I'm Not A Girl |TK|✓

By xinyin_wangqi

87.4K 9.2K 442

အချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End... More

ရှီလာသို့ကူးပြောင်းခြင်း
လက်ဆက်ခြင်း
သဘောတူညီချက်
မင်္ဂလာအိပ်ခန်းဟူသည်
နန်းတော်သို့ဝင်ရောက်ခြင်း
သတို့သမီးအိမ်တော်သို့ ပထမဆုံးပြန်ခြင်း
ချဉ်ပေါင်သီးများ
လျှို့ဝှက်ချက်တို့ ပေါ်ပေါက်ခြင်း
ကြင်ယာတော်အား ပြန်ခေါ်ခြင်း
တော်ဝင်မီးပုံးပွဲတော်
မန်ဒရင်းမီးပုံးလေး
လက်ဖက်စိမ်းရေနွေးကြမ်း
မင်းသားယူဂျင်
ကြင်ယာတော်၏ တစ်ပတ်တာလုပ်ဆောင်ချက်များ
ဖိတ်ကြားချက်
ချစ်ခြင်းတို့ အစပြုရာ
နဂါးမင်းသမီးလေးပုံပြင်
မနက်စာ
အမဲလိုက်ပွဲ
အတွင်းကျကျထိတွေ့ခြင်း
စစ်ထွက်တော့မည်
ဝိုင်ပြုလုပ်ခြင်း
ကုန်သည်ကိုယ်စားလှယ် အန်းယွမ်
လက်ဆောင်
လူပုံအလယ်ဝယ်
အိမ်တော်ပြန်ရောက်ခြင်း
ချစ်စကားတို့ဖွင့်ဟခြင်း
ဆင်တူဝတ်စုံ
Dandelion
ရာထူးဂုဏ်အင်တို့ စွန့်လွှတ်ခြင်း
ချိုမြိန်သောစိတ်ကူးနှင့် ရွာငယ်လေးဆီသို့
ရွာသားတို့၏ ကျန်းမာရေးပြဿနာ
ခွဲခွာခြင်းပြယုဒ်
နောက်ဆုံးသောထွက်သက်
Extra 1 : ပြန်လည်တွေ့ဆုံခြင်း
Extra 2 : Forget About Tomorrow
အမေးအဖြေ

ထက်မြက်လှသည့် ကြင်ယာတော်

1.7K 248 13
By xinyin_wangqi

(Unicode)

အပိုင်း - ၂၄

ဂျောင်ကု၏ အစ်ကိုတော်ဖြစ်သူမြို့စားမင်းသည် ရာထူးအာဏာအားဖြင့် အင်အားကြီးမားလွန်းသောသူတစ်ယောက်ဖြစ်သည် ။ ယခု ထယ်ယောင်းစဉ်းစားမိထားသည့် နည်းလမ်းအရ မည်သည့်ပုံစံနှင့်မဆို နန်းတွင်းညီလာခံသို့တက်ရောက်နိုင်ရန်ပင်ဖြစ်သည် ။ သို့သော် ထယ်ယောင်းသည် မင်းသားတစ်ပါး၏ ကြင်ယာတော်ဖြစ်တာကြောင့် နိုင်ငံ့အရေးအခင်းကိစ္စများတွင် ပါဝင်ပတ်သက်နိုင်ခွင့်မရှိပေ ။ ထို့ကြောင့် စစ်ကူအမြန်ဆုံးလွှတ်ဖို့ရန်အတွက် အစ်ကိုတော်ကိုသာ အပူကပ်ရတော့ပေမည် ။

ထယ်ယောင်းစဉ်းစားနေရင်း တဖြည်းဖြည်းညနေစောင်းလာပြီဖြစ်တာကြောင့် အခန်းပြင်သို့ခေတ္တထွက်ပြီး လေကောင်းလေသန့်ရှုရန်စဉ်းစားမိသည် ။ စိတ်ပူပန်နေသည်ဖြစ်တာကြောင့် ညစာကိုတော့စားချင်မရှိတော့ပြီဖြစ်သည် ။

" ကြင်ယာတော် "

အခန်းပြင်ထွက်၍ ဝရံတာ၌ လေညှင်းခံနေစဉ် ယန်လေး၏ခေါ်သံကြောင့် ယန်လေးအားလှည့်ကြည့်မိသည် ။

" ဘာဖြစ်လို့လဲ ယန်လေး "

" ကြင်ယာတော်...မြို့စားမင်းက ကြင်ယာတော်နဲ့တွေ့ဆုံချင်လို့ပါတဲ့ "

" ဟင်...အစ်ကိုတော် ရောက်လာတာလား ? "

" ဟုတ်ပါတယ် ကြင်ယာတော်...အခု လမင်းပွဲကြည့်စင်မှာ စောင့်နေပါတယ် "

" ကောင်းပြီ...ငါအခုချက်ချင်းသွားမယ် "

နေ့လယ်ခင်းလောက်ကတည်းက တွေ့ချင်နေမိသူသည် လူကိုယ်တိုင်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသောကြောင့် ထယ်ယောင်းဝမ်းသာမိသည် ။ ဝေးဝေးနေမှ တစ်ခါတွေ့ဆုံဖြစ်သည့် အစ်ကိုတော်က လူကိုယ်တိုင်ရောက်လာသည်ဖြစ်သောကြောင့် အရေးကြီးကိစ္စတစ်ခုရှိနေ၍ပင်ဖြစ်နိုင်သည် ။

ဝမ်းသာစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် လမင်းပွဲကြည့်စင်သို့ သွားရာလမ်းတွင် ထယ်ယောင်း၏ခြေလှမ်းတို့က သွက်လက်နေပြီး သိပ်မကြာလိုက်ချိန်မှာပင် ပွဲကြည့်စင်သို့ရောက်သွားသည် ။ ပွဲကြည့်စင်ပေါ်တွင် အကျအနထိုင်၍ အိန္ဒြေတစ်ခွဲသားဖြင့်ထိုင်နေသည့် အစ်ကိုတော်သည် အမှန်ပင်ကြည့်လို့ကောင်းသည်ဖြစ်သော်လည်း ဂျောင်ကုက ပိုခန့် ၊ ပိုချော ၊ ပိုစမတ်ကျသည်ဟု ထယ်ယောင်းထင်မိသည် ။

ထိုသို့တွေးမိလိုက်တော့ ထယ်ယောင်းမခိုးမခန့်ပြုံးမိသည် ။ သူ့အတွက်တော့ ဂျောင်ကုနှင့်ယှဉ်ရင် အကုန်လုံးက ဖွဲနှင့်စကွဲ ပင်မဟုတ်ပါလား ။ ဂျောင်ကုနှင့်ပတ်သက်လာလျှင် လိပ်ဟုပင်ပြောပါစေ ဂျောင်ကုသည်သာ ထယ်ယောင်းအဖို့ အရာရာတွင် ပထမဖြစ်သည် ။

" အစ်ကိုတော်...ထယ်နဲ့တွေ့ချင်လို့ဆို "

ထယ်ယောင်းဖက်မှ စတင်နှုတ်ဆက်လိုက်တော့ မြို့စားမင်းက ထယ်ယောင်းအား တစ်ဖက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်ရန်အချက်ပြလိုက်သည် ။ ထယ်ယောင်းလည်း အစ်ကိုတော်၏ ဆိုလိုချက်ကိုနားလည်သဖြင့် ထိုင်ခုံပေါ်၌ထိုင်လိုက်ပြီး ယန်လေးကိုတော့ အဝေးသို့ရှောင်ခိုင်းလိုက်သည် ။ ယန်လေးသည် မည်သို့ပင် စိတ်ချရသည့်အနီးကပ်အစေခံဖြစ်နေပါစေ အစ်ကိုတော်နှင့်ပြောမည့်စကားများကိုတော့ ကြားခွင့်လုံးဝမပေးနိုင်ချေ ။ ဂျောင်ကုမှ လွှဲ၍မည်သူကိုမှ မယုံချင်တာကြောင့်လဲပါသည် ။

" အစ်ကိုတော်...ထယ့်ကို ပြောစရာများရှိနေလားဟင်...အချစ်နဲ့ကော အဆက်အသွယ်ရရဲ့လား ? "

" အင်း...မနေ့ညက ညီတော်ဆီက လျှို့ဝှက်စာရလိုက်တယ် "

" ဘာတဲ့လဲ...အစ်ကိုတော် "

" ခယ်မတော်လဲ သတင်းကြားပြီးလောက်ပြီထင်ပါတယ်...အခုစစ်ဖြစ်နေတာက တောင်ဖက်နယ်စပ်ဒေသတင်မဟုတ်ပဲ အရပ်ရှစ်မျက်နှာလုံးဆိုတာ "

