Zgy
Mine 6
အဲ့ဒီလိုနဲ႔ မရိုက္ခ်ိဳးျဖစ္လိုက္တဲ့ ဘတ္ဟြၽန္း အခန္းေထာင့္က စကိတ္ဘုတ္လိမၼော္ေရာင္ေလးရယ္...
ဘတ္ဟြၽန္း ညေနတိုင္းသြားၾကည့္ေပမယ့္ ငါးျဖစ္မလာခဲ့တဲ့ ငါးဖားေလာင္းေလးေတြရယ္....
ၿပီးေတာ့ ပေဟ႒ိဆန္စြာ ေပ်ာက္ဆံုးသြားခဲ့တဲ့ ဘတ္ဟြၽန္းတို႔ ႀကိဳးစားဖမ္းခဲ့ရတဲ့ အဲ့ဒီ ငါးဖားေလာင္းေလးေတြရယ္ နဲ႔ ေက်ာင္းဖြင့္ရက္ဟာ အဲ့ဒီလို သာမန္ဆန္စြာပဲ ေရာက္လာခဲ့တယ္။
ေက်ာင္းဝတ္စံုဝတ္ထားတဲ့ ဘတ္ဟြၽန္းရဲ့ ပံုရိပ္က မွန္ေပၚမွာ အတိုင္းသား။ တစ္ခုပဲ။ အဲ့တာကေတာ့ ဘတ္ဟြၽန္းတစ္ေယာက္ မႈန္ကုပ္ေနရျခင္း။
အေၾကာင္းခံဟာ ဆိုလ္းကေနေျပာင္းေရႊ့ေက်ာင္းသားအျဖစ္ ဘတ္ဟြၽန္းနဲ႔ တစ္ခန္းတည္းေရာက္လာမယ့္ အဲ့ဒီၿမိဳ႔ႀကီးသား စိတ္ပုပ္ေလးေၾကာင့္။
ကိုးနာရီမွ တက္မယ့္ ေက်ာင္းကို ၈ နာရီမထိုးခင္တည္းက ျပင္ဆင္ေနရၿပီး ထိုၿမိဳ႔ႀကီးသား အခိုင္းေတာ္ခံဖို႔ ဘတ္ဟြၽန္း လမ္းထိပ္က အိမ္ေလးဆီ ေက်ာပိုးအိတ္ေလးကိုင္လို႔ အေျပးသြားရေတာ့တယ္။
ပါးစပ္ကလဲ အလိုမက်သံတို႔ ေတာက္ေလ်ွာက္ကို ေရရြတ္ေနေသးတယ္။
"ခ်န္းေယာလ္ ငါေရာက္ၿပီ.."
အသံၾကားတာနဲ႔ ထြက္လာတဲ့ ခ်န္းေယာလ္က လြယ္အိတ္ကို ဘတ္ဟြၽန္းဆီပစ္ေပးၿပီး ဘတ္ဟြၽန္းလက္ထဲက ဆန္းဒဝွစ္ရွ္ရယ္ ႏြားႏို႔ဘူးရယ္ကို သူကလႊဲေျပာင္းယူလိုက္ပါတယ္။
"ဟြန္႔.."
တမင္အသံထြက္ေအာင္ မဲ့ရြဲ႔လိုက္ေပမယ့္ သူကေတာ့ မၾကားခ်င္ေယာင္ေဆာင္တာလား မၾကားတာလား မသိေပ ။ နည္းနည္းေလးေတာင္ ငဲ့ေစာင္းမလာခဲ့။ ဘတ္ဟြၽန္းရဲ့ အလယ္တန္းဟာ အဲ့ဒီလိုပံုစံမ်ိဳးနဲ႔ အစပ်ိဳးပါတယ္။
"ခ်န္းေယာလ္ ငါ့ကို ေစာင့္ၪီး"
ေျခလွမ္းက်ဲႀကီးေတြ လွမ္းတတ္တဲ့ သူေျခလွမ္းေတြကို အမွီလိုက္ဖို႔ ေက်ာပိုးအိတ္ ေရ႔ွတစ္အိတ္ ေနာက္တစ္အိတ္နဲ႔ ဘတ္ဟြၽန္း အေျပးတပိုင္းလိုက္ရပါတယ္။ သူကေတာ့ သူ႔အရိွန္အတိုင္း နည္းနည္းေလးေတာင္ မေလ်ာ့...
