THE BOY (Completed)
By Jeon_Audery
129K 10.7K 757
Kim Tae Hyung × Jeon Jung Kook Edit version More
(intro)
1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18 🚨
12
4.9K 507 34
By Jeon_Audery
မနက်ရောက်တာနဲ့Kim Tae hyungကအပြောနဲ့အလုပ်ညီစွာJungkookကိုစချော့တော့သည်
Jeon jungkookကသူ့ကိုလုံးဝလာမချော့လဲဘာအရေးလဲသူပြန်ချော့ပြမယ်ကြည့်နေ။
.
.
.
ရေချိုးခန်းထဲဝင်သွားတဲ့Jungkookထွက်လာရင်အဆင်သင့်ဝတ်လို့ရအောင်အကျီကြိုထုတ်ထားကာ
သဘတ်လေးကိုင်ရင်းရေချိုးခန်းဝမှာရပ်စောင့်နေလိုက်သည်။..အဲ့တာမှJungkookထွက်လာရင်သုတ်ပေးလို့ရမှာမလား
သူနဲ့Jungkookပုံစံကညားကစလင်မယားတွေလိုယောကျာ်းအလုပ်သွားဖို့ပြင်ဆင်ပေးနေတဲ့မိန်းမအဖြစ်သူပုံစံပေါက်နေရင်မျက်နှာကရဲခနဲ
လက်ကလည်းသဘတ်ကိုကြိုးကျေတဲ့အထိလိမ်မိနေတာ Jungkookထွက်လာတော့မှ သတိဝင်ကာရှက်ရကောင်းမှန်းသိတဲ့အဖြစ်
.
.
"Jungkookieကိုကိုရေသုတ်ပေးမယ်ဒီကိုလာခဲ့"
"နေပါစေ ကျနော့်ဘာသာသုတ်လိုက်ပါ့မယ်"
ကုတင်ပေါ်မှာထိုင်ကာရေသုတ်ပေးဖို့ခေါ်နေတဲ့Taehyungကိုကျော်ပြီးဘီရိုထဲရှိသဘတ်ကိုယူ​​ပြီးကိုယ်တိုင်ရေသုတ်နေ​ပြန်တယ်
အရင်ကဆိုJungkookieကသူလုပ်မပေးရင်ဂျီတိုက်နေတက်တဲ့ကောင်လေးအခုကြမှလေစိမ်းတွေတိုက်ပြီးချေမိုးနေတာဆန်းသည်
ထပ်​ပြီးTaehyungထုတ်ပေးထားတဲ့အကျီအစားဘီရိုထဲကအကျီတစ်ထည်ကိုကောက်ဝတ်ကာTaehyung​​တောင်မ​စောင့်ဘဲပြင်ထွက်သွားပြန်ရင်မျက်ရည်ကအလိုလိုဝဲလာတော့သည်။
ချီးဘဲမျက်လုံးထဲအကောင်ဝင်သွားတာလား ။
.
.
_____________
"jungkookieအတွက် ကိုကိုငါးရိုးနွှင်ပေးထားတယ်"
jungkookစားဖို့သူကိုတိုင်သေသေချာချာနွှင်းပေးထားတဲ့ငါးပန်ကန်ကိုထိုက​လေးထံတိုးပေးလိုက်သော်လ​​ည်း ထပ်ငြင်းလာပြန်သည်
"ရပါတယ် ကျနော့်ကြောင့်သူများကိုအလုပ်မရှုပ်စေချင်ဘူး "
သူများ?...ငါကသူများတဲ့လား
ကိုယ်ကိုအထင်ကြီးလွန်းခဲ့တာထင်တယ်အရင်ထဲကငါကသူ့အတွက်သူစိမ်းဖြစ်ခဲ့တာပေါ့
.
.
