_Uni_
လက်ရှိ သူ့ ခန္ဓာကိုယ်ရဲ့ တည်ရှိမှုက ခြေလေးချောင်းပေါ်မှာ။ အုပ်မိုးထားသည့် အုံ့အုံ့ဆိုင်းဆိုင်းသစ်ပင်ကြီးတွေကြောင့် မွန်းတည့်နေရောင်ခြည်ကပင် နေပြောက်ကလေးများအသွင်ဖြင့်သာ မြေပေါ်သို့ ခပ်ကျဲကျဲ ဖြာကျနေရသည်။
နှလုံးသားထဲမှ တစိမ့်စိမ့်တက်လာသည့် ပျော်ရွှင်မှုက သူ့တစ်ကိုယ်လုံးကို စီးဆင်းနေသည်။ ခြေလက်တွေဆီကို ပိုပြီး အားထည့်လိုက်တော့ ဘေးမှာ သစ်ပင်တွေဆိုတာ အလျင်အမြန်ပဲ သူ့ နောက်ကျန်ခဲ့ကြသည်။
အခုချိန် သူ့တစ်ကိုယ်လုံးက တဖိတ်ဖိတ်တောက်နေသော နက်စွေးစွေးအမွေးတွေဖြင့် ဖုံးနေ၏။ လေကိုခွင်းနေသည့် အရှိန်ကများလွန်းတာမို့ သူက လေးညှို့မှပစ်လွှတ်လိုက်သည့် မြားတစ်စင်းလို မြင်ကွင်းထဲမှာ ရိပ်ကနဲသာ။
ရေစီးသံသဲ့သဲ့က သူ့ နားစည်တွင်းသို့ လာရိုက်ခတ်သည်။ မဝေးလှသော နေရာတစ်ခုတွင် ချောင်းတစ်ခု ရှိလိမ့်မည်။ ထိုနေရာကို သူက အချိန်တစ်ခုတွင်း ရောက်သွားတော့မည်။
ပိုပြီးကျယ်လာသော ရေစီးသံနှင့်အတူ မြင်ကွင်းထဲ ဝင်လာသည်က စမ်းချောင်းလေး။ တဖြည်းဖြည်းနီးလာသည်နှင့် ကြည်လင်နေသော ရေများကိုပင် မြင်နေရသယောင်။
"အူ......"
သူ ခေါင်းကို မိုးပေါ်မော့ရင်း ဝမ်းသာအားရ အသံဟစ်လိုက်ရင်း ရှိသမျှသော အားတွေကို နောက်ခြေနှစ်ချောင်းမှာ စုလို့ အားပါးတရ ခုန်ပစ်လိုက်သည်။ ကြည်လင်နေသော စမ်းချောင်းလေးထဲမှာ သူ့ရဲ့ ဝဲပျံနေသည့် ခန္ဓာကိုယ်သဏ္ဍာန်က ထင်ဟပ်သွားပြီး သူ့ကိုယ်က စမ်းချောင်း၏ အခြားတစ်ဖက်သို့ ပေါ့ပါးစွာ ကျရောက်သွားသည်။
"ဝူး ဝူး ဝူး"
တကယ်က သူစိတ်ထဲမှာ ဝမ်းသာအားရ ရယ်မောပစ်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် အသံက ထိုသို့သာ ထွက်လာ၏။ အဘယ်ကြောင့်ဆိုရသော် ယခုအချိန်တွင် သူသည် ဝံပုလွေတစ်ကောင်အသွင်ဖြင့်ဖြစ်၍။
ခပ်ဝေးဝေးမှ တဝေါဝါကျဆင်းနေသော ရေတံခွန်တစ်ခု၏ အသံကို ကြားနေရသည်။ သို့သော် သူက ထိုအသံကို ကြာကြာဂရုမစိုက်အားပါ။ ရေစပ်နားသို့ တိုးသွားပြီး မှန်ကဲ့သို့ ရေပြင်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်မိသည်။ တကယ့်ကို တဖိတ်ဖိတ်တောက်နေသည့် အနက်ရောင်အမွေးတွေ။ အဖျားနေရာများတွင် တလက်လက်တောက်နေသည့် အနက်ရောင်တွေဆိုတာ။
"ဝူး~~~"
သူ ထိန်းမထားနိုင်စွာ ခပ်ကျယ်ကျယ်အော်ဟစ်လိုက်ရင်း ကိုယ်ကို ပတ်ချာလည် ဝှေ့ပစ်လိုက်လည်။ လေတစ်ချက်အဝှေ့မှာ သစ်ရွက်တွေလှုပ်ရှားသွားသလို သူ့အမွေးများကလည်း နှစ်လိုဖွယ်ကောင်းလွန်းစွာ တလွင့်လွင့် ဖြစ်ကုန်သည်။ ထိုခံစားချက်ကို သူ သဘောကျလွန်းသည်။ လှည့်နေလွန်း၍ ခေါင်းက မူးလာသော်လည်း ကြည်နူးနေစိတ်များကို ဖုံးဖိ၍မရ။
