𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚...
By SuuNanChal
1.9M 93.3K 2K
"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ" More
Note
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
Final
ကျေးဇူးတင်လွှာ /ေက်းဇူးတင္လႊာ
Extra - 1
Extra 2
မြူဒေါင်းစိုင်းငယ်/မြူဒေါင်းစိုင်းငယ်
Extra - end
24
31.2K 1.7K 79
By SuuNanChal
Unicode
ဝေဝါးထိုင်းမှိုင်းနေတဲ့ အာရုံနဲ့အတူ တင်းကြပ်ကြပ်စီးနှောင်ခံထားရတာကြောင့် ဘုန်းပါဝါမပွင့်သေးသောမျက်လုံးများအား အားယူဖွင့်ဟနေမိသည် ။
ပွင့်သွားပြီဖြစ်သော မျက်ဝန်းတွေထဲဝင်လာတဲ့ မြင်ကွင်းက ရေအပြည့်ထည့်ထားသော ကန်ကြီးတစ်ခုသာ ။ ကန်ထဲမှာတော့ လှည့်ပတ်ရွေ့လျားနေသော အရာနှစ်ခု ။
ကြည့်နေရင်း မျက်လုံးပြူးကျယ်လာရသည် ။ ထိုကန်ထဲရှိ အရာနှစ်ခုမှာ တစ်ခြားမဟုတ် သားကောင်ကိုရက်ရက်စက်စက် သတ်ဖြတ်စားသောက်တတ်သော ငါးမန်းကောင်ကြီးတွေပင် ။ သူ့အောက် တစ်ဆယ်ပေအကွာမှာ ရှိနေသည့် ရေကန်ထဲက ငါးမန်းကြီးတွေက ဘုန်းပါဝါကို အိမ်မက်လား လက်တွေ့လား ဝေဝါးသွားစေသည် ။
ဒါဒါ တကယ့်ငါးမန်းကြီးတွေလား သူအိမ်မက်မက်နေခဲ့တာလား ။ အိမ်မက်ဆိုရင်လည်း အမြန်နိုးထလိုက်ပါတော့ ဒီကြောက်စရာသားရဲကောင်ကြီးတွေကို ကြည့်နေရတာ ထိတ်လန့်စရာအရမ်းကောင်းသည် ။
အလျင်အမြန်ဖြစ်ပျက်ခဲ့သော အတိတ်ကိုပြန်စဥ်းစားခန်းဝင်နေရတော့သည် ။ ထိုနေ့ ထိုနေ့က ဟိုကောင့်ကို သူသေနတ်နဲ့ပစ်သတ်လိုက်ပြီး သွေးရဲရဲနီကာ လဲကျနေသော မာန်ဝဏ္ဏခြိန်းအား မင်းစစ်ကပွေ့ပိုက်ပြီး တစ်ကြော်ကြော်အော်ခေါ်နေခဲ့သည် ။
ခေါ်မရတော့တဲ့အဆုံး စူးရဲနာကျည်းနေသော မျက်ဝန်းများနှင့် မင်းစစ်ကသူ့သေနတ်ကို ဆွဲထုတ်ကာ ဘုန်းပါဝါ၏ ညာဘတ်ရင်ဘတ်အား ပစ်လိုက်တာဖြစ်သည် ။ ဘုန်းပါဝါမှာ သေနတ်ဒဏ်ကြောင့် နာကျင်မှုအလူးအလဲနှင့် မြေကြီးပေါ်ကို ပစ်လဲကျသွားခဲ့သည် ။
ဒဏ်ရာနှင့်သတိမေ့ပြီး သတိရလာချိန်မှာတော့ သူ့ကို ဟိုကောင့်အား ချည်နှောင်ထားသကဲ့သို့ ပြန်ချည်နှောင်ခံထားရတာပင် ။ စူးရဲနေတဲ့ မျက်ဝန်းတွေနဲ့ မင်းစစ်က သူ့အား အံတကြိတ်ကြိတ် ထိုင်ကြည့်နေခဲ့ပြီး သတိရလာသော သူ့အား ပါးစောင်းကို အားပြင်းတဲ့ ရိုက်ချက်များနဲ့ အစားထိုးကြိုဆိုတော့သည် ။
"ငါမင်းနိုးမဲ့ အချိန်ထိစောင့်ပေးနေရတဲ့ ခြိန်းကိုပြုစုပေးရမဲ့ အချိန်တွေလျော့ကုန်ပြီ ပါဝါ "
"မင်း...မင်းစစ် ကိုယ်က "
ဖြောင်း...!
