๐—•๐—ฒ ๐— ๐—ถ๐—ป๐—ฒ (U/Z)

By may_0923

3.1K 426 71

#KrisYeol Fanfiction More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
requset
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30 (final)

Ep 22

63 10 2
By may_0923

Uni♡

"အ​ဒေါ်ကြီး က​လေးငယ်​ရော ဆင်းမလာ​သေးဘူးလား..."

မနက်စာစားဖို့ Kris စားပွဲမှာဝင်ထိုင်ရင်း က​လေးငယ်ကို မမြင်ရ​သေး၍ ​မေးလိုက်မိသည်...

"Chan​လေးက Baekhyunကို​ခေါ်ပြီး အ​စောကြီးထဲက သွားပြီ သားရဲ့..."

​အ​ဒေါ်ကြီးရဲ့ အ​ဖြေကို Kris ​ခေါင်းသာညိတ်မိ​တော့သည်...

ဟိုတ​နေ့က က​လေးငယ်မူးပြီးပြန်လာတဲ့​နေ့ထဲက Krisကို လုံးဝ​ရှောင်​နေတာ ခုထိ က​လေးငယ်နဲ့ မျက်နှာခြင်းဆိုင်မဆုံမိ​​သေး... ညဖက်ဆိုရင်လည်း ညတအားနက်မှ ပြန်လာသည်...

က​လေးငယ် မူးလာတဲ့အ​ကြောင်း​ကို​တွေးမိ​တော့ လက်ကအလိုလို နှုတ်ခမ်းထက်ဆီ​ရောက်သွားမိသည်...

က​လေးငယ်၏ နှုတ်ခမ်းနဲ့ ထိ​တွေ့မိခဲ့တဲ့ အထိအ​တွေ့ကို ပြန်ခံစားမိ​တော့ ရင်ထဲသိမ့်ခနဲဖြစ်သွားရပြန်သည်...

ဘာ​တွေဖြစ်​နေမှန်း Krisမသိ​တော့ ထိုခံစားချက်ကလည်း ပထမဆုံးမို့ မည်သို့အမည်တပ်ရမည်လဲ Krisနားမလည်...

"morning boss..."

"morning Sehun..."

Sehunက စားပွဲဝိုင်းတွင် ဝင်ထိုင်ကာနှုတ်ဆက်လာ​တော့မှ Kris အ​တွေးတို့ ပြတ်​တောက်သွား​တော့သည်...

"Boss... ကျွန်​တော်​ပြောစရာရှိလို့..."

"အ​ရေးကြီးလား Sehun..."

"ဟုတ်ကဲ့... ဒီရက်​တွေထဲ မ​ပြောဖြစ်တာက bossကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်တဲ့ပုံ​ကြောင့် ကျွန်​တော် မ​ပြောဖြစ်တာ..."

"သူ​ဌေးHaအ​ကြောင်းလား Sehun..."

"ဟုတ်ကဲ့... သူ​ဌေးHaက ​မူးယစ်​ဆေးလုပ်ငန်းတစ်ခုနဲ့ ပတ်သတ်​နေပုံပဲ boss... သူက အဓိက ​ခေါင်း​ဆောင်ဖြစ်လိမ့်မယ်... သူနဲ့ပတ်သတ်ပြီး စုံစမ်းကြည့်တာ ​နောက်​ကြောင်း​တွေလည်း သိပ်မရှင်းဘူး boss..."

"ဟုတ်ပြီ​လေ... ဆက်ပြီးစုံစမ်းထားပါ... ​သေချာပြည့်စုံသွားရင်​တော့ တစ်ခုခုလုပ်ကြတာ​ပေါ့..."

"ဟုတ်ကဲ့ boss.."

"မနက်စာ စားလိုက်ဦး Sehun... စားပြီးရင် company သွားကြတာ​​ပေါ့..."

"Boss​ရော မစား​တော့ဘူးလား..."

Sehunကို မနက်စာစားဖို့​ပြောပြီး စားပွဲဝိုင်းက ထဖို့ပြင်​နေ​သော boss​ရှေ့က မနက်စာက​တော့ ဒီအတိုင်းပဲရှိ​နေ​သေးတာ​ကြောင့် Sehun ​​မေးလိုက်မိသည်...

"ငါ စားချင်စိတ်မရှိ​လို့..."

မနက်စာကို ဘယ်လိုဖြစ်ဖြစ်ရ​အောင်စား​တက်​​သော bossက ခု​တော့ စားချင်စိတ်မရှိပါဘူးတဲ့​လေ... အကို​လေးနဲ့ဖြစ်တဲ့ ပြဿနာက ဒီတစ်ခါ​တော့ ​တော်​တော်​လေး ပြင်းထန်ပုံရသည်...

"စားပြီးထွက်လာခဲ့ ငါ ဧည့်ခန်းထဲမှာရှိမယ်..."

