလို႔လဲမျဖစ္... တ႐ုံးလုံးျပန႔္သြားရင္ ေနစရာမရွိမွာက ကြၽန္ေတာ္။
အတင္းတုပ္လို႔ၿပီးၾကမွာ မဟုတ္ဘူး။
မ်က္ႏွာကို အတတ္ႏိုင္ဆုံး လန္းေနတဲ့ ပုံစံေပါက္ေအာင္ လုပ္ၿပီး ဘာမွမျဖစ္သလို ၿပဳံးျပကာ
" မဟုတ္ပါဘူး hyungရ။ မန္ေနဂ်ာပက္က သေဘာေကာင္းပါတယ္ "
" အဲဒါဆို မင္းမ်က္ႏွာက ဘာျဖစ္တာလဲ။ မသိရင္ ဖြင့္ေျပာခံရလို႔ စိတ္ညစ္ေနတဲ့႐ုပ္နဲ႔ "
ေခါင္းကို ဆတ္ခနဲေမာ့ၾကည့္ၿပီးမွ မလုံမလဲျဖစ္သြားရတယ္။ ရိပ္မိမွာ စိုးလို႔ အမူအရာ မနည္းျပင္လိုက္ရေသးတယ္။
ဒီ hyung ကေတာ့ ဘာလို႔ အၾကားအျမင္ဆရာမလုပ္ဘဲ ဒီမွာ လာလုပ္ေနလဲ မသိဘူး ။
" ေပါက္... ေပါက္ကရေတြ ေျပာမေနနဲ႔။
အလုပ္သြားလုပ္ေဝာာ့ hyung "
" ေအးပါဟ သြားမွာပါ "
ေဆာႏူ hyung သူ႔ေနရာသူ ျပန္သြားမွပဲ သက္ျပင္းခ်မိေတာ့တယ္....
🌃🐈
ညေန 6 ထိုးရန္ ငါးမိနစ္အလို တနည္းအားျဖင့္ ႐ုံးဆင္းရန္ ငါးမိနစ္အလို.....
မန္ေနဂ်ာ႐ုံးခန္းထဲမွ ထြက္လာတဲ့ ဌာနမႉးအီဟာ တခုခုကို ေပ်ာ္ေနဟန္။
႐ုံးဆင္းဖို႔ျပင္ေနတဲ့ ဝန္ထမ္းေတြကို ခဏရပ္ခိုင္းထားၿပီး ထုံးစံအတိုင္း သူရဲ႕ vocal နဲ႔ေအာ္ေျပာလိုက္တယ္။
" အားလုံးပဲ !!
မန္ေနဂ်ာပက္က သူ႔ရဲ႕ပထမဆုံး ႐ုံးတက္ရက္မွာ ဝန္ထမ္းေတြကို ညစာစားပြဲ လုပ္ေပးမယ္လို႔ ေျပာပါတယ္။ အဲဒါ ကုမၸဏီနားက အသားကင္ဆိုင္မွာ လုပ္မယ္လို႔ အႀကံျပဳလိုက္တယ္။ အဆင္ေျပၾကရဲ႕လား "
" " ေျပပါတယ္ " "
ကုမၸဏီရဲ႕ မ်က္ေစာင္းထိုးမွာ ဖြင့္ထားတဲ့ အဲ့ဒီအသားကင္ဆိုင္က ကြၽန္ေတာ္တို႔လို လူႏွစ္ဆယ္ေလာက္ရွိတဲ့ အဖြဲ႕ေတြအတြက္ ညစာစားပြဲလုပ္ဖို႔ အံကိုက္ပင္။ ခဏခဏစားဖူးေပမဲ့ စားတိုင္းမ႐ိုးႏိုင္ပါ။
အခုေတာ့ ဒကာခံမယ့္သူရွိတုန္း အဝႀကိတ္ရေတာ့မည္။
ဆိုင္ကိုေရာက္ေတာ့ ကြၽန္ေတာ္တို႔အျပင္ အျခားအဖြဲ႕တဖြဲ႕ပါ ေရာက္ေနတာကို ေတြ႕ရတယ္။ ေသခ်ာၾကည့္ေတာ့မွ ဂ်ယ္ယြန္း hyung တို႔ ဌာနပင္။
