𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚...

By SuuNanChal

1.9M 93.3K 2K

"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ" More

Note
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
Final
ကျေးဇူးတင်လွှာ /ေက်းဇူးတင္လႊာ
Extra - 1
Extra 2
မြူဒေါင်းစိုင်းငယ်/ျမဴေဒါင္းစိုင္းငယ္
Extra - end

29

28.1K 1.4K 21
By SuuNanChal

Unicode




ငွေတာရီမိုးသောက် ချမ်းစိမ့်စိမ့်အအေးဒဏ်သည်ကာ ခြိန်း၏ရင်ခွင်အနွေးဓာတ်ကိုတော့ မထိခိုက်နိုင်ပေ ။ အဝတ်မကပ်သော ကိုယ်နှစ်ခုကြား လေဝင်ပေါက်ပင် မရှိနိုင်လောက်အောင် တင်းကြပ်စွာ ဖက်တွယ်ရစ်နှောင်ထားကြသည် ။

လေးလေးပင်ပင်အမြင်အာရုံမှာ အတိအလင်မှိတ်တုတ်မှိတ်တုတ်နှင့် မျက်လွှာလေးများအား အမြင်ကြည်စေလိုက်ပြီး ရှေ့က ရှူမကြည်းဖွယ် မျက်နှာချောချောကို အပြုံးရိပ်ခြုံကာ အနမ်းခြွေလိုက်၏ ။

ခြိန်းသည် နှစ်ဆယ်ကျော်လူငယ်လေးတစ်ယောက်ဖြစ်သော်ငြားလည်း ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမှာ ထူးခြားသည်ထက်ကို ပိုလွန်းသည် ။ အရပ်အမောင်း ကိုယ်နေကိုယ်သွေး အချိုးအစားပြေပြစ်မှုက အနောက်နိုင်ငံမှတိုင်းတစ်ပါးသားများကဲ့သို့ ထူးခြားပေသည် ။ အသားရေတို့က ဖြူသည်ထက် ဖွေး၏ ။

"အင်း....''

"နိုးပြီလား ခြိန်း''

"အင်း...ကိုကို နာနေသေးလား''

မင်းစစ်က မျက်စောင်းဝင့်လိုက်ပြီး ခြိန်းရင်ဘတ်ကို လက်သီးဆုပ်ဖြင့် ခပ်ဖွဖွလေး ထိုးလိုက်တော့သည် ။

"မင်းလုပ်တာ မင်းမသိဘူးလား''

"သိလို့ မေးနေတာပေါ့ဗျာ ခင်ဗျားလေးမသက်သာရင် ကျုပ်ကဆေးထပ်လိမ်းပေးမလို့ပါဗျ''

"အခုမှ လာလိမ်မာပြနေတယ် ငါလုပ်လိုက်ရ!''

"ကြောက်ပါပြီဗျ....''

"ခြိန်း.....ငါအိမ်မက်မက်နေတာတော့ မဟုတ်ဘူးမလား''

"ဘာလို့လဲ ကိုကိုရ''

"မင်းနူးညံ့နေတာလေ ငါကြက်သီးတောင်ထလာပြီ''

"ဟား.....ဟား.....ကိုကိုကွာ ခင်ဗျားကြီးလဲ  ချစ်ဖို့ကောင်းလွန်းနေပြီ ''

"ငါက အိုနေပြီ''

"ဒီစူထော်နေတဲ့ နှုတ်ခမ်းနဲ့ရုပ်လေးကလား အိုတာ''

"ငါကအိုနေတော့ မင်းကပစ်သွားမှာလား''

စကားလေးတစ်လုံးချင်းစီတိုင်းမှာတောင် မင်းစစ်က နှုတ်ခမ်းလှလှလေးကို စူထော်ထားသည် ။

မင်းစစ်ဟာ ယောက်ျားဆန်သော ယောက်ျားတစ်ယောက်ပါလေ သို့သော်ငြားလည်း ခြိန်းအမြင်တွင် ချစ်ဖို့ကောင်းတဲ့ ကလေးငယ်တစ်ယောက်လိုသာ မြင်မိသည် ။ မင်းစစ်က ခြိန်းလောက်တော့အသားမဖြူပေမဲ့ ဖွေးသောအသားအရေရှိသည် ။ တည်ကြည်သောမျက်နှာထားနှင့် စူးရှသောမျက်ဝန်းတစ်စုံတို့က ခြိန်းနဲ့အပြိုင် ထင်ရှားနေ၏ ။

ခြိန်းသည်ဘဲ ကံကောင်းလွန်းရျ်လားတော့ မသိ ၊ မင်းစစ်၏ ချစ်စရာကောင်းသော အမူအယာများကို သူတစ်ဦးတည်းသာ မူပိုင်မြင်တွေ့ခွင့်ရလေသည် ။

"ကိုကို....''