"ဟုတ်ကဲ့ boss..."

Boss ထသွား​တော့ Sehunလည်း ခပ်သွက်သွက်ပင်စားလိုက်ရသည်...

*knock knock*

"Boss... ​ရှေ့​နေကြီးလာပါတယ်..."

တံခါး​ခေါက်သံနဲ့အတူ Sehunအသံ​ကြောင့် Kris တံခါးဝသို့လှမ်းကြည့်လိုက်သည်...

"​ရှေ့​နေကြီး?..."

အ​ကြောင်းကြားခြင်းမရှိ​ရောက်လာ​သော ​ရှေ့​နေကြီး​ကြောင့် Kris အံ့ဩသွားမိသည်...

"ထိုင်ပါ ​ရှေ့​နေကြီး..."

Sehun အ​နောက်မှ ဝင်လာ​သော ​ရှေ့​နေကြီးကို ထိုင်ရန်​ပြောလိုက်ပြီး​နောက် Krisလည်း အလုပ်စားပွဲမှထကာ ​ရှေ့​နေကြီးနဲ့ မျက်နှာခြင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်...

"ကိစ္စရှိလို့လား ​ရှေ့​နေကြီး..."

"ဦး​လေးကို Chan​လေး ​ခေါ်ထားလို့ သား... ဦး​​လေးရောက်ရင် သားအခန်းထဲမှာ ​စောင့်​နေပါလို့​ပြောတယ်..."

"က​လေးငယ်က ​ခေါ်ထားတာ..."

​ရှေ့​နေကြီးနဲ့ ​တေ့​တေ့ဆိုင်ဆိုင်​တောင် ​စကားသိပ်မ​ပြော​ဖြစ်​သော​သော က​လေးငယ်က ​ရှေ့​နေကြီးကို ​ခေါ်​သည်ဆိုတာ ဘာကိစ္စများဖြစ်မလဲ Kris ​တွေး၍မရ...

"Sehun​ရေ က​လေးငယ်ကို သွား​ခေါ်လိုက်ပါဦး..."

"ဟုတ်ကဲ့ boss..."

အခန်းထဲမှာပဲ ရှိ​နေ​သေး​သော Sehunကို က​လေးငယ်ကို သွား​ခေါ်ခိုင်း​တော့ Krisတို့ကို ဦးညွှတ်ကာ က​လေးငယ်ကို ​ခေါ်ရန်ထွက်သွားသည်...

"သား Kris လုပ်ငန်း​တွေ​ရော အဆင်​ပြေရဲ့လား..."

"ဟုတ်ကဲ့ အဆင်​ပြေပါတယ်..."

"Chan​လေးလည်း အလုပ်​တွေဝင်လုပ်​နေပြီဆို..."

"ဟုတ်ကဲ့... ကုမ္ပဏီကို မအုပ်ချုပ်ချင်ဘူးလို့သာ​ပြော​နေ​​ပေမယ့် အလုပ်နဲ့ပတ်သတ်ပြီး အ​တော်​လေးကိုကျွမ်းကျင်​နေပါပြီ..."

Kris စကားကို နား​ထောင်ပြီး ​ရှေ့​နေကြီးက ​ခေါင်းတညိတ်ညိတ်နဲ့ ​က​လေးငယ်၏ အ​ကြောင်းကို ကြားပြီး​ကျေနပ်​နေပုံလည်းရသည်...

​ရှေ့​နေကြီးနဲ့ စကား​တွေ​ပြော​နေရင်း သိပ်မကြာခင်မှာပဲ က​လေးငယ်​ရောက်လာခဲ့သည်...

"​ဦး​လေး ​ရောက်​​နေတာကြာပြီလား..."

​ရှေ့​နေကြီးကို နှုတ်ဆက်ရင်း Krisရဲ့ မျက်​စောင်းထိုးထိုင်ခုံတွင်ဝင်ထိုင်​လေသည်...

Krisက​တော့ ​လေးစားသမှုနဲ့ ​ရှေ့​​နေကြီးလို့​ခေါ်​ပေမယ့် က​လေးငယ်က​တော့ ဦး​လေးဟုသာ​ခေါ်သည်... ပါးတို့နဲ့ ​ရှေ့​နေကြီးက မိသားစုလို မိတ်​ဆွေရင်းချာ​တွေဖြစ်ကာ Krisတို့အတွက်လည်း ဦး​လေးသဖွယ်ဖြစ်​နေတာ​ကြောင့် က​လေးငယ်က ဦး​လေးဟုပဲ​ခေါ်ခြင်းဖြစ်သည်...

"သိပ်မကြာ​သေးပါဘူး Chan​လေးရဲ့... ကြည့်ပါဦး မ​တွေ့ရတဲ့ အချိန်အတွင်း Chan​လေး ထွားလာလိုက်တာ... လူ​ချော​လေး​တောင်ဖြစ်လို့..."

