𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚...
By SuuNanChal
1.9M 93.3K 2K
"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ" More
Note
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
Final
ကျေးဇူးတင်လွှာ /ေက်းဇူးတင္လႊာ
Extra - 1
Extra 2
မြူဒေါင်းစိုင်းငယ်/မြူဒေါင်းစိုင်းငယ်
Extra - end
21
30.8K 1.6K 36
By SuuNanChal
Unicode
"ကိုမာန် လာပြီလား "
မင်းစစ်အဖိုးကြီးရဲ့ အစီအစဉ်ကြောင့် ခြိန်းမှာ သုဝဒီ၏ မွေးနေ့ပွဲကို ကြိုရောက်နေရသည် ။ ဟိုလူကတော့ လက်ဆောင်ပြင်စရာရှိသေးလို့နောက်မှ လိုက်လာခဲ့မယ်တဲ့ ။ သူ့မှာတော့ မွေးနေ့ရှင်ရဲ့ အာရုံစားခြင်းကို ခံရပေအုံးမည် ။ တွေးရင်းတောင် စိတ်ရှုပ်လာရ၏ ။
အခုလည်း လူကိုလက်အတင်းချိတ်ပြီး ကပ်တွယ်လွန်းနေပြန်သည် ။ တွန်းထုတ်လိုက်ချင်ပေမဲ့ လူတွေနဲ့မို့ မလုပ်ချင်ပေ ။
"သုအတွက် လက်ဆောင်"
"အို့! ကိုမာန်ပေးတာဆိုတော့ တို့သေချာလေး တန်ဖိုးထားရမှာပေါ့ "
"ကိုယ်ပေးတာ မင်းအခုသုံးနေတာတွေလောက် တန်ဖိုးမရှိပါဘူး "
"ဒါပေမဲ့ တို့ကြိုက်တယ်လေ "
"အင်း မင်းကြိုက်တော့ ကောင်းပါတယ် "
"ကိုမင်းစစ်ရောက်လာပြီလား "
သုဝဒီနဲ့ စကားပြောနေတုန်း ဟိုလူ့ရဲ့ နာမည်ကိုကြားလိုက်တာကြောင့် လှည့်ကြည့်မိသည် ။ မွေးနေ့ပွဲကိုလာတဲ့ မင်းစစ်က လုံးဝကို ကျော့မော့ခန့်ညားနေပြီး အားလုံးအမြင်မှာ ထင်းကတည်းဖြစ်နေသည် ။ ခြိန်းမှာလည်း ဘေးကိုတောင် မေ့လို့ မင်းစစ်ကိုသာ ငေးနေမိသည် ။
မင်းစစ်ကလည်း သူ့အားကြည့်လို့ လှောင်ပြုံးပြုံးပြနေသယောင် ။  ခြိန်း ထိုလူ့၏ ဘေးကိုကြည့်မိတော့ စိုင်းတခေတ်ဆိုတဲ့ကောင်ရော ပါလာတာဖြစ်သည် ။ ခြိန်း၏ နားထင်ကြောများမှာ ထင်းထလာချေပြီ ။
ဒီလူ အဲ့ကောင်နဲ့အတူလာတာလား ။ သူ့ရဲ့ မနာလိုစိတ်များကြောင့်ရော ဒေါသတွေကြောင့်ပါ မျက်လုံးများ နီရဲလာတော့သည် ။
"ကိုမာန် သူတို့နှစ်ယောက်က ဘာတွေလဲ မသိဘူးနော် အမြဲတစ်ပူးပူးနဲ့ "
"ဘာ! "
"ဟုတ်တယ် ကိုမာန်ရဲ့ သုဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ထိုင်နေတုန်းကလဲ သူတို့ VIP ခန်းထဲဝင်သွားတာ တွေ့လိုက်သေးတယ် အဟင်း! "
သူပြောတာကို ကိုမာန်ယုံသွားပုံပေါ်သည် လက်သီးတောင် ဆုပ်ထားပြီး မျက်ခုံးတွေပင် တွန့်ကျိုးနေတော့ သည် ။ ဟက်! လွယ်လိုက်တာ ။
တစ်ဖက်က မင်းစစ်ဘက်မှာလည်း ခြိန်းကို စိုက်ကြည့်ပြီး သူငယ်ချင်းနှစ်ယောက် မျက်စပစ်နေကြသည် ။
"မင်းစစ် မင်းလူက ငါ့ကို ဝါးစားတော့မဲ့အတိုင်းဘဲနော် ငါတော့ကြောက်လာပြီဟ! "
"ငါ နည်းနည်းပညာပြချင်သေးတယ် စိုင်း "
"ဘာဟ....! "
မင်းစစ်က စိုင်းရဲ့ခါးကို ဆွဲဖက်ကာ ခြိန်းစီ မျက်ခုံးပင့်ပြလိုက်လေသည် ။ ထိုအချိန် ခြိန်း၏ တောက်ခေါက်သံက မင်းစစ်နားထဲတွင် လေသံလေးနဲ့ ဝင်လာတော့ မင်းစစ်ကျေနပ်၏ ။
"တောက်စ်!!!"
