Zgy
Mine 9
"ေတာက္... အရိုင္းအစိုင္းေလး"
"ေနစမ္းပါဟာ
အဲ့လိုေတာင္းသြားေတာ့လဲ ငါတို႔ အလုပ္မရႈပ္ ေခါင္းမရႈပ္ေတာ့ဘူးေပါ့"
"ဒါေပမယ့္ အဲ့ အရိုင္းစိုင္းေလးက ဒီအိမ္ကို အပိုင္ႀကံခ်င္ေနတာေနမွာ
ေျပာသြားတာ မၾကားဘူးလား
ထိရင္ ဘာလုပ္မယ္ ညာလုပ္မယ္ေလးနဲ႔
သူလို မေလာက္ေလးမေလာက္စားကမ်ား.."
"နင့္ပစၥည္းလဲ မဟုတ္ပဲ မက္မေနစမ္းပါနဲ႔
လူတစ္ေယာက္တာဝန္က နည္းတာမဟုတ္ဘူး
ဒီအိမ္က ဘယ္ေလာက္ရမွာမို႔လဲ.."
"ဟြႏ့္႔့"
မဲ့ရြဲ႔ေနတဲ့ ညီမျဖစ္သူရယ္ ေဆးလိပ္တစ္လိပ္ ဇိမ္ခံေသာက္ေနတဲ့ အစ္ကိုျဖစ္သူရယ္။ ၿပီးေတာ့ ဧည့္ခန္းထဲက ၿပံဳးရယ္ေနတဲ့ ဓာတ္ပံုတစ္ပံုရယ္။ အရာရာဟာ တိတ္ဆိတ္လို႔။
***************
"ဘတ္ဟြၽန္း နံရိုးခ်က္ထားတယ္
ေသခ်ာေလးစားလိုက္ မင္းအရင္ရက္ေတြကလည္း ေကာင္းေကာင္းမစားထားဘူးမလား"
ဘတ္ဟြၽန္းက ဘာမွ ျပန္မေျဖပဲ ၪီးေလးအသင့္ခူးေပးထားတဲ့ စားပြဲမွာ ဝင္ထိုင္ၿပီး ၿငိမ္သက္စြာပဲ အစား စားျခင္းကို လုပ္ေဆာင္တယ္။ ၪီးေလးေရာ ခ်န္းေယာလ္ေရာ အရိပ္တၾကည့္ၾကည့္ျဖစ္ေနေပမယ့္ ဘတ္ဟြၽန္းက တကယ္ကိုပဲ ထမင္းကို အဆက္မျပတ္စားေနခဲ့တယ္။
"ဘတ္ဟြၽန္း ေတာ္ၿပီ"
ခ်န္းေယာလ္က ဘတ္ဟြၽန္းရဲ့ စားလက္စပန္းကန္လံုးေလးကို ဆြဲလုလိုက္တယ္။ ဒါနဲ႔ဆို ငါးပန္ကန္ေျမာက္ျဖစ္ေနၿပီ မဟုတ္လား။
ဘတ္ဟြၽန္းက ခ်န္းေယာလ္မ်က္ႏွာကို တစ္ခ်က္သာ စိုက္ၾကည့္ၿပီး ထမင္းပန္ကန္ကိုပဲ ျပန္ဆြဲလုတယ္။
"ဘတ္ဟြၽန္း ေတာ္ၿပီလို႔
ေျပာေနတယ္မလား
အစာမေၾကျဖစ္လိမ့္မယ္"
"ငါမဝေသးဘူး"
"မဝေသးတာမဟုတ္ဘူး ဘတ္ဟြၽန္း
မင္း ဝမွန္း မဝမွန္းကို မသိေနတာ
ေတာ္ေတာ့ "
ဘတ္ဟြၽန္းက ခ်န္းေယာလ္လက္ထဲက ထမင္းပန္းကန္ကို ျပန္မလုေတာ့ပဲ ၪီးေလးဆီ ၪီးတည္ကာ
"ၪီးေလးႀကီး
ကြၽန္ေတာ္ ဒီည ဒီမွါအိပ္လို႔ရလား"
"အင္း အင္း ရပါတယ္ ဘတ္ဟြၽန္းရဲ့"
"ဟုတ္ ေက်းဇူးတင္ပါတယ္"
ဘတ္ဟြၽန္းက မတ္တပ္ထၿပီး ခ်န္းေယာလ္ အိပ္ခန္းဘက္ဆီ မ်က္ႏွာမူလိုက္တယ္။
"ငါမင္းကို ဒီတစ္ညအတြက္ပဲ ေတာင္းခဲ့တာမဟုတ္ဘူး "