"ကျွန်​တော်က အရင်ထဲက ​ချောပြီးသားပါ​နော်..."

ပြုံးရယ်ရင်း ​ရှေ့​နေကြီးကို ခွန်းတုန့်ပြန်​လိုက်​သော က​လေးငယ်၏ စကား​ကြောင့် Kris ပြုံးမိ၏... က​လေးငယ်က ရုပ်ရည်နဲ့ပတ်သက်ပြီး အမြဲယုံကြည်ချက်အပြည့်ရှိသည်... တကယ့်ကို ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်​နေ​သော ​ကောင်​လေးပါ...

"ဟား ဟား ဟုတ်ပါပြီကွာ... ဒါနဲ့ Chan​လေး ဦး​လေးကို ​ခေါ်တာ ကိစ္စရှိ​လို့လား..."

"ဟုတ်ကဲ့ ရှိပါတယ် ဦး​လေး..."

ထိုစကားကို​ပြောလိုက်ချိန်မှာ ခုနပြုံးရယ်​နေ​သော မျက်နှာထက် အပြုံးတို့​ပျောက်ကွယ်ကာ တည်ငြိမ်​နေ​သော က​လေးငယ်၏ သွင်ပြင်ကို Kris​တွေ့လိုက်ရသည်...

"​ပြောပါဦး ဦး​လေး ဘာလုပ်​ပေးရမှာလဲ..."

"ကျွန်​တော် ဒီလုပ်ငန်း​တွေအကုန်လုံးကို လက်လွှဲယူချင်တယ်..."

တုန့်ဆိုင်းခြင်း​မရှိ​ပြောချလာ​သော က​လေးငယ်ကို Kris အံ့အားသင့်စွာကြည့်လိုက်မိသည်... ကြည့်ရတာ က​လေးငယ်က ဆုံးဖြတ်ပြီးသားပုံပင်...

​ရှေ့​နေကြီးက​တော့ က​လေးငယ်စကားကို နား​ထောင်ပြီး တခုခုကို ​တွေး​တော​နေဟန် တခဏ​လောက်ငြိမ်သွားသည်...

"ဟုတ်ပြီ... Chan​လေး အ​နေနဲ့ လုပ်ငန်း​တွေအကုန်လုံးကို အုပ်ချုပ်နိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီလား..."

"ကျွန်​တော် လုပ်နိုင်ပါတယ် ဦး​လေး... Kris​နေမ​ကောင်းဖြစ်​နေချိန်က​နေ ခုထိ ကျွန်​တော်လုပ်ရပ်​​တွေကိုလည်း ဦး​လေး ​စောင့်ကြည့်​နေ​တော့ ကျွန်​တော်က ဘယ်လိုဆို​တာ​ ထပ်ပြီး​ပြောပြဖို့လိုမယ်မထင်​တော့ဘူး..."

​ရှေ့​နေကြီးနဲ့ က​လေးငယ်​ပြောသမျှ​တွေကို Kris ငြိမ်၍သာ နား​ထောင်​နေလိုက်သည်...

"ဦး​လေး သိပါတယ် Chan​လေး လုပ်နိုင်​နေပြီဆိုတာ... သား Kris... သားရဲ့ သ​​ဘောထားက​ရော..."

Krisက ခဏတာထိန်းသိမ်း​ပေးထားရသူမို့ ပိုင်ရှင်ဖြစ်သူက လိုချင်တယ်ဆိုမှ​တော့ Kris ကြည်ဖြူစွာနဲ့ပင် ထည့်​ပေးဖို့ အမြဲအသင့်ပဲ​လေ...

"က​လေးငယ် သ​ဘောအတိုင်း​ဆောင်ရွက်​ပေးလိုက်ပါ ​ရှေ့​နေကြီး..."

"​ကောင်းပြီ​လေ..."

"ဖြစ်နိုင်ရင် ဒီ​​နေ့ပဲ အပြီးအသတ်လုပ်​ပေးနိုင်မလား ဦး​လေး..."

က​လေးငယ်စကား​ကြောင့် ​ရှေ့​နေကြီးက Krisကို ကြည့်လာတာမို့ Kris အသာပင် ​ခေါင်းညိတ်ပြလိုက်သည်...

Krisရဲ့ တစ်ခုတည်း​သော ပိုင်ဆိုင်မှုဖြစ်သည့် GALAXY Companyကလွဲလို့ ကျန်တာအကုန် က​လေးငယ်၏ ပိုင်ဆိုင်မှု​တွေအဖြစ် လွှဲအပ်လိုက်သည်...

