(AN/ နွလံုးေရာဂါရွိသူမ်ား ေသြးထြက္သံယိုၾကည့္လို႔မရတဲ့သူမ်ားအေနနဲ႔ ဒီအပိုင္းကို ေက်ာ္ဖတ္ေပးဖို႔ေတာင္းဆိုပါတယ္ရွင့္ )
တိတ္ဆိတ္ေနေသာ အခန္းထဲဝယ္ စီးကရက္ အခိုးအေငြ႕တို႔က ရစ္သိုင္းေနသည္။ရင္ထဲမွ မြန္းၾကပ္မႈမ်ား ေပ်ာက္လိုေပ်ာက္ျငား စီးကရက္ကို မွီဝဲမိသည္။မႈတ္ထုတ္လိုက္ေသာ အခိုးအေငြ႕တို႔နွင့္အတူ နွလံုးသားမွ နာက်င္မႈကေတာ့ ေလ်ာ့မသြားေပ။
ဒီလူဟာ သူ႔ရဲ႕ဆယ္ေက်ာ္သက္အ႐ြယ္ ရင္ခုန္မႈကို လႊမ္းမိုးထားတဲ့သူ။နွလံုးသားတစ္ခုလံုးကို ေစလိုရာေစလႊမ္းမိုးနိုင္တဲ့ ေစမိုရ္လႊမ္းေခတ္ဆိုတဲ့ လူသား။
ခ်စ္ရသည္ဆိုတာထက္ ေက်ာ္လြန္ကာ ထိုလူသားကို ျမတ္နိုးခဲ့ျခင္းျဖစ္သည္။ဒီလူသားအတြက္ဆို လူသတ္ဖို႔လည္း ဝန္မေလးခဲ့ေပ။ဘဝရည္မွန္းခ်က္ကို စြန္႔လႊတ္ကာ အေမွာင္ေလာကထဲ၌ က်င္လည္က်က္စားခဲ့ရသည္။
ထိုလူသား အႏၲရာယ္ကင္းဖို႔။ထိုလူသားကိုမွဲ႔တစ္ေပါက္ေတာင္ မစြန္းေစခ်င္ခဲ့လို႔, သူဟာရက္စက္ၾကမ္းၾကဳတ္ခဲ့ရသည္။လူသတ္တာဟာ သူ႔အတြက္ ၾကက္ကေလး၊ငွက္ကေလး သတ္သေလာက္ေတာင္မခဲယဥ္းေပ။
Night...
ထိုလူ႔ နာမည္ဟာ Night ( နိုက္ )။
အေမွာင္ေလာကထဲ၌ က်င္လည္က်က္စားေနတဲ့ ညဘုရင္လို႔ တင္စားရတဲ့အထိ ေမွာင္မိုက္ေနတဲ့လူသား။
တစ္စံုတစ္ေယာက္ကိုထိမိရင္ မရဏလမ္းကို ႀကိဳတင္စာကမ္းထားရမယ့္အထိ ေသြးေအးရက္စက္လြန္းတဲ့ လူသား။
အေမွာင္ေလာကထဲက လူတစ္ခ်ိဳ႕ဟာ သူ႔ကိုေနာက္တစ္မ်ိဳးေခၚၾကေသးတယ္။
ပုဆိန္ကိုင္လူသတ္သမားတဲ့ေလ...
မွန္ပါတယ္။Night ဟာလူသတ္ရင္ ပုဆိန္ကလြဲၿပီး တစ္ျခားလက္နက္မကိုင္ေပ။ခႏၶာကိုယ္အစိတ္အပိုင္းေတြကို တစိမ့္စိမ့္ထိုင္ၾကည့္ရင္း အပိုင္းပိုင္းခုတ္ျဖတ္ၿပီး အေသသတ္တဲ့အထိ ေသြးေအးတဲ့လူသတ္သမား။
သူဟာအေၾကာင္းမဲ့ လူသတ္တာေတာ့မဟုတ္။သူသိပ္ခ်စ္ရတဲ့ တစ္စံုတစ္ေယာက္ကို လက္ဖ်ားေလးနဲ႔ေတာင္မထိမခ်င္းေပါ့။
"နိုင္း"
ၾသရွရွအသံဟာ ေမွာင္မိုက္ေနေသာ အခန္းထဲဝယ္ ပဲ့တင္သံထပ္လာသည္။
"အမိန္႔ရွိပါ ေခါင္းေဆာင္"
"တစ္စံုတစ္ေယာက္ကိုေတာင္ မကာကြယ္နိုင္တဲ့ အခိုက္အတန္႔ဟာ သိပ္ကိုနာက်င္ရတယ္မလား "
Night ဟာစီးကရက္ကို ရွိုက္ဖြာရင္း အေငြ႕ေတြကို ေလထုထဲသို႔ မႈတ္ထုတ္ရင္းစကားဆိုသည္။
နာက်င္ရတယ္ Night..ငါ့အခ်စ္ေတြကိုမျမင္တဲ့မင္းေၾကာင့္ သိပ္ကိုနာက်င္ရတယ္။
"အင္း အရမ္းဘဲ...ကိုယ့္အခ်စ္ေတြေတာင္ မျမင္ပါဘဲ တစ္ျခားတစ္ေယာက္အတြက္ ရွင္သန္ေနတဲ့သူကို ခ်စ္ရတာဟာ သိပ္ကိုနာက်င္ရတယ္ "
"ဟမ့္ မင္းသိလား ႏိုင္း...ဒီ ၁၂နွစ္လံုး ဒီေလာကထဲမွာ က်င္လည္ေနရတာဟာ သိပ္ကိုစိတ္ပင္ပန္းရတာဘဲ။ငါက ရိုးရိုးရွင္းရွင္းဘဝကို ျဖတ္သန္းခ်င္ခဲ့တာ။ဒါေပမယ့္ေလ ငါ့မွာေ႐ြးခ်ယ္စရာမရွိခဲ့ဘူး။ဒီလူသား အႏၲရာယ္ကင္းဖို႔ ကာကြယ္နိုင္တဲ့အင္အား ငါ့မွာရွိဖို႔လိုတယ္။ဘဝသက္တမ္းတစ္ေလ်ွာက္ ဒီလူေအးခ်မ္းဖို႔သာ ရုန္းကန္ေနခဲ့ရတာ "
"မနာက်င္ဘူးလား"
"ဟမ့္ ငါ့ကိုျပန္ေမးရဲတာ မင္းဘဲရွိတယ္ နိုင္း...ဒီက်ည္က မင္းဦးေနွာက္ထဲ ေဖာက္သြားမယ္ေနာ္ "
"ကြၽန္ေတာ့္စိတ္ဝိညာဥ္အလံုးစံုကို Night လက္ထဲပံုအပ္ထားတာမို႔ ေသရမယ္ဆိုရင္လည္းမေၾကာက္ဘူး "
နံရံကပ္စကၠဴလို ေတာင့္ေတာင့္ႀကီးရပ္ကာ မ်က္နွာေသျဖင့္ေျပာေနတဲ့နိုင္းဟာ ေသျခင္းတရားကိုလည္း ေၾကာက္လန္႔ေနပံုမေပၚ။ဘာကိုမွလည္း ေမ်ွာ္လင့္ခ်က္ရွိပံု မရေပ။
"ဟားဟား...လူၾကမ္းႀကီးက ကဗ်ာဆန္ေနျပန္ၿပီ...ဒီေလာကမွာ က်င္လည္ေနရင္ ကဗ်ာဆန္ဖို႔ အခ်ိန္မရွိဘူး ...
