Uni ♡
Kris နိုးလာတော့ တစ်ခန်းလုံး အသံတိတ်နေသောကြောင့် ထထိုင်ကာ အခန်းထဲကို ဝေ့ဝိုက်ကြည့်မိတော့ ခပ်လှမ်းလှမ်းရှိ စားပွဲပေါ်တွင် အလုပ်လုပ်ရင်း အိပ်ပျော်သွားပုံသော ကလေးငယ်ကလွဲ၍ တစ်ခန်းလုံးတွင် ဘယ်သူမှရှိမနေ...
ဒါနဲ့ပဲ Krisလည်း ကုတင်ပေါ်မှ ဆင်းကာ ကလေးငယ်အနားသွားလိုက်ပြီး ဘေးနားရှိခုံတွင်ထိုင်လိုက်သည်... ထိခိုက်ထားသော ခြေထောက်တစ်ဖက်ကြောင့် ကလေးငယ်အနားရောက်ဖို့ အတော်အားယူကာ သွားလိုက်ရသည်....
ကြမ်းပြင်ပေါ်ထိုင်ကာ အလုပ်လုပ်ရင်းက အိပ်ပျော်သွားပုံရသော ကလေးငယ်၏မျက်နှာထက်တွင် အုပ်နေသောဆံပင်တို့ကို အသာဖယ်ပေးရင်း တစ်ခြမ်းသာမြင်ရသော မျက်နှာလေးကို ကြည့်မိတော့ အရင်နဲ့မတူ အနည်းငယ်ချောင်ကျသွားသော မျက်နှာလေးက အလုပ်တွေ တအားပင်ပန်းနေမှန်းသိသာလှသည်...
*တအားပင်ပန်းနေခဲ့တာလား ကလေးငယ်... ကလေးငယ်ကို ပင်ပန်းစေမိခဲ့လို hyungတောင်းပန်ပါတယ်နော်...*
"Kris ငါလာတယ်..."
ကလေးငယ် မျက်နှာလေးကိုကြည့်ရင်း တောင်းပန်စကားတို့ကို တီးတိုးဆိုမိခိုက် Haera အသံကြောင့် အခန်းဝသို့ လှမ်းကြည့်လိုက်ရင်း အသံတိုးတိုးပြောရန် ပြောလိုက်သည်...
"ကလေးငယ် အိပ်နေလို့ တိုးတိုးပြော..."
"အေး အေး... နင့် အခြေနေလာကြည့်တာ..."
Krisပြောလိုက်၍ Haeraက ကြားရရုံလေသံဖြင့်သာ ပြောလာတော့သည်....
"ဟိုဘက်မှာ သွားပြောမယ်... ငါ့ကို လာတွဲပေးဦး..."
Haeraကို ကူတွဲပေးရန်ပြောလိုက်ပြီးနောက် နှစ်ယောက်သား စကားပြောရန် ကုတင်ဘက်ဆီပြန်သွားခဲ့လိုက်ကြသည်...
"နေရတာ သက်သာရဲ့လား... တစ်ခုခု အဆင်မပြေတဲ့နေရာရောရှိလား..."
Haeraက Krisကို ကုတင်ပေါ်နေရာချပေးပြီးနောက် ကုတင်ဘေးနားက ခုံတွင်ဝင်ထိုင်ကာ မေးလာသည်...
"ဟင့်အင်း... အကုန်ဆင်ပြေတယ်..."
"တော်သေးတာပေါ့... နင် သတိရလာတာ... မဟုတ်ရင် Chanလေးလည်း အလုပ်တစ်ဖက် နင့်ကိုကြည့်ရတာတစ်ဖက်နဲ့ ကြာရင် လဲတော့မယ်..."
"ကလေးငယ်လည်း တော်တော်ပင်ပန်းနေတယ် ထင်တယ်... တအားလည်း ပိန်သွားတယ်..."
"မပင်ပန်းပဲနေမလား... အလုပ်လည်းလုပ် အလုပ်ကပြန်လာတာနဲ့ အိမ်တောင်မပြန်ပဲ နင့်အနားမှာနေနဲ့ လဲမသွားတာပဲကံကောင်း..."
"အစားအသောက်တွေရော ကောင်းကောင်းစားရဲ့လား..."
"စားတယ်... တစ်ခါတစ်လေ ငါလည်း အိမ်ကနေချက်လာပေးတယ်..."
"နင် ချက်လာပေးတာကိုလည်း ကလေးငယ် စားတယ်ပေါ့..."
"စားတယ်လေ... ဘာဖြစ်လို့လဲ..."
ကလေးငယ်က Haera ချက်ယူလာပေးသော အစားအသောက်တွေကို စားသည်ဆိုတော့ စကားကြောင့် Kris အံ့ဩသည်ထက်ပိုမိတော့သည်... Haeraနဲ့ ပတ်သတ်မှုကို ရှင်းပြထားတာကြောင့် ကလေးငယ်၏ Haeraအပေါ်ထားတဲ့ သဘောထားတွေက ပြောင်းလဲသွားပုံပင်...