လွမ္းဖို႔ျပင္ေနတဲ့ ဘတ္ဟြၽန္းေျခလွမ္းေတြ ရပ္သြားတယ္။ ဒါေပမယ့္ ရပ္ေနတဲ့ေနရာကေန ဘယ္လိုလႈပ္ရွားမႈမွ မရိွေနတာမို႔ ဘတ္ဟြၽန္း ဘာေတြေတြးေနလဲ မ်က္ႏွာက ဘယ္လိုျဖစ္ေနလိမ့္မလဲဆိုတာ ဘယ္သူမွ ခန္႔မွန္းလို႔ မရဘူး။
"ခ်န္းေယာလ္"
ၪီးေလးက ဟန္႔တားလိုသလို ေခၚလိုက္ေပမယ့္ ခ်န္းေယာလ္က ကရုမစိုက္စြာပဲ သူေျပာလက္စကို ဆက္ေျပာပါတယ္။
"ငါေျပာခဲ့တာ တစ္ဘဝလံုး ပါလို႔ေလ
မင္းလဲ ၾကားတာပဲမလား"
"ခ်န္းေယာလ္ ေတာ္ေတာ့ေလ ေျပာစရာရိွရင္ ေနာက္ေန့မွ ဆက္ေျပာေတာ့"
"မဟုတ္ဘူး အခုေျပာထားမွ ရမွာ
ဘတ္ဟြၽန္း ငါေျပာတာၾကားလား
အခုကစၿပီး မင္းက ငါ့အပိုင္ပဲ ငါနဲ႔ကလြဲၿပီး ဘယ္သူနဲ႔မွ လိုက္ေနစရာမလိုဘူး"
"အင္း"
ဘတ္ဟြၽန္းက အဲ့ဒီတစ္လံုးတည္းေျပာၿပီး ခ်န္းေယာလ္အခန္းထဲဝင္သြားတယ္။ ၪီးေလးကေတာ့ ဘာမွဆက္မေျပာေတာ့ပဲ ဒီအတိုင္း ေခါင္းကိုသာ ယမ္းေနေတာ့တယ္။ ဒါကိုလဲ ခ်န္းေယာလ္က မသိခ်င္ေယာင္ေဆာင္ၿပီး စားလက္စကို ထားကာ ဘတ္ဟြၽန္းေနာက္က လိုက္ဝင္သြားတယ္။
ကုတင္ေပၚတက္ၿပီး ေကြးေကြးေလးလွဲေနတဲ့ ဘတ္ဟြၽန္းကိုယ္ေပၚကို ေစာင္ထူထူတစ္ထည္လႊားၿခံဳလိုက္ၿပီး ခ်န္းေယာလ္က အခန္းထဲက Heater ကို အနည္းငယ္ေနြးသြားတဲ့အထိ ေစာင့္ၿပီးမွ ဘတ္ဟြၽန္းအိပ္ေနတဲ့ေဘးနားမွာ တင္ပါးလႊဲ ဝင္ထိုင္တယ္။ ေစာင္ပံုၾကားကေပၚေနတဲ့ဆံသားေတြကို သပ္တင္ရင္း
"ဘာမွ မေတြးပဲ ဒီတိုင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္လိုက္ေတာ့
မနက္လင္းလာရင္ အရာအားလံုးက အသစ္ျပန္ျဖစ္လာလိမ့္မယ္
ဝမ္းနည္းစရာေတြလဲ ေပ်ာက္သြားလိမ့္မယ္
ဒီတိုင္း မင္းက ငါ့နားမွာပဲ တစ္သက္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားေတာ့
ငါက ကတိေပးတယ္
ဘယ္ေတာ့မွ မင္းကို ပစ္မသြားဘူး ၿပီးေတာ့ ဘယ္ေတာ့မွ မင္းကို တစ္ေယာက္တည္း မထားခဲ့ဘူး
ဘာကိုမွ မယံုခ်င္ရင္ေတာင္
အခုငါေျပာေနတာေတြကိုေတာ့ ေသခ်ာေပါက္ ယံုရမယ္ ဘတ္ဟြၽန္း
ဘာျဖစ္လို႔လဲဆိုေတာ့ ေျပာတဲ့လူက ငါျဖစ္ေနလို႔ပဲ....."