သတိတစ္ခ်က္လြတ္တာနဲ႔ ငါတို႔အသက္ဟာ မရဏမင္းလက္ထဲ စာကမ္းစရာမလိုဘဲသြားရမွာ ၾကားလား နိုင္း "
"ၾကားပါတယ္ ေခါင္းေဆာင္ "
"နာက်င္လားလို႔မင္းေမးတယ္ေနာ္...ဟမ့္! ျမတ္နိုးရသူကေပးလာတဲ့ နွလံုးသားဒဏ္ရာကို ငါတို႔ကိုယ္တိုင္က မက္မက္ေမာေမာ ဖက္တြယ္မိတဲ့အခါ ဒီဒဏ္ရာကခ်ိဳၿမိန္သြားတာပါဘဲ"
"အခ်စ္ဟာ ပူေလာင္ေစတာလား"
"အခ်စ္က သူရဲ႕ပံုစံေလးအတိုင္းတည္ရွိေနတဲ့ စိတၲဇနာမ္။အခ်စ္ဟာ ပူေလာင္ေစသလားဆို ငါတို႔သတ္မွတ္တဲ့စံနႈန္းအေပၚ မူတည္လိမ့္မယ္။
ငါတို႔က မီးလို႔သတ္မွတ္ရင္ အခ်စ္က နွလံုးေသြးကို တစ္ႂကြပ္ႂကြပ္ေလာင္ၿမိဳက္ေစတဲ့အထိ ပူေလာင္လိမ့္မယ္။
ငါတို႔က ေရလို႔သတ္မွတ္ရင္ နာက်င္ရရင္ေတာင္ ဒဏ္ရာဟာ ခ်ိဳျမန္တယ္။လူသားအားလံုးဟာ အခ်စ္ဆိုတဲ့ႏြံထဲက ရုန္းမထြက္နိုင္ၾကတဲ့ အခ်စ္ရဲ႕ေက်းကြၽန္ေတြ "
Nightကို ခ်စ္မိတာဟာ နာက်င္မႈဆိုလည္း ဒီမီးေၾကာင့္ဘဲ ေလာင္ၿမိဳက္ပါေစ။
ဒီမီးေၾကာင့္သာ ျပာက်ပါေစ။
ပိုးဖလံမ်ိဳးမီးကိုတိုးဆိုသလို နာက်င္ရလည္း ဒီမီးဟာ ကြၽန္ေတာ္ဇြတ္တိုးဝင္မိတဲ့ အခ်စ္မီးပါဘဲ။
"ဟက္! ငါတို႔အလုပ္နဲ႔မွမလိုက္ ကဗ်ာဆန္မိျပန္ၿပီ။ဟိုႂကြက္ကိုမိၿပီလား "
Night ရဲ႕ မ်က္နွာဟာ ရုတ္ခ်ည္းတည္တံ့သြားၿပီး ေက်ာခ်မ္းစရာေကာင္းေလာက္တဲ့ Devil smileတစ္ခုဟာ သူ႔နႈတ္ခမ္းထက္ တြဲခိုေလသည္။
မရဏမင္းလက္ကေန ေျပးလြတ္နိုင္ေပမယ့္ ဒီအၿပံဳးကေနေတာ့ လြတ္လမ္းရွိဖြယ္မျမင္ေပ။
"ေျမေအာက္ခန္းထဲမွာပါ "
"သြားမယ္"
Night ကစီးကရက္ကို ျပာခံခြက္ထဲဖိေခ်သတ္လိုက္ၿပီး long coat ကို တစ္ခ်က္ခါကာ ေျမေအာက္ခန္းဆီသို႔ ဦးတည္သြားေလသည္။
_______________________________
ေျမေအာက္ခန္းတံခါးကို ေျခေထာက္နဲ႔ကန္ဖြင့္လိုက္ေလေတာ့ အမည္းေရာင္ဝတ္စံုျပည့္ဝတ္ထားေသာ လူေျခာက္ေယာက္က အရိုအေသေပးေလသည္။
Night လက္ကာျပလိုက္ၿပီး ထိုင္ခံုတစ္လံုးကိုဆြဲယူကာ ဟိုလူ႔ေရွ႕ထိုင္လိုက္သည္။မ်က္နွာမွာ ေသြးအလိမ္းလိမ္းနဲ႔ ဒီလူက အခုထိေခါင္းမာေနပံုေပၚသည္။ဒီေလာက္ရိုက္နွက္ထားတာေတာင္ အခုထိဝန္မခံေသးဘူး။
Night လက္ထဲမွဓားခြၽန္ဟာ ထိုလူ႔မ်က္နွာထက္ တစ္ေ႐ြ႕ေ႐ြ႕ ျဖတ္ေျပးေနၿပီး
"ေခါင္းမာေနတုန္းလား စိုင္းသက္ေနာင္ ဝန္ခံလိုက္စမ္း"
"ထြီ! ငါလိုးမသား ေသတာေတာင္ဝန္မခံဘူး "
"မင္းဝန္မခံလည္း အဲ့ဒီလူက မင္းမွန္းငါသိၿပီးသားဘဲေလ "
"အဲ့ေတာ့မင္းကဘာလုပ္ခ်င္သလဲNight "
"Night ရဲ႕ခ်စ္ရသူကို လာထိရင္ သြားရမယ့္လမ္းက တစ္လမ္းဘဲရွိတယ္ ဟားဟား "
ထိုလူ႔ဆံပင္ကိုေဆာင့္ဆြဲလိုက္ၿပီး ပါးရိုးနွစ္ဖက္ကိုညႇစ္ကာ စူးရဲတဲ့မ်က္ဝန္းတစ္စံုနဲ႔စိုက္ၾကည့္ေတာ့ Night မ်က္နွာကို တံေတြးျဖင့္လွမ္းေထြးေလသည္။
"ထြီ! ဆိုက္ကိုေကာင္ "
"ေျဖာင္း"
Night ဟိုလူ႔မ်က္နွာကိုရိုက္ခ်လိုက္ေတာ့ ခံုနဲ႔တြဲလ်က္ခ်ည္ခံထားရတဲ့လူက ေျမျပင္ေပၚပစ္လဲသြားသည္။ရွဴးဖိနပ္ျဖင့္ ထိုလူ႔မ်က္နွာကို ဖိနင္းလိုက္ေတာ့
"အား "
"မင္းလာထိတဲ့သူမွားသြားၿပီ စိုင္းသက္ေနာင္။ေနးခတၱာရန္ကို လက္ဖ်ားေလးနဲ႔ထိရင္ေတာင္ အဲ့လက္ကိုငါကျဖတ္ပစ္မွာ။မင္းေၾကာင့္ သူေသြးထြက္သံယို ျဖစ္ရတာဆိုေတာ့ ဘယ္သူမွမင္းကို Night ဆိုတဲ့ မရဏမင္းလက္ကမကယ္နိုင္ေတာ့ဘူး ဟားဟား "
"ဟ! ဆိုက္ကိုေကာင္ ငါ့ကိုလႊတ္ေပး "
"ဒီလက္ေတြနဲ႔ သူ႔ကိုဒဏ္ရာရေအာင္လုပ္တာမလား "
"အားးး!"
