MINE(Completed)
By Heki-21
15.8K 1.8K 168
**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... More
Intro
1
2
3
4
5
6
7
8
9
11
12
13
14
15
16
17
18
19
20
21
22
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)
10
361 51 2
By Heki-21
Zgy
Mine 10
"အိုပါး.."
ကောင်မလေးတစ်ယောက်။
"ဒါလေး အိုပါး အတွက်"
"အော အော
ကျေးဇူး.."
"အင်း"
"ဒါဆို ဘာလို့"
"အခုသောက်ချင်လာလို့
ပြီးတော့.."
"ကောင်မလေး တစ်ယောက်ယောက်နဲ့ တွဲနေတယ်ကြားရင် မင်းကာတွန်းခိုးဖတ်နေတာ ဉီးလေးနဲ့တိုင်မယ်"
"မင်းက မတရားတာပဲ"
"ဟုတ်တယ် မတရားဘူး
"ဒါပေမယ့်လဲ.."
"ဘတ်ဟျွန်း"
"ထပ်ပြောကြည့်စမ်း
နားလည်လား"
"အွန်း"
"ချန်းယောလ်...
မင်းရော နောက်ကျတာလား"
"အင်း"
************
"ဘာ "
**ဘတ်ဟျွန်းကို ကျွန်တော်တောင်းထားတာ ဉီးလေးတောင်းထားတာလဲ မဟုတ်ပဲနဲ့ ဘတ်ဟျွန်းက ကျွန်တော့အပိုင် ကျွန်တော်ပြောတာပဲ နားထောင်ရင်ရပြီ**
ထိုသို့ပြောပြီး ဆိုလ်းမှာရှိတဲ့ ချန်းယောလ်အမေဆီက လစဉ် ထမင်းစရိတ် နေထိုင်စရိတ် အသုံးစရိတ်အားလုံးကို တောင်းပြီး ဘတ်ဟျွန်းအတွက်ကို ဉီးလေးကြီးဆီပေးခဲ့တာ အဲ့ဒီစကါးပြောပြီးထဲက။ ဉီးလေးကြီးက စတာလို့ ဘယ်လိုပြောလို့မှ မရပဲ အဲ့ဒီလထဲက လစဉ် ကို မပျက်မကွက်ပေးတော့တာ။ ချန်းယောလ်က သူသာ ဉီးလေးကြီးဆီက အလကားစားပေမယ့် ဘတ်ဟျွန်းအတွက် နေထိုင်စရိတ်ကိုတော့ နည်းနည်းလေးမှ မလျော့မပေါ့စေတော့တာ။
အ​စောပိုင်းလတွေမှာ ဉီးလေးကြီးက ငြင်းသော်လည်း လက်မခံကြောင်း ဘယ်လိုပြောသော်လည်း မရတော့တဲ့အခါ နောက်ဆုံးမှာ ချန်းယောလ်ပေးတဲ့ အတိုင်း လစဉ်ငွေတွေကို လက်ခံရတော့တယ်။
#Heki
Uni
Mine 10
"အိုပါး.."
ဘတ်ဟျွန်းတို့ ကျောင်းမုန့်စားဆင်းချိန် အားကစားကွင်းနားမှာ ထိုင်နေတဲ့ အချိန်တွင်ဖြစ်သည်။
ကောင်မလေးတစ်ယောက်။
ဘတ်ဟျွန်းတို့နဲ့ ရွယ်တူလောက်ဖြစ်ဟန်တူသည်။ ဘတ်ဟျွန်းသောက်နေကြ ကိုလာဘူးလေး လက်ထဲမှာ ကိုင်ထားပြီး မရဲတရဲ မျက်နှာလေးက ခေါင်းငုံ့ထားတာမို့ ဆံပင်တွေနဲ့ ကွယ်နေသေးတယ်။
"ဒါလေး အိုပါး အတွက်"
ဘတ်ဟျွန်း ရင်ဘတ်နားရောက်လာတဲ့ ကိုလာဘူး အနီရောင်လေး။
ဘတ်ဟျွန်း ရောင်ရမ်းယူလိုက်ရသည်။
"အော အော
ကျေးဇူး.."