"ဘာလဲ...ပြော''

"ကိုယ့် ဖေဖေ့စီသွားချင်လားဟင်''

ဝမ်းနည်းရိပ် လွှမ်းခြုံထားတဲ့ မျက်ဝန်းတစ်ဝိုက် အရည်ကြည်လေးများပင် ဝေ့တက်လာသယောင် ။ ခြိန်းဟာ သူ့ဖေဖေကို သိပ်ချစ်တတ်လွန်းသော သားလိမ်မာလေး မဟုတ်ပေဘဲလား ။ လွမ်းနေခဲ့တဲ့ ဖခင်၏ အုပ်ဂူငယ်အား သူနှင့်သွားကာ ဝတ်ပြုချင်ပုံပေါ်ပါသည် ။

"ခြိန်း....''

" ဗျာ...ကိုကို''

"မင်းဖေဖေ့ကို လွမ်းနေတာလားဟင်''

"အင်း...လွမ်းတယ် ''

"ငါတို့မနက်ဖြန်ကျ သွားတွေ့ကြမယ်နော် ခြိန်း''

"ကိုကို အားပါ့မလား''

"ယောက္ခမကြီးစီ သွားမှာကို မအားလို့ဖြစ်မလား အားကိုအားတယ်''

"ဟွန်း! ကိုကိုကြောင့် ကိုယ့်ကိုယ်ကိုတောင် အထင်တွေကြီးချင်လာပြီ''

"ဘာလို့?''

"ကိုယ့်က မင်းအတွက်အဲ့လောက် အရေးပါနေမှန်းမထင်ထားမိလို့လေ''

"ဟား....ဟား....ဟား....ဒါပေါ့ မင်းက ငါ့ရဲ့ VIPဘဲလေ''

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အကြည့်နွယ်နေကြရင်း အဓိပ္ပာယ်ပါသော အပြုံးတွေကို ပန်ဆင်လိုက်ကြသည်။ အချစ်တွေဟာလည်း အခန်းကျယ်ကြီးအတွင်းထဲတွင် လွင့်ပျံလျက် ။

................

"မင်းလုပ်ပုံတွေ ကောင်းသေးရဲ့လား....မိုးထိပ်ထားစံ!''

ဦးမင်းစစ်ခမ်းလျှံဟာ သူ၏ ဇနီးသည်အား ဒေါသကြီးစွာ ဆူပူကြိမ်းမောင်းနေသည် ။ အကြောင်းအရင်းမှာ မိုးထိပ်ထားစံ၏ လောင်းကစားကြွေးတွေကြောင့်ပင် ။

သူမက လက်ထဲရှိ ဆေးလိပ်အား တစ်ချက်စုပ်ပြီးဖွာလိုက်ကာ မထီတရီပြုံးလိုက်၏ ။ ထို့နောက် ခင်ပွန်းသည်အား ကြည့်ရျ် စကားအနည်းငယ် ဆိုလိုက်တော့သည် ။

"ဘာကိုကောင်းရမှာလဲ ... ကျွန်မက ဘာတွေလုပ်နေလို့လဲ ရှင်ပြောစမ်းပါအုံး''

"မင်းလုပ်တာ မင်းမသိဘူးလား ဟမ်!''

"ကျွန်မလုပ်ခဲ့တာတွေ များနေတော့ ရှင်ပြောတာကို မမှတ်မိတော့ဘူး ဦမင်းစစ်ခမ်းလျှံရဲ့''

"မင်းကိုငါ အတန်တန်တားနေတဲ့ကြားက ဒီလောင်းကစားတွေကိုဘဲ မင်းဆက်လုပ်တယ် ၊ ဟော့...အခုအကြွေးတင်နေပြီမို့လား ဟမ်!''

"ဟွန်း! အဲ့တော့ရှင်က ဘာဖြစ်ချင်လဲ ''

"ဘာကွ!!!''

"ကျွန်မ ဒါတွေလုပ်တာ ရှင်နဲ့မရခင်ကတည်းကဘဲလေ ဒါကိုရှင် စောက်သုံးမကျပြီး မရှင်းနိုင်တိုင်း ကျွန်မကို လေသံမာနေရဘဲလား ဟက်!''

"မင်း! မင်း! မိုးထိပ်ထားစံ!''

"လူတစ်ယောက်လုံးကိုတောင် ကားနဲ့တိုက်သတ်ထားပြီး ဒါလေးတောင် ရှင်က တာဝန်မယူနိုင်တော့ဘူးလား ၊ ပြောစမ်းပါအုံး... ဦးမင်းစစ်ခမ်းလျှံရဲ့ ရှင်ပြောတဲ့ တာဝန်ယူပါ့မယ်ဆိုတာ ဒါလား!''

