My Cherry Will Explode in the...

By tobefly_highhigh

654K 94.6K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》

7.4K 1K 13
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 35

Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク

Unicode

ဗင်ကားသည် လမ်းတားတစ်ခု၌ ရပ်သွားသောအခါ လူများစွာသည် ချုံပုတ်များထဲမှထွက်လာကြကာ ဗင်ကားမောင်း၀င်ဖို့အတွက် လမ်းတားတုံးများကိုဘေးသို့ အလျင်အမြန်ဆွဲလိုက်ကြသည်။

ထိုလူများ လမ်းတားတုံးမျကို နေရာပြန်မထားနိုင်သေးခင်မှာပင် ကျန့်ယွင်သည် acceleratorကို တစ်ချက်ဖိနင်းလိုက်ပြီးအမြန်မောင်း၀င်လိုက်ကာ သူ့ရှေ့ရှိဗင်ကားနောက်သို့ တိုက်ရိုက်လိုက်သွားလေသည်။

လမ်းမပေါ်ရှိလူများသည် ကားနောက်သို့ခြေနှစ်လှမ်းစာလိုက်လိုက်ပြီး ဆဲဆိုဖို့ ပေါ်လာကြလေသည်။

သူတို့နောက်သို့လိုက်လာသော ဖုတ်ကောင် အလုံးအရင်းကိုတွေးလိုက်ပြီး ကျန့်ကျားဟယ်သည် ကာနောက်တံခါးကိုဖွင့်ပြီး ထိုလူများအားအော်လိုက်၏။

“ဖုတ်ကောင်တွေလာနေပြီ! ဒီကနေထွက်သွားကြတော့! ”

လူများသည် အဝေးမှလမ်းကို စူးစိုက်ကြည့်လိုက်ပြီး အသေအချာပင် အရိပ်များစွာသည် သူတို့ဆီသို့ လှုပ်လှုပ်ရှားရှားလာနေသည်။

အံ့အားသင့်ထိတ်လန့်သည့်အော်သံတစ်ခုနှင့် လူများသည် ချက်ချင်းပင် ချုံပုတ်များနောက်တွင် ဝှက်ထားသော ကားထဲသို့ခုန်၀င်လိုက်ကြကာ အလျင်အမြန် ၀င်လိုက်ကြသည်။

ဗင်ကားသည် တစ်ကီလိုမီတာနီးပါးလောက် လမ်းတလျှောက်တည့်တည့်မောင်းသွားပြီး နောက်ဆုံး၌ စက်ရုံတစ်ခု၏တံခါးရှေ့တွင် ရပ်သွားလေသည်။

ထိုရင်းနှီးကျွမ်း၀င်သည့် စက်ရုံအဆောက်အအုံ၌ စုရွေ့ကျယ်သည် သူ့မျက်လုံးများ တဖြည်းဖြည်းကျဉ်းမြောင်းသွားလေသည်။

စက်ရုံ၏သံတံခါးကြီးသည် ဖြည်းညှင်းစွာပွင့်လာပြီး များစွာသော လူငယ်လူရွယ်များထွက်လာကြကာ သူတို့၏လက်များထဲတွင် ဓာတ်မီးများနှင့် သံချောင်းများကို ကိုင်ဆောင်ထားကြသည်။

ဗင်ကား၏တံခါးသည်လည်း ပွင့်လာပြီး အရှေ့ထိုင်ခုံမှ ပိန်ပါးသော မျောက်နှင့်တူသည့်လူတစ်ယောက်ထွက်လာကာ ခေါင်းညိန်လိုက်ပြီး တခြားလူငယ်များကိုစောင့်နေသည်။ သူသည် အနောက်ဘက်ကိုယ်ထည်တံခါးကိုဖွင့်လိုက်ပြီး ရေသန့်သေတ္တာများ နှင့် နို့မှုန့်အထုပ်များကိုထုတ်ယူလိုက်သည်။

လူငယ်သည် ခေါင်းညိတ်လိုက်ပြီး ပိန်ပါးသောမျောက်နှင့်တူသည့်လူအားမောင်း၀င်ခွင့်ပြုသည့်အတွက် ရိက္ခာပစ္စည်းတစ်၀က်ကိုယူလိုက်သည်။

ထို့နောက် သူတို့ဆီသို့လာနေသော လမ်းကြမ်းမောင်းကားကို တစေ့တစောင်း အကဲခတ်လိုက်ပြီး မော်ဒယ်လ်ကိုမြင်ပြီးနောက် သူတို့၏မျက်လုံးများသည် တောက်ပသွားကြလေသည်။ သူတို့သည် ကမ္ဘာပျက်ကပ်ကြီးမတိုင်ခင်က ထိုသို့သော ဇီမ်ခံကားများကို များစွာ မတွေ့ဖူးခဲ့ကြချေ။ ထူထဲသောသံမဏိပြားများသည် သိသိသာသာကို အလွန် ခိုင်ခံ့လှသည်။

ခေါင်းဆောင်ဖြင့်သည့် လူငယ်သည် နောက်သို့လှည့်ပြီး သူ့ဘေးနားရှိ ညီငယ်လေးတစ်ယောက်ကို စကားအနည်းငယ် တိုးတိုးပြောလိုက်၏။ ညီငယ်လေးသည် ချက်ချင်းပင် စက်ရုံထဲသို့ အပြေးအလွှားပြန်သွားလိုက်လေသည်။ ကျန့်ယွင်သည် သူတို့ရောက်လာသည်ကို မည်သူ့အားသွားရောက်သတင်းပို့သည့်ကိုမသိလိုက်ပေ။

ထို့နောက် ကြင်နာသောအပြုံးတစ်ခုနှင့် လူငယ်သည် ကားမောင်းသူခုံဘက်သို့ ချဉ်းကပ်လာကာ ကျန့်ယွင်အားမေးလိုက်၏။

“မင်းတို့ ငါတို့ရဲ့ လုံခြုံရေးဇုန်ကို ပူးပေါင်းချင်လား? ”

“ဒါက လုံခြုံရေးဇုန်တစ်ခုလား? ”

လူငယ်သည် သူ့အား အံ့ဩသည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလာ၏။

“မင်းမသိဘူးလား? ဒါဖြင့် မင်းတို့ဒီကို ဘယ်လိုရောက်လာကြတာလဲ? ”

“ငါက ငါတို့ရှေ့ကကားနောက်ကိုလိုက်လာခဲ့တာ။ သူက ဖုတ်ကောင်အုပ်စုကို ဘယ်လိုရှောင်ရမှန်းမသိဘဲ ငါတို့ကို တောင်တိုက်မိလုနီးပါးပဲ။ နောက်တော့ ဒီအထိသူ့နောက်ကိုလိုက်လာဖို့အပြင် ငါတို့နောက်ထပ်ရွေးချယ်စရာမရှိတော့ဘူး”

လူငယ်သည် ဖုတ်ကောင်များအကြောင်းကြားပြီးနောက် သူ့မျက်နှာတွင် သေးငယ်သောပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။ သူသည် တခြားညီငယ်လေးကို အထဲသို့၀င်ပြီး တာ၀န်ခံဆီသို့အကြောင်းကြားရန် နှိုးဆော်လိုက်သည်။ သူသည် စီးပွားရေးသမားကဲ့သို့ပုံစံပြောင်းလဲသွားပြီးပြောလာ၏။

“မင်းတို့ဒီကို ဘယ်လိုပဲရောက်လာလာ တိုတိုပြောရရင် ဒီနေရာက ကျန်းကောတည်ထောင်ထားတဲ့ လုံခြုံရေးဇုန်တစ်ခုပဲ။ အထဲ၀င်ဖို့အတွက်ဆိုရင် ၀င်ကြေးပေးရမယ်”

“၀င်ကြေးကဘယ်လောက်လဲ? ”

“တာ၀န်ခံပြောထားတာအရတော့ လူတစ်ယောက်၀င်ကြေးက ဆန်စပါးငါးကီလိုဂရမ်နဲ့ညီတယ်တဲ့ ”

လူငယ်သည် ကားထဲသို့ အကဲခတ်လိုက်ကာ သူ့ခေါင်းကို ညင်ညင်သာသာယမ်းလိုက်ပြီး

“အထဲမှာ မင်းတို့ကဘယ်နှယောက်လဲ...လွှဲပေးစရာဆန်စပါးမရှိဘူးဆိုရင် ကားကိုသုံးပြီးလဲလှယ်လို့လည်း ဖြစ်နိုင်ပါတယ်။ ကျန်းကောက ကားတစ်စီးကို လိုချင်နေခဲ့တာ”

