Zgy.
Mine 3
"ဗြမ္းးးး"
"ဟာ..."
ရႊဲရႊဲစိုသြားတဲ့ ေရေတြရယ္ ဘတ္ဟြၽန္းေပၚက ကုန္းကြကျြဖစ္ေနတဲ့ ကိုယ္ေတာ္ေလးရယ္။ ဘတ္ဟြၽန္းမွာေတာ့ ျပဴးတူးၿပဲတဲနဲ႔ ဘာစကားတစ္ခြန္းမွကို ထြက္မလာေတာ့။ ဘတ္ဟြၽန္းပဲ ကံေကာင္းသြားတာလား သူပဲ ကံဆိုးသြားေလသလား။
လက္ေထာက္လ်ွက္ ထသြားတဲ့ ပတ္ခ်န္းေယာလ္က ကိုယ္ေပၚက ေရေတြကို ေခါင္းယမ္း ခါလိုက္ရင္း လက္ေတြနဲ႔လဲ ပြတ္သပ္ခါ ဖုန္ေတြ သဲေတြကို ခါခ်ေနေသးတယ္။ ၿပီးေတာ့ ဘာတစ္ခြန္းမွ မေျပာပဲ ၪီးေလးႀကီးကို စိတ္ပ်က္လက္ပ်က္ေငးၿပီး ဘတ္ဟြၽန္း လက္ထဲ က်စ္ေနေအာင္ ကိုင္ထားတဲ့ ႏြားႏို႔ဘူးေလးကို ဖ်က္ခနဲ ဆြဲယူကာ ေနာက္ကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ပဲ အိမ္ထဲဝင္သြားလိုက္တာ တန္းေနတာပဲ။
ဘတ္ဟြၽန္းနဲ႔ ၪီးေလးႀကီးမွာသာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ေၾကာင္အေနၾကတာ အၾကာႀကီး။
သတိဝင္လာမွ
"မင္းက..."
"ဟို ကြၽန္ေတာ္ရွင္းျပမယ္..."
ဘတ္ဟြၽန္းအေၾကာင္းစံုေျပာျပမွ ၪီးေလးႀကီးက လီလီပန္းေတြဆီ ျပန္ၾကည့္တယ္။ ၿပီးမွ ဘတ္ဟြၽန္းနဲ႔ ပန္းေတြကို တစ္လွည့္ဆီၾကည့္ရင္း မယံုသလိုမ်က္ႏွာနဲ႔ ဒီလိုေမးပါတယ္...
"ပန္းေတြ အကုန္ႏႈတ္ရလြယ္ေအာင္ ျမက္ႀကိဳရွင္းထားတာေတာ့ မဟုတ္ဘူးမလား..."
"ဟာ ၪီးေလးႀကီးကလဲ..."
"ေနာက္ေန့ ငါ့ပန္းေတြ ခူးတာေတြ့ရင္ ခ်န္းေယာလ္ကို ပိုခိုင္းဖို႔ ေျပာလိုက္မယ္ သတိထားေန...."
"ဗ်ာ..."
ထိုေန့မွ စလို႔ ဘတ္ဟြၽန္းဆံုးျဖတ္ခ်က္ခ်လိုက္သည္။ေနာက္ေနာင္ ဒီအိမ္ေရ႔ွက ပန္းဆို စိတ္နဲ႔ေတာင္ မပစ္မွားမိေစနဲ႔။
*****
အဲ့လိုနဲ႔ ရက္တၲတစ္ပတ္နီးပါး မနက္ခင္းဆို ႏြားႏိုးဘူးပို႔ေပးရတတ္တာကေန ဒီေန့ေတာ့ အျပင္သြားခ်င္ပါတယ္ဆိုတဲ့ ၿမိဳ႔ႀကီးသားကို ပညာေပးဖို႔ ဘတ္ဟြၽန္းအလံုးစံုေသာ ဉာဏ္ရည္ကိုထုတ္သံုးဖို႔ ျပင္ဆင္ေနျခင္းျဖစ္သည္။
"အေဖ့..."
"ေဟ."
အေဖအလုပ္လုပ္ေနရာနား ကပ္ၿပီး ဘတ္ဟြၽန္းက သူ႔အႀကံကို အပီအျပင္အေကာင္ထည္ေဖာ္သည္။
"သားတို႔ရြာမွာေလ ရြံ႔ထူတဲ့ေနရာ တစ္ခုရိွတယ္ေလ အဲ့တာ ဘယ္လိုသြားရတာလဲ..."
အေဖက တိုက္လက္ေရေဘာ္စက္ႀကီးကို ခ်ၿပီး ဘတ္ဟြၽန္းဘက္ တည့္တည့္ၾကည့္လာသည္။
"မဟုတ္ဘူး သားသြားေဆာ့မလို႔ မဟုတ္ပါဘူး အေဖကလဲ..
ဟိုေကာင္ေတြေလ အီဆြန္းတို႔ သြားၾကတာဆိုလို႔ ေမးၾကည့္တာပါ .."
"အဲ့ဘက္ေတာစပ္ကို မသြားနဲ႔ ကြၽတ္ေတြေမ်ာ့ေတြက လက္ညိုးေလာက္ရိွတယ္ေနာ္ မင္းတို႔လိုကေလးေတြဆို ေသြးကုန္ၿပီး ေသသြားႏိုင္တယ္ ..."
"အင္းပါ အေဖရဲ့ ဘယ္ဘက္ကသြားရတာလဲဟင္ ဒီတိုင္းသိခ်င္လို႔.."
ဘတ္ဟြၽန္း မ်က္လံုးထဲေသခ်ာၾကည့္ၿပီး စမ္းစစ္ၿပီးမွ အေဖက လုပ္လက္စကို ျပန္လုပ္ရင္းေျဖေလသည္။
"ရြာေနာက္က ဂ်ိဳဟြၽန္း ၪီးေလးႀကီးတို႔ၿခံသိတယ္မလား အဲ့ဘက္ကေန ေတာင္ဘက္ကို သြားရင္ ဓာတ္မီးတိုင္ ၃ တိုင္ေလာက္ဆို အဲ့ဒီရႊံေတာ ေရာက္ၿပီ..
လံုးဝ မသြားရဘူးေနာ္ ဘတ္ဟြၽန္း..
အဲ့ဒီေတါဘက္သြားတယ္ ၾကားတာနဲ႔ မလြယ္ဘူးမွတ္ေနာ္.."
"ဟုတ္ အေဖ...