"မပူပါနဲ့ Krisရယ်... Chanလေးနဲ့ ဘာက တည့်တယ်မတည့်ဘူးဆို ငါသိပါတယ်ဟ..."
"အေးပါ ဒီအတောအတွင်း ကလေးငယ်ကို ကြည့်ပေးထားလို့ ကျေးဇူးပါပဲ..."
"ငါတို့ကြားမှာ အဲ့စကားကမလိုပါဘူး... Chanလေးကလည်း ငါ့မောင်လေးပါပဲ..."
"ဒါနဲ့ နင် ငါ့ကို ပြောစရာရှိတယ်ဆို..."
"အေး ဟုတ်တယ်... ငါ နောက်လထဲ oppaအနောက်ကို လိုက်သွားတော့မလို့..."
"စောလိုက်တာ နင်ကလဲ..."
"သွားဖို့ အခွင့်ရေးက ခပ်စောစောရောက်လာလို့လေ... အဲ့တော့ Chanလေး တစ်ခုခုဖြစ်တိုင်း ငါ အရင်လိုမလာပေးနိုင်တော့ဘူးလို့ပြောမလို့..."
"အင်းပါ... ငါ နားလည်တယ် နင် သွားစရာရှိတာကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့သွား... နင် မရှိတော့ရင် ငါတို့ တခြားတစ်ယောက်နဲ့ပြမှာပေါ့..."
"နင့် စကားကလည်း ငါက သေရွာသွားမှာကျနေတာပဲ... ငါက Chanလေးကို စိတ်ပူလို့ပါ..."
"ငါ သိပါတယ်... ငါတို့ပေးသမျှ ဒုက္ခတွေကို ခံပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ် ငါ့ သူငယ်ချင်းလေး... နင်တို့ရဲ့ အချစ်ခရီးလမ်း အဆင်ပြေချောမွေ့ပါစေလို့ ငါဆုတောင်းပေးပါတယ်... လာပါဦး ခဏလောက်ဖက်ထားချင်လို့..."
Kris ကုတင်ထက် ထိုင်နေလျက်နဲ့ပင် လက်နှစ်ဖက်ကို ဆန့်ကားပေးလိုက်တော့ Haeraက Krisရင်ခွင်ထဲတိုးဝင်လာသည်...
ငယ်ငယ်လေးထဲက အတူရှိလာခဲ့တဲ့ သံယောဇဥ်တွေမို့ အခုလိုခွဲခွာရတော့မည်ဆိုတော့လည်း စိတ်မကောင်းမိ...
"Kris ငါ့ကို အမြဲဆက်သွယ်နော်..."
"အဲ့စကားက ငါပြောရမှာ... နင်က ဟိုမှာ နင့်ချစ်ချစ်ကြီးနဲ့တွေ့ပြီးရင် ငါ့ကိုပါ မေ့သွားမှာကို..."
Haeraကို ဖက်ထားသည်ကို ပြန်လွှတ်ပေးရင်း Kris ပြောလိုက်သည်...
"မမေ့ပါဘူးဟ... ငါ့မှာ ဒီသူငယ်ချင်းလေးတစ်ယောက်ပဲရှိတာကို ငါကမေ့သွားစရာလားလို့..."
"အေးပါ... ယုံလိုက်ပါမယ်..."
Kris စကားကြောင့် Haeraက Krisကို မျက်စောင်းထိုးရင်း...
"မယုံလည်း နေ... Kris ငါလည်း နောက်ရက်တွေမှာ ပြင်ဆင်စရာတွေရှိတာနဲ့ ဘာနဲ့ဆိုတော့ နင့်ကို လာတွေ့ဖြစ်ဖို့ သိပ်မလွယ်တော့ပေမယ့် မသွားခင်အချိန်ထိ တစ်ပတ်တစ်ခါလောက်တော့ နင့်ဆီကို လာဖြစ်အောင် လုပ်ပါမယ်..."
"ရပါတယ်... သွားခါနီးမှ လာတွေ့လည်း ငါ စိတ်မဆိုးပါဘူး... နင် လုပ်စရာရှိတာတွေကိုသာလုပ်..."
"အာ့ကြောင့်လည်း ငါ့ကို အမြဲနားလည်ပေးတက်တဲ့ သူငယ်ချင်းလေးကို ငါက ချစ်နေရတာပေါ့..."
Krisကို ဖက်ပြီးပြောလာတော့ Krisလည်း ပြန်ဖက်ထားလိုက်သည်...
"အဟမ်း!..."