ဘတ်ဟျွန်း လက်လွှဲယူလိုက်တာနဲ့ ပြုံးပျော်ကာ လှည့်ထွက်သွားတဲ့ ကောင်မလေး။
ပြီးနောက် တစ်ဆက်တည်း ဆွဲလုခံလိုက်ရတဲ့ ဘတ်ဟျွန်းလက်ထဲက အေးမြနေတဲ့ ကိုလာဘူး အနီရောင်လေး။
"အခုကစပြီး မင်း ကိုလာမသောက်နဲ့"
ဖောက်ခနဲ ဖောက်ယူလိုက်တဲ့ ဘူးလေးရယ် တစ်မော့တည်း မော့ချလိုက်တဲ့ ချန်းယောလ်ရယ်။ ပြီးတော့ ဆိုဂျူသောက်ပြီးရင် ခွက်မှောက်သလိုမျိုး သူ့ခေါင်းပေါ်ကို မှောက်ချပြလာတဲ့ တစ်စက်တောင်မကျန်တော့တဲ့ ကိုလာဘူးရယ်။
ချန်းယောလ်က တစ်ခါတလေ အဲ့ဒီလို ထူးဆန်းတတ်ပါတယ်။
"မင်း ကိုလာမကြိုက်ဘူး မဟုတ်ဖူးလား"
"အင်း"
"ဒါဆို ဘာလို့"
"အခုသောက်ချင်လာလို့
ပြီးတော့.."
ဘတ်ဟျွန်း မျက်လုံးတွေထဲ စူးစိုက်ကြည့်နေတဲ့ ချန်းယောလ်မျက်ဝန်းဝိုင်းဝိုင်းတွေမှာ အလိုမကျမှုတွေ အထင်းသား။ ပြီးတော့ အမိန့်ဆန်မှုတွေ...
"ကောင်မလေး တစ်ယောက်ယောက်နဲ့ တွဲနေတယ်ကြားရင် မင်းကာတွန်းခိုးဖတ်နေတာ ဦးလေးနဲ့တိုင်မယ်"
"မင်းလဲ အီစလီတွေ အများကြီးပဲလေ.."
"ငါတွဲရင်တောင် မင်းတော့မရဘူး"
"မင်းက မတရားတာပဲ"
"ဟုတ်တယ် မတရားဘူး
မင်းကငါ့အပိုင်မို့ ငါပြောတဲ့ အတိုင်းပဲ လုပ်ရမယ်"
ချန်းယောလ်အသံက တဖြေးဖြေး အေးစက်လာသလို လေထုကပါ ထုံထိုင်းလာတယ်။ ချန်းယောလ်ရဲ့ စိတ်ရှုပ်မှု level ဘယ်လောက်မြင့်နေလဲ အတတ်သိနေလောက်တဲ့အထိ။
ဒါပေမယ့်လဲ ဘတ်ဟျွန်း နည်းနည်းလေး အထွန့်တက်ချင်တဲ့ စိတ်အခံကြောင့်..
"ဒါပေမယ့်လဲ.."