မင်းငါ့ကို မကြိုက်ဘူးဆိုတာ ငါမယုံဘူး ခြိန်း....။ မင်းပါးစပ်က ဝန်ခံလာမဲ့အချိန်ထိ ငါကိုယ်တိုင် ဖော်ထုတ်ပေးမှာမလို့ မင်းစောင့်ကြည့်နေလိုက် ခြိန်း ။ မာန်ဝဏ္ဏခြိန်းက မင်းစစ်ကုဋေအတွက်ဘဲ ဖြစ်တည်နေရမယ် ။
"မင်းစစ် မင်းငါ့ကို ဟိုကောင်သတ်လို့ သေစေချင်နေတာလား! "
"အငြိမ်နေစမ်းပါ... ငါကရော ဖက်ချင်လွန်းလို့ဖက်တယ်များ ထင်နေလား ဟိုက လူတွေအများကြီးနဲ့မလို့ ဘာမှလာလုပ်မှာ မဟုတ်ဘူး စိတ်ချစမ်းပါ "
"အဲ့ကောင်သာ နဂါးဆို ငါပြာတောင်ကျန်မယ်မထင်ဘူး ငါ့ဘဝလေးတော့ ရှေးလူကြီးတွေ ပြောတာ ကြားသုံးကြားမဝင်ရဘူးတဲ့ သိပ်မှန်တယ် "
သူ့စကားကို မင်းစစ်က နားထောင်မနေတော့ဘဲ ဟိုကောင်လေးရှိရာစီ ဦးတည်လျှောက်သွားတော့သည် ။ လက်ထဲက အသင့်ပါလာတဲ့ လက်ဆောင်ဗူးလေးအား သူမစီကမ်းပေးလိုက်ပြီး ဆုတောင်းစကားပြုလိုက်သည် ။
" Happy birthday သုဝဒီ "
"အခုလို ကျွန်မရဲ့မွေးနေ့ထိ လာရောက် ဂုဏ်ပြုပေးတဲ့ ကိုမင်းစစ်ကုဋေကို ကျေးဇူးအထူးတင်ပါတယ်ရှင် အဟင်း! "
"ရပါတယ် ဦးလှိုင်ဝင်းစိုးရဲ့ တစ်ဦးတည်းသော သမီးလေးဘဲ ကိုယ့်စီပွားဖက်ရဲ့ မွေးနေ့ပွဲကို မလာလို့မကောင်းဘူးလေ ဟုတ်တယ် မလား ခြိန်း "
"ခင်ဗျား ဘာတွေလုပ်နေတာလဲ မင်းစစ်! "
ခြိန်းက သူ့အား အံတင်းတင်းကြိတ်ပြီး အသံနှိမ့်ရျ်ပြောလိုက်ပေမဲ့ သူမကြားဟန်ပြုနေလိုက်သည် ။
"ဒါနဲ့ ကိုမင်းစစ်ကုဋေရဲ့ ပါတနာက မိုက်တယ်နော် တို့တောင်အစက ကိုမာန်နဲ့အတူလာမယ် ထင်ထားတာ "
"ဟင်းဟင်း! ခြိန်းကို အနှောင့်အယှက် မပေးချင်လို့ သူငယ်ချင်းနဲ့အတူလာလိုက်တာ နောက်ပြီး ခြိန်းက ဒီလိုပွဲတွေနဲ့ မရင်းနှီးဘူးထင်လို့လေ ဟက်! "
ဒီလူကို သူ့ကိုလှောင်ပြောင်လိုက်တာလား ။ ဒါပေါ့ သူ့လိုကလေကချေတစ်ယောက်က ဒီလိုပွဲမျိုးတွေနဲ့ ဘယ်လိုရင်းနှီးပါ့မလည်း ။
မင်းစစ် ခင်ဗျားအတွက် ကျုပ်က ပါတနာတစ်ယောက်ထက်တောင် မပိုခဲ့ဘူးလား ။ ဒီလိုပွဲမျိုးကို အတူလာဖို့အတွက်တောင် ခင်ဗျားသိက္ခာကျမှာ ဆိုးနေခဲ့တာလား မင်းစစ် ။ ခင်ဗျားနဲ့ အတူရှိခဲ့တာကြာလာတော့ ကျုပ်ဘဝကိုတောင် ကျုပ်မေ့နေခဲ့ပြီ ထင်တယ် ။