ထိုစဥ်ကလေးငယ်၏ ချောင်းဟန့်သံကြောင့် တစ်ယောက်နဲ့တစ်ယောက် ဖက်ထားသည်ကို လွှတ်လိုက်ကြသည်... နှစ်ယောက်လုံးက ရိုးရိုးသားသားဖက်ထားကြတာပဲမို့ ကလေးငယ်အရှေ့မို့ ဟန်ပျက်တာမျိုးတွေလည်း မဖြစ်မိ...
"ကလေးငယ် နိုးပြီလား..."
"ဟုတ်... ဒါနဲ့ ကျွန်တော် အနှောင့်အယှက်များပေးမိသွားလား..."
"မဟုတ်ပါဘူး Chanလေးရဲ့... noonaက Krisကို နှုတ်ဆက်နေတာ... နှုတ်ဆက်ပြီးတာနဲ့ ပြန်တော့မလို့..."
"ဟုတ်ကဲ့..."
"ဒါဖြင့် ငါ ပြန်ပြီ Kris... Chanလေး noona ပြန်ပြီနော်..."
Haeraက Krisတို့ကို နှုတ်ဆက်ကာ ပြန်သွားတော့သည်...
"ကလေးငယ် hyung ဗိုက်ဆာတယ်..."
"ခုမှပဲ ဗိုက်ဆာဖို့ သတိရတယ်လား... ခုနကတော့ အကြည်စိုက်နေပြီးတော့များ..."
"ကလေးငယ်နော် hyungတို့က အဲ့လိုမဟုတ်တာ သိရဲ့နဲ့... ရပါတယ် ကလေးငယ် မကျွေးချင်ဘူးဆိုလည်း မစားတော့ပါဘူး..."
Kris မစားတော့ဘူးဟုဆိုကာ ပြန်လှဲအိပ်ရန်ပြင်လိုက်တော့ အနားသို့ရောက်လာသည်...
"ဘာစားချင်တာလဲပြော Sehun hyungတို့ကို လှမ်းမှာလိုက်မယ်..."
"ပင်လယ်စာ ချဥ်စပ်ခေါက်ဆွဲကို စပ်စပ်လေး မှာပေး..."
"အစပ်မစားရပါဘူး... ခုမှနေကောင်းခါစကို..."
"လုပ်ပါ ကလေးငယ်ကလည်း... နေကောင်းခါစမို့ ခံတွင်းလိုက်အောင် စားချင်တာ..."
"မလုပ်ဘူး... တစ်လကျော်လုံး ဘာအစာမှလက်မခံထားတာကို ချဥ်စပ်တွေသွားစားရင် ဒုက္ခရောက်သွားမှာပေါ့... အဲ့တော့ ဆန်ပြုတ်ပဲသောက်ရမယ်... ဆန်ပြုတ်ပဲ မှာလိုက်မယ်..."
ကလေးငယ်က ပြောလည်းပြော လက်ကလည်း Sehunတို့ဆီဖုန်းခေါ်နေလေသည်...
'Sehun hyung... ငါး ဆန်ပြုတ်ကောင်းကောင်းလေး နှစ်ပွဲလောက် ဝယ်လာပေးပါ...'
"ကလေးငယ် နှစ်ပွဲတောင် hyungမကုန်ဘူးနော်..."
"ကျွန်တော့်အတွက်ပါ တစ်ပွဲလေ..."
ဖုန်းချပြီး ဖြေပေးလာသော ကလေးငယ်ကြောင့် Krisလည်း ဘာမှမပြောတော့ နေမကောင်းချိန်ကလွဲရင် ဆန်ပြုတ်မသောက်သော ကလေးငယ်က ခု Krisကြောင့် သောက်မည်တဲ့လေ...
"ကလေးငယ် အလုပ်တွေလုပ်ရတာ ပင်ပန်းလား..."
"အင်း ပင်ပန်းတယ်... ဒါပေမယ့် Sehun hyungက အများကြီး ကူညီပေးတယ်..."
"အင်း ဒီအလုပ်တွေက တစ်ချိန်ကျ ကလေးငယ် လုပ်ရမယ့် အလုပ်တွေပဲ..."
"ကျွန်တော် မလုပ်ပါဘူး... ကျွန်တော်က Kris နေမကောင်းတဲ့အချိန် ခဏလေး ဝင်လုပ်ပေးတာ... ဒီအလုပ်တွေကို ကျွန်တော် စိတ်မဝင်စားသလို လုပ်လည်းမလုပ်ချင်ဘူး..."
"ဒါတွေက ကလေးငယ်ရဲ့ မိဘတွေက ကလေးငယ်အတွက်ထားခဲ့ပေးတာလေ..."
"ကျွန်တော် မလုပ်ချင်ဘူး... တကယ်လို့ Krisက ကျွန်တော့်လက်ထဲလွှဲပေးလာခဲ့ရင်လည်း ကျွန်တော်က ပစ်ထားလိုက်မှာ... Krisက ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့ဖို့တွေးနေပြီမလား... ဒါကြောင့် Galaxy companyကို လုပ်ထားတာမလား..."