စိုင္းသက္ေနာင္ရဲ႕ လက္ေခ်ာင္းတစ္ေခ်ာင္းစီကို ထိုလူက တူျဖင့္အားကုန္ထုေလသည္။အရိုးထဲမွစိမ့္ေနေအာင္ နာက်င္မႈေၾကာင့္ အာေခါင္ျခစ္ကာ ေအာ္မိသည္။သူ႔လက္ေခ်ာင္းေတြဟာ အရိုးေတြေၾကမြလို႔ ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေလၿပီ။
ဒီဆိုက္ကိုေကာင္ကိုထိမိတာမွားၿပီ။
"ငါက ဆိုက္ကိုေကာင္ဆို မင္းကစီႏြန္ရဲ႕ေနာက္လိုက္ေခြးမလား။မင္းလို ေခြးတစ္ေကာင္ကို ဆံုးရွံုးလို႔သူကရင္ေတာင္ခုန္မွာမဟုတ္ဘူး "
"ငါ့ကိုလႊတ္ေပးစမ္း"
"ဟာကြာ နားၿငီးတယ္ "
လ်ွပ္တစ္ျပတ္လႈပ္ရွားလိုက္ေသာ ဓားရဲ႕လႈပ္ရွားမွာေၾကာင့္ ေသြးအလိမ္းလိမ္းျဖင့္လ်ွာတစ္ခုဟာ ေျမျပင္ေပၚခလ်က္ရွိေနသည္။
ထို႔ေနာက္ ပါးစပ္ထဲသို႔ အဝတ္စတစ္ခုထိုးထည့္လိုက္ၿပီး
"ဟက္ အခုမွ နားၿငီးသက္သာသြားတာ ,စိတ္ခ် မင္းကိုစီႏြန္႔ဆီ လွလွပပေလးထုပ္ပိုးၿပီးပို႔ေပးလိုက္မယ္ "
ထိုလူက ဝူးဝူးဝါးဝါးေအာ္ေနေပမယ့္ Night လက္ထဲက ပုဆိန္ကေတာ့ သူ႔အလုပ္သူလုပ္ေနသည္။အပိုင္းပိုင္းျပတ္သြားေသာ ခႏၶာကိုယ္ အပိုင္းစမ်ားနွင့္ ရုပ္ပ်က္ဆင္းပ်က္ထြက္က်ေနတဲ့ အူေခြေတြကိုၾကည့္ရင္း သူၿပံဳးလိုက္သည္။
"မင္းကေတာ့ေအးခ်မ္းသြားၿပီ စိုင္းသက္ေနာင္။ငါကမင္းကို စီႏြန္႔လက္ထဲက ကယ္လိုက္တာ ။သူ႔ကိုထိတဲ့သူတိုင္းရဲ႕ လားရာလမ္းဟာ ဒီလမ္းဘဲ ဟားဟား "
"နိုင္း ! စီႏြန္႔ဆီ သူ႔ကိုေသခ်ာထုပ္ပိုးၿပီးပို႔ေပးလိုက္လိုက္ "
မ်က္နွာေပၚမွ ေသြးစက္မ်ားကိုလ်ွာျဖင့္သပ္လိုက္ၿပီး မဲ့ၿပံဳးၿပံဳးကာထြက္သြားေလသည္။
ထိုလူဟာ မ်က္နွာနွစ္ျခမ္းနဲ႔လူ။သူ႔ခ်စ္ရသူကို လက္ဖ်ားေလးနဲ႔ေတာင္ထိလို႔မရတဲ့အထိ ေသြးေအး ရက္စက္တဲ့ Night။ခ်စ္ရသူကို လိုေလးေသးမရွိ ဂရုစိုက္လြန္းတဲ့ ခြန္သလႅာနာင္။မ်က္နွာနွစ္ျခမ္းနဲ႔ဒီလူဟာ သူ႔ဘဝတစ္ေလ်ွာက္လံုး ေနးခတၱာရန္ ေခၚ ေစမိုရ္လႊမ္းေခတ္တစ္ေယာက္တည္းကိုသာ ကာကြယ္ရင္း သူ႔အခ်ိန္ေတြကိုေပးဆပ္ခဲ့သည္။
ေသြးေအးရက္စက္လြန္းတဲ့ Night ဟာအခ်စ္ေၾကာင့္ၾကမ္းတမ္းခဲ့သလို ေအးခ်မ္းတဲ့အၿပံဳးနဲ႔ ႏူးႏူးညံ့ညံ့ခ်စ္ျပတတ္တဲ့ ခြန္သလႅာေနာင္ဆိုတဲ့ နာမ္နွစ္ခုဟာ လူတစ္ေယာက္ထဲကသာျဖစ္တည္လာျခင္းျဖစ္သည္။သူဖံုးကြယ္ထားတဲ့ အေမွာင္ျခမ္းက မ်က္နွာဖံုးကိုခြာခ်လိုက္တဲ့အခါ သူသိပ္ခ်စ္ရတဲ့ေနးကေရာ သူ႔ျဖစ္တည္မႈကို လက္ခံနိုင္ပါ့မလား။
ကာကြယ္ေပးစိတ္လြန္ကဲခဲ့တဲ့အခ်စ္ေၾကာင့္ ခြန္သလႅာေနာင္ဆိုတဲ့ေကာင္ငယ္ေလးဟာ သူဆိုတဲ့ျဖစ္တည္မႈပင္ကြယ္ေပ်ာက္ရင္း အေမွာင္ေလာကထဲ၌ က်င္လည္က်က္စားေနတဲ့ Nightဆိုတဲ့ ရက္စက္တဲ့သူျဖစ္ခဲ့ရသည္။
ခြန္သလႅာေနာင္၏ ရွင္သန္ရာအေၾကာင္းျပခ်က္သည္ ေနးခတၱာရန္ဟူေသာ အမ်ိဳးသားေၾကာင့္သာျဖစ္တည္ခဲ့ရသည္။
ေနာင့္ရဲ႕ကာကြယ္ေပးမႈဟာ နည္းလမ္းမွားခဲ့ေပမယ့္ သူ႔ေမတၱာမ်ားကေတာ့ စာဖြဲ႕မရေအာင္အေရာင္ကင္းမဲ့ခဲ့သည္။
ထိုအမ်ိဳးသားငယ္ကို သူ႔စိတ္နဲ႔ခႏၶာတည္သေ႐ြ႕ ျမတ္နိုးတန္ဖိုးထားသြားမည္။ဒါဟာ မုသားမပါတဲ့သူ႔စကားျဖစ္သည္။
(AN/ ေနာင္က Psycho ပါေနာ္။စာဖတ္သူေတြအေနနဲ႔ ဒါဟာလံုးဝလိုက္မလုပ္သင့္တဲ့အခ်က္ပါ။စာေရးသူရဲ႕ စိတ္ကူးသက္သက္ျဖစ္လို႔ဒီလိုလူသတ္တဲ့နည္းက လံုးဝမမွန္ကန္ပါဘူးေနာ္ )
_______________________________
"စီႏြန္႔အတြက္ ပါဆယ္ေရာက္ေနပါတယ္ "
"ဘယ္မွာလဲ"
"အိမ္ေရွ႕မွာပါ"
"သြားမယ္"
စီႏြန္အိမ္ေရွ႕ကိုေရာက္ေတာ့ ေသခ်ာထုတ္ပိုးထားတဲ့ ပါဆယ္ပံုးနွစ္ခုကိုေတြ႕လိုက္ရသည္။သူကဖြင့္ဖို႔အမိန္႔ေပးလိုက္ေတာ့ သူ႔တပည့္ေတြက နွစ္ခုလံုးကို ၿပိဳင္တူဖြင့္လိုက္သည္။သူျမင္လိုက္တဲ့ျမင္ကြင္းေၾကာင့္ ေအာ္ဂလီဆန္ၿပီးပ်ိဳ႕တက္လာရသည္။အပိုင္းပိုင္းျပတ္ေနတဲ့ အသားအပိုင္းအစမ်ားကိုထည့္ထားတဲ့ပံုးနဲ႔ ေခါင္းျပတ္တစ္လံုးသာပါတဲ့ပံုးတစ္ခုကိုသူေတြ႕ရတာေၾကာင့္ အၾကည့္လႊဲမိသည္။
"ေခါင္းေဆာင္ ဒီမွာစာေတြပါပါတယ္"
"ဖတ္စမ္း"
အသားအပိုင္းစမ်ားကိုထည့္ထားသည့္ပံုးထဲမွစာ႐ြက္ကို ယူလိုက္ၿပီး...
Night ရဲ႕ပိုင္ဆိုင္မႈကိုလာထိရင္ လားရာလမ္းဟာ ဒီတစ္လမ္းဘဲရွိတယ္။အို လက္ေဆာင္ေလးကိုသေဘာက်ရဲ႕လား စီႏြန္။
Night...
"ေတာက္ခ္ ! ဒီဆိုက္ကိုေကာင္ကေတာ့ ေနးခတၱာရန္နဲ႔သူနဲ႔က ဘာပက္သက္လို႔လဲ ။ေနာက္တစ္ေစာင္ေပးစမ္း "
စာ႐ြက္ကိုလံုးေျခလိုက္ၿပီး ေနာက္တစ္ေစာင္ကိုယူၾကည့္မိေတာ့ ...
Jay Zကို ေနာက္ေက်ာကတိုက္ခိုက္တာက သိပ္ၾကည့္မေကာင္းဘူး စီႏြန္။ကားဘရိတ္ဖ်က္တာေလာက္ေတာ့ Jayကမမႈဘူး။ခင္ဗ်ားရဲ႕ေနာက္လိုက္ေခြးေလး ေအးခ်မ္းသြားၿပီမို႔ စိတ္မပူနဲ႔ေတာ့ေနာ္။လက္ေဆာင္ေလးသေဘာက်ပါေစ ဆုေတာင္းေပးရင္း...
Jay Z...