"ဘတ်ဟျွန်း"
ချန်းယောလ်က လက်ထဲက ကိုလာဘူးကို ဖြစ်ညစ်ရင်း ဘတ်ဟျွန်းနာမည်ကို အံကြိတ်ခေါ်လာတယ်။ ဘတ်ဟျွန်း အနည်းငယ် ကြောက်လာသလိုပဲ။ ချန်းယောလ် ဒီလေါက်ထိ ဒေါသထွက်ဖူးတာ အဖေဆုံးတဲ့ နေ့တုန်းကသာ တွေ့ဖူးသည်။ ဒါပေမယ့် ဒီတစ်ခေါက်က ဘာမှ စိတ်ဆိုး ဒေါသထွက်စရာမှ မရှိပဲနဲ့။
လိမ်ကောက်သွားတဲ့ ကိုလာဘူးဟာ ချန်းယောလ်ဒေါသကြောင့် ပစ်ပေါက်ခံလိုက်ရပြီးနောက်မှာ ဘတ်ဟျွန်း ပုခုံးနှစ်ဖက် တင်းနေအောင် ဆုပ်ကိုင်ခံလိုက်ရတယ်။
"ထပ်ပြောကြည့်စမ်း
သတ္တိရှိရင် ရည်းစားထားဖို့ စကားထပ်ပြောကြည့်လိုက် ဘတ်ဟျွန်း "
"ငါက ...ဒီအတိုင်းပဲ ပြောလိုက်တာကို"
"စနောက်ပြီးတောင် မပြောနဲ့
နားလည်လား"
"အွန်း"
ဖြေလျော့သွားတဲ့ ပုခုံးတွေ လွတ်လပ်သွားပြီးနောက်မှာ ချန်းယောလ်က ဘတ်ဟျွန်းကိုချန်လို့ ခြေလှမ်းကျဲကြီးတွေနဲ့ အရင်ထွက်သွားတယ်။
ဘတ်ဟျွန်းတစ်ယောက်တည်းသာ နားမလည်မှုတွေနဲ့ အားကစားကွင်းထဲမှာ တစ်ယောက်တည်း။
အကြောင်းခံက ကျောင်းတက်ခေါင်းလောင်းသံ မကြားမိလိုက်လို့..
အားရှိသမျှ အကုန်သုံးပြီးပြေးနေပေမယ့် ဆရာက အတန်းထဲ ဝင်နှင့်နေပြီးပြီ။
ပြီးတော့ အတန်းဝမှာ ကျောမှီပြီး ခြေနှစ်ဖက်ချိတ်ရပ်နေတဲ့ ပတ်ချန်းယောလ်။
"ချန်းယောလ်...
မင်းရော နောက်ကျတာလား"
"အင်း"
************
နောက်ရက်ကျောင်းတက်ရက်တွေမှာ ဘတ်ဟျွန်းဆီမှာ ထူးဆန်းအရာတစ်ခု ကြုံလာခဲ့တယ်။ အဲ့တာကတော့ အရင်နေ့က ကိုလာဘူးပေးတဲ့ ကောင်မလေးက ဘတ်ဟျွန်းကို လမ်းမှာ အမှတ်တမဲ့တွေ့ရင်တောင် ရှောင်ပြေးသွားတာပဲ။ ဘတ်ဟျွန်းနားမလည်နိုင်ဖြစ်ခဲ့ရပေမယ့်လည်း အရေးတယူလုပ်မနေပါဘူး။ ဘာလို့ဆို အထူးတလည်စိတ်ဝင်စားရလောက်အောင် အဲ့ဒီကောင်မလေးကို ဘတ်ဟျွန်က သဘောကျမနေခဲ့ဘူးလေ။ နောက်ပြီး ချန်းယောလ် ရည်းစားစထားလာတာပါပဲ။ အရင်က အီစကလီအဆင့်လောက်ပေမယ့် အဲ့ဒီနေါက်နေ့က စပြီး ချန်းယောလ်က ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲတယ်။ ပြီးတော့ သူသွားတဲ့နောက် တကောက်ကောက်လိုက်ရသူက ဘတ်ဟျွန်းပါပဲ။
အဲ့လိုနေ့ရက်တွေမှာ ဘတ်ဟျွန်း ဘယ်လိုပဲ အကြောငိးပြပြ ချန်းယောလ်က ရအောင် ခေါ်တတ်တယ်။ သူများ အတွဲကြားမှာ third wheel အဖြစ် ဘတ်ဟျွန်းက ကန့်လန့်လေးဖြစ်နေတော့တယ်။