"မဟုတ်ဘူး ကလေးငယ်... မဟုတ်ဘူး... hyung companyအသစ်လုပ်ထားတာကလည်း ပါးတို့ hyungအတွက်ပေးခဲ့တာကို မပျောက်မပျက်အောင် လုပ်လိုက်တဲ့သဘောပဲ... ကလေးငယ်ကို ထားခဲ့ဖို့ hyung ဘယ်တော့မှ မတွေးဖူးခဲ့ဘူး..."
"ဒါဆိုဘာလို့ ကျွန်တော့်ကို companyကို အုပ်ချုပ်ဖို့အတင်းလုပ်ခိုင်းနေရတာလဲ..."
"ဒါကတော့ကွာ... ပါးတို့ရဲ့ သဘောထားအတိုင်း hyungက လိုက်နာတာပါ..."
"Kris ကျွန်တော့်လက်ထဲ companyထည့်တာနဲ့ ကျွန်တော်က တခြားသူလက်ထဲပြန်ထည့်လိုက်မှာ... ကျွန်တော်က ပြောတဲ့အတိုင်းလုပ်တက်တာကို Kris သိပါတယ်..."
Krisက companyကို တခြားသူလက်ထဲ အပါမခံနိုင်မှန်းသိ၍ Chan ပြောလိုက်ခြင်းဖြစ်သည်...
"ဟုတ်ပါပြီ... hyungပဲဆက်လုပ်မယ် ဟုတ်ပြီလား..."
Chanရဲ့ ခြိမ်းခြောက်စကားက ထိရောက်ပုံပင်...
"တကယ်နော် Kris..."
"တကယ်ပါကွာ... ဒါနဲ့ ကလေးငယ် မွေးနေ့ကရော ဘယ်လိုဖြစ်သွားလဲ..."
"အလုပ်မှာပဲ အချိန်ကုန်သွားတယ်..."
Chan ပြောလိုက်တော့ စိတ်မကောင်းဖြစ်သွားတဲ့ Krisကို တွေ့လိုက်ရသည်...
"ဘာမှ စိတ်မကောင်းမဖြစ်နဲ့ Kris... မွေးနေ့ဆိုတာ ဒီတစ်နှစ်ထဲရှိတာမှ မဟုတ်တာ..."
"နောက်နှစ်ကျရင်တော့ hyungအကောင်းဆုံးလုပ်ပေးမယ်..."
"မွေးနေ့လုပ်ပေးတာတွေထက် Krisသာ ကျွန်တော့် အနားရှိနေပေးရင် ရပြီ..."
"စိတ်ချ hyungကို ကလေးငယ်က ထွက်သွားလို့ မပြောမချင်း hyungက ကလေးငယ် အနားက ဘယ်တော့မှ ထွက်မသွားဘူး..."
"အင်း... ကျွန်တော်ကလည်း Krisကို ထွက်သွားဆိုတဲ့စကား ဘယ်တော့မှ ပြောမှာမဟုတ်ဘူး..."
မဖြူစင်တော့တဲ့ ချစ်ခြင်းတွေနဲ့ ပိုင်ဆိုင်လိုစိတ်တွေက ကျွန်တော့်အနားကနေ Krisကို ဘယ်တော့မှ ထွက်သွားစေခွင့်ပြုမှာမဟုတ်ဘူး Kris...
#22062022
Thanks for reading and voting.
ကြယ်လေးတွေက အရင်လိုသိပ်အများကြီးမရတော့ပေမယ့် ပေးတဲ့သူတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ် 💖... မကောင်းမကန်းလေးကို သဘောကျပေးလို့ကျေးဇူးပါ 🥰...
ကိုယ့် acc nameလေးပြောင်းထားပါတယ် 😁
mintae_2min => may_0923
Pic #allforkrisyeol
*****************************************************
Zawgyi ♡
Kris ႏိုးလာေတာ့ တစ္ခန္းလုံး အသံတိတ္ေနေသာေၾကာင့္ ထထိုင္ကာ အခန္းထဲကို ေဝ့ဝိုက္ၾကည့္မိေတာ့ ခပ္လွမ္းလွမ္းရွိ စားပြဲေပၚတြင္ အလုပ္လုပ္ရင္း အိပ္ေပ်ာ္သြားပုံေသာ ကေလးငယ္ကလြဲ၍ တစ္ခန္းလုံးတြင္ ဘယ္သူမွရွိမေန...
ဒါနဲ႔ပဲ Krisလည္း ကုတင္ေပၚမွ ဆင္းကာ ကေလးငယ္အနားသြားလိုက္ၿပီး ေဘးနားရွိခုံတြင္ထိုင္လိုက္သည္... ထိခိုက္ထားေသာ ေျခေထာက္တစ္ဖက္ေၾကာင့္ ကေလးငယ္အနားေရာက္ဖို႔ အေတာ္အားယူကာ သြားလိုက္ရသည္....