Jeon jungkoomရှေ့မှာဆက်နေရင်ငိုမိတော့မှာ စိတ်ကိုတင်း​ပြီးအိမ်နောက်ဘက်က တောအုပ်လိုနေရာလေးကိုခြေလှမ်းတွေဦးတည်လိုက်သည်
သစ်ပင်လေးတွေနဲ့အုံ့အုံ့ဆိုင်းဆိုင်းလေးဖြစ်နေကာတောအုပ်လေးသဖွယ်ဖြစ်နေတဲ့ထိုနေရာလေး
သူဒီအိမ်ကိုစရောက်ကတည်းကလာချင်ပေမယ့် အနားကနေအပျောက်မခံတဲ့jungkookကြောင့်မလာဖြစ်တာ...အခုတော့ထိုဝဲစားလေးကသူ့ကိုမလိုအပ်တော့ဘူးလေTaehyungထိုကလေးကိုအရမ်းစိတ်ဆိုးတယ် ချော့မယ်လို့တွေးထားတဲ့ကိစကိုလဲဖြတ်တယ်သူ့ဘက်ကစချော့စရာဘာအကြောင်းမှမရှိတော့ဘူး!
.
တွေးရင်းနဲ့ဝမ်းနည်းလာပြန်​တော့​ပင်စည်ခပ်ကြီးကြီးသစ်ပင်အောက်တွင်ထိုင်လိုက်ပြီး အပြစ်မရှိတဲ့မြက်ပင်တွေဆီသူ့ဒေါသ​တွေပုံရင်းဆွဲနှုတ်နေလိုက်တယ်
ဒီမျက်ပင်တွေနေရာမှာ Jeon Jungkookဆံပင်တွေဖြစ်သင့်တာ!
"နှာပွကောင်!..ငါ့ကိုသူစိမ်းတဲ့သူစိမ်းဆိုရင် ဘာလို့အဲ့နေ့ညကနမ်းခဲ့​သေးလဲငါ့ကိုကစားသွားတာလား! ငါကကလေးဆီမှာကစားခံလိုက်ရတာ​ပေါ့! အားရှ်"
.
.
"ဟင့်..ငါ့First Kissလေး "
.
.
ကိုယ့်နှုတ်ခမ်းကိုပြန်စမ်းကြည့်ရင်းသူ့မှာယူကြုံးမရ
အားရှ်..ငါ့မှာတော့ရင်ခုန်လိုက်ရတာသောက်ရူးတစ်ယောက်လိုမျိုး
.
.
စိတ်တိုတိုနဲ့နှုတ်ခမ်းကိုလက်တွေနဲ့ ပွတ်နေရင်းသတိရလိုက်တာကသူမြက်တွေကိုစိတ်တိုတိုနဲ့နှုတ်ထားတယ်ဆိုတာ
.
"ဖီ..ဖီ..အားရွံလိုက်တာ "
မြက်တွေနှုတ်လိုက်ဒေါသထွက်လိုက်နဲ့လုပ်ရင်းလက်ပန်းကျသွားရင်သစ်ပင်လေးကိုမှီကာမှေးခနဲ
အရိပ်ကလေးကလည်းကောင်း လေကလည်းတိုက်ဆိုတော့ခုနလေးတင်ထမင်းစားလာတဲ့သူကမျက်လုံးလေးကာအိပ်ချင်လာသည်
အား မျက်လုံးတွေဖွင့်စမ်း
အရမ်းအိပ်ချင်နေပေမယ့် ခုချိန်အိမ်ထဲပြန်သွားရင်Jeon Jungkookနဲ့အရင်ဆုံး​တွေ့ရမှာမလို့အိပ်ချင်ပြေအောင်လမ်းလေးဘာလေးထလျှောက်​ပြစ်လိုက်တယ်
.
.______________
Kim Taehyungဘယ်မှာလဲအခုသွားရှာခဲ့"
အရင်လို သောင်းကျန်းတာမျိုးမဟုတ်ပေမယ့်ဝမ်းနည်းနေတဲ့ပုံစံကြောင့် အိမ်တော်ထိန်းကြီးနဲ့အကူကောင်မလေးတွေမှာမနေသာတော့Kim Taehyungကိုတွေ့ဖို့ကသူတို့အရေးဖြစ်လာတော့သည်
နေ့လည်ထမင်းစားချိန်က သူပြောလိုက်တဲ့စကားကြောင့်မျက်ရည်လေးဝိုင်းကာပြေးထွက်သွားတဲ့ကိုကို
သူကိုကို့နောက်ကိုပြေးလိုက်သွားပေမယ့် အပြေးမြန်တဲ့ကိုကိုက ဘယ်ကိုပျောက်သွားမှန်းမသိလိုက်ဘူး
အစတည်းကလိုက်ရှာဖို့လုပ်ခဲ့တာ အိမ်တော်ထိန်းကြီးကပြန်လာပါလိမ့်မယ်ဆိုလို့​စောင့်နေပေမယ့်အခုထိပြန်မလာသေးဘူး
သူအရမ်းညံ့တာဘဲ ကိုကို့လိုနုနုဖက်ဖက်လေးကိုမှစိတ်ချပြီးလွှတ်ထားရတယ်လို့ကိုကိုတစ်ခုခုဖြစ်နေမလားဆိုတဲ့အသိနဲ့လူက ရူးမတက်ဘဲ
ဒါတွေအားလုံးကသူ့အမှားတွေသူသာ ကိုကို့အပေါ်အရမ်းမချုပ်ချယ်ခဲ့ရင် သဝန်မတိုခဲ့ရင်ဖြစ်မလာနိုင်ဘူးမလား
ကိုကိုကဖြူ​ဖြူစင်စင်ညီ​​လေးတစ်​ယောက်လိုချစ်ပေးတာဆိုပေမယ့်Jungkookမှမဖြူစင်ဘဲ ကိုကိုသာသိရင်မုန်းသွားမလား
.