ဌာနႏွစ္ခုရဲ႕ မန္ေနဂ်ာႏွစ္ေယာက္ တနည္း ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ဆုံးျဖတ္ခ်က္အရ ညစာစားပြဲကို ႏွစ္ဖြဲ႕ေပါင္းလိုက္ၾကသည္။ ထုံးစံအတိုင္း ကြၽန္ေတာ္တို႔ဝိုင္းမွာေတာ့ ဂ်ယ္ယြန္း hyung ၊ ေဆာႏူ hyung နဲ႔နီခီ ၊ ဌာနမႉးအီ ။
အသားဖတ္ကို စိတ္မပါသလို ဝါးေနေသာ
ဂ်ယ္ယြန္း hyungကို ၾကည့္ၿပီး ဘာျဖစ္ေနတာလဲလို႔ ေမးလိုက္ေဝာာ့ အိမ္ေရာက္မွ ေျပာျပမယ္လို႔သာ ျပန္ေျဖလာတယ္။ ကြၽန္ေတာ္ မက္ဂ်ဴတစ္ခြက္ကို တစ္ဝက္ေလာက္ ေမာ့ခ်ၿပီး အျခားသူမ်ားအေျခအေနကို တခ်က္ၾကည့္လိုက္တယ္။
ဌာနမႉးအီက ဘယ္တုန္းကတည္းက ဗိုက္ဆာေနလဲမသိ အသားကင္ကိုသာ မနားတမ္းစားေနတယ္။ ေဆာႏူ hyung ကေတာ့ တစ္ခြက္ႏွစ္ခြက္ဝင္တာနဲ႔ ေဘးကနီခီကို စၿပီးရစ္ေနေတာ့တယ္။
နီခီကလည္း ၿပဳံးၿပဳံးႀကီး အရစ္ခံေနတယ္။
ကြၽန္ေတာ့္ဘက္ ျမားဦးမလွည့္လာလို႔ ေတာ္ေသးတယ္။ ႐ုတ္တရက္ ကိုယ့္ကို တစုံတေယာက္ စိုက္ၾကည့္ေနတယ္လို႔ မသိစိတ္က ခံစားလိုက္ရတာေၾကာင့္ ေဘးဘီၾကည့္လိုက္ေတာ့ ....
ေတြ႕ပါၿပီ ။ ၾကည့္ေနတာက တျခားသူမဟုတ္။ မနက္ကတင္ ကြၽန္ေတာ့္ကို ဖြင့္ေျပာထားတဲ့ မန္ေနဂ်ာ ပက္ဂ်ဳံေဆာင္းပင္။ ကြၽန္ေတာ္ ျပန္ၾကည့္ေနတာေတာင္ စိုက္ၾကည့္ေနေသးတာ
ေၾကာင့္ ခႏၶာကိုယ္ကို က်ဴံ႕မိကာ အၾကည့္လႊဲလိုက္တယ္။
သူ႔ေဘးက ဂ်ယ္ယြန္းhyung တို႔မန္ေနဂ်ာ ပက္ေဆာင္းဟြန္းကလည္း ကြၽန္ေတာ္တို႔ဝိုင္းကိုပဲ
ၾကည့္ေနသလိုပဲ ။ သူၾကည့္ေနတာက ဆလပ္႐ြက္နဲ႔ ႏွမ္း႐ြက္ေတြကို ဒီတိုင္းေကာက္ဝါးေနတဲ့
ဂ်ယ္ယြန္း hyung။
အျခားသူမ်ားအတြက္ ထူးဆန္းေကာင္း ထူးဆန္းႏိုင္ေပမယ့္ ဒါေတြက Hyung စိတ္ညစ္ေနရင္ လုပ္ေနၾက အမူအက်င့္ေတြ။
ေလာေလာဆယ္ေတာ့ မက္ဂ်ဴကို ထပ္ေမာ့ၿပီး
အကင္ဗန္းေပၚက အသားေတြသာ ဗိုက္ထဲသို႔
အေရာက္ပို႔လိုက္သည္။
A few moments later.........
