Unicode
အခန်းနံပါတ် - 143
ဆေးရုံ အခန်းတံခါးကို တွန်းဖွင့်ပြီး အလောတကြီးဝင်လာတဲ့ မင်းစစ် ။ သူ့မျက်နှာမှာ ပြေးလွှာလာရသဖြင့် ချွေးများနှင့် ရွှဲနစ်နေသည် ။
လူနာကုတင်ပေါ်မှာရှိသော ဖခင်ဖြစ်သူစီ စိုးရိမ်တကြီး အနားသွားလိုက်ကာ အခြေအနေကို စိုင်းအား မေးလိုက်၏ ။
"အဖေဘာဖြစ်တာလဲ စိုင်း''
"နှလုံးထဖောက်တာလို့တော့ ဆရာဝန်ကြီးက ပြောတာဘဲ ၊ အခုထိတော့ သတိမလည်သေးဘူး''
"မေ့ပြီးလဲကျတော့ ခေါင်းကို စောင့်မိသွားတယ်တဲ့ ခေါင်းကိုပါ ချုပ်ထားရတယ် ဘယ်ချိန်မှ သတိရမလဲတော့ ဆရာဝန်တွေလဲ အတိအကျမသိကြဘူး''
စိုင်းက မင်းစစ်၏ ဖြူဖက်နေသော မျက်နှာကိုဘဲ မသက်မသာကြည့်ရျ် ပြောပြနေရသည် ။ ဒီကောင် သူ့အဖေကို မုန်းတယ်သာပြောတာပါ အခုလိုဖြစ်တော့လည်း သူနေနိုင်တာမှ မဟုတ်ဘဲ ၊ သွေးသားကစကားပြောတယ်ဘဲ ဆိုရမလား ။
"ဆရာဝန်က အများကြီးလဲ မစိုးရိမ်ရပါဘူးတဲ့ မင်းစစ်ရာ အဲ့လောက်လဲ မင်းစိတ်ထိခိုက်မနေပါနဲ့ ၊ အန်ကယ်အမြန်ဆုံး သက်သာလာမှာပါ''
"ငါ....ငါက ဘာလို့ စိုးရိမ်ရမှာလဲ မကောင်းတတ်လို့သာ ငါလာကြည့်ပေးတာ ၊ ဒီလူက ငါနဲ့ဘာမှ မပတ်သတ်တော့ဘူး''
"မင်းငါ့ကို လိမ်လို့ရမယ် ထင်နေလား မင်းစစ်!''
"ငါကဘာတွေ လိမ်နေလို့လဲ စိုင်း....''
"မင်းအဖေကို မင်းမမုန်းနိုင်ပါဘူး မင်းသိပ်ချစ်တာ ငါသိပါတယ် မင်းစစ်ရယ် ကိုယ့်ကိုကိုယ် အဲ့လောက် လိမ်ညာမနေစမ်းပါနဲ့ကွာ''
"ငါမချစ်ဘူး ငါကသူ့ကိုမုန်းတာ စိုင်း! သူ့ကြောင့် ငါ့အမေက စိတ်ရောလူရော ပင်ပန်းပြီးသေခဲ့ရတာ ၊ တကယ်ဆို ငါ့အချစ်တွေနဲ့ မထိုက်တန်သလို ငါ့အဖေဖြစ်ဖို့လဲ အဲ့လူကမတန်ဖူး!''
