MINE(Completed)

By Heki-21

15.8K 1.8K 168

**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... More

Intro
1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)

4

394 59 3
By Heki-21

Zgy

Mine 4

အရာရာဟာ အပ္က်သံေလာက္ေတာင္ ၾကားႏိုင္ေလာက္တဲ့အထိ တိတ္က်ေနခ်ိန္မွာ ေရႊအိုေရာင္ ေနမင္းဟာ တိမ္တိုက္ေတြထဲ တိုးဝငိေပ်ာက္ကြယ္သြားတယ္။ ထိုအခ်ိန္ ဘတ္ဟြၽန္းနားထဲမွာ ၾကားေနတဲ့ တစ္ခုတည္းေသာ အသံကေတာ့ ေျမေပၚမွာ လူးလြန္႔ ရိုက္ခတ္ေနတဲ့ ငါးဖားေလာင္းေတြရဲ့ အၿမီးရိုက္သံ တဖက္ဖက္ သာရိွေတာ့တယ္။

သူက ဘတ္ဟြၽန္း လက္ေကာက္ဝတ္ေလးကို လွၫ့္ဆြဲၿပီး အေဖ့ဘက္ကို တည့္တည့္လွည့္လိုက္တယ္။

"ထပ္မရိုက္နဲ႔"

အၿမဲ သံျပတ္နဲ႔ ေျပာတတ္တဲ့ သူ႔မူအတိုင္း အေဖ့ကိုေျပာသံကလဲ အထက္စီးဆန္စြာ ထန္လ်ွက္။ ကေလးသံဆိုေပမယ့္ မာေနတဲ့အသံေၾကာင့္ အေဖပင္ လက္တြန္႔သြားဟန္..

"ဘာ.."

"ေျဗာင္ဘတ္ဟြၽန္း ....
သူ႔ကို ထပ္မရိုက္နဲ႔...
ရႊံ႔ေတာကိုသြားဖို႔ ေျပာတာ ကြၽန္ေတာ္မို႔ အျပစ္ေပးခ်င္ရင္ ကြၽန္ေတာ့္ကိုပဲ.."

အေဖ့ပံုစံက အနည္းငယ္ အံ့အားသင့္သြားပံုရယ္ မယံုႏိုင္မႈမ်ားစြာရယ္..

"ေနပါၪီး ငါ့သားကို ငါရိုက္တာေလ
မင္းလို ကေလးက ဘာကိစၥ ငါ့ကို အမိန္႔လာေပးေနတာလဲ?  "

ခ်န္းေယာလ္ သူက သူ႔ေနာက္ေရာက္ေအာင္ ထပ္ပို႔လိုက္ရင္းကေနမွ ဘတ္ဟြၽန္းေရ႔ွ တည့္တည့္ကေန ကာထားကာ

"အမိန္႔ေပးတာ မဟုတ္ဘူး
သူ႔အျပစ္မဟုတ္ဘူးဆိုတာ ေျပာျပတာ "

အေဖက မ်က္ေမွာင္တန္းေတြ တြန္႔ခ်ိဳးေနေအာင္ ကုပ္ခ်ထားကာ

"အဲ့တာလဲ မင္းအေၾကာင္းတစ္ခုမွ မဟုတ္ဘူး ေကာင္ေလး
ငါ့သားေရ႔ွက ဖယ္လိုက္..

ေျဗာင္ဘတ္ဟြၽန္းးး
ခုထြက္လာခဲ့ မင္းအျပစ္မင္းသိတယ္ မလား.."