“ကျန်းကောက ဘယ်သူလဲ? ”

“ကျန်းကောကို မင်းမသိဘူးလား? သူကစွမ်းရည်အသုံးပြုသူတစ်ယောက်ပဲ! သူ့ခွန်အားက အကန့်အသတ်မဲ့ပဲကွ၊ သူက လက်ဗလာနဲ့တောင် ဖုတ်ကောင်တွေကို ဆုတ်ဖြဲနိုင်တယ်။ ဒီလုံခြုံရေးဇုန်က ကျန်းကောတည်ထောင်ထားတာ! ”

“အိုး? စွမ်းအားရှင်လူတစ်ယောက်လား? အတော်လေးမိုက်သား ”

ကျန့်ယွင်သည် ၀တ်ကျေတန်းကျေတုန့်ပြန်လိုက်ပြီး

“မင်းတို့လုံခြုံရေးဇုန်ထဲမှာ စွမ်းရည်အသုံးပြုသူဘယ်လောက်ရှိလဲ? ”

“မင်းက စွမ်းရည်အသုံးပြုသူတွေက တရုတ်ဂေါ်ဖီထုပ်တွေလိုပေါက်လာတယ်ထင်နေတာလား? လက်တစ်ဆုပ်စာလောက်ဆိုပြီး သွားယူလို့ရမလားဟ?! သေချာပေါက်မဟုတ်ဘူးပေါ! ကျန်းကောတစ်ယောက်တည်းပဲရှိတာ! ကျန်းကောက သူတစ်ယောက်တည်းလုံလောက်တဲ့အထိ အရမ်းပြင်းထန်တယ်! ”

ကျန့်ယွင်နှင့် တခြားလူများသည် သူတို့စိတ်ထဲတွင် တီးတိုးလှောင်ရယ်လိုက်၏။ ဒီလူတွေက တကယ့်ကို နံရံအောက်ခြေက ဖားတွေပဲ......

ထိုအချိန်မှာပဲ သူနောက်သို့လိုက်လာသော အစောင့်အကြပ်များကိုသယ်ဆောင်လာသောကားသည်လည်း မှီလာလေ၏။ လမ်းတားတုံးများကိုစောင့်ကြပ်ရန် တာ၀န်ရှိသည့်လူအနည်းငယ်သည် သူတို့စိတ်ထဲတွင် ဖရိုဖရဲတုန်လှုပ်နေကြလျက် အော်လိုက်၏။

“မြန်မြန်! ဖုတ်ကောင်တွေ ဒီကိုလာနေပြီ! အထဲ၀င်ကြ! အထဲကိုသွားကြ! ”

ကျန့်ယွင်၏လမ်းကြမ်းမောင်းကားသည် သူတို့အရှေ့တွင် ပိတ်ဆို့နေပြီး တခြားကားသည် အထဲသို့မ၀င်နိုင်ဖြစ်နေသည်။ သူတို့သည် စိုးရိမ်တကြီးနှင့် အသဲအသန်ကို အရှေ့သို့ အပြေးအလွှား လျှောက်သွားဖို့ကြိုးစားရန်သာတတ်နိုင်တော့သည်။

လူငယ်သည်လည်း ဖုတ်ကောင်များ၏ အော်ဟောက်သံများကိုကြားလိုက်ရ၏။ သူအနည်းငယ် အထိတ်တလန့်ဖြစ်သွားပြီး ကျန့်ယွင်နှင့် ၀င်ကြေးအခကြေးငွေကိုညှိနှိုင်းဆွေးနွေးဖို့ အချိန်ကြာအောင်အားထုတ်လို့မဖြစ်နိုင်တော့ချေ။ သူတို့အား စက်ရုံထဲသို့ကားမောင်း၀င်ရန် တိုက်တွန်းလိုက်ပြီးနောက် သံတံခါးကိုပိတ်လိုက်ရ၏။

သံတံခါးကို သော ခုနစ်ခု ရှစ်ခုလောက်ခတ်ပြီးနောက်မှသာ လူငယ်သည် ပိုပြီး လွယ်ကူပေါ့ပါးသွားသလိုခံစားလိုက်ရ၏။ သူသည် ကားပေါ်မှ ဆင်းလာသောလူများကို အကဲခတ်လိုက်၏။

အရှေ့ထိုင်ခုံများမှဆင်းလာသော အရပ်ရှည်ရှည်လူနှစ်ယောက်မှ လွဲ၍ ကျန်သည့်လူများသည် တိုက်ခိုက်နိုင်စွမ်းအများကြရှိမည့်ပုံမရချေ။ အထူးသဖြင့် သုံးနှစ်အရွယ်ကလေးတစ်ယောက်နှင့်အတူရှိသည့် ဆယ်ကျော်သက်ကလေးနှင့် သူမ၏လက်တွင် ပတ်တီးတစ်ခုနှင့် အမျိုးသမီးဖြစ်သည်။

အာ, အနာတရရနေသောအမျိုးသမီးနဲ့ ကလေးတွေအဖွဲ့နှင့် လူနှစ်ယောက်.....

ခုန်စယောက်မှာ နှစ်ယောက်သာအသုံး၀င်သည်။ အသက်ပိုငယ်လေလေ ၀န်ထုပ်၀န်ပိုကြီးလေလေ၊ ပိုပြီး သူတို့ရရှိထားတဲ့ အလေးပေးမှုကို မထိမဲ့မြင်ပြုလေလေပင်။ ဇိမ်ခံSUVကြီးကို တွေးခြင်းကသာ ထိုအသက်ရှင်ကျန်ရစ်သူများကို ၀င်ခွင်ပေးလိုက်ဖို့ ဆွဲဆောင်နိုင်သည့်အရာတစ်ခုသာလျှင်ဖြစ်တော့သည်။

မျက်တောင်တစ်ခတ်စာအကြာမှာပဲ ဖုတ်ကောင်များသည် စက်ရုံ၏သံဂိတ်တံခါးများကို သွေးရူးသွေးတန်းနှင့် စတင်ထုရိုက်လာကြကာ လက်ရန်းအက်ကွဲကြောင်းများမှတဆင့် သူတို့လက်သည်းများဖြင့် ကုတ်ခြစ်နေကြကာ အရသာရှိသောအစားအသာက်များကို ဖမ်းဆွဲရန်ကြိုးစားနေကြလေသည်။

ပတ်ပတ်လည်ကိုလင်းချင်းသွားစေရန် စက်ရုံနံရံပေါ်သို့ အလင်းရောင်များစွာထိုးလာကြသည်။ လူအများအပြားသည် လှုပ်ရှားသံများကို ကြားရပြီး စက်ရုံအခန်းများထဲမှထွက်လာကြကာ စက်ရုံအလယ်ရှိ ဟင်းလင်းပြင်၌စုဝေးလာကြသည်။ သူတို့သည် ကြောက်စရာဖုတ်ကောင်များကို စိုးရိမ်ထိတ်လန့်စွာကြည့်နေကြလေသည်။

စုရွေ့ကျယ်သည် လူအုပ်ထဲသို့ တစ်ချက်ကြည့်လိုက်သည်နှင့် ရောနှောနေသော ရင်းနှီးသည့် မျက်နှာနှစ်ခုကို  ရွေးကောက်လိုက်နိုင်သည်။ ဦးလေးစုချီမင်နှင့် အဒေါ် ချန်ဟွေ့ကျန်းတို့သည် အမှန်တကယ်ကို ဤနေရာ၌ရှိနေကြသည်။ ဤဘ၀မှာ စုရွေ့ကျယ်နှင့် ကျန့်ယွင်၏ ကာကွယ်မှုမပါဘဲ သူတို့သည် အရင်ဘ၀ကထက် အနည်းငယ် ဆိုးရွားနေပုံရသည်။

ချန်ဟွေ့ကျန်း၏ ၀တုတ်တုတ်ကိုယ်ခန္ဓာသည် သိသိသာသာကို ပိန်ကျသွားပြီး သူမ၏ ပါးပြင်များသည် ခြောက်ကပ်နေကာ သူမ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူမတွင် စိတ်ဓာတ်ခံနိုင်ရည်အား လုံး၀မရှိတော့ချေ။ စုချီမင်၏ နောက်ကျောသည်လည်း ကိုင်းကျနေကာ သူ့ဆံပင်များသည် ဖြူလာခဲ့သည်။

