ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...

By suukhant

795K 55.3K 3.8K

ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... More

Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 25
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)

Part- 1

51K 2K 91
By suukhant

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ

Part- 1
For unicode

ရှောင်းကျန့်ကသူ့ဘေးနားမှာအိပ်ပျော်‌နေတဲ့လူရဲ့နှာတံကိုဖွဖွထိလိုက်ပြီးရှက်ရွံစွာတိုးတိုးလေးခေါ်လိုက်တယ်။ သူဟာသူ့ညီလေးရဲ့ချစ်သူကိုလုယူထားခဲ့တယ်‌ဆိုတာကိုမေ့ထားပြီးတော့ပေါ့...

"လောင်ကုန်း ထတော့လေ"

သူ့အသံကြောင့်အိပ်နေတဲ့လူရဲ့မျက်လုံးတွေပွင့်လာတယ်။ ရှောင်းကျန့်ဟာလည်းထိုမျက်ဝန်းတွေရဲ့စိမ်းသက်မှုကြောင့်သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်ထဲကနေလန့်နိုးသွားခဲ့ပြီးမျက်နှာလေးကညှိုးကျသွားခဲ့တယ်။ ပြီးတော့ကပြာကယာလေးပြန်ရှင်းပြလာတယ်။

"ကိုယ်ဒီနေ့long dayဆင်းရမှာ
သားကိုမင်းဘဲကျောင်းပို့လိုက်တော့နော်"

"အခုနကဘယ်လိုခေါ်လိုက်တယ်"

ဝမ်ရိပေါ်ကကိုယ်တုံးလုံးနဲ့ထလာပြီးကုတင်အောက်ကဘောင်းဘီတိုကို‌ကောက်ဝတ်တယ်။ အဲ့ပုံစံကြောင့်ရှောင်းကျန့်ကမနေ့ညကအထိအတွေ့တွေကိုသတိရသွားပြီးမျက်နှာကနီရဲသွားပြန်တယ်။

"ကိုယ်ရိပေါ်အတွက်သွားတိုက်ဆေးလည်းညှစ်ပေးခဲ့ပြီနော်
ရေချိုးပြီးရင်သားကိုမနက်စာကျွေးလိုက်ဦး
ကိုယ်မနက်စာလည်းစီစဉ်ပေးထားခဲ့ပြီ"

ရှောင်းကျန့်ကပြောလည်းပြောရင်းလက်ကလည်းကုတင်ပေါ်ကရှုပ်ထွေးနေတာတွေကိုရှင်းနေတယ်။

"အပိုတွေလုပ်နေတယ် သွားတိုက်ဆေးညှစ်တာလောက်တော့ကိုယ့်ဘာကိုယ်လည်းလုပ်တတ်တယ်"

"ကိုယ်လုပ်ပေးထားတော့ရိပေါ်သက်သာတာပေါ့"

"မလုပ်နဲ့"

ဝမ်ရိပေါ်ကအမြဲတမ်းအဲ့လိုပြောပေမယ့်ရှောင်းကျန့်ကလည်းနေ့တိုင်းသူ့တာဝန်အတိုင်းသူတာဝန်ကျေအောင်လုပ်ပြီးသား။ ရှောင်းကျန့်ကအိမ်မှုကိစ္စလုပ်ရတာလည်းဝါသနာပါတယ်။ သူစိတ်မဝင်စားတဲ့အလုပ်မရှိ‌သလောက်ပါဘဲ။ ကိုယ်ချစ်ရတဲ့သူမို့ကိုယ်တတ်နိုင်သလောက်အရာရာဖြည့်ဆည်းပေးချင်မိတာပါဘဲ။

‌ရှောင်းကျန့်ကဝမ်ရိပေါ်ရေချိုးနေတုန်းဝမ်ရိပေါ်ဝတ်မယ့်အဝတ်အစားတွေနဲ့ showcaseထဲကခါးပတ်တွေနာရီတွေပါအဆင်သင့်ထုတ်ထားပေးခဲ့လိုက်တယ်။ သားကိုမူကြိုပို့ရမှာမို့အရင်နေ့တွေလိုအရောင်မှိုင်းမှိုင်းshirtတွေအစားအပြာရောင်ရှပ်လက်ရှည်ကိုဘဲထုတ်‌ထားပေးခဲ့လိုက်တယ်။ ဒီအရောင်လေးနဲ့ဆိုဝမ်ရိပေါ်ရဲ့အရှိန်အဝါတွေတော်တော်လျှော့သွားမှာ..

"လောင်ကုန်း! ကိုယ်သွားပြီနော်"

"ခင်များ!"

ရေချိုးခန်းထဲကဝမ်ရိပေါ်မှာထိုအသံကြောင့်ဆပ်ပြာတွေနဲ့ပွတ်တိုက်ခံထားရတဲ့နေရာကလျင်မြန်တုံ့ပြန့်လာခဲ့တယ်။ ဝမ်ရိပေါ်သူ့ကိုယ်သူစိတ်ပျက်သွားပြီးရေအေးအေးတွေနဲ့အကြာကြီးရေချိုးပစ်လိုက်တယ်။

ဝမ်ရိပေါ်အဝတ်လဲနေတုန်းအခန်းထဲကိုဆံပင်စုတ်ဖွားနဲ့ကောင်ငယ်လေးကငိုမဲ့မဲ့လေးဝင်လာခဲ့တယ်။ ဒီဆံပင်ခွေခွေလိပ်လိပ်တွေကသူ့သားစစ်စစ်ဖြစ်ကြောင်းသက်သေပြနေတယ်။ ရှောင်းကျန့်တို့မျိုးရိုးမှာဆံကောက်တွေမရှိဘူး။ ဝမ်ရိပေါ်အမေမှာသာ‌နဂိုကောက် ခွေခွေလိပ်လိပ်ဖြစ်နေတဲ့ဆံပင်တွေရှိတယ်။ ဒီကောင်ငယ်လေးကိုမြင်ရတိုင်းသူ့မားမားကိုမြင်နေရသလိုဘဲ။ သူ့မားရဲ့ generation‌ တွေကသူ့ဆီမှာမပါလာဘဲသူ့သားဆီမှာကပ်ပါလာပုံရတယ်။

သား..အင်းပေါ့။ ရှောင်းကျန့်ခိုးသွားတဲ့သူ့သား..။ ဝမ်ရိပေါ်အဲ့ညကိုပြန်စဉ်းစားမိတော့ရှောင်းကျန့်ကိုရိုက်သတ်ပစ်ချင်လာတယ်။

"ပါးပါးရော.."