ၾကမ္းျပင္ေပၚထိုင္ကာ အလုပ္လုပ္ရင္းက အိပ္ေပ်ာ္သြားပုံရေသာ ကေလးငယ္၏မ်က္ႏွာထက္တြင္ အုပ္ေနေသာဆံပင္တို႔ကို အသာဖယ္ေပးရင္း တစ္ျခမ္းသာျမင္ရေသာ မ်က္ႏွာေလးကို ၾကည့္မိေတာ့ အရင္နဲ႔မတူ အနည္းငယ္ေခ်ာင္က်သြားေသာ မ်က္ႏွာေလးက အလုပ္ေတြ တအားပင္ပန္းေနမွန္းသိသာလွသည္...
*တအားပင္ပန္းေနခဲ့တာလား ကေလးငယ္... ကေလးငယ္ကို ပင္ပန္းေစမိခဲ့လို hyungေတာင္းပန္ပါတယ္ေနာ္...*
"Kris ငါလာတယ္..."
ကေလးငယ္ မ်က္ႏွာေလးကိုၾကည့္ရင္း ေတာင္းပန္စကားတို႔ကို တီးတိုးဆိုမိခိုက္ Haera အသံေၾကာင့္ အခန္းဝသို႔ လွမ္းၾကည့္လိုက္ရင္း အသံတိုးတိုးေျပာရန္ ေျပာလိုက္သည္...
"ကေလးငယ္ အိပ္ေနလို႔ တိုးတိုးေျပာ..."
"ေအး ေအး... နင့္ အေျခေနလာၾကည့္တာ..."
Krisေျပာလိုက္၍ Haeraက ၾကားရ႐ုံေလသံျဖင့္သာ ေျပာလာေတာ့သည္....
"ဟိုဘက္မွာ သြားေျပာမယ္... ငါ့ကို လာတြဲေပးဦး..."
Haeraကို ကူတြဲေပးရန္ေျပာလိုက္ၿပီးေနာက္ ႏွစ္ေယာက္သား စကားေျပာရန္ ကုတင္ဘက္ဆီျပန္သြားခဲ့လိုက္ၾကသည္...
"ေနရတာ သက္သာရဲ႕လား... တစ္ခုခု အဆင္မေျပတဲ့ေနရာေရာရွိလား..."
Haeraက Krisကို ကုတင္ေပၚေနရာခ်ေပးၿပီးေနာက္ ကုတင္ေဘးနားက ခုံတြင္ဝင္ထိုင္ကာ ေမးလာသည္...
"ဟင့္အင္း... အကုန္ဆင္ေျပတယ္..."
"ေတာ္ေသးတာေပါ့... နင္ သတိရလာတာ... မဟုတ္ရင္ Chanေလးလည္း အလုပ္တစ္ဖက္ နင့္ကိုၾကည့္ရတာတစ္ဖက္နဲ႔ ၾကာရင္ လဲေတာ့မယ္..."
"ကေလးငယ္လည္း ေတာ္ေတာ္ပင္ပန္းေနတယ္ ထင္တယ္... တအားလည္း ပိန္သြားတယ္..."
"မပင္ပန္းပဲေနမလား... အလုပ္လည္းလုပ္ အလုပ္ကျပန္လာတာနဲ႔ အိမ္ေတာင္မျပန္ပဲ နင့္အနားမွာေနနဲ႔ လဲမသြားတာပဲကံေကာင္း..."
"အစားအေသာက္ေတြေရာ ေကာင္းေကာင္းစားရဲ႕လား..."
"စားတယ္... တစ္ခါတစ္ေလ ငါလည္း အိမ္ကေနခ်က္လာေပးတယ္..."
"နင္ ခ်က္လာေပးတာကိုလည္း ကေလးငယ္ စားတယ္ေပါ့..."
"စားတယ္ေလ... ဘာျဖစ္လို႔လဲ..."
ကေလးငယ္က Haera ခ်က္ယူလာေပးေသာ အစားအေသာက္ေတြကို စားသည္ဆိုေတာ့ စကားေၾကာင့္ Kris အံ့ဩသည္ထက္ပိုမိေတာ့သည္... Haeraနဲ႔ ပတ္သတ္မႈကို ရွင္းျပထားတာေၾကာင့္ ကေလးငယ္၏ Haeraအေပၚထားတဲ့ သေဘာထားေတြက ေျပာင္းလဲသြားပုံပင္...
"မပူပါနဲ႔ Krisရယ္... Chanေလးနဲ႔ ဘာက တည့္တယ္မတည့္ဘူးဆို ငါသိပါတယ္ဟ..."
"ေအးပါ ဒီအေတာအတြင္း ကေလးငယ္ကို ၾကည့္ေပးထားလို႔ ေက်းဇူးပါပဲ..."