သူသည် Pure Alpha တစ်ယောက်။ ရောစပ်သွေးနှောခြင်းကင်းသည့် ပြိုင်စံရှား အသရေများဖြင့် ပြည့်စုံသူတစ်ယောက်။
ထိုအချက်ကြောင့်ပင် သူ့ရင်ထဲ အတိုင်းမသိပျော်ရွှင်နေမိခြင်းဖြစ်သည်။ မျိုးနွယ်စုအကြီးအကဲ၏ သားတစ်ယောက်အနေနှင့် သူက စစ်မှန်သည့်ဆက်ခံသူဖြစ်ကြောင်း ထူးထွေသက်သေပြစရာမလိုတော့။ အနက်ရောင်အသွေး၊ ရွှေညိုရောင်မျက်ဆန်တို့ဖြင့် သူ့အသရေက သက်သေပြပြီးသားဖြစ်၏။ သူ့ ဖခင်ကိုယ်တိုင်ပင် ရွှေညိုရောင် မျက်ဆန်များ မရှိ။
ထိုအခိုက် လေထဲတွင် ဝေ့ဝဲလာသော နှစ်လိုဖွယ်ရနံ့တစ်ခုကို သူ သတိထားမိသည်။ လှုပ်ရှားမှုများကို ရပ်တန့်ရင်း ထိုရနံ့ကို ရှူရှိုက်ကြည့်သည်။ ထိုအနံ့ကြောင့် သူ့မျက်ခုံးနှစ်ခုက စုကြုံ့သွားပြီး နားရွက်တွေက ဟိုဟိုသည်သည် လှုပ်ရှားရင်း အလုပ်ရှုပ်ကုန်သည်။ ပန်းများ၏ ရနံ့မဟုတ်သလို သူ ရနေကျ သူတို့အုပ်စုထဲမှ လူများ၏ ရနံ့လည်းမဟုတ်ပါ။ သေချာသည်က သူလို Alphaတစ်ယောက်ယောက်၏ Pheromones ဖြစ်၏။
ကိုယ့်အုပ်စုမှမဟုတ်ဟူသော အသိကြောင့် သူ့ ခေါင်းထဲတွင် အချက်ပေးသံများမြည်လာသလို အိမ်နှင့် အတော်ပင်ဝေးလာကြောင်း ပြန်သတိရသွားသည်။ ဘယ်လိုပင် ကောင်းချီးများနှင့် ပြည့်စုံနေပါစေ။ သူက အသွင်ပြောင်းတတ်ခါစ အကောင်ပေါက်လေးသာဖြစ်သည်မို့ အန္တရာယ်ကို တစ်ယောက်တည်းရင်မဆိုင်နိုင်သေးပါ။
ထို့အပြင် သူ့ကိုလိုက်ရှာနေကြမည့် မိဘများကို တွေးမိရင်း နောက်ကြောင်းပြန်လှည့်ရန် ပြင်၏။ ဝါးနှစ်ပြန်မကကျယ်သော ချောင်းကို အားတစ်ချက်ပြုကာ ခုန်ကူးရင်း တစ်ဖက်တောအုပ်ထဲသို့ အမြန်ပြန်ဝင်ပြေးသည်။ လာခဲ့စဉ်က သူ ချန်ထားခဲ့သော ကိုယ်ပိုင်ရနံ့များကို ခြေရာခံ၍ရသည်မို့ အိမ်ပြန်လမ်းက သိပ်တော့ မခက်ခဲလှ။
သူထွက်သွားပြီးနောက် ခပ်လှမ်းလှမ်းရှိ သစ်ပင်မြင့်တစ်ပင်က လှုပ်ရှားသွားရင်း ငါးနှစ်အရွယ်ခန့် ကောင်လေးတစ်ယောက်က ထိုအပင်ထက်မှ ခုန်ဆင်းလာသည်။ တစ်ဖြောင့်တည်းသော ပင်စည်ဖြစ်ပြီး အခက်အလက်သိပ်မရှိ၍ တော်တော်မြင့်သည့်အကိုင်းမှ ခုန်ချလာခြင်းဖြစ်သော်လည်း ကလေး၏ဟန်က ပေါ့ပေါ့ပါးပါးသာ။
ခပ်ကျယ်ကျယ် အညိုရောင် မျက်ဝန်းဝိုင်းလေးများက တစ်ဖက်တောအုပ်ကို အကြည့်မလွှဲဘဲ မမြင်ရတော့သော တစ်ခုခုကို နှမြောတသဟန်ဖြစ်နေ၏။ မျက်ခုံးနားတွင်အတိဖြစ်နေသော