တမင္ကို ေဘးခ်င္းကပ္လာထိုင္တဲ့ ခ်န္းေယာလ္ေၾကာင့္ အတန္းထဲ စာသင္ခ်ိန္မွာေတာင္ ဘတ္ဟြၽန္းမလြတ္လပ္ေတာ့...
ငိုက္မ်ဥ္းစျပဳေနတဲ့ ဘတ္ဟြၽန္းမ်က္ဝန္းေတြဟာ ေဆာင့္နင္းခံလိုက္ရတဲ့ ေျခေထာက္ရဲ့ နာက်င္မႈဒဏ္ေၾကာင့္ မတ္တပ္ရပ္လ်ွက္သား..
"ေက်ာင္းသား ဘာေမးစရာရိွလို႔လဲ.."
"မရိွ မရိွပါဘူး ဆရာ"
ခပ္ျမန္ျမန္ ျပန္ထိုင္လိုက္ရၿပီးမွ ခ်န္းေယာလ္ဘက္ မ်က္ေစာင္းထိုးၾကည့္မိေတာ့ သေကာင့္သားက ေက်ာက္သင္ပုန္းေပၚက အၾကည့္မခြါ။ သူတစ္ခုမွ မလုပ္ထားတဲ့ ပံုစံအတိုင္း..
"ခ်န္းေယာလ္ ဘာလို႔ ေျခေထာက္ကို နင္းတာလဲ.."
ခပ္ႀကိတ္ႀကိတ္ အေမးစကားကို သူက မ်က္ခံုးပင့္ရင္း ဒီလိုဆိုပါတယ္
"မေတာ္တဆ" တဲ့
လူလိမ္ေကာင္။
ထမင္းစားဆင္းခ်ိန္မွာ ဘတ္ဟြၽန္း သူငယ္ခ်င္းေတြနဲ႔ ထမင္းသြားစားမလို႔ စီစဥ္ထားသည္။ ထိုအစီအစဥ္သည္ ပတ္ခ်န္းေယာလ္ရဲ့ ႏႈတ္ထြက္စကားတစ္ခြန္းေၾကာင့္ ပ်က္သုန္းသြားရေတာ့သည္။
"ဘတ္ဟြၽန္း ေန့လည္က်ရင္ ထမင္းငါနဲ႔ စားမယ္.."
"ငါ့သူငယ္ခ်င္းေတြနဲ႔.."
"ဝမ္ ၁၀၀၀ "
"OK"
"ေန့တိုင္း ငါနဲ႔ကလြဲၿပီး တျခားသူနဲ႔စားရင္ ဝမ္ ၁၀၀၀ ထပ္ေပါင္းမယ္.."
"ဘာ"
အဲ့လိုနဲ႔ ဘတ္ဟြၽန္းရဲ့ ေန့လည္စာခ်ိန္ေတြဟာ သူ႔အနားမွာသာ တည္ၿမဲေတာ့တယ္။
"ၾကက္အူေခ်ာင္းက ၃ ခုပဲ ထည့္ေပးတာလား.."