အ့!
"ငါ့နာမည်ကိုခေါ်ဖို့ ခွင့်ပြုမထားဘူး ပါဝါ အခုချိန်မှာမင်းစောက်စကားများဖို့ အခွင့်ရေးမရှိဘူး! "
"မင်းစစ်.... မင်းအရမ်းပြောင်းလဲသွားတယ် "
"ဟက်! ငါတို့လို လောဘသားကောင်တွေက အမျိုးမျိုးပြောင်းလဲနိုင်ကြတာဘဲလေ မင်းရော ငါ့အပေါ်ပြောင်းလဲသွားခဲ့တာဘဲမလား! "
"မဟုတ်ဘူး မင်းစစ် ကိုယ့်အဲ့ချိန်တုန်းက....."
"မင်းအဖေရဲ့ လုပ်ဇာတ်တွေလို့ပြောချင်တာလား လက်ခုပ်က နှစ်ဖက်တီးမှ မြည်တာနော် ပါဝါ ငါ့ကိုစောက်ရူးထင်နေတုန်းလား "
"ဒါပေမယ့် ကိုယ်ချစ်တာ မင်းကို "
"အဟက်! ငါ့ကိုလဲသစ္စာဖောက်သေးတယ် ငါ့အပိုင်လူကိုလဲနာကျင်အောင် လုပ်သေးတယ် ပြောကြည့်! ငါမင်းကိုခွင့်လွတ်ပေးသင့်လား ဘုန်းပါဝါ "
"မဟုတ်ဘူး ကိုယ်က...."
ဒိုင်း.....
"အား...!"
ကျည်ဆံပစ်သွင်းခံလိုက်ရသည့် ပေါင်မှာတော့ သွေးများချက်ချင်းစီးကျလာသည် ။ ဘုန်းပါဝါမှာ နာကျင်လွန်းလို့ အသံကုန်ခြစ်အော်နေရသည် ။ မင်းစစ်ကုဋေကတော့ သူ့ပုံစံကိုကြည့်ပြီး ကျေနပ်အားရနေပုံပင် ။
"ငါမင်းကို သတ်တော့သတ်မှာ ဒါပေမယ့် မသေခင်နာကျင်မှုတွေကို လက်တွေ့ခံစားလိုက်အုံး ဘုန်းရ"
ဘုန်း.....! ဒီနာမ်စားကို မင်းစစ်သူ့အားမခေါ်တော့တာ အချိန်အတော်ကြာခဲ့ပြီ ။ ထိုညက မိန်းမတစ်ယောက်နဲ့ မွေ့ယာပေါ်မှာ ရှိနေခဲ့တဲ့ သူ့ကို မင်းစစ်၏ နာကျည်းနေတဲ့မျက်ဝန်းတွေနဲ့ နောက်ဆုံးအလှမ်းဝေးခဲ့ကြသည် ။
စိတ်ဆိုးတိုင်း မျက်စောင်းချီကာ ဘုန်းနော် လို့နှုတ်ခမ်းကိုက်ပြီးစိတ်ဆိုးကာမူပိုပြနေတတ်တဲ့ မင်းစစ်ဟာ အခုသူ့ကိုသေနတ်နှင့် ချိန်ရွယ်ပစ်ခတ်တတ်နေသည် ။
"မင်းစစ်.....မင်းကိုယ့်ကို အဲ့လောက်တောင်မုန်းနေပြီလား "
"အခုမင်းရဲ့ အသနားခံနေတဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်တဲ့အထိ ငါမင်းကိုမုန်းတယ် ဘုန်း! "
"ဟက်! ဒါဆိုမင်းဘာလုပ်နေတာလဲ အခုသတ်လိုက်လေ မင်းစစ် "
"ငါပြောပြီးပြီလေ မင်းမှာအေးအေးချမ်းချမ်းသေဖို့မထိုက်တန်ဘူးလို့! "
မင်းစစ်က နံရံမှာ ကပ်ထားတဲ့ ဓားတိုတစ်ချောင်းကို ယူလိုက်ပြီး ဘုန်းထံပြန်လျှောက်လာခဲ့သည် ။
"မင်းအသားတွေကို တစ်လွှာချင်းနွှာပြီး လူသားအသားပြားကင်လုပ်လိုက်ရင် ကောင်းမလား ဘုန်း! "