ဘတ္ဟြၽန္းက သူ႔ဆံပင္ေတြကို သပ္တင္ေပးေနတဲ့ ခ်န္းေယာလ္လက္ကို လွမ္းကိုင္လိုက္ၿပီး ရင္ဘတ္နားမွာ ကပ္ထားလိုက္တယ္။ ခ်န္းေယာလ္လက္ေတြက ေအးစက္လို႔။ ဘတ္ဟြၽန္းက သူ႔လက္ႏွစ္ဖက္နဲ႔ ေထြးေနေအာင္ ဆုပ္ကိုင္ထားၿပီး မ်က္ႏွာမွာအပ္လိုက္တယ္။ ခဏအၾကာမွာေတာ့ အသက္ရႉသံမွန္မွန္နဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေတာ့တယ္...
အိပ္ေပ်ာ္ေနတဲ့ ဘတ္ဟြၽန္းရဲ့ ပါးျပင္ေပၚကို ပူေနြးေနြး ေရစီးေၾကာင္းတစ္ခု စီးဆင္းသြားတယ္။ ခ်န္းေယာလ္က နာနာက်င္က်င္ အံႀကိတ္ျပစ္လိုက္တယ္။
ရာရာစစ..
အဲ့ဒီည ၿပီးသြားတည္းက ဘတ္ဟြၽန္းက ပံုမွန္လိုျပန္ျဖစ္သြားတယ္။ အရင္လို အရမ္းႀကီးမတက္ႂကြေသးေပမယ့္ မိႈင္ေတြေနတာမ်ိဳးလဲ မျဖစ္ေတာ့ဘူး။ ခ်န္းေယာလ္ သြားသမ်ွလိုက္တယ္။ ခ်န္းေယာလ္ေျပာသမ်ွ နားေထာင္တယ္။ ဘတ္ဟြၽန္းက ခ်န္းေယာလ္ေမြးထားတဲ့ ေၾကာင္ေလးလိုပဲ ခ်န္းေယာလ္နားကေန ခြါဖို႔ခက္သြားေတာ့တယ္။
အဲ့လိုနဲ႔ ခ်န္းေယာလ္ရဲ့ ခိုင္းဖက္ေလး ဘတ္ဟြၽန္းကေန ခ်န္းေယာလ္အပိုင္ ဘတ္ဟြၽန္းေလးျဖစ္လာတယ္။
အဲ့လိုနဲ႔ အထက္တန္းတက္ရေတာ့မယ့္ အခ်ိန္မွာ ခ်န္းေယာလ္က သိသိသာသာထြားလာခဲ့ေပမယ့္ စိတ္ပင္ပန္းသြားရလို႔လား မသိေပမယ့္ ဘတ္ဟြၽန္းကေတာ့ သိပ္ၿပီး ထြားမလာခဲ့ဘူး။ ဒါေၾကာင့္ ခ်န္းေယာလ္က သူ႔အခန္းထဲမွာ ဘားေတြ အေလးေတြထညိ့ကာ ဘတ္ဟြၽန္းကို ဘားဆြဲခိုင္းတာမ်ိဳး အားကစားလုပ္ခိုင္းတာမ်ိဳးရိွေပမယ့္ ထူးမလာခဲ့ပါဘူး။ ခ်န္းေယာလ္မွာသာ ႂကြက္သားအဖုအထစ္ေတြ ရလာေပမယ့္ ၁၅ မိနစ္ေလာက္ အားကစားလုပ္ၿပီး ေခြၽးေတြနစ္ေနေအာင္ ေမာဟိုက္ေနတတ္တဲ့ ဘတ္ဟြၽန္းကေတာ့ ကုတင္ေပၚက မထေတာ့ဘူး။
အဲ့လိုနဲ႔ အထက္တန္းစတက္တဲ့ ေန့မွာ ခ်န္းေယာလ္က အရင္ထက္အမ်ားႀကီး လူႀကီးဆန္ ၾကည့္ေကာင္းေနၿပီး ဘတ္ဟြၽန္းကေတာ့ အလယ္တန္းေက်ာင္းသားေလးေတြလို ေသးၫွက္ေနဆဲ။ ဒါကိုပဲ ခ်န္းေယာလ္က ခဏခဏ စကားနာထိုး ဟာသလုပ္ၿပီး အားကစား လုပ္ခိုင္းတတ္ေသးတယ္။ ဒါေပမယ့္လဲ ေခြၽးေတြရစ္သိုင္းေနတဲ့ မ်က္ႏွာေလးကိုျမင္ရင္ လက္ေလ်ာ့ရသူကလဲ ခ်န္းေယာလ္ပဲ ျဖစ္သြားတတ္တယ္။
"ဘတ္ဟြၽန္း အျမန္လာေလ.."