"မင်း! ငါ့ကို မစွပ်စွဲနဲ့ ငါတမင်လုပ်ခဲ့တာ မဟုတ်ဘူး ''

"ကြားလို့မှ မကောင်းရှင် ....လူတစ်ယောက်ကားနဲ့ တိုက်သတ်တာ အားမရလို့ မိန်းမဖြစ်သူကိုပါ တာဝန်ယူပါ့မယ်ဆိုပြီး ...အပိုင်လိုချင်ခဲ့တဲ့လူ! အခုများကြတော့ ဘာမှကို အဖြစ်မရှိတာပါ့လား''

"မင်းပါးစပ်ကို အခုပိတ်ထားလိုက်တော့ ထိပ်ထားစံ!''

"ဘာလဲ ကျွန်မက အမှန်တွေပြောနေလို့ ရှင်နားမထောင်ရဲတော့တာလား ဦးခမ်းလျှံ''

"ငါမင်းကို လက်ပါမိတော့မယ်နော်... မင်းပါးစပ်ကို မင်းပိတ်ထား!''

"ဟက်! လူသတ်သမားကများ!''

"မင်း! မင်း! အာ့...!''

ဦးမင်းစစ်ခမ်းလျှံသည် အောင့်တက်လာသော နှလုံးကြောင့် နာကျင်စွာ ညည်းညူလိုက်မိသည် ။ လဲကျတော့မဲ့ ကိုယ်ကို ပြန်ထိန်းလိုက်ရင်း ကိုယ့်ဒေါသကို တတ်နိုင်အောင် လျှော့ချနေမိသည် ။

"ဆေး! ဆေး! ငါ့ကို ဆေးပေးစမ်း! အား...ဟ့ အာ့!''

"ဘယ်ဆေးလဲ မသိဘူး သိလဲ မပေးနိုင်ဘူး လိုချင် ကိုယ့်ဟာကိုယ်သွားယူလိုက်လေ''

"မင်း! မိုးထိပ်ထားစံ....အာ့! "

ရင်ဘတ်ကိုလက်ဖိကာ လဲကျသွာသောလူအား ထိပ်ထားစံဟာ ပျော်စရာမြင်ကွင်းတစ်ခုလို ဆက်ကြည့်နေခဲ့သည် ။ ထိုအချိန်တွင် အိမ်အကူမလေးများ ပြေးရောက်လာကြပြီး သတိမေ့နေသော ဦးခမ်းလျှံအား ပြေးနှိုးကြပြီး ဆေးရုံသို့ ဖုန်းဆက်အကြောင်းကြားနေကြသည် ။

ထိပ်ထားစံက အကူမလေးများ ဝင်လာမှသာ ဦးခမ်းလျှံစီပြေးရျ် ဟန်ဆောင်ကာ ငိုယိုနှိုးပြနေတော့၏ ။

..............

"ဖေဖေ ကျွန်တော်အလည်လာတယ်နော်''

မဟောင်းမသစ်သော အုပ်ဂူအပြာလေးရှေ့တွင်ဝယ် လူငယ်နှစ်ယောက် ပန်းစည်းခြင်းလေးအား ကိုင်ရျ် မတ်တပ်ရပ်ပြီး နေကြသည် ။

တစ်ယောက်ကတော့ ဖြေသူမဲ့နေသည့်ကြားက စကားများဖောင်ဖွဲ့ ရေရွတ်ပြနေတော့သည် ။ နောက်တစ်ယောက်မှာလည်း ထိုကောင်လေး၏ ပုခုံးပေါ်သို့ လက်ဖြင့်ပွတ်သပ် နှိမ့်သိမ့်ပေးနေရှာသည် ။

"ဖေဖေ ဒါကျွန်တော့်ရဲ့ ကိုကို မင်းစစ်ကုဋေတဲ့ ၊ ဖေဖေ့ရဲ့ သမက်လို့ဘဲ ပြောရမှာပေါ့ ဖေဖေရ''

ခြိန်းစကားအဆုံး မင်းစစ်ကပြုံးရျ် အပြာရောင်ဆေးသုပ်ထားသော အုပ်ဂူကို ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်သည် ။

"ဟုတ်ကဲ့ ကျွန်တော်က မင်းစစ်ကုဋေလို့ ခေါ်ပါတယ် ဖေဖေ ၊ ဖေဖေသားနဲ့ ချစ်သူတွေဖြစ်နေပါပြီ.... ကျွန်တော်တို့ကို ဖေဖေသဘောတူပေးဖို့ မျှော်လင့်ပါတယ်...''

ခြိန်းထံ မျက်စံလေးများ ဦးတည်မိတော့ ခြိန်းကာသူ့အား အကြင်နာပိုသော မျက်ဝန်းများနှင့် တန်ပြန်ကြည့်နေခဲ့သည် ။

"ဖေဖေနဲ့ ညီမလေးတို့က ကိုယ်တို့ကို သဘောတူလောက်မှာပါ ကိုကိုရ... သိပ်မစိုးရိမ်ပါနဲ့ ကျွန်တော်က ကိုကို့အနားမှာ အမြဲရှိနေမှာပါ''

"အင်း...ငါမင်းကို ယုံတယ် ခြိန်း...''