" ဟုတ်ကဲ့...မကြာသေးခင်ကမှ သိလိုက်ရတာပါ "

" စစ်အင်အားမလောက်ဘူး ခယ်မတော်...ဟွာရန်းတပ်ဖွဲ့ဆိုပေမဲ့ ရန်သူဖက်အင်အားက သိပ်များလွန်းနေတယ် "

" စစ်ကူမလွှတ်ဘူးလား အစ်ကိုတော်...ထယ်လည်း အစ်ကိုတော့်ကိုအဲ့ကိစ္စပြောချင်နေတာ "

" စစ်ကူလွှတ်ဖို့လုပ်ပါတယ်...ဒါပေမဲ့ နန်းတွင်းမှာ ထောက်ခံသူနဲ့ကန့်ကွက်သူဆိုပြီး နှစ်ဖွဲ့ကွဲနေကြတယ်...ဒီ့အတွက် ဘုရင်ကလည်း တော်တော်လေးကိုအခက်ကြုံနေရတယ် "

" ဘုရင်က တစ်တိုင်းပြည်လုံးမှာ အာဏာအရှိဆုံးလေ...ပြီးတော့ အခုဖြစ်နေတာကလည်း တိုင်းပြည်ကြီးတစ်ခုလုံးနဲ့ဆိုင်နေတာကို ကန့်ကွက်တဲ့ အမတ်တွေက ဘယ်လိုစဉ်းစားနည်းမျိုးနဲ့စဉ်းစားနေကြတာလဲ "

ထယ်ယောင်းတကယ်ဒေါသထွက်မိသည် ။ တိုင်းပြည်တစ်ခုလုံ၏ အန္တရာယ်နှင့်သက်ဆိုင်နေသည့် ကိစ္စကိုမှ ကန့်ကွက်ကြသည်တဲ့လား ။ အတော်လေးကို စဉ်းစားဉာဏ်မရှိလိုက်ပါဘိ ။ ထိုကြန့်ကြာနေသည့် အဖြစ်တို့ကြောင့် စစ်ပွဲအတွင်း၌ အခက်အခဲဖြစ်နေမည့် အချစ်ရဲ့ပုံစံကိုတွေးမိတော့ ပို၍ပင် ဒေါသခိုးဝေလာမိသည် ။

" အစ်ကိုတော်...မနက်ဖန်ညီလာခံကို ထယ်လိုက်မယ် "

" နန်းတွင်းစည်းကမ်းကို ခယ်မတော်သိမယ်လို့ထင်ပါတယ် "

" စည်းကမ်းကိုသိပါတယ်...ဒါပေမဲ့ ထယ်က မင်းသားတစ်ပါးရဲ့ကြင်ယာတော်အနေနဲ့သွားမှာမဟုတ်လို့ စိတ်ချပါ...စစ်ကူအမြန်ဆုံး လွှတ်နိုင်ဖို့အတွက် ထယ်ကူညီပါ့မယ် "

ယုံကြည်မှုအပြည့်နှင့်ပြောလာသည့် ထယ်ယောင်းစကားတို့ကြောင့် မြို့စားမင်းခပ်ဖွဖွရယ်မိသည် ။

" ညီတော်ပြောတာသိပ်မှန်တာပဲ "

" ဘာကိုလဲဟင် ? "

" ညီတော်အနေနဲ့ ကိုယ်တော့်ကိုပို့လာတဲ့စာထဲမှာ အားလုံးကိုတွက်ချက်ပြလာပြီးသား...စစ်ကူလွှတ်ပေးနိုင်ဖို့မလွယ်ကူမှန်းညီတော် ကြိုသိနေပုံပဲ...ဒါကြောင့် တကယ်လို့ ညီတော်မှန်းထားတဲ့အတိုင်းသာဖြစ်လာရင် သူ့ကြင်ယာတော်ကိုသာသွားရှာပါတဲ့...သူ့ကြင်ယာတော်က ဖြေရှင်းပေးနိုင်လိမ့်မယ်တဲ့ "

" အချစ်က...တကယ်ပဲ အဲ့လိုပြောလာသလား အစ်ကိုတော် "

" အင်း "

" ဒါဆို...ထယ့်ကို‌ရောဟင်...ထယ့်အတွက် စာမပါလာဘူးလား ? "

" ခယ်မတော်အတွက်ကတော့...ညီတော်က သူကိုယ်တိုင်ပဲပေးချင်ပါသတဲ့လေ...ဒါကြောင့် စောင့်လိုက်ပါဦး "

အစ်ကိုတော်ရဲ့စကားကြောင့် ထယ်ယောင်းအနည်းငယ်ဝမ်းနည်းမိသော်လည်း ခံသာပါသေးသည်။ သူ့ကိုက လူကြုံနှင့်စာထည့်မည့်အစား အချစ်ကိုယ်တိုင် ရောက်လာပေးမည်မဟုတ်လား ။ ထို့ကြောင့် ထယ်ယောင်းဝမ်းနည်းသော်လည်း ပျော်မိပါသည် ။

" ဒါနဲ့...ခယ်မတော်က ညီလာခံကိုဘယ်လိုပုံစံနဲ့ဝင်မှာတုန်း...ဒီတိုင်းဆိုရင်တော့ အပြစ်ပေးခံရမှာ သေချာတယ် "

" စိတ်မပူပါနဲ့ အစ်ကိုတော်...ထယ့်ဆီမှာ နည်းလမ်းရှိပြီးသားပါ "

" ကောင်းပြီ...ဒါဆိုရင် မနက်ဖြန်အစ်ကိုတော်လာခေါ်ပါ့မယ်...အဆင်သင့်ပြင်ထားပါ "

" ကောင်းပါပြီ အစ်ကိုတော် "

ထိုည မြို့စားမင်းပြန်သွားပြီးနောက်တွင် ထယ်ယောင်းသည် အဖေဖြစ်သူဆီသို့ ခေတ္တသွားပြီး အကူအညီတစ်ခုအားတောင်းခံလိုက်သည် ။

" အဖေ့ကို ဘုရင်ချီးမြှင့်ထားတဲ့ ကုန်သည်ခေါင်းဆောင် ‌တံဆိပ်ပြားလေး ခဏငှားပါလား ? "
_________________________________________

နောက်တစ်နေ့မနက် ဝေလီဝေလင်း အချိန်တွင် မြို့စားမင်းသည်ကတိအတိုင်း ထယ်ယောင်းကို လာခေါ်သည် ။ ထယ်ယောင်းကတော့ ဒီနေ့နန်းတွင်းကို အသွင်တစ်မျိုးယူ၍ ဝင်ရမည်ဖြစ်သောကြောင့် ပုံစံကိုအနည်းငယ်ပြောင်းလဲထားသည် ။ ယခင်က ဝတ်နေကျ ရိုးရာဂါဝန်ကြီးအစား ကုန်သည်သမီးတစ်ယောက်ဝတ်စားဆင်ယင်သည့် ပေါ့ပေါ့ပါးပါးပုံစံကိုသာဝတ်ဆင်ထားသည် ။ မြို့စားမင်းမှာတော့ ပြောင်းလဲထားသည့် ထယ်ယောင်းပုံစံကိုကြည့်၍ ကျေနပ်မိသည် ။

' ညီတော်ရဲ့ ကြင်ယာတော်က ညီတော်ပြောသလို တကယ်ကိုထက်မြက်တာပဲ '

နန်းတော်သို့ရောက်သော် ညီလာခံသဘင်ကစတင်တော့မည်ဖြစ်တာကြောင့် အမတ်အားလုံးမှာခန်းမဆောင်ထဲသို့ရောက်ရှိနေကြပြီဖြစ်သည် ။ ထို့ကြောင့် မြို့စားမင်းကတော့ ခန်းမဆောင်ထဲသို့တိုက်ရိုက်ဝင်သွားပြီး ထယ်ယောင်းကိုတော့ ခန်းမအပြင်ဖက်တံခါးဝ၌စောင့်စေခဲ့သည် ။ မကြာမီမှာပင် ဘုရင်မင်းမြတ်ကြွရောက်လာသောကြောင့် ညီလာခံသဘင်ကိုစတင်လေသည် ။

" မင်းကြီး...ကျွန်တော်မျိုးအနေနဲ့ မင်းသားဟွမ်ဂျင်ပြောသလို စစ်ကူလွှတ်သင့်တယ်လို့ထင်ပါတယ် "