ခ်န္းေယာလ္ကိုင္ထားတဲ့ လက္ကို အနည္းငယ္ရုန္းကာ ေရ႔ွထြက္ဖို႔ ျပင္လိုက္ေပမယ့္ က်စ္ေနေအာင္ ထပ္ဆုပ္ကိုင္လိုက္တဲ့ လက္တစ္ဖက္ရယ္ ဘတ္ဟြၽန္း ေျခလွမ္းေရႊ့တဲ့ အတိုင္း ထပ္တူေရႊ့ကာ သူ႔ေက်ာျပင္ေနာက္နားဆီကေန တစ္လက္မစာေလာက္ေတာင္ ေပၚမလာေအာင္ ထပ္ကာထားလိုက္ျပန္တယ္။

ထိုအျပဳအမူ​က အေဖ့ေဒါသကို အေရာင္တင္ေပးလိုက္သလိုပါပဲ။

"ေျဗာင္ဘတ္ဟြၽန္းးး"

အေဖ့ေဒါသသံဟာ ဟိန္းခနဲ။
ဘတ္ဟြၽန္းကိုယ္ေလး ဆတ္ခနဲ တုန္သြားတဲ့အထိ။

အေဖအမုန္းဆံုးအလုပ္ဟာ ကိုယ့္အျပစ္ကိုဝန္မခံတာ။ လုပ္ရဲရင္ ခံရဲရတယ္ဆိုတာ အေဖ့လက္သံုးစကား။ ေယာက်ာ္းတစ္ေယာက္က ဘယ္သူ႔ကိုမွ မမွီခိုတတ္ေအာင္ ငယ္ငယ္တည္းက ရိုက္သြင္းေပးခဲ့တာ။ ဒါေပမယ့္ အခု သူက တျခားတစ္ေယာက္ရဲ့ ေနာက္ေက်ာဘက္မွာ အကာကြယ္ခံေနတာကို အေဖမုန္းတာ။ ေယာက်ာ္းမာနကို ထိခိုက္လို႔ အေဖေဒါသထြက္ေနတာ။ ရႊံ႔ေတာသြားလို႔ဆိုတာထက္ အခုေဒါသထြက္ေနတာ အဲ့တာေၾကာင့္မဟုတ္တာ ဘတ္ဟြၽန္း ေကာင္းေကာင္းသိတယ္။ တကယ္ကို ေကာင္းေကာင္းသိပါတယ္။

ဒီထက္ပိုၾကာတဲ့အထိမထြက္ရင္ အေဖ့ေဒါသကို ပိုဆြသလိုျဖစ္ေတာ့မွာလဲ ဘတ္ဟြၽန္းသိတယ္။ ဒါေၾကာင့္...

"ခ်န္းေယာလ္ ေက်းဇူးျပဳျပီး.."

ဘတ္ဟြၽန္းလက္ကို ရသေလာက္ရုန္းထြက္ၾကည့္ေပမယ့္ လက္ေကာက္ဝတ္ေလးသာနာလာတယ္ သူက လံုးဝကို ေျပေလ်ာ့ျခင္းမရိွ။

"ခ်န္းေယာလ္.."

"ရိုက္ခ်ငိရင္ ဘတ္ဟြၽန္းအစား ကြၽန္ေတာ့္ကို ႀကိဳက္သေလာက္ရိုက္လို႔ရတယ္ "

ဘတ္ဟြၽန္းစကားကို မၾကားသလိုလုပ္ကာ အေဖဆီကိုသာ သူက ၪီးတည္ေျပညတယ္။ ခဏ နားလိုက္ၿပီးမွ

"အဲ့ဒီအစါး သူ႔ကိုမထိနဲ႔"

"ဟားးး
လူေလးက လက္ေတာက္ေလာက္နဲ႔ ဇက မေသးပါလား..
မင္းနာမည္ဘယ္သူလဲ.."

"ပတ္ခ်န္းေယာလ္.."