ပါးပြင်ပေါ်ကို ဓားထောက်ပြီး ပြောနေတဲ့မင်းစစ်ပုံစံက ဧကန်စစ်စစ်ကြောက်ဖို့ကောင်းလှသည် ။ ထိပ်လန့်ပြီးရင်း ထိတ်လန့်လာတဲ့ ဘုန်းက မျက်နှာကိုနောက်ဆုတ်ကာ ရှောင်နေသည် ။
"ဘာတွေ အဲ့လောက်ကြောက်နေတာလဲ ဘုန်းရာ....! "
"အား....! မင်းစစ် မင်းစစ် မလုပ်ပါနဲ့ ကိုယ်တောင်းပန်ပါတယ် "
ပါးပြင်ထက်က စီးကျလာတဲ့သွေးရဲရဲတွေကို မင်းစစ်ကြည့်ရင်း ပြုံးနေသည် ။ ခြိန်းသာတစ်ခုခုဖြစ်သွားခဲ့ရင် ဆိုတဲ့အတွေးက သူ့ဒေါသကိုလောင်စာထည့်ပေးလိုက်သလိုကို ဒေါသမီးတွေက တောက်လောင်လာခဲ့သည် ။
ဘုန်း၏ အော်ဟစ်တားမြစ်သံတွေကလည်း သူ့အတွက်ကျေနပ်အားရစရာ အတိပင် ။ အသားတွေကို ဓားနှင့် တစ်ချက်ချင်း မွှင်းလိုက်တိုင်း ဘုန်းက စူးရဲနာကျင်စွာ အော်ဟစ်ငိုယိုရင်း သတိမေ့သွားခဲ့သည်။
သူသတိပြန်ရလာတော့ အခုလက်ရှိငါးမန်းအပြည့်နှင့် မြင်ကွင်းကြီးပင် ။ ကြိုးကိုအနည်းငယ်ရုန်းကန်ကြည့်တော့ သူ့ခန္ဓာကိုယ်ကပါလိုက်လှန်ခါယမ်းနေခဲ့သည် ။ ထပ်သိလိုက်တာက အပေါ်ကနေသူ့အာ ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တာပင် ။ လေထဲမှာ တန်းလန်းချည်ခံထားရသည့် ခံစားချက်က အခုချိန်မှာတော့ သိပ်ကြောက်စရာကောင်းလွန်းနေ၏ ။
"ဘယ်လိုလဲ ကြိုက်ရဲ့လား ဘုန်း....! "
"မင်း မင်းစစ်! "
"မင်းအတွက် ပြင်သစ်ကနေသီးသန့် စိုင်းကလက်ဆောင်မှာပေးထားတာတဲ့ မင်းသဘောကျတယ်မလား ဒီကောင်တွေရဲ့အသားက စားလိုက်ရင်သိပ်အရသာ ရှိတာ "
"ဒါပေမယ့် စိတ်တော့မကောင်းဘူး ဒီတစ်ခါ စားသောက်ခံရမှာက သူတို့မဟုတ်ဘဲ မင်းဖြစ်နေလို့လေ ဟက်! "
"မင်းအရမ်းကြိုက်မယ်ဆိုတာ ငါရဲရဲကြီး အာမခံတယ် ဘုန်းပါဝါ "
"မင်း မင်းစစ်! ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကို တစ်ခါလောက်ဘဲ ခွင့်လွတ်ပေးပါကွာနော် "
"ငါမင်းကိုမထိခင် ကြိုသတိမပေးခဲ့ဖူးလား ဘုန်း! "
"မာန်ဝဏ္ဏခြိန်းကို ထိတွေ့ခွင့်ရှိတာလဲ ငါဘဲဖြစ်သလို နာကျင်အောင်လဲငါဘဲလုပ်ပိုင်ခွင့်ရှိတယ် သူ့ကိုထိရင် သေတွင်းဘဲ! "
ပြောပြီးနောက်သို့ လှည့်ကာထွက်လာခဲ့တော့သည် ။ တစ်ချိန်ထဲမှာဘဲ ပြတ်သွားတဲ့ကြိုးနဲ့အတူ ရေကန်ကြီးထဲမှာ သွေးရေတွေအပြည့် ဖုံးလွှမ်းသွားချေပြီး ။ အကူညီမဲ့ အော်ဟစ်သံဟာလည်း တစ်ခဏလေးအတွင်း ပျောက်ကွယ်သွား၏ ။
ငါမင်းကို ဘာလို့အဲ့လောက်တောင် ရူးသွပ်သွားခဲ့မိတာလဲ ခြိန်း.....!