ကြၽန္ေတာ္ ဆိုဂ်ဴပုလင္းအသစ္ကို ေဖာက္ကာ
ဂ်ယ္ယြန္း hyung ခြက္ထဲ ထည့္ေပးေတာ့ ေခ်ာ္ထြက္ၿပီး စားပြဲေပၚဖိတ္သြားတယ္။ ကိုယ့္ခြက္ကို ထည့္ေတာ့လည္း ေခ်ာ္ထြက္သြားျပန္ေသးတယ္။
ဘာလား ကမာၻႀကီးက ဘာျဖစ္ေနတာလည္း။ လည္တာ ေကာင္းေကာင္း မလည္ဘူး။ ဒီမွာ အရက္ေတာင္ထည့္လို႔ မရေတာ့ဘူးေလ။
ကြၽန္ေတာ့္ရဲ႕ အရက္ေသာက္ႏိုင္စြမ္း limit က ႏွစ္ပုလင္း။ ဂ်ယ္ယြန္း hyungက ႏွစ္ပုလင္းခြဲ။ ေပါင္းေတာ့ ေလးပုလင္းခြဲ ။
ဒါေပမဲ့ စားပြဲေပၚမွာ ရွိေနတဲ့ ပုလင္းခြံက
ရွစ္ပုလင္းး ။
" ေအ့ ေဆာႏူhyung ေအ့ ရက္စက္သယ္ ေအ့
ကြၽန္ေတာ့္ကို ထားပီးထြက္ ေအ့ သြားပီ
အီးဟီးး ေဆာႏူ hyung မေကာင္းဘူး "
မူးၿပီးေမွာက္သြားတဲ့ ေဆာႏူhyung ကို နီခီမွ လြန္ခဲ့တဲ့ နာရီဝက္ကတည္းက အိမ္ျပန္ေခၚသြားၿပီ ျဖစ္တယ္။ ကြၽန္ေတာ္နဲ႔ ဂ်ယ္ယြန္း hyung ကေတာ့ ထိုင္ရာမထ ႂကြက္တြင္းလုပ္လို႔ေကာင္းတုန္း။
ဆိုင္ထဲမွာ လူရွင္းသြားေပမယ့္ ကြၽန္ေတာ္တို႔အျပင္ လူနည္းနည္း က်န္ေသးတာေတာ့ သိတယ္။ ဘယ္သူမွန္းသာ မသိေတာ့တာ။ စကားသံေတြက နီးသြားလိုက္ ေဝးလာလိုက္နဲ႔ မသဲကြဲေတာ့ ။
ေဘးကေမွာက္ၿပီးအိပ္ေပ်ာ္သြားတဲ့ ဂ်ယ္ယြန္း hyungကို တခ်က္ၾကည့္ၿပီး ကြၽန္ေတာ္လည္း ေလးလံလာတဲ့ မ်က္ခြံေတြကို မွိတ္ခ်လိုက္တယ္။
ေနာက္ဆုံးၾကားလိုက္တာက .....
" ေဂ်ာင္ဝန္း .... ယန္းေဂ်ာင္ဝန္း...
မအိပ္သြားနဲ႔ဦးေလ... ေဂ်ာင္ဝန္း "
မန္ေနဂ်ာပက္ လႈပ္ႏႈိးေနတာသိေပမယ့္ မ်က္လုံးက မဖြင့္ႏိုင္ေတာ့ ။ ေဘးကို လွဲခ်လိုက္ေတာ့ အိပ္မက္ဆိုးေတြ ဖယ္ရွားေပးႏိုင္ေလာက္တဲ့ ရင္ခြင္ေႏြးေႏြးႀကီးထဲ ေရာက္သြားတယ္။
ဘာမွမသိေတာ့ အခုခ်ိန္ အိပ္ရဖို႔သာ
အေရးႀကီးတယ္......