"မင်းပါးပါးအလုပ်သွားပြီ"

"မနေ့ကပြောတော့မူကြိုလိုက်ပို့မယ်ဆိုပီး ဟင့် ဟင့် ဟီး"

ကောင်ငယ်လေးကသူ့အဖေကိုမတွေ့တော့နဂိုငိုချင်နေတာနဲ့တွေ့သွားကာမျက်ရည်တွေအလုံးလိုက်ကျဆင်းလာတယ်။ ဝမ်ရိပေါ်ကအကျီလက်ကိုတံတောင်ဆစ်အထိခေါက်တင်လိုက်ပြီးသူ့ရှေ့ကကောင်ငယ်လေးကိုကောက်ချီလိုက်တယ်။ သူ့သားကစားသမျှအသားခေါင်းရောက်သွားပုံပေါ်တယ်။ ဆံပင်အုပ်အုပ်နဲ့ခေါင်းကတစ်ကိုယ်လုံးထက်တောင်ကြီးချင်နေတယ်။ အဲ့ဒါဘဲ သူကလေးတွေကိုမကြိုက်တာ။ တစ်ခုခုဆိုငိုမယ်ဆိုတာချည်းဘဲ။ တကယ်ဆိုကလေးကနှစ်နှစ်ကျော်ဘဲရှိသေးတာကိုဝမ်ရိပေါ်မေ့ထားတယ်။

"‌မင်းပါးပါးကအလုပ်ရှိလို့မအားဘူး
မင်းကြီးလာရင်မိန်းမယူဖို့ငါတို့ကြိုးစားနေတာ ဟုတ်ပြီလား
မငိုနဲ့တော့"

"မိန်းမယူဘူး သားမုန့်ကိုခွဲပေးနိုင်ဘူး"

ဝမ်ရိပေါ်ကသူ့သားငတုံး‌လေးကိုကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ မျက်နှာမှာလည်းမျက်ရည်တွေနှပ်ချေးတွေပေကျံနေပြီးရှောင်းကျန့်နဲ့သူ့မျိုးရိုးသာမပါရင်ရုပ်ဆိုးလိုက်မည့်ဖြစ်ခြင်း။ ဝမ်ရိပေါ်ကဝမ်ဝမ့်ကိုဘေစင်ပေါ်မှာတင်လိုက်ပြီးသွားပွတ်တံသေးသေးလေးထက်ကိုသွားတိုက်ဆေးပိစိလေးညှစ်လိုက်ကာသွားတိုက်ပေးလိုက်တယ်။

သွားတိုက်ပြီးသွားတော့ကလေးမျက်နှာသစ်ဆေးရည်ကိုလက်ဖဝါးမှာအမြှုပ်ထွက်လာအောင်ပွတ်လိုက်ပြီးကလေးမျက်နှာနုနုကိုဆေးကျောပေးလိုက်တယ်။ ကောင်ငယ်လေးကမျက်နှာသစ်ပြီးသွားတော့ဝမ်ရိပေါ်ကိုချီဆိုတဲ့ပုံစံမျိုးဖြင့်လက်ကားပေးလာတယ်။

ဝမ်ရိပေါ်ကဝမ်ဝမ့်အဝတ်တွေကိုချွတ်လိုက်ပြီးအဝတ်လျှော်မယ့်ခြင်းထဲနောက်ပြန်ပစ်ထည့်လိုက်တယ်။ ပြီးတာနဲ့ဝမ်ရိပေါ်ကရှောင်းကျန့်လုပ်နေကြအတိုင်းကလေးတစ်ကိုယ်လုံးကိုlotionတွေလိမ်းပေးလိုက်၏။ ကလေးရဲ့အသားရည်ကနူးညံ့ချောမွေ့နေတာသူ့ပါးပါးဆီကလက်ဆောင်ရထားတာဘဲဖြစ်မယ်။ ဝမ်ရိပေါ်မှာရှားရှားပါးပါးဝမ်ဝမ့်နှာခေါင်းကသူနဲ့လာတူတာကိုဘဲကျေးဇူးတင်မိတယ်။

နောက်ဆုံးမူကြိုဝတ်စုံဝတ်ပြီးတာနဲ့ဝမ်ဝမ့်ဆံပင်တွေကိုရှောင်းကျန့်စည်းပေးသလိုပိုနီတေးလေးစည်းပေးလိုက်၏။

ဂွီ..ဂွီ

ကောင်ငယ်လေးကဗိုက်ဆာလို့နှာခမ်းစူနေပြီ။ ဝမ်ရိပေါ်ကနှစ်နှစ်ကြာပြီးမှပြန်တွေ့တဲ့သူ့သားကိုသူ့လက်မောင်းကြီးမှာပွေ့ထိန်းထားပြီးကျန်လက်တစ်ဖက်ကကုတ်နဲ့ဖုန်းကိုကောက်ကိုင်တယ်။ ပြီးမှသူ့အ‌တွင်းရေးမှူးကိုဖုန်းဆက်လိုက်ပြီးလာခေါ်ဖို့ပြောလိုက်တယ်။

