ဂျွန်မြောင်ကခြံထဲကပန်းပင်လေး
တွေကိုရေလောင်းနေသလိုဆယ်ဟွန်းကလဲ
အိမ်ထဲမှာသန့်ရှင်းရေးလုပ်နေလေ
သည်...။
မနေ့က အချစ် နေမကောင်းဖြစ်
သေးတာမို့ ဆယ်ဟွန်းမှာသန့်ရှင်းရေး
ကိုတောင်ဖြောင့်အောင်မလုပ်နိုင်...။
ခြံထဲကကောင်လေးကိုပဲ စိတ်မချနိုင်စွာ
ခနခနကြည့်နေရသည်....။
မနေ့ညကတစ်ညလုံးချောင်းတွေဆိုးနေ
တာမို့ သူရောယောက်ဖပါမအိပ်ခဲ့ရဘူး။
အခ်စ္ကိုပဲ တစ်ညလုံးစောင့်ပေးနေ
ရသည်...။
ချောင်းကမနားတမ်းကိုဆက်တိုက်
ဆိုးပြီး...ကိုယ်တွေပူလာကာဖျားလာ
တော့သည်...။
မနက်ရောက်တော့ တော်တော်သက်သာ
သွားသေးလို့တော်သေးသည်...။
မျက်နှာလေးနွမ်းနေတာကလွဲရင်
ချောင်းလဲမဆိုးတော့ဘူး..ကိုယ်လဲ
တအားကြီးပူမနေတော့တာမို့....
ခြံထဲထွက်ချင်တယ်ဆိုတဲ့အချစ်ကို
ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်....။
သူ့ယောက်ဖကဒီနေ့စာမေးပွဲရှိတာမို့လို့
ကျောင်းကိုမဖြစ်မနေသွားမှဖြစ်မည်ဆိုကာ
မနက်စောစောကပဲထွက်သွားခဲ့သည်...။
သူ့အစ်ကိုကိုစိတ်မချနိုင်ဖြစ်နေပြီး...
သူ့အစ်ကို ကိုဂရုစိုက်ပေးဖို့အထပ်ထပ်
မွာကာ...နောက်ဆံတင်းစွာနှင့်
သူ့ယောက်ဖက စာမေးပွဲဖြေရန်သွား၏...။
ကောင်းကောင်းဖြေနိုင်ခဲ့ပါ့မလားလေ..။
မနက်ရောက်တော့ချောင်းဆိုးတာ
သက်သာသွားပေမယ့် ကျောထဲက
ထိုးအောင့်နေပြီး..အသက်ရှူတွေကျပ်နေ
တာမို့ ခြံထဲကိုဆင်းလာခြင်းဖြစ်သည်...။
ဟွန်းကတော့ မဆင်းဖို့တားသေးသည်...။
ဟွန်းစိတ်ကိုလဲနားလည်ပေမယ့်
လေကောင်းလေသန့်ရှူလိုက်ရရင်နည်းနည်း
နေသာလောက်မယ်အထင်နဲ့ သူအတင်း
ပြောတော့ နောက်ဆုံးတော့ဟွန်းက
ခွင့်ပြုလိုက်သည်..။
သူ့အတွေးမှန်ပါသည်...။
ခြံထဲဆင်းလိုက်ရတော့...အသက်ရှူကျပ်
တာကသက်သာသွားသည်....။
ဒါပေမယ့် ကျောထဲအောင့်နေတာက
တော့ပိုဆိုးလာသည်မို့ ဝေဒနာပေါ်
အာရုံမရောက်ရန် ပန်းပင်တွေကိုရေ
လိုက်လောင်းနေခြင်းဖြစ်သည်....။
မရမကအာရုံလွှဲထားပေမယ့်လဲ အဆင်က
မပြေလာ....။
တော်တော်ကြီးကိုထိုးအောင့်လာသည်။
ရေပိုက်ကိုအသာချကာ ခြံထဲကခုံပုလေး
ပေါ်ထိုင်ကာနားလိုက်သည်....။
"အ!"