🌤️🐈
ညက ကြၽန္ေတာ္ အိပ္မက္ေကာင္းေကာင္း မက္ခဲ့တယ္။ Yeri noona က ကြၽန္ေတာ့္ဆီ ေျပးလာၿပီး ဖက္လိုက္တယ္တဲ့။ အစက noona ဖက္လာေတာ့ ေၾကာင္သြားေပမယ့္ ကြၽန္ေတာ္လည္း ျပန္ဖက္ၿပီး ၿပဳံးၿပဳံးႀကီးနဲ႔ ေက်နပ္ေနတယ္။
ဒါေပမယ့္ ဖက္ထားတာ ပိုတင္းၾကပ္လာၿပီး ေနာက္ဆုံး အသက္ရႉဖို႔ေတာင္ ခဲယဥ္းလာလို႔ တြန္းဖယ္ေပမယ့္ မရ။
လန႔္ႏိုးလာကာ လက္ေတြ႕ကိုျပန္ေရာက္ေတာ့ အိပ္မက္ထဲကနဲ႔ တပုံစံတည္း ျဖစ္ေနတယ္။ မတူတာက ဖက္ထားတဲ့သူက ေတာင့္တင္းသန္မာတဲ့ လက္ေမာင္းတစ္စုံႏွင့္ ကြၽန္ေတာ့္ကို လြတ္ထားသြားမွာစိုးသည့္အလား ဖက္ထားျခင္းပင္။ သူ႔ရဲ႕အသက္ရႉသံကို ကြၽန္ေတာ့္နဖူးျပင္မွာ အတိုင္းသားခံစားေနရတယ္။
ကြၽန္ေတာ့္ရဲ႕လက္ေတြကလည္း သူ႔ခါးမွာ အံဝင္ခြင္က်ဖက္ထားေသးတယ္။ ဒါဘယ္လိုအေျခအေနႀကီးလဲ !!
ကြၽန္ေတာ္ မ်က္စိတစ္ဖက္ဖြင့္ အေနအထားကေန ဖက္ထားရာက ႐ုန္းလိုက္မွ အင္းအဲအသံျပဳကာ လႊတ္ေပးလိုက္တယ္။ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရသြားသလို ခံစားခ်က္နဲ႔ ငုတ္တုတ္ထိုင္လိုက္ၿပီး ကိုယ့္ကိုကိုယ္ ငုံ႔ၾကည့္လိုက္တယ္။
မေန႔ညက အဝတ္အစားအတိုင္းပဲ ေတာ္ေသးတာေပါ့။
အရက္နာက်ေနတဲ့ ေခါင္းကိုဖိကာ မ်က္လုံးကို အားယူ၍ ျပဴးကာ ပတ္ဝန္းက်င္ကို ၾကည့္မိလိုက္တယ္။ Classic အေငြ႕အသက္ေတြနဲ႔ ျပည့္လွ်ံေနၿပီး သပ္ရပ္မႈအတိုင္းအတာက next level ေလာက္ရွိတယ္။
ေသခ်ာတာကေတာ့ ကြၽန္ေတာ့္အခန္းမဟုတ္။ ကြၽန္ေတာ့္အခန္းဆိုလွ်င္ တံခါးဝမွာကတည္းက ပုံေနေသာ အဝတ္မ်ား ေတြ႕ရလိမ့္မည္။
အထဲကို ဆက္မၾကည့္ဖို႔ေတာ့ တိုက္တြန္းပါရေစ။ ေတာ္ၾကာ ဝင္ရွင္းေပးခ်င္စိတ္ေပါက္သြားမွာ စိုးလို႔ ဟီးး။
ကုတင္ေဘးက စားပြဲမွာ ေထာင္ထားတဲ့ ဓာတ္ပုံဆီ အၾကည့္ေရာက္ေတာ့ ပုံထဲမွာ all black ႏွင့္ မန္ေနဂ်ာပက္။ ဒါဆို ဒီအခန္းက......
ကြၽန္ေတာ့္ေဘးကို ၾကည့္ေတာ့ ေကြးေကြးေလး လွဲေနတဲ့ မန္ေနဂ်ာပက္။ ညက ကြၽန္ေတာ္ မူးၿပီးအိပ္ေပ်ာ္သြားတာေလ။
မန္ေနဂ်ာပက္ အသံကိုေနာက္ဆုံးၾကားလိုက္ၿပီး အိပ္ေပ်ာ္သြားတာ။ ဒါဆိုကြၽန္ေတာ့္ကို သူ႔အိမ္ေခၚလာတာထင္တယ္။
ၿပီးေတာ့ အားးးးးးး
အရက္မူးရင္ ေပၚလာတတ္တဲ့ ကြၽန္ေတာ္ရဲ႕ အက်င့္ဆိုးေတြ.....