"ငါတို႔ၾကားမွာ အဲ့စကားကမလိုပါဘူး... Chanေလးကလည္း ငါ့ေမာင္ေလးပါပဲ..."
"ဒါနဲ႔ နင္ ငါ့ကို ေျပာစရာရွိတယ္ဆို..."
"ေအး ဟုတ္တယ္... ငါ ေနာက္လထဲ oppaအေနာက္ကို လိုက္သြားေတာ့မလို႔..."
"ေစာလိုက္တာ နင္ကလဲ..."
"သြားဖို႔ အခြင့္ေရးက ခပ္ေစာေစာေရာက္လာလို႔ေလ... အဲ့ေတာ့ Chanေလး တစ္ခုခုျဖစ္တိုင္း ငါ အရင္လိုမလာေပးႏိုင္ေတာ့ဘူးလို႔ေျပာမလို႔..."
"အင္းပါ... ငါ နားလည္တယ္ နင္ သြားစရာရွိတာကိုသာ စိတ္ေျဖာင့္ေျဖာင့္နဲ႔သြား... နင္ မရွိေတာ့ရင္ ငါတို႔ တျခားတစ္ေယာက္နဲ႔ျပမွာေပါ့..."
"နင့္ စကားကလည္း ငါက ေသ႐ြာသြားမွာက်ေနတာပဲ... ငါက Chanေလးကို စိတ္ပူလို႔ပါ..."
"ငါ သိပါတယ္... ငါတို႔ေပးသမွ် ဒုကၡေတြကို ခံေပးခဲ့တာကိုလည္း ေက်းဇူးတင္ပါတယ္ ငါ့ သူငယ္ခ်င္းေလး... နင္တို႔ရဲ႕ အခ်စ္ခရီးလမ္း အဆင္ေျပေခ်ာေမြ႕ပါေစလို႔ ငါဆုေတာင္းေပးပါတယ္... လာပါဦး ခဏေလာက္ဖက္ထားခ်င္လို႔..."
Kris ကုတင္ထက္ ထိုင္ေနလ်က္နဲ႔ပင္ လက္ႏွစ္ဖက္ကို ဆန္႔ကားေပးလိုက္ေတာ့ Haeraက Krisရင္ခြင္ထဲတိုးဝင္လာသည္...
ငယ္ငယ္ေလးထဲက အတူရွိလာခဲ့တဲ့ သံေယာဇဥ္ေတြမို႔ အခုလိုခြဲခြာရေတာ့မည္ဆိုေတာ့လည္း စိတ္မေကာင္းမိ...
"Kris ငါ့ကို အၿမဲဆက္သြယ္ေနာ္..."
"အဲ့စကားက ငါေျပာရမွာ... နင္က ဟိုမွာ နင့္ခ်စ္ခ်စ္ႀကီးနဲ႔ေတြ႕ၿပီးရင္ ငါ့ကိုပါ ေမ့သြားမွာကို..."
Haeraကို ဖက္ထားသည္ကို ျပန္လႊတ္ေပးရင္း Kris ေျပာလိုက္သည္...
"မေမ့ပါဘူးဟ... ငါ့မွာ ဒီသူငယ္ခ်င္းေလးတစ္ေယာက္ပဲရွိတာကို ငါကေမ့သြားစရာလားလို႔..."
"ေအးပါ... ယုံလိုက္ပါမယ္..."
Kris စကားေၾကာင့္ Haeraက Krisကို မ်က္ေစာင္းထိုးရင္း...
"မယုံလည္း ေန... Kris ငါလည္း ေနာက္ရက္ေတြမွာ ျပင္ဆင္စရာေတြရွိတာနဲ႔ ဘာနဲ႔ဆိုေတာ့ နင့္ကို လာေတြ႕ျဖစ္ဖို႔ သိပ္မလြယ္ေတာ့ေပမယ့္ မသြားခင္အခ်ိန္ထိ တစ္ပတ္တစ္ခါေလာက္ေတာ့ နင့္ဆီကို လာျဖစ္ေအာင္ လုပ္ပါမယ္..."
"ရပါတယ္... သြားခါနီးမွ လာေတြ႕လည္း ငါ စိတ္မဆိုးပါဘူး... နင္ လုပ္စရာရွိတာေတြကိုသာလုပ္..."
"အာ့ေၾကာင့္လည္း ငါ့ကို အၿမဲနားလည္ေပးတက္တဲ့ သူငယ္ခ်င္းေလးကို ငါက ခ်စ္ေနရတာေပါ့..."
Krisကို ဖက္ၿပီးေျပာလာေတာ့ Krisလည္း ျပန္ဖက္ထားလိုက္သည္...
"အဟမ္း!..."