ရုတ်တရက်တအားစူးအောင့်လာကာ...
အသက်ရှူရတာတောင်ခက်ခဲလာသည်...။
"အချစ်.."
ထိုအခိုက်မှာပဲ ဟွန်းကအပြင်ထွက်လာ
တော့ ပုံပျက်နေတဲ့သူ့ရဲ့မျက်နှာကို
အမြန်ပြင်လိုက်သည်...။
"အပြင်မှာနေတာကြာနေပြီလေ...
အိမ်ထဲဝင်တော့ အချစ်..။
လေစိမ်းတွေတိုက်လာပြီ.."
"အင်း..."
"ဒါနဲ့..အချစ်..တကယ်ပဲသက်သာရဲ့လား။
မျက်နှာကဖြူရော်နေတယ်.."
"အင်း..အချစ်သက်သာပါတယ်..။
မနေ့ကအရှိန်နဲ့ကြောင့်မို့..."
သူ့ရဲ့တုန်ယင်ချင်နေတဲ့အသံကိုမနည်း
ထိန်းပြောကာ ပြုံးပြလိုက်တော့မှ
စိတ်ပူနေရာကနေ ဟွန်းကစိတ်သက်သာ
ရာရသွားသလိုပြုံးသည်...။
ပြီးနောက် သူ့ရဲ့ခေါင်းကိုပွတ်သပ်ပေး
ကာ.....
"ဟုတ်ပါပြီ...အခုတော့ကိုယ်တို့အိမ်ထဲ
ဝင်ကြရအောင်.."
"အင်း..."
အိမ်ထဲရောက်တော့ အသက်ရှူရတာက
တဖြေးဖြေးပိုခက်လာတာမို့အနားက
ဆိုဖာပေါ်ကိုထိုင်ချလိုက်သည်....။
မရေတာ့ဘူး...။
တအားကိုထိုးအောင့်နေပြီးနေရခက်နေပြီ..။
"ဟွန်း.."
"အင်း..အချစ်..ဟင်!!..အချစ်
ဘာဖြစ်လို့လဲ..."
သူ့ခေါ်သံကြောင့်လှည့်လာတဲ့ဟွန်းက
ဆိုဖာပေါ်မှာပုံပျက်စွာထိုင်နေတဲ့သူ့ကို
မြင်တော့အလန့်တကြားနဲ့အနားကို
ရောက်လာသည်...။
"အချစ်!..ဘာဖြစ်လို့လဲ..."
စိုးရိမ်တကြီးမေးနေတဲ့ဟွန်းကိုသူပြန်မဖြေ
နိုင်သေးဘူး....။
အသက်ရှူရတာခက်ခဲနေတာမို့...
လေကိုသာ အတင်းကြီးလိုက်ပြီးရှူနေရ
သည်...။
"အချစ်...ဘာဖြစ်လို့လဲ..ကိုယ်မေးနေ
တယ်!"
"အခန်း....အခန်းထဲက.."
သူမေးတာကိုမဖြေဘဲတခြားအကြောင်း
အရာတစ်ခုကိုပင်ပန်းနွမ်းနှယ်စွာ
အားယူပြောနေတဲ့အချစ်ကြောင့်..
မသဲမကွဲအသံလေးကိုသူအားစိုက်
နားထောင်လိုက်သည်....။
"ကုတင်ဘေးက စားပွဲပုလေးမှာ..."
"အချစ်!!..သတိထားဦးလေ..."
ဆုံးအောင်မပြောနိုင်လိုက်ဘဲ
ဆိုဖာပေါ်ကို..အားပ်က္စြာလဲက်သြားတဲ့
အချစ်ကြောင့် သူထိတ်လန့်တကြား
အော်ခေါ်မိသည်...။
သတိမေ့သွားတာမျိုးမဟုတ်ဘဲ...