"လာေနတာပဲေလ မင္းေျခေထာက္ရွညိႀကီးနဲ႔ ကားကားႀကီးသြားေနတာကို ဘယ္လိုလုပ္ မွီမွာလဲ.."
"ကားကားႀကီးမသြားေတာ့ စိၿပီးသြားရမွာလား ျမန္ျမန္လာ ပထမဆံုးေန့မွာ အျပစ္ေပးခံေနရမယ္.."
"အား ေအးပါတယ္ဆိုမွ "
ခ်န္းေယာလ္ကပဲ ေနာက္ျပန္လွည့္လာၿပီး လက္ကိုလာဆြဲေခၚရတယ္။ ထိုအခါမွ ဘတ္ဟြၽန္းက လံုးတံုးတံုးနဲ႔ အေျပးတပိုင္းပါေတာ့တယ္။
"ေအးတယ္ဆိုရင္ လႈပ္လႈပ္ရွားရွားေနမွ ေနြးမွာေပါ့ လိပ္လိုေလ်ွာက္ေနတာ ဘယ္လိုလုပ္ ေနြးပါ့မလဲ "
ဒီေနါက္ပိုင္းမွာ ခ်န္းေယာလ္က စကားမ်ားလာတယ္။ အထူးသျဖင့္ ဘတ္ဟြၽန္းနဲ႔ ရိွေနရင္ သူက ဘတ္ဟြၽန္းကို ဆူေနတတ္တာေၾကာင့္ ေလေပါလာတယ္။ ဘတ္ဟြၽန္းကလဲ မခံဘူးဆိုေပမယ့္ အတင္းႀကီးကလန္ကဆန္တာမ်ိဳးေတာ့ မလုပ္တတ္ဘူး။ ဘာေၾကာင့္မွန္းမသိေပမယ့္ ဘတ္ဟြၽန္းအရမ္းဆိုးရင္ ခ်န္းေယာလ္က မလိုခ်င္ေတာ့မွာ ေၾကာက္မိေနတတ္တယ္။
"ခ်န္းေယာလ္"
ေျခစံုရပ္ၿပီး ရုပ္တရက္ႀကီး ေခၚလိုက္တာမို႔ ခ်န္းေယာလ္ကလဲ အေရးတယူလွည့္ၾကည့္လာတယ္။
"ဘာလဲ"
"ဘာမွ မဟုတ္ေတာ့ဘူး"
စိတ္ထဲက မေရာရာမႈေတြကို ေမးမလို႔ေပမယ့္ မေမးသင့္ဘူးထင္တာေၾကာင့္ ဘတ္ဟြၽန္းက ခုန္ဆြဆြနဲ႔ ေရ႔ွကေနေျပးတဲ့အခါ ခ်န္းေယာလ္က နားမလည္စြာ ရပ္က်န္ခဲ့ၿပီးမွ ေနာက္ကေျပးလိုက္လာတယ္.
အခုေနာက္ပိုင္းမွာ ဘတ္ဟြၽန္းက အဲ့ဒီလို ခဏခဏျဖစ္တာေၾကာင့္ ခ်န္းေယာလ္လဲ အတင္းႀကီး ေမးျမန္းတာမ်ိဳး မလုပ္ျဖစ္ေတာ့ဘူး။
သူတို႔ရဲ့ အထက္တန္း ပထမေန့ဟာ အဲ့လို အေျပးလာခဲ့ေပမယ့္ ေနာက္က်တာေၾကာင့္ အေပါက္ဝမွာတင္ ဒိုက္ဆယ္ခါထိုးလိုက္ရတယ္။ ခ်န္းေယာလ္ကေတာ့ မိမိုက္စြာေပမယ့္ ဘတ္ဟြၽန္းကေတာ့ ေမာလ်စြာ...