"ဘတ္ဟြၽန္းနဲ႔ ဘယ္လိုသူငယ္ခ်င္းျဖစ္လာတာလဲ"

"သူငယ္ခ်င္း မဟုတ္ဘူး"

"ဘာ"

သူ႔ရဲ့ စကားဟာ ဒီတစ္ခါမွာေတာ့ အေဖတင္မဟုတ္ပဲ ဘတ္ဟြၽန္းပါ နားမလည္ျဖစ္သြားရတယ္။ သူနဲ႔ သူငယ္ခ်င္းျဖစ္ၿပီလို႔ ထင္ေနတာ ဘတ္ဟြၽန္းတစ္ေယာက္တည္းလား။ သူကေရာ ဘတ္ဟြၽန္းကို သူငယ္ခ်င္းလို မသတ္မွတ္ဖူးဘူးလား..
ဒါမွ မဟုတ္ အေႂကြးကိစၥေျပာေတာ့မလို႔လား...
အရိုက္ခံလိုက္ရလို႔ စိတ္္ဆိုးသြားတာလား..
ဟင္ ဟုတ္မယ္ထင္တယ္ ဒါေၾကာင့္ သူ႔အသံက ပိုၿပီးခက္ထန္ မာ​ေက်ာေနတာျဖစ္မယ္..

ဘတ္ဟြၽန္းလြတ္ေနတဲ့ လက္တစ္ဖက္နဲ႔ သူဆုပ္ကိုင္ထားတဲ့ လက္ဖမိုးေပၚ ထပ္အုပ္ကိုင္ကာ မေျပာေစခ်င္ေၾကာင္း အရိပ္အႁမြတ္ျပလိုက္တယ္။ သူသိပါ့မလား။ ဒါမွ မဟုတ္ ကရုေရာစိုက္ပါ့မလား.
ဘတ္ဟြၽန္းကသာ သူ႔ဆီၾကည့္ေနေပမယ့္ သူ႔မ်က္ဝန္းေတြက အေဖ့မ်ကိဝန္းေတြဆီ တည့္တည့္မွာသာ ေက်ာက္ခ်ေနတယ္..

ရုတ္တရက္ အေဖဟာ ႀကိမ္လံုးကို ခ်ကာ

"ေရသြားခ်ိဳးေတာ့ ႏွစ္ေယာက္လံုး"

ဒီတစ္ခါေတာ့ ဘတ္ဟြၽန္းအံ့ၾသလြန္းလို႔ ေမးေတာင္ ေအာက္ကိုျပဳတ္က်သြားတဲ့ အထိ။ ဒါက ဘယ္လိုအေျခအေနလဲ။ တကယ္ပဲ..

ထိုစကားသံၾကားမွ ခ်န္းေယာလ္က သူဆုပ္ကိုင္ထားတဲ့ လက္ကို အနည္းငယ္ေျဖေလ်ာ့ေပးတယ္။ လံုးဝႀကီး လႊတ္ေပးတာမ်ိဳး မဟုတ္ပဲ ဘတ္ဟြၽန္းလက္ကို ကိုင္ထားလ်ွက္နဲ႔ပဲ ေျမမွာ ခုန္ေပါက္ေနတဲ့ ငါးဖားေလာင္းေတြကို ဒူးခ်ၿပီးေကာက္ေနေသးတယ္။ ဘတ္ဟြၽန္းမွာသာ အေဖ့ကိုတစ္လွည့္ သူ႔ကိုတစ္လွည့္ၾကည့္ရင္း အံ့ၾသမဆံုး..