သူ့အတိတ်ဘ၀တုန်းက စုရွေ့ကျယ် ဖုတ်ကောင်တစ်ကောင်ထံမှ အကိုက်ခံရပြီးနောက် စက်ရုံအားယာယီအခြေစိုက်စခန်းတစ်ခုအဖြစ်အသုံးပြုခဲ့သောကျန့်ယွင်သည် သူ့အားဤနေရာသို့ ခေါ်ဆောင်လာခဲ့ဖူးသည်။ ၎င်းသည် အစားအသောက်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်သဖြင့် လက်ကျန်အစားအစာအချို့ရှိနေသေးသည်။ မြေပြင်ပထဝီအခြေအနေသည်လည်း ကောင်းမွန်ကာ ခုခံကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည်။

ကျန့်ယွင်ထံမှ ကယ်ဆယ်ခြင်းခံရသောအခါ နိုးထလာပြီးနောက် သူ့စွမ်းရည်ကို နှိုးဆော်ခဲ့သည်။ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်ခ့င်း၏အကျိုးကျေးဇူးနှင့် သူသည် များစွာသောမျက်နှာပေးမှုများရရှိခဲ့ပြီး သူ့ဦးလေးမိသားစုသည် အကျိုးကျေးဇူးအကြီးမားဆုံးဖြစ်လာခဲ့သည်။

သို့သော်လည်း ဤဘ၀တွင်မူ သူတို့သည် ထောက်ပံ့မှုမရှိသော သာမာန်လူများသာဖြစ်ကြသည်။ သူတို့သည် ဤအခြေစိုက်စခန်းကို၀င်နိုင်ရန် ရိက္ခာများကို လက်လွှဲပေးခဲ့ရပေလိမ့်မည်။ ယခြတော့ သူတို့ကောင်းကောင်းမွန်မွန်မရှိနေကြသည်ကိုမြင်သောအခါ စုရွေ့ကျယ် ပျော်ရွှင်မိသည်။

ဤအခြေအနေကို ဘယ်လိုပြောရမလဲ?
 
‘ခင်ဗျားတို့ ခက်ခဲတဲ့အချိန်တစ်ခုရနေတာကိုမြင်ရတာ ကျွန်တော် စိတ်သက်သာရာရမိတယ်’

ကျန့်ယွင်သည် တံခါးပေါက်နားတွင် ရပ်နေပြီး သူ့အနောက်တွင် ဇိမ်ခံကားတစ်စီးနှင့် အသားဖြူဖြူလူတစ်ယောက်ဖြစ်သည့် စုရွေ့ကျယ် သည် စူးရှထက်မြက်သောမျက်လုံးတစ်စုံဖြင့် ရပ်နေခဲ့လေသည်။ ချန်ဟွေ့ကျန်းသည် သူ့အား တစ်ချက်တည်းနှင့် မ့င်သွားလေသည်။ သူမသည် စုရွေ့ကျယ်၏မျက်လုံးများနှင့် ဆုံသွားသောအခါ သူသည် ချက်ချင်းပင် မနှစ်မြို့ဟန်ဖြင့် သူ့ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ကာ သူတို့အား မမြင်ချင်ဟန်ဆောင်ထားလေသည်။

အဆုံးမှာတော့၊ သူ့ချစ်ရသူတစ်ယောက်အနေဖြင့် ကျန့်ယွင်သည် အကျင့်အတိုင်းစုရွေ့ကျယ်အား အာရုံစိုက်ထားခဲ့သဖြင့် သူစိတ်ခံစားချက်ကောင်းမနေသည်ကို သူသတိပြုမိလိုက်သည်။ စုရွေ့ကျယ်၏အကြည့်နောက်သို့လိုက်ပြီး သူလည်းပဲ ချန်ဟွေ့ကျန်းအားမြင်လိုက်ရပြီး သူစိတ်ထဲတွင် စိတ်အေးသွားရသည်။

ထိုအချိန်တွင် မုတ်ဆိတ်မွှေးနှင့် ပါးစပ်တွင်စီးကရက်တစ်လိပ်နှင့် သန်မာသာအမျိုးသားတစ်ယောက်သည် လူအများဝိုင်းရံနေသောစက်ရုံအဆောက်အအုံအနောက်ဘက် လွတ်လပ်သောအိပ်ဆောင်အဆောက်အအုံမှ ဖြည်းညှင်းစွာထွက်လာလေသည်။

“ကျန်းကော! ”

မုတ်ဆိတ်နှင့်လူကိုမြင်ပြီး လူငယ်သည် ချက်ချင်း သာယာသောအပြုံတစ်ခုညှစ်ထုတ်ဆင်မြန်းလိုက်ပြီး ဖုတ်ကောင်များအကြောင်း သူ့အားပြောပြရန် စုစည်းသွားလိုက်သည်။ သူသည် ကျန့်ယွင်အား လက်ညှိုးထိုးပြလိုက်၏။

စွန်းမင်၏ လက်နောက်သို့လိုက်ပြီး ကျန်းမောင့်ရုန် သည်ဇိမ်ခံကားကိုမြင်လိုက်ရပြီး ထိုအရှေ့တွင် ရပ်နေသော လူအုပ်စုလေးနောက်သို့လိုက်ပါသွား၏။ သို့သော် သူသည် စွနမင်ကဲ့သို့ အမြင်တိုသောလူမဟုတ်ချေ။ ထိုလူများသည် အလွန်အားနည်းသည့်ပုံရသော်လည်း သူတို့သည် သူတို့သည် သန့်ရှင်းသပ်ရပ်နေကြကာ သူ့လုံခြုံရေးဇုန်ထဲရှိလူအများနှင့် အပြင်ဘက်သွင်ပြင်ယှဉ်ကြည့်လျှင် ခြားနားသည်။ သူတို့၏မျက်လုံးများသည် အထူးသဖြင့် တည်ငြိမ်နေကြကာ သံဂိတ်တံခါးအပညင်ဘက်တွင် ဖြတ်ကောင်များ အော်ဟစ်နေသော်လည်း ၎င်းတို့လုံး၀ရှိမနေသကဲ့သို့ပင်။

“ငါ့နာမည်က ကျန်းမောင့်ရုန်လို့ခေါ်တယ်။ မင်းတို့ကို ဘယ်လိုခေါ်ရမလဲ? ”

ကျန်းမောင့်ရုန်သည် ကျန့်ယွင်နှင့်တခြားသူများ၏အရှေ့တွင် ရပ်လိုက်၏။

“ကျန့်ယွင် ”

ကျန်ယွင်သည် အသာအယာဖြေလာ၏။ သို့သော် သူ့အနောက်ဘက်ရှိကျန်သည့် အဖွဲ့ကိုမူ မိတ်ဆက်မပေးခဲ့ချေ။

ကျန်းမောင့်ရုန်သည်လည်း ထိုလူများအကြားတွင် ကျန့်ယွင်သည် တာ၀န်ခံတစ်ယောက်ဖြစ်သည်ကိုမြင်ပြီး သူ ဂရုမစိုက်တော့ချေ။ သူ့လက်မောင်းတုတ်တုတ်ကြီးနှင့် သူ့အနောက်ဘက်မှ သစ်သားချောင်းတစ်ခုကိုယူလိုက်ပြီး သန်မာသောလက်ဖြင့် ၎င်းကို ချိုးလိုက်၏။

“မင်းတို့မှာ စွမ်းရည်တစ်ခုခုရှိလား? ”

၎င်းသည် ဒေါသတစ်ခုသာမဟုတ်ပဲ စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။

“ငါ့မှာ တခြားထူးထူးခြားခြားစွမ်းရည်တွေမရှိပါဘူး”

ထိုသို့ပြောပြီးနောက် ကျန်းမောင့်ရုန်၏ မျက်လုံးထဲရှိ ရုတ်ခဖ်ညးအေးစက်သွားသည်။ သူက စွမ်းရည်အသုံးပြုသူတစ်ယောက်မဟုတ်လျှင် သူ့က အသုံးမ၀င်ဘဲဖြစ်ပေလိမ့်မည်။