အေဖ့ သား လမ္းထိပ္က ကစားကြင္းမွာ သြားေဆာ့မလို႔..."
"ထမင္းစားခ်ိန္ အမွီျပန္ခဲ့ေနာ္ ..."
"ဟုတ္"
ဒူးတိေဘာင္းဘီအနက္ေရာင္ေလးရယ္ ဆင္စြယ္ေရာင္ စပို႔ရွပ္ေလးရယ္နဲ႔ ဘတ္ဟြၽန္းဆံႏြယ္ေတြ ေလမွာဝဲေနတဲ့အထိ ဘတ္ဟြၽန္း ေျပးလႊားသြားသည္။ ဘတ္ဟြၽန္းမ်က္ႏွာမွာေတာ့ လျခမ္းေကြးေလးၫြတ္တက္ေနသလို အၿပံဳးလွလွေလးတစ္ခု ခ်ိတ္ဆြဲလို႔...
"တီးေတာင္..."
ဘတ္ဟြၽန္းက ဘဲလ္ေလးကို တီးလိုက္ၿပီဆိုတာနဲ႔ ၪီးေလးႀကီးက ေအပရြန္ႀကီး ဝတ္လို႔ ေယာင္းမႀကီးကိုင္လို႔ ထြက္လာတယ္။ ၪီးေလးႀကီးရဲ့ ထူးထူးဆန္းဆန္းပံုေၾကာင့္ ဘတ္ဟြၽန္းပါးစပ္အေဟာင္းသားျဖစ္သြားခ်ိန္မွာ ဘတ္ဟြၽန္း ပုခံုးတစ္ဖက္ကို တိုက္လို႔ ပတ္ခ်န္းေယာလ္က ေရ႔ွထြက္သြားတယ္။ ထိုေတာ့မွ ၪီးေလးႀကီးက ဘာမွမဟုတ္သလို ပံုမွန္ပံုစံမ်ိဳးနဲ႔
"အျပင္ေလ်ွာက္လည္ၾကမလို႔ဆို ..
ၪီးေလးတူ ခ်န္းေယာလ္ကို ပင္လယ္ဘယ္ေလာက္လွေၾကာင္း လိုက္ျပလိုက္ပါၪီး..
ေၾသာ္ ၿပီးေတာ့ ရႊံ႔ေတာဘက္မသြားၾကနဲ႔ေနာ္ အဲ့မွာက မိုးက်ထားတာဆိုေတာ့ အႏၲရယ္မ်ားတယ္..."
"ဟုတ္ ..."
ဘတ္ဟြၽန္းသာ ေလာကဝတ္အရ တံု႔ျပန္လိုက္တာေပမယ့္ ခ်န္းေယာလ္ကေတာ့ ငွဲ႔လို႔ပင္မၾကည့္....
ဘတ္ဟြၽန္း သူ႔နားအျမန္တိုးကပ္ရင္း..
"သြားမယ္..."
သူက ဘတ္ဟြၽန္းကို တၫ့္တည့္ၾကည့္ၿပီး လက္ဖ်န္႔လာတာမို႔ ဘတ္ဟြၽန္း ေၾကာင္ေတာင္ေတာင္ေလး ျဖစ္သြားတယ္။ၿပီးမွ..
"ေၾသာ္..." ဟု ေရရြတ္ကာ
ဘတ္ဟြၽန္းလက္ဖဖဝါးေသးေသးေလးကို ျဖန္႔ျပထားတဲ့ လက္ဖဝါးေလးထဲ ထပ္တင္ဆုပ္ကိုင္လိုက္တယ္..
"ဘာလုပ္တာလဲ..."
"ဟင္ လမ္းမသိလို႔ လက္တြဲခိုင္းတာ မဟုတ္ဘူးလား.."
"ရူးေနလား မင္း..
လႊတ္အခု.."
ခါထုတ္သြားတဲ့ လက္ကေလးကို ဘတ္ဟြၽန္းက တအံ့တၾသေလးၾကည့္ရင္း စိတ္ထဲမွာ တီတိုးေရရြတ္မိတယ္
*ငါ့လက္က ဘာပါတာက်ေနတာပဲ မသိရင္ ေရာဂါပိုးကူးေတာ့မွာ က်ေနေရာ.*
"ေပး.."
"ဘာ ဘာလဲ..."
"အက်ႌထဲမွာ ဖြက္ထားတဲ့ဟာ.."
ဘတ္ဟြၽန္းဗိုက္ကို လက္ႏွစ္ဖက္လံုးနဲ႔ ပိုက္လိူက္ၿပီး အသနားခံသလိုေလး ေခါင္းယမ္းမိသည္။ သို႔ေသာ္ အလုပ္မျဖစ္..
"ေပးမွာလား မေပးဘူးလား..."
"တစ္ေယာက္တစ္ဝက္ေနာ္.."
သနားစဖြယ္ျဖစ္ေနမွာ အေသအခ်ာေပမယ့္ သူကေတာ့ မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္ပဲ လက္ကိုသာျဖန္႔ထားလ်ွက္..
ေနာက္ဆံုး မတတ္သာတဲ့အခါမွာေတာ့ ဘတ္ဟြၽန္း အက်ႌေလးလွန္လို႔ ဖြက္ထားတဲ့ ေရခဲမုန္႔ဘူးေလးကို သူ႔လက္ထဲသာ ဝကြက္အပ္လိုက္ရတယ္။
"ရြံ႔ေတာဆိုတာ သြားမယ္.."
"ဟမ္..."
ဘတ္ဟြၽန္းအႀကံထုတ္ဖို႔ အခုတစ္ရာေလာက္ စဥ္းစားခဲ့ေပမယ့္ သူ႔ဘက္ကို ဒီလိုေတာင္းဆိုလိမ့္မယ္လို႔ေတာ့ လံုးဝကို မထင္ထားျဖစ္သည္။ အခုေတာ့ တစ္မနက္လံုး အာခဲထားရတာေတြက ဒီလိုအလြယ္ေလးျဖစ္လာေတာ့သည္။
"ဟို အဲ့ဒီမွါ အႏၲရယ္မ်ားတယ္တဲ့ .."
"အဲ့တာေၾကာင့္ သြားခ်င္တာ.. လမ္းျပ.."
"ေသခ်ာတယ္ေနာ္.."