ေတာ္ေတာ္မ်ားမ်ားေသာ ငါးဖားေလာင္းေလးေတြက မေတြ့ရေတာ့ဘူး။ သူတို႔စကားမ်ားေနတုန္း ေပ်ာက္သြားတာျဖစ္မယ္။ အဲ့တာေၾကာင့္ အနားမွာေတြ့ရတဲ့ ေလးငါးေကာင္ေလာက္ကိုပဲ သူက ခက္ခက္ခဲခဲဖမ္းရင္း ခုနက ကိုင္လာတဲ့ ဘူးေလးထဲ ထည့္ေနတယ္။ ၿပီးေတာ့ ဘတ္ဟြၽန္းလက္ကို တစ္ခ်က္ေတာင္ မလႊတ္ပဲ ဘတ္ဟြၽန္း အိမ္ထဲထိကို ဆြဲေခၚသြားတာ.
.
ဘတ္ဟြၽန္း ေရခ်ိဳး အဝတ္လဲၿပီးတဲ့အထိ ေစာင့္ၿပီးမွ သူလဲ ေရခ်ိဳးကာ ဘတ္ဟြၽန္းအဝတ္တစ္စံု ယူဝတ္တယ္။ ဘတ္ဟြၽန္းက နီညိုေရာင္ အက်ႌေလးရယ္ ဂ်င္းေဘာင္းဘီေလးရယ္နဲ႔ ျဖစ္ၿပီး သူကေတာ့ အဝါေရာင္ရွပ္အက်ႌကို ဂ်င္းဘြိုင္လာနဲ႔ တြဲဝတ္ကာ တစ္မ်ိဳးေလး ျဖစ္ေနတယ္။သူ႔ပံုစံမဟုတ္ေပမယ့္ သူ႔ပံုစံအတိုင္းျဖစ္ေနသလိုမ်ိဳးေလူ။  ခုနက အေဖ့ကို ျပန္ေျပာေနတာ သူမဟုတ္သလို ငါးဖားေလာင္းထညိ့ထားတဲ့ ဘူးေလးကိုင္လ်ွက္ သူက အေဖ့ကို ႏႈတ္ဆက္ေနေသးတယ္။
အေဖကေတာင္ ထမင္းစားသြားဖို႔ ေျပာေနေသးတယ္။ သူက မစားေတာ့ေၾကာင္းေျပာၿပီး ဘတ္ဟြၽန္းဘက္ တစ္ခ်က္ငွဲ႔ၾကည့္ၿပီး ထြက္သြားေတာ့တယ္။ အေဖကေတာ့ အဲ့ဒီေက်ာျပင္ေသးေသးကိုၾကည့္ၿပီး အနည္းငယ္ တကယ္ကို အနည္းငယ္ေလး ႏႈတ္ခမ္းေလးလႈပ္ရံု ၿပံဳးလိုက္တယ္။ ခဏေလး တကယ္ကို ခဏေလးဆိုေပမယ့္ ဘတ္ဟြၽန္းျမင္ျဖစ္ေအာင္ ျမင္လိုက္ေသးတယ္။

ၿပီးေတာ့ ထိုေန့က ဘတ္ဟြၽန္း ထပ္ရိုက္ခံရၪီးမယ္လို႔ ထင္ေပမယ့္ ထူးဆန္းတာက လံုးဝကို အေဖက စိတ္ဆိုးတဲ့ အမူအယာမျပေတာ့တာပင္။ ၿပီးေတာ့ စိတ္လိုလက္ရ ပတ္ခ်န္းေယာလ္ဆိုတဲ့ အေၾကာတင္းတင္း မ်က္ႏွာထားတည္တဲ့ ေကာင္ေလးအေၾကာင္းကို ေမးေနေသးတယ္။ ဒါထပ္ပိုၿပီး ထူးဆန္းတာကေလ အေဖက ေနာက္ေန့မွာ ခ်န္းေယာလ္အတြက္ စကိတ္ဘုတ္ေလးတစ္ခုကို ကိုယ္တိုင္ တိုက္ျဖတ္ ထုရိုက္ၿပီး လုပ္ေပးေနတာပဲ ျဖစ္သည္။

ဘတ္ဟြၽန္း ကိုယ့္မ်က္လံုးကိုပင္ မယံုႏိုင္ေအာင္ ျဖစ္ခဲ့ရတဲ့ အခ်ိန္တစ္ခုပင္ ျဖစ္သည္။

ယံုၾကည္မႈဆိုတာ အျပဳအမူေတြအေပၚမွာပဲ အေျခခံတယ္တဲ့။ အဲ့ဒီေန့က ကေလးတစ္ေယာက္ဟာ တျခားကေလးတစ္ေယာက္ဆီက ယံုၾကည္မႈကို တစ္ဘဝစါ သိုသိုသိပ္သိပ္ရခဲ့တယ္။ ထပ္ေဆာင္းအေနနဲ႔ကေတာ့ ထိုကေလးရဲ့ ဖခင္ဆီက ယံုၾကည္မႈပါ ပါလာတာပဲျဖစ္တယ္....