ဘတ္ဟြၽန္းက ညည္းညည္းၫူၫူ ဆိုလိုက္တဲ့အခါ ခ်န္းေယာလ္ရဲ့ တူတစ္စံုက ဘတ္ဟြၽန္းထမင္းပန္းကန္ေပၚ ၾကက္အူေခ်ာင္းေလးၫွပ္လ်ွက္ တင္လာတယ္။
"ငါမႀကိဳက္ဘူး"
ထိုစကားတစ္ခြန္းတည္းနဲ႔ ေန့စဥ္ ဘတ္ဟြၽန္းရဲ့ ေန့လည္စာမွာ ၾကက္အူေခ်ာင္းေျခာက္ခု ပါဝင္လာတယ္။
"အရြက္စားမလား"
"မင္း မႀကိဳက္ဘူးလား "
"အင္း"
အသားသုပ္ေပၚက အရြက္ေတြကို ခ်န္းေယာလ္ ထမင္းဆီတင္ေပးရင္း ဘတ္ဟြၽန္း သေဘာေတြက်ေနတယ္။ ဒီအရြယ္ကေလးေတြက အရြက္ႀကိဳက္တာရွားတယ္မဟုတ္လား။ ၿပီးေတာ့ စားဖိုေဆာင္ရဲ့ စည္းကမ္းအရ ဟင္းေတြက်န္ေနရင္ ဒဏ္ရိုက္ခံရလိမ့္မည္။
ဒီတစ္ခုေတာ့ ဝန္ခံရမည္ဆိုလ်ွင္ ပတ္ခ်န္းေယာလ္နဲ႔ ေန့လည္စာက တကယ္ကို အဆင္ေျပေကာင္းမြန္လြန္းပါသည္။ ၾကက္အူေခ်ာင္းလဲ အပိုစားရသလို အရြက္ေတြလဲ ရွင္းၿပီးသားျဖစ္သည္ မဟုတ္လား။
"စေတာ္ဘယ္ရီ ဒိန္ခ်ဥ္"
"အင္း"
ေက်ာင္းေစ်းတန္းကို ဘတ္ဟြၽန္း ေျပးရေတာ့သည္။ ေက်ာင္းတက္ခ်ိန္ ဘယ္ေလာက္မွမလိုေတာ့တာမို႔ ခ်န္းေယာလ္ခိုင္းတာကို အမွီရဖို႔ တုတ္တိုတို ေျခေထာက္ေလးေတြဟာ အရိွန္တျပင္း။
"ဟဲ ေဟာဟဲ...
ရၿပီ...ဒိန္ခ်ဥ္ ဒီမွါ..."
"အင္း"
အခန္းဝကို ေက်ာမွီေစာင့္ေနတဲ့ ခ်န္းေယာလ္ကို ေပးၿပီး အတန္းထဲဝင္သည္ႏွင့္ ဆရာက ဝင္လာေတာ့သည္။ ေတာ္ေသးတယ္ အခ်ိန္မွီေရာက္လို႔...
ေက်ာင္းတက္ခ်ိန္ေတြဟာ အဲ့လိုေန့စဥ္ဓူဝေတြထဲ တေရြ့ေရြ့ကုန္ဆံုးရင္း ခ်န္းေယာလ္ဟာ ေက်ာင္းရဲ့ မိန္းကေလးေတြရဲ့ ေရႊမင္းသားေလးျဖစ္မွန္းမသိျဖစ္လာခဲ့သည္။ အေၾကာင္းအရင္းကေတာ့ ေဘာလံုးပြဲတိုင္းမွာ အထာက်က်နဲ႔ ဂိုးသြင္းတတ္တဲ့ ေရ႔ွတန္းကေကာင္ေခ်ာေလးဆိုၿပီး နာမည္ႀကီးမို႔လို႔။ ခ်န္းေယာလ္ပါတဲ့ ပြဲတိုင္းလူစည္သည္။ ထို႔အတူ ဘတ္ဟြၽန္းလဲ အစဥ္အၿမဲပါလာရတတ္သည္။ ကြင္းထဲမွာ ပတ္ခ်န္းေယာလ္ေဆာ့ခ်ိန္တြင္ ပြဲၾကည့္စဥ္ရဲ့ ေထာင့္တစ္ခုမွ ဘတ္ဟြၽန္းက သူ႔ရဲ့ ေက်ာပိုအိတ္ အက်ႌ နာရီ ၿပီးေတာ့ မပါမျဖစ္ေရဘူး တစ္ဘူးနဲ႔ ေစာင့္ေပးရၿမဲ။
အဲ့လိုနဲ႔ ပတ္ခ်န္းေယာလ္ဆိုတဲ့ ေရႊမင္းသားေလးရဲ့ နာမည္ေနာက္မွာ ပတ္ခ်န္းေယာလ္ရဲ့ အခိုင္းအေစေလးအျဖစ္ ဘတ္ဟြၽန္းနာမည္ပါ ကပ္ပါလာရေတာ့သည္။
"ေရ..."