လှိုင်တက်လာတဲ့ ဝမ်းနည်းမှုတွေက ဘာလို့များလည်း ခြိန်းမသိ ။ မသိလည်း မသိချင်ပေ ကိုယ့်ကိုယ်ကို နှလုံးသားမရှိတဲ့ ကောင်အဖြစ် သတ်မှတ်ထားခဲ့တာ ကြာခဲ့ပြီ ။ မေတ္တာတရားတွေကရော ငွေမရှိရင် ကိုယ့်အနားက ထွက်သွားတတ်ကြတာဘဲလေ ။ သူ့အတွက် ဝမ်းနည်းမှုတွေတောင် မသိချင်ယောင်ဆောင်ခဲ့တာ အခုမှ ဒီလူကြောင့် ဝမ်းနည်းမိပြန်သည် ။
မင်းစစ်လည်း အချိန်တန်သူ့ကို ရိုးအီလာမှာဘဲလေ မလိုချင်တော့ရင် ပစ်ချခံရမယ်မှန်းသိသိရက်နဲ့ သူ့စိတ်တွေက ဒီလူ့ကိုသူ့အပိုင်အဖြစ် သတ်မှတ်ထားခဲ့ဖူးသည် ။
ဟက်! မင်းသိပ်ရူးတာဘဲ မာန်ဝဏ္ဏခြိန်းရာ.....
"သု ကိုယ်တို့ဟိုဘက်ဝိုင်း သွားရအောင် "
"ဟုတ် ကိုမာန့်သဘောလေ "
"ခွင့်ပြုပါအုန်း "
မင်းစစ် ခြိန်းရဲ့ လုပ်ရပ်ကြောင့် ရူးကြောင်ကြောင်နိုင်သွားမိသည် ။ ဘာလည်းဟ ဒီကောင် သူ့ကိုဒေါသမထွက်ဘူးလား ။ သူလိုချင်တာ ဒါမျိုးမှ မဟုတ်တာ သူ့ကိုဒေါသတကြီး အပြင်ဆွဲခေါ်သွားတာကိုဘဲ လိုချင်ခဲ့တာလေ အခုတော့ သူကတောင် ကိုယ့်ကို ဥပက္ခာပြုလိုက်သေးသည် ။
ခြိန်းနောက်ကလူကို မသိမသာလှည့်ကြည့်တော့ ခြိန်းအား ဒေါသမျက်ဝန်းတွေနှင့် စိုက်ကြည့်နေသည် ။ ဘာတွေများ ဒေါသဖြစ်နေတာလည်း မင်းစစ် ခင်ဗျားလိုချင်တာ ဒါဘဲ မဟုတ်ဘူးလား ။
ထောင့်တစ်နေရာက လူမရှိသည့် ဝိုင်းမှာဝင်ထိုင်ပစ်လိုက်ပြီး အတွေးနဲ့ ခြိန်းဆွေးနေမိပြန်သည် ။
သူမင်းစစ်ကို သဝန်တိုနေတာလား ။ မင်းစစ်ကုဋေကို သူချစ်မိနေပြီလား ။ ဟင့်အင်း ခြိန်း မင်းချစ်ရမှာ မင်းဘဝကိုမြှင့်တင်ပေမဲ့ ငွေတွေကိုဘဲ ။ လူတွေကို မင်းချစ်မိလိုက်တာနဲ့ သူတို့က မင်းအနားထွက်သွားကြမှာ မင်းစစ်ကုဋေအပါအဝင်ပေါ့ ။
သူ့အကြောင်းတွေးနေတာတွေကို အခုရပ်ပစ်လိုက်စမ်းပါ ခြိန်းရာ ။ ဘယ်သူမှ မင်းကိုအတည်မလိုချင်ကြပါဘူး ။
"မာန်....."