"ငါ့လူေတြထိရင္လည္း ဘာျဖစ္မလဲဆိုတာျပရမွာေပါ့ Nightနဲ႔Jay Z "
စီႏြန္ဟာ မေကာင္းမႈမွန္သမ်ွ အကုန္လုပ္၊ယုတ္မာရိုင္းစိုင္းေပမယ့္ Night နဲ႔ Jayေလာက္ေတာ့ ေသြးေအးေအးနဲ႔လူမသတ္ေပ။လူသတ္ရင္ေတာင္ ေသနတ္ျဖင့္သာ သတ္ခဲ့ျခင္းျဖစ္သည္။
Nightနဲ႔သူတို႔ဂိုဏ္းဟာ အၿပိဳင္ျဖစ္ေပမယ့္ Nightဟာတစ္ခါမွသူတို႔လူေတြမသတ္ဖူးေပ။
ဒါဟာပထမဆံုးအႀကိမ္ ေသြးပ်က္စရာျမင္ကြင္းကိုေတြ႕လိုက္ရျခင္းျဖစ္သည္။ဒါဟာလည္း ေနးခတၱာရန္ကို ဓားနဲ႔ရွပ္ထိမိရံုေၾကာင့္တဲ့ေလ။Sun ေဆာက္လုပ္ေရးရဲ႕ CEOနဲ႔အေမွာင္ေလာကရဲ႕ညဘုရင္ဟာ ဘာမ်ားပက္သက္မႈရွိပါသလဲ။
ေနာက္ၿပီး Jay Z။လြန္ခဲ့တဲ့ ၇နွစ္ထဲက အၿမဲတမ္းသူ႔ကိုတိုက္ခိုက္ေနတဲ့သူ။အစကဘာရန္ၿငိဳးမွမရွိဘူးလို႔ ထင္ေနခဲ့တာ။သူ႔အစ္မအတြက္ လက္စားေခ်ခ်င္လို႔တိုက္ခိုက္ေနခဲ့တာဘဲ။သူကသားနဲ႔သေဘာမတူလို႔ ၿခိမ္းေျခာက္ရံုသာ ၿခိမ္းေျခာက္ခိုင္းခဲ့တာ။ေသဖို႔အထိမွမရည္႐ြယ္ခဲ့ဘဲ။ၿပီးေတာ့ သူ႔ေျမးေလးကိုလြယ္ထားရမွန္းလည္း သူတကယ္မသိခဲ့ရိုးအမွန္ပါ။သားသာသိသြားရင္ သူ႔ကိုမုန္းသြားမွာဆိုးလို႔ ဒီအေၾကာင္းေတြဖံုးကြယ္ခဲ့ျခင္းျဖစ္သည္။Jayရဲ႕အားနည္းခ်က္ကိုလည္းသူသိပါသည္။သူသိပ္မုန္းတဲ့ ညီအစ္ကိုနွစ္ေယာက္ဟာ သူ႔အတြက္ ဓားစာခံျဖစ္လာေတာ့မွာေပါ့။ဒီညီအစ္ကိုနွစ္ေယာက္ဟာ အေဖကစလို႔သူ႔ကိုဒုကၡေပးတုန္း။ေနးခတၱာရန္နဲ႔အာဏာစက္သ်ွားေၾကာင့္ သူ႔ကုမၸဏီအရွံုးေပၚေနသလို Jay Z နဲ႔ Night ေၾကာင့္လည္းသူ႔လက္နက္ေတြေရာ ပစၥည္းေတြေရာ တစ္ျခားနိုင္ငံသို႔ တစ္ခုမွပို႔မရျဖစ္ၿပီး ေငြအေျမာက္အျမားဆံုးရွံုးေနရသည္။ၾကာရင္ သူ႔ဘဝကုန္းေကာက္စရာမရွိေအာင္ မြဲျပာက်ေတာ့မယ္။
တကယ္ေတာ့ အာဏာစက္သ်ွားနဲ႔ Jay Zဆိုတာ နာမည္သာကြဲတဲ့ လူတစ္ေယာက္တည္းျဖစ္သည္။
"မင္းေယာက္်ားက မင္းရဲ႕မ်က္နွာဖံုးကြာက်သြားရင္ လက္ခံနိုင္ပါ့ဦးမလား အာဏာ။အင္း Jay Zလို႔ေျပာရမလား "
စီႏြန္႔မ်က္လံုးေတြထဲမွာ ေကာက္က်စ္တဲ့ အခိုးအေငြ႕ေတြျဖတ္ေျပးေနၿပီး သူ႔နႈတ္ခမ္းကမဲ့ၿပံဳးဟာ ေက်ာခ်မ္းစရာျဖစ္သည္။
စီႏြန္...
စီႏြန္ဆိုတဲ့လူဟာ ယုတ္မာမႈအေပါင္းသရဖူေဆာင္းထားတဲ့ လူယုတ္မာတစ္ေယာက္ျဖစ္သည္။ေငြအတြက္ဆို ဘာကိုမွထည့္မၾကည့္တဲ့လူတစ္ေယာက္။ဥပေဒနဲ႔မလြတ္ကင္းသမ်ွ အကုန္လုပ္တဲ့အျပင္ အ႐ြယ္ေရာက္ခါစ မိန္းမပ်ိဳေလးေတြကို တစ္ဖက္နိုင္ငံသို႔ လိင္ကြၽန္အျဖစ္ေရာင္းခ်သည္အထိ ယုတ္မာေကာက္က်စ္ေသးသည္။သူ႔လမ္းကို လာရႈပ္သမ်ွ ခလုတ္ကန္သင္းတိုင္းကိုလည္း အၾကင္နာတရားမရွိဖယ္ရွားပစ္ခဲ့သည္။
လူတိုင္းကိုခ်မျပထားတဲ့ မ်က္နွာဖံုးတစ္ခုဟာ လူတိုင္းမွာရွိၾကတာဘဲမလား။Dark sideဆိုတဲ့ အေမွာင္ျခမ္းလည္းရွိသလို Bright side ဆိုတာလည္းရွိၾကတာဘဲမလား။
မေကာင္းမႈဒုစရိုက္အားလံုး၏ဘုရင္စီႏြန္ဟာ စီးပြားေရးလုပ္ငန္းရွင္ဦးသူရိန္မင္းေမာင္အျဖစ္လဲ သူ႔မ်က္နွာဖံုးကို ဖံုးကြယ္ထားေသးတယ္။
_______________________________
ဂ်ဴးလီက ေနာက္ဆံုးအေနနဲ႔ သူနဲ႔ထမင္းအတူစားေပးပါဆိုလို႔ သူခ်ိန္းတဲ့ေနရာကို အာဏာေရာက္ေနျခင္းျဖစ္သည္။ဂ်ဴးလီဆိုတာဟာတကယ္ေတာ့ သူ႔ညီမေလးလိုပါဘဲ။လြန္ခဲ့တဲ့ ၃နွစ္ကတည္းက ဂ်ဴးလီရဲ႕ခ်စ္သူေကာင္ေလးဟာ accident တစ္ခုေၾကာင့္ဆံုးပါးသြားခဲ့ရသည္။ဒါကို ဂ်ဴးလီကလက္မခံနိုင္ဘဲ ယဥ္ယဥ္ေလးရူးေနတာျဖစ္သည္။အာဏာ့ကိုေတြ႕ေတာ့ သူ႔ေကာင္ေလးကိုျပန္ေတြ႕ၿပီဆိုၿပီး အတင္းလိုက္ကပ္ေနတာနဲ႔ ဂ်ဴးလီအေဖက သူ႔သမီးေရာဂါကိုထိန္းနိုင္ေအာင္သူ႔ခ်စ္သူအျဖစ္ ခဏေလာက္ဟန္ေဆာင္ေပးပါဆိုလို႔သူကူညီခဲ့တာပါ။ဒါေပမယ့္သူမသိလိုက္တာက သူ႔လုပ္ရပ္ေၾကာင့္ငယ့္ရင္ထဲ နာက်င္မႈအစိတ္အပိုင္းပ်ိဳးေနမိၿပီဆိုတာပါဘဲ။ဒါဟာေနာက္ဆံုးအဆံုးသတ္ပါ။ဦးသူရိန္မင္းေမာင္ကို လက္စားေခ်ၿပီးတာနဲ႔ အားလံုးကိုအဆံုးသတ္ၿပီး သူခ်စ္ရတဲ့ငယ္နဲ႔သာ ဘဝႀကီးကိုရွင္သန္ေတာ့မည္။ငယ္ခြင့္မလႊတ္မခ်င္းသူေတာင္းပန္မယ္။သူ႔ဘဝတစ္ေလ်ွာက္လံုး လက္စားေခ်ဖို႔သာလံုးပန္းရင္း အေမွာင္ေလာကထဲ၌လည္းက်င္လည္ခဲ့ရသည္။ဒီလက္စားေခ်မႈႀကီးၿပီးရင္ေတာ့ ၇နွစ္တာက်င္လည္ခဲ့တဲ့ မြန္းၾကပ္စရာဒီေလာကကို သူအဆံုးသတ္ေတာ့မည္။