"ေရာ့,,,ေရာ့.."
အခုလဲ သူတို႔ ေျခစစ္ပြဲ အစမ္းေဆာ့ေနၾကေပမယ့္ ကြင္းေဘးမွာ ဘတ္ဟြၽန္းက ေရတစ္ဘူးနဲ႔။
"ေနာက္ ၁၅ မိနစ္ေလာက္ဆို ၿပီးၿပီ"
"အင္း "
ဘတ္ဟြၽန္း ပ်င္းေနၿပီမွန္း ရိပ္မိရင္ေတာ့ ခ်န္းေယာလ္က အဲ့ဒီလို အနည္းငယ္သေဘာေကာင္းျပတတ္ပါသည္။ ဒါေပမယ့္လဲ အဲ့တာက တစ္ခါတေလမွပင္။
"သြားစို႔"
"မင္း အက်ႌ လဲၪီး ေခြၽးေတြ ရႊဲေနၿပီ"
ဘတ္ဟြၽန္းက လက္ကိုင္ပုဝါနဲ႔ ခ်န္းေယာလ္မ်က္ႏွာတစ္ဝိုက္ ေခြၽးေတြသုတ္ေပးရင္း ဆိုသည္။ ဘတ္ဟြၽန္း လက္ကိုင္ပုဝါ စကိုင္တာက ခ်န္းေယာလ္ေဘာလံုးအသင္းထဲ စဝင္ထဲက ျဖစ္သည္။ ေခြၽးေတြရႊဲေနတဲ့ သူ႔မ်က္ႏွာကို ဘတ္ဟြၽန္းအက်ႌရင္ဘတ္ဆီ သူပြတ္တိုက္ သုတ္တတ္တာေၾကာင့္ ထိုအက်င့္ေပ်ာက္ေအာင္ ဘတ္ဟြၽန္းက လက္ကိုင္ပုဝါတစ္ထည္ကို အၿမဲလို ကိုယ္ႏွင့္မကြာေဆာင္ထားေတာ့သည္။ မဟုတ္ရင္ ဘတ္ဟြၽန္းေက်ာင္းအက်ႌတိုင္း ေခြၽးနံ႔ေပ်ာက္ေတာ့မည္ မဟုတ္ေလာက္။
"အက်ႌ"
"ေရာ့"
အသင့္ယူလာတဲ့ ေက်ာင္းအက်ႌကို လဲၿပီးတဲ့အခ်ိန္ ေခြၽးေတြရႊဲေနတဲ့ သူ႔အက်ႌက ဘတ္ဟြၽန္းလက္ထဲမွာ ။
တိုးတိုးတိတ္တိတ္ ေက်ာင္းသူတစ္စုရဲ့ စကားသံဟာ သူတို႔ႏွစ္ေယာက္နားကေန ေဝ့ဝိုက္သြားတယ္။
"အဲ့တာ ပတ္ခ်န္းေယာလ္ရဲ့ အေစခံေလးေလ။ ခ်န္းေယာလ္က အဲ့တစ္ေယာက္ဆို အရမ္းအႏိုင္က်င့္တာ"
"ဟုတ္လား ...
ခ်န္းေယာလ္က ဘယ္သူနဲ႔မွ ရင္းရင္းႏွီးႏွီးမေနဘူးဆို"
"ဟုတ္တယ္ အဲ့တစ္ေယာက္က လြဲလို႔"
"ေၾသာ္"
လွည့္ေငးေနတဲ့ ဘတ္ဟြၽန္းမ်က္ႏွာကို သူ႔လက္ႏွစ္ဖက္နဲ႔ ကိုင္ကာ သူ႔မ်က္ႏွာဆီ တည့္တည့္လွည့္ေစၿပီး...