ဘဝေတြဟာ အဲ့ဒီလို ကႀကိဳးခုန္ေနပါတယ္။

#Heki

Uni

Mine 4

အရာရာဟာ အပ်ကျသံလောက်တောင် ကြားနိုင်လောက်တဲ့အထိ တိတ်ကျနေချိန်မှာ ရွှေအိုရောင် နေမင်းဟာ တိမ်တိုက်တွေထဲ တိုးဝငိပျောက်ကွယ်သွားတယ်။ ထိုအချိန် ဘတ်ဟျွန်းနားထဲမှာ ကြားနေတဲ့ တစ်ခုတည်းသော အသံကတော့ မြေပေါ်မှာ လူးလွန့် ရိုက်ခတ်နေတဲ့ ငါးဖားလောင်းတွေရဲ့ အမြီးရိုက်သံ တဖက်ဖက် သာရှိတော့တယ်။

သူက ဘတ်ဟျွန်း လက်ကောက်ဝတ်လေးကို လှည့်ဆွဲပြီး အဖေ့ဘက်ကို တည့်တည့်လှည့်လိုက်တယ်။

"ထပ်မရိုက်နဲ့"

အမြဲ သံပြတ်နဲ့ ပြောတတ်တဲ့ သူ့မူအတိုင်း အဖေ့ကိုပြောသံကလဲ အထက်စီးဆန်စွာ ထန်လျှက်။ ကလေးသံဆိုပေမယ့် မာနေတဲ့အသံကြောင့် အဖေပင် လက်တွန့်သွားဟန်..

"ဘာ.."

"ဗြောင်ဘတ်ဟျွန်း ....
သူ့ကို ထပ်မရိုက်နဲ့...
ရွှံ့တောကိုသွားဖို့ ပြောတာ ကျွန်တော်မို့ အပြစ်ပေးချင်ရင် ကျွန်တော့်ကိုပဲ.."

အဖေ့ပုံစံက အနည်းငယ် အံ့အားသင့်သွားပုံရယ် မယုံနိုင်မှုများစွာရယ်..

"နေပါဦး ငါ့သားကို ငါရိုက်တာလေ
မင်းလို ကလေးက ဘာကိစ္စ ငါ့ကို အမိန့်လာပေးနေတာလဲ?  "

ချန်းယောလ် သူက သူ့နောက်ရောက်အောင် ထပ်ပို့လိုက်ရင်းကနေမှ ဘတ်ဟျွန်းရှေ့ တည့်တည့်ကနေ ကာထားကာ

"အမိန့်ပေးတာ မဟုတ်ဘူး
သူ့အပြစ်မဟုတ်ဘူးဆိုတာ ပြောပြတာ "

အဖေက မျက်မှောင်တန်းတွေ တွန့်ချိုးနေအောင် ကုပ်ချထားကာ

"အဲ့တာလဲ မင်းအကြောင်းတစ်ခုမှ မဟုတ်ဘူး ကောင်လေး
ငါ့သားရှေ့က ဖယ်လိုက်..

ဗြောင်ဘတ်ဟျွန်းးး
ခုထွက်လာခဲ့ မင်းအပြစ်မင်းသိတယ် မလား.."