" မဟုတ်တာ မင်းကြီး...စစချင်းတုန်းကညစစ်ပွဲက တောင်ဖက်နယ်စပ်မှာဆိုပေမဲ့ အခုကတစ်ပတ်လည်လုံးဖြစ်နေတာဆိုတော့ မင်းနေပြည်တော်ကိုလည်း ဘယ်အချိန်မဆိုရောက်လာနိုင်ပါတယ်...ဒါကြောင့် စစ်ကူလွှတ်မဲ့အစား နန်းမြို့ရိုးကိုသာ သေချာကာကွယ်ထားသင့်ကြောင်းပါ "

ညီလာခံစတင်လိုက်သည်မှစ၍ ကြွက်ကြွက်ညံ့အောင်ထွက်လာသည့် စကားနိုင်လုသံတို့ကြောင့် မင်းကြီးပင်ခေါင်းကိုက်လာရသည် ။

" တိတ်ကြစမ်း! "

ဘုရင်၏အမိန့်သံအဆုံးတွင် တိခနဲတိတ်ကျသွားသောအသံတို့ကြောင့် ခန်းမတစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင်ကိုတိတ်ဆိတ်သွားသည် ။ ထို့နောက် ဘုရင်က အိမ်ရှေ့မင်းသားဖက်သို့ကြည့်၍

" သားတော်အိမ်ရှေ့စံ...ဒီကိစ္စကိုဘယ်လိုထင်သလဲ ? "

" ဖခမည်းတော်ကိုလျှောက်တင်ပါတယ်...သားတော်ကတော့ စစ်ကူလွှတ်မဲ့အစား နန်းမြို့ရိုးကိုပဲသေချာကာကွယ်ထားသင့်တယ်လို့ပဲမြင်မိပါတယ် "

အိမ်ရှေ့မင်းသား၏အဖြေကို ဘုရင်ကခေါင်းတညိတ်ညိတ်လုပ်ရင်း ဒုတိယသားတော် (မြို့စားမင်း ) ထံသို့ကြည့်လိုက်ကာ

" သားတော်ကရော...ဘယ်လိုမြင်သလဲ ? "

" ခမည်းတော်ကို မလျှောက်တင်ခင်မှာ သား‌တော် တစ်ခုပြောစရာရှိပါသေးတယ် "

" ပြောစေ..."

ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်ရပြီးသောကြောင့် မြို့စားမင်းသည် အမတ်ငယ်တစ်ဦးကိုလွှတ်၍ တံခါးဝတွင်စောင့်နေသူကို အခေါ်တော်လွှတ်စေသည် ။ ထို့နောက် ခန်းမဆောင်ထဲသို့ဝင်လာသည့် ခပ်ငယ်ငယ် အမျိုးသမီး...။ ထိုအမျိုးသမီးကိုမြင်တော့ ခန်းမထဲရှိလူတိုင်း အံ့ဩစွာဖြင့်ကြည့်လာကြသည်။ ဝင်လာသည့်သူသည် အမျိုးသမီးဆိုတာထက် မင်းသားဟွမ်ဂျင်၏ကြင်ယာတော်ဖြစ်နေသောကြောင့်ပင် ။

" ဘုရင်မင်းမြတ်ကိုဂါရဝပြုပါတယ်...ဘုရင်မင်းမြတ် သက်တော်ထောင်ကျော်ရှည်ပါ‌စေ "

ထယ်ယောင်း၏ ဂါရဝပြုသံကြောင့် မင်းကြီးလည်း အံ့ဩမင်သက်မိနေရာမှ အသိပြန်ဝင်လာပြီး

" ထလို့ရပါပြီ "

ဘုရင့်ခွင့်ပြုချက်ကြောင့် ထယ်ယောင်းမှာ ဂါရဝပြုရာမှထလိုက်ပြီး ရည်ရွယ်ချက်ပြင်းပြ၍ ဆန္ဒမီးများတောက်လောင်နေသောမျက်ဝန်းတို့ဖြင့် ဘုရင်မင်းမြတ်ကိုကြည့်လိုက်သည် ။ မင်းကြီးနှင့် ထယ်ယောင်းတို့ ခေတ္တမျှအကြည့်ချင်းဆုံပြီးနောက်တွင် မင်းကြီးဖက်မှ စကားစလေသည် ။

" ဘာများလျှောက်တင်စရာရှိလို့လဲ ? "

" မင်းကြီး...ကျေးဇူးပြုပြီးတော့ နယ်စပ်ဒေသကို စစ်ကူလွှတ်ဖို့အမိန့်ချ‌ပေးတော်မူပါ "

ထယ်ယောင်းစကားကြောင့် ညီလာခံခန်းမဆောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည် ။ ဒါက သိသိသာသာကို ကြင်ယာတော်တစ်ပါးက နိုင်ငံရေးမှာဝင်ရောက်စွပ်ဖက်နေသည်မဟုတ်ပါလား ။

" အတင့်ရဲလိုက်တာ...ကြင်ယာတော်တစ်ဦးက နိုင်ငံရေးမှာဝင်ရောက်စွပ်ဖက်ရဲတယ်ပေါ့ "

" စည်းကမ်းချက်တွေကိုမသိဘူးထင်ပါ့... မင်းသားက အလိုလိုက်ထားတော့တော်တော်လေးကိုပျက်စီးနေပြီထင်တယ် "

" ကြင်ယာတော်က ကိုယ့်နေရာကိုယ်မသိဘူး "

" ဒီကိုရောက်လာတာ ကြင်ယာတော်တစ်ဦးအနေနဲ့မဟုတ်ပဲ ရှီလာတစ်နိုင်ငံလုံးရဲ့ကုန်သည်ခေါင်းဆောင်အနေနဲ့ရောက်လာတာဆိုရင်ရော ? "

ဆူညံနေသည့်အသံတို့အား ထယ်ယောင်း၏စကားတစ်ခွန်းထဲဖြင့် တိတ်သွားစေသည် ။ မာနနှင့် ဩဇာပါသည့် ထယ်ယောင်း၏အသံက ဘုရင်မင်းမြတ်၏ နှလုံးအစုံကိုပါလှုပ်ခပ်သွားစေနိုင်သည် ။ ရှီလာနိုင်ငံတစ်ခုလုံး၏ ကုန်သည်ခေါင်းဆောင်ဆိုသည်မှာ မည်မျှပင် အရေးပါကြောင်းလူတိုင်းသိကြသည် ။

ယခုလက်ရှိ ကုန်သည်ခေါင်းဆောင်မှာ ကင်မ်ထယ်ယောင်း၏ဖခင်ဖြစ်ပြီး ကင်မ်ထယ်ယောင်းကလည်း ကုန်သည်ခေါင်းဆောင်၏ တစ်ဦးတည်းသော သမီးပင်ဖြစ်သည် ။ ထို့ကြောင့် ကုန်သည်ခေါင်းဆောင်နေရာကို ဆက်ခံမည့်သူမှာ ကင်မ်ထယ်ယောင်းမှ လွဲ၍မရှိ ။ ထို့ကြောင့် ကင််မ်ထယ်ယောင်းပြောသည့် " ကုန်သည်ခေါင်းဆောင်အနေနဲ့ လာရောက်ခြင်း " ဟူသည့်စကားသည် လက်ခံနိုင်ဖွယ်ရာပင်ဖြစ်သည် ။ ကြင်ယာတော်ဟူသည့် ဂုဏ်ပုဒ်အားဖယ်လိုက်လျှင် ကင်မ်ထယ်ယောင်းသည် အမှန်စင်စစ်ပင် ကုန်သည်ခေါင်းဆောင်အလောင်းအလျာလေးပင်ဖြစ်သည် ။

" မင်းကြီး...ကျွန်တော်မျိုးမ ဒီနေ့ ဒီနေရာကိုရောက်လာတယ်ဆိုတာ ကြင်ယာတော်တစ်ပါးအနေနဲ့မဟုတ်ပဲ ကုန်သည်ခေါင်းဆောင်အနေနဲ့လာရောက်ခြင်းဖြစ်ပါတယ်...ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး လျှောက်တင်စရာရှိတဲ့အတွက် လျှောက်တင်ခွင့်ပြုပါ "

" ပြောစေ "

ဘုရင့်ထံမှ စကားပြောရန်ခွင့်ပြုချက်ရလိုက်သည်နှင့်

" မှန်ပါ...ယခုချိန်က ဆောင်းရာသီဖြစ်တဲ့အတွက် ပင်လယ်ရေကြောင်းကုန်သွယ်ရေးက ကြန့်ကြာလွန်းတယ်ဆိုတာကိုအားလုံးသိကြမှာပါ... ဒီတော့ ကုန်သည်တွေက အခုလိုဆောင်းရာသီဆိုရင် ကုန်းကြောင်းကုန်သွယ်မှုပြုလုပ်ကြတယ်...ဒါပေမဲ့ လက်တလောဖြစ်
ပေါ်နေတဲ့ နယ်စပ်ဒေသစစ်ပွဲတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေကလုံးဝကိုလည်ပတ်နိုင်ခြင်းမရှိတော့လေဘူး ...ကျွန်တော်မျိုးမစိုးရိမ်မိတာက နယ်စပ်ဒေသစစ်ပွဲတွေကိုအမြန်ဆုံး မထိန်းချုပ်နိုင်ရင် ဒီနိုင်ငံကြီးက တဖြည်းဖြည်း ဖွတ်ဖွက်ညှက်ကျေသွားမှာကိုပဲ...ဒါကြောင့် နယ်စပ်ဒေသကို အမြန်ဆုံး စစ်ကူလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ် "