**မတူတာေတြ ဘယ္ေလာက္မ်ားလဲ
ညိွမယူဘူး ဘတ္ဟြၽန္း
နားလည္မႈပဲ ယူမယ္
မင္းမို႔လို႔ မင္းပံုစံအတိုင္းေလးပဲ ျဖစ္သင့္တာမို႔ ေနာက္ဆို ဘယ္လိုအရာကိုမွ အတင္းအၾကပ္မခိုင္းေတာ့ဘူး..
မင္းမို႔လို႔
ၿပီးေတာ့ ငါ့အပိုင္ေလးမို႔လို႔...***
#Heki
စာစစ္တတ္တဲ့ အက်င့္မရိွတာမို႔ေလ နည္းနည္းေတာ့ သည္းခံေပးၾကေနာ္
စာရိုက္ၿပီးရင္ လံုးဝ ျပန္မစစ္ခ်င္တာမို႔ပါ ဟီးးးး
Love you all Bae.....
Uni
Mine 9
"တောက်... အရိုင်းအစိုင်းလေး"
"နေစမ်းပါဟာ
အဲ့လိုတောင်းသွားတော့လဲ ငါတို့ အလုပ်မရှုပ် ခေါင်းမရှုပ်တော့ဘူးပေါ့"
"ဒါပေမယ့် အဲ့ အရိုင်းစိုင်းလေးက ဒီအိမ်ကို အပိုင်ကြံချင်နေတာနေမှာ
ပြောသွားတာ မကြားဘူးလား
ထိရင် ဘာလုပ်မယ် ညာလုပ်မယ်လေးနဲ့
သူလို မလောက်လေးမလောက်စားကများ.."
"နင့်ပစ္စည်းလဲ မဟုတ်ပဲ မက်မနေစမ်းပါနဲ့
လူတစ်ယောက်တာဝန်က နည်းတာမဟုတ်ဘူး
ဒီအိမ်က ဘယ်လောက်ရမှာမို့လဲ.."
"ဟွန့့့်"
မဲ့ရွဲ့နေတဲ့ ညီမဖြစ်သူရယ် ဆေးလိပ်တစ်လိပ် ဇိမ်ခံသောက်နေတဲ့ အစ်ကိုဖြစ်သူရယ်။ ပြီးတော့ ဧည့်ခန်းထဲက ပြုံးရယ်နေတဲ့ ဓာတ်ပုံတစ်ပုံရယ်။ အရာရာဟာ တိတ်ဆိတ်လို့။
***************
"ဘတ်ဟျွန်း နံရိုးချက်ထားတယ်
သေချာလေးစားလိုက် မင်းအရင်ရက်တွေကလည်း ကောင်းကောင်းမစားထားဘူးမလား"
ဘတ်ဟျွန်းက ဘာမှ ပြန်မဖြေပဲ ဦးလေးအသင့်ခူးပေးထားတဲ့ စားပွဲမှာ ဝင်ထိုင်ပြီး ငြိမ်သက်စွာပဲ အစား စားခြင်းကို လုပ်ဆောင်တယ်။ ဦးလေးရော ချန်းယောလ်ရော အရိပ်တကြည့်ကြည့်ဖြစ်နေပေမယ့် ဘတ်ဟျွန်းက တကယ်ကိုပဲ ထမင်းကို အဆက်မပြတ်စားနေခဲ့တယ်။
"ဘတ်ဟျွန်း တော်ပြီ"
ချန်းယောလ်က ဘတ်ဟျွန်းရဲ့ စားလက်စပန်းကန်လုံးလေးကို ဆွဲလုလိုက်တယ်။ ဒါနဲ့ဆို ငါးပန်ကန်မြောက်ဖြစ်နေပြီ မဟုတ်လား။
ဘတ်ဟျွန်းက ချန်းယောလ်မျက်နှာကို တစ်ချက်သာ စိုက်ကြည့်ပြီး ထမင်းပန်ကန်ကိုပဲ ပြန်ဆွဲလုတယ်။
"ဘတ်ဟျွန်း တော်ပြီလို့
ပြောနေတယ်မလား
အစာမကြေဖြစ်လိမ့်မယ်"
"ငါမဝသေးဘူး"
"မဝသေးတာမဟုတ်ဘူး ဘတ်ဟျွန်း
မင်း ဝမှန်း မဝမှန်းကို မသိနေတာ
တော်တော့ "
ဘတ်ဟျွန်းက ချန်းယောလ်လက်ထဲက ထမင်းပန်းကန်ကို ပြန်မလုတော့ပဲ ဦးလေးဆီ ဦးတည်ကာ
"ဦးလေးကြီး
ကျွန်တော် ဒီည ဒီမှါအိပ်လို့ရလား"