ခပ်လုံးလုံးဆံပင်ကေကြောင့် မျက်နှာဝိုင်းလေးပိုပေါ်ကာ သိသိသာသာ ချစ်စရာကောင်းနေ၏။ ကလေးက နှုတ်ခမ်းပါးလေးကို ရှေ့သို့ ဆူထော်လိုက်ရင်း အလိုမကျဟန်ဖြင့် ခြေတစ်ချက်စောင့်သည်။ ပြီးမှ ထိုကောင်လေးက လက်လေးနှစ်ဖက်ကို ဘေးသို့ကားလိုက်ရင်း ခြေဖျားထောက်ကာ ခေါင်းမော့ပြီး လေကိုတစ်ဝကြီး ရှူသွင်းလိုက်သည်။
သူက မဟူရာရောင် ဝံပုလွေလေးကို တစ်ချိန်လုံး ကြည့်နေခဲ့တာဖြစ်သည်။ သူ သတိမထားမိဘဲ မနေနိုင်အောင် ပျံ့နှံ့နေသော ခပ်သင်းသင်းPheromonesကို ရှူရှိက်နေရသည်။ သို့တိုင် သူ့စိတ်များကြည်လင်နေသည်ကိုလည်း သူကိုယ်တိုင်သတိထားမိနေပါ၏။ သို့ရာတွင် သူ့ကိုယ်ထဲမှ ထိုးထွက်ရန် တာစူနေသော တစ်စုံတစ်ခုက သူထိန်းချုပ်နိုင်သည့် အတိုင်းအတာကို ကျော်လွန်လာနေပြီဖြစ်သည်။
"အာ့"
သူ့လည်ပင်းဆီမှ မခံမရပ်နိုင်အောင် နာကျင်လာနေပြီး ထိုနာကျင်မှုကို သူဆက်ပြီး သည်းခံနိုင်စွမ်းမရှိတော့။ ထို့ကြောင့် သူအသံထွက်ပြီး ညည်းညူလိုက်မိသည်။ သူ ဆက်ပြီး တင်းခံမထားနိုင်တော့ပဲ စိတ်ကို လွှတ်ချပစ်လိုက်ရသည်။ နာကျင်မှုကတော့ ယူပစ်လိုက်သလို သက်သာသွားပြီး~~
လေထဲသို့ ဝဲပျံလာပါသော Alpha တစ်ယောက်၏ Pheromonesရနံ့များ။
"ဟွန့်"
သူ စိတ်ရှုပ်စွာ နှာခေါင်းရှုံ့လိုက်ရင်း ခြေနှစ်ချောင်းလုံးကို စောင့်စောင့်ပစ်လိုက်သည်။ သူတစ်ချက်စောင့်လိုက်တိုင်း သစ်ပင်များ ယိမ်းနွဲ့သွားကြောင်းကိုတော့ သူ ကိုယ်တိုင် သတိမထားမိ။
ယနေ့တော့ စမ်းချောင်းဘေးက မိုးမခပင်ပေါ်သို့ တက်ဆော့မည့် အစီအစဉ်ကို လက်လျှော့လိုက်တော့သည်။ သူ စိတ်မပါတော့။
ထိုအခိုက်
"အူ~~~"
သူတို့အုပ်စုဆီမှ ဆွဲဆွဲငင်ငင် အူလိုက်သော အသံကို ကြားလိုက်ရသည်။ ဒါက အရေးကိစ္စတစ်ခုခု တိုင်ပင်ရန်အတွက် အချက်ပေးသံဖြစ်၏။ သို့သော်ယခုချိန်တွင် အရေးကြီးဆုံး ကိစ္စမှာ သူတို့ မျိုးနွယ်စုအကြီးအကဲ၏သားလေး ပျောက်နေခြင်းမှလွဲအခြားမရှိနိုင်။
သူ နောက်ဆုံးတစ်ချက် ခြေကို စောင့်လိုက်ရင်း အိမ်သို့ ပြန်ရန်ပြင်၏။ ပုံမှန်ဆိုလျှင် နွယ်ကြိုးများသုံးပြီး တစ်ပင်နှင့်တစ်ပင် ခုန်ကူးကာ ပြန်လေ့ရှိသော်လည်း ယခုတော့ ထိုသို့မဟုတ် သူခြေထောက်တွေဖြင့် ပြေးလွှားချင်မိ၏။
အသွားအလာသိပ်မရှိသဖြင့် လမ်းကြောင်းမပေါ်သော်လည်း သူမှန်းဆကာ ပြန်တတ်ပြီးဖြစ်၍ သိပ်မခက်ခဲလှပါ။ ခြေနှစ်ဖက်ကို အမြန်အဆန်အလုပ်ပေးလိုက်ပြီး ပြေးလွှားလိုက်တော့သည်။
ထူးဆန်းစွာပင် ပုံမှန်ထက် ပိုပေါ့ပါးနေပြီး သူကိုယ်တိုင်က ခြေထောက်နှစ်ဖက်တည်း သုံးနေရသည်ကို အားမရတော့သလိုဖြစ်လာသည်။