နေ့ရက်တိုင်းက ထိုကဲ့သို့သော ရက်များလိုပင် သာယာကောင်းပါရဲ့ ။

ထိုအချိန် မင်းစစ်ဖုန်းထဲသို့ ဝင်လာသော စိုင်း၏ နံပါတ်လေးကြောင့် မင်းစစ်ဖုန်းကိုင်လိုက်တော့၏ ။

"အေး...စိုင်းပြောလေ''

"မင်းစစ်! မင်းအဖေ မေ့လဲလို့ အခုလေးတင် ဆေးရုံတင်လိုက်ရပြီကွ....!''

"ဘာ....!''

"ဟုတ်တယ် မင်းအဖေ အခုဆေးရုံမှာ သတိပြန်လည်မလာသေးဘူး''

"ဆေးရုံ ဘယ်အဆောင်မှာလဲ ငါ့ကို အခန်းနံပါတ်ပြော ငါအခုလာခဲ့မယ်''

"ထွေထွေကုသဆောင်မှာ အခန်းနံပါတ်က 143''

"အေးအေး... ငါအခုလာခဲ့မယ်''

တီ........

"ဘာဖြစ်တာလဲ ကိုကို''

"ငါ့အဖေ ဆေးရုံတင်ထားရတယ်တဲ့ ခြိန်း ၊ ငါအခုသွားမှ ဖြစ်မယ်''

မင်းစစ်စကားတွေအကြား ခြိန်း ခဏတာ တွေဝေသွားမိသည်။ အဲ့နေရာမှာ သူမသာ ရှိနေခဲ့လျှင်...သူနဲ့ ကိုကိုရဲ့ လက်ရှိအခြေအနေတွေက ပြောင်းလဲသွားလိမ့်မည် ။

သူလိုက်သွားသင့်ရဲ့လား? ပြီးတော့ ထိုလူက သူ့ဖေဖေကို ကားနှင့်တိုက်ခဲ့တဲ့သူ ၊ အရက်မူးပြီး ကားနှင့်တိုက်ခဲ့ပေမဲ့ သူ့အမှုကို ငွေအလုံအလောက်နှင့် ဖုံးပစ်ခဲ့ပြီး ၊ ဖေဖေအတွက် နစ်နာကြေးငွေတွေကိုပါ ငွေဖြင့် အဖိုးဖြတ်ခဲ့သေးသည် ။

သူမုန်းခဲ့တဲ့သူက မင်းစစ်၏အဖေဖြစ်နေမှန်းသိရျ် လက်စားချေရန် မင်းစစ်စီ ချဥ်းကပ်ခဲ့ဖူးသည် ။ ချဥ်းကပ်မှုဟာလည်း အောင်မြင်ခဲ့ပြီး အခုဆို သူ့၏သားက ခြိန်းကို တန်းတန်းဆွဲဖြစ်နေချေပြီ ။

ဒါပေမဲ့ သူတကယ်ကော အောင်မြင်ခဲ့ရဲ့လား သူသည်လည်း မင်းစစ်ကို ချစ်မိသွားခဲ့တာဘဲလေ ၊ သူ့အသက်နဲ့တောင်လဲပြီး ကယ်ပေးခဲ့တဲ့အထိ သူ့ဘက်ကလည်း ချစ်နေခဲ့တာဘဲကို သူတကယ်ရော လက်စားချေဖို့ လုပ်နိုင်ခဲ့ရဲ့လား?

"ခြိန်း!''

"ဟင်....အမ်း....ပြောလေကိုကို''

"သွားမယ်လေ မင်းကားမမောင်းတော့ဘူးလား''

"အင်း သွားကြတာပေါ့''

အဖြစ်မှန်ကို သိသွားခဲ့ရင် ကိုယ့်ကို မမုန်းဖို့ မျှော်လင့်မိတယ် ကိုကို....

#TBC






Zawgyi





ေငြတာရီမိုးေသာက္ ခ်မ္းစိမ့္စိမ့္အေအးဒဏ္သည္ကာ ၿခိန္း၏ရင္ခြင္အႏြေးဓာတ္ကိုေတာ့ မထိခိုက္နိုင္ေပ ။ အဝတ္မကပ္ေသာ ကိုယ္ႏွစ္ခုၾကား ေလဝင္ေပါက္ပင္ မရွိနိုင္ေလာက္ေအာင္ တင္းၾကပ္စြာ ဖက္တြယ္ရစ္ႏွောင္ထားၾကသည္ ။

ေလးေလးပင္ပင္အျမင္အာ႐ုံမွာ အတိအလင္မွိတ္တုတ္မွိတ္တုတ္ႏွင့္ မ်က္လႊာေလးမ်ားအား အျမင္ၾကည္ေစလိုက္ၿပီး ေရွ႕က ရႉမၾကည္းဖြယ္ မ်က္ႏွာေခ်ာေခ်ာကို အၿပဳံးရိပ္ၿခဳံကာ အနမ္းေႁခြလိုက္၏ ။