"အင်း အင်း ရပါတယ် ဘတ်ဟျွန်းရဲ့"
"ဟုတ် ကျေးဇူးတင်ပါတယ်"
ဘတ်ဟျွန်းက မတ်တပ်ထပြီး ချန်းယောလ် အိပ်ခန်းဘက်ဆီ မျက်နှာမူလိုက်တယ်။
"ငါမင်းကို ဒီတစ်ညအတွက်ပဲ တောင်းခဲ့တာမဟုတ်ဘူး "
လှမ်းဖို့ပြင်နေတဲ့ ဘတ်ဟျွန်းခြေလှမ်းတွေ ရပ်သွားတယ်။ ဒါပေမယ့် ရပ်နေတဲ့နေရာကနေ ဘယ်လိုလှုပ်ရှားမှုမှ မရှိနေတာမို့ ဘတ်ဟျွန်း ဘာတွေတွေးနေလဲ မျက်နှာက ဘယ်လိုဖြစ်နေလိမ့်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။
"ချန်းယောလ်"
ဦးလေးက ဟန့်တားလိုသလို ခေါ်လိုက်ပေမယ့် ချန်းယောလ်က ကရုမစိုက်စွာပဲ သူပြောလက်စကို ဆက်ပြောပါတယ်။
"ငါပြောခဲ့တာ တစ်ဘဝလုံး ပါလို့လေ
မင်းလဲ ကြားတာပဲမလား"
"ချန်းယောလ် တော်တော့လေ ပြောစရာရှိရင် နောက်နေ့မှ ဆက်ပြောတော့"
"မဟုတ်ဘူး အခုပြောထားမှ ရမှာ
ဘတ်ဟျွန်း ငါပြောတာကြားလား
အခုကစပြီး မင်းက ငါ့အပိုင်ပဲ ငါနဲ့ကလွဲပြီး ဘယ်သူနဲ့မှ လိုက်နေစရာမလိုဘူး"
"အင်း"
ဘတ်ဟျွန်းက အဲ့ဒီတစ်လုံးတည်းပြောပြီး ချန်းယောလ်အခန်းထဲဝင်သွားတယ်။ ဦးလေးကတော့ ဘာမှဆက်မပြောတော့ပဲ ဒီအတိုင်း ခေါင်းကိုသာ ယမ်းနေတော့တယ်။ ဒါကိုလဲ ချန်းယောလ်က မသိချင်ယောင်ဆောင်ပြီး စားလက်စကို ထားကာ ဘတ်ဟျွန်းနောက်က လိုက်ဝင်သွားတယ်။
ကုတင်ပေါ်တက်ပြီး ကွေးကွေးလေးလှဲနေတဲ့ ဘတ်ဟျွန်းကိုယ်ပေါ်ကို စောင်ထူထူတစ်ထည်လွှားခြုံလိုက်ပြီး ချန်းယောလ်က အခန်းထဲက Heater ကို အနည်းငယ်နွေးသွားတဲ့အထိ စောင့်ပြီးမှ ဘတ်ဟျွန်းအိပ်နေတဲ့ဘေးနားမှာ တင်ပါးလွှဲ ဝင်ထိုင်တယ်။ စောင်ပုံကြားကပေါ်နေတဲ့ဆံသားတွေကို သပ်တင်ရင်း
"ဘာမှ မတွေးပဲ ဒီတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တော့
မနက်လင်းလာရင် အရာအားလုံးက အသစ်ပြန်ဖြစ်လာလိမ့်မယ်
ဝမ်းနည်းစရာတွေလဲ ပျောက်သွားလိမ့်မယ်
ဒီတိုင်း မင်းက ငါ့နားမှာပဲ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားတော့
ငါက ကတိပေးတယ်
ဘယ်တော့မှ မင်းကို ပစ်မသွားဘူး ပြီးတော့ ဘယ်တော့မှ မင်းကို တစ်ယောက်တည်း မထားခဲ့ဘူး
ဘာကိုမှ မယုံချင်ရင်တောင်
အခုငါပြောနေတာတွေကိုတော့ သေချာပေါက် ယုံရမယ် ဘတ်ဟျွန်း
ဘာဖြစ်လို့လဲဆိုေတာ့ ပြောတဲ့လူက ငါဖြစ်နေလို့ပဲ....."