.
ကိုကို့ရဲ့ဂရုစိုက်မှု့တွေထဲပျော်ဝင်နေတဲ့ကျနော့်ကို ကိုကိုသာမုန်းသွားရင်ကျနော်ဘလိုလုပ်ရပါ့မလဲ..ကျနော်ကအရမ်းစိတ်ပျက်ဖို့ကောင်းနေပြီလားကိုကို
.
.
.
ကိုကိုများရှိလေမလားဆိုတဲ့အသိနဲ့ ခြံထဲတစ်ဝိုက်ရှာဖွေနေမိသည်ကိုကိုကသူ့ကိုဘယ်တော့မှထားမသွားဘူးလို့ပြောခဲ့တယ်မလား
ကိုကို့ရဲ့စကားတွေက အလိမ်အညာမဖြစ်ပါစေနဲ့လို့ဆုတောင်းမိရင်းအိမ်အနောက်ဘက်ဘက်ကိုရောက်လာတဲ့သူ့ခြေလှမ်းတွေ
.
.
.
မျက်ရည်တွေကြောင့် မြင်ကွင်းကဝေဝါးနေရင်​တောင်ကိုကို့ရဲ့ပုံရိပ်ကလေးကိုအလွတ်ရနေခဲ့တာ
.
.
အိမ်အနောက်ဘက် တောအုပ်လေးဆီကနေ
ထွက်လာတဲ့ကိုကို့ပုံရိပ်ကလေးကိုမြင်မှစိတ်ထဲအေးချမ်းသွားရတယ်
တော်သေးတာပေါ့ ကိုကိုကတော့သူ့ကိုထားမသွားခဲ့လို့
.
.
"ကိုကိုရယ်... ကျနော်ဘလောက်လိုက်ရှာခဲ့ရသလဲ"
"ကုကီ...အင့်"
အဝေးကနေပြေးလာပြီးလူကိုလွတ်ထွက်မတက်ဖက်ထားတဲ့ပြန်တဲ့Jungkookကြောင့်သူဘာမှလိုက်မမှီပြန်တော့.ခန...သူငါ့ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလား?
ငါကကောသူ့ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလား ခေါင်းပေါ်ကလက်ကိုရောပြန်ဖယ်သင့်လား
"မရုန်းပါနဲ့ကိုကိုရယ်..ကျနော်တောင်းပန်ပါတယ် ကိုကို့ကိုနောက်တစ်ခါ ကျနော်မချုပ်ချယ်တော့ပါဘူး ကျနော့်ကိုတော့ထားမသွားပါနဲ့ကိုကိုကျနော်ရူးရလိမ့်မယ်"
ပုခုံးပေါ်က စိုစွတ်နေတဲ့အထိအတွေ့ဟာjungkoom ငိုနေတာ​ကြောင့်မှန်းသိလိုက်သည်
မျက်ရည်သုတ်ပေးချင်ပေမယ့်လုံးဝမလွှတ်တဲ့အ​ပြင်လှုပ်မရတဲ့အခြေအနေနဲ့အသက်တောင်မနည်းရှုနေရသည်။
ဒီအကိုကြီးကထွက်မပြေးပါဘူးBro မင်းဒီလိုဆက်ဖက်နေရင်ငါ့နံရိုးနှစ်ချောင်းလောက်ကြိုးသွားနိုင်တယ်
"ကျနော်ကိုကို့ ကိုချုပ်ချယ်တာက သဝန်တိုလို့ပါ...ကိုကိုမကြိုက်ရင်နောက်တစ်ခါမလုပ်တော့ပါဘူး ကျနော့်ကိုစိတ်မပျက်ပါနဲ့"
"ကိုကို မင်းကိုစိတ်မပျက်စရာလားအရူး​လေးရဲ့ကို့ကိုယ်ဘဲ စိတ်ပျတ်တာကုကီစိတ်ဆိုးအောင်လုပ်မိလို့"
.
