I'm Not A Girl |TK|✓

By xinyin_wangqi

87.4K 9.2K 442

အချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End... More

ရှီလာသို့ကူးပြောင်းခြင်း
လက်ဆက်ခြင်း
သဘောတူညီချက်
မင်္ဂလာအိပ်ခန်းဟူသည်
နန်းတော်သို့ဝင်ရောက်ခြင်း
သတို့သမီးအိမ်တော်သို့ ပထမဆုံးပြန်ခြင်း
ချဉ်ပေါင်သီးများ
လျှို့ဝှက်ချက်တို့ ပေါ်ပေါက်ခြင်း
ကြင်ယာတော်အား ပြန်ခေါ်ခြင်း
တော်ဝင်မီးပုံးပွဲတော်
မန်ဒရင်းမီးပုံးလေး
လက်ဖက်စိမ်းရေနွေးကြမ်း
မင်းသားယူဂျင်
ကြင်ယာတော်၏ တစ်ပတ်တာလုပ်ဆောင်ချက်များ
ဖိတ်ကြားချက်
ချစ်ခြင်းတို့ အစပြုရာ
နဂါးမင်းသမီးလေးပုံပြင်
မနက်စာ
အမဲလိုက်ပွဲ
အတွင်းကျကျထိတွေ့ခြင်း
စစ်ထွက်တော့မည်
ဝိုင်ပြုလုပ်ခြင်း
ကုန်သည်ကိုယ်စားလှယ် အန်းယွမ်
ထက်မြက်လှသည့် ကြင်ယာတော်
လက်ဆောင်
လူပုံအလယ်ဝယ်
အိမ်တော်ပြန်ရောက်ခြင်း
ချစ်စကားတို့ဖွင့်ဟခြင်း
ဆင်တူဝတ်စုံ
Dandelion
ရာထူးဂုဏ်အင်တို့ စွန့်လွှတ်ခြင်း
ချိုမြိန်သောစိတ်ကူးနှင့် ရွာငယ်လေးဆီသို့
ရွာသားတို့၏ ကျန်းမာရေးပြဿနာ
ခွဲခွာခြင်းပြယုဒ်
Extra 1 : ပြန်လည်တွေ့ဆုံခြင်း
Extra 2 : Forget About Tomorrow
အမေးအဖြေ

နောက်ဆုံးသောထွက်သက်

2K 201 3
By xinyin_wangqi

(Unicode)

အပိုင်း - ၃၅ (ဇာတ်သိမ်း)

ချစ်သူနှစ်ဦးကြားက " ယုံကြည်ခြင်း " ဟူသည့်စကားစုလေးသည် ထိုအခါမျိုး၌ အရေးပါသည့်အရာဖြစ်သည် ။ ထယ်ယောင်းပြောသည့်စကားများသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ " ခွဲခွာရခြင်း " ဟူသည့်အဖြစ်အပျက်ကို ဂျောင်ကုတကယ် ကြောက်ရွံပါသည် ။ ရှီလာနိုင်ငံတော်ကြီး၏ အရေးအခင်းကို ပုခုံးပေါ်တင်၍ မြောက်များစွာသော စစ်ပွဲတို့ကိုကြုံဖူးသော်လည်း ထိုကဲ့သို့မကြောက်လန့်ခဲ့ဖူးပေ ။

သို့သော် ချစ်ရသူနှင့်ခွဲခွာရခြင်းကိုတော့ ဂျောင်ကုတကယ်ကြောက်ပါသည် ။ အချစ်သည် ပျော်ရွှင်မှုကို‌ပေးအပ်သည် ။ အချစ်သည် နူးညံ့ခြင်း ၊ သာယာခြင်း စသောပိတိအပြုံးတို့ကိုပေးအပ်သည် ။ ထို့ပြင် အချစ်ဆိုသည့်အရာကပဲ ဝမ်းနည်းခြင်း ၊ နာကျင်ခြင်း ၊ ကွဲကွာခြင်း ၊ ခွဲခွာခြင်း ဟူသည့်အရာတို့ကို ဆောင်ယူလာပြန်သည် ။ ကောင်းခြင်း ၊ ဆိုးခြင်းအရာနှစ်ခုဒွန်တွဲနေသည့် အချစ်သည် လူသားတို့အား ချစ်တတ်အောင်သင်ပေးသကဲ့သို့...မုန်းသွားအောင်လည်းပြုလုပ်နိုင်ကြသည် ။

ဒုဓလီပန်းခင်းကြီး၌ တင်းကျပ်စွာဖက်တွယ်ထားကြသည့် လူသားနှစ်ဦးသည်လည်း အချစ်ဆိုသည့်အရာတွင် ကျရှုံးခဲ့ကြသူများပင်ဖြစ်ပေသည် ။ ချစ်တတ်ခြင်းနှလုံးသားတစ်စုံကိုသာအရင်းတည်ခဲ့ကြသည့် သူတို့နှစ်ဦးသည် စင်စစ်လျှင် ယောင်္ကျားသားနှစ်ဦးပင်ဖြစ်ကြသည် ။ လောကကြီး၏နိယာမအရ လိင်တူချစ်ခြင်းသည် မဖြစ်သင့်သောအရာတစ်ခုဟုယူဆကြပေလိမ့်မည် ။ သို့သော် မှားသည် ။ ယောင်္ကျားဖြစ်စေ ၊ မိန်းမဖြစ်စေ မည်သူမဆို ချစ်ခွင့်ရှိသည် ။ ၎င်းကို ဒီချစ်သူစုံတွဲက သက်သေပြနေခဲ့ပြီမဟုတ်လား ။

ဝေးကွာလွန်းသည့် ခေတ်နှစ်ခေတ်၌ မွေးဖွားခဲ့ကြသည့်သူတို့နှစ်ဦးသည် သုံးနှစ်တာဟူသော တဒင်္ဂအတွင်းမှာပင် ချစ်ခဲ့ကြသည် ။ ထို့ကြောင့် အချစ်သည် မျက်လုံးဖြင့်တပ်အပ်မမြင်ရသော်လည်း အင်အားကြီးသည် ။ ဝေးကွာလွန်းသည်ဖြစ်စေ ၊ နီးကပ်လွန်းသည်ဖြစ်စေ အချစ်ဆိုသည့်အရာရှိနေခဲ့ပါက အရာအားလုံး သူ့အလိုလိုဖြစ်လာလိမ့်မည်ပင် ။