"မင္းေရာ အဲ့လိုထင္လား"
"ဘာကို"
"ငါက မငိးကို အႏိုင္က်င့္တယ္ဆိုတာ"
"ဟုတ္ေနတာပဲကို"
"ဒါဆို အေႂကြးေၾကေအာင္ဆပ္"
"ရားးးးးးေခြးေကာင္"
"ဟားးဟား ဟားဟားး"
ေအာ္ရယ္ရင္း ေရ႔ွကသြားလိုက္တဲ့ ပတ္ခ်န္းေယာလ္ေနာက္ ဘတ္ဟြၽန္းက လြယ္အိတ္ေတြေကာက္ အက်ႌေတြေကာက္ရင္း မႏိုင္မနင္းအေျပးလိုက္ရေတာ့သည္။
ဘတ္ဟြၽန္းရဲ့ အလယ္တန္း သံုးႏွစ္တာဟာ ပတ္ခ်န္းေယာလ္ဆိုတဲ့ ေရႊမင္းသားနားမွာပဲ ပတ္လည္ဝိုင္းရင္း တေရြ့ေရြ့ ကုန္ဆံုးေနသည္။ အေႂကြးကေတာ့ အခုထိ မေက်ႏိုင္ေသး....
#Heki
Uni
Mine 6
အဲ့ဒီလိုနဲ့ မရိုက်ချိုးဖြစ်လိုက်တဲ့ ဘတ်ဟျွန်း အခန်းထောင့်က စကိတ်ဘုတ်လိမ္မော်ရောင်လေးရယ်...
ဘတ်ဟျွန်း ညနေတိုင်းသွားကြည့်ပေမယ့် ငါးဖြစ်မလာခဲ့တဲ့ ငါးဖားလောင်းလေးတွေရယ်....
ပြီးတော့ ပဟေဋ္ဌိဆန်စွာ ပျောက်ဆုံးသွားခဲ့တဲ့ ဘတ်ဟျွန်းတို့ ကြိုးစားဖမ်းခဲ့ရတဲ့ အဲ့ဒီ ငါးဖားလောင်းလေးတွေရယ် နဲ့ ကျောင်းဖွင့်ရက်ဟာ အဲ့ဒီလို သာမန်ဆန်စွာပဲ ရောက်လာခဲ့တယ်။
ကျောင်းဝတ်စုံဝတ်ထားတဲ့ ဘတ်ဟျွန်းရဲ့ ပုံရိပ်က မှန်ပေါ်မှာ အတိုင်းသား။ တစ်ခုပဲ။ အဲ့တာကတော့ ဘတ်ဟျွန်းတစ်ယောက် မှုန်ကုပ်နေရခြင်း။
အကြောင်းခံဟာ ဆိုလ်းကနေပြောင်းရွှေ့ကျောင်းသားအဖြစ် ဘတ်ဟျွန်းနဲ့ တစ်ခန်းတည်းရောက်လာမယ့် အဲ့ဒီမြို့ကြီးသား စိတ်ပုပ်လေးကြောင့်။
ကိုးနာရီမှ တက်မယ့် ကျောင်းကို ၈ နာရီမထိုးခင်တည်းက ပြင်ဆင်နေရပြီး ထိုမြို့ကြီးသား အခိုင်းတော်ခံဖို့ ဘတ်ဟျွန်း လမ်းထိပ်က အိမ်လေးဆီ ကျောပိုးအိတ်လေးကိုင်လို့ အပြေးသွားရတော့တယ်။
ပါးစပ်ကလဲ အလိုမကျသံတို့ တောက်လျှောက်ကို ရေရွတ်နေသေးတယ်။
"ချန်းယောလ် ငါရောက်ပြီ.."
အသံကြားတာနဲ့ ထွက်လာတဲ့ ချန်းယောလ်က လွယ်အိတ်ကို ဘတ်ဟျွန်းဆီပစ်ပေးပြီး ဘတ်ဟျွန်းလက်ထဲက ဆန်းဒဝှစ်ရှ်ရယ် နွားနို့ဘူးရယ်ကို သူကလွှဲပြောင်းယူလိုက်ပါတယ်။
"ဟွန့်.."