ဘတ်ဟျွန်းက သူ့ဆံပင်တွေကို သပ်တင်ပေးနေတဲ့ ချန်းယောလ်လက်ကို လှမ်းကိုင်လိုက်ပြီး ရင်ဘတ်နားမှာ ကပ်ထားလိုက်တယ်။ ချန်းယောလ်လက်တွေက အေးစက်လို့။ ဘတ်ဟျွန်းက သူ့လက်နှစ်ဖက်နဲ့ ထွေးနေအောင် ဆုပ်ကိုင်ထားပြီး မျက်နှာမှာအပ်လိုက်တယ်။ ခဏအကြာမှာတော့ အသက်ရှူသံမှန်မှန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်...
အိပ်ပျော်နေတဲ့ ဘတ်ဟျွန်းရဲ့ ပါးပြင်ပေါ်ကို ပူနွေးနွေး ရေစီးကြောင်းတစ်ခု စီးဆင်းသွားတယ်။ ချန်းယောလ်က နာနာကျင်ကျင် အံကြိတ်ပြစ်လိုက်တယ်။
ရာရာစစ..
အဲ့ဒီည ပြီးသွားတည်းက ဘတ်ဟျွန်းက ပုံမှန်လိုပြန်ဖြစ်သွားတယ်။ အရင်လို အရမ်းကြီးမတက်ကြွသေးပေမယ့် မှိုင်တွေနေတာမျိုးလဲ မဖြစ်တော့ဘူး။ ချန်းယောလ် သွားသမျှလိုက်တယ်။ ချန်းယောလ်ပြောသမျှ နားထောင်တယ်။ ဘတ်ဟျွန်းက ချန်းယောလ်မွေးထားတဲ့ ကြောင်လေးလိုပဲ ချန်းယောလ်နားကနေ ခွါဖို့ခက်သွားတော့တယ်။
အဲ့လိုနဲ့ ချန်းယောလ်ရဲ့ ခိုင်းဖက်လေး ဘတ်ဟျွန်းကနေ ချန်းယောလ်အပိုင် ဘတ်ဟျွန်းလေးဖြစ်လာတယ်။
အဲ့လိုနဲ့ အထက်တန်းတက်ရတော့မယ့် အချိန်မှာ ချန်းယောလ်က သိသိသာသာထွားလာခဲ့ပေမယ့် စိတ်ပင်ပန်းသွားရလို့လား မသိပေမယ့် ဘတ်ဟျွန်းကတော့ သိပ်ပြီး ထွားမလာခဲ့ဘူး။ ဒါကြောင့် ချန်းယောလ်က သူ့အခန်းထဲမှာ ဘားတွေ အလေးတွေထညိ့ကာ ဘတ်ဟျွန်းကို ဘားဆွဲခိုင်းတာမျိုး အားကစားလုပ်ခိုင်းတာမျိုးရှိပေမယ့် ထူးမလာခဲ့ပါဘူး။ ချန်းယောလ်မှာသာ ကြွက်သားအဖုအထစ်တွေ ရလာပေမယ့် ၁၅ မိနစ်လောက် အားကစားလုပ်ပြီး ချွေးတွေနစ်နေအောင် မောဟိုက်နေတတ်တဲ့ ဘတ်ဟျွန်းကတော့ ကုတင်ပေါ်က မထတော့ဘူး။
အဲ့လိုနဲ့ အထက်တန်းစတက်တဲ့ နေ့မှာ ချန်းယောလ်က အရင်ထက်အများကြီး လူကြီးဆန် ကြည့်ကောင်းနေပြီး ဘတ်ဟျွန်းကတော့ အလယ်တန်းကျောင်းသားလေးတွေလို သေးညှက်နေဆဲ။ ဒါကိုပဲ ချန်းယောလ်က ခဏခဏ စကားနာထိုး ဟာသလုပ်ပြီး အားကစား လုပ်ခိုင်းတတ်သေးတယ်။ ဒါပေမယ့်လဲ ချွေးတွေရစ်သိုင်းနေတဲ့ မျက်နှာလေးကိုမြင်ရင် လက်လျော့ရသူကလဲ ချန်းယောလ်ပဲ ဖြစ်သွားတတ်တယ်။
"ဘတ်ဟျွန်း အမြန်လာလေ.."