ကုတင္ေပၚက ဆင္းၿပီး တံခါးဝဆီသြားမို႔ရွိေသး အရက္နာက်ေနတာေၾကာင့္ ယိုင္သြားေသးတယ္။ ၾကမ္းျပင္ေပၚက်မယ္ ထင္ထားေပမဲ့ ေပြ႕လာေပးတဲ့ လက္တစ္စုံ။
" အဆင္ေျပရဲ႕လား ။ ေခါင္းမူးေနေသးတာလား "
အိပ္ရာႏိုးႏိုးခ်င္းေတာင္ ၾကည္လင္ၿပီး ႏူးညံ့ေနတဲ့ အသံေၾကာင့္ ေခါင္းမူးေတာင္ ေပ်ာက္ခ်င္သလိုလို ။
" ဟုတ္ကဲ့ နည္းနည္း "
" လန္းသြားေအာင္ မ်က္ႏွာသြားသစ္လိုက္။ ၿပီးရင္ ေအာက္မွာ အားဂ်ဴးမားကို အမူးေျပဟင္းရည္ခ်က္ခိုင္းထားတယ္ ။ သြားေသာက္ရေအာင္ "
" ဟုတ္ "
ဘုံပိုက္ေခါင္းက က်လာတဲ့ ေအးစက္ေနေသာ ေရနဲ႔ မ်က္ႏွာကို သုံးေလးခါေလာက္ သစ္လိုက္ေတာ့မွ ေခါင္းနည္းနည္းၾကည္လာတယ္။ အရက္ေသာက္ၿပီးတိုင္း ဒီလိုျဖစ္ရင္ ေတာ္ေတာ္နဲ႔ မေပ်ာက္။ ဒါမဲ့လည္း မေသာက္ပဲမေနႏိုင္။ ဒီေန႔က ႐ုံးပိတ္ရက္မို႔ေတာ္ေသးတယ္။ ႏို႔မို႔ဆို ကုမၸဏီသြားႏိုင္မွာ မဟုတ္ဘူး။
မ်က္ႏွာသစ္ၿပီး မွန္ထဲၾကည့္လိုက္တဲ့ အခ်ိန္ တံခါးဝမွာလက္ပိုက္ကာ မွီေနေသာ မန္ေနဂ်ာႀကီးကို ေတြ႕ရလိုက္တယ္။ ကြၽန္ေတာ္ၿပီးမယ့္အခ်ိန္ကို ေစာင့္ေနပုံရတယ္။
ပုဝါတစ္ထည္ေပးၿပီး မ်က္ႏွာသုတ္လိုက္ဆိုၿပီး လက္ထဲထည့္ကာ အခန္းျပင္သို႔ ထြက္သြားတယ္။ကြၽန္ေတာ္လည္း မေနႏိုင္ မန္ေနဂ်ာပက္ေနာက္ လိုက္ၿပီး ေအာက္ထပ္သို႔ ဆင္းလိုက္တယ္။
ထမင္းစားခန္းထဲေရာက္ေတာ့ မန္ေနဂ်ာပက္က ခုံတစ္လုံးကို ဆြဲေပးၿပီး ကြၽန္ေတာ့္ကို ထိုင္ေစတယ္။ သူကေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ၿပီး အာဂ်ဴးမား ထမင္းျပင္ေပးတာကို ေစာင့္ေနတယ္။
" ေကာင္းေကာင္းစားပါ့မယ္ "
ယဥ္ေက်းမႈအရေျပာၿပီး ဟင္းရည္တစ္ဇြန္း ခက္ေသာက္လိုက္ေတာ့ အရက္နာက်တာ ေပ်ာက္သြားသလိုပင္။ အေမ့လက္ရာစားေနရသည့္အတိုင္း။
" အရမ္းအရသာရွိတယ္ အာဂ်ဴးမားနီး "
ေျပာရင္း လက္မေလးေထာင္ကာ ရယ္ျပလိုက္ေတာ့ အာဂ်ဴးမားက
" အာရီးဂူး ခ်စ္ဖို႔ေကာင္းလိုက္တာ
မ်ားမ်ားစားေနာ္ "
" ဟုတ္ကဲ့ ဟီးး "
ကြၽန္ေတာ္နဲ႔ အာဂ်ဴးမား ေျပာေနတာကို ၾကည့္ၿပီး အေရွ႕ကလူက ၿပဳံးေနတယ္။ ၿပဳံးလိုက္ေတာ့ေပၚလာတဲ့ အရာေလးေတြက ခ်စ္ဖို႔ေကာင္းရဲ႕သားနဲ႔ ဘာလို႔႐ုပ္တည္ႀကီးနဲ႔ ေနေနလဲမသိ။