မင်းကမူးယစ်ဆေးဆို ငါကဆေးစွဲနေသူတစ်ယောက် ဖြစ်နေခဲ့ပြီ....
ပူလောင်ရသလို ဆာလောင်ငတ်မွတ်နေလောက်တဲ့အထိ ငါ့ကိုပြုစားလိုက်စမ်း ခြိန်း....!
မင်းမရှိရင် မဖြစ်တဲ့လူတစ်ယောက်ဖြစ်သွားအောင် ငါ့ကိုထပ်ပြုစားစမ်းပါအုံး....
....................
ပုတ်ခပ်ခပ်မျက်တောင်တွေက ခြိန်းသတိရလာကြောင်း ပြသည်ထင်၏ ။ ဖြည်းညင်းစွာ ပွင့်ဟလာတဲ့ မျက်လုံးမှေးမှေးလေးကြောင့် မင်းစစ်၏ အပူလုံးကြီးမှာ ငြိမ်အေးသွားရသည် ။
"မင်း စစ် "
"အင်း ငါရှိတယ် ခြိန်း "
"ရေ ဆာ တယ် "
ရေခရားထဲက ရေကြည်ကြည်ကို ဖန်ခွက်လေးထဲ ငှဲ့ထည့်လိုက်ပြီး ခြိန်းကိုယ်ကို ထထိုင်ဖို့ တွဲကူပေးပြီးမှ ဖန်ခွက်အား ပါးစပ်နားသိုထိကပ်ပေးလိုက်သည် ။ ဘယ်လောက်ထိ အစိုဓာတ်လိုနေလည်းမသိ ရေတွေကို အလောတကြီးအားယူသောက်သုံးနေသော ခြိန်းကြောင့် သူသနားလာရသည် ။
ငါမင်းကိုအပြည့်အဝ မကာကွယ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ် ခြိန်း....
"ရပြီ "
"သြော်... အင်း "
ရေခွက်ကို စားပွဲပေါ်မှာ ပြန်ထားလိုက်ပြီး ခြိန်းအား နေရအဆင်ပြေလား မေးနေမိသည် ။
"နေရသက်သာရဲ့လား ခြိန်း "
"အင်း...."
".........."
အခန်းကျယ်ကြီးထဲက တိတ်ဆိတ်သွားတဲ့ သူတို့နှစ်ယောက်ကြောင့် အပ်ကျသံတောင် မကြားရတော့ ။ ရုတ်တရက် ဘာပြန်ပြောရမလဲ မင်းစစ်တကယ်မသိသေး ။
"ဟိုလေ ခြိန်း....."
"အဖြေပေး.."
"ဟမ်! "
"အဲ့နေ့က ကျုပ်ခင်ဗျားကို ချစ်တယ်ပြောထားတာ အခုအဖြေပေး "
"အဲ့ အဲ့တာက ဟို...!ငါဆန်ပြုတ်သွားယူလိုက်အုံးမယ် "
ထပြေးဖို့ ကြံနေတဲ့ မင်းစစ်၏ လက်ကိုခြိန်းပြန်ဆွဲထားလိုက်သည် ။
"ကျုပ်ကို မချစ်လို့လား မင်းစစ်! "
"ခြိန်း ငါ ငါစဥ်းစားပါရစေအုံး "
"ကျုပ်သိပါတယ် ကျုပ်လို အောက်တန်းစားကောင်ကို ခင်ဗျားပြန်ချစ်ပေးနိုင်ဖို့က ခင်ဗျားအတွက်ခက်ခဲနေမှန်း ဒါဆို ကျုပ်ဘက်က အဲ့စကားကို ပြန်ရုတ်သိမ်းပေး....အွန့်...! "
"ပြွတ်....ပြွတ်... အမ်း...ပြွတ်...အင်းး"
ပြောနေတဲ့စကားမဆုံးခင် လာအတင်းနမ်းတဲ့ မင်းစစ်ကြောင့် သူကြောင်သွားပေမဲ့ ခဏအကြားမှာတော့ အနမ်းတွေကိုသူကဘဲ ပြန်ဦးဆောင်လိုက်သည် ။
"ပြွတ်.....အွန်းးး ခြိန်း..! အင်းးပြွတ်....ပြွတ် "
"ခြိန်း....ပြွတ်! ငါမင်းကိုဘယ်လောက်ထိ သဘောကျခဲ့ရလဲ မင်းတကယ်မသိတာလား "
"ဒါဆို ကျုပ်ကို...."