"ပြော သုဝဒီ"
"ဟာ....တို့ကိုအဲ့လိုတွေ သူစိမ်းမဆန်ဖို့ ပြောထားရက်နဲ့ကွာ "
"ကိုယ်ပြန်တော့မယ် "
"အစောကြီးကို နေပါအုံး ကိုမာန်ရဲ့ တို့ကိတ်တောင်မခွဲရသေးဘူး "
တစ်ဖြည်းဖြည်း တိုးကပ်လာတဲ့ သူမရဲ့ နှုတ်ခမ်းကို မရှောင်ဖယ်မိ ။ ဒီနှုတ်ခမ်းကရော ဟိုလူ့၏ ဆေးလိပ်နံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေလောက် ချိုမြရဲ့လား ။
"အာ့"
ထိစပ်တော့မဲ့ နှုတ်ခမ်းတွေက မင်းစစ်၏တွန်းဖယ်မှုကြောင့် အရာမရောက်ဖြစ် ။ စူးရဲနေသောအကြည့်တွေက သုဝဒီထံ ကျည်ဆံတစ်လက်လို ပစ်ဝင်လာသည် ။
"လူတွေအများကြီးရှိနေတာ မွေးနေ့ရှင်တစ်ယောက်အနေနဲ့ အရှက်တော့ ရှိသင့်တယ်မလား သုဝဒီ "
"ဘာလဲ မနာလိုနေတာလား ကိုမင်းစစ်ကုဋေ ဟက်! "
"စောက်ရေးမပါတာတွေ "
"ပြန်မယ် ခြိန်း "
ထိုင်နေတဲ့ ခြိန်းအားအတင်းဆွဲခေါ်လာခဲ့သည် ။ အပြင်ရောက်လာတဲ့အချိန်ထိ မျက်နှာမကောင်းဖြစ်နေသော ခြိန်းကြောင့် သူမျက်မှောင်တွေကျုံ့လာမိသည် ။ မနမ်းလိုက်ရလို့ ဖြစ်ပျက်ပြနေတာဘဲလား ။
ကားနားရောက်ခါနည်းမှာ လက်ကိုအတင်းဆောင့်ရုန်းလိုက်တဲ့ ခြိန်းကြောင့် မင်းစစ်ဒေါသထွက်လာတော့သည် ။
"မင်းဘာဖြစ်နေတာလဲ မာန်ဝဏ္ဏခြိန်း!!! "
"အဲ့တာ ခင်ဗျားစောက်ပူမပါဘူး မင်းစစ်"
"ဘာကွ!!! "
"ကျုပ်မပြန်သေးဘူး ခင်ဗျားဘာသာခင်ဗျားပြန် "
"မာန်ဝဏ္ဏခြိန်း!!! "
"ဟက်!!! "
"မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြော ခြိန်း "
"ကျုပ်က ဒီလိုပွဲမျိုး ခင်ဗျားနဲ့အတူလာမို့ အဆင့်မရှိတဲ့ကောင်ဘဲလေ အခုကျုပ်နားမှာ ရှိနေတာ ခင်ဗျားရဲ့ဂုဏ်သိက္ခာတွေကျနေပါအုံးမယ် "
"ကျစ်! "
မင်းစစ်ကခြိန်း၏မျက်နှာကို ဆွဲယူလိုက်ပြီး နမ်းဖို့လုပ်ပေမဲ့ ခြိန်းကရှောင်လွှဲကာ ဥပက္ခာပြုသည် ။
"ငါခုနက တမင်ရည်ရွယ်ပြီးပြောခဲ့တာ မဟုတ်ပါဘူး ခြိန်းရာ ငါက...."