"ဒီ​နေ့ကစလို့ က​လေးငယ်က ဒီကုမ္ပဏီရဲ့အုပ်ချုပ်သူဆိုတာကို ည​နေကျရင် hyung ရှယ်ယာရှင်အစည်း​ဝေး​ခေါ်ပြီး​​ကြေငြာ​ပေးပါ့မယ်..."

"ရတယ် Kris... အစည်း​ဝေးက ​နောက်​နေ့မှပဲ ကျွန်​တော်​ခေါ်လိုက်မယ်... ဦး​လေး..."

Krisကို​​ပြောပြီး ​ရှေ့​နေကြီးဘက်အကြည့်တို့​ရောက်သွားသည်က ​ပြောစရာ​တွေ ကျန်​နေ​သေး​ပုံပင်...

"​လုပ်စရာကျန်​သေးလို့လား Chan​လေး..."

"ဟုတ်ကဲ့ ဒါ​ကနောက်ဆုံး​တောင်းဆိုချက်တစ်ခုပါ ဦး​လေး..."

ကုမ္ပဏီကိုလည်း က​လေးငယ်ကို လွှဲ​ပေးပြီးပြီမို့ က​လေးငယ် လုပ်စရာ ဘာ​တွေထပ်ကျန်​​နေသေးလဲ Kris မသိ​တော့...

​ရှေ့​နေကြီး​ရော Krsi​ရော က​လေးငယ် ​ပြောလာမည့် စကားတို့ကို ​စောင့်စား​နေမိသည်...

ထိုစဥ်​ပြောချလာ​သော က​လေးငယ်၏ စကားတို့က Krisကို ဟိုး​ချောက်နက်ထဲ ဆွဲချ​ခေါ်​ဆောင်သွားသလို ခံစားလိုက်ရကာ Kris ရင်တစ်ခုလုံးဟာသွားပြီး ​​ကြေမွကာနာကျင်မှုတို့ တိုးကာဝင်​ရောက်လာသည်...

က​လေးငယ် ​ပြောလာ​သော စကားက...

"Krisကို ကျွန်​တော်တို့ မိသားစု စာရင်းထဲက ထုတ်​ပေးပါ... ဒီ​နေ့ကစပြီး Krisက ကျွန်​တော်တို့ မိသားစုနဲ့ပတ်သတ်ပြီး ဘာမှမသက်ဆိုင်​တော့တဲ့သူစိမ်းတစ်​ယောက်အဖြစ် အများသိ​အောင် ​ကြေငြာ​ပေးပါ ဦး​လေး..."

*က​လေးငယ်က Krisကို စွန့်ပစ်လိုက်​ချေပြီ... က​လေးငယ် အနားက​နေ Krisကို ထာဝရ​မောင်းထုတ်လိုက်ပြီ...*

တုန်လှုပ်အံ့ဩမှု​တွေဖြစ်​နေမိတဲ့ Kris​တစ်​ယောက် ထိုစကား​တွေကို ​ပြောသွားတဲ့ ​ကောင်​လေးရဲ့ အသံ​တွေကို သတိထားမိမယ်ဆို အနည်းငယ် တုန်ယင်​နေသည်ကို သိရှိ​ပေလိမ့်မည်...

#230523

****************************************************

Zawgyi♡

"အ​ေဒၚႀကီး က​ေလးငယ္​ေရာ ဆင္းမလာ​ေသးဘူးလား..."

မနက္စာစားဖို႔ Kris စားပြဲမွာဝင္ထိုင္ရင္း က​ေလးငယ္ကို မျမင္ရ​ေသး၍ ​ေမးလိုက္မိသည္...

"Chan​ေလးက Baekhyunကို​ေခၚၿပီး အ​ေစာႀကီးထဲက သြားၿပီ သားရဲ႕..."

​အ​ေဒၚႀကီးရဲ႕ အ​ေျဖကို Kris ​ေခါင္းသာညိတ္မိ​ေတာ့သည္...

ဟိုတ​ေန႔က က​ေလးငယ္မူးၿပီးျပန္လာတဲ့​ေန႔ထဲက Krisကို လုံးဝ​ေရွာင္​ေနတာ ခုထိ က​ေလးငယ္နဲ႔ မ်က္ႏွာျခင္းဆိုင္မဆုံမိ​​ေသး... ညဖက္ဆိုရင္လည္း ညတအားနက္မွ ျပန္လာသည္...

က​ေလးငယ္ မူးလာတဲ့အ​ေၾကာင္း​ကို​ေတြးမိ​ေတာ့ လက္ကအလိုလို ႏႈတ္ခမ္းထက္ဆီ​ေရာက္သြားမိသည္...

က​ေလးငယ္၏ ႏႈတ္ခမ္းနဲ႔ ထိ​ေတြ႕မိခဲ့တဲ့ အထိအ​ေတြ႕ကို ျပန္ခံစားမိ​ေတာ့ ရင္ထဲသိမ့္ခနဲျဖစ္သြားရျပန္သည္...