မြေပြင်ပေါ်သို့ ဘေးတစ်စောင်းလဲကျနေသော နှစ်ချို့ပင်ကြီး၏အောက်မှ ဖြတ်ရချိန်တွင် သူ့လက်တွေက မြေကြီးကို ထိသွားပြီး သူက ထိုအနေအထားနှင့် ရင်းနှီးကျွမ်းဝင်နေ၏။ မျက်လုံးကိုမှိတ်လိုက်ပြီး အသက်ပုံမှန်ရှူသွင်းလိုက်ရင်း ထိုလေလေးက သူ့နှလုံးသားထဲထိ ရောက်သွားသည်ကို ခံစားသိလိုက်ရသည်။
သူ့မျက်လုံးများဖွင့်လာချိန် အညိုဝိုင်းဝိုင်းမျက်ဆန်များနေရာတွင် ကောင်ကင်ထက်ပိုပြာနေသော မျက်ဆန်များက နေရာယူသည်။ လက်နှစ်ဖက်မှ အနက်ရောင် အမွေးများထွက်လာသလို သူက သစ်ကိုင်း တစ်ခုကို လှမ်းဆွဲချိန် မမိဘဲ ချော်သွားပြီး ထိုသစ်ကိုင်းတွင် လက်သည်းအရာ သုံးချက် ကျန်ခဲ့သည်။
မြေပြင်ပေါ်ပြန်ကျသွားသော ကောင်လေးသည် နဂိုမူလပုံမဟုတ်ဘဲ အနက်ရောင်အသွေးဖြင့် ခြေလေးချောင်းကို အားပြုသော တစ်စုံတစ်ရာဖြစ်သွားသည်။ ကြောက်ရွံဟန်ကင်းသော အပြာရင့်ရောင် မျက်ဆန်များကို အနီရောင်မျက်သားများက ဝန်းရံသည်။ အနက်ရောင်တောက်လွန်းသဖြင့် နီချင်သလိုဖြစ်နေသော နားရွက်ဖျားနှစ်ဖက်ကို ဘေးဘီဝဲယာစောင်းရင်း အသံများကို နားစွင့်သည်။ ပိုကြည်လာသော အမြင်အာရုံ၊ ပိုဆူညံလာသော အကြားအာရုံ၊ ပိုလျင်မြန်လာသော ကိုယ်တို့ကြောင့် သူ့ကိုယ်သူ စိတ်ကျေနပ်မိပြီး။ သူ၏ ပုံစံအစစ်ကို သူကိုယ်တိုင်နှစ်သက်မိ၏။
*******
By Ah Nann
#31.5.22
17.5.22
____________
_ZG_
လက္႐ွိ သူ႕ ခႏၶာကိုယ္ရဲ႕ တည္႐ွိမႈက ေျခေလးေခ်ာင္းေပၚမွာ။
အုပ္မိုးထားသည့္ အုံ႔အုံ႔ဆိုင္းဆိုင္းသစ္ပင္ႀကီးေတြေၾကာင့္ မြန္းတည့္ေနေရာင္ျခည္ကပင္ ေနေျပာက္ကေလးမ်ားအသြင္ျဖင့္သာ ေျမေပၚသို႔ ခပ္က်ဲက်ဲ ျဖာက်ေနရသည္။
ႏွလုံးသားထဲမွ တစိမ့္စိမ့္တက္လာသည့္ ေပ်ာ္႐ႊင္မႈက သူ႕တစ္ကိုယ္လုံးကို စီးဆင္းေနသည္။ ေျခလက္ေတြဆီကို ပိုၿပီး အားထည့္လိုက္ေတာ့ ေဘးမွာ သစ္ပင္ေတြဆိုတာ အလ်င္အျမန္ပဲ သူ႕ ေနာက္က်န္ခဲ့ၾကသည္။
အခုခ်ိန္ သူ႕တစ္ကိုယ္လုံးက တဖိတ္ဖိတ္ေတာက္ေနေသာ နက္ေစြးေစြးအေမြးေတြျဖင့္ ဖုံးေန၏။ ေလကိုခြင္းေနသည့္ အ႐ွိန္ကမ်ားလြန္းတာမို႔ သူက ေလးညိႇဳ႕မွပစ္လႊတ္လိုက္သည့္ ျမားတစ္စင္းလို ျမင္ကြင္းထဲမွာ ရိပ္ကနဲသာ။
ေရစီးသံသဲ့သဲ့က သူ႕ နားစည္တြင္းသို႔ လာ႐ိုက္ခတ္သည္။ မေဝးလွေသာ ေနရာတစ္ခုတြင္ ေခ်ာင္းတစ္ခု ႐ွိလိမ့္မည္။ ထိုေနရာကို သူက အခ်ိန္တစ္ခုတြင္း ေရာက္သြားေတာ့မည္။
ပိုၿပီးက်ယ္လာေသာ ေရစီးသံႏွင့္အတူ ျမင္ကြင္းထဲ ဝင္လာသည္က စမ္းေခ်ာင္းေလး။ တျဖည္းျဖည္းနီးလာသည္ႏွင့္ ၾကည္လင္ေနေသာ ေရမ်ားကိုပင္ ျမင္ေနရသေယာင္။
"အူ......"