"ဘတ်ဟျွန်း မနက်ဖြန် ယူမီနဲ့ ချိန်ထားတယ် ညနေ ငါးနာရီ"
"ငါ ငါးနာရီကျရင် ဂျူဒိုသင်တန်းသွားရမှာ"
"ရတယ် ငါဆရာ့ဆီမှာ ပြောပြီးပြီ"
"ဘာ "
ချန်းယောလ်က အဲ့လိုမျိုးလဲ တဇွတ်ထိုးဆန်တတ်သေးတယ်။ ဦးလေးကတော့ ဆုံးမပါတယ်။ ဒါပေမယ့် ချန်းယောလ်ရဲ့ လက်သုံးစကားက
**ဘတ်ဟျွန်းကို ကျွန်တော်တောင်းထားတာ ဦးလေးတောင်းထားတာလဲ မဟုတ်ပဲနဲ့ ဘတ်ဟျွန်းက ကျွန်တော့အပိုင် ကျွန်တော်ပြောတာပဲ နားထောင်ရင်ရပြီ**
**ရား ပတ်ချန်းယောလ် ဘတ်ဟျွန်းကို တင်ကျွေးထားတာ ငါပါကွ**
**မနက်ဖြန် အမေ့ဆီက လှမ်းတောင်းပေးမယ် **
ထိုသို့ပြောပြီး ဆိုလ်းမှာရှိတဲ့ ချန်းယောလ်အမေဆီက လစဥ် ထမင်းစရိတ် နေထိုင်စရိတ် အသုံးစရိတ်အားလုံးကို တောင်းပြီး ဘတ်ဟျွန်းအတွက်ကို ဦးလေးကြီးဆီပေးခဲ့တာ အဲ့ဒီစကါးပြောပြီးထဲက။ ဦးလေးကြီးက စတာလို့ ဘယ်လိုပြောလို့မှ မရပဲ အဲ့ဒီလထဲက လစဥ် ကို မပျက်မကွက်ပေးတော့တာ။ ချန်းယောလ်က သူသာ ဦးလေးကြီးဆီက အလကားစားပေမယ့် ဘတ်ဟျွန်းအတွက် နေထိုင်စရိတ်ကိုတော့ နည်းနည်းလေးမှ မလျော့မပေါ့စေတော့တာ။
အ​ေစာပိုင်းလတွေမှာ ဦးလေးကြီးက ငြင်းသော်လည်း လက်မခံကြောင်း ဘယ်လိုပြောသော်လည်း မရတော့တဲ့အခါ နောက်ဆုံးမှာ ချန်းယောလ်ပေးတဲ့ အတိုင်း လစဥ်ငွေတွေကို လက်ခံရတော့တယ်။
ချန်းယောလ်က ဘတ်ဟျွန်းနဲ့ ပတ်သတ်လာရင် မထင်မှတ်ထားတဲ့ ကိစ္စတွေမှာတောင် ကြောက်စရာကောင်းအောင် မာနကြီးတတ်တယ် ။စိတ်ဆိုးလွယ်တတ်တယ်။
အဲ့ဒီလို ပတ်ချန်းယောလ်နဲ့ ဘတ်ဟျွန်းဆိုတဲ့ ကျွန်တော်က အထက်တန်းကျောင်းသားဘဝကို ထိုကဲ့သို့ အစပြုခဲ့တယ်။
ကျွန်တော်ဟာ ပတ်ချန်းယောလ်ရဲ့ အပိုင်ဖြစ်တယ်။
#Heki
Continue Reading
You'll Also Like
23.9K 1.1K 18
တော်ဝင်မျိုးနွယ်နဲ့သာမာန်လူလတ်တန်းစားလေးတို့ရဲ့အချစ်အကြောင်းပါ.. ကတိတစ်ခုနဲ့စခဲ့တဲ့သူတို့ရဲ့ချစ်ခရီးလမ်းကိုသာသာကစိတ် ကူးပုံဖော်ထားတာမို့လို့သည်းခံပြီ...
1.8K 201 3
''မင်းကငါ့ရဲ့ နွေဦးလေးပဲ''
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
674K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...