ဘာ​ေတြျဖစ္​ေနမွန္း Krisမသိ​ေတာ့ ထိုခံစားခ်က္ကလည္း ပထမဆုံးမို႔ မည္သို႔အမည္တပ္ရမည္လဲ Krisနားမလည္...

"morning boss..."

"morning Sehun..."

Sehunက စားပြဲဝိုင္းတြင္ ဝင္ထိုင္ကာႏႈတ္ဆက္လာ​ေတာ့မွ Kris အ​ေတြးတို႔ ျပတ္​ေတာက္သြား​ေတာ့သည္...

"Boss... ကြၽန္​ေတာ္​ေျပာစရာရွိလို႔..."

"အ​ေရးႀကီးလား Sehun..."

"ဟုတ္ကဲ့... ဒီရက္​ေတြထဲ မ​ေျပာျဖစ္တာက bossၾကည့္ရတာ စိတ္နဲ႔လူနဲ႔ မကပ္တဲ့ပုံ​ေၾကာင့္ ကြၽန္​ေတာ္ မ​ေျပာျဖစ္တာ..."

"သူ​ေဌးHaအ​ေၾကာင္းလား Sehun..."

"ဟုတ္ကဲ့... သူ​ေဌးHaက ​မူးယစ္​ေဆးလုပ္ငန္းတစ္ခုနဲ႔ ပတ္သတ္​ေနပုံပဲ boss... သူက အဓိက ​ေခါင္း​ေဆာင္ျဖစ္လိမ့္မယ္... သူနဲ႔ပတ္သတ္ၿပီး စုံစမ္းၾကည့္တာ ​ေနာက္​ေၾကာင္း​ေတြလည္း သိပ္မရွင္းဘူး boss..."

"ဟုတ္ၿပီ​ေလ... ဆက္ၿပီးစုံစမ္းထားပါ... ​ေသခ်ာျပည့္စုံသြားရင္​ေတာ့ တစ္ခုခုလုပ္ၾကတာ​ေပါ့..."

"ဟုတ္ကဲ့ boss.."

"မနက္စာ စားလိုက္ဦး Sehun... စားၿပီးရင္ company သြားၾကတာ​​ေပါ့..."

"Boss​ေရာ မစား​ေတာ့ဘူးလား..."

Sehunကို မနက္စာစားဖို႔​ေျပာၿပီး စားပြဲဝိုင္းက ထဖို႔ျပင္​ေန​ေသာ boss​ေရွ႕က မနက္စာက​ေတာ့ ဒီအတိုင္းပဲရွိ​ေန​ေသးတာ​ေၾကာင့္ Sehun ​​ေမးလိုက္မိသည္...

"ငါ စားခ်င္စိတ္မရွိ​လို႔..."

မနက္စာကို ဘယ္လိုျဖစ္ျဖစ္ရ​ေအာင္စား​တက္​​ေသာ bossက ခု​ေတာ့ စားခ်င္စိတ္မရွိပါဘူးတဲ့​ေလ... အကို​ေလးနဲ႔ျဖစ္တဲ့ ျပႆနာက ဒီတစ္ခါ​ေတာ့ ​ေတာ္​ေတာ္​ေလး ျပင္းထန္ပုံရသည္...

"စားၿပီးထြက္လာခဲ့ ငါ ဧည့္ခန္းထဲမွာရွိမယ္..."

"ဟုတ္ကဲ့ boss..."

Boss ထသြား​ေတာ့ Sehunလည္း ခပ္သြက္သြက္ပင္စားလိုက္ရသည္...

*knock knock*

"Boss... ​ေရွ႕​ေနႀကီးလာပါတယ္..."

တံခါး​ေခါက္သံနဲ႔အတူ Sehunအသံ​ေၾကာင့္ Kris တံခါးဝသို႔လွမ္းၾကည့္လိုက္သည္...

"​ေရွ႕​ေနႀကီး?..."

အ​ေၾကာင္းၾကားျခင္းမရွိ​ေရာက္လာ​ေသာ ​ေရွ႕​ေနႀကီး​ေၾကာင့္ Kris အံ့ဩသြားမိသည္...

"ထိုင္ပါ ​ေရွ႕​ေနႀကီး..."

Sehun အ​ေနာက္မွ ဝင္လာ​ေသာ ​ေရွ႕​ေနႀကီးကို ထိုင္ရန္​ေျပာလိုက္ၿပီး​ေနာက္ Krisလည္း အလုပ္စားပြဲမွထကာ ​ေရွ႕​ေနႀကီးနဲ႔ မ်က္ႏွာျခင္းဆိုင္တြင္ ဝင္ထိုင္လိုက္သည္...

"ကိစၥရွိလို႔လား ​ေရွ႕​ေနႀကီး..."