ချန်းယောလ်ကိုင်ထားတဲ့ လက်ကို အနည်းငယ်ရုန်းကာ ရှေ့ထွက်ဖို့ ပြင်လိုက်ပေမယ့် ကျစ်နေအောင် ထပ်ဆုပ်ကိုင်လိုက်တဲ့ လက်တစ်ဖက်ရယ် ဘတ်ဟျွန်း ခြေလှမ်းရွှေ့တဲ့ အတိုင်း ထပ်တူရွှေ့ကာ သူ့ကျောပြင်နောက်နားဆီကနေ တစ်လက်မစာလောက်တောင် ပေါ်မလာအောင် ထပ်ကာထားလိုက်ပြန်တယ်။

ထိုအပြုအမူ​က အဖေ့ဒေါသကို အရောင်တင်ပေးလိုက်သလိုပါပဲ။

"ဗြောင်ဘတ်ဟျွန်းးး"

အဖေ့ဒေါသသံဟာ ဟိန်းခနဲ။
ဘတ်ဟျွန်းကိုယ်လေး ဆတ်ခနဲ တုန်သွားတဲ့အထိ။

အဖေအမုန်းဆုံးအလုပ်ဟာ ကိုယ့်အပြစ်ကိုဝန်မခံတာ။ လုပ်ရဲရင် ခံရဲရတယ်ဆိုတာ အဖေ့လက်သုံးစကား။ ယောကျာ်းတစ်ယောက်က ဘယ်သူ့ကိုမှ မမှီခိုတတ်အောင် ငယ်ငယ်တည်းက ရိုက်သွင်းပေးခဲ့တာ။ ဒါပေမယ့် အခု သူက တခြားတစ်ယောက်ရဲ့ နောက်ကျောဘက်မှာ အကာကွယ်ခံနေတာကို အဖေမုန်းတာ။ ယောကျာ်းမာနကို ထိခိုက်လို့ အဖေဒေါသထွက်နေတာ။ ရွှံ့တောသွားလို့ဆိုတာထက် အခုဒေါသထွက်နေတာ အဲ့တာကြောင့်မဟုတ်တာ ဘတ်ဟျွန်း ကောင်းကောင်းသိတယ်။ တကယ်ကို ကောင်းကောင်းသိပါတယ်။

ဒီထက်ပိုကြာတဲ့အထိမထွက်ရင် အဖေ့ဒေါသကို ပိုဆွသလိုဖြစ်တော့မှာလဲ ဘတ်ဟျွန်းသိတယ်။ ဒါကြောင့်...

"ချန်းယောလ် ကျေးဇူးပြုပြီး.."

ဘတ်ဟျွန်းလက်ကို ရသလောက်ရုန်းထွက်ကြည့်ပေမယ့် လက်ကောက်ဝတ်လေးသာနာလာတယ် သူက လုံးဝကို ပြေလျော့ခြင်းမရှိ။

"ချန်းယောလ်.."

"ရိုက်ချငိရင် ဘတ်ဟျွန်းအစား ကျွန်တော့်ကို ကြိုက်သလောက်ရိုက်လို့ရတယ် "

ဘတ်ဟျွန်းစကားကို မကြားသလိုလုပ်ကာ အဖေဆီကိုသာ သူက ဦးတည်ပြေညတယ်။ ခဏ နားလိုက်ပြီးမှ

"အဲ့ဒီအစါး သူ့ကိုမထိနဲ့"

"ဟားးး
လူလေးက လက်တောက်လောက်နဲ့ ဇက မသေးပါလား..
မင်းနာမည်ဘယ်သူလဲ.."

"ပတ်ချန်းယောလ်.."

"ဘတ်ဟျွန်းနဲ့ ဘယ်လိုသူငယ်ချင်းဖြစ်လာတာလဲ"

"သူငယ်ချင်း မဟုတ်ဘူး"

"ဘာ"

သူ့ရဲ့ စကားဟာ ဒီတစ်ခါမှာတော့ အဖေတင်မဟုတ်ပဲ ဘတ်ဟျွန်းပါ နားမလည်ဖြစ်သွားရတယ်။ သူနဲ့ သူငယ်ချင်းဖြစ်ပြီလို့ ထင်နေတာ ဘတ်ဟျွန်းတစ်ယောက်တည်းလား။ သူကရော ဘတ်ဟျွန်းကို သူငယ်ချင်းလို မသတ်မှတ်ဖူးဘူးလား..
ဒါမှ မဟုတ် အကြွေးကိစ္စပြောတော့မလို့လား...
အရိုက်ခံလိုက်ရလို့ စိတ််ဆိုးသွားတာလား..
ဟင် ဟုတ်မယ်ထင်တယ် ဒါကြောင့် သူ့အသံက ပိုပြီးခက်ထန် မာ​ကျောနေတာဖြစ်မယ်..