သူ ေခါင္းကို မိုးေပၚေမာ့ရင္း ဝမ္းသာအားရ အသံဟစ္လိုက္ရင္း ႐ွိသမွ်ေသာ အားေတြကို ေနာက္ေျခႏွစ္ေခ်ာင္းမွာ စုလို႔ အားပါးတရ ခုန္ပစ္လိုက္သည္။ ၾကည္လင္ေနေသာ စမ္းေခ်ာင္းေလးထဲမွာ သူ႕ရဲ႕ ဝဲပ်ံေနသည့္ ခႏၶာကိုယ္သ႑ာန္က ထင္ဟပ္သြားၿပီး သူ႕ကိုယ္က စမ္းေခ်ာင္း၏ အျခားတစ္ဖက္သို႔ ေပါ့ပါးစြာ က်ေရာက္သြားသည္။
"ဝူး ဝူး ဝူး"
တကယ္က သူစိတ္ထဲမွာ ဝမ္းသာအားရ ရယ္ေမာပစ္လိုက္ျခင္းျဖစ္သည္။ သို႔ရာတြင္ အသံက ထိုသို႔သာ ထြက္လာ၏။ အဘယ္ေၾကာင့္ဆိုရေသာ္ ယခုအခ်ိန္တြင္ သူသည္ ဝံပုေလြတစ္ေကာင္အသြင္ျဖင့္ျဖစ္၍။
ခပ္ေဝးေဝးမွ တေဝါဝါက်ဆင္းေနေသာ ေရတံခြန္တစ္ခု၏ အသံကို ၾကားေနရသည္။ သို႔ေသာ္ သူက ထိုအသံကို ၾကာၾကာဂ႐ုမစိုက္အားပါ။ ေရစပ္နားသို႔ တိုးသြားၿပီး မွန္ကဲ့သို႔ ေရျပင္ထဲတြင္ သူ႕ကိုယ္သူ ျပန္ၾကည့္မိသည္။ တကယ့္ကို တဖိတ္ဖိတ္ေတာက္ေနသည့္ အနက္ေရာင္အေမြးေတြ။ အဖ်ားေနရာမ်ားတြင္ တလက္လက္ေတာက္ေနသည့္ အနက္ေရာင္ေတြဆိုတာ။
"ဝူး~~~"
သူ ထိန္းမထားႏိုင္စြာ ခပ္က်ယ္က်ယ္ေအာ္ဟစ္လိုက္ရင္း ကိုယ္ကို ပတ္ခ်ာလည္ ေဝွ႔ပစ္လိုက္လည္။ ေလတစ္ခ်က္အေဝွ႔မွာ သစ္႐ြက္ေတြလႈပ္႐ွားသြားသလို သူ႕အေမြးမ်ားကလည္း ႏွစ္လိုဖြယ္ေကာင္းလြန္းစြာ တလြင့္လြင့္ ျဖစ္ကုန္သည္။ ထိုခံစားခ်က္ကို သူ သေဘာက်လြန္းသည္။ လွည့္ေနလြန္း၍ ေခါင္းက မူးလာေသာ္လည္း ၾကည္ႏူးေနစိတ္မ်ားကို ဖုံးဖိ၍မရ။
သူသည္ Pure Alpha တစ္ေယာက္။ ေရာစပ္ေသြးေႏွာျခင္းကင္းသည့္ ၿပိဳင္စံ႐ွား အသေရမ်ားျဖင့္ ျပည့္စုံသူတစ္ေယာက္။
ထိုအခ်က္ေၾကာင့္ပင္ သူ႕ရင္ထဲ အတိုင္းမသိေပ်ာ္႐ႊင္ေနမိျခင္းျဖစ္သည္။ မ်ိဳးႏြယ္စုအႀကီးအကဲ၏ သားတစ္ေယာက္အေနႏွင့္ သူက စစ္မွန္သည့္ဆက္ခံသူျဖစ္ေၾကာင္း ထူးေထြသက္ေသျပစရာမလိုေတာ့။ အနက္ေရာင္အေသြး၊ ေ႐ႊညိဳေရာင္မ်က္ဆန္တို႔ျဖင့္ သူ႕အသေရက သက္ေသျပၿပီးသားျဖစ္၏။ သူ႕ ဖခင္ကိုယ္တိုင္ပင္ ေ႐ႊညိဳေရာင္ မ်က္ဆန္မ်ား မ႐ွိ။