"ခင်ဗျားက အနိုင်လိုချင်လို့ ပြောလိုက်တာပါ ကျုပ်သိပါတယ် ဒါပေမဲ့ ကျုပ်ကခင်ဗျားအသုံးချဖို့အတွက် ဖန်တီးထားတဲ့ကောင်မဟုတ်ဘူး ကျုပ်မှာလဲ ခံစားချက်နဲ့! "
"ကျုပ်က ကလေကချေဆိုပေမဲ့ ခံစားတတ်တဲ့လူ!"
"ခင်ဗျားတို့လို အထက်တန်းစားတွေဘဲ ခံစားတတ်တာမဟုတ်ဘူး ကျုပ်လိုအောက်တန်းစားကောင်မှာလဲ နှလုံးသားနဲ့ဗျ "
"လူကမွေးထားတာမလို့ လူတွေလိုဘဲ နာကျင်တတ်တယ် ဟက်! "
"ခင်ဗျားကတော့ ကျုပ်ကို အောက်တန်းစားအဆင့်လောက်ဘဲ သတ်မှတ်ထားခဲ့တာဘဲမလား! "
"မဟုတ်ဘူး ခြိန်း ငါပြောတာ အဲ့လို...."
"တော်တော့! "
"ကျုပ်နဲ့ခင်ဗျားရဲ့ ဆက်ဆံရေးကို ကျုပ်မေ့ထားမိတဲ့အတွက် တောင်းပန်ပါတယ် ကိုမင်းစစ်ကုဋေ နောက်ဆို ကျုပ်ကိုလိုမှလာခေါ်ပါ ကျုပ်အဆင်သင့်ဖြစ်နေပေးပါ့မယ် မလိုရင်တော့မလာပါနဲ့ ခင်ဗျားကိုအလုပ်မရှိဘဲနဲ့ မမြင်ချင်တော့ဘူး ကျုပ်သွားပြီ မင်းစစ်"
ကျောပေးထွက်သွားသူကို တားပစ်လိုက်ချင်ပေမဲ့ လက်တွေက လေးလံနေခဲ့သည် ။ သူ့ရဲ့လုပ်ရပ်တွေက ခြိန်းကို သိမ်ငယ်သွားစေခဲ့တာလား သူမရည်ရွယ်ပါဘဲနဲ့လေ ။ သူလိုချင်တာ sex မဟုတ်ဘူး အချစ်! ခြိန်းရဲ့အချစ်တွေကိုဘဲ သူလိုချင်ခဲ့မိတာ ။
အမြဲတမ်း ဆိုးသွမ်းဂျစ်တိုက်နေတဲ့ ကောင်လေးက အခုတော့ သိမ်ငယ်နေတဲ့မျက်ဝန်းတွေနဲ့ ၊ အမြဲကြမ်းတမ်းပြီး တဇွတ်ထိုးလုပ်တတ်တဲ့ လူဆိုးလေးက အခုများတော့ သူ့ကို စိတ်ပျက်သလိုကြည့်နေခဲ့သည် ။ သူ့အား နူးညံ့လွန်းတဲ့ အကြည့်တွေနဲ့ရင်ဖိုစေခဲ့တဲ့ကောင်လေးက အခုသူ့ကိုနားကျည်းစွာကြည့်သွားခဲ့သည် ။
သူသိပ်သဘောကျခဲ့တဲ့ လှောင်ပြုံးတွေက အခုများတော့ မှေးမှိန်နေသော မျက်ဝန်းတွေနှင့် ဝမ်းနည်းနေသယောင် ။ ငါက မင်းအပိုင်ဖြစ်ချင်ခဲ့သလို မင်းကလဲ ငါ့အပိုင်ဖြစ်လာစေချင်ရုံပါ ခြိန်းရယ် ။ ငါ့စကားတွေက မင်းကိုနာကျင်စေမိတယ်တဲ့လား။