ဘတ်ဟျွန်းလွတ်နေတဲ့ လက်တစ်ဖက်နဲ့ သူဆုပ်ကိုင်ထားတဲ့ လက်ဖမိုးပေါ် ထပ်အုပ်ကိုင်ကာ မပြောစေချင်ကြောင်း အရိပ်အမြွတ်ပြလိုက်တယ်။ သူသိပါ့မလား။ ဒါမှ မဟုတ် ကရုရောစိုက်ပါ့မလား.
ဘတ်ဟျွန်းကသာ သူ့ဆီကြည့်နေပေမယ့် သူ့မျက်ဝန်းတွေက အဖေ့မျကိဝန်းတွေဆီ တည့်တည့်မှာသာ ကျောက်ချနေတယ်..

ရုတ်တရက် အဖေဟာ ကြိမ်လုံးကို ချကာ

"ရေသွားချိုးတော့ နှစ်ယောက်လုံး"

ဒီတစ်ခါတော့ ဘတ်ဟျွန်းအံ့သြလွန်းလို့ မေးတောင် အောက်ကိုပြုတ်ကျသွားတဲ့ အထိ။ ဒါက ဘယ်လိုအခြေအနေလဲ။ တကယ်ပဲ..

ထိုစကားသံကြားမှ ချန်းယောလ်က သူဆုပ်ကိုင်ထားတဲ့ လက်ကို အနည်းငယ်ဖြေလျော့ပေးတယ်။ လုံးဝကြီး လွှတ်ပေးတာမျိုး မဟုတ်ပဲ ဘတ်ဟျွန်းလက်ကို ကိုင်ထားလျှက်နဲ့ပဲ မြေမှာ ခုန်ပေါက်နေတဲ့ ငါးဖားလောင်းတွေကို ဒူးချပြီးကောက်နေသေးတယ်။ ဘတ်ဟျွန်းမှာသာ အဖေ့ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ရင်း အံ့သြမဆုံး..

တော်တော်များများသော ငါးဖားလောင်းလေးတွေက မတွေ့ရတော့ဘူး။ သူတို့စကားများနေတုန်း ပျောက်သွားတာဖြစ်မယ်။ အဲ့တာကြောင့် အနားမှာတွေ့ရတဲ့ လေးငါးကောင်လောက်ကိုပဲ သူက ခက်ခက်ခဲခဲဖမ်းရင်း ခုနက ကိုင်လာတဲ့ ဘူးလေးထဲ ထည့်နေတယ်။ ပြီးတော့ ဘတ်ဟျွန်းလက်ကို တစ်ချက်တောင် မလွှတ်ပဲ ဘတ်ဟျွန်း အိမ်ထဲထိကို ဆွဲခေါ်သွားတာ.
.
ဘတ်ဟျွန်း ရေချိုး အဝတ်လဲပြီးတဲ့အထိ စောင့်ပြီးမှ သူလဲ ရေချိုးကာ ဘတ်ဟျွန်းအဝတ်တစ်စုံ ယူဝတ်တယ်။ ဘတ်ဟျွန်းက နီညိုရောင် အင်္ကျီလေးရယ် ဂျင်းဘောင်းဘီလေးရယ်နဲ့ ဖြစ်ပြီး သူကတော့ အဝါရောင်ရှပ်အင်္ကျီကို ဂျင်းဘွိုင်လာနဲ့ တွဲဝတ်ကာ တစ်မျိုးလေး ဖြစ်နေတယ်။သူ့ပုံစံမဟုတ်ပေမယ့် သူ့ပုံစံအတိုင်းဖြစ်နေသလိုမျိုးလေူ။  ခုနက အဖေ့ကို ပြန်ပြောနေတာ သူမဟုတ်သလို ငါးဖားလောင်းထညိ့ထားတဲ့ ဘူးလေးကိုင်လျှက် သူက အဖေ့ကို နှုတ်ဆက်နေသေးတယ်။
အဖေကတောင် ထမင်းစားသွားဖို့ ပြောနေသေးတယ်။ သူက မစားတော့ကြောင်းပြောပြီး ဘတ်ဟျွန်းဘက် တစ်ချက်ငှဲ့ကြည့်ပြီး ထွက်သွားတော့တယ်။ အဖေကတော့ အဲ့ဒီကျောပြင်သေးသေးကိုကြည့်ပြီး အနည်းငယ် တကယ်ကို အနည်းငယ်လေး နှုတ်ခမ်းလေးလှုပ်ရုံ ပြုံးလိုက်တယ်။ ခဏလေး တကယ်ကို ခဏလေးဆိုပေမယ့် ဘတ်ဟျွန်းမြင်ဖြစ်အောင် မြင်လိုက်သေးတယ်။