ရှိုက်သံတစ်ချို့နှင့်အတူ ဒုဓလီပန်းပင်လယ်ကြီးအတွင်း၌ ဖက်တွယ်ထားကြသူနှစ်ဦးသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပင်မေ့လျော့နေဟန်ရှိသည် ။ ကောင်းကင်ကြီး ပုဇွန်ဆီရောင်သန်းပြီး၍ အနက်ရောင်ကမ္ဗလာခင်းကြီးကဲ့သို့ ပြောင်းလဲလာချိန်တွင် ပတ်ဝန်းကျင်၏လေထုသည် တဖြည်းဖြည်းအေးစက်လာသည် ။ ကောင်းကင်ကြီး၌ တိမ်ထူထပ်နေသည်ဖြစ်သောကြောင့် လမင်းကြီးနှင့် ကြယ်ကလေးတို့မှာလည်း တိမ်များ၏အကြားတွင် ကွယ်ပျောက်လျက်ရှိသည် ။

ပတ်ဝန်းကျင်အခြေအနေကို ဦးလျင်စွာသတိထားမိသူဂျောင်ကုက ရင်ခွင်ထဲမှ ထယ်ယောင်းကို မျက်နှာချင်းဆိုင်လိုက်ပြီး ထယ်ယောင်း၏ပါးပြင်ပေါ်မှ မျက်ရည်စလေးများကို အနမ်းခပ်ဖွဖွခြွေ၍သုတ်ပေးလိုက်သည် ။ ပြီးလျှင်နှုတ်မှလည်း ထယ်ယောင်းအားနှစ်သိမ့်သော စကားတို့ကိုဆိုသည်

" ဘေဘီ...တကယ်လို့ ဘေဘီက ကိုယ်နဲ့ဝေးရာနေရာကို ပြန်သွားရမယ်ဆိုရင်တောင် ကိုယ်နဲ့ ဘေဘီနဲ့က ပြန်ဆုံကြမှာပါ "

" ဘယ်လိုမျိုးလဲ ? ဘယ်လိုပြန်ဆုံနိုင်ကြမလဲ ? "

ဒါကမဖြစ်နိုင်မှန်းသိပေမဲ့ ထယ်ယောင်းအနည်းငယ်တော့ မျှော်လင့်ချက်လေးထားချင်ပါသေးသည် ။ မျှော်လင့်ချက်လေးသန်းနေသည့် မျက်ဝန်းလေးများဖြင့်ကြည့်နေသည့် ထယ်ယောင်းကြောင့် ဂျောင်ကု ခပ်ဟဟရယ်လိုက်ကာ အနည်းငယ်အက်ရှနေသည့်အသံဖြင့် ပြန်လည်ဖြေကြားသည် ။

" ဒုဓလီပန်းလေးရဲ့ ပွင့်ဖတ်တွေညှိုးလို့...အဖိုးကြီးမုတ်ဆိတ်တွေ ဖြစ်သွားတဲ့နေ့ကျရင် ကိုယ်တို့နှစ်ယောက် ပြန်ဆုံကြမယ် "

ထယ်ယောင်းပြုံးသည် ။ တကယ်ပြန်တွေ့မည် မတွေ့မည်ကိုအသာထား ဂျောင်ကုပြောသည့် ဒီစကားလေးက သူ့နှလုံးသားလေးကိုသိမ့်ခနဲနွေးထွေးသွားစေသည် ။

" ဒါဆို အချစ်က ထယ့်ကိုလာရှာမှာပေါ့ ? "

" အင်း...လာရှာမှာ ကိုယ်ဘေဘီ့ကိုမတွေ့မချင်းလိုက်ရှာနေမှာ "

" ထယ်နေတဲ့နေရာကအဝေးကြီးရယ်... အချစ်က ဘယ်လိုလာရှာမှာလဲဟင် ? "

" ကိုယ်တို့နှစ်ယောက်ရဲ့ အတိတ်တွေကိုအောက်မေ့ပြီး...ဘေဘီလေးရဲ့ ခြေရာလေးတွေနောက်ကိုလိုက်မယ်...အဲ့ဒီခါကျရင်ဘေဘီက ခြေလှမ်းတွေကိုရပ်တန့်ထားပေးပေါ့...ဒါဆိုရင် ကိုယ်တို့မြန်မြန်ပြန်ဆုံနိုင်မှာ "

ဒါဟာ စိတ်ကူးယဉ်မှုတစ်ခု၏ အပြောသက်သက်သာ ဖြစ်နေမည်ဆိုလျှင်တောင် ထယ်ယောင်းကျေနပ်ပါသည် ။ အနည်းဆုံးတော့သူတို့က အခုထိအတူတူရှိနေကြသေးတာပဲမဟုတ်လား ။ မျက်တောင်တစ်ခတ်စာလေးမှာတောင် ပျောက်ကွယ်သွားနိုင်သည့်သူက နောက်ဆုံးချိန်ထိ ဂျောင်ကုနဲ့ပဲအတူတူရှိနေရရင်ကိုပျော်ပါသည် ။

ဒုဓလီပန်းခင်းကြီးထဲ၌ ပျော်ရွှင်နေသည့် သူတို့နှစ်ဦးသည် " ဝေးကွာခြင်း " ဆိုသည့်အရာကိုတောင် မမှုတော့သည့်ဟန် ။ ပြန်လည်တွေ့ဆုံနိုင်ခြင်း၏ " ယုံကြည်မှု " ဆိုသည့်အရာအားအရင်းပြုပြီး အရာရာကိုမျက်စိမှိတ်ကာယုံပစ်လိုက်တော့မည့် သူတို့နှစ်ဦးသည် နာကျင်ရသည့် အရာတိုင်းကို အချစ်၏စွမ်းအားနှင့် ကျော်ဖြတ်နိုင်ခဲ့ကြပါသည် ။

သို့သော် ညအမှောင်ကိုအမှီပြုကာ တိတ်တဆိတ်ချဉ်းကပ်လာသည့် လူတစ်စုကို သူတို့သတိမထားမိလိုက်ကြပါပေ ။ ထို့ကြောင့် အချစ်က အရာအားလုံး၏ အာရုံခံစားနိုင်စွမ်းကိုပါ လွှမ်းမိုးနိုင်စွမ်းရှိပါသည် ။ ဟွာရန်းစစ်သူကြီးဖြစ်သည့် ဂျောင်ကုပင်လျှင် မှောင်ရိပ်ထဲရှိ ထိုလူတစ်စုကို အနည်းငယ်လေးတောင်မျှသတိမထားမိလိုက်ပေ ။