"မင်းစစ်...တော်တော့! မင်းငရဲကြီးမယ်''
"ငရဲကြီးမယ်? ဟုတ်လား? ဟား..ဟား... မင်းငါ့ရဲ့ ခံစားချက်တွေကို နားမလည်ဘူးလို့တော့ မပြောနဲ့ စိုင်း! မင်းလဲ ငါ့လိုဘဲမလား ငါ့လိုဘဲ မင်းမခံစားရဘူးလားကွ! စိုင်းရ! ဟမ်! "
"ငါ့ဘဝကြီးမှာလေ အဖေဆိုတာ ရှိနေရက်နဲ့ အဖေတစ်ယောက်စီက ဘာမေတ္တာတစ်ခုမှ မရခဲ့တဲ့ ငါ့ခံစားချက်ကို မင်းစဥ်းစားကြည့်ပေးလား''
"ဒီလူကတော့ရော သူ့သားဖြစ်တဲ့ငါ့ဘက်ကို တစ်ချက်လေးကြည့်ပေးခဲ့ဖူးလား ငွေပုံထဲမှာဘဲ ထိုးထည့်ခဲ့တာကွ! မိဘမေတ္တာဆိုလို့ ငါ့အမေစီကဘဲ ရခဲ့တဲ့ငါ့အတွက်ကရော သူကြည့်ပေးခဲ့ဖူးလား!''
"ငါသိပါတယ် မင်းစစ်ရယ်....ငါသိပ်သိတာပေါ့ကွာ မင်းရဲ့ခံစားချက်တွေကို ငါလဲခံစားနေရတာပါကွာ''
"ငါ့အပေါ်မှာ ဘာမှမကြည့်ပေးခဲ့တဲ့သူ့ကို ငါ့သိပ်မုန်းချင်တာပေါ့ စိုင်းရ အရမ်းလဲ နာကျည်းပစ်လိုက်ချင်တာ၊ ဒါပေမဲ့ မင်းသိလား ငါအဲ့လို မလုပ်နိုင်ခဲ့ဘူး ငါ့အဖေဆိုတဲ့အသိနဲ့ တစ်ခါလောက်ဖြစ်ဖြစ် သူ့စီက မေတ္တာအမှုန်အမွှားလေးတစ်ခုလောက်ဆိုရင်ကို ငါလိုချင်ခဲ့တာ''
"သူကလေ သူ့ရဲ့မယားငယ်တွေအတွက်ဘဲ ကြည့်တာကွ၊ ငါ့အမေကိုလဲ သူမချစ်ဘူး ငါ့ကိုလဲ သူမချစ်ဘူး ငါတို့သားအမိနှစ်ယောက်လုံးကို သူလုံးဝမချစ်ခဲ့ မကြင်နာပေးခဲ့ဘူး!''
"ငါမမုန်းသင့်ဘူးလား စိုင်း ၊ ငါအဖေ့ကို မနာကျည်းသင့်ဘူးလားစိုင်းရ ဟမ်!''
မျက်ရည်တွေက ထိန်းမရစွာ ပါးပြင်ထက်ကနေ စီးကျလာသည် ။ သူဟာလည်း မင်းစစ်လိုဘဲ မေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်ပါလေ ။ မိဘတွေစီက သားသမီးတိုင်းလိုချင်ကြတဲ့ အရာတစ်ခုကလည်း မင်းစစ်ပြောသလို မေတ္တာတွေပါဘဲ ။
ပတ်ဝန်းကျင်က သူတို့ကို ပြည့်စုံတဲ့ ဘဝမှာနေနေရတယ်လို့သာထင်ကြလိမ့်မည် ။ လက်တွေ့မှာတော့ သူတို့တွေဟာ မေတ္တာမဲ့နေရတဲ့ လူကြမ်းကြီးတွေဖြစ်သည် ။ မမျှော်လင့်ပါဘူးလို့ ပါးစပ်ကသာပြောနေမိလိမ့်မည် သို့သော်လည်း လိုချင်မိကြတာပါဘဲ ရခဲ့မယ်ဆိုရင်ပေါ့ ။