"ဒက်ဒီ ဝမ်ဝမ်ကျောင်းသွားချင်ဘူး"

ဝမ်ရိပေါ်ကသူ့သားစကားကြောင့်မျက်မှောင်ကုတ်သွားခဲ့ပြန်တယ်။

"မရဘူး"

"ကျောင်းမှာပျော်ဖူးလို့"

ဝမ်ဝမ်ကဝမ်ရိပေါ်လည်ပင်းကိုလက်သေးသေးလေးတွေနဲ့ဖက်ပြီးခေါင်းကိုသူ့ဒက်ဒီလည်ပင်းမှာအပ်ထားကာခပ်တိုးတိုးလေးပြော၏။ ဝမ်ဝမ်ရဲ့ဒီပုံစံနဲ့ဆိုရှောင်းကျန့်တို့အရည်ပျော်ပြီးအလုပ်ကိုခေါ်သွားလောက်ပြီ။ ဒါပေမယ့်သူကဝမ်ရိပေါ်ဘဲလေ။

ဝမ်ရိပေါ်ကဝမ်ဝမ်ကိုသူ့ခုံသေးသေးလေးမှာချပေးလိုက်ပြီးရှောင်းကျန့်ပြင်ပေးခဲ့တဲ့မနက်စာကိုချပေးလိုက်တယ်။ ဝမ်ဝမ်အတွက်ကပန်ကိတ်တစ်ချက်၊ကြက်ဉကြော်တစ်လုံး၊နို့တစ်ခွက်။ ဝမ်ရိပေါ်အတွက်ကတော့ပန်ကိတ်နှစ်ချပ်၊ကြက်ဉအကျက်ကြော်တစ်လုံး၊ ကြက်ဉhalf fried တစ်လုံးနဲ့ကော်ဖီတစ်ခွက်ဖျော်ပေးခဲ့တယ်။ ဝမ်ရိပေါ်ကသောက်နေကျကော်ဖီအရသာကြောင့်စိတ်ကြည်လင်သွားခဲ့တယ်။

"ကုန်အောင်စား"

သားဖနှစ်ယောက်ရဲ့မနက်စာစားပွဲကတိတ်ဆိတ်နေတယ်။ ပုံမှန်ဆိုဝမ်ဝမ်ကသူ့အိပ်မက်တွေအကြောင်း၊ သူတစ်နေ့လုံးဘာတွေလုပ်တယ်ဆိုတဲ့အကြောင်းရှောင်းကျန့်ကိုအသံသေးသေးလေးတွေနဲ့ရှင်းပြနေလောက်ပြီ။ ဒါပေမယ့်ဝမ်ဝမ်ကပန်ကိတ်တစ်ချပ်၊ကြက်ဉကြော်တစ်လုံးကုန်အောင်စားပြီးနွားနို့ကိုတို့ခနဲဆိတ်ခနဲသောက်နေတယ်။

"ဒက်ဒီ ဝမ်ဝမ်ဝပီ"

"နွားနို့ကိုကုန်အောင်သောက် မဟုတ်ရင်မင်းအရပ်ရှည်လာမှာမဟုတ်ဘူး
အရပ်မရှည်ရင်မင်းရည်းစားလည်းမရဘူး"

ဝမ်ရိပေါ်ကသူငယ်ငယ်တုန်းကနွားနို့သောက်ရတဲ့ခံစားချက်ကြီးကိုမှတ်မိသေးတယ်။ အရမ်းပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။ ငယ်ငယ်ကသာသူ့မား‌တိုက်တဲ့နွားနို့ကိုကုန်အောင်သောက်ခဲ့ရင်သူလည်းရှောင်းကျန့်ထက်အရပ်ပိုရှည်နေလောက်မှာ။ ရှောင်းကျန့်တို့လိုထူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိတဲ့လူတွေကပုံမှန်အားဖြင့်အရပ်သိပ်မရှည်ကြ။ ခန္ဓာကိုယ်သေးသွယ်ပျော့ပြောင်းပြီးကလေးမွေးဖွားနိုင်သည့်ခန္ဓာကိုယ်ကိုပါပိုင်ဆိုင်ထားကြသည်။ ရှောင်းကျန့်လိုအရပ်ရှည်တဲ့သူတွေကတော့ရှားသည်။ ရှောင်းပိုင်‌တောင်ရှောင်းကျန့်လောက်မရှည်။

ရှောင်းပိုင်။ ဝမ်ရိပေါ်အတွေးထဲဝင်လာသူကိုခေါင်းထဲကအမြန်ပြန်ထုတ်ပစ်ရသည်။ ထိုလူ့အကြောင်းဆက်တွေးမနေသင့်တော့။

"ဒက်ဒီ ကုန်ပီ"

ဝမ်ဝမ်ကဝမ်ရိပေါ်ရဲ့ချိန်းခြောက်စကားကြောင့်နွားနို့ကိုအကုန်သောက်ပစ်လိုက်၏။ အခုကတည်းကအရပ်မရှည်မှာတော့စိုးရိမ်နေရှာသား။
ဝမ်ရိပေါ်ကကော်ဖီကိုကုန်အောင်သောက်ပြီးတာနဲ့ကလေးလွယ်အိတ်ထဲကတစ်ချက်စစ်ကြည့်ရသေးတယ်။ ဝမ်ဝမ့်အိတ်ထဲမှာသူ့ပါးပါးမနေ့ညကတည်းကထည့်ပေးထားတဲ့အဆာပြေမုန့်တွေနဲ့ရောင်စုံစာအုပ်တွေ၊ခဲတံတွေပါတယ်။ ဘေးအိတ်ထဲမှာရေဘူးနဲ့ပဲနို့တစ်ဘူး၊ဒိန်ချဉ်တစ်ဘူးပါတယ်။