"ကိုကို! ဂ်ဴးလီေခၚတဲ့ေနရာကိုလိုက္လာေပးလို႔ေက်းဇူးတင္ပါတယ္ေနာ္"
"ရပါတယ္ ဒါၿပီးရင္ကိုယ္တို႔ပက္သက္စရာမွမလိုေတာ့ဘဲ"
ဟက္!ဂ်ဴးလီက ကိုကို႔ကို ဒီလိုလြယ္လြယ္နဲ႔ အဆံုးရွံုးခံမတဲ့လား ကိုကို။
"ဒါေပါ့"
"ကိုကို အေအးေလးေသာက္လိုက္ပါဦး "
"ေတာ္ၿပီ ဂ်ဴးလီ။ကိုယ္ဗိုက္တင္းေနၿပီ။ၿပီးေတာ့ အစ္ကို႔အမ်ိဳးသားေစာငိ့ေနလိမ့္မယ္ "
ဂ်ဴးလီတစ္ေယာက္လံုးရွိတာေတာင္ ကိုကိုက အဲ့လူကိုဘဲတမ္းတေနတာလား။ဂ်ဴးလီ ကိုကို႔အခ်စ္ေတြလိုခ်င္တာမွားသြားသလား ကိုကိုရယ္။ဂ်ဴးလီယုတ္မာမွ ဂ်ဴးလီအဆိုးမဆိုနဲ႔ ကိုကို။ဒီလိုျဖစ္ေအာင္ ကိုကိုဘဲအစပ်ိဳးေပးခဲ့တာ။
စိတ္ထဲမွာေတာ့စကားလံုးမ်ားစြာေၾကာင့္ေလာင္ၿမိဳက္ေနေပမယ့္ အေပၚယံမ်က္နွာျပင္မွာေတာ့ အၿပံဳးတုကိုခ်ိတ္ဆြဲထားတဲ့ အနွီေကာင္မေလးဟာ သရုပ္ေဆာင္ေကာင္းလြန္းလွသည္။
"ဒါဆို ေရေလးေတာ့ေသာက္ပါဦး ကိုကိုရယ္ "
အာဏာလည္း ခနခနျငင္းေနရင္မေကာင္းတာနဲ႔ ေရကိုယူေသာက္လိုက္ေတာ့ ေခါင္းထဲမွတရိပ္ရိပ္ျဖစ္လာၿပီး သူ႔အျမင္ေတြေဝဝါးလာရသည္။ထို႔ေနာက္ သူ႔ကမာၻတစ္ခုလံုး ေမွာင္မိုက္ျခင္းသို႔ ကူးေျပာင္းသြားရသည္။
အိပ္ေပ်ာ္သြားတဲ့ ကိုကို႔ကိုၾကည့္ုၿပီး ဂ်ဴးလီၿပံဳးလိုက္သည္။ကိုကို႔ရဲ႕အစိတ္အပိုင္းတိုင္းက ဂ်ဴးလီကိုရူးသြပ္ေစနိုင္သည္။မ်က္ေတာင္တိုစိပ္စိပ္်လးကို ခပ္ဖြဖြတို႔ထိရင္း...
"ကိုကိုက ဂ်ဴးလီကို သိပ္ေလ်ွာ႔တြက္တာဘဲ ။မနက္မိုးလင္းရင္ ကိုကိုတို႔အိမ္ေထာင္ေရးတည္ၿမဲပါ့ေတာ့မလား "
ဂ်ဴးလီ waiter ေလးတစ္ေယာက္ကိုလွမ္းေခၚၿပီး အသင့္ငွားထားတဲ့ ဟိုတယ္ခန္းထဲသို႔ ကိုကို႔ကို ကူတြဲသြားလိုက္သည္။
ထို႔ေနာက္ ကုတင္ေပၚမွာ ကိုကို႔ကိုတင္လိုက္ၿပီး ကိုကို႔အဝတ္အစားမ်ားကိုခြၽတ္လိုက္သည္။ဂ်ဴးလီရဲ႕အဝတ္အစားမ်ားကိုလည္း အေပၚပိုင္းခြၽတ္ထားဟန္လုပ္လိုက္ၿပီး ကိုကို႔လက္ေမာင္းေပၚအိပ္လိုက္သည္။waiterေကာင္ေလးကေတာ့ ရႈေထာင့္မ်ိဳးစံုမွ ဓာတ္ပံုမ်ားကို အမိအရရိုက္ကူးေနသည္။သူေက်နပ္ေလာက္တဲ့ပံုအေနအထားရၿပီဆိုမွ waiterေကာင္ေလးကို မုန္႔ဖိုးေပးကာျပန္လႊတ္လိုက္သည္။
"ဟမ့္!ဒီပံုေတြသာျမင္ရင္ ရွင္ေသြးပ်က္ေသသြားမလားဘဲ ဒီပါ "
ထို႔ေနာက္ ဓာတ္ပံုအခ်ိဳ႕ကို ဖုန္းနံပါတ္တစ္ခုဆီသို႔ပို႔လိုက္ေလသည္။
ဒီပါ ဧည့္ခန္းထဲမွာကေလးေလးကို စာဖတ္ျပေနရင္း ဖုန္းထဲမွ မက္ေဆ့ခ်္သံေၾကာင့္ ဖုန္းကိုယူၾကည့္လိုက္ေတာ့ Unknown number တစ္ခုမွပို႔ထားေသာ ေမာင္နဲ႔အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဝတ္လစ္စလစ္ပံုေတြနွင့္အတူ စာတစ္ေၾကာင္းျဖစ္သည္။
အိမ္ကအမ်ိဳးသားက မျပဳစုနိုင္ဘူးထင္တယ္ေနာ္ ဆိုတဲ့စာျဖစ္သည္။
အခ်ိန္ခနၾကာေလာက္ ေအာက္စီဂ်င္ျပတ္သြားေပမယ့္ အသက္ကိုမွန္မွန္ရွဴကာ စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး စာျပန္လိုက္သည္။
ဒီပါျပန္လိုက္သည့္စာက
ကိုယ့္အမ်ိဳးသားဘယ္သူနဲ႔အိပ္အိပ္ သူစိတ္ခ်မ္းသာရင္ၿပီးေရာ။ေမာင္က ေတာ္ေတာ္ပင္ပန္းေနပံုဘဲ ေသခ်ာျပဳစုေပးလိုက္ေနာ္။မနက္က်အစ္ကို႔ဆီမုန္႔ဖိုးလာယူ ဟူ၍ျဖစ္ေလသည္။
ဒီပါ့ျပန္စာေၾကာင့္တစ္ဖက္မွ ေဆြ႕ေဆြ႕ခုန္ကာ ေဒါသထြက္သြားမွာကေတာ့အေသခ်ာပင္ျဖစ္သည္။
ဒီပံုေတြအားလံုးဟာ တမင္ရိုက္ထားမွန္းမသိရေအာင္ ဒီပါကအရူးမွမဟုတ္ဘဲ။
ဒီလိုပံုေလာက္နဲ႔ ေမာင့္အေပၚထားတဲ့သူ႔ေမတၱာေတြဟာ ေပ်ာက္ျပယ္သြားမယ္လို႔ ဘယ္လိုေတာင္ထင္ေနၾကတာလဲ။
ဒါေပမယ့္လို႔ ေမာင္သာအဲ့မိန္းကေလးနဲ႔မပက္သက္ခဲ့ရင္ ကိုယ္တို႔နွစ္ေယာက္ၾကား ၾကားလူဝင္လာစရာမလိုဘူးေမာင္။အဲ့တစ္ခုေတာ့ကိုယ္မင္းကိုစိတ္ဆိုးတယ္။
မင္းခ်စ္တာကိုခံစားဖူးတာမို႔ မင္းမမုန္းတာလည္းကိုယ္သိတယ္ေမာင္။ကိုယ္စိတ္ဆိုးတာဟာ အတၱႀကီးတဲ့ေမာင့္ကို ။
ဘယ္ေလာက္ဘဲမုန္းတယ္လို႔ မင္းေအာ္ေနပါေစ။ကိုယ့္ကိုေတာ့ သစၥာမေဖာက္ဘူးမလား။
ယံုၾကည္ပါရေစ။ေမာင့္အခ်စ္ေတြ ကိုယ့္အေပၚမွာသက္ေရာက္မႈရွိတုန္းလို႔ ကိုယ္ခံယူပါရေစ။
ယံုၾကည္ခ်င္ေသးတာမို႔ ကိုယ့္ကိုစိတ္ပ်က္ေအာင္မလုပ္ပါနဲ႔ ေမာင္။