“ဒါပေမယ့် ငါ့မှာ ဒါရှိတယ်”

ကျန့်ယွင်ပြောလိုက်ပြီး သူ့နောက်ဘက်ရှိဘသေနတ်တစ်လက်ကိုဆွဲထုတ်လိုက်လေသည်။

ကျန်းမောင့်ရုန်၏မျက်နှာသည် ချက်ချင်းဆိုသလိုပြောင်းလဲသွားလေ၏။ သူသည် ကိုယ်ကာယခွန်အားစွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်လျှင်တောင် သူသည် အသွေးအသားနှင့် ပြုလုပ်ထားဆဲပင်ဖြစ်သည်။ သူသည်လည်း ဒဏ်ရာရ၊ သွေးထွက်ပြီး သေနိုင်ဆဲဖြစ်သည်။သူမည်မျှပင် သန်မာခွန်အားကြီးပါစေ သူကိုယ်သူ ကျည်ဆန်များကို ဆန့်ကျင်ပြီးခုခံကာကွယ်နိုင်စွမ်းမရှိပေ။

သူ့ကိုယ်သူ အပြင်းအထန်နှစ်သိမ့်ရန်ကြိုးစားလိုက်၏။
တစ်ဖက်လူ၏ သေနတ်သည် ခြိမ်းခြောက်မှုတစ်ခုသာဖြစ်နိုင်သည်။ တစ်ဖက်လူ ဘယ်လိုများသေနတ်တစ်လက်ရလာနိုင်သလဲကို သူမသိသော်လည်း ကျည်ဆန်များသည် အမြဲတမ်းကန့်သတ်ထားသည်။ ထိုအချက်ကြောင့် သေနတ်သည် သူ့ကိုယ်ပိုင်စွမ်းရည်လောက် ကောင်းမွန်လိမ့်မည်မဟုတ်ချေ။

သူ့သေနတ်သည် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်းသက်သေပြသည့်အနေဖြင့် ကျန့်ယွင်သည် တံခါးပေါက်ရှိ ဖုတ်ကောင်တစ်ကောင်ဆီသို့ တစ်ချက်ပစ်လိုက်ပြီး တိကျစွာဖြင့် ဖုတ်ကောင်၏ခေါင်းကို မှန်သွားပြီး ပေါက်ကွဲသွားစေလေသည်။

“ကံကောင်းစွာပဲ ငါ့မှာ သေနတ်တစ်လက်နဲ့ ကျည်ဆန်အများကြီးရှိနေတယ်”

“ဟားဟားဟား၊ အဲ့ဒါအရမ်းမိုက်တယ် ! ”

ကျန်းမောင့်ရုန် ရယ်မောလိုက်ပြီး

“ကျန့်ရှောင်တိ ရဲ့ အကူအညီနဲ့သာဆို အဲ့ဒိဖုတ်ကောင်တွေကို ချေမှုန်းပစ်နိုင်ဖို့ သေချာပြီပေါ့ ”

ဘယ်လိုပါ၀င်ကူညီနိုင်မလဲဆိုတာကိုသိရင် ညီအစ်ကိုတစ်ယောက်လို့ သတ်မှတ်နိုင်လိမ့်မှာပေါ့။

ကျန့်ယွင် ငြင်းဆန်လိုစွာ ခေါင်းညိတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် ဒီဖုတ်ကောင်တွေကို ဂရုစိုက်ရအုံးမည်ပင်။

စာရေးသူတွင်ပြောစရာရှိပါတယ်။

【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】

ကျန့်ကျားဟယ်: အခုတော့ နည်းပညာကောင်လေးပါ ဟုတ်ပြီလား

စုန့်ချန်ရှု : Hulk မဟုတ်ဘူးလား?

ကျန့်ကျားဟယ်: အားနည်းတဲ့ကြက်စုန့် ထင်ယောင်ထင်မှားမလုပ်နဲ့! နည်းပညာHulkကို မတွေ့ဖူးဘူးလား? ငါ့ရဲ့စွမ်းရာ်တွေနဲ့ Hulkကို ပုံစံမျိုးစုံ ကစားနိုင်တယ်!

စုန့်ချန်ရှု : အိုး, အိုတာကုလို သတ္တဝါတစ်ကောင်ရဲ့ အတွေးက အံ့ဩစရာပါပဲ။

ကျန့်ကျားဟယ် : မင်းရဲ့လေသံက မထီမဲ့မြင်ပြုနေသလို ခံစားနေရတယ်။

စုန့်ချန်ရှု : မဆိုးဘူး၊ ယဉ်ကျေးမှုရှိတဲ့ အိုတာကုလေးပဲ!

ကျန့်ရှောင်ယွင် : အငြင်းပွားမနေကြနဲ! အမြှောက်စာလေးက တံခါးဆီ ရောက်လာပြန်ပြီ!

ကျန့်ကျားဟယ် : ဟမ့် အနည်းတဲ့ ကြက်စုန့်၊ နည်းပညာအိမ်ရဲ့ စွမ်းအားကို မြင်စေရမယ်။

စုန့်ချန်ရှု : အိုး ,တောင်းပန်ပါတယ်, ငါကအမြင်မှားနေမိပြီး၊ မျက်စိမမြင်သူပဲ၊ မင်းက လောင်တထက် ပိုဒေါသကြီးလား၊ စုရှောင်ကျယ်ထက် သေစေနိုင်သလား၊ လျန်ကောထက်ပိုပြီး ဒေါသကြီးလား ဒါမှမဟုတ် ကျင်းကျဲထက်ပိုကောင်းလား၊ သုန်သုန်ထက်ပိုချစ်စရာကောင်းလား ဒါမှမဟုတ် ရှောင်ဟေးထက်ပိုပြီး ချစ်စရာတွေရောင်းနိုင်လို့လား?

ကျန့်ကျားဟယ် : လောင်တ ၊ အမြှောက်စာရဲ့ မျက်နှာကို ထြတ်မရိုက်ခင် ဒီကြက်စပ်ကို အရင်သတ်လို့ရမလား? !

🍒🍒

T/N: updateနောက်ကျနေတာတွေအတွက်အားနာပါတယ်။

Zawgyi  】

ဗင္ကားသည္ လမ္းတားတစ္ခု၌ ရပ္သြားေသာအခါ လူမ်ားစြာသည္ ခ်ဳံပုတ္မ်ားထဲမွထြက္လာၾကကာ ဗင္ကားေမာင္း၀င္ဖို႔အတြက္ လမ္းတားတုံးမ်ားကိုေဘးသို႔ အလ်င္အျမန္ဆြဲလိုက္ၾကသည္။

ထိုလူမ်ား လမ္းတားတုံးမ်ကိဳ ေနရာျပန္မထားနိုင္ေသးခင္မွာပင္ က်န႔္ယြင္သည္ acceleratorကို တစ္ခ်က္ဖိနင္းလိုက္ၿပီးအျမန္ေမာင္း၀င္လိုက္ကာ သူ႕ေရွ႕ရွိဗင္ကားေနာက္သို႔ တိုက္ရိုက္လိုက္သြားေလသည္။

လမ္းမေပၚရွိလူမ်ားသည္ ကားေနာက္သို႔ေျခႏွစ္လွမ္းစာလိုက္လိုက္ၿပီး ဆဲဆိုဖို႔ ေပၚလာၾကေလသည္။

သူတို႔ေနာက္သို႔လိုက္လာေသာ ဖုတ္ေကာင္ အလုံးအရင္းကိုေတြးလိုက္ၿပီး က်န႔္က်ားဟယ္သည္ ကာေနာက္တံခါးကိုဖြင့္ၿပီး ထိုလူမ်ားအားေအာ္လိုက္၏။

“ဖုတ္ေကာင္ေတြလာေနၿပီ! ဒီကေနထြက္သြားၾကေတာ့! ”

လူမ်ားသည္ အေဝးမွလမ္းကို စူးစိုက္ၾကည့္လိုက္ၿပီး အေသအခ်ာပင္ အရိပ္မ်ားစြာသည္ သူတို႔ဆီသို႔ လႈပ္လႈပ္ရွားရွားလာေနသည္။

အံ့အားသင့္ထိတ္လန႔္သည့္ေအာ္သံတစ္ခုႏွင့္ လူမ်ားသည္ ခ်က္ခ်င္းပင္ ခ်ဳံပုတ္မ်ားေနာက္တြင္ ဝွက္ထားေသာ ကားထဲသို႔ခုန္၀င္လိုက္ၾကကာ အလ်င္အျမန္ ၀င္လိုက္ၾကသည္။