ထိုစဉ် လေဟုန်ကိုခွင်း၍ ပစ်လွှတ်လာသည့်မြှားတစ်စင်းသည် ဒုဓလီပန်းခင်းထဲ၌ တစ်ဦးကိုတစ်ဦးပြုံ၍ကြည့်နေကြသောာလူနှစ်ဦးထဲမှ တစ်ဦး၏ရင်ဝသို့ ဆိုက်ရောက်လေသည် ။ ရုတ်တရက်ဆန်လှသည်ဖြစ်သောကြောင့် နှစ်ဦးစလုံးမှာ ပြုံးနေရင်းပင် ရပ်တန့်သွားကြသည် ။ ထို့နောက် ပါးစပ်တွင်းမှစီးကျလာသည့် သွေးစများကြောင့် ဂျောင်ကုပြုံးလိုက်သည် ။

' မြှားက သူ့ကိုထိသွားခဲ့သည်ပဲ...ထယ်ယောင်း မနာကျင်သွားလို့တော်ပါသေးတယ် '

" အချစ်!!! "

ထယ်ယောင်း၏ အော်သံအဆုံးတွင် ပြိုလဲကာကျလာသည့် ဂျောင်ကုကိုယ်လုံးအား ထယ်ယောင်း ဝင်ထိန်းလိုက်သည် ။ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းကွာခြားတာကြောင့် ထယ်ယောင်းမှာ ဂျောင်းကု၏ကိုယ်လုံးကိုအနိုင်နိုင်ပွေ့ထားရသည် ။

" အစ်...အစ်...ဒီမြှားက အဆိပ်...အဆိပ်ပါတယ်ထင်တယ်...အစ်...ကိုယ်တောင် မခံနိုင်ဘူး ဟစ်.. "

" စကားမပြောပါနဲ့...ကျေးဇူးပြုပြီးစကားမပြောပါနဲ့ အချစ်ရယ် "

ထယ်ယောင်း မျက်ရည်များကျလာသည် ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း ။ အခုလေးတင်မှ သူတို့ရဲ့ပျော်ရွှင်မှုလေးရနေတုန်းလေ ။ အခုဘယ်လိုဖြစ်ရပြန်တာလဲ ။ ငိုကြွေးခြင်းတစ်ခုနဲ့အတူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိတော့ မျက်နှာချင်းဆိုင်အမှောင်ရိပ်ထဲမှ လက်နက်ကိုင်ထားသည့်လူတစ်စုထွက်လို့လာသည် ။ ကိုင်ဆောင်ထားကြသည့် ဓားကောက်ပုံသဏ္ဍာန်ကိုကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အိမ်ရှေ့မင်းသား၏ လုပ်ကြံရေးတပ်ဖွဲ့ဖြစ်ကြောင်းသိလိုက်ရသည် ။

" နာလား ညီတော် ? "

ခပ်မြူးမြူးအသံနှင့် နောက်ဆုံးမှထွက်ပေါ်လာသည့်သူက ရှီလာ၏အိမ်ရှေ့စံ ။ ရွှင်ပြနေသည့်ပုံစံနှင့် အိမ်ရှေ့စံက ဂျောင်ကုအသက်ငင်နေသည်ကိုကြည့်၍ ပျော်ရွှင်နေသည့်ပုံ ။

" အိမ်ရှေ့စံ...ဒါသဘောလဲ ? "

ထယ်ယောင်း လေသံမာမာနှင့်မေးတော့ အိမ်ရှေ့စံကရယ်သည် ။ ထို့နောက်ရုပ်ပြန်တည်သွားကာ ထယ်ယောင်းကိုပြူးကြည့်၍ဆိုသည်

" မုန်းလို့လေ...မုန်းလို့သတ်တာ...စိတ်မပူနဲ့ ညီတော်သေရင် မင်းကိုပါသတ်ပေးမယ်...ဟား ဟား ဟား...မြှားတံမှာပါတဲ့ အဆိပ်ကဖြေ‌ဆေးမရှိဘူး...ကြည့်ရတာတော့ ညီတော်ကမကြာခင်မှာပဲ သေရွာလားရတော့မဲ့ပုံပါပဲ...သူသေမှပဲ ငါ့ထီးနန်းကိုမခြိမ်းခြောက်နိုင်မှာ "

" မိုက်ရိုင်းယုတ်မာလိုက်တာ...အချစ်က အစကတည်းက ထီးနန်းမလိုချင်ကြောင်းပြောထားပြီးပြီပဲ...အရာအားလုံးကိုစွန့်လွှတ်ထားခဲ့တာတောင် ဘာလို့..."

" သူထီးနန်းမလိုချင်ဘူးဆိုရင် အစကတည်းက ဟွာရန်းတပ်ကို ငါကိုယ်တော်ဆီလွှဲပေးသင့်တာပေါ့...ဒါဆိုရင်တောင် သူအသက်ဆက်ရှင်နိုင်ဦးမှာ...အခုတော့ ဟက် သေရပြီလေ...သူသေတာနဲ့ဟွာရန်းတပ်ဖွဲ့ကြီးကငါကိုယ်တော်အတွက်ပဲ "

" ခင်ဗျား...."

ထယ်ယောင်း ဆက်ပြောဖို့လုပ်ပေမဲ့ ဂျောင်ကုက လက်ကိုအတင်းဆုပ်ကိုင်လာတာကြောင့် ထယ်ယောင်းပြောမည့်စကားတို့ရပ်သွားကာ ဂျောင်ကုကိုငုံ့ကြည့်လိုက်သည် ။ ဂျောင်ကုက စကားပြောချင်နေပုံရပေမဲ့ အဆိပ်ရှိန်ကြောင့် ဂျောင်ကုမှာ အသက်လုရှူနေရုံသာ တတ်နိုင်သည် ။

" ညီတော်လည်းမကြာခင် သေတော့မှာဆိုတော့ မင်းလည်း လိုက်သေချင်ရင်ရတယ် "