"အင်း.... ငါမင်းကိုသိပ်ချစ်တယ် အရမ်းချစ်တယ် အများကြီးချစ်တယ် ခြိန်း..."
"ဟက်! မင်းစစ် ခင်ဗျားကိုကျုပ်တကယ် စွဲလမ်းနေပြီ "
"ငါရော မင်းကို အရမ်းတပ်မက်မိနေပြီ ခြိန်း "
"ဒါဆို အခုကျွန်တော်တို့က ချစ်သူတွေဖြစ်သွားပြီပေါ့ ဟုတ်လား ကိုကို! "
"အဟင်း! မင်းကလူဆိုးလေးဘဲ ခြိန်း"
"ဘာလို့! "
"ငါ့ကို ရုန်းထွက်မရနိုင်အောင် မင်းအမျိုးမျိုးဆိုးတယ် "
"အဲ့တော့ ကိုကိုက မကြိုက်လို့လား "
တစ်ခြားသူတစ်ယောက်လို လုံးဝပြောင်းလဲသွားတဲ့ခြိန်းက သူ့ကို ကိုကိုခေါ်ကာ နှုတ်ခမ်းစူနေလေရဲ့ ။ အရင်က ဒီလိုချွဲဖို့နေနေသာသာ စကားပြောရင်တောင် တစ်ကျုပ်ကျုပ်နဲ့ အရိုင်းစိုင်းတုံးလေးဖြစ်နေခဲ့တာတောင် မင်းစစ်သဘောတွေကျနေခဲ့သေးသည် ။
"အင်း! မင်းရဲ့ပုံစံတိုင်းလိုလို ငါကြိုက်တယ် ခြိန်း "
"တကယ်မထင်ထားဘူး ကိုယ်တို့ ချစ်သူဖြစ်တာတောင်အရင်လောက် မထူးခြားနေဘူး "
"ဘာ...ဘာဖြစ်လို့လဲ"
"ကိုယ်တို့အရင်ကလဲ ဒီလိုဘဲနေခဲ့ကြတာဘဲလေ ချစ်တယ် မပြောရသေးလို့သာ ချစ်သူမဟုတ်ကြသေးပေမဲ့ အခုချစ်တယ်ပြောလို့ တရားဝင်ချစ်သူဖြစ်သွားတာဘဲ ရှိတယ် တကယ်ဆို ကိုယ်တို့ကအရင်တည်းက ချစ်သူတွေလို့ နေခဲ့ကြတာဘဲ ထင်တယ် "
"အရူးကောင်! "
"ဟား......ဟား.....ချစ်ဖို့ကောင်းတယ် ကိုကိုရာ! "
#TBC
ကိုယ်က ukeမားဖြစ်ပြီး ukeတွေကိုဇာတ်နာအောင်ရေးရတာမျိုးကြိုက်နေမိတာ ဘာကြောင့်လဲတော့မသိဘူး ukeဘက်က ခံစားချက်ကို ဦးစားပေးထည့်ရေးဖြစ်တယ် ပထမဆုံး မွေးထုတ်နိုင်ခဲ့တဲ့ ဒီချွေးမလေးက ကိုယ့်အတွက်တော့ တကယ် ကျေနပ်စေနိုင်ခဲ့တာဘဲ ပြန်ဖတ်ပြီးသဘောတွေကျနေရော
Zawgyi
"မင်း...မင်းစစ် ကိုယ်က "
ဖြောင်း...!
အ့!
"မဟုတ်ဘူး ကိုယ်က...."
ဒိုင်း.....
"အား...!"
"မင်း မင်းစစ်! "
....................
"မင်း စစ် "
"အင်း ငါရှိတယ် ခြိန်း "
"ရေ ဆာ တယ် "
"ရပြီ "
"သြော်... အင်း "
"အင်း...."
".........."
"ဟိုလေ ခြိန်း....."
"အဖြေပေး.."
"ဟမ်! "
"ဒါဆို ကျုပ်ကို...."
"ဘာလို့! "
"အင်း! ဘယ်ရဲ့ပုံစံတိုင်းလိုလို ငါကြိုက်တယ် ခြိန်း "
"ဘာ...ဘာဖြစ်လို့လဲ"
"အရူးကောင်! "
#TBC
Continue Reading
You'll Also Like
1.2M 79.2K 47
3.6M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
3.6M 221K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
406K 15.4K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...