ဗင္ကားသည္ တစ္ကီလိုမီတာနီးပါးေလာက္ လမ္းတေလွ်ာက္တည့္တည့္ေမာင္းသြားၿပီး ေနာက္ဆုံး၌ စက္႐ုံတစ္ခု၏တံခါးေရွ႕တြင္ ရပ္သြားေလသည္။

ထိုရင္းႏွီးကြၽမ္း၀င္သည့္ စက္႐ုံအေဆာက္အအုံ၌ စုေ႐ြ႕က်ယ္သည္ သူ႕မ်က္လုံးမ်ား တျဖည္းျဖည္းက်ဥ္းေျမာင္းသြားေလသည္။

စက္႐ုံ၏သံတံခါးႀကီးသည္ ျဖည္းညွင္းစြာပြင့္လာၿပီး မ်ားစြာေသာ လူငယ္လူ႐ြယ္မ်ားထြက္လာၾကကာ သူတို႔၏လက္မ်ားထဲတြင္ ဓာတ္မီးမ်ားႏွင့္ သံေခ်ာင္းမ်ားကို ကိုင္ေဆာင္ထားၾကသည္။

ဗင္ကား၏တံခါးသည္လည္း ပြင့္လာၿပီး အေရွ႕ထိုင္ခုံမွ ပိန္ပါးေသာ ေမ်ာက္ႏွင့္တူသည့္လူတစ္ေယာက္ထြက္လာကာ ေခါင္းညိန္လိုက္ၿပီး တျခားလူငယ္မ်ားကိုေစာင့္ေနသည္။ သူသည္ အေနာက္ဘက္ကိုယ္ထည္တံခါးကိုဖြင့္လိုက္ၿပီး ေရသန႔္ေသတၱာမ်ား ႏွင့္ နို႔မႈန႔္အထုပ္မ်ားကိုထုတ္ယူလိုက္သည္။

လူငယ္သည္ ေခါင္းညိတ္လိုက္ၿပီး ပိန္ပါးေသာေမ်ာက္ႏွင့္တူသည့္လူအားေမာင္း၀င္ခြင့္ျပဳသည့္အတြက္ ရိကၡာပစၥည္းတစ္၀က္ကိုယူလိုက္သည္။

ထို႔ေနာက္ သူတို႔ဆီသို႔လာေနေသာ လမ္းၾကမ္းေမာင္းကားကို တေစ့တေစာင္း အကဲခတ္လိုက္ၿပီး ေမာ္ဒယ္လ္ကိုျမင္ၿပီးေနာက္ သူတို႔၏မ်က္လုံးမ်ားသည္ ေတာက္ပသြားၾကေလသည္။ သူတို႔သည္ ကမၻာပ်က္ကပ္ႀကီးမတိုင္ခင္က ထိုသို႔ေသာ ဇီမ္ခံကားမ်ားကို မ်ားစြာ မေတြ႕ဖူးခဲ့ၾကေခ်။ ထူထဲေသာသံမဏိျပားမ်ားသည္ သိသိသာသာကို အလြန္ ခိုင္ခံ့လွသည္။

ေခါင္းေဆာင္ျဖင့္သည့္ လူငယ္သည္ ေနာက္သို႔လွည့္ၿပီး သူ႕ေဘးနားရွိ ညီငယ္ေလးတစ္ေယာက္ကို စကားအနည္းငယ္ တိုးတိုးေျပာလိုက္၏။ ညီငယ္ေလးသည္ ခ်က္ခ်င္းပင္ စက္႐ုံထဲသို႔ အေျပးအလႊားျပန္သြားလိုက္ေလသည္။ က်န႔္ယြင္သည္ သူတို႔ေရာက္လာသည္ကို မည္သူ႕အားသြားေရာက္သတင္းပို႔သည့္ကိုမသိလိုက္ေပ။

ထို႔ေနာက္ ၾကင္နာေသာအၿပဳံးတစ္ခုႏွင့္ လူငယ္သည္ ကားေမာင္းသူခုံဘက္သို႔ ခ်ဥ္းကပ္လာကာ က်န႔္ယြင္အားေမးလိုက္၏။

“မင္းတို႔ ငါတို႔ရဲ႕ လုံၿခဳံေရးဇုန္ကို ပူးေပါင္းခ်င္လား? ”

“ဒါက လုံၿခဳံေရးဇုန္တစ္ခုလား? ”

လူငယ္သည္ သူ႕အား အံ့ဩသည့္အၾကည့္ျဖင့္ ၾကည့္ၿပီး ေျပာလာ၏။

“မင္းမသိဘူးလား? ဒါျဖင့္ မင္းတို႔ဒီကို ဘယ္လိုေရာက္လာၾကတာလဲ? ”

“ငါက ငါတို႔ေရွ႕ကကားေနာက္ကိုလိုက္လာခဲ့တာ။ သူက ဖုတ္ေကာင္အုပ္စုကို ဘယ္လိုေရွာင္ရမွန္းမသိဘဲ ငါတို႔ကို ေတာင္တိုက္မိလုနီးပါးပဲ။ ေနာက္ေတာ့ ဒီအထိသူ႕ေနာက္ကိုလိုက္လာဖို႔အျပင္ ငါတို႔ေနာက္ထပ္ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး”

လူငယ္သည္ ဖုတ္ေကာင္မ်ားအေၾကာင္းၾကားၿပီးေနာက္ သူ႕မ်က္ႏွာတြင္ ေသးငယ္ေသာေျပာင္းလဲမႈတစ္ခုျဖစ္သြားသည္။ သူသည္ တျခားညီငယ္ေလးကို အထဲသို႔၀င္ၿပီး တာ၀န္ခံဆီသို႔အေၾကာင္းၾကားရန္ ႏွိုးေဆာ္လိုက္သည္။ သူသည္ စီးပြားေရးသမားကဲ့သို႔ပုံစံေျပာင္းလဲသြားၿပီးေျပာလာ၏။

“မင္းတို႔ဒီကို ဘယ္လိုပဲေရာက္လာလာ တိုတိုေျပာရရင္ ဒီေနရာက က်န္းေကာတည္ေထာင္ထားတဲ့ လုံၿခဳံေရးဇုန္တစ္ခုပဲ။ အထဲ၀င္ဖို႔အတြက္ဆိုရင္ ၀င္ေၾကးေပးရမယ္”

“၀င္ေၾကးကဘယ္ေလာက္လဲ? ”

“တာ၀န္ခံေျပာထားတာအရေတာ့ လူတစ္ေယာက္၀င္ေၾကးက ဆန္စပါးငါးကီလိုဂရမ္နဲ႕ညီတယ္တဲ့ ”

လူငယ္သည္ ကားထဲသို႔ အကဲခတ္လိုက္ကာ သူ႕ေခါင္းကို ညင္ညင္သာသာယမ္းလိုက္ၿပီး

“အထဲမွာ မင္းတို႔ကဘယ္ႏွေယာက္လဲ...လႊဲေပးစရာဆန္စပါးမရွိဘူးဆိုရင္ ကားကိုသုံးၿပီးလဲလွယ္လို႔လည္း ျဖစ္နိုင္ပါတယ္။ က်န္းေကာက ကားတစ္စီးကို လိုခ်င္ေနခဲ့တာ”

“က်န္းေကာက ဘယ္သူလဲ? ”

“က်န္းေကာကို မင္းမသိဘူးလား? သူကစြမ္းရည္အသုံးျပဳသူတစ္ေယာက္ပဲ! သူ႕ခြန္အားက အကန႔္အသတ္မဲ့ပဲကြ၊ သူက လက္ဗလာနဲ႕ေတာင္ ဖုတ္ေကာင္ေတြကို ဆုတ္ၿဖဲနိုင္တယ္။ ဒီလုံၿခဳံေရးဇုန္က က်န္းေကာတည္ေထာင္ထားတာ! ”

“အိုး? စြမ္းအားရွင္လူတစ္ေယာက္လား? အေတာ္ေလးမိုက္သား ”

က်န႔္ယြင္သည္ ၀တ္ေက်တန္းေက်တဳန႔္ျပန္လိုက္ၿပီး

“မင္းတို႔လုံၿခဳံေရးဇုန္ထဲမွာ စြမ္းရည္အသုံးျပဳသူဘယ္ေလာက္ရွိလဲ? ”

“မင္းက စြမ္းရည္အသုံးျပဳသူေတြက တ႐ုတ္ေဂၚဖီထုပ္ေတြလိုေပါက္လာတယ္ထင္ေနတာလား? လက္တစ္ဆုပ္စာေလာက္ဆိုၿပီး သြားယူလို႔ရမလားဟ?! ေသခ်ာေပါက္မဟုတ္ဘူးေပါ! က်န္းေကာတစ္ေယာက္တည္းပဲရွိတာ! က်န္းေကာက သူတစ္ေယာက္တည္းလုံေလာက္တဲ့အထိ အရမ္းျပင္းထန္တယ္! ”

က်န႔္ယြင္ႏွင့္ တျခားလူမ်ားသည္ သူတို႔စိတ္ထဲတြင္ တီးတိုးေလွာင္ရယ္လိုက္၏။ ဒီလူေတြက တကယ့္ကို နံရံေအာက္ေျခက ဖားေတြပဲ......