ထိုအခိုက္ ေလထဲတြင္ ေဝ့ဝဲလာေသာ ႏွစ္လိုဖြယ္ရနံ႔တစ္ခုကို သူ သတိထားမိသည္။ လႈပ္႐ွားမႈမ်ားကို ရပ္တန္႔ရင္း ထိုရနံ႔ကို ႐ွဴ႐ိႈက္ၾကည့္သည္။ ထိုအနံ႔ေၾကာင့္ သူ႕မ်က္ခုံးႏွစ္ခုက စုၾကဳံ႕သြားၿပီး နား႐ြက္ေတြက ဟိုဟိုသည္သည္ လႈပ္႐ွားရင္း အလုပ္႐ႈပ္ကုန္သည္။ ပန္းမ်ား၏ ရနံ႔မဟုတ္သလို သူ ရေနက် သူတို႔အုပ္စုထဲမွ လူမ်ား၏ ရနံ႔လည္းမဟုတ္ပါ။ ေသခ်ာသည္က သူလို Alphaတစ္ေယာက္ေယာက္၏ Pheromones ျဖစ္၏။
ကိုယ့္အုပ္စုမွမဟုတ္ဟူေသာ အသိေၾကာင့္ သူ႕ ေခါင္းထဲတြင္ အခ်က္ေပးသံမ်ားျမည္လာသလို အိမ္ႏွင့္ အေတာ္ပင္ေဝးလာေၾကာင္း ျပန္သတိရသြားသည္။ ဘယ္လိုပင္ ေကာင္းခ်ီးမ်ားႏွင့္ ျပည့္စုံေနပါေစ။ သူက အသြင္ေျပာင္းတတ္ခါစ အေကာင္ေပါက္ေလးသာျဖစ္သည္မို႔ အႏၲရာယ္ကို တစ္ေယာက္တည္းရင္မဆိုင္ႏိုင္ေသးပါ။
ထို႔အျပင္ သူ႕ကိုလိုက္႐ွာေနၾကမည့္ မိဘမ်ားကို ေတြးမိရင္း ေနာက္ေၾကာင္းျပန္လွည့္ရန္ ျပင္၏။ ဝါးႏွစ္ျပန္မကက်ယ္ေသာ ေခ်ာင္းကို အားတစ္ခ်က္ျပဳကာ ခုန္ကူးရင္း တစ္ဖက္ေတာအုပ္ထဲသို႔ အျမန္ျပန္ဝင္ေျပးသည္။ လာခဲ့စဥ္က သူ ခ်န္ထားခဲ့ေသာ ကိုယ္ပိုင္ရနံ႔မ်ားကို ေျခရာခံ၍ရသည္မို႔ အိမ္ျပန္လမ္းက သိပ္ေတာ့ မခက္ခဲလွ။
သူထြက္သြားၿပီးေနာက္ ခပ္လွမ္းလွမ္း႐ွိ သစ္ပင္ျမင့္တစ္ပင္က လႈပ္႐ွားသြားရင္း ငါးႏွစ္အ႐ြယ္ခန္႔ ေကာင္ေလးတစ္ေယာက္က ထိုအပင္ထက္မွ ခုန္ဆင္းလာသည္။ တစ္ေျဖာင့္တည္းေသာ ပင္စည္ျဖစ္ၿပီး အခက္အလက္သိပ္မ႐ွိ၍ ေတာ္ေတာ္ျမင့္သည့္အကိုင္းမွ ခုန္ခ်လာျခင္းျဖစ္ေသာ္လည္း ကေလး၏ဟန္က ေပါ့ေပါ့ပါးပါးသာ။
ခပ္က်ယ္က်ယ္ အညိဳေရာင္ မ်က္ဝန္းဝိုင္းေလးမ်ားက တစ္ဖက္ေတာအုပ္ကို အၾကည့္မလႊဲဘဲ မျမင္ရေတာ့ေသာ တစ္ခုခုကို ႏွေျမာတသဟန္ျဖစ္ေန၏။ မ်က္ခုံးနားတြင္အတိျဖစ္ေနေသာ