"ဦး​ေလးကို Chan​ေလး ​ေခၚထားလို႔ သား... ဦး​​ေလးေရာက္ရင္ သားအခန္းထဲမွာ ​ေစာင့္​ေနပါလို႔​ေျပာတယ္..."

"က​ေလးငယ္က ​ေခၚထားတာ..."

​ေရွ႕​ေနႀကီးနဲ႔ ​ေတ့​ေတ့ဆိုင္ဆိုင္​ေတာင္ ​စကားသိပ္မ​ေျပာ​ျဖစ္​ေသာ​ေသာ က​ေလးငယ္က ​ေရွ႕​ေနႀကီးကို ​ေခၚ​သည္ဆိုတာ ဘာကိစၥမ်ားျဖစ္မလဲ Kris ​ေတြး၍မရ...

"Sehun​ေရ က​ေလးငယ္ကို သြား​ေခၚလိုက္ပါဦး..."

"ဟုတ္ကဲ့ boss..."

အခန္းထဲမွာပဲ ရွိ​ေန​ေသး​ေသာ Sehunကို က​ေလးငယ္ကို သြား​ေခၚခိုင္း​ေတာ့ Krisတို႔ကို ဦးၫႊတ္ကာ က​ေလးငယ္ကို ​ေခၚရန္ထြက္သြားသည္...

"သား Kris လုပ္ငန္း​ေတြ​ေရာ အဆင္​ေျပရဲ႕လား..."

"ဟုတ္ကဲ့ အဆင္​ေျပပါတယ္..."

"Chan​ေလးလည္း အလုပ္​ေတြဝင္လုပ္​ေနၿပီဆို..."

"ဟုတ္ကဲ့... ကုမၸဏီကို မအုပ္ခ်ဳပ္ခ်င္ဘူးလို႔သာ​ေျပာ​ေန​​ေပမယ့္ အလုပ္နဲ႔ပတ္သတ္ၿပီး အ​ေတာ္​ေလးကိုကြၽမ္းက်င္​ေနပါၿပီ..."

Kris စကားကို နား​ေထာင္ၿပီး ​ေရွ႕​ေနႀကီးက ​ေခါင္းတညိတ္ညိတ္နဲ႔ ​က​ေလးငယ္၏ အ​ေၾကာင္းကို ၾကားၿပီး​ေက်နပ္​ေနပုံလည္းရသည္...

​ေရွ႕​ေနႀကီးနဲ႔ စကား​ေတြ​ေျပာ​ေနရင္း သိပ္မၾကာခင္မွာပဲ က​ေလးငယ္​ေရာက္လာခဲ့သည္...

"​ဦး​ေလး ​ေရာက္​​ေနတာၾကာၿပီလား..."

​ေရွ႕​ေနႀကီးကို ႏႈတ္ဆက္ရင္း Krisရဲ႕ မ်က္​ေစာင္းထိုးထိုင္ခုံတြင္ဝင္ထိုင္​ေလသည္...

Krisက​ေတာ့ ​ေလးစားသမႈနဲ႔ ​ေရွ႕​​ေနႀကီးလို႔​ေခၚ​ေပမယ့္ က​ေလးငယ္က​ေတာ့ ဦး​ေလးဟုသာ​ေခၚသည္... ပါးတို႔နဲ႔ ​ေရွ႕​ေနႀကီးက မိသားစုလို မိတ္​ေဆြရင္းခ်ာ​ေတြျဖစ္ကာ Krisတို႔အတြက္လည္း ဦး​ေလးသဖြယ္ျဖစ္​ေနတာ​ေၾကာင့္ က​ေလးငယ္က ဦး​ေလးဟုပဲ​ေခၚျခင္းျဖစ္သည္...

"သိပ္မၾကာ​ေသးပါဘူး Chan​ေလးရဲ႕... ၾကည့္ပါဦး မ​ေတြ႕ရတဲ့ အခ်ိန္အတြင္း Chan​ေလး ထြားလာလိုက္တာ... လူ​ေခ်ာ​ေလး​ေတာင္ျဖစ္လို႔..."

"ကြၽန္​ေတာ္က အရင္ထဲက ​ေခ်ာၿပီးသားပါ​ေနာ္..."

ၿပဳံးရယ္ရင္း ​ေရွ႕​ေနႀကီးကို ခြန္းတုန္႔ျပန္​လိုက္​ေသာ က​ေလးငယ္၏ စကား​ေၾကာင့္ Kris ၿပဳံးမိ၏... က​ေလးငယ္က ႐ုပ္ရည္နဲ႔ပတ္သက္ၿပီး အၿမဲယုံၾကည္ခ်က္အျပည့္ရွိသည္... တကယ့္ကို ကြန္ဖီးဒန္႔လယ္ဗယ္ဆိုးဟိုက္​ေန​ေသာ ​ေကာင္​ေလးပါ...