ၿခိန္းသည္ ႏွစ္ဆယ္ေက်ာ္လူငယ္ေလးတစ္ေယာက္ျဖစ္ေသာ္ျငားလည္း ခႏၶာကိုယ္ဖြဲ႕စည္းတည္ေဆာက္ပုံမွာ ထူးျခားသည္ထက္ကို ပိုလြန္းသည္ ။ အရပ္အေမာင္း ကိုယ္ေနကိုယ္ေသြး အခ်ိဳးအစားေျပျပစ္မႈက အေနာက္နိုင္ငံမွတိုင္းတစ္ပါးသားမ်ားကဲ့သို႔ ထူးျခားေပသည္ ။ အသားေရတို႔က ျဖဴသည္ထက္ ေဖြး၏ ။

"အင္း....''

"နိုးၿပီလား ၿခိန္း''

"အင္း...ကိုကို နာေနေသးလား''

မင္းစစ္က မ်က္ေစာင္းဝင့္လိုက္ၿပီး ၿခိန္းရင္ဘတ္ကို လက္သီးဆုပ္ျဖင့္ ခပ္ဖြဖြေလး ထိုးလိုက္ေတာ့သည္ ။

"မင္းလုပ္တာ မင္းမသိဘူးလား''

"သိလို႔ ေမးေနတာေပါ့ဗ်ာ ခင္ဗ်ားေလးမသက္သာရင္ က်ဳပ္ကေဆးထပ္လိမ္းေပးမလို႔ပါဗ်''

"အခုမွ လာလိမ္မာျပေနတယ္ ငါလုပ္လိုက္ရ!''

"ေၾကာက္ပါၿပီဗ်....''

"ၿခိန္း.....ငါအိမ္မက္မက္ေနတာေတာ့ မဟုတ္ဘူးမလား''

"ဘာလို႔လဲ ကိုကိုရ''

"မင္းႏူးညံ့ေနတာေလ ငါၾကက္သီးေတာင္ထလာၿပီ''

"ဟား.....ဟား.....ကိုကိုကြာ ခင္ဗ်ားႀကီးလဲ  ခ်စ္ဖို႔ေကာင္းလြန္းေနၿပီ ''

"ငါက အိုေနၿပီ''

"ဒီစူေထာ္ေနတဲ့ ႏႈတ္ခမ္းနဲ႕႐ုပ္ေလးကလား အိုတာ''

"ငါကအိုေနေတာ့ မင္းကပစ္သြားမွာလား''

စကားေလးတစ္လုံးခ်င္းစီတိုင္းမွာေတာင္ မင္းစစ္က ႏႈတ္ခမ္းလွလွေလးကို စူေထာ္ထားသည္ ။

မင္းစစ္ဟာ ေယာက္်ားဆန္ေသာ ေယာက္်ားတစ္ေယာက္ပါေလ သို႔ေသာ္ျငားလည္း ၿခိန္းအျမင္တြင္ ခ်စ္ဖို႔ေကာင္းတဲ့ ကေလးငယ္တစ္ေယာက္လိုသာ ျမင္မိသည္ ။ မင္းစစ္က ၿခိန္းေလာက္ေတာ့အသားမျဖဴေပမဲ့ ေဖြးေသာအသားအေရရွိသည္ ။ တည္ၾကည္ေသာမ်က္ႏွာထားႏွင့္ စူးရွေသာမ်က္ဝန္းတစ္စုံတို႔က ၿခိန္းနဲ႕အၿပိဳင္ ထင္ရွားေန၏ ။

ၿခိန္းသည္ဘဲ ကံေကာင္းလြန္းရ်္လားေတာ့ မသိ ၊ မင္းစစ္၏ ခ်စ္စရာေကာင္းေသာ အမူအယာမ်ားကို သူတစ္ဦးတည္းသာ မူပိုင္ျမင္ေတြ႕ခြင့္ရေလသည္ ။

"ကိုကို....''

"ဘာလဲ...ေျပာ''

"ကိုယ့္ ေဖေဖ့စီသြားခ်င္လားဟင္''

ဝမ္းနည္းရိပ္ လႊမ္းၿခဳံထားတဲ့ မ်က္ဝန္းတစ္ဝိုက္ အရည္ၾကည္ေလးမ်ားပင္ ေဝ့တက္လာသေယာင္ ။ ၿခိန္းဟာ သူ႕ေဖေဖကို သိပ္ခ်စ္တတ္လြန္းေသာ သားလိမ္မာေလး မဟုတ္ေပဘဲလား ။ လြမ္းေနခဲ့တဲ့ ဖခင္၏ အုပ္ဂူငယ္အား သူႏွင့္သြားကာ ဝတ္ျပဳခ်င္ပုံေပၚပါသည္ ။

"ၿခိန္း....''