ခပ္လုံးလုံးဆံပင္ေကေၾကာင့္ မ်က္ႏွာဝိုင္းေလးပိုေပၚကာ သိသိသာသာ ခ်စ္စရာေကာင္းေန၏။ ကေလးက ႏႈတ္ခမ္းပါးေလးကို ေ႐ွ႕သို႔ ဆူေထာ္လိုက္ရင္း အလိုမက်ဟန္ျဖင့္ ေျခတစ္ခ်က္ေစာင့္သည္။ ၿပီးမွ ထိုေကာင္ေလးက လက္ေလးႏွစ္ဖက္ကို ေဘးသို႔ကားလိုက္ရင္း ေျခဖ်ားေထာက္ကာ ေခါင္းေမာ့ၿပီး ေလကိုတစ္ဝႀကီး ႐ွဴသြင္းလိုက္သည္။
သူက မဟူရာေရာင္ ဝံပုေလြေလးကို တစ္ခ်ိန္လုံး ၾကည့္ေနခဲ့တာျဖစ္သည္။ သူ သတိမထားမိဘဲ မေနႏိုင္ေအာင္ ပ်ံ႕ႏွံ႔ေနေသာ ခပ္သင္းသင္းPheromonesကို ႐ွဴ႐ွိက္ေနရသည္။ သို႔တိုင္ သူ႕စိတ္မ်ားၾကည္လင္ေနသည္ကိုလည္း သူကိုယ္တိုင္သတိထားမိေနပါ၏။ သို႔ရာတြင္ သူ႕ကိုယ္ထဲမွ ထိုးထြက္ရန္ တာစူေနေသာ တစ္စုံတစ္ခုက သူထိန္းခ်ဳပ္ႏိုင္သည့္ အတိုင္းအတာကို ေက်ာ္လြန္လာေနၿပီျဖစ္သည္။
"အာ့"
သူ႕လည္ပင္းဆီမွ မခံမရပ္ႏိုင္ေအာင္ နာက်င္လာေနၿပီး ထိုနာက်င္မႈကို သူဆက္ၿပီး သည္းခံႏိုင္စြမ္းမ႐ွိေတာ့။ ထို႔ေၾကာင့္ သူအသံထြက္ၿပီး ညည္းညဴလိုက္မိသည္။ သူ ဆက္ၿပီး တင္းခံမထားႏိုင္ေတာ့ပဲ စိတ္ကို လႊတ္ခ်ပစ္လိုက္ရသည္။ နာက်င္မႈကေတာ့ ယူပစ္လိုက္သလို သက္သာသြားၿပီး~~
ေလထဲသို႔ ဝဲပ်ံလာပါေသာ Alpha တစ္ေယာက္၏ Pheromonesရနံ႔မ်ား။
"ဟြန္႔"
သူ စိတ္႐ႈပ္စြာ ႏွာေခါင္း႐ႈံ႕လိုက္ရင္း ေျခႏွစ္ေခ်ာင္းလုံးကို ေစာင့္ေစာင့္ပစ္လိုက္သည္။ သူတစ္ခ်က္ေစာင့္လိုက္တိုင္း သစ္ပင္မ်ား ယိမ္းႏြဲ႕သြားေၾကာင္းကိုေတာ့ သူ ကိုယ္တိုင္ သတိမထားမိ။
ယေန႔ေတာ့ စမ္းေခ်ာင္းေဘးက မိုးမခပင္ေပၚသို႔ တက္ေဆာ့မည့္ အစီအစဥ္ကို လက္ေလွ်ာ့လိုက္ေတာ့သည္။ သူ စိတ္မပါေတာ့။
ထိုအခိုက္
"အူ~~~"
သူတို႔အုပ္စုဆီမွ ဆြဲဆြဲငင္ငင္ အူလိုက္ေသာ အသံကို ၾကားလိုက္ရသည္။ ဒါက အေရးကိစၥတစ္ခုခု တိုင္ပင္ရန္အတြက္ အခ်က္ေပးသံျဖစ္၏။ သို႔ေသာ္ယခုခ်ိန္တြင္ အေရးႀကီးဆုံး ကိစၥမွာ သူတို႔ မ်ိဳးႏြယ္စုအႀကီးအကဲ၏သားေလး ေပ်ာက္ေနျခင္းမွလြဲအျခားမ႐ွိႏိုင္။