"ဟား ဟား ဟုတ္ပါၿပီကြာ... ဒါနဲ႔ Chan​ေလး ဦး​ေလးကို ​ေခၚတာ ကိစၥရွိ​လို႔လား..."

"ဟုတ္ကဲ့ ရွိပါတယ္ ဦး​ေလး..."

ထိုစကားကို​ေျပာလိုက္ခ်ိန္မွာ ခုနၿပဳံးရယ္​ေန​ေသာ မ်က္ႏွာထက္ အၿပဳံးတို႔​ေပ်ာက္ကြယ္ကာ တည္ၿငိမ္​ေန​ေသာ က​ေလးငယ္၏ သြင္ျပင္ကို Kris​ေတြ႕လိုက္ရသည္...

"​ေျပာပါဦး ဦး​ေလး ဘာလုပ္​ေပးရမွာလဲ..."

"ကြၽန္​ေတာ္ ဒီလုပ္ငန္း​ေတြအကုန္လုံးကို လက္လႊဲယူခ်င္တယ္..."

တုန္႔ဆိုင္းျခင္း​မရွိ​ေျပာခ်လာ​ေသာ က​ေလးငယ္ကို Kris အံ့အားသင့္စြာၾကည့္လိုက္မိသည္... ၾကည့္ရတာ က​ေလးငယ္က ဆုံးျဖတ္ၿပီးသားပုံပင္...

​ေရွ႕​ေနႀကီးက​ေတာ့ က​ေလးငယ္စကားကို နား​ေထာင္ၿပီး တခုခုကို ​ေတြး​ေတာ​ေနဟန္ တခဏ​ေလာက္ၿငိမ္သြားသည္...

"ဟုတ္ၿပီ... Chan​ေလး အ​ေနနဲ႔ လုပ္ငန္း​ေတြအကုန္လုံးကို အုပ္ခ်ဳပ္ႏိုင္ၿပီလို႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ၿပီလား..."

"ကြၽန္​ေတာ္ လုပ္ႏိုင္ပါတယ္ ဦး​ေလး... Kris​ေနမ​ေကာင္းျဖစ္​ေနခ်ိန္က​ေန ခုထိ ကြၽန္​ေတာ္လုပ္ရပ္​​ေတြကိုလည္း ဦး​ေလး ​ေစာင့္ၾကည့္​ေန​ေတာ့ ကြၽန္​ေတာ္က ဘယ္လိုဆို​တာ​ ထပ္ၿပီး​ေျပာျပဖို႔လိုမယ္မထင္​ေတာ့ဘူး..."

​ေရွ႕​ေနႀကီးနဲ႔ က​ေလးငယ္​ေျပာသမွ်​ေတြကို Kris ၿငိမ္၍သာ နား​ေထာင္​ေနလိုက္သည္...

"ဦး​ေလး သိပါတယ္ Chan​ေလး လုပ္ႏိုင္​ေနၿပီဆိုတာ... သား Kris... သားရဲ႕ သ​​ေဘာထားက​ေရာ..."

Krisက ခဏတာထိန္းသိမ္း​ေပးထားရသူမို႔ ပိုင္ရွင္ျဖစ္သူက လိုခ်င္တယ္ဆိုမွ​ေတာ့ Kris ၾကည္ျဖဴစြာနဲ႔ပင္ ထည့္​ေပးဖို႔ အၿမဲအသင့္ပဲ​ေလ...

"က​ေလးငယ္ သ​ေဘာအတိုင္း​ေဆာင္႐ြက္​ေပးလိုက္ပါ ​ေရွ႕​ေနႀကီး..."

"​ေကာင္းၿပီ​ေလ..."

"ျဖစ္ႏိုင္ရင္ ဒီ​​ေန႔ပဲ အၿပီးအသတ္လုပ္​ေပးႏိုင္မလား ဦး​ေလး..."

က​ေလးငယ္စကား​ေၾကာင့္ ​ေရွ႕​ေနႀကီးက Krisကို ၾကည့္လာတာမို႔ Kris အသာပင္ ​ေခါင္းညိတ္ျပလိုက္သည္...

Krisရဲ႕ တစ္ခုတည္း​ေသာ ပိုင္ဆိုင္မႈျဖစ္သည့္ GALAXY Companyကလြဲလို႔ က်န္တာအကုန္ က​ေလးငယ္၏ ပိုင္ဆိုင္မႈ​ေတြအျဖစ္ လႊဲအပ္လိုက္သည္...

"ဒီ​ေန႔ကစလို႔ က​ေလးငယ္က ဒီကုမၸဏီရဲ႕အုပ္ခ်ဳပ္သူဆိုတာကို ည​ေနက်ရင္ hyung ရွယ္ယာရွင္အစည္း​ေဝး​ေခၚၿပီး​​ေၾကျငာ​ေပးပါ့မယ္..."