" ဗ်ာ...ကိုကို''

"မင္းေဖေဖ့ကို လြမ္းေနတာလားဟင္''

"အင္း...လြမ္းတယ္ ''

"ငါတို႔မနက္ျဖန္က် သြားေတြ႕ၾကမယ္ေနာ္ ၿခိန္း''

"ကိုကို အားပါ့မလား''

"ေယာကၡမႀကီးစီ သြားမွာကို မအားလို႔ျဖစ္မလား အားကိုအားတယ္''

"ဟြန္း! ကိုကိုေၾကာင့္ ကိုယ့္ကိုယ္ကိုေတာင္ အထင္ေတြႀကီးခ်င္လာၿပီ''

"ဘာလို႔?''

"ကိုယ့္က မင္းအတြက္အဲ့ေလာက္ အေရးပါေနမွန္းမထင္ထားမိလို႔ေလ''

"ဟား....ဟား....ဟား....ဒါေပါ့ မင္းက ငါ့ရဲ႕ VIPဘဲေလ''

တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ အၾကည့္ႏြယ္ေနၾကရင္း အဓိပၸာယ္ပါေသာ အၿပဳံးေတြကို ပန္ဆင္လိုက္ၾကသည္။ အခ်စ္ေတြဟာလည္း အခန္းက်ယ္ႀကီးအတြင္းထဲတြင္ လြင့္ပ်ံလ်က္ ။

................

"မင္းလုပ္ပုံေတြ ေကာင္းေသးရဲ႕လား....မိုးထိပ္ထားစံ!''

ဦးမင္းစစ္ခမ္းလွ်ံဟာ သူ၏ ဇနီးသည္အား ေဒါသႀကီးစြာ ဆူပူႀကိမ္းေမာင္းေနသည္ ။ အေၾကာင္းအရင္းမွာ မိုးထိပ္ထားစံ၏ ေလာင္းကစားေႂကြးေတြေၾကာင့္ပင္ ။

သူမက လက္ထဲရွိ ေဆးလိပ္အား တစ္ခ်က္စုပ္ၿပီးဖြာလိုက္ကာ မထီတရီၿပဳံးလိုက္၏ ။ ထို႔ေနာက္ ခင္ပြန္းသည္အား ၾကည့္ရ်္ စကားအနည္းငယ္ ဆိုလိုက္ေတာ့သည္ ။

"ဘာကိုေကာင္းရမွာလဲ ... ကြၽန္မက ဘာေတြလုပ္ေနလို႔လဲ ရွင္ေျပာစမ္းပါအုံး''

"မင္းလုပ္တာ မင္းမသိဘူးလား ဟမ္!''

"ကြၽန္မလုပ္ခဲ့တာေတြ မ်ားေနေတာ့ ရွင္ေျပာတာကို မမွတ္မိေတာ့ဘူး ဦမင္းစစ္ခမ္းလွ်ံရဲ႕''

"မင္းကိုငါ အတန္တန္တားေနတဲ့ၾကားက ဒီေလာင္းကစားေတြကိုဘဲ မင္းဆက္လုပ္တယ္ ၊ ေဟာ့...အခုအေႂကြးတင္ေနၿပီမို႔လား ဟမ္!''

"ဟြန္း! အဲ့ေတာ့ရွင္က ဘာျဖစ္ခ်င္လဲ ''

"ဘာကြ!!!''

"ကြၽန္မ ဒါေတြလုပ္တာ ရွင္နဲ႕မရခင္ကတည္းကဘဲေလ ဒါကိုရွင္ ေစာက္သုံးမက်ၿပီး မရွင္းနိုင္တိုင္း ကြၽန္မကို ေလသံမာေနရဘဲလား ဟက္!''

"မင္း! မင္း! မိုးထိပ္ထားစံ!''

"လူတစ္ေယာက္လုံးကိုေတာင္ ကားနဲ႕တိုက္သတ္ထားၿပီး ဒါေလးေတာင္ ရွင္က တာဝန္မယူနိုင္ေတာ့ဘူးလား ၊ ေျပာစမ္းပါအုံး... ဦးမင္းစစ္ခမ္းလွ်ံရဲ႕ ရွင္ေျပာတဲ့ တာဝန္ယူပါ့မယ္ဆိုတာ ဒါလား!''

"မင္း! ငါ့ကို မစြပ္စြဲနဲ႕ ငါတမင္လုပ္ခဲ့တာ မဟုတ္ဘူး ''

"ၾကားလို႔မွ မေကာင္းရွင္ ....လူတစ္ေယာက္ကားနဲ႕ တိုက္သတ္တာ အားမရလို႔ မိန္းမျဖစ္သူကိုပါ တာဝန္ယူပါ့မယ္ဆိုၿပီး ...အပိုင္လိုခ်င္ခဲ့တဲ့လူ! အခုမ်ားၾကေတာ့ ဘာမွကို အျဖစ္မရွိတာပါ့လား''

"မင္းပါးစပ္ကို အခုပိတ္ထားလိုက္ေတာ့ ထိပ္ထားစံ!''