ဟုဆိုကာ အိမ်ရှေ့စံက ထယ်ယောင်းဆီသို့ ပုလင်းငယ်လေးတစ်လုံးပစ်ပေးလာသည် ။ ဒါဟာ မေးမကြည့်ရင်တောင် အဆိပ်မှန်း ထယ်ယောင်းသိပါသည်။ အိမ်ရှေ့စံက သူ့ကိုလည်း ဂျောင်ကုနဲ့အတူတူသေသွားစေချင်နေတာပဲ ။ ဂျောင်းကုအတွက် အဆိပ်ဖြေပေးလို့မရနိုင်မဲ့အတူတူတော့ ထယ်ယောင်းဘာဆက်လုပ်လို့ရနိုင်မှာတဲ့လဲ ။ ဂျောင်ကုက သူ့ကိုနှစ်ဆယ့်တစ်ရာစုမှာ ပြန်လာရှာမယ်လို့ ကတိပေးထားတယ်လေ ဒါကြောင့် ဒီအဆိပ်ကိုသောက်လိုက်ရင်လည်း သူပျော်ပါတယ်။ထို့နောက်တော့ ထယ်ယောင်းလည်း မြေပြင်ပေါ်ကျနေသည့် ခပ်ငယ်ငယ်ပုလင်းလေးကိုကောက်ကိုင်ကာ ပုလင်းထဲရှိအရည်များကို အချိန်မဆိုင်းဘဲ သောက်ပစ်လိုက်သည် ။

တဖြူးဖြူးတိုက်ခတ်သွားတဲ့ လေပြေလေးတွေက ဆံနွယ်လေးတွေကိုလာရောက်ကျီစားလို့နေသည် ။ ယိမ်းနွဲ့နေတဲ့ ဒုဓလီပင်က ပွင့်ဖတ်လေးတွေက လေပေါ်မှာပျံဝဲနေပြီး မြင်ကွင်းကိုလှပအောင်ပြုလုပ်ပေးလို့နေသည် ။ တစ်နေရာဆီမှ ‌အော်မြည်နေတဲ့ ပုစဉ်းရင်ကွဲကောင်တွေရဲ့ အော်သံက မိခင်သဘာဝတရားကြီးရဲ့ ပြည့်စုံမှုကိုဖော်ပြလို့နေသည် ။ ထို့ပြင် မြေပြင်ပေါ်၌ လဲကျနေသည့် လူသားနှစ်ဦးတို့ဟာလည်း တစ်ဦးကိုတစ်ဦးတင်းကျပ်စွာဖက်တွယ်ထားလို့နေသည် ။

ရိပ်ခနဲ ရိပ်ခနဲတက်လာသည့် ဝမ်းတွင်းတစ်နေရာမှ နာကျင်မှုတို့ကလည်း မီးစတွေကဲ့သို့ ပူလောင်လွန်းလှသည် ။ သို့သော် အနှီလူသားနှစ်ဦးတို့ကတော့ ၎င်းနာကျင်မှုတို့ကို ခံစားနိုင်ခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်လို့နေသည် ။ ပိတ်ကျသွားသည့် မျက်ဝန်းအစုံတို့နှင့် ရှူထုတ်လိုက်သည့် ‌နောက်ဆုံးသောလေငွေ့တို့က သူတို့နှစ်ဦးသည် နောက်ဆုံးထွက်သက်ထိ အတူရှိသွားခဲ့ပုံရပါသည် ။

သိပ်ချစ်ကြသည့် သိပ်မြတ်နိုးကြသည့် လူနှစ်ဦးသည် နောက်ဆုံးသော ထွက်သက်ထိကို တစ်ဦးကို တစ်ဦးချစ်သွားကြပါသည် ။

မည်သူကများသိနိုင်မည်လဲ သူတို့နှစ်ဦးဟာ ခေတ်ရေစီးကြောင်းများစွာ ကွာခြားတာတောင်မှ မရရအောင်တွေ့ဆုံပြီးချစ်ခဲ့ကြမယ်လို့ ။

မည်သူကများသိနိုင်မည်လဲ အကယ်၍သူတို့နှစ်ဦးသာ မတွေ့ဆုံဖြစ်ခဲ့ကြရင် သူတို့ရဲ့နှလုံးသားက အဆုံးမဲ့တဲ့အေးစက်ခြင်းတွေကြားမှာ ပိတ်မိနေလိမ့်မယ်လို့ ။

မည်သူများသိနိုင်မည်လဲ သူတို့နှစ်ဦးဟာ အနာဂါတ်မှာ ပြန်လည်ဆုံတွေ့ကြလိမ့်မည်လို့ ။

ဗေဒင်တွက်ပြီးတော့လား ၊ ယတြာချေပြီးတော့လား ။ သေချာတာတစ်ခုကတော့ ဘယ်သူမှ သူတို့နှစ်ဦးရဲ့အနာဂါတ်ကို မသိနိုင်ကြဘူးဆိုတာပါပဲ ။

ဒီဒုဓလီပန်းခင်းကြီးကို မနက်ခင်းလာကြည့်ကြတဲ့သူတွေကတော့ မင်းသားဟွမ်ဂျင်ဟာ အရိုးကြီးတစ်ခုကိုဖက်လျက် သေဆုံးနေတာကိုမြင်မိကြမှာပဲ ။ စဉ်းစားစရာက မင်းသားရဲ့ကြင်ယာတော်ဟာ ဘယ်လိုဖြစ်လို့ အရိုးစုဖြစ်သွားခဲ့ရတာကိုပဲ ။ ကောင်းပြီ... ကြည့်ရတာတော့ ဒါကလည်း နောက်ဆုံးချိန်ထိ ဇာတ်ကြောင်းရဲ့ မြှုပ်ကွက်ကြီးတစ်ခုပဲလေ ။

~ The End ~





----------------------------
Plz! Vote, Feedback and follow me 🎐










(Zawgyi)

အပိုင္း - ၃၅ (ဇာတ္သိမ္း)

ခ်စ္သူႏွစ္ဦးၾကားက " ယုံၾကည္ျခင္း " ဟူသည့္စကားစုေလးသည္ ထိုအခါမ်ိဳး၌ အေရးပါသည့္အရာျဖစ္သည္ ။ ထယ္ေယာင္းေျပာသည့္စကားမ်ားသည္ မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ " ခြဲခြာရျခင္း " ဟူသည့္အျဖစ္အပ်က္ကို ေဂ်ာင္ကုတကယ္ ေၾကာက္႐ြံပါသည္ ။ ႐ွီလာႏိုင္ငံေတာ္ႀကီး၏ အေရးအခင္းကို ပုခုံးေပၚတင္၍ ေျမာက္မ်ားစြာေသာ စစ္ပြဲတို႔ကိုၾကဳံဖူးေသာ္လည္း ထိုကဲ့သို႔မေၾကာက္လန္႔ခဲ့ဖူးေပ ။