"ရတယ္ Kris... အစည္း​ေဝးက ​ေနာက္​ေန႔မွပဲ ကြၽန္​ေတာ္​ေခၚလိုက္မယ္... ဦး​ေလး..."

Krisကို​​ေျပာၿပီး ​ေရွ႕​ေနႀကီးဘက္အၾကည့္တို႔​ေရာက္သြားသည္က ​ေျပာစရာ​ေတြ က်န္​ေန​ေသး​ပုံပင္...

"​လုပ္စရာက်န္​ေသးလို႔လား Chan​ေလး..."

"ဟုတ္ကဲ့ ဒါ​ကေနာက္ဆုံး​ေတာင္းဆိုခ်က္တစ္ခုပါ ဦး​ေလး..."

ကုမၸဏီကိုလည္း က​ေလးငယ္ကို လႊဲ​ေပးၿပီးၿပီမို႔ က​ေလးငယ္ လုပ္စရာ ဘာ​ေတြထပ္က်န္​​ေနေသးလဲ Kris မသိ​ေတာ့...

​ေရွ႕​ေနႀကီး​ေရာ Krsi​ေရာ က​ေလးငယ္ ​ေျပာလာမည့္ စကားတို႔ကို ​ေစာင့္စား​ေနမိသည္...

ထိုစဥ္​ေျပာခ်လာ​ေသာ က​ေလးငယ္၏ စကားတို႔က Krisကို ဟိုး​ေခ်ာက္နက္ထဲ ဆြဲခ်​ေခၚ​ေဆာင္သြားသလို ခံစားလိုက္ရကာ Kris ရင္တစ္ခုလုံးဟာသြားၿပီး ​​ေၾကမြကာနာက်င္မႈတို႔ တိုးကာဝင္​ေရာက္လာသည္...

က​ေလးငယ္ ​ေျပာလာ​ေသာ စကားက...

"Krisကို ကြၽန္​ေတာ္တို႔ မိသားစု စာရင္းထဲက ထုတ္​ေပးပါ... ဒီ​ေန႔ကစၿပီး Krisက ကြၽန္​ေတာ္တို႔ မိသားစုနဲ႔ပတ္သတ္ၿပီး ဘာမွမသက္ဆိုင္​ေတာ့တဲ့သူစိမ္းတစ္​ေယာက္အျဖစ္ အမ်ားသိ​ေအာင္ ​ေၾကျငာ​ေပးပါ ဦး​ေလး..."

*က​ေလးငယ္က Krisကို စြန္႔ပစ္လိုက္​ေခ်ၿပီ... က​ေလးငယ္ အနားက​ေန Krisကို ထာဝရ​ေမာင္းထုတ္လိုက္ၿပီ...*

တုန္လႈပ္အံ့ဩမႈ​ေတြျဖစ္​ေနမိတဲ့ Kris​တစ္​ေယာက္ ထိုစကား​ေတြကို ​ေျပာသြားတဲ့ ​ေကာင္​ေလးရဲ႕ အသံ​ေတြကို သတိထားမိမယ္ဆို အနည္းငယ္ တုန္ယင္​ေနသည္ကို သိရွိ​ေပလိမ့္မည္...

#230523


Continue Reading

You'll Also Like

52.6K 4.4K 22
แ€„แ€ซ -แ€ญแ€ฏแ€ธ!!! แ€กแ€ญแ€•แ€บแ€šแ€ฌแ€€ แ€”แ€ญแ€ฏแ€ธแ€”แ€ญแ€ฏแ€ธแ€แ€ปแ€„แ€บแ€ธ แ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแ€›แ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎ!!!
485K 66.2K 78
๐ŸŒป " เถ…เถฑเท”เถšเทŠ เถ…เถบเท’เถบเทš " "...................." " เถ…เถฑเท”เถšเทŠ เถ…เถบเท’เถบเทš " เถถเทƒเทŠ เถ‘เถšเทš เถขเถฑเทšเถฝเท™เถฑเทŠ เถ‘เถดเท’เถง เถถเถฝเทเถœเท™เถฑ เถ‹เถฑเทŠเถฑ เถธเถฑเทŠ เถœเทเทƒเทŠเทƒเท”เถฑเท™ เถ‘เถบเทเถœเท™ เทƒเท”เท…เทเถœเท’เถฝเทŠเถฝ เถธเถœเทš เทƒเท”เท…เทเถœเท’เถฝเทŠเถฝ เท€เถงเทš เถ‘เถญเท™เถฑเถšเทœเถง...
43K 3.1K 72
แ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€”แ€ฑแ€ฌแ€บ๐Ÿ˜‰๐Ÿ˜‰
59.8K 4.6K 62
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...