.
သူ့စကားကိုကြားတော့မှသက်ပျင်းလေးချကာသူ့ကိုစိတ်ပျက်သွားပြီထင်နေတာဆိုပြီးရေရွတ်လာသည်
တကယ့်အရူးလေး ကိုယ်လိုရာကိုဘဲဆွဲတွေးနေတော့တာ
"ကျနော်နောက်ဆိုကိုကို့အပေါ်မဆိုးတော့ပါဘူး ကိုကို့စိတ်ကြိုက်နေပေးမှာမို့ထားမသွားပါနဲ့ "
"ကိုကို့စိတ်ကြိုက်နေပေးစရာမလိုပါဘူးကုကီ...​ပြီးတော့ကိုကိုမင်းကိုလဲထားမသွားပါဘူး"
"ကျနော်ကိုကို့ ကိုချစ်တယ်"
.
Taehyungရဲ့ခါးတစ်ဝိုက်မှာjungkookလက်တွေက တင်းကျပ်စွာတည်ရှိနေပြီး
အခုန်မြန်နေတဲ့နှလုံးသားတစ်စုံက အကို့ကိုဘလောက်ချစ်ကြောင်းကျွေးကြော်နေပြန်သည်..ကျနော့်အချစ်တွေကိုအကိုသိလောက်မယ်မလား
တိုးတိုးလေးဆိုပေမယ့် ကိုကို့ နှလုံးသားထဲအထိချစ်တယ်ဆိုတဲ့အသံလေးက တန်ပြန်ရိုက်ခတ်နေခဲ့တာ
.
.
မသေချာမရေရာတဲ့ချစ်ခြင်းကို ကိုကိုတို့ဘ
ယ်လိုခေါင်းစဥ်တပ်ကြမလဲကုကီ
ညီအကိုလိုဘဲချစ်ကြမလား ချစ်သူလိုမျိုးချစ်ချင်တာလား
.
.
"မှောင်တော့မယ် ကိုကိုတို့ပြန်ကြရအောင်လေ"
စကားလမ်းကြောင်းလွှဲကာ ကျနော့်စကားကိုမကြားခဲ့သလိုပြုမူနေပြန်တယ်
ရပါတယ်ဒီစကားကို ကိုကိုအသိအမှတ်ပြုထဲအထိကျနော်ဆက်ပြောနေအုံးမှာ။
________________
Jeon Ra Ra
.
.
.
.
.
.
.
_____________
.
.
.
.
.
"ဟင့်..ငါ့First Kissလေး "
.
.
.
.
.
"ဖီ..ဖီ..အားရွံလိုက်တာ "
.
.______________
.
.
.
.
.
.
.
.
.
.
.
.
"ကုကီ...အင့်"
.
.
.
.
.
.
.
________________
Jeon Ra Ra
Continue Reading
You'll Also Like
111K 18.9K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
70.5K 4.1K 14
"uncle jeon ကမတရားလိုက်တာ အကိုထယ်ဂုကို နမ်းတာ အပြစ်လား ...." "အေး အပြစ်ပဲ ငါ့သားကို ငါတောင်နမ်းလို့ မဝသေးတာ ...." "အဖေက နမ်းလို့မဝတိုင်း တစ်ခြားသူက မ...
85.3K 10.8K 14
98.7K 6K 20
အလှလေးကအခွန်မဆောင်ရတိုင်းကိုလှချင်တိုင်းလှနေတော့တာ။မောင်ကလည်းအလှလေးနဲ့ကျမှဘဲသွေးတွေ ပြောင်းပြန်စီးကုန်တာ။နှလုံးခုန်တာတောင်'အလွေလး...... အလွေလး'နဲ့။မေ...