______________________________
အာဏာမနက္အိပ္ယာနိုးေတာ့ သူ႔ေဘးပတ္လည္ကိုၾကည့္မိသည္။ဒါဟာသူ႔အခန္းလည္းမဟုတ္။ဒါဆို သူဘယ္ေရာက္ေနတာလဲ။ညကအေၾကာင္းေတြ ျပန္စဥ္းစားေတာ့လည္း တစ္ခုမွမမွတ္မိဘဲ ေခါင္းသာကိုက္လာရသည္။သူေနာက္ဆံုးမွတ္မိတာ ဂ်ဴးလီနဲ႔ ထမင္းစားေနတာကိုသာျဖစ္သည္။ဘာဘဲျဖစ္ျဖစ္သူအိမ္ကို အေရာက္ျပန္ရမယ္။
အာဏာဟိုတယ္မွျပန္ထြက္လာလိုက္ၿပီး အိမ္ကိုေရာက္ေတာ့ ငယ္က ခရမ္းေရာင္တီရွပ္ပြႀကီးနဲ႔ ေမ်ွာ႔ႀကိဳးပါတဲ့ ေဘာင္းဘီအေပ်ာ့သားအနက္ေရာင္ကို ဝတ္ဆင္ထားသည္။အခုတေလာ ငယ္ဝတ္သမ်ွပံုစံေလးေတြဟာ ဒီလိုပံုႀကီးပါဘဲ။အရင္ကထက္ေတာင္ အသားေတြျဖဴၿပီး ပိုျပည့္လာသလိုပါဘဲ။တကယ့္ကို လံုးလံုးေလးနဲ႔ ခ်စ္စရာေလး။အာဏာ့စိတ္ထဲ အသည္းယားလို႔ ဖ်စ္ညႇစ္ခ်င္စိတ္ေတာင္ေပါက္ရသည္။အစားဆိုလည္း စားလိုက္တာမွလြန္ပါေရာ။အခ်ဥ္ေပါင္းဆိုတာဟာလည္း တစ္ေန႔တစ္မ်ိဳးမရိုးရေအာင္ကိုစားတာ။
ဦးသူရိန္မင္းေမာင္ကို လက္စားေခ်ၿပီးရင္ သူတကယ္စိတ္ေအးပါၿပီ။ဘဝတစ္ေလ်ွာက္လံုး သူ႔မွာပူေလာင္ခဲ့ရတာ။အေမွာင္ေလာကထဲက်င္လည္ရင္း တစ္ေယာက္ထဲအေဖာ္မဲ့အထီးက်န္ခဲ့ရတာ။ငယ့္ရင္ခြင္ကသာ သူ႔အတြက္ေအးခ်မ္းရပ္ဝန္းျဖစ္သည္။အဓိကနဲ႔သာမညကို သူမခြဲျခားတတ္ခဲ့တာ။ဦးသူရိန္မင္းေမာင္ကသာ အဓိက အျပစ္ရွိတဲ့သူ။ငယ့္အျပစ္ေတြကို ခြင့္လႊတ္နိုင္ဖို႔ ႀကိဳးစားရမယ္ဆိုေပမယ့္လည္း သူမွငယ့္ကို မမုန္းနိုင္ဘဲေလ။
"ေၾသာ္ ေမာင္ျပန္ေရာက္လာၿပီလား"
အာဏာ ဧည့္ခန္းအလယ္မွာေၾကာင္ေတာင္ေတာင္မတ္တပ္ရပ္ရင္း အေတြးလြန္ေနတုန္း ငယ့္အသံေၾကာင့္ ပစၥဳပၸန္သို႔ ျပန္လည္ကူးလူးလာရသည္။
"ညက ဘယ္ေရာက္ေနလဲလို႔မေမးေတာ့ဘူးလား ဒီပါ "
"ေမာင္ေျဖခ်င္လား "
"ညကကြၽန္ေတာ္ ဂ်ဴးလီထမင္းစားဖိတ္လို႔ သြားတယ္ဒီပါ။ဒါေပမယ့္မနက္မိုးလင္းေတာ့ ဟိုတယ္တစ္ခုထဲေရာက္ေနတာဘဲ။က်န္တာေတာ့ ကြၽန္ေတာ္လည္း မသိေတာ့ဘူး "
ဒါဆို ကိုယ္ထင္တာမမွားဘူးေပါ့။
ေက်းဇူးပါေမာင္။ကိုယ့္ကိုစိတ္မပ်က္ေစခဲ့လို႔။
"အင္း"
"ကြၽန္ေတာ္ေျပာစရာရွိတယ္ ဒီပါ "
"ကိုကိုနဲ႔အျပင္သြားဖို႔ ခ်ိန္းထားလို႔ေမာင္။ေနာက္က်ေနလို႔ ျပန္လာမွဘဲေျပာေတာ့ "
"အင္း"
ဒါဆိုလည္း ငယ္ျပန္လာမွဘဲသူေတာင္းပန္ပါေတာ့မယ္။ငယ္ကအျပင္ကိုထြက္သြားၿပီး အာဏာ့ဖုန္းထဲသို႔ မက္ေဆ့ခ်္တစ္ေစာင္ဝင္လာတာေၾကာင့္ၾကည့္လိဳက္ေတာ့ မႏြယ္ဆီမွျဖစ္သည္။
အာဏာသိသင့္တဲ့အမွန္တရားကို မႏြယ္ဘဲေျပာျပမွျဖစ္ေတာ့မယ္။အခု ×××× shopကိုလာခဲ့ဟူ၍ျဖစ္သည္။
ဒီေန႔ ဒီပါ့ရဲ႕ေဆးစစ္ရက္ျဖစ္တာေၾကာင့္ ကိုကိုနဲ႔အတူေဆးရံုသို႔ လာခဲ့ျခင္းျဖစ္သည္။ေဆးစစ္ခ်က္အားလံုးကလည္း ပံုမွန္ပါဘဲ။ကေလးေလးကလည္း က်န္းမာတယ္ဆိုတာေၾကာင့္ ဘာမွစိတ္ပူစရာေတာ့မရွိပါဘူး။ဒါေပမယ့္ အခုတေလာ ခါးကေတာ့တဆစ္ဆစ္နဲ႔မၾကာခဏဆိုသလို ကိုက္တတ္သည္။
"အငယ္ေလး မုန္႔စားဦးမလား "
"ဟုတ္ကိုကို , သရက္သီးရယ္ ေရခဲမုန္႔ရယ္ အာလူးေၾကာ္ရယ္ "
"ဗိုက္ေတြေအာင့္ကုန္ပါ့မယ္ အငယ္ေလးရယ္ ,တစ္ျခားဟာစားေနာ္ "
"ကိုကိုကလည္း ကြၽန္ေတာ္စားခ်င္လိုပါဆို ။ျဖည္းျဖည္းခ်င္းစားမယ္ေလေနာ္ "
"သေဘာဗ်ာ သေဘာ"
"ဟီး ခ်စ္လိုက္တာ မြ မြ "
"အငယ္ေလးကို ကိုကိုေျပာစရာရွိတယ္ "
"ဟုတ္ ကိုကို "
"အကယ္၍မ်ား အငယ္ေလးအရမ္းပင္ပန္းလာၿပီထင္ရင္ စိတ္ညစ္စရာရပ္ဝန္းကိုလႊတ္ခ်လိုက္ပါ။ဒီကလူေတြနဲ႔အေဝးဆံုးမွာ ကိုကိုတို႔ရွင္သန္ၾကမယ္။ပင္ပန္းတယ္လို႔ေတြးမိတိုင္း ဒီပုခံုးတစ္စံုကို အငယ္ေလးက သတိရေပးပါ "
"အခုခ်ိန္ထိေတာ့ ဒီရပ္ဝန္းကို လႊတ္ခ်ခ်င္တဲ့အေၾကာင္းျပခ်က္မေတြ႕ေသးပါဘူးကိုကို ,မြန္းၾကပ္လာရရင္ေတာ့ ကိုကိုေျပာသလိုလုပ္ၾကတာေပါ့ "
ကိုကိုက ဒီပါ့ပုခံုးကို ပုတ္ေပးလိုက္ၿပီး သူ႔ရဲ႕မူပိုင္အၿပံဳးႏုႏုေလးျဖင့္ ၿပံဳးျပေလသည္။ဒီပါတို႔မုန္႔ဝယ္ၿပီးျပန္လာေတာ့ ဘယ္ကမွန္းမသိတဲ့ လူတစ္စုကသူတို႔အေနာက္မွလိုက္လာၾကသည္။