သူရင်ခွင်ထဲတိုးဝင်ငိုရှိုက်နေတဲ့ မင်းစစ်က သူ့အတွက်တော့ သူငယ်ချင်းတစ်ယောက်ထက်ပိုစွာ ညီအကိုအရင်းခြားတစ်ယောက်လိုကို ခင်တွယ်ရပါသည် ။ သူ့သူငယ်ချင်း၏ ခံစားချက်တွေကိုလည်း သူအသိဆုံးပင် အန်ကယ်နဲ့ သူ့ကို ပြန်အဆင်ပြေစေချင်တာကလည်း သူ့စိတ်ရင်းအမှန်သာဖြစ်၏ ။
အခန်းအပြင်ဘက်ရှိ ကောင်လေးမှာလည်း ချစ်ရသူရဲ့ ဝမ်းနည်းခြင်းတွေကို မျှဝေပေးချင်နေမိသည် ။
ခြိန်း၏ ကိုကိုက မေတ္တာငတ်နေခဲ့တာတဲ့လား ။ သူတောင်မှ ဖေဖေ၏မေတ္တာတွေကို အပြည့်အဝရရှိခဲ့သေးသည် ။ သူ့ကိုကိုမှာတော့ ငယ်စဥ်ကတည်းက အနာရနေခဲ့တာတဲ့လား ။
တောင်းပန်ပါတယ် ကိုကို..... တကယ်ဆို ကိုကိုမှာ အပြစ်မရှိခဲ့တာတောင်မှဘဲ လက်စားချေချင်နေမိတဲ့ ကိုယ့်အပြစ်တွေပါ ။
ငိုနေတဲ့ ချစ်ရသူ၏မျက်ရည်တွေကို သူကိုယ်တိုင် ချော့ယူတိတ်စေချင်သော်လည်း လက်တွေ့မှာ သူအခန်းထဲသို့ ဝင်ရန်တွန့်ဆုံ့နေမိသည် ။ ခြေထောက်တွေက ကျောက်ရုပ်ကြီးတွေလို မလှုပ်မရရက်ရှိနေပြီး နောက်ကိုသာပြန်ဆုတ်ချင်နေမိ၏ ။
မလုံမလဲစိတ်ကြောင့် ဦးခေါင်းကိုသာ မြေကြီးပေါ်ကျတော့မတတ် ငုံ့ကိုင်းထားမိသည် ။ ထိုအချိန် သူ့အရှေ့တွင် ဒေါက်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည့် သူတစ်ယောက်လာရပ်လေသည် ။
"ဘာလဲ... နောင်တရနေတာလား သားမာန်''
ငုံ့ကိုင်းနေသည့်ခေါင်းဟာ သားမာန်ဟုကြားလိုက်ပြီးနောက် သူမမျက်နှာရှိရာကို မော့ကြည့်လာသည် ။
"မခေါ်နဲ့ ကျုပ်ကို သားလို့''
"မင်းကငါ့သားဘဲလေ ကိုယ့်သားကိုတောင် သားလို့ခေါ်ခွင့်မရှိတော့ဘူးလား သားမာန်ရယ်''
သူမဟာ သားမာန်ဆိုသောနေရာကို အသံမြင့်ရျ်ပြောလိုက်ပြီး မျက်လုံးတွေက လှောင်ရိပ်တွေနှင့် ပုံဖော်နေသည် ။
"ခင်ဗျားကျုပ်နဲ့ လိုက်ခဲ့!''
ခြိန်းက စိတ်ဆိုးလွန်းလာတာကြောင့် မျက်လုံးတွေက မူလထက်ပိုရဲလာပြီး သူမ၏လက်ကို အတင်းဆွဲခေါ်လာတော့၏ ။
ဆေးရုံ၏ အပေါ်ဆုံးအထပ်သို့ရောက်လာမှ လက်ကိုဆောင့်တွန်းပစ်လိုက်ပြီး သူ့၏ နီရဲခပ်ထန်နေသော မျက်လုံးတွေနှင့် ဒေါ်မိုးထိပ်ထားစံအား ကြည့်လာပြန်သည် ။
"ငါ့က နင့်အမေနော် မာန်ဝဏ္ဏခြိန်း! ငါ့ကို မလေးမစားလာမလုပ်နဲ့''
"ခင်ဗျား တမင်လုပ်တာမလား!!!''
"ငါကဘာကို တမင်လုပ်ရမှာလဲ! မာန်ဝဏ္ဏခြိန်း! ငါ့ကိုဘာတွေလာမေးနေတာလဲ!''