ဝမ်ရိပေါ်ကလွယ်အိတ်ကိုကောင်ငယ်လေးကျောမှာလွယ်ပေးလိုက်ပြီးခြေအိတ်ဝတ်ပေးကာဖိနပ်သေးသေးလေးကိုစီးပေးလိုက်၏။ ပြီးမှချိုင်းမှကောက်ချီကာအပြင်ထွက်လာခဲ့၏။ အပြင်မှာစောင့်နေတဲ့သူ့အတွင်းရေးမှူးကသူထွက်လာတာနဲ့ကားတံခါးကိုထဖွင့်ပေး၏။ ဝမ်ရိပေါ်ကဝမ်ဝမ်ကိုနေရာချပေးပြီးခါးပတ်ပါပတ်ပေးလိုက်၏။

ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာတကယ်မလွယ်။

"မူကြိုကိုမောင်း"

.
.
.
.
.
"ဝမ်ဝမ် အခုနကသားကို‌ကျောင်းလာပို့တာဘယ်သူလဲ!"

"သားဒက်ဒီ"

"တကယ်လား မလိမ်ရဘူးနော်"

"လိမ်ဘူး သားဒက်ဒီ"

ဝမ်ဝမ်ရဲ့ဆရာမလေးကမျက်နှာညှိုးသွားခဲ့သည်။ ဝမ်ရိပေါ်လက်ထပ်ပြီးကလေးပါရှိလိမ့်မယ်လို့ဘယ်သူမှမျှော်လင့်ထားကြမှာမဟုတ်။ ဝမ်ရိပေါ်ဆိုတာလွန်ခဲ့တဲ့၅နှစ်လောက်ကစပြီးအသက်ငယ်ဆုံး၊စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဝမ်ရိပေါ်ကမိန်းကလေးတွေကြားမှာရော၊ယောက်ျားလေးတွေကြားမှာပါနာမည်ကြီးသည်။ ဝမ်ရိပေါ်ကိုအားကျကြသည်။ ဝမ်ရိပေါ်ကrich kidအဖြစ်မွေးဖွားလာပြီးအရုပ်လည်းချောတော့ငယ်ငယ်ကတည်းကနာမည်ကြီးသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်ပိုင်companyကိုတည်ထောင်ကာ၇နှစ်အကြာမှာအသက်အငယ်ဆုံးဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့သည်။

ဒီလိုသိုသိုသိပ်သိပ်နေတတ်တဲ့သူကနှစ်နှစ်ကျော်အရွယ်သားတစ်ယောက်ရှိတာလည်းဖြစ်နိုင်ပါတယ်လေ။ ဒါပေမယ့်ဘယ်သူကဝမ်ရိပေါ်ရဲ့စင်ဒရဲလားဖြစ်သွားခဲ့တာလဲဆိုတာတော့သိပ်သိချင်မိတယ်။

ဝမ်ရိပေါ်လိုလူကိုရအောင်ဘယ်လိုစည်းရုံးသိမ်းပိုက်နိုင်ခဲ့တာလဲ။ ဘယ်လိုနည်းလမ်းတွေကိုသုံးခဲ့လဲ။

(27.6.22)

ရွာမှာလိုင်းမကောင်းလို့replyမပြန်ဖြစ်ရင်စိတ်မ‌‌ေကာင်းမဖြစ်ကြနဲ့‌ေနာ်။ update ကလည်းမှန်ချင်လည်းမှန်မယ်၊ နောက်ကျရင်လည်းကျမယ်။ VPNကလည်းချိတ်ရခက်လို့ကိုယ်တော့သတင်းတွေအရမ်းလွတ်နေလောက်ပြီ။ ဒီနှစ်ထဲမှာသူတို့နှစ်ယောက်ရဲ့movementတွေsame eventsတွေမြင်ရဖို့ဆုတောင်းပါတယ်။ အဝါရောင်ကောင်မလေးတို့လည်းစိတ်ချမ်းသာခြင်း၊ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပါစေ။

.......................

ေရွာင္းက်န႔္ရဲ႕ခင္ပြန္းကိုကလူက်ီစယ္ျခင္းနည္းလမ္းမ်ား

Part- 1
For zawgyi

ေရွာင္းက်န႔္ကသူ႕ေဘးနားမွာအိပ္ေပ်ာ္‌ေနတဲ့လူရဲ႕ႏွာတံကိုဖြဖြထိလိုက္ၿပီးရွက္႐ြံစြာတိုးတိုးေလးေခၚလိုက္တယ္။ သူဟာသူ႕ညီေလးရဲ႕ခ်စ္သူကိုလုယူထားခဲ့တယ္‌ဆိုတာကိုေမ့ထားၿပီးေတာ့ေပါ့...

"ေလာင္ကုန္း ထေတာ့ေလ"

သူ႕အသံေၾကာင့္အိပ္ေနတဲ့လူရဲ႕မ်က္လုံးေတြပြင့္လာတယ္။ ေရွာင္းက်န႔္ဟာလည္းထိုမ်က္ဝန္းေတြရဲ႕စိမ္းသက္မႈေၾကာင့္သူ႕ရဲ႕စိတ္ကူးယဥ္အိပ္မက္ထဲကေနလန႔္နိုးသြားခဲ့ၿပီးမ်က္ႏွာေလးကညွိုးက်သြားခဲ့တယ္။ ၿပီးေတာ့ကျပာကယာေလးျပန္ရွင္းျပလာတယ္။

"ကိုယ္ဒီေန႕long dayဆင္းရမွာ
သားကိုမင္းဘဲေက်ာင္းပို႔လိုက္ေတာ့ေနာ္"

"အခုနကဘယ္လိုေခၚလိုက္တယ္"