ထယ်ယောင်းပြောသည်တို့အား ဘုရင်မှာတော့ တွေးတွေးဆဆဖြင့် ခေါင်းညိတ်နေသည် ။ မြို့စားမင်းမှာတော့ ထက်မြက်လွန်းသည့် ခယ်မတော်အား ဂုဏ်ယူသည့်အကြည့်တို့ဖြင့်ကြည့်ကာ ပြုံး၍သာနေလေသည် ။ ကြည့်ရတာတော့ ခယ်မတော်က ဘယ်သူ့အကူညီမှမလိုပဲ စစ်ကူရအောင်တောင်းနိုင်မည့်ပုံစံ ။

" ကြင်ယာတော်ပြောတာမမှားပေမဲ့...နယ်စပ်ဒေသကစစ်ပွဲတောင် တောင်ဖက်လို့ကြေညာထားပြီး အခုပတ်ပတ်လည်ဖြစ်နေတယ်မို့လား...ဒါကြောင့် စစ်ကူလွှတ်လိုက်မဲ့အစား နန်းမြို့ရိုးကြီးကို ကာကွယ်ထားသင့်တယ် "

စဉ်းစားဉာဏ်နိမ့်လွန်းသည် ။ ပြောသွားလိုက်သည့်စကားလုံးတို့က ရှီလာနန်းတော်ကို ကာကွယ်ချင်တာထက် ဂျောင်ကုအား စစ်ပွဲမှာတင်သေဆုံးသွားစေချင်သည့်သဘောကိုပင်သက်ရောက်နေသည် ။ ထို့ကြောင့် ထယ်ယောင်းလည်း ထိန်းချုပ်ထားမိသမျှကို ပြောရန်ဆုံးဖြတ်လိုက်သည် ။

" အမတ်ကြီးက တော်တော်လေးကိုမစဉ်းစားတတ်တာပဲနော်...ဟန်လူမျိုးတွေကို လ,အ များထင်နေသလား ? "

" ဘယ်လိုစကားပြောလိုက်တာလဲ ကြင်ယာတော် "

" စဉ်းစားဉာဏ်မရှိတဲ့သူတွေကသာ မုန့်ဆီကြော်အလယ်သား အရင်စားတဲ့နည်းဗျူဟာကိုသုံးလိမ့်မယ်...ဒါပေမဲ့ ဟန်တွေက အ,မနေဘူးနော်...မုန့်ဆီကြော်ရဲ့ဘေးသားကို အရင်စားပြီး တစ်ခုလုံးကိုတစ်ဖြည်းဖြည်းဝါးမျိုသွားမှာ "

ထယ်ယောင်းပြောသည်ကြောင့် ဘုရင်လည်း စိတ်ဝင်စားလာပြီး ဆက်ပြောရန် အချက်ပြသည် ။ ထယ်ယောင်းကလည်း နားလည်သည်ဖြစ်သောကြောင့် ဘာကိုမှဂရုစိုက်မနေပဲ ဆက်ပြောသည် ။

" ဒီရှီလာကြီးကို မုန့်ဆီကြော်တစ်ချပ်နဲ့ ခိုင်းနှိုင်းလိုက်ကြပါစို့...မုန့်ဆီကြော်ဆိုတာမျိုးက အလယ်သားထူပြီး ဘေးအနားသားတွေကပါးတယ်...သဘောကတော့ မြို့တော်က စစ်အင်အားတောင့်တင်းပြီး နယ်စပ်ဒေသလေးတွေက စစ်အင်အားနည်းလွန်းတယ်...ဒါကြောင့် ဟန်လူမျိုးတွေအနေနဲ့ မြို့တော်ကို အရင်ကျူးကျော်မယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ...ဒါကြောင့် နယ်စပ်ဒေသတွေကိုသာအရင်ဆုံး သိမ်းပိုက်ကြလိမ့်မယ်...

လူတွေက အစကတော့ နယ်စပ်ဒေသလေးပါပဲဆိုပြီး ခပ်ပေါ့ပေါ့ ထင်မိကြလိမ့်မယ်...ဒါပေမဲ့...တိုင်းပြည်တစ်ခုတောင့်တင်းခိုင်မာဖို့အတွက်ဆိုရင် အခြေခံအုတ်မြစ်က သိပ်ကိုအရေးကြီးတယ်...နယ်စပ်ဒေသဟာလည်း ရှီလာနိုင်ငံတော်ကြီးပါပဲ...နယ်စပ်ဒေသမို့အရေးမကြီးဘူးဆိုပြီး လျစ်လျူရှုထားလိုက်ရင်တော့ မကြာဘူး...တိုင်းပြည်တစ်ခုလုံး သူတစ်ပါးလက်အောက်ကိုရောက်သွားမှာပဲ...ဟန်လူမျိုးတွေက ဘာကြောင့် နယ်စပ်ဒေသကနေစပြီး ကျူးကျော်လာလဲဆိုရင်...အဖြေကတော့ ရိုးရှင်းပါတယ်...နယ်စပ်ကိုခြေကုပ်ယူပြီး သုံ့ပန်းတွေနဲ့ မြို့တော်ကို တိုက်ခိုက်ခိုင်းမှာ ...

ဒီနည်းလမ်းက အချိန်အတော်ယူရတယ်ဆိုပေမဲ့...နယ်စပ်ဒေသရဲ့တန်ဖိုးကို မသိတဲ့သူတွေအတွက်တော့ တကယ့်ကို ဟာကွက်ပဲလေ...ဒီတော့ နယ်စပ်ဒေသကို စစ်ကူလွှတ်မလား ? ဒါမှမဟုတ် ရှီလာနိုင်ငံတော်ကြီး ပျောက်ကွယ်သွားမှာကိုပဲ ထိုင်စောင့်နေကြမလား ? "

မုန့်ဆီကြော်တစ်ချပ်နှင့် ခိုင်းနှိုင်းပြသွားသည့် စကားတို့ကြောင့် ခန်းမတစ်ခုလုံးရှိလူများအားလုံး ကြက်သေသေသွားကြသည် ။ ဒါကြီးက စိတ်ကူးတောင်မယဉ်ဖူးတဲ့ခိုင်းနှိုင်းမှုမျိုး ။ ကြင်ယာတော်တစ်ပါးက ဒီလောက်တောင် ထက်မြက်သည်တဲ့လား ။



----------------------------
အပိုင်းတွေအားလုံးထဲမှာ ရေးရအခက်ဆုံးနဲ့ ဦးနှောက်အစားဆုံးအပိုင်းပါပဲ...တကယ်က ကိုယ်လည်း စစ်ရေးနည်းဗျူဟာတွေကိုမသိဘူးလေ 😵

Plz! Vote, Feedback and follow me 🎐









(Zawgyi)

အပိုင္း - ၂၄

ေဂ်ာင္ကု၏ အစ္ကိုေတာ္ျဖစ္သူၿမိဳ႕စားမင္းသည္ ရာထူးအာဏာအားျဖင့္ အင္အားႀကီးမားလြန္းေသာသူတစ္ေယာက္ျဖစ္သည္ ။ ယခု ထယ္ေယာင္းစဥ္းစားမိထားသည့္ နည္းလမ္းအရ မည္သည့္ပုံစံႏွင့္မဆို နန္းတြင္းညီလာခံသို႔တက္ေရာက္ႏိုင္ရန္ပင္ျဖစ္သည္ ။ သို႔ေသာ္ ထယ္ေယာင္းသည္ မင္းသားတစ္ပါး၏ ၾကင္ယာေတာ္ျဖစ္တာေၾကာင့္ ႏိုင္ငံ့အေရးအခင္းကိစၥမ်ားတြင္ ပါဝင္ပတ္သက္ႏိုင္ခြင့္မ႐ွိေပ ။ ထို႔ေၾကာင့္ စစ္ကူအျမန္ဆုံးလႊတ္ဖို႔ရန္အတြက္ အစ္ကိုေတာ္ကိုသာ အပူကပ္ရေတာ့ေပမည္ ။