နွာေခါင္းေပၚသို႔ က်ေရာက္လာတဲ့ လက္ကိုင္ပုဝါအပိုင္းအစေၾကာင့္ ေလထုနွင့္အဆက္သြယ္ျပတ္ၿပီး သူ႔မ်က္လံုးဟာေမွးစင္းသြားရသည္။သူဟာ ကမာၻႀကီးနဲ႔ အဆက္သြယ္ျပတ္သြားၿပီး အျမင္အာရံုမ်ားဟာ ေမွာင္မိုက္ျခင္းအတိသို႔ ကူးလူးေျပာင္းလဲသြားသည္။လက္ထဲမွမုန္႔ထုတ္ဟာလည္း ကတၱရာလမ္းေပၚျပန္႔ႀကဲလို႔ ေျမခလ်က္ရွိေနသည္။
ဘယ္သူကမ်ား သူတို႔ညီအစ္ကိုနွစ္ေယာက္ကို ဒုကၡေပးခ်င္ရတာပါဘဲ။ဘယ္သူနဲ႔ေရာ သူတို႔ရန္ၿငိဳးရွိခဲ့လို႔ပါလဲ။
တည္ၿငိမ္စျပဳေနတဲ့ ေလျပည္ေလးထံကို ေနာက္တစ္ႀကိမ္မုန္တိုင္းတိုက္ခတ္ဦးမလားဆိုတာကေတာ့ ဘယ္သူကမ်ားႀကိဳတင္သိခဲ့ၾကပါသလဲ။
9.5.22
Maple Lynn🍁
(AN/ နှလုံးရောဂါရှိသူများ သွေးထွက်သံယိုကြည့်လို့မရတဲ့သူများအနေနဲ့ ဒီအပိုင်းကို ကျော်ဖတ်ပေးဖို့တောင်းဆိုပါတယ်ရှင့် )
တိတ်ဆိတ်နေသော အခန်းထဲဝယ် စီးကရက် အခိုးအငွေ့တို့က ရစ်သိုင်းနေသည်။ရင်ထဲမှ မွန်းကြပ်မှုများ ပျောက်လိုပျောက်ငြား စီးကရက်ကို မှီဝဲမိသည်။မှုတ်ထုတ်လိုက်သော အခိုးအငွေ့တို့နှင့်အတူ နှလုံးသားမှ နာကျင်မှုကတော့ လျော့မသွားပေ။
ဒီလူဟာ သူ့ရဲ့ဆယ်ကျော်သက်အရွယ် ရင်ခုန်မှုကို လွှမ်းမိုးထားတဲ့သူ။နှလုံးသားတစ်ခုလုံးကို စေလိုရာစေလွှမ်းမိုးနိုင်တဲ့ စေမိုရ်လွှမ်းခေတ်ဆိုတဲ့ လူသား။
ချစ်ရသည်ဆိုတာထက် ကျော်လွန်ကာ ထိုလူသားကို မြတ်နိုးခဲ့ခြင်းဖြစ်သည်။ဒီလူသားအတွက်ဆို လူသတ်ဖို့လည်း ဝန်မလေးခဲ့ပေ။ဘဝရည်မှန်းချက်ကို စွန့်လွှတ်ကာ အမှောင်လောကထဲ၌ ကျင်လည်ကျက်စားခဲ့ရသည်။
ထိုလူသား အန္တရာယ်ကင်းဖို့။ထိုလူသားကိုမှဲ့တစ်ပေါက်တောင် မစွန်းစေချင်ခဲ့လို့, သူဟာရက်စက်ကြမ်းကြုတ်ခဲ့ရသည်။လူသတ်တာဟာ သူ့အတွက် ကြက်ကလေး၊ငှက်ကလေး သတ်သလောက်တောင်မခဲယဉ်းပေ။
Night...
ထိုလူ့ နာမည်ဟာ Night ( နိုက် )။
အမှောင်လောကထဲ၌ ကျင်လည်ကျက်စားနေတဲ့ ညဘုရင်လို့ တင်စားရတဲ့အထိ မှောင်မိုက်နေတဲ့လူသား။
တစ်စုံတစ်ယောက်ကိုထိမိရင် မရဏလမ်းကို ကြိုတင်စာကမ်းထားရမယ့်အထိ သွေးအေးရက်စက်လွန်းတဲ့ လူသား။
အမှောင်လောကထဲက လူတစ်ချို့ဟာ သူ့ကိုနောက်တစ်မျိုးခေါ်ကြသေးတယ်။
ပုဆိန်ကိုင်လူသတ်သမားတဲ့လေ...
မှန်ပါတယ်။Night ဟာလူသတ်ရင် ပုဆိန်ကလွဲပြီး တစ်ခြားလက်နက်မကိုင်ပေ။ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း အပိုင်းပိုင်းခုတ်ဖြတ်ပြီး အသေသတ်တဲ့အထိ သွေးအေးတဲ့လူသတ်သမား။
သူဟာအကြောင်းမဲ့ လူသတ်တာတော့မဟုတ်။သူသိပ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို လက်ဖျားလေးနဲ့တောင်မထိမချင်းပေါ့။
"နိုင်း"
သြရှရှအသံဟာ မှောင်မိုက်နေသော အခန်းထဲဝယ် ပဲ့တင်သံထပ်လာသည်။
"အမိန့်ရှိပါ ခေါင်းဆောင်"
"တစ်စုံတစ်ယောက်ကိုတောင် မကာကွယ်နိုင်တဲ့ အခိုက်အတန့်ဟာ သိပ်ကိုနာကျင်ရတယ်မလား "
Night ဟာစီးကရက်ကို ရှိုက်ဖွာရင်း အငွေ့တွေကို လေထုထဲသို့ မှုတ်ထုတ်ရင်းစကားဆိုသည်။
နာကျင်ရတယ် Night..ငါ့အချစ်တွေကိုမမြင်တဲ့မင်းကြောင့် သိပ်ကိုနာကျင်ရတယ်။
"အင်း အရမ်းဘဲ...ကိုယ့်အချစ်တွေတောင် မမြင်ပါဘဲ တစ်ခြားတစ်ယောက်အတွက် ရှင်သန်နေတဲ့သူကို ချစ်ရတာဟာ သိပ်ကိုနာကျင်ရတယ် "
"ဟမ့် မင်းသိလား နိုင်း...ဒီ ၁၂နှစ်လုံး ဒီလောကထဲမှာ ကျင်လည်နေရတာဟာ သိပ်ကိုစိတ်ပင်ပန်းရတာဘဲ။ငါက ရိုးရိုးရှင်းရှင်းဘဝကို ဖြတ်သန်းချင်ခဲ့တာ။ဒါပေမယ့်လေ ငါ့မှာရွေးချယ်စရာမရှိခဲ့ဘူး။ဒီလူသား အန္တရာယ်ကင်းဖို့ ကာကွယ်နိုင်တဲ့အင်အား ငါ့မှာရှိဖို့လိုတယ်။ဘဝသက်တမ်းတစ်လျှောက် ဒီလူအေးချမ်းဖို့သာ ရုန်းကန်နေခဲ့ရတာ "
"မနာကျင်ဘူးလား"
"ဟမ့် ငါ့ကိုပြန်မေးရဲတာ မင်းဘဲရှိတယ် နိုင်း...ဒီကျည်က မင်းဦးနှောက်ထဲ ဖောက်သွားမယ်နော် "
"ကျွန်တော့်စိတ်ဝိညာဉ်အလုံးစုံကို Night လက်ထဲပုံအပ်ထားတာမို့ သေရမယ်ဆိုရင်လည်းမကြောက်ဘူး "
နံရံကပ်စက္ကူလို တောင့်တောင့်ကြီးရပ်ကာ မျက်နှာသေဖြင့်ပြောနေတဲ့နိုင်းဟာ သေခြင်းတရားကိုလည်း ကြောက်လန့်နေပုံမပေါ်။ဘာကိုမှလည်း မျှော်လင့်ချက်ရှိပုံ မရပေ။
"ဟားဟား...လူကြမ်းကြီးက ကဗျာဆန်နေပြန်ပြီ...ဒီလောကမှာ ကျင်လည်နေရင် ကဗျာဆန်ဖို့ အချိန်မရှိဘူး ...