သို႔ေသာ္ ခ်စ္ရသူႏွင့္ခြဲခြာရျခင္းကိုေတာ့ ေဂ်ာင္ကုတကယ္ေၾကာက္ပါသည္ ။ အခ်စ္သည္ ေပ်ာ္႐ႊင္မႈကို‌ေပးအပ္သည္ ။ အခ်စ္သည္ ႏူးညံ့ျခင္း ၊ သာယာျခင္း စေသာပိတိအျပဳံးတို႔ကိုေပးအပ္သည္ ။ ထို႔ျပင္ အခ်စ္ဆိုသည့္အရာကပဲ ဝမ္းနည္းျခင္း ၊ နာက်င္ျခင္း ၊ ကြဲကြာျခင္း ၊ ခြဲခြာျခင္း ဟူသည့္အရာတို႔ကို ေဆာင္ယူလာျပန္သည္ ။ ေကာင္းျခင္း ၊ ဆိုးျခင္းအရာႏွစ္ခုဒြန္တြဲေနသည့္ အခ်စ္သည္ လူသားတို႔အား ခ်စ္တတ္ေအာင္သင္ေပးသကဲ့သို႔...မုန္းသြားေအာင္လည္းျပဳလုပ္ႏိုင္ၾကသည္ ။

ဒုဓလီပန္းခင္းႀကီး၌ တင္းက်ပ္စြာဖက္တြယ္ထားၾကသည့္ လူသားႏွစ္ဦးသည္လည္း အခ်စ္ဆိုသည့္အရာတြင္ က်႐ႈံးခဲ့ၾကသူမ်ားပင္ျဖစ္ေပသည္ ။ ခ်စ္တတ္ျခင္းႏွလုံးသားတစ္စုံကိုသာအရင္းတည္ခဲ့ၾကသည့္ သူတို႔ႏွစ္ဦးသည္ စင္စစ္လွ်င္ ေယာက်ၤားသားႏွစ္ဦးပင္ျဖစ္ၾကသည္ ။ ေလာကႀကီး၏နိယာမအရ လိင္တူခ်စ္ျခင္းသည္ မျဖစ္သင့္ေသာအရာတစ္ခုဟုယူဆၾကေပလိမ့္မည္ ။ သို႔ေသာ္ မွားသည္ ။ ေယာက်ၤားျဖစ္ေစ ၊ မိန္းမျဖစ္ေစ မည္သူမဆို ခ်စ္ခြင့္႐ွိသည္ ။ ၎ကို ဒီခ်စ္သူစုံတြဲက သက္ေသျပေနခဲ့ၿပီမဟုတ္လား ။

ေဝးကြာလြန္းသည့္ ေခတ္ႏွစ္ေခတ္၌ ေမြးဖြားခဲ့ၾကသည့္သူတို႔ႏွစ္ဦးသည္ သုံးႏွစ္တာဟူေသာ တဒဂၤအတြင္းမွာပင္ ခ်စ္ခဲ့ၾကသည္ ။ ထို႔ေၾကာင့္ အခ်စ္သည္ မ်က္လုံးျဖင့္တပ္အပ္မျမင္ရေသာ္လည္း အင္အားႀကီးသည္ ။ ေဝးကြာလြန္းသည္ျဖစ္ေစ ၊ နီးကပ္လြန္းသည္ျဖစ္ေစ အခ်စ္ဆိုသည့္အရာ႐ွိေနခဲ့ပါက အရာအားလုံး သူ႕အလိုလိုျဖစ္လာလိမ့္မည္ပင္ ။

႐ိႈက္သံတစ္ခ်ိဳ႕ႏွင့္အတူ ဒုဓလီပန္းပင္လယ္ႀကီးအတြင္း၌ ဖက္တြယ္ထားၾကသူႏွစ္ဦးသည္ ပတ္ဝန္းက်င္တစ္ခုလုံးကိုပင္ေမ့ေလ်ာ့ေနဟန္႐ွိသည္ ။ ေကာင္းကင္ႀကီး ပုဇြန္ဆီေရာင္သန္းၿပီး၍ အနက္ေရာင္ကမၺလာခင္းႀကီးကဲ့သို႔ ေျပာင္းလဲလာခ်ိန္တြင္ ပတ္ဝန္းက်င္၏ေလထုသည္ တျဖည္းျဖည္းေအးစက္လာသည္ ။ ေကာင္းကင္ႀကီး၌ တိမ္ထူထပ္ေနသည္ျဖစ္ေသာေၾကာင့္ လမင္းႀကီးႏွင့္ ၾကယ္ကေလးတို႔မွာလည္း တိမ္မ်ား၏အၾကားတြင္ ကြယ္ေပ်ာက္လ်က္႐ွိသည္ ။

ပတ္ဝန္းက်င္အေျခအေနကို ဦးလ်င္စြာသတိထားမိသူေဂ်ာင္ကုက ရင္ခြင္ထဲမွ ထယ္ေယာင္းကို မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ထယ္ေယာင္း၏ပါးျပင္ေပၚမွ မ်က္ရည္စေလးမ်ားကို အနမ္းခပ္ဖြဖြေႁခြ၍သုတ္ေပးလိုက္သည္ ။ ၿပီးလွ်င္ႏႈတ္မွလည္း ထယ္ေယာင္းအားႏွစ္သိမ့္ေသာ စကားတို႔ကိုဆိုသည္

" ေဘဘီ...တကယ္လို႔ ေဘဘီက ကိုယ္နဲ႔ေဝးရာေနရာကို ျပန္သြားရမယ္ဆိုရင္ေတာင္ ကိုယ္နဲ႔ ေဘဘီနဲ႔က ျပန္ဆုံၾကမွာပါ "

" ဘယ္လိုမ်ိဳးလဲ ? ဘယ္လိုျပန္ဆုံႏိုင္ၾကမလဲ ? "