ထယ္ေယာင္းစဥ္းစားေနရင္း တျဖည္းျဖည္းညေနေစာင္းလာၿပီျဖစ္တာေၾကာင့္ အခန္းျပင္သို႔ေခတၱထြက္ၿပီး ေလေကာင္းေလသန္႔႐ႈရန္စဥ္းစားမိသည္ ။ စိတ္ပူပန္ေနသည္ျဖစ္တာေၾကာင့္ ညစာကိုေတာ့စားခ်င္မ႐ွိေတာ့ၿပီျဖစ္သည္ ။

" ၾကင္ယာေတာ္ "

အခန္းျပင္ထြက္၍ ဝရံတာ၌ ေလညႇင္းခံေနစဥ္ ယန္ေလး၏ေခၚသံေၾကာင့္ ယန္ေလးအားလွည့္ၾကည့္မိသည္ ။

" ဘာျဖစ္လို႔လဲ ယန္ေလး "

" ၾကင္ယာေတာ္...ၿမိဳ႕စားမင္းက ၾကင္ယာေတာ္နဲ႔ေတြ႕ဆုံခ်င္လို႔ပါတဲ့ "

" ဟင္...အစ္ကိုေတာ္ ေရာက္လာတာလား ? "

" ဟုတ္ပါတယ္ ၾကင္ယာေတာ္...အခု လမင္းပြဲၾကည့္စင္မွာ ေစာင့္ေနပါတယ္ "

" ေကာင္းၿပီ...ငါအခုခ်က္ခ်င္းသြားမယ္ "

ေန႔လယ္ခင္းေလာက္ကတည္းက ေတြ႕ခ်င္ေနမိသူသည္ လူကိုယ္တိုင္ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာေသာေၾကာင့္ ထယ္ေယာင္းဝမ္းသာမိသည္ ။ ေဝးေဝးေနမွ တစ္ခါေတြ႕ဆုံျဖစ္သည့္ အစ္ကိုေတာ္က လူကိုယ္တိုင္ေရာက္လာသည္ျဖစ္ေသာေၾကာင့္ အေရးႀကီးကိစၥတစ္ခု႐ွိေန၍ပင္ျဖစ္ႏိုင္သည္ ။

ဝမ္းသာစိတ္ႏွင့္ စိတ္လႈပ္႐ွားမႈတို႔ေၾကာင့္ လမင္းပြဲၾကည့္စင္သို႔ သြားရာလမ္းတြင္ ထယ္ေယာင္း၏ေျခလွမ္းတို႔က သြက္လက္ေနၿပီး သိပ္မၾကာလိုက္ခ်ိန္မွာပင္ ပြဲၾကည့္စင္သို႔ေရာက္သြားသည္ ။ ပြဲၾကည့္စင္ေပၚတြင္ အက်အနထိုင္၍ အိေႁႏၵတစ္ခြဲသားျဖင့္ထိုင္ေနသည့္ အစ္ကိုေတာ္သည္ အမွန္ပင္ၾကည့္လို႔ေကာင္းသည္ျဖစ္ေသာ္လည္း ေဂ်ာင္ကုက ပိုခန္႔ ၊ ပိုေခ်ာ ၊ ပိုစမတ္က်သည္ဟု ထယ္ေယာင္းထင္မိသည္ ။

ထိုသို႔ေတြးမိလိုက္ေတာ့ ထယ္ေယာင္းမခိုးမခန္႔ျပဳံးမိသည္ ။ သူ႕အတြက္ေတာ့ ေဂ်ာင္ကုႏွင့္ယွဥ္ရင္ အကုန္လုံးက ဖြဲႏွင့္စကြဲ ပင္မဟုတ္ပါလား ။ ေဂ်ာင္ကုႏွင့္ပတ္သက္လာလွ်င္ လိပ္ဟုပင္ေျပာပါေစ ေဂ်ာင္ကုသည္သာ ထယ္ေယာင္းအဖို႔ အရာရာတြင္ ပထမျဖစ္သည္ ။

" အစ္ကိုေတာ္...ထယ္နဲ႔ေတြ႕ခ်င္လို႔ဆို "

ထယ္ေယာင္းဖက္မွ စတင္ႏႈတ္ဆက္လိုက္ေတာ့ ၿမိဳ႕စားမင္းက ထယ္ေယာင္းအား တစ္ဖက္႐ွိ ထိုင္ခုံေပၚတြင္ ထိုင္ရန္အခ်က္ျပလိုက္သည္ ။ ထယ္ေယာင္းလည္း အစ္ကိုေတာ္၏ ဆိုလိုခ်က္ကိုနားလည္သျဖင့္ ထိုင္ခုံေပၚ၌ထိုင္လိုက္ၿပီး ယန္ေလးကိုေတာ့ အေဝးသို႔ေ႐ွာင္ခိုင္းလိုက္သည္ ။ ယန္ေလးသည္ မည္သို႔ပင္ စိတ္ခ်ရသည့္အနီးကပ္အေစခံျဖစ္ေနပါေစ အစ္ကိုေတာ္ႏွင့္ေျပာမည့္စကားမ်ားကိုေတာ့ ၾကားခြင့္လုံးဝမေပးႏိုင္ေခ် ။ ေဂ်ာင္ကုမွ လႊဲ၍မည္သူကိုမွ မယုံခ်င္တာေၾကာင့္လဲပါသည္ ။

" အစ္ကိုေတာ္...ထယ့္ကို ေျပာစရာမ်ား႐ွိေနလားဟင္...အခ်စ္နဲ႔ေကာ အဆက္အသြယ္ရရဲ႕လား ? "

" အင္း...မေန႔ညက ညီေတာ္ဆီက လွ်ိဳ႕ဝွက္စာရလိုက္တယ္ "

" ဘာတဲ့လဲ...အစ္ကိုေတာ္ "

" ခယ္မေတာ္လဲ သတင္းၾကားၿပီးေလာက္ၿပီထင္ပါတယ္...အခုစစ္ျဖစ္ေနတာက ေတာင္ဖက္နယ္စပ္ေဒသတင္မဟုတ္ပဲ အရပ္႐ွစ္မ်က္ႏွာလုံးဆိုတာ "

" ဟုတ္ကဲ့...မၾကာေသးခင္ကမွ သိလိုက္ရတာပါ "

" စစ္အင္အားမေလာက္ဘူး ခယ္မေတာ္...ဟြာရန္းတပ္ဖြဲ႕ဆိုေပမဲ့ ရန္သူဖက္အင္အားက သိပ္မ်ားလြန္းေနတယ္ "

" စစ္ကူမလႊတ္ဘူးလား အစ္ကိုေတာ္...ထယ္လည္း အစ္ကိုေတာ့္ကိုအဲ့ကိစၥေျပာခ်င္ေနတာ "

" စစ္ကူလႊတ္ဖို႔လုပ္ပါတယ္...ဒါေပမဲ့ နန္းတြင္းမွာ ေထာက္ခံသူနဲ႔ကန္႔ကြက္သူဆိုၿပီး ႏွစ္ဖြဲ႕ကြဲေနၾကတယ္...ဒီ့အတြက္ ဘုရင္ကလည္း ေတာ္ေတာ္ေလးကိုအခက္ၾကဳံေနရတယ္ "

" ဘုရင္က တစ္တိုင္းျပည္လုံးမွာ အာဏာအ႐ွိဆုံးေလ...ၿပီးေတာ့ အခုျဖစ္ေနတာကလည္း တိုင္းျပည္ႀကီးတစ္ခုလုံးနဲ႔ဆိုင္ေနတာကို ကန္႔ကြက္တဲ့ အမတ္ေတြက ဘယ္လိုစဥ္းစားနည္းမ်ိဳးနဲ႔စဥ္းစားေနၾကတာလဲ "

ထယ္ေယာင္းတကယ္ေဒါသထြက္မိသည္ ။ တိုင္းျပည္တစ္ခုလုံ၏ အႏၲရာယ္ႏွင့္သက္ဆိုင္ေနသည့္ ကိစၥကိုမွ ကန္႔ကြက္ၾကသည္တဲ့လား ။ အေတာ္ေလးကို စဥ္းစားဉာဏ္မ႐ွိလိုက္ပါဘိ ။ ထိုၾကန္႔ၾကာေနသည့္ အျဖစ္တို႔ေၾကာင့္ စစ္ပြဲအတြင္း၌ အခက္အခဲျဖစ္ေနမည့္ အခ်စ္ရဲ႕ပုံစံကိုေတြးမိေတာ့ ပို၍ပင္ ေဒါသခိုးေဝလာမိသည္ ။

" အစ္ကိုေတာ္...မနက္ဖန္ညီလာခံကို ထယ္လိုက္မယ္ "