ထိုအခ်ိန္မွာပဲ သူေနာက္သို႔လိုက္လာေသာ အေစာင့္အၾကပ္မ်ားကိုသယ္ေဆာင္လာေသာကားသည္လည္း မွီလာေလ၏။ လမ္းတားတုံးမ်ားကိုေစာင့္ၾကပ္ရန္ တာ၀န္ရွိသည့္လူအနည္းငယ္သည္ သူတို႔စိတ္ထဲတြင္ ဖရိုဖရဲတုန္လႈပ္ေနၾကလ်က္ ေအာ္လိုက္၏။

“ျမန္ျမန္! ဖုတ္ေကာင္ေတြ ဒီကိုလာေနၿပီ! အထဲ၀င္ၾက! အထဲကိုသြားၾက! ”

က်န႔္ယြင္၏လမ္းၾကမ္းေမာင္းကားသည္ သူတို႔အေရွ႕တြင္ ပိတ္ဆို႔ေနၿပီး တျခားကားသည္ အထဲသို႔မ၀င္နိုင္ျဖစ္ေနသည္။ သူတို႔သည္ စိုးရိမ္တႀကီးႏွင့္ အသဲအသန္ကို အေရွ႕သို႔ အေျပးအလႊား ေလွ်ာက္သြားဖို႔ႀကိဳးစားရန္သာတတ္နိုင္ေတာ့သည္။

လူငယ္သည္လည္း ဖုတ္ေကာင္မ်ား၏ ေအာ္ေဟာက္သံမ်ားကိုၾကားလိုက္ရ၏။ သူအနည္းငယ္ အထိတ္တလန႔္ျဖစ္သြားၿပီး က်န႔္ယြင္ႏွင့္ ၀င္ေၾကးအခေၾကးေငြကိုညွိႏွိုင္းေဆြးႏြေးဖို႔ အခ်ိန္ၾကာေအာင္အားထုတ္လို႔မျဖစ္နိုင္ေတာ့ေခ်။ သူတို႔အား စက္႐ုံထဲသို႔ကားေမာင္း၀င္ရန္ တိုက္တြန္းလိုက္ၿပီးေနာက္ သံတံခါးကိုပိတ္လိုက္ရ၏။

သံတံခါးကို ေသာ ခုနစ္ခု ရွစ္ခုေလာက္ခတ္ၿပီးေနာက္မွသာ လူငယ္သည္ ပိုၿပီး လြယ္ကူေပါ့ပါးသြားသလိုခံစားလိုက္ရ၏။ သူသည္ ကားေပၚမွ ဆင္းလာေသာလူမ်ားကို အကဲခတ္လိုက္၏။

အေရွ႕ထိုင္ခုံမ်ားမွဆင္းလာေသာ အရပ္ရွည္ရွည္လူႏွစ္ေယာက္မွ လြဲ၍ က်န္သည့္လူမ်ားသည္ တိုက္ခိုက္နိုင္စြမ္းအမ်ားၾကရွိမည့္ပုံမရေခ်။ အထူးသျဖင့္ သုံးႏွစ္အ႐ြယ္ကေလးတစ္ေယာက္ႏွင့္အတူရွိသည့္ ဆယ္ေက်ာ္သက္ကေလးႏွင့္ သူမ၏လက္တြင္ ပတ္တီးတစ္ခုႏွင့္ အမ်ိဳးသမီးျဖစ္သည္။

အာ, အနာတရရေနေသာအမ်ိဳးသမီးနဲ႕ ကေလးေတြအဖြဲ႕ႏွင့္ လူႏွစ္ေယာက္.....

ခုန္စေယာက္မွာ ႏွစ္ေယာက္သာအသုံး၀င္သည္။ အသက္ပိုငယ္ေလေလ ၀န္ထုပ္၀န္ပိုႀကီးေလေလ၊ ပိုၿပီး သူတို႔ရရွိထားတဲ့ အေလးေပးမႈကို မထိမဲ့ျမင္ျပဳေလေလပင္။ ဇိမ္ခံSUVႀကီးကို ေတြးျခင္းကသာ ထိုအသက္ရွင္က်န္ရစ္သူမ်ားကို ၀င္ခြင္ေပးလိုက္ဖို႔ ဆြဲေဆာင္နိုင္သည့္အရာတစ္ခုသာလွ်င္ျဖစ္ေတာ့သည္။

မ်က္ေတာင္တစ္ခတ္စာအၾကာမွာပဲ ဖုတ္ေကာင္မ်ားသည္ စက္႐ုံ၏သံဂိတ္တံခါးမ်ားကို ေသြး႐ူးေသြးတန္းႏွင့္ စတင္ထုရိုက္လာၾကကာ လက္ရန္းအက္ကြဲေၾကာင္းမ်ားမွတဆင့္ သူတို႔လက္သည္းမ်ားျဖင့္ ကုတ္ျခစ္ေနၾကကာ အရသာရွိေသာအစားအသာက္မ်ားကို ဖမ္းဆြဲရန္ႀကိဳးစားေနၾကေလသည္။

ပတ္ပတ္လည္ကိုလင္းခ်င္းသြားေစရန္ စက္႐ုံနံရံေပၚသို႔ အလင္းေရာင္မ်ားစြာထိုးလာၾကသည္။ လူအမ်ားအျပားသည္ လႈပ္ရွားသံမ်ားကို ၾကားရၿပီး စက္႐ုံအခန္းမ်ားထဲမွထြက္လာၾကကာ စက္႐ုံအလယ္ရွိ ဟင္းလင္းျပင္၌စုေဝးလာၾကသည္။ သူတို႔သည္ ေၾကာက္စရာဖုတ္ေကာင္မ်ားကို စိုးရိမ္ထိတ္လန႔္စြာၾကည့္ေနၾကေလသည္။

စုေ႐ြ႕က်ယ္သည္ လူအုပ္ထဲသို႔ တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ ေရာႏွောေနေသာ ရင္းႏွီးသည့္ မ်က္ႏွာႏွစ္ခုကို  ေ႐ြးေကာက္လိုက္နိုင္သည္။ ဦးေလးစုခ်ီမင္ႏွင့္ အေဒၚ ခ်န္ေဟြ႕က်န္းတို႔သည္ အမွန္တကယ္ကို ဤေနရာ၌ရွိေနၾကသည္။ ဤဘ၀မွာ စုေ႐ြ႕က်ယ္ႏွင့္ က်န႔္ယြင္၏ ကာကြယ္မႈမပါဘဲ သူတို႔သည္ အရင္ဘ၀ကထက္ အနည္းငယ္ ဆိုး႐ြားေနပုံရသည္။

ခ်န္ေဟြ႕က်န္း၏ ၀တုတ္တုတ္ကိုယ္ခႏၶာသည္ သိသိသာသာကို ပိန္က်သြားၿပီး သူမ၏ ပါးျပင္မ်ားသည္ ေျခာက္ကပ္ေနကာ သူမ၏ဆံပင္မ်ားသည္ ရႈပ္ပြေနၿပီး သူမတြင္ စိတ္ဓာတ္ခံနိုင္ရည္အား လုံး၀မရွိေတာ့ေခ်။ စုခ်ီမင္၏ ေနာက္ေက်ာသည္လည္း ကိုင္းက်ေနကာ သူ႕ဆံပင္မ်ားသည္ ျဖဴလာခဲ့သည္။