ပြီးတော့ ထိုနေ့က ဘတ်ဟျွန်း ထပ်ရိုက်ခံရဦးမယ်လို့ ထင်ပေမယ့် ထူးဆန်းတာက လုံးဝကို အဖေက စိတ်ဆိုးတဲ့ အမူအယာမပြတော့တာပင်။ ပြီးတော့ စိတ်လိုလက်ရ ပတ်ချန်းယောလ်ဆိုတဲ့ အကြောတင်းတင်း မျက်နှာထားတည်တဲ့ ကောင်လေးအကြောင်းကို မေးနေသေးတယ်။ ဒါထပ်ပိုပြီး ထူးဆန်းတာကလေ အဖေက နောက်နေ့မှာ ချန်းယောလ်အတွက် စကိတ်ဘုတ်လေးတစ်ခုကို ကိုယ်တိုင် တိုက်ဖြတ် ထုရိုက်ပြီး လုပ်ပေးနေတာပဲ ဖြစ်သည်။

ဘတ်ဟျွန်း ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်ခဲ့ရတဲ့ အချိန်တစ်ခုပင် ဖြစ်သည်။

ယုံကြည်မှုဆိုတာ အပြုအမူတွေအပေါ်မှာပဲ အခြေခံတယ်တဲ့။ အဲ့ဒီနေ့က ကလေးတစ်ယောက်ဟာ တခြားကလေးတစ်ယောက်ဆီက ယုံကြည်မှုကို တစ်ဘဝစါ သိုသိုသိပ်သိပ်ရခဲ့တယ်။ ထပ်ဆောင်းအနေနဲ့ကတော့ ထိုကလေးရဲ့ ဖခင်ဆီက ယုံကြည်မှုပါ ပါလာတာပဲဖြစ်တယ်....

ဘဝတွေဟာ အဲ့ဒီလို ကကြိုးခုန်နေပါတယ်။

#Heki




Continue Reading

You'll Also Like

2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
4K 346 10
[𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽] "𝖨𝗆 𝗎𝗋 𝗉𝗋𝖾𝗍𝗍𝗒 𝗈𝗆𝖾𝗀𝖺~" "𝖧𝗄𝗄! 𝖸𝖾𝗌, 𝗎𝗋 𝗆𝗒 𝗉𝗋𝖾𝗍𝗍𝗒 𝗈𝗆𝖾𝗀𝖺!!" 𝖣𝖺𝗍𝖾 𝖲𝗍𝖺𝗋𝗍 : 230803 𝖤𝗇𝖽 :...
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 44.5K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...