ဟင္းရည္တစ္ပန္းကန္ ကုန္ေအာင္ ေသာက္ၿပီးေနာက္ အရက္နာက်တာ ယူပစ္သလို ေပ်ာက္သြားတယ္။ အခုမွ ေနလို႔ထိုင္လို႔ေကာင္းသြားတာပဲ ။ ေနပါဦး ဒီကိုဘယ္လိုေရာက္လာသလဲ ေမးရဦးမယ္။ ၿပီးေတာ့ ဂ်ယ္ယြန္း hyung ေကာ ဘယ္ေရာက္သြားတာလဲ။
" ဒါနဲ႔ ကြၽန္ေတာ္ ဒီကို ဘယ္လိုေရာက္လာတာလဲဟင္။ ၿပီးေတာ့ မေန႔ညက ေမွာက္သြားတာ ကြၽန္ေတာ္ တေယာက္တည္းမွ မဟုတ္တာ ။ ေဘးက ဂ်ယ္ယြန္း hyung ေကာဟင္ "
မန္ေနဂ်ာပက္က ဝါးလက္စ ထမင္းကို ကုန္ေအာင္ ၿမိဳခ်ၿပီးမွ ေျဖလာတယ္။
" မေန႔ညက ဆိုင္မွာ ကိုယ္ရယ္ ေဆာင္းဟြန္းရယ္ ေဂ်ာင္ဝန္းတို႔ႏွစ္ေယာက္ရယ္ပဲ က်န္ခဲ့တာ။
ေဂ်ာင္ဝန္းက အိပ္ေပ်ာ္သြားၿပီး ဘယ္လိုမွ ႏႈိးမရတာနဲ႔ ကိုယ့္အိမ္ေခၚလာလိုက္တာပဲ။ ေဘးက တစ္ေယာက္ကေတာ့ ေဆာင္းဟြန္းက သူနဲ႔သိတယ္ဆိုၿပီး ေခၚသြားတယ္ "
" ေအာ္ .... hyung အသိထင္တယ္
ဒါနဲ႔ေလ ... မေန႔ညက ကြၽန္ေတာ္ မူးေနတုန္း အမွားတစ္ခုခုမ်ား က်ဴးလြန္မိလား မသိဘူး "
" ရွိတာေပါ့ မမွတ္မိဘူးလား "
" ဘာ.... ဘာေတြလုပ္ခဲ့မိတာလဲဟင္ "
အရက္ေသာက္ျခင္းရဲ႕ ဆိုးက်ိဳးေတြအေနနဲ႔ အမူးလြန္ၿပီးျဖစ္ခဲ့တာေတြကို အမူးေျပၿပီးရင္ ဘာမွမမွတ္မိတာပဲ။ အခုလည္း ဘာမွ စဥ္းစားမရ။ တစ္ခုခု ဆိုး႐ြားတာမ်ိဳး မျဖစ္ပါေစနဲ႔ Jebal......
" မမွတ္မိရင္လဲ ထားလိုက္ပါ "
" ဗ်ာ! ေျပာျပပါဗ်။ အဲတာမွ ေတာင္းပန္လို႔ရေအာင္ "
" တကယ္ေျပာရမွာလား ။ ၿပီးမွ ထြက္မေျပးနဲ႔ "
" ဟုတ္ .. ဟုတ္ "
" ဟက္ ကိုယ္ေတာ့မထင္
ဒါဆို ေသခ်ာနားေထာင္ "
ပန္းကန္ေတြ သိမ္းေနေသာ အာဂ်ဴးမားကို အျပင္ခဏထြက္ခိုင္းၿပီး ထမင္းစားခန္းထဲ ကြၽန္ေတာ္တို႔ႏွစ္ေယာက္သာ က်န္ေစတယ္။ ဘာေတြေျပာမွာမလို႔လဲ မသိဘူး။ ေၾကာက္လာၿပီေနာ္။ အျဖစ္အပ်က္ေတြကို နားေထာင္ဖို႔ ကြၽန္ေတာ့္ စိတ္ကိုသာ ျပင္ဆင္ၿပီး ေသခ်ာသာ နားစြင့္လိုက္တယ္။
____________ A/N ______________
Click လည္းလုပ္ၾကပါဦးေနာ္ !!!!
𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻 𝓡𝓮𝓪𝓭𝓲𝓷𝓰 💓