" နန္းတြင္းစည္းကမ္းကို ခယ္မေတာ္သိမယ္လို႔ထင္ပါတယ္ "

" စည္းကမ္းကိုသိပါတယ္...ဒါေပမဲ့ ထယ္က မင္းသားတစ္ပါးရဲ႕ၾကင္ယာေတာ္အေနနဲ႔သြားမွာမဟုတ္လို႔ စိတ္ခ်ပါ...စစ္ကူအျမန္ဆုံး လႊတ္ႏိုင္ဖို႔အတြက္ ထယ္ကူညီပါ့မယ္ "

ယုံၾကည္မႈအျပည့္ႏွင့္ေျပာလာသည့္ ထယ္ေယာင္းစကားတို႔ေၾကာင့္ ၿမိဳ႕စားမင္းခပ္ဖြဖြရယ္မိသည္ ။

" ညီေတာ္ေျပာတာသိပ္မွန္တာပဲ "

" ဘာကိုလဲဟင္ ? "

" ညီေတာ္အေနနဲ႔ ကိုယ္ေတာ့္ကိုပို႔လာတဲ့စာထဲမွာ အားလုံးကိုတြက္ခ်က္ျပလာၿပီးသား...စစ္ကူလႊတ္ေပးႏိုင္ဖို႔မလြယ္ကူမွန္းညီေတာ္ ႀကိဳသိေနပုံပဲ...ဒါေၾကာင့္ တကယ္လို႔ ညီေတာ္မွန္းထားတဲ့အတိုင္းသာျဖစ္လာရင္ သူ႕ၾကင္ယာေတာ္ကိုသာသြား႐ွာပါတဲ့...သူ႕ၾကင္ယာေတာ္က ေျဖ႐ွင္းေပးႏိုင္လိမ့္မယ္တဲ့ "

" အခ်စ္က...တကယ္ပဲ အဲ့လိုေျပာလာသလား အစ္ကိုေတာ္ "

" အင္း "

" ဒါဆို...ထယ့္ကို‌ေရာဟင္...ထယ့္အတြက္ စာမပါလာဘူးလား ? "

" ခယ္မေတာ္အတြက္ကေတာ့...ညီေတာ္က သူကိုယ္တိုင္ပဲေပးခ်င္ပါသတဲ့ေလ...ဒါေၾကာင့္ ေစာင့္လိုက္ပါဦး "

အစ္ကိုေတာ္ရဲ႕စကားေၾကာင့္ ထယ္ေယာင္းအနည္းငယ္ဝမ္းနည္းမိေသာ္လည္း ခံသာပါေသးသည္။ သူ႕ကိုက လူၾကဳံႏွင့္စာထည့္မည့္အစား အခ်စ္ကိုယ္တိုင္ ေရာက္လာေပးမည္မဟုတ္လား ။ ထို႔ေၾကာင့္ ထယ္ေယာင္းဝမ္းနည္းေသာ္လည္း ေပ်ာ္မိပါသည္ ။

" ဒါနဲ႔...ခယ္မေတာ္က ညီလာခံကိုဘယ္လိုပုံစံနဲ႔ဝင္မွာတုန္း...ဒီတိုင္းဆိုရင္ေတာ့ အျပစ္ေပးခံရမွာ ေသခ်ာတယ္ "

" စိတ္မပူပါနဲ႔ အစ္ကိုေတာ္...ထယ့္ဆီမွာ နည္းလမ္း႐ွိၿပီးသားပါ "

" ေကာင္းၿပီ...ဒါဆိုရင္ မနက္ျဖန္အစ္ကိုေတာ္လာေခၚပါ့မယ္...အဆင္သင့္ျပင္ထားပါ "

" ေကာင္းပါၿပီ အစ္ကိုေတာ္ "

ထိုည ၿမိဳ႕စားမင္းျပန္သြားၿပီးေနာက္တြင္ ထယ္ေယာင္းသည္ အေဖျဖစ္သူဆီသို႔ ေခတၱသြားၿပီး အကူအညီတစ္ခုအားေတာင္းခံလိုက္သည္ ။

" အေဖ့ကို ဘုရင္ခ်ီးျမႇင့္ထားတဲ့ ကုန္သည္ေခါင္းေဆာင္ ‌တံဆိပ္ျပားေလး ခဏငွားပါလား ? "
_________________________________________

ေနာက္တစ္ေန႔မနက္ ေဝလီေဝလင္း အခ်ိန္တြင္ ၿမိဳ႕စားမင္းသည္ကတိအတိုင္း ထယ္ေယာင္းကို လာေခၚသည္ ။ ထယ္ေယာင္းကေတာ့ ဒီေန႔နန္းတြင္းကို အသြင္တစ္မ်ိဳးယူ၍ ဝင္ရမည္ျဖစ္ေသာေၾကာင့္ ပုံစံကိုအနည္းငယ္ေျပာင္းလဲထားသည္ ။ ယခင္က ဝတ္ေနက် ႐ိုးရာဂါဝန္ႀကီးအစား ကုန္သည္သမီးတစ္ေယာက္ဝတ္စားဆင္ယင္သည့္ ေပါ့ေပါ့ပါးပါးပုံစံကိုသာဝတ္ဆင္ထားသည္ ။ ၿမိဳ႕စားမင္းမွာေတာ့ ေျပာင္းလဲထားသည့္ ထယ္ေယာင္းပုံစံကိုၾကည့္၍ ေက်နပ္မိသည္ ။

' ညီေတာ္ရဲ႕ ၾကင္ယာေတာ္က ညီေတာ္ေျပာသလို တကယ္ကိုထက္ျမက္တာပဲ '

နန္းေတာ္သို႔ေရာက္ေသာ္ ညီလာခံသဘင္ကစတင္ေတာ့မည္ျဖစ္တာေၾကာင့္ အမတ္အားလုံးမွာခန္းမေဆာင္ထဲသို႔ေရာက္႐ွိေနၾကၿပီျဖစ္သည္ ။ ထို႔ေၾကာင့္ ၿမိဳ႕စားမင္းကေတာ့ ခန္းမေဆာင္ထဲသို႔တိုက္႐ိုက္ဝင္သြားၿပီး ထယ္ေယာင္းကိုေတာ့ ခန္းမအျပင္ဖက္တံခါးဝ၌ေစာင့္ေစခဲ့သည္ ။ မၾကာမီမွာပင္ ဘုရင္မင္းျမတ္ႂကြေရာက္လာေသာေၾကာင့္ ညီလာခံသဘင္ကိုစတင္ေလသည္ ။

" မင္းႀကီး...ကြၽန္ေတာ္မ်ိဳးအေနနဲ႔ မင္းသားဟြမ္ဂ်င္ေျပာသလို စစ္ကူလႊတ္သင့္တယ္လို႔ထင္ပါတယ္ "

" မဟုတ္တာ မင္းႀကီး...စစခ်င္းတုန္းကညစစ္ပြဲက ေတာင္ဖက္နယ္စပ္မွာဆိုေပမဲ့ အခုကတစ္ပတ္လည္လုံးျဖစ္ေနတာဆိုေတာ့ မင္းေနျပည္ေတာ္ကိုလည္း ဘယ္အခ်ိန္မဆိုေရာက္လာႏိုင္ပါတယ္...ဒါေၾကာင့္ စစ္ကူလႊတ္မဲ့အစား နန္းၿမိဳ႕႐ိုးကိုသာ ေသခ်ာကာကြယ္ထားသင့္ေၾကာင္းပါ "

ညီလာခံစတင္လိုက္သည္မွစ၍ ႂကြက္ႂကြက္ညံ့ေအာင္ထြက္လာသည့္ စကားႏိုင္လုသံတို႔ေၾကာင့္ မင္းႀကီးပင္ေခါင္းကိုက္လာရသည္ ။

" တိတ္ၾကစမ္း! "

ဘုရင္၏အမိန္႔သံအဆုံးတြင္ တိခနဲတိတ္က်သြားေသာအသံတို႔ေၾကာင့္ ခန္းမတစ္ခုလုံး အပ္က်သံပင္ၾကားရေလာက္ေအာင္ကိုတိတ္ဆိတ္သြားသည္ ။ ထို႔ေနာက္ ဘုရင္က အိမ္ေ႐ွ႕မင္းသားဖက္သို႔ၾကည့္၍

" သားေတာ္အိမ္ေ႐ွ႕စံ...ဒီကိစၥကိုဘယ္လိုထင္သလဲ ? "

" ဖခမည္းေတာ္ကိုေလွ်ာက္တင္ပါတယ္...သားေတာ္ကေတာ့ စစ္ကူလႊတ္မဲ့အစား နန္းၿမိဳ႕႐ိုးကိုပဲေသခ်ာကာကြယ္ထားသင့္တယ္လို႔ပဲျမင္မိပါတယ္ "

အိမ္ေ႐ွ႕မင္းသား၏အေျဖကို ဘုရင္ကေခါင္းတညိတ္ညိတ္လုပ္ရင္း ဒုတိယသားေတာ္ (ၿမိဳ႕စားမင္း ) ထံသို႔ၾကည့္လိုက္ကာ

" သားေတာ္ကေရာ...ဘယ္လိုျမင္သလဲ ? "

" ခမည္းေတာ္ကို မေလွ်ာက္တင္ခင္မွာ သား‌ေတာ္ တစ္ခုေျပာစရာ႐ွိပါေသးတယ္ "

" ေျပာေစ..."