ထိုစဥ္ကေလးငယ္၏ ေခ်ာင္းဟန္႔သံေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ဖက္ထားသည္ကို လႊတ္လိုက္ၾကသည္... ႏွစ္ေယာက္လုံးက ႐ိုး႐ိုးသားသားဖက္ထားၾကတာပဲမို႔ ကေလးငယ္အေရွ႕မို႔ ဟန္ပ်က္တာမ်ိဳးေတြလည္း မျဖစ္မိ...
"ကေလးငယ္ ႏိုးၿပီလား..."
"ဟုတ္... ဒါနဲ႔ ကြၽန္ေတာ္ အေႏွာင့္အယွက္မ်ားေပးမိသြားလား..."
"မဟုတ္ပါဘူး Chanေလးရဲ႕... noonaက Krisကို ႏႈတ္ဆက္ေနတာ... ႏႈတ္ဆက္ၿပီးတာနဲ႔ ျပန္ေတာ့မလို႔..."
"ဟုတ္ကဲ့..."
"ဒါျဖင့္ ငါ ျပန္ၿပီ Kris... Chanေလး noona ျပန္ၿပီေနာ္..."
Haeraက Krisတို႔ကို ႏႈတ္ဆက္ကာ ျပန္သြားေတာ့သည္...
"ကေလးငယ္ hyung ဗိုက္ဆာတယ္..."
"ခုမွပဲ ဗိုက္ဆာဖို႔ သတိရတယ္လား... ခုနကေတာ့ အၾကည္စိုက္ေနၿပီးေတာ့မ်ား..."
"ကေလးငယ္ေနာ္ hyungတို႔က အဲ့လိုမဟုတ္တာ သိရဲ႕နဲ႔... ရပါတယ္ ကေလးငယ္ မေကြၽးခ်င္ဘူးဆိုလည္း မစားေတာ့ပါဘူး..."
Kris မစားေတာ့ဘူးဟုဆိုကာ ျပန္လွဲအိပ္ရန္ျပင္လိုက္ေတာ့ အနားသို႔ေရာက္လာသည္...
"ဘာစားခ်င္တာလဲေျပာ Sehun hyungတို႔ကို လွမ္းမွာလိုက္မယ္..."
"ပင္လယ္စာ ခ်ဥ္စပ္ေခါက္ဆြဲကို စပ္စပ္ေလး မွာေပး..."
"အစပ္မစားရပါဘူး... ခုမွေနေကာင္းခါစကို..."
"လုပ္ပါ ကေလးငယ္ကလည္း... ေနေကာင္းခါစမို႔ ခံတြင္းလိုက္ေအာင္ စားခ်င္တာ..."
"မလုပ္ဘူး... တစ္လေက်ာ္လုံး ဘာအစာမွလက္မခံထားတာကို ခ်ဥ္စပ္ေတြသြားစားရင္ ဒုကၡေရာက္သြားမွာေပါ့... အဲ့ေတာ့ ဆန္ျပဳတ္ပဲေသာက္ရမယ္... ဆန္ျပဳတ္ပဲ မွာလိုက္မယ္..."
ကေလးငယ္က ေျပာလည္းေျပာ လက္ကလည္း Sehunတို႔ဆီဖုန္းေခၚေနေလသည္...
'Sehun hyung... ငါး ဆန္ျပဳတ္ေကာင္းေကာင္းေလး ႏွစ္ပြဲေလာက္ ဝယ္လာေပးပါ...'
"ကေလးငယ္ ႏွစ္ပြဲေတာင္ hyungမကုန္ဘူးေနာ္..."
"ကြၽန္ေတာ့္အတြက္ပါ တစ္ပြဲေလ..."
ဖုန္းခ်ၿပီး ေျဖေပးလာေသာ ကေလးငယ္ေၾကာင့္ Krisလည္း ဘာမွမေျပာေတာ့ ေနမေကာင္းခ်ိန္ကလြဲရင္ ဆန္ျပဳတ္မေသာက္ေသာ ကေလးငယ္က ခု Krisေၾကာင့္ ေသာက္မည္တဲ့ေလ...
"ကေလးငယ္ အလုပ္ေတြလုပ္ရတာ ပင္ပန္းလား..."
"အင္း ပင္ပန္းတယ္... ဒါေပမယ့္ Sehun hyungက အမ်ားႀကီး ကူညီေပးတယ္..."
"အင္း ဒီအလုပ္ေတြက တစ္ခ်ိန္က် ကေလးငယ္ လုပ္ရမယ့္ အလုပ္ေတြပဲ..."
"ကြၽန္ေတာ္ မလုပ္ပါဘူး... ကြၽန္ေတာ္က Kris ေနမေကာင္းတဲ့အခ်ိန္ ခဏေလး ဝင္လုပ္ေပးတာ... ဒီအလုပ္ေတြကို ကြၽန္ေတာ္ စိတ္မဝင္စားသလို လုပ္လည္းမလုပ္ခ်င္ဘူး..."
"ဒါေတြက ကေလးငယ္ရဲ႕ မိဘေတြက ကေလးငယ္အတြက္ထားခဲ့ေပးတာေလ..."