"ဦးမင်းစစ်ခမ်းလျှံကို ဒီလိုဖြစ်အောင် ခင်ဗျားလုပ်လိုက်တာမလားလို့ ကျုပ်မေးနေတာ!''
"ဟုတ်တော့ရော နင်ကငါ့ကိုဘာလုပ်ချင်လို့လဲ! ငါကသူ့ကို အမှန်တရားလေး နည်းနည်းပဲပြောလိုက်တာပါ သူ့ဘာသာမလုံမလဲတွေဖြစ်ပြီး မေ့လဲတာလေ ငါနဲ့ဘာမှမဆိုင်ဘူး''
"ခင်ဗျား!!!''
"နေပါအုံး....ငါဒီလိုလုပ်တာ နင်ကဝမ်းသာရမှာ မဟုတ်ဘူးလား ဟမ်! နင်ကိုယ်တိုင် သူ့ကိုအဲ့လိုဖြစ်စေချင်ခဲ့တာဘဲမလား''
ဒေါ်မိုးထပ်ထားစံ၏ စကားအဆုံးမှာ အကွယ်ရှိလူတစ်ယောက်ရဲ့ ခြေထောက်တွေက ခွေလဲကျသွားခဲ့ပြီး ၊ မျက်လုံးများ ဝိုင်းဝန်းသွားကာ မျက်ရည်များပိုစီးကျလာတော့သည် ။ ထို့နောက်ခွေယိုင်နေသော ခြေထောက်တွေကို အားပြုထလိုက်ပြီး သူတို့ မမြင်အောင်ဘဲ ပြေးထွက်သွားတော့၏
"အဲ့လူကြောင့် နင့်အဖေသေခဲ့ရတာလေ ဒါကိုနင်က ဘာတွေနာနေတာလဲ မာန်ဝဏ္ဏခြိန်း!''
"မဟုတ်ဘူး ကျုပ်က!''
"နင့်အဖေကို သတ်ခဲ့တဲ့လူရဲ့သားကြောင့် နင်ဒီလိုတွေဖြစ်နေတာလား မာန်ဝဏ္ဏခြိန်း!''
".........''
"ဟက်! နင်လဲနင့်အဖေလို တကယ့်အရူးဘဲ ကိုယ့်အတွက်မဟုတ်တဲ့ အချစ်ကိုမှ မျှော်လင့်နေကြတဲ့ အရူးတွေ''
သူမပါးစပ်က စည်းလွှတ်စွာပြောထွက်သွားပြီး သူမကိုယ်တိုင်ဘဲ မျက်လုံးများ ပြူးကျယ်လာသည် ။ ပြီးခဲ့ပြီးသား အတိတ်တွေမို့ သူမ မေ့ထားခဲ့ပေမဲ့ တိုက်ဆိုင်သွားတဲ့ ထိုအခိုက်အတန့်လေးတစ်ခုအတွင်းမှာတင် ပြန်လည်အမှတ်ရလာခဲ့သည် ။
ကိုယ့်အတွက်မဟုတ်တဲ့ အချစ်ကိုကိုမှ မျှော်လင့်နေကြတဲ့ အရူးတွေဆိုပါ့လား? ဒါဆိုသူမဟာလည်း အရူးတစ်ယောက်ပါဘဲလေ ၊ ရူးသွပ်နေခဲ့တာမှ တကယ်အရူးကြီးလိုဘဲ ကိုယ့်အတွက်မဖြစ်နိုင်တဲ့အချစ်ကိုမှ မျှော်လင့်ရင်းရူးမိုက်နေခဲ့တာ သူမကိုယ်တိုင်ဘဲ....
"ကျုပ်တို့သားအဖက အရူးတွေဆိုရင် ခင်ဗျားကရော?''
"ဟင်....? ဘာ.....ဘာကိုလည်း''
"ခင်ဗျားလဲ တစ်ဖက်သတ်အချစ်နဲ့ရူးနေတာဘဲမလား! တစ်ခြားယောက်ျားတစ်ယောက်ကိုဘဲ ချစ်မိနေတဲ့ ကျုပ်အဖေကို ခင်ဗျားလဲတစ်ဖက်သတ်ရူးသွပ်နေခဲ့တာဘဲမလား!!!''