"အင္း"
ရက္စ္ ရက္စ္ ရက္စ္
အဲ့ေတာ့ ျပႆနာတက္ရငိ ငါနဲ႔မဆိုင္ေတာ့ဘူးေနာ္
ငါေတာင္ မစည္းရံုးလိုက္ရပဲ သူ႔ဟာသူသြားခ်င္တာေနာ္.
ဟက္..
ဘတ္ဟြၽန္းေရ႔ွနားေလးနည္းနည္းေလးပိုတိုးရင္း ၿပံဳးေပ်ာ္ေနတာ လူေတာငိ ေျမႇာက္ႂကြၾကျြဖစ္တဲ့အထိ။ ေရ႔ွကၪီးေဆာင္ရင္း ေနာက္လွည့္ၾကည့္ေတာ့ သူက ဘတ္ဟြၽန္းေရခဲမုန္႔ကို စားလ်ွက္..
ဘတ္ဟြၽန္းရဲ့ တက္ႂကြေနတဲ့ ေျခလွမ္းေလးေတြ ရပ္တန္႔သြားၿပီး အေနာက္ဆီ ခပ္ယို႔ယို႔တိုးသြားေတာ့သည္။ ၿပီးေတာ့မွ....
"ငါလဲ နည္းနည္း.."
"ဟ ပါးစပ္"
"ကိုယ့္ဟာကို.."
"စားမွာလား မစားဘူးလား.."
"ဟြန္႔.."
ဘတ္ဟြၽန္းသူခြန္႔တဲ့ အတိုင္းသာ စားလိုက္ရၿပီး တစ္လမ္းလံုး သူ႔နားကပ္ ၿပီးေတာ့ သူတစ္လုပ္စားၿပီးတိုင္း *အာ* ဆိုၿပီး ပါးစပ္ေလးဟၿပီး ေတာင္းစားလိုက္နဲ႔ ရြံ႔ေတာနားကို ေရာက္မွန္းမသိေရာက္လာၾကသည္။
ကြၽတ္ေတြ ေမ်ာ့ေတြဆိုတာ လူသံၾကားတာနဲ႔ အတင္းေျပးလာၿပီ ကပ္ၾကေတာ့တဲ့ အေၾကာင္း ေျပာျပမလို႔ပင္ရိွေသးတယ္ ခ်န္းေယာလ္က ေျခလွမ္းက်ဲတို႔နဲ႔ ထိုေနရာနား ေရာက္လုေနၿပီ..
"ခ်န္းေယာလ္ မသြား..."
"ရႉးးးးးးး"
ဟင္ သြားၿပီ...
အဲ့တာ ေရေပၚကို ကြၽတ္ေတြ ေျပးလာတဲ့ အသံမဟုတ္လား..
ဘတ္ဟြၽန္း တုန္ေနေအာင္ ေၾကာက္ေပမယ့္ အေဖ့စကားဟာ နားထဲမွာ ပဲ့တင္သံထြက္လာသည္။
**ကြၽတ္ေတြ ေမ်ာ့ေတြက လက္ညိုးေလာက္
လက္ညိုးေလာက္
လက္ညိုးေလာက္ ရိွတယ္****
**မင္းတို႔လို ကေလးေတြဆို ေသြးကုန္ၿပီး ေသသြားႏိုင္တယ္
ေသြးကုန္ၿပီး...
ေသြးကုန္ၿပီး.....
ေသြးကုန္ၿပီး..........
ေသသြားႏိုင္တယ္
ေသသြားႏိုင္တယ္.....
ေသသြားႏိုင္တယ္........***
ဘတ္ဟြၽန္း ေၾကာက္လြန္းလို႔ မ်က္ရည္ေတြပငိ ဝိုင္းလာသည္။ မ်က္စိေတြ ေဝဝါးလာကာ ဘာလုပ္ရမွန္း မသိေတာ့..
ကိုယ္တိုင္ပင္ မသိလိုက္ပဲ ဘတ္ဟြၽန္း ကမူရႉးထိုး ေျပးသြားမိတာဟာ ခ်န္းေယာလ္ရပ္ေနတဲ့ ေနရာဆီကို ျဖစ္သည္။ စိုးထိတ္မႈ မ်ားစြာဟာ ၪီးေဏွာက္ရဲ့ လက္ခံႏိုင္စြမ္းထက္ေက်ာ္လြန္သြားကာ ပတ္ခ်န္းေယာလ္လက္ကို အတင္းတြန္းထိုး ဆြဲလႊဲရင္း ေခၚေနမိေပမယ့္..
"ရား ဘယ္လိုျဖစ္ေနတာလဲ ေျဗာင္ဘတ္ဟြၽန္း..."
ဆြဲျဖဳတ္ခ်ခံလိုက္ရတဲ့ လက္တစ္ဖက္နဲ႔အတူ ခပ္ဆတ္ဆတ္ေအာ္သံဟာ ဘတ္ဟြၽန္းရဲ့ အာရံုေတြကို ႏိုးၾကားေစသည္။
"ဟင္...
ကြၽတ္ေတြ ကြၽတ္ေတြ ေမ်ာ့ေတြေရာ.."
"ဘာေတြ လာေျပာေနတာလဲ ဘတ္ဟြၽန္း..
ဘယ္က ကြၽတ္ေတြ ေမ်ာ့ေတြလဲ.."
ဟုတ္သားပဲ ဘယ္ေရာက္သြားတာလဲ..
ခုနက အသံကေရာ..
ဒါဆို..
"က်စ္ မင္းအတင္းဆြဲလိုက္တာ ငါဖမ္းထားတဲ့ ငါးဖားေလာင္းေလး ျပန္က်သြားၿပီ...
သြား မငိးျပန္ဆင္းဖမ္းေပး.."
"ဟင့္အင့္ ဟင့္အင္းေနာ္ ငါမဖမ္းရဲဘူး..."
ေျခမ်က္စိျမဳပ္တဲ့ ရႊံ႔ေတြၾကားမွာ ခါးကဖက္ထားသူရယ္ အတင္းအၾကပ္ရုန္းေနသူရယ္။
ထြက္ေျပးသြားတဲ့ ငါးဖားေလာင္းေလးကေတာ့ ေနာက္မလွည့္စတမ္း...