"ဘာလဲ ကြၽန္မက အမွန္ေတြေျပာေနလို႔ ရွင္နားမေထာင္ရဲေတာ့တာလား ဦးခမ္းလွ်ံ''

"ငါမင္းကို လက္ပါမိေတာ့မယ္ေနာ္... မင္းပါးစပ္ကို မင္းပိတ္ထား!''

"ဟက္! လူသတ္သမားကမ်ား!''

"မင္း! မင္း! အာ့...!''

ဦးမင္းစစ္ခမ္းလွ်ံသည္ ေအာင့္တက္လာေသာ ႏွလုံးေၾကာင့္ နာက်င္စြာ ညည္းၫူလိုက္မိသည္ ။ လဲက်ေတာ့မဲ့ ကိုယ္ကို ျပန္ထိန္းလိုက္ရင္း ကိုယ့္ေဒါသကို တတ္နိုင္ေအာင္ ေလွ်ာ့ခ်ေနမိသည္ ။

"ေဆး! ေဆး! ငါ့ကို ေဆးေပးစမ္း! အား...ဟ့ အာ့!''

"ဘယ္ေဆးလဲ မသိဘူး သိလဲ မေပးနိုင္ဘူး လိုခ်င္ ကိုယ့္ဟာကိုယ္သြားယူလိုက္ေလ''

"မင္း! မိုးထိပ္ထားစံ....အာ့! "

ရင္ဘတ္ကိုလက္ဖိကာ လဲက်သြာေသာလူအား ထိပ္ထားစံဟာ ေပ်ာ္စရာျမင္ကြင္းတစ္ခုလို ဆက္ၾကည့္ေနခဲ့သည္ ။ ထိုအခ်ိန္တြင္ အိမ္အကူမေလးမ်ား ေျပးေရာက္လာၾကၿပီး သတိေမ့ေနေသာ ဦးခမ္းလွ်ံအား ေျပးႏွိုးၾကၿပီး ေဆး႐ုံသို႔ ဖုန္းဆက္အေၾကာင္းၾကားေနၾကသည္ ။

ထိပ္ထားစံက အကူမေလးမ်ား ဝင္လာမွသာ ဦးခမ္းလွ်ံစီေျပးရ်္ ဟန္ေဆာင္ကာ ငိုယိုႏွိုးျပေနေတာ့၏ ။

..............

"ေဖေဖ ကြၽန္ေတာ္အလည္လာတယ္ေနာ္''

မေဟာင္းမသစ္ေသာ အုပ္ဂူအျပာေလးေရွ႕တြင္ဝယ္ လူငယ္ႏွစ္ေယာက္ ပန္းစည္းျခင္းေလးအား ကိုင္ရ်္ မတ္တပ္ရပ္ၿပီး ေနၾကသည္ ။

တစ္ေယာက္ကေတာ့ ေျဖသူမဲ့ေနသည့္ၾကားက စကားမ်ားေဖာင္ဖြဲ႕ ေရ႐ြတ္ျပေနေတာ့သည္ ။ ေနာက္တစ္ေယာက္မွာလည္း ထိုေကာင္ေလး၏ ပုခုံးေပၚသို႔ လက္ျဖင့္ပြတ္သပ္ ႏွိမ့္သိမ့္ေပးေနရွာသည္ ။

"ေဖေဖ ဒါကြၽန္ေတာ့္ရဲ႕ ကိုကို မင္းစစ္ကုေဋတဲ့ ၊ ေဖေဖ့ရဲ႕ သမက္လို႔ဘဲ ေျပာရမွာေပါ့ ေဖေဖရ''

ၿခိန္းစကားအဆုံး မင္းစစ္ကၿပဳံးရ်္ အျပာေရာင္ေဆးသုပ္ထားေသာ အုပ္ဂူကို ေခါင္းငုံ႕ၿပီး ႏႈတ္ဆက္လိုက္သည္ ။

"ဟုတ္ကဲ့ ကြၽန္ေတာ္က မင္းစစ္ကုေဋလို႔ ေခၚပါတယ္ ေဖေဖ ၊ ေဖေဖသားနဲ႕ ခ်စ္သူေတြျဖစ္ေနပါၿပီ.... ကြၽန္ေတာ္တို႔ကို ေဖေဖသေဘာတူေပးဖို႔ ေမွ်ာ္လင့္ပါတယ္...''

ၿခိန္းထံ မ်က္စံေလးမ်ား ဦးတည္မိေတာ့ ၿခိန္းကာသူ႕အား အၾကင္နာပိုေသာ မ်က္ဝန္းမ်ားႏွင့္ တန္ျပန္ၾကည့္ေနခဲ့သည္ ။

"ေဖေဖနဲ႕ ညီမေလးတို႔က ကိုယ္တို႔ကို သေဘာတူေလာက္မွာပါ ကိုကိုရ... သိပ္မစိုးရိမ္ပါနဲ႕ ကြၽန္ေတာ္က ကိုကို႔အနားမွာ အၿမဲရွိေနမွာပါ''

"အင္း...ငါမင္းကို ယုံတယ္ ၿခိန္း...''