သူ႕အတိတ္ဘ၀တုန္းက စုေ႐ြ႕က်ယ္ ဖုတ္ေကာင္တစ္ေကာင္ထံမွ အကိုက္ခံရၿပီးေနာက္ စက္႐ုံအားယာယီအေျခစိုက္စခန္းတစ္ခုအျဖစ္အသုံးျပဳခဲ့ေသာက်န႔္ယြင္သည္ သူ႕အားဤေနရာသို႔ ေခၚေဆာင္လာခဲ့ဖူးသည္။ ၎သည္ အစားအေသာက္ထုတ္လုပ္ေရးစက္႐ုံတစ္ခုျဖစ္သျဖင့္ လက္က်န္အစားအစာအခ်ိဳ႕ရွိေနေသးသည္။ ေျမျပင္ပထဝီအေျခအေနသည္လည္း ေကာင္းမြန္ကာ ခုခံကာကြယ္ရန္လြယ္ကူၿပီး တိုက္ခိုက္ရန္ ခက္ခဲသည္။

က်န႔္ယြင္ထံမွ ကယ္ဆယ္ျခင္းခံရေသာအခါ နိုးထလာၿပီးေနာက္ သူ႕စြမ္းရည္ကို ႏွိုးေဆာ္ခဲ့သည္။ စြမ္းရည္အသုံးျပဳသူတစ္ေယာက္ျဖစ္ခ့င္း၏အက်ိဳးေက်းဇူးႏွင့္ သူသည္ မ်ားစြာေသာမ်က္ႏွာေပးမႈမ်ားရရွိခဲ့ၿပီး သူ႕ဦးေလးမိသားစုသည္ အက်ိဳးေက်းဇူးအႀကီးမားဆုံးျဖစ္လာခဲ့သည္။

သို႔ေသာ္လည္း ဤဘ၀တြင္မူ သူတို႔သည္ ေထာက္ပံ့မႈမရွိေသာ သာမာန္လူမ်ားသာျဖစ္ၾကသည္။ သူတို႔သည္ ဤအေျခစိုက္စခန္းကို၀င္နိုင္ရန္ ရိကၡာမ်ားကို လက္လႊဲေပးခဲ့ရေပလိမ့္မည္။ ယျခေတာ့ သူတို႔ေကာင္းေကာင္းမြန္မြန္မရွိေနၾကသည္ကိုျမင္ေသာအခါ စုေ႐ြ႕က်ယ္ ေပ်ာ္႐ႊင္မိသည္။

ဤအေျခအေနကို ဘယ္လိုေျပာရမလဲ?
 
‘ခင္ဗ်ားတို႔ ခက္ခဲတဲ့အခ်ိန္တစ္ခုရေနတာကိုျမင္ရတာ ကြၽန္ေတာ္ စိတ္သက္သာရာရမိတယ္’

က်န႔္ယြင္သည္ တံခါးေပါက္နားတြင္ ရပ္ေနၿပီး သူ႕အေနာက္တြင္ ဇိမ္ခံကားတစ္စီးႏွင့္ အသားျဖဴျဖဴလူတစ္ေယာက္ျဖစ္သည့္ စုေ႐ြ႕က်ယ္ သည္ စူးရွထက္ျမက္ေသာမ်က္လုံးတစ္စုံျဖင့္ ရပ္ေနခဲ့ေလသည္။ ခ်န္ေဟြ႕က်န္းသည္ သူ႕အား တစ္ခ်က္တည္းႏွင့္ မ့င္သြားေလသည္။ သူမသည္ စုေ႐ြ႕က်ယ္၏မ်က္လုံးမ်ားႏွင့္ ဆုံသြားေသာအခါ သူသည္ ခ်က္ခ်င္းပင္ မႏွစ္ၿမိဳ႕ဟန္ျဖင့္ သူ႕ေခါင္းကို တစ္ဖက္သို႔လွည့္လိုက္ကာ သူတို႔အား မျမင္ခ်င္ဟန္ေဆာင္ထားေလသည္။

အဆုံးမွာေတာ့၊ သူ႕ခ်စ္ရသူတစ္ေယာက္အေနျဖင့္ က်န႔္ယြင္သည္ အက်င့္အတိုင္းစုေ႐ြ႕က်ယ္အား အာ႐ုံစိုက္ထားခဲ့သျဖင့္ သူစိတ္ခံစားခ်က္ေကာင္းမေနသည္ကို သူသတိျပဳမိလိုက္သည္။ စုေ႐ြ႕က်ယ္၏အၾကည့္ေနာက္သို႔လိုက္ၿပီး သူလည္းပဲ ခ်န္ေဟြ႕က်န္းအားျမင္လိုက္ရၿပီး သူစိတ္ထဲတြင္ စိတ္ေအးသြားရသည္။

ထိုအခ်ိန္တြင္ မုတ္ဆိတ္ေမႊးႏွင့္ ပါးစပ္တြင္စီးကရက္တစ္လိပ္ႏွင့္ သန္မာသာအမ်ိဳးသားတစ္ေယာက္သည္ လူအမ်ားဝိုင္းရံေနေသာစက္႐ုံအေဆာက္အအုံအေနာက္ဘက္ လြတ္လပ္ေသာအိပ္ေဆာင္အေဆာက္အအုံမွ ျဖည္းညွင္းစြာထြက္လာေလသည္။

“က်န္းေကာ! ”

မုတ္ဆိတ္ႏွင့္လူကိုျမင္ၿပီး လူငယ္သည္ ခ်က္ခ်င္း သာယာေသာအၿပဳံတစ္ခုညွစ္ထုတ္ဆင္ျမန္းလိုက္ၿပီး ဖုတ္ေကာင္မ်ားအေၾကာင္း သူ႕အားေျပာျပရန္ စုစည္းသြားလိုက္သည္။ သူသည္ က်န႔္ယြင္အား လက္ညွိုးထိုးျပလိုက္၏။

စြန္းမင္၏ လက္ေနာက္သို႔လိုက္ၿပီး က်န္းေမာင့္႐ုန္ သည္ဇိမ္ခံကားကိုျမင္လိုက္ရၿပီး ထိုအေရွ႕တြင္ ရပ္ေနေသာ လူအုပ္စုေလးေနာက္သို႔လိုက္ပါသြား၏။ သို႔ေသာ္ သူသည္ စြနမင္ကဲ့သို႔ အျမင္တိုေသာလူမဟုတ္ေခ်။ ထိုလူမ်ားသည္ အလြန္အားနည္းသည့္ပုံရေသာ္လည္း သူတို႔သည္ သူတို႔သည္ သန႔္ရွင္းသပ္ရပ္ေနၾကကာ သူ႕လုံၿခဳံေရးဇုန္ထဲရွိလူအမ်ားႏွင့္ အျပင္ဘက္သြင္ျပင္ယွဥ္ၾကည့္လွ်င္ ျခားနားသည္။ သူတို႔၏မ်က္လုံးမ်ားသည္ အထူးသျဖင့္ တည္ၿငိမ္ေနၾကကာ သံဂိတ္တံခါးအပညင္ဘက္တြင္ ျဖတ္ေကာင္မ်ား ေအာ္ဟစ္ေနေသာ္လည္း ၎တို႔လုံး၀ရွိမေနသကဲ့သို႔ပင္။

“ငါ့နာမည္က က်န္းေမာင့္႐ုန္လို႔ေခၚတယ္။ မင္းတို႔ကို ဘယ္လိုေခၚရမလဲ? ”

က်န္းေမာင့္႐ုန္သည္ က်န႔္ယြင္ႏွင့္တျခားသူမ်ား၏အေရွ႕တြင္ ရပ္လိုက္၏။

“က်န႔္ယြင္ ”

က်န္ယြင္သည္ အသာအယာေျဖလာ၏။ သို႔ေသာ္ သူ႕အေနာက္ဘက္ရွိက်န္သည့္ အဖြဲ႕ကိုမူ မိတ္ဆက္မေပးခဲ့ေခ်။