ေနာက္ေတာ့လဲ ဒဴူးထိနက္တဲ့ ေနရာေတြထဲထိ ငါးဖားေလာင္းေလးေတြ အတူတူဖမ္းၾကရင္း တြန္းရင္း တိုက္ရင္း ေနမင္းဟာ အေနာက္အရပ္ဆီ ေမးတင္ခ်ိန္မွာ ညိုမဲမဲ ရြံ႔အိုင္ႀကီးဟာ ေရႊအိုေရာင္လဲ့လဲ့ ေတာက္ပလာတယ္။ ထမင္းစားခ်ိန္ ေမ့ေနတဲ့ ေကာင္ေလးတစ္ေယာက္ရယ္ ငါးဖားေလာင္းေတြ ထည့္ထားတဲ့ ပုလင္းတစ္ခုကိုင္ထားတဲ့ ေကာင္ေလးတစ္ေယာက္ရယ္...
ႏွစ္ေယာက္လံုးကေတာ့ တစ္ပံုစံတည္း ေပေရလို႔ ခႏၲာတစ္ခုလံုး ေပက်ံေနရံုမက မ်က္ႏွာေလးေတြမွာေတာင္ မဲလို႔ ေပလို႔ ပြလို႔...
ဘဝရဲ့ အပူအပင္ကင္းခ်ိန္ထဲ ေရႊေရာင္ေတာက္တဲ့ ညေနတစ္ခုမွာ သူတို႔ အတူတူရယ္ေမာခဲ့ၾကတယ္။ ေဆာ့ကစားခဲ့ၾကတယ္။ ေနာက္မွာ ျဖစ္လာမယ့္ အေၾကာင္းအက်ိဳးကို ႀကိဳမေတြးတတ္ေသးတဲ့ အရြယ္မွာေတာင္ သူတို႔ စိတ္တူကိုယ္တူ ေပေရဖူးၾကတယ္။
တခိုးခိုး တစ္ခစ္ခစ္ရယ္သံေတြနဲ႔ ရြာလမ္းေလးမွာ ဘတ္ဟြၽန္းအသံဟာ ပဲ့တင္သံထပ္ေနတယ္။ ႏွစ္ၪီးသေဘာတူညီခ်က္နဲ႔ ဖမ္းမိလာတဲ့ ငါးဖားေလာင္းေတြကို ခ်န္းေယာလ္ဆီမွာ ထားဖို႔ သေဘာတူလိုက္တယ္။ အေၾကာင္းကေတာ့ အေဖ့ဆီမွာဆို အကုန္လံုး သြနိေမွာက္ခံရမွာ က်ိန္းေသမို႔...
အိမ္နားနီးေလေလ ဘတ္ဟြၽနိးတစ္ေယာက္ စိုးရိမ္စိတ္ေလး ပိုလာေလ။။
မေတာ္တဆမ်ား အေဖက ရႊံ႔ေတာသြားမွန္း သိသြားရင္။ ဒါမွမဟုတ္ ဒီေလါက္ေပေရေနလို႔ ရိုက္ခံထိရင္။။
"ေျဗာင္ဘတ္ဟြၽန္း ဒီကိုလာခဲ့. "
"အ အေဖ.."
အိမ္နားေရာကိထဲက အေဖ့ကိုရွာေနေပမယ့္ အသံက ေနာက္နားဆီကထြက္လာေလသည္။ ထစ္အအ အသံဟာ အျပစ္လုပ္ထားမွန္း သိသာစြာ။ ဘတ္ဟြၽန္းဟာ အျပစ္လုပ္ထားတိုင္စ စကားထစ္တတ္တာ အေဖအသိဆံုး..
"ရႊံ႔ေတာကို မသြားနဲ႔လို႔ မွာလိုက္လား မမွာလိုက္ဘူးလား..."
"မွာ... မွာလိုက္ပါတယ္ အေဖ"
"ဒါဆို အျပစ္ရိွလား မရိွဘူးလား.."
"အင့္ ရိွ...
ရိွပါတယ္ အေဖ.... ဟင့္..."
"တုတ္သြားယူ.."
အေဖလုပ္လုပ္ရာေနရာရဲ့ ေဘးဘက္မွာ ထားတတ္တဲ့ အေဖ့ႀကိမ္လံုး။ ဘတ္ဟြၽန္း အျပစ္လုပ္တိုင္း ညာတိုင္း အေဖဆံုးမတတ္တဲ့ ႀကိမ္လံုး။ ေသးသေလာက္ အရိုးထဲထိနာေစႏိုင္ေသာ ထိုႀကိမ္လံုး...
အေဖ့လက္ထဲ ႀကိမ္လံုးထည့္ၿပီး လက္ပိုက္ ေနာက္လွၫ့္ေပးတဲ့အခါ အေဖ့ရဲ့ ႀကိမ္လႊဲသံ ဟာ ရႊီးခနဲ..
မ်က္လံုးေတြ မိွတ္က်သြားတာ အလိုအေလ်ွာက္...
"ရႊက္..."
ႀကိမ္လံုးရဲ့ ထိေတြ့နာက်င္မႈ အစား ပုခံုးနားက ထိန္းကိုင္လိုက္ၿပီး သိမ္းဖက္ခံလိုက္ရတဲ့ေနြးေထြးမႈကို ရုတ္တရက္ခံစားလိုက္ရခ်ိန္ ဘတ္ဟြၽန္း မ်က္လံုးေလးေတြ ဝိုင္းစက္စြာ ပြင့္က်လာခဲ့သည္။
ဘတ္ဟြၽန္းရဲ့ ဖြင့္ဟလာတဲ့ မ်က္စိေရ႔ွမွာေတာ့ တဖတ္ဖတ္ ခုန္ေနတဲ့ ငါးဖားေလာင္းေလးေတြ ပ်ံ့က်ဲလို႔...
အေဖ့ရဲ့ ႀကိမ္ရိုက္သံဟာလဲ တိခနဲ တိတ္က်လို႔...