ေန႕ရက္တိုင္းက ထိုကဲ့သို႔ေသာ ရက္မ်ားလိုပင္ သာယာေကာင္းပါရဲ႕ ။

ထိုအခ်ိန္ မင္းစစ္ဖုန္းထဲသို႔ ဝင္လာေသာ စိုင္း၏ နံပါတ္ေလးေၾကာင့္ မင္းစစ္ဖုန္းကိုင္လိုက္ေတာ့၏ ။

"ေအး...စိုင္းေျပာေလ''

"မင္းစစ္! မင္းအေဖ ေမ့လဲလို႔ အခုေလးတင္ ေဆး႐ုံတင္လိုက္ရၿပီကြ....!''

"ဘာ....!''

"ဟုတ္တယ္ မင္းအေဖ အခုေဆး႐ုံမွာ သတိျပန္လည္မလာေသးဘူး''

"ေဆး႐ုံ ဘယ္အေဆာင္မွာလဲ ငါ့ကို အခန္းနံပါတ္ေျပာ ငါအခုလာခဲ့မယ္''

"ေထြေထြကုသေဆာင္မွာ အခန္းနံပါတ္က 143''

"ေအးေအး... ငါအခုလာခဲ့မယ္''

တီ........

"ဘာျဖစ္တာလဲ ကိုကို''

"ငါ့အေဖ ေဆး႐ုံတင္ထားရတယ္တဲ့ ၿခိန္း ၊ ငါအခုသြားမွ ျဖစ္မယ္''

မင္းစစ္စကားေတြအၾကား ၿခိန္း ခဏတာ ေတြေဝသြားမိသည္။ အဲ့ေနရာမွာ သူမသာ ရွိေနခဲ့လွ်င္...သူနဲ႕ ကိုကိုရဲ႕ လက္ရွိအေျခအေနေတြက ေျပာင္းလဲသြားလိမ့္မည္ ။

သူလိုက္သြားသင့္ရဲ႕လား? ၿပီးေတာ့ ထိုလူက သူ႕ေဖေဖကို ကားႏွင့္တိုက္ခဲ့တဲ့သူ ၊ အရက္မူးၿပီး ကားႏွင့္တိုက္ခဲ့ေပမဲ့ သူ႕အမႈကို ေငြအလုံအေလာက္ႏွင့္ ဖုံးပစ္ခဲ့ၿပီး ၊ ေဖေဖအတြက္ နစ္နာေၾကးေငြေတြကိုပါ ေငြျဖင့္ အဖိုးျဖတ္ခဲ့ေသးသည္ ။

သူမုန္းခဲ့တဲ့သူက မင္းစစ္၏အေဖျဖစ္ေနမွန္းသိရ်္ လက္စားေခ်ရန္ မင္းစစ္စီ ခ်ဥ္းကပ္ခဲ့ဖူးသည္ ။ ခ်ဥ္းကပ္မႈဟာလည္း ေအာင္ျမင္ခဲ့ၿပီး အခုဆို သူ႕၏သားက ၿခိန္းကို တန္းတန္းဆြဲျဖစ္ေနေခ်ၿပီ ။

ဒါေပမဲ့ သူတကယ္ေကာ ေအာင္ျမင္ခဲ့ရဲ႕လား သူသည္လည္း မင္းစစ္ကို ခ်စ္မိသြားခဲ့တာဘဲေလ ၊ သူ႕အသက္နဲ႕ေတာင္လဲၿပီး ကယ္ေပးခဲ့တဲ့အထိ သူ႕ဘက္ကလည္း ခ်စ္ေနခဲ့တာဘဲကို သူတကယ္ေရာ လက္စားေခ်ဖိဳ႕ လုပ္နိုင္ခဲ့ရဲ႕လား?

"ၿခိန္း!''

"ဟင္....အမ္း....ေျပာေလကိုကို''

"သြားမယ္ေလ မင္းကားမေမာင္းေတာ့ဘူးလား''

"အင္း သြားၾကတာေပါ့''

အျဖစ္မွန္ကို သိသြားခဲ့ရင္ ကိုယ့္ကို မမုန္းဖို႔ ေမွ်ာ္လင့္မိတယ္ ကိုကို....

#TBC














Continue Reading

You'll Also Like

8M 542K 36
Genre :BL/Yaoi/Fantasy Warning:18 Plus ကလေးဘဝအရွယ်ကတည်းက သံယောဇဥ်ကြီးမားခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ 10နှစ်ကြာပြီးတဲ့နောက်ပိုင်းမှ အထင်လွဲမှုတစ်ချို့နဲ...
1.2M 79.1K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္