က်န္းေမာင့္႐ုန္သည္လည္း ထိုလူမ်ားအၾကားတြင္ က်န႔္ယြင္သည္ တာ၀န္ခံတစ္ေယာက္ျဖစ္သည္ကိုျမင္ၿပီး သူ ဂ႐ုမစိုက္ေတာ့ေခ်။ သူ႕လက္ေမာင္းတုတ္တုတ္ႀကီးႏွင့္ သူ႕အေနာက္ဘက္မွ သစ္သားေခ်ာင္းတစ္ခုကိုယူလိုက္ၿပီး သန္မာေသာလက္ျဖင့္ ၎ကို ခ်ိဳးလိုက္၏။

“မင္းတို႔မွာ စြမ္းရည္တစ္ခုခုရွိလား? ”

၎သည္ ေဒါသတစ္ခုသာမဟုတ္ပဲ စမ္းသပ္မႈတစ္ခုလည္းျဖစ္သည္။

“ငါ့မွာ တျခားထူးထူးျခားျခားစြမ္းရည္ေတြမရွိပါဘူး”

ထိုသို႔ေျပာၿပီးေနာက္ က်န္းေမာင့္႐ုန္၏ မ်က္လုံးထဲရွိ ႐ုတ္ခဖ္ညးေအးစက္သြားသည္။ သူက စြမ္းရည္အသုံးျပဳသူတစ္ေယာက္မဟုတ္လွ်င္ သူ႕က အသုံးမ၀င္ဘဲျဖစ္ေပလိမ့္မည္။

“ဒါေပမယ့္ ငါ့မွာ ဒါရွိတယ္”

က်န႔္ယြင္ေျပာလိုက္ၿပီး သူ႕ေနာက္ဘက္ရွိဘေသနတ္တစ္လက္ကိုဆြဲထုတ္လိုက္ေလသည္။

က်န္းေမာင့္႐ုန္၏မ်က္ႏွာသည္ ခ်က္ခ်င္းဆိုသလိုေျပာင္းလဲသြားေလ၏။ သူသည္ ကိုယ္ကာယခြန္အားစြမ္းရည္အသုံးျပဳသူတစ္ေယာက္ျဖစ္လွ်င္ေတာင္ သူသည္ အေသြးအသားႏွင့္ ျပဳလုပ္ထားဆဲပင္ျဖစ္သည္။ သူသည္လည္း ဒဏ္ရာရ၊ ေသြးထြက္ၿပီး ေသနိုင္ဆဲျဖစ္သည္။သူမည္မွ်ပင္ သန္မာခြန္အားႀကီးပါေစ သူကိုယ္သူ က်ည္ဆန္မ်ားကို ဆန႔္က်င္ၿပီးခုခံကာကြယ္နိုင္စြမ္းမရွိေပ။

သူ႕ကိုယ္သူ အျပင္းအထန္ႏွစ္သိမ့္ရန္ႀကိဳးစားလိုက္၏။
တစ္ဖက္လူ၏ ေသနတ္သည္ ၿခိမ္းေျခာက္မႈတစ္ခုသာျဖစ္နိုင္သည္။ တစ္ဖက္လူ ဘယ္လိုမ်ားေသနတ္တစ္လက္ရလာနိုင္သလဲကို သူမသိေသာ္လည္း က်ည္ဆန္မ်ားသည္ အၿမဲတမ္းကန႔္သတ္ထားသည္။ ထိုအခ်က္ေၾကာင့္ ေသနတ္သည္ သူ႕ကိုယ္ပိုင္စြမ္းရည္ေလာက္ ေကာင္းမြန္လိမ့္မည္မဟုတ္ေခ်။

သူ႕ေသနတ္သည္ ၿခိမ္းေျခာက္မႈတစ္ခုမဟုတ္ေၾကာင္းသက္ေသျပသည့္အေနျဖင့္ က်န႔္ယြင္သည္ တံခါးေပါက္ရွိ ဖုတ္ေကာင္တစ္ေကာင္ဆီသို႔ တစ္ခ်က္ပစ္လိုက္ၿပီး တိက်စြာျဖင့္ ဖုတ္ေကာင္၏ေခါင္းကို မွန္သြားၿပီး ေပါက္ကြဲသြားေစေလသည္။

“ကံေကာင္းစြာပဲ ငါ့မွာ ေသနတ္တစ္လက္နဲ႕ က်ည္ဆန္အမ်ားႀကီးရွိေနတယ္”

“ဟားဟားဟား၊ အဲ့ဒါအရမ္းမိုက္တယ္ ! ”

က်န္းေမာင့္႐ုန္ ရယ္ေမာလိုက္ၿပီး

“က်န့္ေရွာင္တိ ရဲ႕ အကူအညီနဲ႕သာဆို အဲ့ဒိဖုတ္ေကာင္ေတြကို ေခ်မႈန္းပစ္နိုင္ဖို႔ ေသခ်ာၿပီေပါ့ ”

ဘယ္လိုပါ၀င္ကူညီနိုင္မလဲဆိုတာကိုသိရင္ ညီအစ္ကိုတစ္ေယာက္လို႔ သတ္မွတ္နိုင္လိမ့္မွာေပါ့။

က်န႔္ယြင္ ျငင္းဆန္လိုစြာ ေခါင္းညိတ္လိုက္၏။ ဘာပဲျဖစ္ျဖစ္ ဒီဖုတ္ေကာင္ေတြကို ဂ႐ုစိုက္ရအုံးမည္ပင္။

စာေရးသူတြင္ေျပာစရာရွိပါတယ္။

လမ္းမေပၚက ျပဇာတ္ငယ္ေလး

က်န႔္က်ားဟယ္: အခုေတာ့ နည္းပညာေကာင္ေလးပါ ဟုတ္ၿပီလား

စုန႔္ခ်န္ရႈ : Hulk မဟုတ္ဘူးလား?

က်န႔္က်ားဟယ္: အားနည္းတဲ့ၾကက္စုန႔္ ထင္ေယာင္ထင္မွားမလုပ္နဲ႕! နည္းပညာHulkကို မေတြ႕ဖူးဘူးလား? ငါ့ရဲ႕စြမ္းရာ္ေတြနဲ႕ Hulkကို ပုံစံမ်ိဳးစုံ ကစားနိုင္တယ္!

စုန႔္ခ်န္ရႈ : အိုး, အိုတာကုလို သတၱဝါတစ္ေကာင္ရဲ႕ အေတြးက အံ့ဩစရာပါပဲ။

က်န႔္က်ားဟယ္ : မင္းရဲ႕ေလသံက မထီမဲ့ျမင္ျပဳေနသလို ခံစားေနရတယ္။

စုန႔္ခ်န္ရႈ : မဆိုးဘူး၊ ယဥ္ေက်းမႈရွိတဲ့ အိုတာကုေလးပဲ!

က်န႔္ေရွာင္ယြင္ : အျငင္းပြားမေနၾကနဲ! အျမႇောက္စာေလးက တံခါးဆီ ေရာက္လာျပန္ၿပီ!

က်န႔္က်ားဟယ္ : ဟမ့္ အနည္းတဲ့ ၾကက္စုန႔္၊ နည္းပညာအိမ္ရဲ႕ စြမ္းအားကို ျမင္ေစရမယ္။

စုန႔္ခ်န္ရႈ : အိုး ,ေတာင္းပန္ပါတယ္, ငါကအျမင္မွားေနမိၿပီး၊ မ်က္စိမျမင္သူပဲ၊ မင္းက ေလာင္တထက္ ပိုေဒါသႀကီးလား၊ စုေရွာင္က်ယ္ထက္ ေသေစနိုင္သလား၊ လ်န္ေကာထက္ပိုၿပီး ေဒါသႀကီးလား ဒါမွမဟုတ္ က်င္းက်ဲထက္ပိုေကာင္းလား၊ သုန္သုန္ထက္ပိုခ်စ္စရာေကာင္းလား ဒါမွမဟုတ္ ေရွာင္ေဟးထက္ပိုၿပီး ခ်စ္စရာေတြေရာင္းနိုင္လို႔လား?

က်န႔္က်ားဟယ္ : ေလာင္တ ၊ အျမႇောက္စာရဲ႕ မ်က္ႏွာကို ၾထတ္မရိုက္ခင္ ဒီၾကက္စပ္ကို အရင္သတ္လို႔ရမလား? !

🍒🍒

T/N: updateေနာက္က်ေနတာေတြအတြက္အားနာပါတယ္။

Continue Reading

You'll Also Like

401K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
196K 4.8K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
958K 50.2K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
27.4K 3.3K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...