အရာရာဟာ အပ္က်သံေလာက္ေတာင္ ၾကားႏိုင္ေလာက္တဲ့အထိ တိတ္က်ေနခ်ိန္မွာ ေရႊအိုေရာင္ ေနမင္းဟာ တိမ္တိုက္ေတြထဲ တိုးဝငိေပ်ာက္ကြယ္သြားတယ္။ ထိုအခ်ိန္ ဘတ္ဟြၽန္းနားထဲမွာ ၾကားေနတဲ့ တစ္ခုတည္းေသာ အသံကေတာ့ ေျမေပၚမွာ လူးလြန္႔ ရိုက္ခတ္ေနတဲ့ ငါးဖားေလာင္းေတြရဲ့ အၿမီးရိုက္သံ တဖက္ဖက္ သာရိွေတာ့တယ္။
ကေလးတစ္ေယာက္ဟာ ေနာက္ထပ္ကေလးတစ္ေယာက္ နာက်င္မွာစိုးလို႔ ကာကြယ္ေပးခဲ့တယ္။ သို႔ေသာ္ ဘယ္ဘက္ပါးေပၚ စီးက်လာတဲ့ မ်က္ရည္စီးေၾကာင္းဟာ အကာကြယ္ေပးခံရတဲ့ ကေလးရဲ့ ပါးေပၚမွာ နားခိုတယ္။ အရာရာဟာ အက်ိဳးရိွလို႔ အေၾကာင္းျဖစ္လာတာျဖစ္တယ္။
ဥပမာ- ခ်န္းေယာလ္က အက်ိဳးတရားဆိုရင္ ဘတ္ဟြၽန္းအေၾကာင္းတရား..
အဲ့ဒီလို ေနရာတက် ...
#heki
ကိုယ္ကတိတည္တယ္ေနာ္ ကေလးတို႔ေရ..
Love you all
အပိုင္းအသစ္ဟာ 23.6.22 ျဖစ္ပါတယ္...
ဆက္လက္ႀကိဳးစားပါၪီးမယ္...
Uni
Mine 3
"ဗွမ်းးးး"
"ဟာ..."
ရွှဲရွှဲစိုသွားတဲ့ ရေတွေရယ် ဘတ်ဟျွန်းပေါ်က ကုန်းကွကွဖြစ်နေတဲ့ ကိုယ်တော်လေးရယ်။ ဘတ်ဟျွန်းမှာတော့ ပြူးတူးပြဲတဲနဲ့ ဘာစကားတစ်ခွန်းမှကို ထွက်မလာတော့။ ဘတ်ဟျွန်းပဲ ကံကောင်းသွားတာလား သူပဲ ကံဆိုးသွားလေသလား။
လက်ထောက်လျှက် ထသွားတဲ့ ပတ်ချန်းယောလ်က ကိုယ်ပေါ်က ရေတွေကို ခေါင်းယမ်း ခါလိုက်ရင်း လက်တွေနဲ့လဲ ပွတ်သပ်ခါ ဖုန်တွေ သဲတွေကို ခါချနေသေးတယ်။ ပြီးတော့ ဘာတစ်ခွန်းမှ မပြောပဲ ဦးလေးကြီးကို စိတ်ပျက်လက်ပျက်ငေးပြီး ဘတ်ဟျွန်း လက်ထဲ ကျစ်နေအောင် ကိုင်ထားတဲ့ နွားနို့ဘူးလေးကို ဖျက်ခနဲ ဆွဲယူကာ နောက်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ အိမ်ထဲဝင်သွားလိုက်တာ တန်းနေတာပဲ။
ဘတ်ဟျွန်းနဲ့ ဦးလေးကြီးမှာသာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြောင်အနေကြတာ အကြာကြီး။
သတိဝင်လာမှ
"မင်းက..."
"ဟို ကျွန်တော်ရှင်းပြမယ်..."
ဘတ်ဟျွန်းအကြောင်းစုံပြောပြမှ ဦးလေးကြီးက လီလီပန်းတွေဆီ ပြန်ကြည့်တယ်။ ပြီးမှ ဘတ်ဟျွန်းနဲ့ ပန်းတွေကို တစ်လှည့်ဆီကြည့်ရင်း မယုံသလိုမျက်နှာနဲ့ ဒီလိုမေးပါတယ်...
"ပန်းတွေ အကုန်နှုတ်ရလွယ်အောင် မြက်ကြိုရှင်းထားတာတော့ မဟုတ်ဘူးမလား..."
"ဟာ ဦးလေးကြီးကလဲ..."
"နောက်နေ့ ငါ့ပန်းတွေ ခူးတာတွေ့ရင် ချန်းယောလ်ကို ပိုခိုင်းဖို့ ပြောလိုက်မယ် သတိထားနေ...."
"ဗျာ..."
ထိုနေ့မှ စလို့ ဘတ်ဟျွန်းဆုံးဖြတ်ချက်ချလိုက်သည်။နောက်နောင် ဒီအိမ်ရှေ့က ပန်းဆို စိတ်နဲ့တောင် မပစ်မှားမိစေနဲ့။
*****
အဲ့လိုနဲ့ ရက်တ္တတစ်ပတ်နီးပါး မနက်ခင်းဆို နွားနိုးဘူးပို့ပေးရတတ်တာကနေ ဒီနေ့တော့ အပြင်သွားချင်ပါတယ်ဆိုတဲ့ မြို့ကြီးသားကို ပညာပေးဖို့ ဘတ်ဟျွန်းအလုံးစုံသော ဉာဏ်ရည်ကိုထုတ်သုံးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။
"အဖေ့..."
"ဟေ."
အဖေအလုပ်လုပ်နေရာနား ကပ်ပြီး ဘတ်ဟျွန်းက သူ့အကြံကို အပီအပြင်အကောင်ထည်ဖော်သည်။
"သားတို့ရွာမှာလေ ရွံ့ထူတဲ့နေရာ တစ်ခုရှိတယ်လေ အဲ့တာ ဘယ်လိုသွားရတာလဲ..."
အဖေက တိုက်လက်ရေဘော်စက်ကြီးကို ချပြီး ဘတ်ဟျွန်းဘက် တည့်တည့်ကြည့်လာသည်။
"မဟုတ်ဘူး သားသွားဆော့မလို့ မဟုတ်ပါဘူး အဖေကလဲ..
ဟိုကောင်တွေလေ အီဆွန်းတို့ သွားကြတာဆိုလို့ မေးကြည့်တာပါ .."
"အဲ့ဘက်တောစပ်ကို မသွားနဲ့ ကျွတ်တွေမျော့တွေက လက်ညိုးလောက်ရှိတယ်နော် မင်းတို့လိုကလေးတွေဆို သွေးကုန်ပြီး သေသွားနိုင်တယ် ..."
"အင်းပါ အဖေရဲ့ ဘယ်ဘက်ကသွားရတာလဲဟင် ဒီတိုင်းသိချင်လို့.."
ဘတ်ဟျွန်း မျက်လုံးထဲသေချာကြည့်ပြီး စမ်းစစ်ပြီးမှ အဖေက လုပ်လက်စကို ပြန်လုပ်ရင်းဖြေလေသည်။
"ရွာနောက်က ဂျိုဟျွန်း ဦးလေးကြီးတို့ခြံသိတယ်မလား အဲ့ဘက်ကနေ တောင်ဘက်ကို သွားရင် ဓာတ်မီးတိုင် ၃ တိုင်လောက်ဆို အဲ့ဒီရွှံတော ရောက်ပြီ..