ဝမ္ရိေပၚကကိုယ္တုံးလုံးနဲ႕ထလာၿပီးကုတင္ေအာက္ကေဘာင္းဘီတိုကို‌ေကာက္ဝတ္တယ္။ အဲ့ပုံစံေၾကာင့္ေရွာင္းက်န႔္ကမေန႕ညကအထိအေတြ႕ေတြကိုသတိရသြားၿပီးမ်က္ႏွာကနီရဲသြားျပန္တယ္။

"ကိုယ္ရိေပၚအတြက္သြားတိုက္ေဆးလည္းညွစ္ေပးခဲ့ၿပီေနာ္
ေရခ်ိဳးၿပီးရင္သားကိုမနက္စာေကြၽးလိုက္ဦး
ကိုယ္မနက္စာလည္းစီစဥ္ေပးထားခဲ့ၿပီ"

ေရွာင္းက်န႔္ကေျပာလည္းေျပာရင္းလက္ကလည္းကုတင္ေပၚကရႈပ္ေထြးေနတာေတြကိုရွင္းေနတယ္။

"အပိုေတြလုပ္ေနတယ္ သြားတိုက္ေဆးညွစ္တာေလာက္ေတာ့ကိုယ့္ဘာကိုယ္လည္းလုပ္တတ္တယ္"

"ကိုယ္လုပ္ေပးထားေတာ့ရိေပၚသက္သာတာေပါ့"

"မလုပ္နဲ႕"

ဝမ္ရိေပၚကအၿမဲတမ္းအဲ့လိုေျပာေပမယ့္ေရွာင္းက်န႔္ကလည္းေန႕တိုင္းသူ႕တာဝန္အတိုင္းသူတာဝန္ေက်ေအာင္လုပ္ၿပီးသား။ ေရွာင္းက်န႔္ကအိမ္မႈကိစၥလုပ္ရတာလည္းဝါသနာပါတယ္။ သူစိတ္မဝင္စားတဲ့အလုပ္မရွိ‌သေလာက္ပါဘဲ။ ကိုယ္ခ်စ္ရတဲ့သူမို႔ကိုယ္တတ္နိုင္သေလာက္အရာရာျဖည့္ဆည္းေပးခ်င္မိတာပါဘဲ။

‌ေရွာင္းက်န႔္ကဝမ္ရိေပၚေရခ်ိဳးေနတုန္းဝမ္ရိေပၚဝတ္မယ့္အဝတ္အစားေတြနဲ႕ showcaseထဲကခါးပတ္ေတြနာရီေတြပါအဆင္သင့္ထုတ္ထားေပးခဲ့လိုက္တယ္။ သားကိုမူႀကိဳပို႔ရမွာမို႔အရင္ေန႕ေတြလိုအေရာင္မွိုင္းမွိုင္းshirtေတြအစားအျပာေရာင္ရွပ္လက္ရွည္ကိုဘဲထုတ္‌ထားေပးခဲ့လိုက္တယ္။ ဒီအေရာင္ေလးနဲ႕ဆိုဝမ္ရိေပၚရဲ႕အရွိန္အဝါေတြေတာ္ေတာ္ေလွ်ာ့သြားမွာ..

"ေလာင္ကုန္း! ကိုယ္သြားၿပီေနာ္"

"ခင္မ်ား!"

ေရခ်ိဳးခန္းထဲကဝမ္ရိေပၚမွာထိုအသံေၾကာင့္ဆပ္ျပာေတြနဲ႕ပြတ္တိုက္ခံထားရတဲ့ေနရာကလ်င္ျမန္တုံ႕ျပန႔္လာခဲ့တယ္။ ဝမ္ရိေပၚသူ႕ကိုယ္သူစိတ္ပ်က္သြားၿပီးေရေအးေအးေတြနဲ႕အၾကာႀကီးေရခ်ိဳးပစ္လိုက္တယ္။

ဝမ္ရိေပၚအဝတ္လဲေနတုန္းအခန္းထဲကိုဆံပင္စုတ္ဖြားနဲ႕ေကာင္ငယ္ေလးကငိုမဲ့မဲ့ေလးဝင္လာခဲ့တယ္။ ဒီဆံပင္ေခြေခြလိပ္လိပ္ေတြကသူ႕သားစစ္စစ္ျဖစ္ေၾကာင္းသက္ေသျပေနတယ္။ ေရွာင္းက်န႔္တို႔မ်ိဳးရိုးမွာဆံေကာက္ေတြမရွိဘူး။ ဝမ္ရိေပၚအေမမွာသာ‌နဂိုေကာက္ ေခြေခြလိပ္လိပ္ျဖစ္ေနတဲ့ဆံပင္ေတြရွိတယ္။ ဒီေကာင္ငယ္ေလးကိုျမင္ရတိုင္းသူ႕မားမားကိုျမင္ေနရသလိုဘဲ။ သူ႕မားရဲ႕ generation‌ ေတြကသူ႕ဆီမွာမပါလာဘဲသူ႕သားဆီမွာကပ္ပါလာပုံရတယ္။

သား..အင္းေပါ့။ ေရွာင္းက်န႔္ခိုးသြားတဲ့သူ႕သား..။ ဝမ္ရိေပၚအဲ့ညကိုျပန္စဥ္းစားမိေတာ့ေရွာင္းက်န႔္ကိုရိုက္သတ္ပစ္ခ်င္လာတယ္။

"ပါးပါးေရာ.."