သူ ေနာက္ဆုံးတစ္ခ်က္ ေျခကို ေစာင့္လိုက္ရင္း အိမ္သို႔ ျပန္ရန္ျပင္၏။ ပုံမွန္ဆိုလွ်င္ ႏြယ္ႀကိဳးမ်ားသုံးၿပီး တစ္ပင္ႏွင့္တစ္ပင္ ခုန္ကူးကာ ျပန္ေလ့႐ွိေသာ္လည္း ယခုေတာ့ ထိုသို႔မဟုတ္ သူေျခေထာက္ေတြျဖင့္ ေျပးလႊားခ်င္မိ၏။
အသြားအလာသိပ္မ႐ွိသျဖင့္ လမ္းေၾကာင္းမေပၚေသာ္လည္း သူမွန္းဆကာ ျပန္တတ္ၿပီးျဖစ္၍ သိပ္မခက္ခဲလွပါ။ ေျခႏွစ္ဖက္ကို အျမန္အဆန္အလုပ္ေပးလိုက္ၿပီး ေျပးလႊားလိုက္ေတာ့သည္။
ထူးဆန္းစြာပင္ ပုံမွန္ထက္ ပိုေပါ့ပါးေနၿပီး သူကိုယ္တိုင္က ေျခေထာက္ႏွစ္ဖက္တည္း သုံးေနရသည္ကို အားမရေတာ့သလိုျဖစ္လာသည္။
ေျမျပင္ေပၚသို႔ ေဘးတစ္ေစာင္းလဲက်ေနေသာ ႏွစ္ခ်ိဳ႕ပင္ႀကီး၏ေအာက္မွ ျဖတ္ရခ်ိန္တြင္ သူ႕လက္ေတြက ေျမႀကီးကို ထိသြားၿပီး သူက ထိုအေနအထားႏွင့္ ရင္းႏွီးကြၽမ္းဝင္ေန၏။ မ်က္လုံးကိုမွိတ္လိုက္ၿပီး အသက္ပုံမွန္႐ွဴသြင္းလိုက္ရင္း ထိုေလေလးက သူ႕ႏွလုံးသားထဲထိ ေရာက္သြားသည္ကို ခံစားသိလိုက္ရသည္။
သူ႕မ်က္လုံးမ်ားဖြင့္လာခ်ိန္ အညိဳဝိုင္းဝိုင္းမ်က္ဆန္မ်ားေနရာတြင္ ေကာင္ကင္ထက္ပိုျပာေနေသာ မ်က္ဆန္မ်ားက ေနရာယူသည္။ လက္ႏွစ္ဖက္မွ အနက္ေရာင္ အေမြးမ်ားထြက္လာသလို သူက သစ္ကိုင္း တစ္ခုကို လွမ္းဆြဲခ်ိန္ မမိဘဲ ေခ်ာ္သြားၿပီး ထိုသစ္ကိုင္းတြင္ လက္သည္းအရာ သုံးခ်က္ က်န္ခဲ့သည္။
ေျမျပင္ေပၚျပန္က်သြားေသာ ေကာင္ေလးသည္ နဂိုမူလပုံမဟုတ္ဘဲ အနက္ေရာင္အေသြးျဖင့္ ေျခေလးေခ်ာင္းကို အားျပဳေသာ တစ္စုံတစ္ရာျဖစ္သြားသည္။ ေၾကာက္႐ြံဟန္ကင္းေသာ အျပာရင့္ေရာင္ မ်က္ဆန္မ်ားကို အနီေရာင္မ်က္သားမ်ားက ဝန္းရံသည္။ အနက္ေရာင္ေတာက္လြန္းသျဖင့္ နီခ်င္သလိုျဖစ္ေနေသာ နား႐ြက္ဖ်ားႏွစ္ဖက္ကို ေဘးဘီဝဲယာေစာင္းရင္း အသံမ်ားကို နားစြင့္သည္။ ပိုၾကည္လာေသာ အျမင္အာ႐ုံ၊ ပိုဆူညံလာေသာ အၾကားအာ႐ုံ၊ ပိုလ်င္ျမန္လာေသာ ကိုယ္တို႔ေၾကာင့္ သူ႕ကိုယ္သူ စိတ္ေက်နပ္မိၿပီး။ သူ၏ ပုံစံအစစ္ကို သူကိုယ္တိုင္ႏွစ္သက္မိ၏။
******
By Ah Nann
#31.5.22
17.5.22
___________________