လုံးဝ မသွားရဘူးနော် ဘတ်ဟျွန်း..
အဲ့ဒီတေါဘက်သွားတယ် ကြားတာနဲ့ မလွယ်ဘူးမှတ်နော်.."
"ဟုတ် အဖေ...
အဖေ့ သား လမ်းထိပ်က ကစားကွင်းမှာ သွားဆော့မလို့..."
"ထမင်းစားချိန် အမှီပြန်ခဲ့နော် ..."
"ဟုတ်"
ဒူးတိဘောင်းဘီအနက်ရောင်လေးရယ် ဆင်စွယ်ရောင် စပို့ရှပ်လေးရယ်နဲ့ ဘတ်ဟျွန်းဆံနွယ်တွေ လေမှာဝဲနေတဲ့အထိ ဘတ်ဟျွန်း ပြေးလွှားသွားသည်။ ဘတ်ဟျွန်းမျက်နှာမှာတော့ လခြမ်းကွေးလေးညွတ်တက်နေသလို အပြုံးလှလှလေးတစ်ခု ချိတ်ဆွဲလို့...
"တီးတောင်..."
ဘတ်ဟျွန်းက ဘဲလ်လေးကို တီးလိုက်ပြီဆိုတာနဲ့ ဦးလေးကြီးက အေပရွန်ကြီး ဝတ်လို့ ယောင်းမကြီးကိုင်လို့ ထွက်လာတယ်။ ဦးလေးကြီးရဲ့ ထူးထူးဆန်းဆန်းပုံကြောင့် ဘတ်ဟျွန်းပါးစပ်အဟောင်းသားဖြစ်သွားချိန်မှာ ဘတ်ဟျွန်း ပုခုံးတစ်ဖက်ကို တိုက်လို့ ပတ်ချန်းယောလ်က ရှေ့ထွက်သွားတယ်။ ထိုတော့မှ ဦးလေးကြီးက ဘာမှမဟုတ်သလို ပုံမှန်ပုံစံမျိုးနဲ့
"အပြင်လျှောက်လည်ကြမလို့ဆို ..
ဦးလေးတူ ချန်းယောလ်ကို ပင်လယ်ဘယ်လောက်လှကြောင်း လိုက်ပြလိုက်ပါဦး..
သြော် ပြီးတော့ ရွှံ့တောဘက်မသွားကြနဲ့နော် အဲ့မှာက မိုးကျထားတာဆိုတော့ အန္တရယ်များတယ်..."
"ဟုတ် ..."
ဘတ်ဟျွန်းသာ လောကဝတ်အရ တုံ့ပြန်လိုက်တာပေမယ့် ချန်းယောလ်ကတော့ ငှဲ့လို့ပင်မကြည့်....
ဘတ်ဟျွန်း သူ့နားအမြန်တိုးကပ်ရင်း..
"သွားမယ်..."
သူက ဘတ်ဟျွန်းကို တည့်တည့်ကြည့်ပြီး လက်ဖျန့်လာတာမို့ ဘတ်ဟျွန်း ကြောင်တောင်တောင်လေး ဖြစ်သွားတယ်။ပြီးမှ..
"သြော်..." ဟု ရေရွတ်ကာ
ဘတ်ဟျွန်းလက်ဖဖဝါးသေးသေးလေးကို ဖြန့်ပြထားတဲ့ လက်ဖဝါးလေးထဲ ထပ်တင်ဆုပ်ကိုင်လိုက်တယ်..
"ဘာလုပ်တာလဲ..."
"ဟင် လမ်းမသိလို့ လက်တွဲခိုင်းတာ မဟုတ်ဘူးလား.."
"ရူးနေလား မင်း..
လွှတ်အခု.."
ခါထုတ်သွားတဲ့ လက်ကလေးကို ဘတ်ဟျွန်းက တအံ့တသြလေးကြည့်ရင်း စိတ်ထဲမှာ တီတိုးရေရွတ်မိတယ်
*ငါ့လက်က ဘာပါတာကျနေတာပဲ မသိရင် ရောဂါပိုးကူးတော့မှာ ကျနေရော.*
"ပေး.."
"ဘာ ဘာလဲ..."
"အင်္ကျီထဲမှာ ဖွက်ထားတဲ့ဟာ.."
ဘတ်ဟျွန်းဗိုက်ကို လက်နှစ်ဖက်လုံးနဲ့ ပိုက်လိူက်ပြီး အသနားခံသလိုလေး ခေါင်းယမ်းမိသည်။ သို့သော် အလုပ်မဖြစ်..
"ပေးမှာလား မပေးဘူးလား..."
"တစ်ယောက်တစ်ဝက်နော်.."
သနားစဖွယ်ဖြစ်နေမှာ အသေအချာပေမယ့် သူကတော့ မျက်တောင်တစ်ချက်တောင်မခတ်ပဲ လက်ကိုသာဖြန့်ထားလျှက်..
နောက်ဆုံး မတတ်သာတဲ့အခါမှာတော့ ဘတ်ဟျွန်း အင်္ကျီလေးလှန်လို့ ဖွက်ထားတဲ့ ရေခဲမုန့်ဘူးလေးကို သူ့လက်ထဲသာ ဝကွက်အပ်လိုက်ရတယ်။
"ရွံ့တောဆိုတာ သွားမယ်.."
"ဟမ်..."
ဘတ်ဟျွန်းအကြံထုတ်ဖို့ အခုတစ်ရာလောက် စဥ်းစားခဲ့ပေမယ့် သူ့ဘက်ကို ဒီလိုတောင်းဆိုလိမ့်မယ်လို့တော့ လုံးဝကို မထင်ထားဖြစ်သည်။ အခုတော့ တစ်မနက်လုံး အာခဲထားရတာတွေက ဒီလိုအလွယ်လေးဖြစ်လာတော့သည်။
"ဟို အဲ့ဒီမှါ အန္တရယ်များတယ်တဲ့ .."
"အဲ့တာကြောင့် သွားချင်တာ.. လမ်းပြ.."
"သေချာတယ်နော်.."