တမင်အသံထွက်အောင် မဲ့ရွဲ့လိုက်ပေမယ့် သူကတော့ မကြားချင်ယောင်ဆောင်တာလား မကြားတာလား မသိပေ ။ နည်းနည်းလေးတောင် ငဲ့စောင်းမလာခဲ့။ ဘတ်ဟျွန်းရဲ့ အလယ်တန်းဟာ အဲ့ဒီလိုပုံစံမျိုးနဲ့ အစပျိုးပါတယ်။
"ချန်းယောလ် ငါ့ကို စောင့်ဦး"
ခြေလှမ်းကျဲကြီးတွေ လှမ်းတတ်တဲ့ သူခြေလှမ်းတွေကို အမှီလိုက်ဖို့ ကျောပိုးအိတ် ရှေ့တစ်အိတ် နောက်တစ်အိတ်နဲ့ ဘတ်ဟျွန်း အပြေးတပိုင်းလိုက်ရပါတယ်။ သူကတော့ သူ့အရှိန်အတိုင်း နည်းနည်းလေးတောင် မလျော့...
တမင်ကို ဘေးချင်းကပ်လာထိုင်တဲ့ ချန်းယောလ်ကြောင့် အတန်းထဲ စာသင်ချိန်မှာတောင် ဘတ်ဟျွန်းမလွတ်လပ်တော့...
ငိုက်မျဥ်းစပြုနေတဲ့ ဘတ်ဟျွန်းမျက်ဝန်းတွေဟာ ဆောင့်နင်းခံလိုက်ရတဲ့ ခြေထောက်ရဲ့ နာကျင်မှုဒဏ်ကြောင့် မတ်တပ်ရပ်လျှက်သား..
"ကျောင်းသား ဘာမေးစရာရှိလို့လဲ.."
"မရှိ မရှိပါဘူး ဆရာ"
ခပ်မြန်မြန် ပြန်ထိုင်လိုက်ရပြီးမှ ချန်းယောလ်ဘက် မျက်စောင်းထိုးကြည့်မိတော့ သကောင့်သားက ကျောက်သင်ပုန်းပေါ်က အကြည့်မခွါ။ သူတစ်ခုမှ မလုပ်ထားတဲ့ ပုံစံအတိုင်း..
"ချန်းယောလ် ဘာလို့ ခြေထောက်ကို နင်းတာလဲ.."
ခပ်ကြိတ်ကြိတ် အမေးစကားကို သူက မျက်ခုံးပင့်ရင်း ဒီလိုဆိုပါတယ်
"မတော်တဆ" တဲ့
လူလိမ်ကောင်။
ထမင်းစားဆင်းချိန်မှာ ဘတ်ဟျွန်း သူငယ်ချင်းတွေနဲ့ ထမင်းသွားစားမလို့ စီစဥ်ထားသည်။ ထိုအစီအစဥ်သည် ပတ်ချန်းယောလ်ရဲ့ နှုတ်ထွက်စကားတစ်ခွန်းကြောင့် ပျက်သုန်းသွားရတော့သည်။
"ဘတ်ဟျွန်း နေ့လည်ကျရင် ထမင်းငါနဲ့ စားမယ်.."
"ငါ့သူငယ်ချင်းတွေနဲ့.."
"ဝမ် ၁၀၀၀ "
"OK"
"နေ့တိုင်း ငါနဲ့ကလွဲပြီး တခြားသူနဲ့စားရင် ဝမ် ၁၀၀၀ ထပ်ပေါင်းမယ်.."
"ဘာ"
အဲ့လိုနဲ့ ဘတ်ဟျွန်းရဲ့ နေ့လည်စာချိန်တွေဟာ သူ့အနားမှာသာ တည်မြဲတော့တယ်။
"ကြက်အူချောင်းက ၃ ခုပဲ ထည့်ပေးတာလား.."