"မင္းပါးပါးအလုပ္သြားၿပီ"

"မေန႕ကေျပာေတာ့မူႀကိဳလိုက္ပို႔မယ္ဆိုပီး ဟင့္ ဟင့္ ဟီး"

ေကာင္ငယ္ေလးကသူ႕အေဖကိုမေတြ႕ေတာ့နဂိုငိုခ်င္ေနတာနဲ႕ေတြ႕သြားကာမ်က္ရည္ေတြအလုံးလိုက္က်ဆင္းလာတယ္။ ဝမ္ရိေပၚကအက်ီလက္ကိုတံေတာင္ဆစ္အထိေခါက္တင္လိုက္ၿပီးသူ႕ေရွ႕ကေကာင္ငယ္ေလးကိုေကာက္ခ်ီလိုက္တယ္။ သူ႕သားကစားသမွ်အသားေခါင္းေရာက္သြားပုံေပၚတယ္။ ဆံပင္အုပ္အုပ္နဲ႕ေခါင္းကတစ္ကိုယ္လုံးထက္ေတာင္ႀကီးခ်င္ေနတယ္။ အဲ့ဒါဘဲ သူကေလးေတြကိုမႀကိဳက္တာ။ တစ္ခုခုဆိုငိုမယ္ဆိုတာခ်ည္းဘဲ။ တကယ္ဆိုကေလးကႏွစ္ႏွစ္ေက်ာ္ဘဲရွိေသးတာကိုဝမ္ရိေပၚေမ့ထားတယ္။

"‌မင္းပါးပါးကအလုပ္ရွိလို႔မအားဘူး
မင္းႀကီးလာရင္မိန္းမယူဖို႔ငါတို႔ႀကိဳးစားေနတာ ဟုတ္ၿပီလား
မငိုနဲ႕ေတာ့"

"မိန္းမယူဘူး သားမုန႔္ကိုခြဲေပးနိုင္ဘူး"

ဝမ္ရိေပၚကသူ႕သားငတုံး‌ေလးကိုၾကည့္ၿပီးစိတ္ပ်က္လက္ပ်က္ျဖစ္သြားသည္။ မ်က္ႏွာမွာလည္းမ်က္ရည္ေတြႏွပ္ေခ်းေတြေပက်ံေနၿပီးေရွာင္းက်န႔္နဲ႕သူ႕မ်ိဳးရိုးသာမပါရင္႐ုပ္ဆိုးလိုက္မည့္ျဖစ္ျခင္း။ ဝမ္ရိေပၚကဝမ္ဝမ့္ကိုေဘစင္ေပၚမွာတင္လိုက္ၿပီးသြားပြတ္တံေသးေသးေလးထက္ကိုသြားတိုက္ေဆးပိစိေလးညွစ္လိုက္ကာသြားတိုက္ေပးလိုက္တယ္။

သြားတိုက္ၿပီးသြားေတာ့ကေလးမ်က္ႏွာသစ္ေဆးရည္ကိုလက္ဖဝါးမွာအျမႇုပ္ထြက္လာေအာင္ပြတ္လိုက္ၿပီးကေလးမ်က္ႏွာႏုႏုကိုေဆးေက်ာေပးလိုက္တယ္။ ေကာင္ငယ္ေလးကမ်က္ႏွာသစ္ၿပီးသြားေတာ့ဝမ္ရိေပၚကိုခ်ီဆိုတဲ့ပုံစံမ်ိဳးျဖင့္လက္ကားေပးလာတယ္။

ဝမ္ရိေပၚကဝမ္ဝမ့္အဝတ္ေတြကိုခြၽတ္လိုက္ၿပီးအဝတ္ေလွ်ာ္မယ့္ျခင္းထဲေနာက္ျပန္ပစ္ထည့္လိုက္တယ္။ ၿပီးတာနဲ႕ဝမ္ရိေပၚကေရွာင္းက်န႔္လုပ္ေနၾကအတိုင္းကေလးတစ္ကိုယ္လုံးကိုlotionေတြလိမ္းေပးလိုက္၏။ ကေလးရဲ႕အသားရည္ကႏူးညံ့ေခ်ာေမြ႕ေနတာသူ႕ပါးပါးဆီကလက္ေဆာင္ရထားတာဘဲျဖစ္မယ္။ ဝမ္ရိေပၚမွာရွားရွားပါးပါးဝမ္ဝမ့္ႏွာေခါင္းကသူနဲ႕လာတူတာကိုဘဲေက်းဇူးတင္မိတယ္။

ေနာက္ဆုံးမူႀကိဳဝတ္စုံဝတ္ၿပီးတာနဲ႕ဝမ္ဝမ့္ဆံပင္ေတြကိုေရွာင္းက်န႔္စည္းေပးသလိုပိုနီေတးေလးစည္းေပးလိုက္၏။

ဂြီ..ဂြီ

ေကာင္ငယ္ေလးကဗိုက္ဆာလို႔ႏွာခမ္းစူေနၿပီ။ ဝမ္ရိေပၚကႏွစ္ႏွစ္ၾကာၿပီးမွျပန္ေတြ႕တဲ့သူ႕သားကိုသူ႕လက္ေမာင္းႀကီးမွာေပြ႕ထိန္းထားၿပီးက်န္လက္တစ္ဖက္ကကုတ္နဲ႕ဖုန္းကိုေကာက္ကိုင္တယ္။ ၿပီးမွသူ႕အ‌တြင္းေရးမႉးကိုဖုန္းဆက္လိုက္ၿပီးလာေခၚဖို႔ေျပာလိုက္တယ္။

"ဒက္ဒီ ဝမ္ဝမ္ေက်ာင္းသြားခ်င္ဘူး"

ဝမ္ရိေပၚကသူ႕သားစကားေၾကာင့္မ်က္ေမွာင္ကုတ္သြားခဲ့ျပန္တယ္။

"မရဘူး"

"ေက်ာင္းမွာေပ်ာ္ဖူးလို႔"

ဝမ္ဝမ္ကဝမ္ရိေပၚလည္ပင္းကိုလက္ေသးေသးေလးေတြနဲ႕ဖက္ၿပီးေခါင္းကိုသူ႕ဒက္ဒီလည္ပင္းမွာအပ္ထားကာခပ္တိုးတိုးေလးေျပာ၏။ ဝမ္ဝမ္ရဲ႕ဒီပုံစံနဲ႕ဆိုေရွာင္းက်န႔္တို႔အရည္ေပ်ာ္ၿပီးအလုပ္ကိုေခၚသြားေလာက္ၿပီ။ ဒါေပမယ့္သူကဝမ္ရိေပၚဘဲေလ။