ဘုရင္မင္းျမတ္ထံမွ ခြင့္ျပဳခ်က္ရၿပီးေသာေၾကာင့္ ၿမိဳ႕စားမင္းသည္ အမတ္ငယ္တစ္ဦးကိုလႊတ္၍ တံခါးဝတြင္ေစာင့္ေနသူကို အေခၚေတာ္လႊတ္ေစသည္ ။ ထို႔ေနာက္ ခန္းမေဆာင္ထဲသို႔ဝင္လာသည့္ ခပ္ငယ္ငယ္ အမ်ိဳးသမီး...။ ထိုအမ်ိဳးသမီးကိုျမင္ေတာ့ ခန္းမထဲ႐ွိလူတိုင္း အံ့ဩစြာျဖင့္ၾကည့္လာၾကသည္။ ဝင္လာသည့္သူသည္ အမ်ိဳးသမီးဆိုတာထက္ မင္းသားဟြမ္ဂ်င္၏ၾကင္ယာေတာ္ျဖစ္ေနေသာေၾကာင့္ပင္ ။

" ဘုရင္မင္းျမတ္ကိုဂါရဝျပဳပါတယ္...ဘုရင္မင္းျမတ္ သက္ေတာ္ေထာင္ေက်ာ္႐ွည္ပါ‌ေစ "

ထယ္ေယာင္း၏ ဂါရဝျပဳသံေၾကာင့္ မင္းႀကီးလည္း အံ့ဩမင္သက္မိေနရာမွ အသိျပန္ဝင္လာၿပီး

" ထလို႔ရပါၿပီ "

ဘုရင့္ခြင့္ျပဳခ်က္ေၾကာင့္ ထယ္ေယာင္းမွာ ဂါရဝျပဳရာမွထလိုက္ၿပီး ရည္႐ြယ္ခ်က္ျပင္းျပ၍ ဆႏၵမီးမ်ားေတာက္ေလာင္ေနေသာမ်က္ဝန္းတို႔ျဖင့္ ဘုရင္မင္းျမတ္ကိုၾကည့္လိုက္သည္ ။ မင္းႀကီးႏွင့္ ထယ္ေယာင္းတို႔ ေခတၱမွ်အၾကည့္ခ်င္းဆုံၿပီးေနာက္တြင္ မင္းႀကီးဖက္မွ စကားစေလသည္ ။

" ဘာမ်ားေလွ်ာက္တင္စရာ႐ွိလို႔လဲ ? "

" မင္းႀကီး...ေက်းဇူးျပဳၿပီးေတာ့ နယ္စပ္ေဒသကို စစ္ကူလႊတ္ဖို႔အမိန္႔ခ်‌ေပးေတာ္မူပါ "

ထယ္ေယာင္းစကားေၾကာင့္ ညီလာခံခန္းမေဆာင္တစ္ခုလုံး လႈပ္လႈပ္႐ွား႐ွားျဖစ္သြားၾကသည္ ။ ဒါက သိသိသာသာကို ၾကင္ယာေတာ္တစ္ပါးက ႏိုင္ငံေရးမွာဝင္ေရာက္စြပ္ဖက္ေနသည္မဟုတ္ပါလား ။

" အတင့္ရဲလိုက္တာ...ၾကင္ယာေတာ္တစ္ဦးက ႏိုင္ငံေရးမွာဝင္ေရာက္စြပ္ဖက္ရဲတယ္ေပါ့ "

" စည္းကမ္းခ်က္ေတြကိုမသိဘူးထင္ပါ့... မင္းသားက အလိုလိုက္ထားေတာ့ေတာ္ေတာ္ေလးကိုပ်က္စီးေနၿပီထင္တယ္ "

" ၾကင္ယာေတာ္က ကိုယ့္ေနရာကိုယ္မသိဘူး "

" ဒီကိုေရာက္လာတာ ၾကင္ယာေတာ္တစ္ဦးအေနနဲ႔မဟုတ္ပဲ ႐ွီလာတစ္ႏိုင္ငံလုံးရဲ႕ကုန္သည္ေခါင္းေဆာင္အေနနဲ႔ေရာက္လာတာဆိုရင္ေရာ ? "

ဆူညံေနသည့္အသံတို႔အား ထယ္ေယာင္း၏စကားတစ္ခြန္းထဲျဖင့္ တိတ္သြားေစသည္ ။ မာနႏွင့္ ဩဇာပါသည့္ ထယ္ေယာင္း၏အသံက ဘုရင္မင္းျမတ္၏ ႏွလုံးအစုံကိုပါလႈပ္ခပ္သြားေစႏိုင္သည္ ။ ႐ွီလာႏိုင္ငံတစ္ခုလုံး၏ ကုန္သည္ေခါင္းေဆာင္ဆိုသည္မွာ မည္မွ်ပင္ အေရးပါေၾကာင္းလူတိုင္းသိၾကသည္ ။

ယခုလက္႐ွိ ကုန္သည္ေခါင္းေဆာင္မွာ ကင္မ္ထယ္ေယာင္း၏ဖခင္ျဖစ္ၿပီး ကင္မ္ထယ္ေယာင္းကလည္း ကုန္သည္ေခါင္းေဆာင္၏ တစ္ဦးတည္းေသာ သမီးပင္ျဖစ္သည္ ။ ထို႔ေၾကာင့္ ကုန္သည္ေခါင္းေဆာင္ေနရာကို ဆက္ခံမည့္သူမွာ ကင္မ္ထယ္ေယာင္းမွ လြဲ၍မ႐ွိ ။ ထို႔ေၾကာင့္ ကင္္မ္ထယ္ေယာင္းေျပာသည့္ " ကုန္သည္ေခါင္းေဆာင္အေနနဲ႔ လာေရာက္ျခင္း " ဟူသည့္စကားသည္ လက္ခံႏိုင္ဖြယ္ရာပင္ျဖစ္သည္ ။ ၾကင္ယာေတာ္ဟူသည့္ ဂုဏ္ပုဒ္အားဖယ္လိုက္လွ်င္ ကင္မ္ထယ္ေယာင္းသည္ အမွန္စင္စစ္ပင္ ကုန္သည္ေခါင္းေဆာင္အေလာင္းအလ်ာေလးပင္ျဖစ္သည္ ။

" မင္းႀကီး...ကြၽန္ေတာ္မ်ိဳးမ ဒီေန႔ ဒီေနရာကိုေရာက္လာတယ္ဆိုတာ ၾကင္ယာေတာ္တစ္ပါးအေနနဲ႔မဟုတ္ပဲ ကုန္သည္ေခါင္းေဆာင္အေနနဲ႔လာေရာက္ျခင္းျဖစ္ပါတယ္...ကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး ေလွ်ာက္တင္စရာ႐ွိတဲ့အတြက္ ေလွ်ာက္တင္ခြင့္ျပဳပါ "

" ေျပာေစ "

ဘုရင့္ထံမွ စကားေျပာရန္ခြင့္ျပဳခ်က္ရလိုက္သည္ႏွင့္

" မွန္ပါ...ယခုခ်ိန္က ေဆာင္းရာသီျဖစ္တဲ့အတြက္ ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးက ၾကန္႔ၾကာလြန္းတယ္ဆိုတာကိုအားလုံးသိၾကမွာပါ... ဒီေတာ့ ကုန္သည္ေတြက အခုလိုေဆာင္းရာသီဆိုရင္ ကုန္းေၾကာင္းကုန္သြယ္မႈျပဳလုပ္ၾကတယ္...ဒါေပမဲ့ လက္တေလာျဖစ္
ေပၚေနတဲ့ နယ္စပ္ေဒသစစ္ပြဲေတြေၾကာင့္ ကုန္သြယ္ေရးလုပ္ငန္းေတြကလုံးဝကိုလည္ပတ္ႏိုင္ျခင္းမ႐ွိေတာ့ေလဘူး ...ကြၽန္ေတာ္မ်ိဳးမစိုးရိမ္မိတာက နယ္စပ္ေဒသစစ္ပြဲေတြကိုအျမန္ဆုံး မထိန္းခ်ဳပ္ႏိုင္ရင္ ဒီႏိုင္ငံႀကီးက တျဖည္းျဖည္း ဖြတ္ဖြက္ညႇက္ေက်သြားမွာကိုပဲ...ဒါေၾကာင့္ နယ္စပ္ေဒသကို အျမန္ဆုံး စစ္ကူလႊတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္ "