"နင်! နင် မဟုတ်မှ....''
"ခင်ဗျားက ကျုပ်အမေ မဟုတ်ဘူး ''
သူမစကားတွေက လည်ချောင်းထဲမှာတင် တစ်ဆို့သွားခဲ့ပြီး မျက်လုံးတွေကပါ ပြာဝေလာတော့သည် ။ ဒီကောင်လေး သူတို့အကြောင်းတွေ ဘယ်လောက်ထိ သိထားနေပြီလည်း
"ကျုပ်မှာ အမေမရှိခဲ့ဘူး....ကျုပ်က ဖေဖေကိုယ်တိုင်မွေးယူခဲ့တဲ့သား!''
"နင်! နင်! ဒီအကြောင်းတွေ ဘယ်လိုလုပ်ပြီး....''
"ကျုပ်မှာ အမေဆိုတာ မရှိဘူး အဖေနှစ်ယောက်ဘဲ ရှိတယ်!!!''
ခါးမတ်မတ်ရပ်ထားတဲ့ သူမကိုယ်က ကြမ်းပြင်ပေါ်မှာသာ ခွေယိုင်လဲကျသွားတော့သည် ။ တစ်သက်လုံးထိန်းသိမ်းထားချင်ခဲ့သည့် အမှန်တရားကို ဒီကောင်လေးက ဖွင့်ဟပြောလာလေပြီ ။
လောကကြီးက အဘယ်ကြောင့်များ ဒီလောက်မြန်ဆန်နေရသနည်း ။ အဖြစ်မှန်ကို ဘာကြောင့်ဒီလောက် မြန်မြန်သိသွားစေရတာလည်း ။
"နင်....နင်...မဟုတ်တာတွေငါ့ကို လာမပြောနဲ့ ဟား...ဟား....ယောက်ျားလေး တစ်ယောက်က ဘယ်လိုလုပ်ကလေးမွေးနိုင်မှာတဲ့လဲ နင် နင်ရူးသွားပြီလား''
"ကျုပ်လဲ အစကအဲ့လိုဘဲ ထင်ခဲ့မိတာပါ အခုခင်ဗျားရဲ့ တုန်လှုပ်နေတဲ့ မျက်နှာက ကျုပ်ကိုအမှန်ဆိုတာ ပြောပြနေသလိုဘဲ အဲ့တာခင်ဗျားသိရဲ့လား!!!''
"မဟုတ်ဘူး! အဲ့တာအမှန်မဟုတ်ဘူး! နင်ကငါ့ရဲ့သားဘဲ ငါနဲ့ ကိုရှင်းတို့ရဲ့သားဘဲ ဘယ်သူ့သားမှမဟုတ်ဘူး!!!''
"ကျုပ်က ခင်ဗျားရဲ့သားမဟုတ်ဘူး! ဦးဟန်စိုးထွဋ်နဲ့ ဦးရှင်းသန့်မောင်တို့ရဲ့ သား ကျုပ်ကခင်ဗျားရဲ့ သားမဟုတ်ဘူး ကျုပ်က ကျုပ်ဖေဖေ ဦးရှင်းသန့်မောင်က မွေးထားတဲ့သား!!!''
"မဟုတ်ဘူး! မပြောနဲ့ မကြားချင်ဘူး အဲ့လိုတွေငါ့ကို မပြောနဲ့ ငါမကြားချင်ဘူး မပြောနဲ့!!!''
နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ကာ အသံကုန်အော်ဟစ်နေတဲ့ သူမအား ခြိန်းသနားသောစိတ်နှင့်သာ ကြည့်နေမိသည် ။ သူသိခဲ့တာ တစ်ခြားကြောင့်တော့ မဟုတ် ဖေဖေ၏ မှတ်စုစာအုပ်လေးထဲကသာ ဖြစ်၏ ။
စာအုပ်ထဲမှာ ဖေဖေရေးခဲ့သလိုဘဲ ဒေါ်ထိပ်ထားစံဟာလည်း သနားဖို့ကောင်းပါသည် ။ ဖေဖေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သူ့ဘဝကိုတောင် ဖေဖေနဲ့အတူနစ်မွန်းစေခဲ့သည် ။ ယောက်ျားလေး တန်မဲ့ကလေးမွေးတယ်ဆိုပြီး ပြောလာမဲ့ပတ်ဝန်းကျင်ကို သူမက ကလေးအမေပါဟုဆိုကာ အပျိုစင်ဘဝကို နစ်မြုပ်စေခဲ့သူလည်း ဖြစ်သည် ။
တောင်းပန်ပါတယ် အမှန်ကိုမသိဘဲ ခင်ဗျားကိုပါ ကျုပ်မုန်းနေခဲ့မိတယ် ဒေါ်ထိပ်ထားစံ..... ခင်ဗျားကတကယ်တော့ ကျုပ်တို့အပေါ် ကောင်းပေးခဲ့တဲ့ သူပါ....
.ခင်ဗျားမုန်းတဲ့လူရဲ့ သွေးပါနေလို့ ကျုပ်ကိုမုန်းနေတာလဲ ကျုပ်သိပါတယ် ဒါပေမဲ့ ခင်ဗျား တကယ်ရူးသွပ်လွန်းနေပြီ ကိုယ့်ကိုကိုယ် လွတ်မြောက်ခွင့်ပေးလိုက်ပါတော့....
"ခင်ဗျားကျုပ်ကို အရမ်းမုန်းတယ်မလား''
"ဟက်! ဒါပေါ့ ငါ့အချစ်ကို လုယူသွားတဲ့လူရဲ့ သွေးပါတဲ့နင့်ကို ငါသိပ်မုန်းတာ ဒါပေမဲ့ ငါချစ်ရတဲ့လူရဲ့ သွေးပါနေလို့လဲ ငါချစ်ရတာပါဘဲ''
"ငါ ငါကသာ သူ့ကိုသိပ်ချစ်သလောက် သူကတော့ သူ့အတွက်မကြည့်တဲ့လူကိုဘဲ စွဲစွဲလမ်းလမ်းချစ်နေခဲ့တာ ငါ့ဘက်က ဒီလောက်ပေးဆပ်ထားတာတောင် သူ့အတွက် ညီအမတစ်ယောက် ၊ သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့ဘူး''
"အဲ့တာတွေက နင့်အဖေကြောင့်!''
"ကျုပ်အဖေ? ကျုပ်အဖေဆိုတဲ့လူက အခုဘယ်မှာလဲ''
"ငါမသိဘူး ငါသိခဲ့ရင်တောင် နင့်ကိုပြောပြမှာ မဟုတ်ဘူး ''
"ဘာလို့လဲ ဘာလို့ ကျုပ်ကို မပြောပြချင်ရတာလဲ''
"မုန်းလို့....!
#TBC
မြူတို့အတွဲတွေလဲ လာတော့မှာပေါ့နော်
ခြိန်းတို့က စာအုပ်လေးအဖြစ်အသက်သွင်းမယ်ဆိုရင်ကော အိမ်ခေါ်ချင်ကြမလားဟင်
Edit - အရင်စာတွေမဖျက်တော့ဘူးနော်
Zawgyi
အခန်းနံပါတ် - 143
"အဖေဘာဖြစ်တာလဲ စိုင်း''
သူမဟာ သားမာန်ဆိုသောနေရာကို အသံမြင့်ရ်ျပြောလိုက်ပြီး မျက်လုံးတွေက လှောင်ရိပ်တွေနှင့် ပုံဖော်နေသည် ။
"ခင်ဗျား!!!''
"မဟုတ်ဘူး ကျုပ်က!''
".........''
"ဟင်....? ဘာ.....ဘာကိုလည်း''
"နင်! နင် မဟုတ်မှ....''
"မုန်းလို့....!
#TBC