"အင်း"
ရက်စ် ရက်စ် ရက်စ်
အဲ့တော့ ပြဿနာတက်ရငိ ငါနဲ့မဆိုင်တော့ဘူးနော်
ငါတောင် မစည်းရုံးလိုက်ရပဲ သူ့ဟာသူသွားချင်တာနော်.
ဟက်..
ဘတ်ဟျွန်းရှေ့နားလေးနည်းနည်းလေးပိုတိုးရင်း ပြုံးပျော်နေတာ လူတောငိ မြှောက်ကြွကြွဖြစ်တဲ့အထိ။ ရှေ့ကဦးဆောင်ရင်း နောက်လှည့်ကြည့်တော့ သူက ဘတ်ဟျွန်းရေခဲမုန့်ကို စားလျှက်..
ဘတ်ဟျွန်းရဲ့ တက်ကြွနေတဲ့ ခြေလှမ်းလေးတွေ ရပ်တန့်သွားပြီး အနောက်ဆီ ခပ်ယို့ယို့တိုးသွားတော့သည်။ ပြီးတော့မှ....
"ငါလဲ နည်းနည်း.."
"ဟ ပါးစပ်"
"ကိုယ့်ဟာကို.."
"စားမှာလား မစားဘူးလား.."
"ဟွန့်.."
ဘတ်ဟျွန်းသူခွန့်တဲ့ အတိုင်းသာ စားလိုက်ရပြီး တစ်လမ်းလုံး သူ့နားကပ် ပြီးတော့ သူတစ်လုပ်စားပြီးတိုင်း *အာ* ဆိုပြီး ပါးစပ်လေးဟပြီး တောင်းစားလိုက်နဲ့ ရွံ့တောနားကို ရောက်မှန်းမသိရောက်လာကြသည်။
ကျွတ်တွေ မျော့တွေဆိုတာ လူသံကြားတာနဲ့ အတင်းပြေးလာပြီ ကပ်ကြတော့တဲ့ အကြောင်း ပြောပြမလို့ပင်ရှိသေးတယ် ချန်းယောလ်က ခြေလှမ်းကျဲတို့နဲ့ ထိုနေရာနား ရောက်လုနေပြီ..
"ချန်းယောလ် မသွား..."
"ရှူးးးးးးး"
ဟင် သွားပြီ...
အဲ့တာ ရေပေါ်ကို ကျွတ်တွေ ပြေးလာတဲ့ အသံမဟုတ်လား..
ဘတ်ဟျွန်း တုန်နေအောင် ကြောက်ပေမယ့် အဖေ့စကားဟာ နားထဲမှာ ပဲ့တင်သံထွက်လာသည်။
**ကျွတ်တွေ မျော့တွေက လက်ညိုးလောက်
လက်ညိုးလောက်
လက်ညိုးလောက် ရှိတယ်****
**မင်းတို့လို ကလေးတွေဆို သွေးကုန်ပြီး သေသွားနိုင်တယ်
သွေးကုန်ပြီး...
သွေးကုန်ပြီး.....
သွေးကုန်ပြီး..........
သေသွားနိုင်တယ်
သေသွားနိုင်တယ်.....
သေသွားနိုင်တယ်........***
ဘတ်ဟျွန်း ကြောက်လွန်းလို့ မျက်ရည်တွေပငိ ဝိုင်းလာသည်။ မျက်စိတွေ ဝေဝါးလာကာ ဘာလုပ်ရမှန်း မသိတော့..
ကိုယ်တိုင်ပင် မသိလိုက်ပဲ ဘတ်ဟျွန်း ကမူရှူးထိုး ပြေးသွားမိတာဟာ ချန်းယောလ်ရပ်နေတဲ့ နေရာဆီကို ဖြစ်သည်။ စိုးထိတ်မှု များစွာဟာ ဦးဏှောက်ရဲ့ လက်ခံနိုင်စွမ်းထက်ကျော်လွန်သွားကာ ပတ်ချန်းယောလ်လက်ကို အတင်းတွန်းထိုး ဆွဲလွှဲရင်း ခေါ်နေမိပေမယ့်..
"ရား ဘယ်လိုဖြစ်နေတာလဲ ဗြောင်ဘတ်ဟျွန်း..."
ဆွဲဖြုတ်ချခံလိုက်ရတဲ့ လက်တစ်ဖက်နဲ့အတူ ခပ်ဆတ်ဆတ်အော်သံဟာ ဘတ်ဟျွန်းရဲ့ အာရုံတွေကို နိုးကြားစေသည်။
"ဟင်...
ကျွတ်တွေ ကျွတ်တွေ မျော့တွေရော.."
"ဘာတွေ လာပြောနေတာလဲ ဘတ်ဟျွန်း..
ဘယ်က ကျွတ်တွေ မျော့တွေလဲ.."
ဟုတ်သားပဲ ဘယ်ရောက်သွားတာလဲ..
ခုနက အသံကရော..
ဒါဆို..
"ကျစ် မင်းအတင်းဆွဲလိုက်တာ ငါဖမ်းထားတဲ့ ငါးဖားလောင်းလေး ပြန်ကျသွားပြီ...
သွား မငိးပြန်ဆင်းဖမ်းပေး.."
"ဟင့်အင့် ဟင့်အင်းနော် ငါမဖမ်းရဲဘူး..."
ခြေမျက်စိမြုပ်တဲ့ ရွှံ့တွေကြားမှာ ခါးကဖက်ထားသူရယ် အတင်းအကြပ်ရုန်းနေသူရယ်။
ထွက်ပြေးသွားတဲ့ ငါးဖားလောင်းလေးကတော့ နောက်မလှည့်စတမ်း...
နောက်တော့လဲ ဒဴူးထိနက်တဲ့ နေရာတွေထဲထိ ငါးဖားလောင်းလေးတွေ အတူတူဖမ်းကြရင်း တွန်းရင်း တိုက်ရင်း နေမင်းဟာ အနောက်အရပ်ဆီ မေးတင်ချိန်မှာ ညိုမဲမဲ ရွံ့အိုင်ကြီးဟာ ရွှေအိုရောင်လဲ့လဲ့ တောက်ပလာတယ်။ ထမင်းစားချိန် မေ့နေတဲ့ ကောင်လေးတစ်ယောက်ရယ် ငါးဖားလောင်းတွေ ထည့်ထားတဲ့ ပုလင်းတစ်ခုကိုင်ထားတဲ့ ကောင်လေးတစ်ယောက်ရယ်...