ဒါကမျဖစ္ႏိုင္မွန္းသိေပမဲ့ ထယ္ေယာင္းအနည္းငယ္ေတာ့ ေမွ်ာ္လင့္ခ်က္ေလးထားခ်င္ပါေသးသည္ ။ ေမွ်ာ္လင့္ခ်က္ေလးသန္းေနသည့္ မ်က္ဝန္းေလးမ်ားျဖင့္ၾကည့္ေနသည့္ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကု ခပ္ဟဟရယ္လိုက္ကာ အနည္းငယ္အက္႐ွေနသည့္အသံျဖင့္ ျပန္လည္ေျဖၾကားသည္ ။

" ဒုဓလီပန္းေလးရဲ႕ ပြင့္ဖတ္ေတြညိႇဳးလို႔...အဖိုးႀကီးမုတ္ဆိတ္ေတြ ျဖစ္သြားတဲ့ေန႔က်ရင္ ကိုယ္တို႔ႏွစ္ေယာက္ ျပန္ဆုံၾကမယ္ "

ထယ္ေယာင္းျပဳံးသည္ ။ တကယ္ျပန္ေတြ႕မည္ မေတြ႕မည္ကိုအသာထား ေဂ်ာင္ကုေျပာသည့္ ဒီစကားေလးက သူ႕ႏွလုံးသားေလးကိုသိမ့္ခနဲေႏြးေထြးသြားေစသည္ ။

" ဒါဆို အခ်စ္က ထယ့္ကိုလာ႐ွာမွာေပါ့ ? "

" အင္း...လာ႐ွာမွာ ကိုယ္ေဘဘီ့ကိုမေတြ႕မခ်င္းလိုက္႐ွာေနမွာ "

" ထယ္ေနတဲ့ေနရာကအေဝးႀကီးရယ္... အခ်စ္က ဘယ္လိုလာ႐ွာမွာလဲဟင္ ? "

" ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အတိတ္ေတြကိုေအာက္ေမ့ၿပီး...ေဘဘီေလးရဲ႕ ေျခရာေလးေတြေနာက္ကိုလိုက္မယ္...အဲ့ဒီခါက်ရင္ေဘဘီက ေျခလွမ္းေတြကိုရပ္တန္႔ထားေပးေပါ့...ဒါဆိုရင္ ကိုယ္တို႔ျမန္ျမန္ျပန္ဆုံႏိုင္မွာ "

ဒါဟာ စိတ္ကူးယဥ္မႈတစ္ခု၏ အေျပာသက္သက္သာ ျဖစ္ေနမည္ဆိုလွ်င္ေတာင္ ထယ္ေယာင္းေက်နပ္ပါသည္ ။ အနည္းဆုံးေတာ့သူတို႔က အခုထိအတူတူ႐ွိေနၾကေသးတာပဲမဟုတ္လား ။ မ်က္ေတာင္တစ္ခတ္စာေလးမွာေတာင္ ေပ်ာက္ကြယ္သြားႏိုင္သည့္သူက ေနာက္ဆုံးခ်ိန္ထိ ေဂ်ာင္ကုနဲ႔ပဲအတူတူ႐ွိေနရရင္ကိုေပ်ာ္ပါသည္ ။

ဒုဓလီပန္းခင္းႀကီးထဲ၌ ေပ်ာ္႐ႊင္ေနသည့္ သူတို႔ႏွစ္ဦးသည္ " ေဝးကြာျခင္း " ဆိုသည့္အရာကိုေတာင္ မမႈေတာ့သည့္ဟန္ ။ ျပန္လည္ေတြ႕ဆုံႏိုင္ျခင္း၏ " ယုံၾကည္မႈ " ဆိုသည့္အရာအားအရင္းျပဳၿပီး အရာရာကိုမ်က္စိမွိတ္ကာယုံပစ္လိုက္ေတာ့မည့္ သူတို႔ႏွစ္ဦးသည္ နာက်င္ရသည့္ အရာတိုင္းကို အခ်စ္၏စြမ္းအားႏွင့္ ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကပါသည္ ။

သို႔ေသာ္ ညအေမွာင္ကိုအမွီျပဳကာ တိတ္တဆိတ္ခ်ဥ္းကပ္လာသည့္ လူတစ္စုကို သူတို႔သတိမထားမိလိုက္ၾကပါေပ ။ ထို႔ေၾကာင့္ အခ်စ္က အရာအားလုံး၏ အာ႐ုံခံစားႏိုင္စြမ္းကိုပါ လႊမ္းမိုးႏိုင္စြမ္း႐ွိပါသည္ ။ ဟြာရန္းစစ္သူႀကီးျဖစ္သည့္ ေဂ်ာင္ကုပင္လွ်င္ ေမွာင္ရိပ္ထဲ႐ွိ ထိုလူတစ္စုကို အနည္းငယ္ေလးေတာင္မွ်သတိမထားမိလိုက္ေပ ။

ထိုစဥ္ ေလဟုန္ကိုခြင္း၍ ပစ္လႊတ္လာသည့္ျမႇားတစ္စင္းသည္ ဒုဓလီပန္းခင္းထဲ၌ တစ္ဦးကိုတစ္ဦးျပဳံ၍ၾကည့္ေနၾကေသာာလူႏွစ္ဦးထဲမွ တစ္ဦး၏ရင္ဝသို႔ ဆိုက္ေရာက္ေလသည္ ။ ႐ုတ္တရက္ဆန္လွသည္ျဖစ္ေသာေၾကာင့္ ႏွစ္ဦးစလုံးမွာ ျပဳံးေနရင္းပင္ ရပ္တန္႔သြားၾကသည္ ။ ထို႔ေနာက္ ပါးစပ္တြင္းမွစီးက်လာသည့္ ေသြးစမ်ားေၾကာင့္ ေဂ်ာင္ကုျပဳံးလိုက္သည္ ။

' ျမႇားက သူ႕ကိုထိသြားခဲ့သည္ပဲ...ထယ္ေယာင္း မနာက်င္သြားလို႔ေတာ္ပါေသးတယ္ '

" အခ်စ္!!! "

ထယ္ေယာင္း၏ ေအာ္သံအဆုံးတြင္ ၿပိဳလဲကာက်လာသည့္ ေဂ်ာင္ကုကိုယ္လုံးအား ထယ္ေယာင္း ဝင္ထိန္းလိုက္သည္ ။ ခႏၶာကိုယ္ဖြဲ႕စည္းပုံခ်င္းကြာျခားတာေၾကာင့္ ထယ္ေယာင္းမွာ ေဂ်ာင္းကု၏ကိုယ္လုံးကိုအႏိုင္ႏိုင္ေပြ႕ထားရသည္ ။