"ကြၽန္ေတာ္ မလုပ္ခ်င္ဘူး... တကယ္လို႔ Krisက ကြၽန္ေတာ့္လက္ထဲလႊဲေပးလာခဲ့ရင္လည္း ကြၽန္ေတာ္က ပစ္ထားလိုက္မွာ... Krisက ကြၽန္ေတာ့္ကို တစ္ေယာက္တည္း ထားခဲ့ဖို႔ေတြးေနၿပီမလား... ဒါေၾကာင့္ Galaxy companyကို လုပ္ထားတာမလား..."
"မဟုတ္ဘူး ကေလးငယ္... မဟုတ္ဘူး... hyung companyအသစ္လုပ္ထားတာကလည္း ပါးတို႔ hyungအတြက္ေပးခဲ့တာကို မေပ်ာက္မပ်က္ေအာင္ လုပ္လိုက္တဲ့သေဘာပဲ... ကေလးငယ္ကို ထားခဲ့ဖို႔ hyung ဘယ္ေတာ့မွ မေတြးဖူးခဲ့ဘူး..."
"ဒါဆိုဘာလို႔ ကြၽန္ေတာ့္ကို companyကို အုပ္ခ်ဳပ္ဖို႔အတင္းလုပ္ခိုင္းေနရတာလဲ..."
"ဒါကေတာ့ကြာ... ပါးတို႔ရဲ႕ သေဘာထားအတိုင္း hyungက လိုက္နာတာပါ..."
"Kris ကြၽန္ေတာ့္လက္ထဲ companyထည့္တာနဲ႔ ကြၽန္ေတာ္က တျခားသူလက္ထဲျပန္ထည့္လိုက္မွာ... ကြၽန္ေတာ္က ေျပာတဲ့အတိုင္းလုပ္တက္တာကို Kris သိပါတယ္..."
Krisက companyကို တျခားသူလက္ထဲ အပါမခံႏိုင္မွန္းသိ၍ Chan ေျပာလိုက္ျခင္းျဖစ္သည္...
"ဟုတ္ပါၿပီ... hyungပဲဆက္လုပ္မယ္ ဟုတ္ၿပီလား..."
Chanရဲ႕ ၿခိမ္းေျခာက္စကားက ထိေရာက္ပုံပင္...
"တကယ္ေနာ္ Kris..."
"တကယ္ပါကြာ... ဒါနဲ႔ ကေလးငယ္ ေမြးေန႔ကေရာ ဘယ္လိုျဖစ္သြားလဲ..."
"အလုပ္မွာပဲ အခ်ိန္ကုန္သြားတယ္..."
Chan ေျပာလိုက္ေတာ့ စိတ္မေကာင္းျဖစ္သြားတဲ့ Krisကို ေတြ႕လိုက္ရသည္...
"ဘာမွ စိတ္မေကာင္းမျဖစ္နဲ႔ Kris... ေမြးေန႔ဆိုတာ ဒီတစ္ႏွစ္ထဲရွိတာမွ မဟုတ္တာ..."
"ေနာက္ႏွစ္က်ရင္ေတာ့ hyungအေကာင္းဆုံးလုပ္ေပးမယ္..."
"ေမြးေန႔လုပ္ေပးတာေတြထက္ Krisသာ ကြၽန္ေတာ့္ အနားရွိေနေပးရင္ ရၿပီ..."
"စိတ္ခ် hyungကို ကေလးငယ္က ထြက္သြားလို႔ မေျပာမခ်င္း hyungက ကေလးငယ္ အနားက ဘယ္ေတာ့မွ ထြက္မသြားဘူး..."
"အင္း... ကြၽန္ေတာ္ကလည္း Krisကို ထြက္သြားဆိုတဲ့စကား ဘယ္ေတာ့မွ ေျပာမွာမဟုတ္ဘူး..."
မျဖဴစင္ေတာ့တဲ့ ခ်စ္ျခင္းေတြနဲ႔ ပိုင္ဆိုင္လိုစိတ္ေတြက ကြၽန္ေတာ့္အနားကေန Krisကို ဘယ္ေတာ့မွ ထြက္သြားေစခြင့္ျပဳမွာမဟုတ္ဘူး Kris...
#22062022
Thanks for reading and voting.
ၾကယ္ေလးေတြက အရင္လိုသိပ္အမ်ားႀကီးမရေတာ့ေပမယ့္ ေပးတဲ့သူတစ္ဦးခ်င္းစီကိုလည္း ေက်းဇူးတင္ပါတယ္ 💖... မေကာင္းမကန္းေလးကို သေဘာက်ေပးလို႔ေက်းဇူးပါ 🥰...
ကိုယ့္ acc nameေလးေျပာင္းထားပါတယ္ 😁
mintae_2min => may_0923
Pic #allforkrisyeol