ဘတ်ဟျွန်းက ညည်းညည်းညူညူ ဆိုလိုက်တဲ့အခါ ချန်းယောလ်ရဲ့ တူတစ်စုံက ဘတ်ဟျွန်းထမင်းပန်းကန်ပေါ် ကြက်အူချောင်းလေးညှပ်လျှက် တင်လာတယ်။
"ငါမကြိုက်ဘူး"
ထိုစကားတစ်ခွန်းတည်းနဲ့ နေ့စဥ် ဘတ်ဟျွန်းရဲ့ နေ့လည်စာမှာ ကြက်အူချောင်းခြောက်ခု ပါဝင်လာတယ်။
"အရွက်စားမလား"
"မင်း မကြိုက်ဘူးလား "
"အင်း"
အသားသုပ်ပေါ်က အရွက်တွေကို ချန်းယောလ် ထမင်းဆီတင်ပေးရင်း ဘတ်ဟျွန်း သဘောတွေကျနေတယ်။ ဒီအရွယ်ကလေးတွေက အရွက်ကြိုက်တာရှားတယ်မဟုတ်လား။ ပြီးတော့ စားဖိုဆောင်ရဲ့ စည်းကမ်းအရ ဟင်းတွေကျန်နေရင် ဒဏ်ရိုက်ခံရလိမ့်မည်။
ဒီတစ်ခုတော့ ဝန်ခံရမည်ဆိုလျှင် ပတ်ချန်းယောလ်နဲ့ နေ့လည်စာက တကယ်ကို အဆင်ပြေကောင်းမွန်လွန်းပါသည်။ ကြက်အူချောင်းလဲ အပိုစားရသလို အရွက်တွေလဲ ရှင်းပြီးသားဖြစ်သည် မဟုတ်လား။
"စတော်ဘယ်ရီ ဒိန်ချဥ်"
"အင်း"
ကျောင်းစျေးတန်းကို ဘတ်ဟျွန်း ပြေးရတော့သည်။ ကျောင်းတက်ချိန် ဘယ်လောက်မှမလိုတော့တာမို့ ချန်းယောလ်ခိုင်းတာကို အမှီရဖို့ တုတ်တိုတို ခြေထောက်လေးတွေဟာ အရှိန်တပြင်း။
"ဟဲ ဟောဟဲ...
ရပြီ...ဒိန်ချဥ် ဒီမှါ..."
"အင်း"
အခန်းဝကို ကျောမှီစောင့်နေတဲ့ ချန်းယောလ်ကို ပေးပြီး အတန်းထဲဝင်သည်နှင့် ဆရာက ဝင်လာတော့သည်။ တော်သေးတယ် အချိန်မှီရောက်လို့...
ကျောင်းတက်ချိန်တွေဟာ အဲ့လိုနေ့စဥ်ဓူဝတွေထဲ တရွေ့ရွေ့ကုန်ဆုံးရင်း ချန်းယောလ်ဟာ ကျောင်းရဲ့ မိန်းကလေးတွေရဲ့ ရွှေမင်းသားလေးဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ အကြောင်းအရင်းကတော့ ဘောလုံးပွဲတိုင်းမှာ အထာကျကျနဲ့ ဂိုးသွင်းတတ်တဲ့ ရှေ့တန်းကကောင်ချောလေးဆိုပြီး နာမည်ကြီးမို့လို့။ ချန်းယောလ်ပါတဲ့ ပွဲတိုင်းလူစည်သည်။ ထို့အတူ ဘတ်ဟျွန်းလဲ အစဥ်အမြဲပါလာရတတ်သည်။ ကွင်းထဲမှာ ပတ်ချန်းယောလ်ဆော့ချိန်တွင် ပွဲကြည့်စဥ်ရဲ့ ထောင့်တစ်ခုမှ ဘတ်ဟျွန်းက သူ့ရဲ့ ကျောပိုအိတ် အင်္ကျီ နာရီ ပြီးတော့ မပါမဖြစ်ရေဘူး တစ်ဘူးနဲ့ စောင့်ပေးရမြဲ။
အဲ့လိုနဲ့ ပတ်ချန်းယောလ်ဆိုတဲ့ ရွှေမင်းသားလေးရဲ့ နာမည်နောက်မှာ ပတ်ချန်းယောလ်ရဲ့ အခိုင်းအစေလေးအဖြစ် ဘတ်ဟျွန်းနာမည်ပါ ကပ်ပါလာရတော့သည်။
"ရေ..."
"ရော့,,,ရော့.."