နှစ်ယောက်လုံးကတော့ တစ်ပုံစံတည်း ပေရေလို့ ခန္တာတစ်ခုလုံး ပေကျံနေရုံမက မျက်နှာလေးတွေမှာတောင် မဲလို့ ပေလို့ ပွလို့...
ဘဝရဲ့ အပူအပင်ကင်းချိန်ထဲ ရွှေရောင်တောက်တဲ့ ညနေတစ်ခုမှာ သူတို့ အတူတူရယ်မောခဲ့ကြတယ်။ ဆော့ကစားခဲ့ကြတယ်။ နောက်မှာ ဖြစ်လာမယ့် အကြောင်းအကျိုးကို ကြိုမတွေးတတ်သေးတဲ့ အရွယ်မှာတောင် သူတို့ စိတ်တူကိုယ်တူ ပေရေဖူးကြတယ်။
တခိုးခိုး တစ်ခစ်ခစ်ရယ်သံတွေနဲ့ ရွာလမ်းလေးမှာ ဘတ်ဟျွန်းအသံဟာ ပဲ့တင်သံထပ်နေတယ်။ နှစ်ဦးသဘောတူညီချက်နဲ့ ဖမ်းမိလာတဲ့ ငါးဖားလောင်းတွေကို ချန်းယောလ်ဆီမှာ ထားဖို့ သဘောတူလိုက်တယ်။ အကြောင်းကတော့ အဖေ့ဆီမှာဆို အကုန်လုံး သွနိမှောက်ခံရမှာ ကျိန်းသေမို့...
အိမ်နားနီးလေလေ ဘတ်ဟျွနိးတစ်ယောက် စိုးရိမ်စိတ်လေး ပိုလာလေ။။
မတော်တဆများ အဖေက ရွှံ့တောသွားမှန်း သိသွားရင်။ ဒါမှမဟုတ် ဒီလေါက်ပေရေနေလို့ ရိုက်ခံထိရင်။။
"ဗြောင်ဘတ်ဟျွန်း ဒီကိုလာခဲ့. "
"အ အဖေ.."
အိမ်နားရောကိထဲက အဖေ့ကိုရှာနေပေမယ့် အသံက နောက်နားဆီကထွက်လာလေသည်။ ထစ်အအ အသံဟာ အပြစ်လုပ်ထားမှန်း သိသာစွာ။ ဘတ်ဟျွန်းဟာ အပြစ်လုပ်ထားတိုင်စ စကားထစ်တတ်တာ အဖေအသိဆုံး..
"ရွှံ့တောကို မသွားနဲ့လို့ မှာလိုက်လား မမှာလိုက်ဘူးလား..."
"မှာ... မှာလိုက်ပါတယ် အဖေ"
"ဒါဆို အပြစ်ရှိလား မရှိဘူးလား.."
"အင့် ရှိ...
ရှိပါတယ် အဖေ.... ဟင့်..."
"တုတ်သွားယူ.."
အဖေလုပ်လုပ်ရာနေရာရဲ့ ဘေးဘက်မှာ ထားတတ်တဲ့ အဖေ့ကြိမ်လုံး။ ဘတ်ဟျွန်း အပြစ်လုပ်တိုင်း ညာတိုင်း အဖေဆုံးမတတ်တဲ့ ကြိမ်လုံး။ သေးသလောက် အရိုးထဲထိနာစေနိုင်သော ထိုကြိမ်လုံး...
အဖေ့လက်ထဲ ကြိမ်လုံးထည့်ပြီး လက်ပိုက် နောက်လှည့်ပေးတဲ့အခါ အဖေ့ရဲ့ ကြိမ်လွှဲသံ ဟာ ရွှီးခနဲ..
မျက်လုံးတွေ မှိတ်ကျသွားတာ အလိုအလျှောက်...
"ရွှက်..."
ကြိမ်လုံးရဲ့ ထိတွေ့နာကျင်မှု အစား ပုခုံးနားက ထိန်းကိုင်လိုက်ပြီး သိမ်းဖက်ခံလိုက်ရတဲ့နွေးထွေးမှုကို ရုတ်တရက်ခံစားလိုက်ရချိန် ဘတ်ဟျွန်း မျက်လုံးလေးတွေ ဝိုင်းစက်စွာ ပွင့်ကျလာခဲ့သည်။
ဘတ်ဟျွန်းရဲ့ ဖွင့်ဟလာတဲ့ မျက်စိရှေ့မှာတော့ တဖတ်ဖတ် ခုန်နေတဲ့ ငါးဖားလောင်းလေးတွေ ပျံ့ကျဲလို့...
အဖေ့ရဲ့ ကြိမ်ရိုက်သံဟာလဲ တိခနဲ တိတ်ကျလို့...
အရာရာဟာ အပ်ကျသံလောက်တောင် ကြားနိုင်လောက်တဲ့အထိ တိတ်ကျနေချိန်မှာ ရွှေအိုရောင် နေမင်းဟာ တိမ်တိုက်တွေထဲ တိုးဝငိပျောက်ကွယ်သွားတယ်။ ထိုအချိန် ဘတ်ဟျွန်းနားထဲမှာ ကြားနေတဲ့ တစ်ခုတည်းသော အသံကတော့ မြေပေါ်မှာ လူးလွန့် ရိုက်ခတ်နေတဲ့ ငါးဖားလောင်းတွေရဲ့ အမြီးရိုက်သံ တဖက်ဖက် သာရှိတော့တယ်။
ကလေးတစ်ယောက်ဟာ နောက်ထပ်ကလေးတစ်ယောက် နာကျင်မှာစိုးလို့ ကာကွယ်ပေးခဲ့တယ်။ သို့သော် ဘယ်ဘက်ပါးပေါ် စီးကျလာတဲ့ မျက်ရည်စီးကြောင်းဟာ အကာကွယ်ပေးခံရတဲ့ ကလေးရဲ့ ပါးပေါ်မှာ နားခိုတယ်။ အရာရာဟာ အကျိုးရှိလို့ အကြောင်းဖြစ်လာတာဖြစ်တယ်။
ဥပမာ- ချန်းယောလ်က အကျိုးတရားဆိုရင် ဘတ်ဟျွန်းအကြောင်းတရား..
အဲ့ဒီလို နေရာတကျ ...
#heki
ကိုယ်ကတိတည်တယ်နော် ကလေးတို့ရေ..
Love you all
အပိုင်းအသစ်ဟာ 23.6.22 ဖြစ်ပါတယ်...
ဆက်လက်ကြိုးစားပါဦးမယ်...