မျက်နှာတစ်ခုလုံးကဖြူရော်နေပြီး..
နဖူးစပ်မှာချွေးစေးတွေထွက်လို့နေသည်....။
ရင်ဘတ်ကလဲနိမ့်ချည်မြင့်ချည်နဲ့
အသက်ရှူရတာခက်ခဲနေဟန်...။
"အချစ်..အချစ်..."
သူလှုပ်နိုးပေမယ့်လဲအချစ်ကသိပုံမပေါ်ဘူး။
ဘာလုပ်ရမှန်းမသိတဲ့သူကအချစ်ပြော
တဲ့အခန်းထဲက စားပြဲဆီကိုသာ
သွားလိုက်သည်...။
အဲဒီမွာ..သူတွေ့လိုက်ရတာက
အောက်ဆီဂျင်မက်စ်နဲ့ဆက်စပ်
ပစ္စည်းတွေကို...။
သူ့ရင်ထဲအမျိုးအမည်မသိတဲ့ခံစားချက်
မျိုးဖြတ်ပြေးသွားသည်....။
အခ်စ္က ဒီလိုပစ္စည်းတွေကိုအိမ်မှာ
တောင်ဆောင်ထားရတာလား...။
ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ..
ပစ္စည်းတွေကိုယူကာ...အပြင်ထွက်လာ
လိုက်သည်...။
ဂိုဏ်းမှာတုန်းကလဲဒီလိုအခြေအနေတွေကို
ကြုံဖူးတာမို့...
အောက်ဆီဂျင်ပမာဏကိုချိန်ညှိပေးပြီး..
နွမ်းနှယ်နေတဲ့အချစ်ရဲ့မျက်နှာပေါ်
အောက်ဆီဂျင်မက်စ်ကိုနေရာတကျ
တပ်ပေးလိုက်သည်....။
ခနလောက်ကြာတော့ တွန့်ချိုးနေတဲ့
မျက်ခုံးလေးတွေကပြေလျော့လာကာ..
အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်လို့သွား
သည်....။
အချစ်ရဲ့အေးနေတဲ့လက်ကလေးတွေကို
ဆုပ်ကိုင်ကာ..ပါးမှာကပ်ထားလိုက်သည်...။
ဒီအတောအတွင်းမှာ အချစ်ဘယ်လောက်
ထိတောင်ပင်ပန်းခက်ခဲခဲ့လိမ့်မလဲ..။
စိတ္ခ်ပါ....။
အခုကစပြီး ကိုယ္က ကာကွယ်ပေးမှာ
မို့လို့...။
အချစ်ပင်ပန်းတဲ့အချိန်တွေ နေမကောင်း
တဲ့အချိန်တွေဆိုရင်ကိုယ်ကအနားကနေ
ပြီးအဖော်ပြုပေးမယ်...။
နဖူးပေါ်ကဆံပင်လေးတွေကိုသပ်တင်
ပေးကာ...နဖူးပြင်လေးအားဖိကပ်နမ်း
လိုက်သည်.....။
ကိုယ့်ရဲ့အချစ်ကလေး...။
နေမြန်မြန်ပြန်ကောင်းပါစေသား...။
ဆယ်ဟွန်းတစ်ယောက်ဟင်းချက်နေတုန်း
ကျောပြင်ကနွေးခနဲဖြစ်သွားတာမို့...
လှည့်ကြည့်တော့ သူ့ကောင်လေးရဲ့..
ခေါင်းထိပ်လေးကိုတွေ့လိုက်ရသည်...။
"ငြိမ်ငြိမ်လေးထိုင်နေလေ...
အချစ်ရယ်...ပင်ပန်းနေလိမ့်မယ်..."
"ဟင့်အင်း...ခနေလးပဲ..."
ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်လိုက်တဲ့
အချစ်ကလေးကြောင့် သူပြုံးလိုက်မိသည်..။
အချွဲလေးပါလား...။
တဖြည်းဖြည်းပို ပိုပြီးတင်းလာတဲ့လက်တွေ
ကြောင့်သူသင်္ကာမကင်းဖြစ်လာကာ
"အချစ်...အချစ်..."
"အင်း.."
"အချစ်..နေလို့ကောင်းရဲ့လား..."
"ဟင့်အင်း..."
သူလက်ထဲကဇွန်းကိုချကာ အချစ်နဲ့
မျက်နှာချင်းဆိုင်လိုက်တော့
ဖြူဖျော့ပြီးနွမ်းဖက်နေတဲ့မျက်နှာလေး
ကိုမြင်လိုက်ရသည်...။
"ဟာ...အချစ်..တအားနေလို့
မကောင်းလို့လား."
ရုတ်တရက်ကြီးအချစ်က အောက်ကို
ခွေကျသွားသည်...။
"အချစ်!အချစ်..!!"
သူလှုပ်နိုးပေမယ့် သူ့ကောင်လေးက
နိုးမလာခဲ့ဘူး...။
ကိုယ့်ကို လန့်အောင်မလုပ်ပါနဲ့...
အချစ်ရယ်....။
Tbc
သည်...။
ခနခနကြည့်နေရသည်....။
ရသည်...။
တော့သည်...။
ခွင့်ပြုလိုက်သည်..။
သူ့အတွေးမှန်ပါသည်...။
တာကသက်သာသွားသည်....။
မပြေလာ....။
"အ!"
"အချစ်.."
အမြန်ပြင်လိုက်သည်...။
အိမ်ထဲဝင်တော့ အချစ်..။
"အင်း..."
"အင်း..အချစ်သက်သာပါတယ်..။
ရာရသွားသလိုပြုံးသည်...။
ကာ.....
ဝင်ကြရအောင်.."
"အင်း..."
မရတော့ဘူး...။
"ဟွန်း.."
"အင်း..အချစ်..ဟင်!!..အချစ်
ဘာဖြစ်လို့လဲ..."
ရောက်လာသည်...။
"အချစ်!..ဘာဖြစ်လို့လဲ..."
နိုင်သေးဘူး....။
သည်...။
တယ်!"
"အခန်း....အခန်းထဲက.."
နားထောင်လိုက်သည်....။
"အချစ်!!..သတိထားဦးလေ..."
ဆိုဖာပေါ်ကို..အားပျက်စွာလဲကျသွားတဲ့
အော်ခေါ်မိသည်...။
"အချစ်..အချစ်..."
တဲ့အခန်းထဲက စားပွဲဆီကိုသာ
သွားလိုက်သည်...။
အဲဒီမှာ..သူတွေ့လိုက်ရတာက
ပစ္စည်းတွေကို...။
အချစ်က ဒီလိုပစ္စည်းတွေကိုအိမ်မှာ
တောင်ဆောင်ထားရတာလား...။
လိုက်သည်...။
ကြုံဖူးတာမို့...
တပ်ပေးလိုက်သည်....။
သည်....။
စိတ်ချပါ....။
အခုကစပြီး ကိုယ်က ကာကွယ်ပေးမှာ
မို့လို့...။
ပြီးအဖော်ပြုပေးမယ်...။
လိုက်သည်.....။
ကိုယ့်ရဲ့အချစ်ကလေး...။
°°°•••°°°•••°°°•••
"ဟင့်အင်း...ခနလေးပဲ..."
အချွဲလေးပါလား...။
"အချစ်...အချစ်..."
"အင်း.."
"ဟင့်အင်း..."
ကိုမြင်လိုက်ရသည်...။
"ဟာ...အချစ်..တအားနေလို့
မကောင်းလို့လား."
ခွေကျသွားသည်...။
"အချစ်!အချစ်..!!"
နိုးမလာခဲ့ဘူး...။
အချစ်ရယ်....။
Tbc°°°°°