" အစ္...အစ္...ဒီျမႇားက အဆိပ္...အဆိပ္ပါတယ္ထင္တယ္...အစ္...ကိုယ္ေတာင္ မခံႏိုင္ဘူး ဟစ္.. "

" စကားမေျပာပါနဲ႔...ေက်းဇူးျပဳၿပီးစကားမေျပာပါနဲ႔ အခ်စ္ရယ္ "

ထယ္ေယာင္း မ်က္ရည္မ်ားက်လာသည္ ။ အဘယ္ေၾကာင့္ ဤသို႔ျဖစ္ရသနည္း ။ အခုေလးတင္မွ သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈေလးရေနတုန္းေလ ။ အခုဘယ္လိုျဖစ္ရျပန္တာလဲ ။ ငိုေႂကြးျခင္းတစ္ခုနဲ႔အတူ ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္မိေတာ့ မ်က္ႏွာခ်င္းဆိုင္အေမွာင္ရိပ္ထဲမွ လက္နက္ကိုင္ထားသည့္လူတစ္စုထြက္လို႔လာသည္ ။ ကိုင္ေဆာင္ထားၾကသည့္ ဓားေကာက္ပုံသ႑ာန္ကိုၾကည့္ျခင္းအားျဖင့္ ၎တို႔သည္ အိမ္ေ႐ွ႕မင္းသား၏ လုပ္ၾကံေရးတပ္ဖြဲ႕ျဖစ္ေၾကာင္းသိလိုက္ရသည္ ။

" နာလား ညီေတာ္ ? "

ခပ္ျမဴးျမဴးအသံႏွင့္ ေနာက္ဆုံးမွထြက္ေပၚလာသည့္သူက ႐ွီလာ၏အိမ္ေ႐ွ႕စံ ။ ႐ႊင္ျပေနသည့္ပုံစံႏွင့္ အိမ္ေ႐ွ႕စံက ေဂ်ာင္ကုအသက္ငင္ေနသည္ကိုၾကည့္၍ ေပ်ာ္႐ႊင္ေနသည့္ပုံ ။

" အိမ္ေ႐ွ႕စံ...ဒါသေဘာလဲ ? "

ထယ္ေယာင္း ေလသံမာမာႏွင့္ေမးေတာ့ အိမ္ေ႐ွ႕စံကရယ္သည္ ။ ထို႔ေနာက္႐ုပ္ျပန္တည္သြားကာ ထယ္ေယာင္းကိုျပဴးၾကည့္၍ဆိုသည္

" မုန္းလို႔ေလ...မုန္းလို႔သတ္တာ...စိတ္မပူနဲ႔ ညီေတာ္ေသရင္ မင္းကိုပါသတ္ေပးမယ္...ဟား ဟား ဟား...ျမႇားတံမွာပါတဲ့ အဆိပ္ကေျဖ‌ေဆးမ႐ွိဘူး...ၾကည့္ရတာေတာ့ ညီေတာ္ကမၾကာခင္မွာပဲ ေသ႐ြာလားရေတာ့မဲ့ပုံပါပဲ...သူေသမွပဲ ငါ့ထီးနန္းကိုမၿခိမ္းေျခာက္ႏိုင္မွာ "

" မိုက္႐ိုင္းယုတ္မာလိုက္တာ...အခ်စ္က အစကတည္းက ထီးနန္းမလိုခ်င္ေၾကာင္းေျပာထားၿပီးၿပီပဲ...အရာအားလုံးကိုစြန္႔လႊတ္ထားခဲ့တာေတာင္ ဘာလို႔..."

" သူထီးနန္းမလိုခ်င္ဘူးဆိုရင္ အစကတည္းက ဟြာရန္းတပ္ကို ငါကိုယ္ေတာ္ဆီလႊဲေပးသင့္တာေပါ့...ဒါဆိုရင္ေတာင္ သူအသက္ဆက္႐ွင္ႏိုင္ဦးမွာ...အခုေတာ့ ဟက္ ေသရၿပီေလ...သူေသတာနဲ႔ဟြာရန္းတပ္ဖြဲ႕ႀကီးကငါကိုယ္ေတာ္အတြက္ပဲ "

" ခင္ဗ်ား...."

ထယ္ေယာင္း ဆက္ေျပာဖို႔လုပ္ေပမဲ့ ေဂ်ာင္ကုက လက္ကိုအတင္းဆုပ္ကိုင္လာတာေၾကာင့္ ထယ္ေယာင္းေျပာမည့္စကားတို႔ရပ္သြားကာ ေဂ်ာင္ကုကိုငုံ႔ၾကည့္လိုက္သည္ ။ ေဂ်ာင္ကုက စကားေျပာခ်င္ေနပုံရေပမဲ့ အဆိပ္႐ွိန္ေၾကာင့္ ေဂ်ာင္ကုမွာ အသက္လု႐ွဴေန႐ုံသာ တတ္ႏိုင္သည္ ။

" ညီေတာ္လည္းမၾကာခင္ ေသေတာ့မွာဆိုေတာ့ မင္းလည္း လိုက္ေသခ်င္ရင္ရတယ္ "

ဟုဆိုကာ အိမ္ေ႐ွ႕စံက ထယ္ေယာင္းဆီသို႔ ပုလင္းငယ္ေလးတစ္လုံးပစ္ေပးလာသည္ ။ ဒါဟာ ေမးမၾကည့္ရင္ေတာင္ အဆိပ္မွန္း ထယ္ေယာင္းသိပါသည္။ အိမ္ေ႐ွ႕စံက သူ႕ကိုလည္း ေဂ်ာင္ကုနဲ႔အတူတူေသသြားေစခ်င္ေနတာပဲ ။ ေဂ်ာင္းကုအတြက္ အဆိပ္ေျဖေပးလို႔မရႏိုင္မဲ့အတူတူေတာ့ ထယ္ေယာင္းဘာဆက္လုပ္လို႔ရႏိုင္မွာတဲ့လဲ ။ ေဂ်ာင္ကုက သူ႕ကိုႏွစ္ဆယ့္တစ္ရာစုမွာ ျပန္လာ႐ွာမယ္လို႔ ကတိေပးထားတယ္ေလ ဒါေၾကာင့္ ဒီအဆိပ္ကိုေသာက္လိုက္ရင္လည္း သူေပ်ာ္ပါတယ္။ထို႔ေနာက္ေတာ့ ထယ္ေယာင္းလည္း ေျမျပင္ေပၚက်ေနသည့္ ခပ္ငယ္ငယ္ပုလင္းေလးကိုေကာက္ကိုင္ကာ ပုလင္းထဲ႐ွိအရည္မ်ားကို အခ်ိန္မဆိုင္းဘဲ ေသာက္ပစ္လိုက္သည္ ။