ဝမ္ရိေပၚကဝမ္ဝမ္ကိုသူ႕ခုံေသးေသးေလးမွာခ်ေပးလိုက္ၿပီးေရွာင္းက်န႔္ျပင္ေပးခဲ့တဲ့မနက္စာကိုခ်ေပးလိုက္တယ္။ ဝမ္ဝမ္အတြက္ကပန္ကိတ္တစ္ခ်က္၊ၾကက္ဉေၾကာ္တစ္လုံး၊နို႔တစ္ခြက္။ ဝမ္ရိေပၚအတြက္ကေတာ့ပန္ကိတ္ႏွစ္ခ်ပ္၊ၾကက္ဉအက်က္ေၾကာ္တစ္လုံး၊ ၾကက္ဉhalf fried တစ္လုံးနဲ႕ေကာ္ဖီတစ္ခြက္ေဖ်ာ္ေပးခဲ့တယ္။ ဝမ္ရိေပၚကေသာက္ေနက်ေကာ္ဖီအရသာေၾကာင့္စိတ္ၾကည္လင္သြားခဲ့တယ္။

"ကုန္ေအာင္စား"

သားဖႏွစ္ေယာက္ရဲ႕မနက္စာစားပြဲကတိတ္ဆိတ္ေနတယ္။ ပုံမွန္ဆိုဝမ္ဝမ္ကသူ႕အိပ္မက္ေတြအေၾကာင္း၊ သူတစ္ေန႕လုံးဘာေတြလုပ္တယ္ဆိုတဲ့အေၾကာင္းေရွာင္းက်န႔္ကိုအသံေသးေသးေလးေတြနဲ႕ရွင္းျပေနေလာက္ၿပီ။ ဒါေပမယ့္ဝမ္ဝမ္ကပန္ကိတ္တစ္ခ်ပ္၊ၾကက္ဉေၾကာ္တစ္လုံးကုန္ေအာင္စားၿပီးႏြားနို႔ကိုတို႔ခနဲဆိတ္ခနဲေသာက္ေနတယ္။

"ဒက္ဒီ ဝမ္ဝမ္ဝပီ"

"ႏြားနို႔ကိုကုန္ေအာင္ေသာက္ မဟုတ္ရင္မင္းအရပ္ရွည္လာမွာမဟုတ္ဘူး
အရပ္မရွည္ရင္မင္းရည္းစားလည္းမရဘူး"

ဝမ္ရိေပၚကသူငယ္ငယ္တုန္းကႏြားနို႔ေသာက္ရတဲ့ခံစားခ်က္ႀကီးကိုမွတ္မိေသးတယ္။ အရမ္းပ်င္းရိၿငီးေငြ႕ဖြယ္ေကာင္းတယ္။ ငယ္ငယ္ကသာသူ႕မား‌တိုက္တဲ့ႏြားနို႔ကိုကုန္ေအာင္ေသာက္ခဲ့ရင္သူလည္းေရွာင္းက်န႔္ထက္အရပ္ပိုရွည္ေနေလာက္မွာ။ ေရွာင္းက်န႔္တို႔လိုထူးဆန္းတဲ့ခႏၶာကိုယ္ဖြဲ႕စည္းတည္ေဆာက္ပုံရွိတဲ့လူေတြကပုံမွန္အားျဖင့္အရပ္သိပ္မရွည္ၾက။ ခႏၶာကိုယ္ေသးသြယ္ေပ်ာ့ေျပာင္းၿပီးကေလးေမြးဖြားနိုင္သည့္ခႏၶာကိုယ္ကိုပါပိုင္ဆိုင္ထားၾကသည္။ ေရွာင္းက်န႔္လိုအရပ္ရွည္တဲ့သူေတြကေတာ့ရွားသည္။ ေရွာင္းပိုင္‌ေတာင္ေရွာင္းက်န႔္ေလာက္မရွည္။

ေရွာင္းပိုင္။ ဝမ္ရိေပၚအေတြးထဲဝင္လာသူကိုေခါင္းထဲကအျမန္ျပန္ထုတ္ပစ္ရသည္။ ထိုလူ႕အေၾကာင္းဆက္ေတြးမေနသင့္ေတာ့။

"ဒက္ဒီ ကုန္ပီ"

ဝမ္ဝမ္ကဝမ္ရိေပၚရဲ႕ခ်ိန္းေျခာက္စကားေၾကာင့္ႏြားနို႔ကိုအကုန္ေသာက္ပစ္လိုက္၏။ အခုကတည္းကအရပ္မရွည္မွာေတာ့စိုးရိမ္ေနရွာသား။
ဝမ္ရိေပၚကေကာ္ဖီကိုကုန္ေအာင္ေသာက္ၿပီးတာနဲ႕ကေလးလြယ္အိတ္ထဲကတစ္ခ်က္စစ္ၾကည့္ရေသးတယ္။ ဝမ္ဝမ့္အိတ္ထဲမွာသူ႕ပါးပါးမေန႕ညကတည္းကထည့္ေပးထားတဲ့အဆာေျပမုန႔္ေတြနဲ႕ေရာင္စုံစာအုပ္ေတြ၊ခဲတံေတြပါတယ္။ ေဘးအိတ္ထဲမွာေရဘူးနဲ႕ပဲနို႔တစ္ဘူး၊ဒိန္ခ်ဥ္တစ္ဘူးပါတယ္။