ထယ္ေယာင္းေျပာသည္တို႔အား ဘုရင္မွာေတာ့ ေတြးေတြးဆဆျဖင့္ ေခါင္းညိတ္ေနသည္ ။ ၿမိဳ႕စားမင္းမွာေတာ့ ထက္ျမက္လြန္းသည့္ ခယ္မေတာ္အား ဂုဏ္ယူသည့္အၾကည့္တို႔ျဖင့္ၾကည့္ကာ ျပဳံး၍သာေနေလသည္ ။ ၾကည့္ရတာေတာ့ ခယ္မေတာ္က ဘယ္သူ႕အကူညီမွမလိုပဲ စစ္ကူရေအာင္ေတာင္းႏိုင္မည့္ပုံစံ ။

" ၾကင္ယာေတာ္ေျပာတာမမွားေပမဲ့...နယ္စပ္ေဒသကစစ္ပြဲေတာင္ ေတာင္ဖက္လို႔ေၾကညာထားၿပီး အခုပတ္ပတ္လည္ျဖစ္ေနတယ္မို႔လား...ဒါေၾကာင့္ စစ္ကူလႊတ္လိုက္မဲ့အစား နန္းၿမိဳ႕႐ိုးႀကီးကို ကာကြယ္ထားသင့္တယ္ "

စဥ္းစားဉာဏ္နိမ့္လြန္းသည္ ။ ေျပာသြားလိုက္သည့္စကားလုံးတို႔က ႐ွီလာနန္းေတာ္ကို ကာကြယ္ခ်င္တာထက္ ေဂ်ာင္ကုအား စစ္ပြဲမွာတင္ေသဆုံးသြားေစခ်င္သည့္သေဘာကိုပင္သက္ေရာက္ေနသည္ ။ ထို႔ေၾကာင့္ ထယ္ေယာင္းလည္း ထိန္းခ်ဳပ္ထားမိသမွ်ကို ေျပာရန္ဆုံးျဖတ္လိုက္သည္ ။

" အမတ္ႀကီးက ေတာ္ေတာ္ေလးကိုမစဥ္းစားတတ္တာပဲေနာ္...ဟန္လူမ်ိဳးေတြကို လ,အ မ်ားထင္ေနသလား ? "

" ဘယ္လိုစကားေျပာလိုက္တာလဲ ၾကင္ယာေတာ္ "

" စဥ္းစားဉာဏ္မ႐ွိတဲ့သူေတြကသာ မုန္႔ဆီေၾကာ္အလယ္သား အရင္စားတဲ့နည္းဗ်ဴဟာကိုသုံးလိမ့္မယ္...ဒါေပမဲ့ ဟန္ေတြက အ,မေနဘူးေနာ္...မုန္႔ဆီေၾကာ္ရဲ႕ေဘးသားကို အရင္စားၿပီး တစ္ခုလုံးကိုတစ္ျဖည္းျဖည္းဝါးမ်ိဳသြားမွာ "

ထယ္ေယာင္းေျပာသည္ေၾကာင့္ ဘုရင္လည္း စိတ္ဝင္စားလာၿပီး ဆက္ေျပာရန္ အခ်က္ျပသည္ ။ ထယ္ေယာင္းကလည္း နားလည္သည္ျဖစ္ေသာေၾကာင့္ ဘာကိုမွဂ႐ုစိုက္မေနပဲ ဆက္ေျပာသည္ ။

" ဒီ႐ွီလာႀကီးကို မုန္႔ဆီေၾကာ္တစ္ခ်ပ္နဲ႔ ခိုင္းႏိႈင္းလိုက္ၾကပါစို႔...မုန္႔ဆီေၾကာ္ဆိုတာမ်ိဳးက အလယ္သားထူၿပီး ေဘးအနားသားေတြကပါးတယ္...သေဘာကေတာ့ ၿမိဳ႕ေတာ္က စစ္အင္အားေတာင့္တင္းၿပီး နယ္စပ္ေဒသေလးေတြက စစ္အင္အားနည္းလြန္းတယ္...ဒါေၾကာင့္ ဟန္လူမ်ိဳးေတြအေနနဲ႔ ၿမိဳ႕ေတာ္ကို အရင္က်ဴးေက်ာ္မယ္ဆိုတာ မျဖစ္ႏိုင္တဲ့ကိစၥပဲ...ဒါေၾကာင့္ နယ္စပ္ေဒသေတြကိုသာအရင္ဆုံး သိမ္းပိုက္ၾကလိမ့္မယ္...

လူေတြက အစကေတာ့ နယ္စပ္ေဒသေလးပါပဲဆိုၿပီး ခပ္ေပါ့ေပါ့ ထင္မိၾကလိမ့္မယ္...ဒါေပမဲ့...တိုင္းျပည္တစ္ခုေတာင့္တင္းခိုင္မာဖို႔အတြက္ဆိုရင္ အေျခခံအုတ္ျမစ္က သိပ္ကိုအေရးႀကီးတယ္...နယ္စပ္ေဒသဟာလည္း ႐ွီလာႏိုင္ငံေတာ္ႀကီးပါပဲ...နယ္စပ္ေဒသမို႔အေရးမႀကီးဘူးဆိုၿပီး လ်စ္လ်ဴ႐ႈထားလိုက္ရင္ေတာ့ မၾကာဘူး...တိုင္းျပည္တစ္ခုလုံး သူတစ္ပါးလက္ေအာက္ကိုေရာက္သြားမွာပဲ...ဟန္လူမ်ိဳးေတြက ဘာေၾကာင့္ နယ္စပ္ေဒသကေနစၿပီး က်ဴးေက်ာ္လာလဲဆိုရင္...အေျဖကေတာ့ ႐ိုး႐ွင္းပါတယ္...နယ္စပ္ကိုေျခကုပ္ယူၿပီး သုံ႔ပန္းေတြနဲ႔ ၿမိဳ႕ေတာ္ကို တိုက္ခိုက္ခိုင္းမွာ ...

ဒီနည္းလမ္းက အခ်ိန္အေတာ္ယူရတယ္ဆိုေပမဲ့...နယ္စပ္ေဒသရဲ႕တန္ဖိုးကို မသိတဲ့သူေတြအတြက္ေတာ့ တကယ့္ကို ဟာကြက္ပဲေလ...ဒီေတာ့ နယ္စပ္ေဒသကို စစ္ကူလႊတ္မလား ? ဒါမွမဟုတ္ ႐ွီလာႏိုင္ငံေတာ္ႀကီး ေပ်ာက္ကြယ္သြားမွာကိုပဲ ထိုင္ေစာင့္ေနၾကမလား ? "

မုန္႔ဆီေၾကာ္တစ္ခ်ပ္ႏွင့္ ခိုင္းႏိႈင္းျပသြားသည့္ စကားတို႔ေၾကာင့္ ခန္းမတစ္ခုလုံး႐ွိလူမ်ားအားလုံး ၾကက္ေသေသသြားၾကသည္ ။ ဒါႀကီးက စိတ္ကူးေတာင္မယဥ္ဖူးတဲ့ခိုင္းႏိႈင္းမႈမ်ိဳး ။ ၾကင္ယာေတာ္တစ္ပါးက ဒီေလာက္ေတာင္ ထက္ျမက္သည္တဲ့လား ။




----------------------------
အပိုင္းေတြအားလုံးထဲမွာ ေရးရအခက္ဆုံးနဲ႔ ဦးေႏွာက္အစားဆုံးအပိုင္းပါပဲ...တကယ္က ကိုယ္လည္း စစ္ေရးနည္းဗ်ဴဟာေတြကိုမသိဘူးေလ 😵

Plz! Vote, Feedback and follow me 🎐

Continue Reading

You'll Also Like

247K 30.7K 116
On her first day of the internship, Dr. Teju Kapoor a topper in MBBS in all over the country, but a smart, rebellious prankster messed up, with her d...
1.1M 37.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
139K 3.7K 30
Haley is a shy girl who became mute after her parents were murdered. She lives with her childhood neighbors who have to move to a different state. Wi...
1.5K 101 7
A COLLAB WITH..... Kanali_Sri!! A short story which revolves around 4 humans in tanglish and no subtitles will be given. It's a short story btw with...