တျဖဴးျဖဴးတိုက္ခတ္သြားတဲ့ ေလေျပေလးေတြက ဆံႏြယ္ေလးေတြကိုလာေရာက္က်ီစားလို႔ေနသည္ ။ ယိမ္းႏြဲ႕ေနတဲ့ ဒုဓလီပင္က ပြင့္ဖတ္ေလးေတြက ေလေပၚမွာပ်ံဝဲေနၿပီး ျမင္ကြင္းကိုလွပေအာင္ျပဳလုပ္ေပးလို႔ေနသည္ ။ တစ္ေနရာဆီမွ ‌ေအာ္ျမည္ေနတဲ့ ပုစဥ္းရင္ကြဲေကာင္ေတြရဲ႕ ေအာ္သံက မိခင္သဘာဝတရားႀကီးရဲ႕ ျပည့္စုံမႈကိုေဖာ္ျပလို႔ေနသည္ ။ ထို႔ျပင္ ေျမျပင္ေပၚ၌ လဲက်ေနသည့္ လူသားႏွစ္ဦးတို႔ဟာလည္း တစ္ဦးကိုတစ္ဦးတင္းက်ပ္စြာဖက္တြယ္ထားလို႔ေနသည္ ။

ရိပ္ခနဲ ရိပ္ခနဲတက္လာသည့္ ဝမ္းတြင္းတစ္ေနရာမွ နာက်င္မႈတို႔ကလည္း မီးစေတြကဲ့သို႔ ပူေလာင္လြန္းလွသည္ ။ သို႔ေသာ္ အႏွီလူသားႏွစ္ဦးတို႔ကေတာ့ ၎နာက်င္မႈတို႔ကို ခံစားႏိုင္ျခင္းမ႐ွိေတာ့ဘဲ ခႏၶာကိုယ္တစ္ခုလုံးထုံက်င္လို႔ေနသည္ ။ ပိတ္က်သြားသည့္ မ်က္ဝန္းအစုံတို႔ႏွင့္ ႐ွဴထုတ္လိုက္သည့္ ‌ေနာက္ဆုံးေသာေလေငြ႕တို႔က သူတို႔ႏွစ္ဦးသည္ ေနာက္ဆုံးထြက္သက္ထိ အတူ႐ွိသြားခဲ့ပုံရပါသည္ ။

သိပ္ခ်စ္ၾကသည့္ သိပ္ျမတ္ႏိုးၾကသည့္ လူႏွစ္ဦးသည္ ေနာက္ဆုံးေသာ ထြက္သက္ထိကို တစ္ဦးကို တစ္ဦးခ်စ္သြားၾကပါသည္ ။

မည္သူကမ်ားသိႏိုင္မည္လဲ သူတို႔ႏွစ္ဦးဟာ ေခတ္ေရစီးေၾကာင္းမ်ားစြာ ကြာျခားတာေတာင္မွ မရရေအာင္ေတြ႕ဆုံၿပီးခ်စ္ခဲ့ၾကမယ္လို႔ ။

မည္သူကမ်ားသိႏိုင္မည္လဲ အကယ္၍သူတို႔ႏွစ္ဦးသာ မေတြ႕ဆုံျဖစ္ခဲ့ၾကရင္ သူတို႔ရဲ႕ႏွလုံးသားက အဆုံးမဲ့တဲ့ေအးစက္ျခင္းေတြၾကားမွာ ပိတ္မိေနလိမ့္မယ္လို႔ ။

မည္သူမ်ားသိႏိုင္မည္လဲ သူတို႔ႏွစ္ဦးဟာ အနာဂါတ္မွာ ျပန္လည္ဆုံေတြ႕ၾကလိမ့္မည္လို႔ ။

ေဗဒင္တြက္ၿပီးေတာ့လား ၊ ယၾတာေခ်ၿပီးေတာ့လား ။ ေသခ်ာတာတစ္ခုကေတာ့ ဘယ္သူမွ သူတို႔ႏွစ္ဦးရဲ႕အနာဂါတ္ကို မသိႏိုင္ၾကဘူးဆိုတာပါပဲ ။

ဒီဒုဓလီပန္းခင္းႀကီးကို မနက္ခင္းလာၾကည့္ၾကတဲ့သူေတြကေတာ့ မင္းသားဟြမ္ဂ်င္ဟာ အ႐ိုးႀကီးတစ္ခုကိုဖက္လ်က္ ေသဆုံးေနတာကိုျမင္မိၾကမွာပဲ ။ စဥ္းစားစရာက မင္းသားရဲ႕ၾကင္ယာေတာ္ဟာ ဘယ္လိုျဖစ္လို႔ အ႐ိုးစုျဖစ္သြားခဲ့ရတာကိုပဲ ။ ေကာင္းၿပီ... ၾကည့္ရတာေတာ့ ဒါကလည္း ေနာက္ဆုံးခ်ိန္ထိ ဇာတ္ေၾကာင္းရဲ႕ ျမႇဳပ္ကြက္ႀကီးတစ္ခုပဲေလ ။

~ The End ~





----------------------------
Plz! Vote, Feedback and follow me 🎐

Continue Reading

You'll Also Like

922K 21.2K 49
In wich a one night stand turns out to be a lot more than that.
756K 28K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
34.5K 2.3K 12
"𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈" '𝑇ℎ𝑒 𝑙𝑎𝑠𝑡 𝑝𝑎𝑟𝑡 𝑜𝑓 𝑚𝑦 𝑙𝑜𝑣𝑒, 𝑇ℎ𝑒 𝑒𝑎𝑟𝑙𝑦 𝑙𝑜𝑣𝑒 𝑜𝑓 𝑚𝑦 𝑙𝑖𝑓𝑒'
33.9K 950 23
After being attacked, neglected, and harassed for not having a Quirk, Izuku Yagi's life seemed to be going nowhere. That was until he met Newt Scaman...