သူတို့ နှစ်ယောက်၏ အဖြစ်အပျက်တွေကို ကွယ်ရာကနေ စောင့်ကြည့်နေသူက သုဝဒီပင် ။ အပြုံးတွေက မဲ့ကာပြုံးနေပေမဲ့ နှုတ်ခမ်းရဲရဲတွေက လှရက်လွန်းသော မိန်းမပျိုတစ်ယောက်မလို့ပေဘဲလား ။
ရှင်လိုချင်နေတာ ပြိုင်ပွဲရဲ့အနိုင်ဘဲမလား မင်းစစ်ရယ် ဟက်! ကျွန်မကလည်း အရှုံးပေးပြီး နောက်ကျောကနေ ဓားသုံးပေးမယ် ။ ရှင်စောင့်ကြည့်နေလိုက်စမ်းဘာ အဆုံးသတ်ကဘာလည်းပေါ့ ။ဗီလိန်တွေကို သဘောမကျပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ကျွန်မကိုယ်တိုင်က ဗီလိန်ဖြစ်နေပြီဘဲလေ ။
စတွေ့တည်းက သူ့နှလုံးသားကို အပိုင်သိမ်းသွားသော မာန်ဝဏ္ဏခြိန်းအား သူမတပ်မက်မိသည် ။ လိုချင်တာကို ရအောင်ယူတတ်တဲ့သူအတွက်တော့ ပြိုင်ဘက်ရှိလာခဲ့ရင်တောင် နောက်ဆုတ်ပေးမည်မဟုတ် ။ အခုသူမှာ ပြိုင်ဘက်ကောင်းတစ်ယောက်ရှိနေခဲ့သည် ။ အဲ့လူက မင်း စစ် ကု ဋေ ။
ဟက်! ခြိန်းကအခုချိန်မှာ ရှင့်ကိုသဘောကျနေတယ်ထင်တယ် မင်းစစ်ကုဋေ ...
ဒါပေမဲ့ ရှင့်စီမှာတိန်ညွမ့်နေတဲ့ သူ့ရဲ့တပ်မက်စိတ်တွေကို ကျွန်မလုယူပြမယ်....
ဖြည်းဖြည်းချင်းပေါ့ ဒီပွဲမှာ ရှင်နဲ့ကျွန်မ ဘယ်သူကသားကောင်ဖြစ်သွားမလဲ စောင့်ကြည့်နေလိုက်စမ်းဘာ မင်းစစ်ကုဋေရယ်........
#TBC
Zawgyi
"ကိုမာန် လာပြီလား "
"သုအတွက် လက်ဆောင်"
"ဘာ! "
"ဘာဟ....! "
"တောက်စ်!!!"
" Happy birthday သုဝဒီ "
ခြိန်းက သူ့အား အံတင်းတင်းကြိတ်ပြီး အသံနှိမ့်ရ်ျပြောလိုက်ပေမဲ့ သူမကြားဟန်ပြုနေလိုက်သည် ။
"ဟုတ် ကိုမာန့်သဘောလေ "
"ခွင့်ပြုပါအုန်း "
"မာန်....."
"ပြော သုဝဒီ"
"ကိုယ်ပြန်တော့မယ် "
"အာ့"
"စောက်ရေးမပါတာတွေ "
"ပြန်မယ် ခြိန်း "
"ဘာကွ!!! "
"မာန်ဝဏ္ဏခြိန်း!!! "
"ဟက်!!! "
"ကျစ်! "
"တော်တော့! "
#TBC
Continue Reading
You'll Also Like
403K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
3.6M 221K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်