"လာနေတာပဲလေ မင်းခြေထောက်ရှညိကြီးနဲ့ ကားကားကြီးသွားနေတာကို ဘယ်လိုလုပ် မှီမှာလဲ.."
"ကားကားကြီးမသွားတော့ စိပြီးသွားရမှာလား မြန်မြန်လာ ပထမဆုံးနေ့မှာ အပြစ်ပေးခံနေရမယ်.."
"အား အေးပါတယ်ဆိုမှ "
ချန်းယောလ်ကပဲ နောက်ပြန်လှည့်လာပြီး လက်ကိုလာဆွဲခေါ်ရတယ်။ ထိုအခါမှ ဘတ်ဟျွန်းက လုံးတုံးတုံးနဲ့ အပြေးတပိုင်းပါတော့တယ်။
"အေးတယ်ဆိုရင် လှုပ်လှုပ်ရှားရှားနေမှ နွေးမှာပေါ့ လိပ်လိုလျှောက်နေတာ ဘယ်လိုလုပ် နွေးပါ့မလဲ "
ဒီနေါက်ပိုင်းမှာ ချန်းယောလ်က စကားများလာတယ်။ အထူးသဖြင့် ဘတ်ဟျွန်းနဲ့ ရှိနေရင် သူက ဘတ်ဟျွန်းကို ဆူနေတတ်တာကြောင့် လေပေါလာတယ်။ ဘတ်ဟျွန်းကလဲ မခံဘူးဆိုပေမယ့် အတင်းကြီးကလန်ကဆန်တာမျိုးတော့ မလုပ်တတ်ဘူး။ ဘာကြောင့်မှန်းမသိပေမယ့် ဘတ်ဟျွန်းအရမ်းဆိုးရင် ချန်းယောလ်က မလိုချင်တော့မှာ ကြောက်မိနေတတ်တယ်။
"ချန်းယောလ်"
ခြေစုံရပ်ပြီး ရုပ်တရက်ကြီး ခေါ်လိုက်တာမို့ ချန်းယောလ်ကလဲ အရေးတယူလှည့်ကြည့်လာတယ်။
"ဘာလဲ"
"ဘာမှ မဟုတ်တော့ဘူး"
စိတ်ထဲက မရောရာမှုတွေကို မေးမလို့ပေမယ့် မမေးသင့်ဘူးထင်တာကြောင့် ဘတ်ဟျွန်းက ခုန်ဆွဆွနဲ့ ရှေ့ကနေပြေးတဲ့အခါ ချန်းယောလ်က နားမလည်စွာ ရပ်ကျန်ခဲ့ပြီးမှ နောက်ကပြေးလိုက်လာတယ်.
အခုနောက်ပိုင်းမှာ ဘတ်ဟျွန်းက အဲ့ဒီလို ခဏခဏဖြစ်တာကြောင့် ချန်းယောလ်လဲ အတင်းကြီး မေးမြန်းတာမျိုး မလုပ်ဖြစ်တော့ဘူး။
သူတို့ရဲ့ အထက်တန်း ပထမနေ့ဟာ အဲ့လို အပြေးလာခဲ့ပေမယ့် နောက်ကျတာကြောင့် အပေါက်ဝမှာတင် ဒိုက်ဆယ်ခါထိုးလိုက်ရတယ်။ ချန်းယောလ်ကတော့ မိမိုက်စွာပေမယ့် ဘတ်ဟျွန်းကတော့ မောလျစွာ...
**မတူတာတွေ ဘယ်လောက်များလဲ
ညိှမယူဘူး ဘတ်ဟျွန်း
နားလည်မှုပဲ ယူမယ်
မင်းမို့လို့ မင်းပုံစံအတိုင်းလေးပဲ ဖြစ်သင့်တာမို့ နောက်ဆို ဘယ်လိုအရာကိုမှ အတင်းအကြပ်မခိုင်းတော့ဘူး..
မင်းမို့လို့
ပြီးတော့ ငါ့အပိုင်လေးမို့လို့...***
#Heki
စာစစ်တတ်တဲ့ အကျင့်မရှိတာမို့လေ နည်းနည်းတော့ သည်းခံပေးကြနော်
စာရိုက်ပြီးရင် လုံးဝ ပြန်မစစ်ချင်တာမို့ပါ ဟီးးးး
Love you all Bae.....