ဝမ္ရိေပၚကလြယ္အိတ္ကိုေကာင္ငယ္ေလးေက်ာမွာလြယ္ေပးလိုက္ၿပီးေျခအိတ္ဝတ္ေပးကာဖိနပ္ေသးေသးေလးကိုစီးေပးလိုက္၏။ ၿပီးမွခ်ိဳင္းမွေကာက္ခ်ီကာအျပင္ထြက္လာခဲ့၏။ အျပင္မွာေစာင့္ေနတဲ့သူ႕အတြင္းေရးမႉးကသူထြက္လာတာနဲ႕ကားတံခါးကိုထဖြင့္ေပး၏။ ဝမ္ရိေပၚကဝမ္ဝမ္ကိုေနရာခ်ေပးၿပီးခါးပတ္ပါပတ္ေပးလိုက္၏။

ကေလးတစ္ေယာက္ကိုျပဳစုပ်ိဳးေထာင္ရတာတကယ္မလြယ္။

"မူႀကိဳကိုေမာင္း"

.
.
.
.
.
"ဝမ္ဝမ္ အခုနကသားကို‌ေက်ာင္းလာပို႔တာဘယ္သူလဲ!"

"သားဒက္ဒီ"

"တကယ္လား မလိမ္ရဘူးေနာ္"

"လိမ္ဘူး သားဒက္ဒီ"

ဝမ္ဝမ္ရဲ႕ဆရာမေလးကမ်က္ႏွာညွိုးသြားခဲ့သည္။ ဝမ္ရိေပၚလက္ထပ္ၿပီးကေလးပါရွိလိမ့္မယ္လို႔ဘယ္သူမွေမွ်ာ္လင့္ထားၾကမွာမဟုတ္။ ဝမ္ရိေပၚဆိုတာလြန္ခဲ့တဲ့၅ႏွစ္ေလာက္ကစၿပီးအသက္ငယ္ဆုံး၊စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာခဲ့သည္။ ဝမ္ရိေပၚကမိန္းကေလးေတြၾကားမွာေရာ၊ေယာက္်ားေလးေတြၾကားမွာပါနာမည္ႀကီးသည္။ ဝမ္ရိေပၚကိုအားက်ၾကသည္။ ဝမ္ရိေပၚကrich kidအျဖစ္ေမြးဖြားလာၿပီးအ႐ုပ္လည္းေခ်ာေတာ့ငယ္ငယ္ကတည္းကနာမည္ႀကီးသည္။ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႕ကိုယ္ပိုင္companyကိုတည္ေထာင္ကာ၇ႏွစ္အၾကာမွာအသက္အငယ္ဆုံးဘီလီယံနာတစ္ေယာက္ျဖစ္လာခဲ့သည္။

ဒီလိုသိုသိုသိပ္သိပ္ေနတတ္တဲ့သူကႏွစ္ႏွစ္ေက်ာ္အ႐ြယ္သားတစ္ေယာက္ရွိတာလည္းျဖစ္နိုင္ပါတယ္ေလ။ ဒါေပမယ့္ဘယ္သူကဝမ္ရိေပၚရဲ႕စင္ဒရဲလားျဖစ္သြားခဲ့တာလဲဆိုတာေတာ့သိပ္သိခ်င္မိတယ္။

ဝမ္ရိေပၚလိုလူကိုရေအာင္ဘယ္လိုစည္း႐ုံးသိမ္းပိုက္နိုင္ခဲ့တာလဲ။ ဘယ္လိုနည္းလမ္းေတြကိုသုံးခဲ့လဲ။

(27.6.22)

႐ြာမွာလိုင္းမေကာင္းလို႔replyမျပန္ျဖစ္ရင္စိတ္မ‌‌ေကာင္းမျဖစ္ၾကနဲ႕‌ေနာ္။ update ကလည္းမွန္ခ်င္လည္းမွန္မယ္၊ ေနာက္က်ရင္လည္းက်မယ္။ VPNကလည္းခ်ိတ္ရခက္လို႔ကိုယ္ေတာ့သတင္းေတြအရမ္းလြတ္ေနေလာက္ၿပီ။ ဒီႏွစ္ထဲမွာသူတို႔ႏွစ္ေယာက္ရဲ႕movementေတြsame eventsေတြျမင္ရဖို႔ဆုေတာင္းပါတယ္။ အဝါေရာင္ေကာင္မေလးတို႔လည္းစိတ္ခ်မ္းသာျခင္း၊က်န္းမာျခင္းတို႔နဲ႕ျပည့္စုံၾကပါေစ။

.......




Continue Reading

You'll Also Like

26.9K 1.4K 17
systemပုံစံficလေးပါအခါးမပါပါဘူးအခါးကြိုက်တဲ့သူများမဖတ်ရန် yizhanပါ introကနေစဖတ်ပါ systemပုံစံficေလးပါအခါးမပါပါဘူးအခါးႀကိဳက္တဲ့သူမ်ာ မဖတ္ရန္ yizhanပါ ...
9K 111 10
ʟɪᴠᴇ ɴᴏᴡ, ᴛʜɪɴᴋ ʟᴀᴛᴇʀ, ɪ ᴅᴏ ɪᴛ sᴏ ᴡᴇʟʟ ғᴀʟʟ ʜᴀʀᴅ, ʜᴇᴀʀᴛ ʙʀᴇᴀᴋᴇʀ in which, oliver quick & lucy williams are whisked away to Saltburn 𝐒𝐭𝐚𝐫𝐭𝐞𝐝:...
4.1K 123 24
"Time won't fly, it's like I'm paralyzed by it I'd like to be my old self again But I'm still trying to find it" Eryn Blake hated the person that she...
22.1K 1K 12
"လှပတဲ့ကြာပန်းလေးဝယ် နာခိုးမိတဲ့ပုစဥ်းငယ် အို....မိုက်ရူးရဲဆန်သော ပုစဥ်းငယ် ဤကြာပန်းကို သင်မပိုင်လော" "လွပတဲ့ၾကာပန္းေလးဝယ္ နာခိုးမိတဲ့ပုစဥ္းငယ္ အို...