အခုလဲ သူတို့ ခြေစစ်ပွဲ အစမ်းဆော့နေကြပေမယ့် ကွင်းဘေးမှာ ဘတ်ဟျွန်းက ရေတစ်ဘူးနဲ့။
"နောက် ၁၅ မိနစ်လောက်ဆို ပြီးပြီ"
"အင်း "
ဘတ်ဟျွန်း ပျင်းနေပြီမှန်း ရိပ်မိရင်တော့ ချန်းယောလ်က အဲ့ဒီလို အနည်းငယ်သဘောကောင်းပြတတ်ပါသည်။ ဒါပေမယ့်လဲ အဲ့တာက တစ်ခါတလေမှပင်။
"သွားစို့"
"မင်း အင်္ကျီ လဲဦး ချွေးတွေ ရွှဲနေပြီ"
ဘတ်ဟျွန်းက လက်ကိုင်ပုဝါနဲ့ ချန်းယောလ်မျက်နှာတစ်ဝိုက် ချွေးတွေသုတ်ပေးရင်း ဆိုသည်။ ဘတ်ဟျွန်း လက်ကိုင်ပုဝါ စကိုင်တာက ချန်းယောလ်ဘောလုံးအသင်းထဲ စဝင်ထဲက ဖြစ်သည်။ ချွေးတွေရွှဲနေတဲ့ သူ့မျက်နှာကို ဘတ်ဟျွန်းအင်္ကျီရင်ဘတ်ဆီ သူပွတ်တိုက် သုတ်တတ်တာကြောင့် ထိုအကျင့်ပျောက်အောင် ဘတ်ဟျွန်းက လက်ကိုင်ပုဝါတစ်ထည်ကို အမြဲလို ကိုယ်နှင့်မကွာဆောင်ထားတော့သည်။ မဟုတ်ရင် ဘတ်ဟျွန်းကျောင်းအင်္ကျီတိုင်း ချွေးနံ့ပျောက်တော့မည် မဟုတ်လောက်။
"အင်္ကျီ"
"ရော့"
အသင့်ယူလာတဲ့ ကျောင်းအင်္ကျီကို လဲပြီးတဲ့အချိန် ချွေးတွေရွှဲနေတဲ့ သူ့အင်္ကျီက ဘတ်ဟျွန်းလက်ထဲမှာ ။
တိုးတိုးတိတ်တိတ် ကျောင်းသူတစ်စုရဲ့ စကားသံဟာ သူတို့နှစ်ယောက်နားကနေ ဝေ့ဝိုက်သွားတယ်။
"အဲ့တာ ပတ်ချန်းယောလ်ရဲ့ အစေခံလေးလေ။ ချန်းယောလ်က အဲ့တစ်ယောက်ဆို အရမ်းအနိုင်ကျင့်တာ"
"ဟုတ်လား ...
ချန်းယောလ်က ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေဘူးဆို"
"ဟုတ်တယ် အဲ့တစ်ယောက်က လွဲလို့"
"သြော်"
လှည့်ငေးနေတဲ့ ဘတ်ဟျွန်းမျက်နှာကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ကာ သူ့မျက်နှာဆီ တည့်တည့်လှည့်စေပြီး...
"မင်းရော အဲ့လိုထင်လား"
"ဘာကို"
"ငါက မငိးကို အနိုင်ကျင့်တယ်ဆိုတာ"
"ဟုတ်နေတာပဲကို"
"ဒါဆို အကြွေးကြေအောင်ဆပ်"
"ရားးးးးးခွေးကောင်"
"ဟားးဟား ဟားဟားး"
အော်ရယ်ရင်း ရှေ့ကသွားလိုက်တဲ့ ပတ်ချန်းယောလ်နောက် ဘတ်ဟျွန်းက လွယ်အိတ်တွေကောက် အင်္ကျီတွေကောက်ရင်း မနိုင်မနင်းအပြေးလိုက်ရတော့သည်။
ဘတ်ဟျွန်းရဲ့ အလယ်တန်း သုံးနှစ်တာဟာ ပတ်ချန်းယောလ်ဆိုတဲ့ ရွှေမင်းသားနားမှာပဲ ပတ်လည်ဝိုင်းရင်း တရွေ့ရွေ့ ကုန်ဆုံးနေသည်။ အကြွေးကတော့ အခုထိ မကျေနိုင်သေး....
#Heki