သတိတစ်ချက်လွတ်တာနဲ့ ငါတို့အသက်ဟာ မရဏမင်းလက်ထဲ စာကမ်းစရာမလိုဘဲသွားရမှာ ကြားလား နိုင်း "
"ကြားပါတယ် ခေါင်းဆောင် "
"နာကျင်လားလို့မင်းမေးတယ်နော်...ဟမ့်! မြတ်နိုးရသူကပေးလာတဲ့ နှလုံးသားဒဏ်ရာကို ငါတို့ကိုယ်တိုင်က မက်မက်မောမော ဖက်တွယ်မိတဲ့အခါ ဒီဒဏ်ရာကချိုမြိန်သွားတာပါဘဲ"
"အချစ်ဟာ ပူလောင်စေတာလား"
"အချစ်က သူရဲ့ပုံစံလေးအတိုင်းတည်ရှိနေတဲ့ စိတ္တဇနာမ်။အချစ်ဟာ ပူလောင်စေသလားဆို ငါတို့သတ်မှတ်တဲ့စံနှုန်းအပေါ် မူတည်လိမ့်မယ်။
ငါတို့က မီးလို့သတ်မှတ်ရင် အချစ်က နှလုံးသွေးကို တစ်ကြွပ်ကြွပ်လောင်မြိုက်စေတဲ့အထိ ပူလောင်လိမ့်မယ်။
ငါတို့က ရေလို့သတ်မှတ်ရင် နာကျင်ရရင်တောင် ဒဏ်ရာဟာ ချိုမြန်တယ်။လူသားအားလုံးဟာ အချစ်ဆိုတဲ့နွံထဲက ရုန်းမထွက်နိုင်ကြတဲ့ အချစ်ရဲ့ကျေးကျွန်တွေ "
Nightကို ချစ်မိတာဟာ နာကျင်မှုဆိုလည်း ဒီမီးကြောင့်ဘဲ လောင်မြိုက်ပါစေ။
ဒီမီးကြောင့်သာ ပြာကျပါစေ။
ပိုးဖလံမျိုးမီးကိုတိုးဆိုသလို နာကျင်ရလည်း ဒီမီးဟာ ကျွန်တော်ဇွတ်တိုးဝင်မိတဲ့ အချစ်မီးပါဘဲ။
"ဟက်! ငါတို့အလုပ်နဲ့မှမလိုက် ကဗျာဆန်မိပြန်ပြီ။ဟိုကြွက်ကိုမိပြီလား "
Night ရဲ့ မျက်နှာဟာ ရုတ်ချည်းတည်တံ့သွားပြီး ကျောချမ်းစရာကောင်းလောက်တဲ့ Devil smileတစ်ခုဟာ သူ့နှုတ်ခမ်းထက် တွဲခိုလေသည်။
မရဏမင်းလက်ကနေ ပြေးလွတ်နိုင်ပေမယ့် ဒီအပြုံးကနေတော့ လွတ်လမ်းရှိဖွယ်မမြင်ပေ။
"မြေအောက်ခန်းထဲမှာပါ "
"သွားမယ်"
Night ကစီးကရက်ကို ပြာခံခွက်ထဲဖိချေသတ်လိုက်ပြီး long coat ကို တစ်ချက်ခါကာ မြေအောက်ခန်းဆီသို့ ဦးတည်သွားလေသည်။
_______________________________
မြေအောက်ခန်းတံခါးကို ခြေထောက်နဲ့ကန်ဖွင့်လိုက်လေတော့ အမည်းရောင်ဝတ်စုံပြည့်ဝတ်ထားသော လူခြောက်ယောက်က အရိုအသေပေးလေသည်။
Night လက်ကာပြလိုက်ပြီး ထိုင်ခုံတစ်လုံးကိုဆွဲယူကာ ဟိုလူ့ရှေ့ထိုင်လိုက်သည်။မျက်နှာမှာ သွေးအလိမ်းလိမ်းနဲ့ ဒီလူက အခုထိခေါင်းမာနေပုံပေါ်သည်။ဒီလောက်ရိုက်နှက်ထားတာတောင် အခုထိဝန်မခံသေးဘူး။
Night လက်ထဲမှဓားချွန်ဟာ ထိုလူ့မျက်နှာထက် တစ်ရွေ့ရွေ့ ဖြတ်ပြေးနေပြီး
"ခေါင်းမာနေတုန်းလား စိုင်းသက်နောင် ဝန်ခံလိုက်စမ်း"
"ထွီ! ငါလိုးမသား သေတာတောင်ဝန်မခံဘူး "
"မင်းဝန်မခံလည်း အဲ့ဒီလူက မင်းမှန်းငါသိပြီးသားဘဲလေ "
"အဲ့တော့မင်းကဘာလုပ်ချင်သလဲNight "
"Night ရဲ့ချစ်ရသူကို လာထိရင် သွားရမယ့်လမ်းက တစ်လမ်းဘဲရှိတယ် ဟားဟား "
ထိုလူ့ဆံပင်ကိုဆောင့်ဆွဲလိုက်ပြီး ပါးရိုးနှစ်ဖက်ကိုညှစ်ကာ စူးရဲတဲ့မျက်ဝန်းတစ်စုံနဲ့စိုက်ကြည့်တော့ Night မျက်နှာကို တံတွေးဖြင့်လှမ်းထွေးလေသည်။
"ထွီ! ဆိုက်ကိုကောင် "
"ဖြောင်း"
Night ဟိုလူ့မျက်နှာကိုရိုက်ချလိုက်တော့ ခုံနဲ့တွဲလျက်ချည်ခံထားရတဲ့လူက မြေပြင်ပေါ်ပစ်လဲသွားသည်။ရှူးဖိနပ်ဖြင့် ထိုလူ့မျက်နှာကို ဖိနင်းလိုက်တော့
"အား "
"မင်းလာထိတဲ့သူမှားသွားပြီ စိုင်းသက်နောင်။နေးခတ္တာရန်ကို လက်ဖျားလေးနဲ့ထိရင်တောင် အဲ့လက်ကိုငါကဖြတ်ပစ်မှာ။မင်းကြောင့် သူသွေးထွက်သံယို ဖြစ်ရတာဆိုတော့ ဘယ်သူမှမင်းကို Night ဆိုတဲ့ မရဏမင်းလက်ကမကယ်နိုင်တော့ဘူး ဟားဟား "
"ဟ! ဆိုက်ကိုကောင် ငါ့ကိုလွှတ်ပေး "
"ဒီလက်တွေနဲ့ သူ့ကိုဒဏ်ရာရအောင်လုပ်တာမလား "
"အားးး!"
စိုင်းသက်နောင်ရဲ့ လက်ချောင်းတစ်ချောင်းစီကို ထိုလူက တူဖြင့်အားကုန်ထုလေသည်။အရိုးထဲမှစိမ့်နေအောင် နာကျင်မှုကြောင့် အာခေါင်ခြစ်ကာ အော်မိသည်။သူ့လက်ချောင်းတွေဟာ အရိုးတွေကြေမွလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။
ဒီဆိုက်ကိုကောင်ကိုထိမိတာမှားပြီ။
"ငါက ဆိုက်ကိုကောင်ဆို မင်းကစီနွန်ရဲ့နောက်ခွေးမလား။မင်းလို ခွေးတစ်ကောင်ကို ဆုံးရှုံးလို့သူကရင်တောင်ခုန်မှာမဟုတ်ဘူး "
"ငါ့ကိုလွှတ်ပေးစမ်း"
"ဟာကွာ နားငြီးတယ် "
လျှပ်တစ်ပြတ်လှုပ်ရှားလိုက်သော ဓားရဲ့လှုပ်ရှားမှာကြောင့် သွေးအလိမ်းလိမ်းဖြင့်လျှာတစ်ခုဟာ မြေပြင်ပေါ်ခလျက်ရှိနေသည်။
ထို့နောက် ပါးစပ်ထဲသို့ အဝတ်စတစ်ခုထိုးထည့်လိုက်ပြီး
"ဟက် အခုမှ နားငြီးသက်သာသွားတာ ,စိတ်ချ မင်းကိုစီနွန့်ဆီ လှလှပပလေးထုပ်ပိုးပြီးပို့ပေးလိုက်မယ် "
ထိုလူက ဝူးဝူးဝါးဝါးအော်နေပေမယ့် Night လက်ထဲက ပုဆိန်ကတော့ သူ့အလုပ်သူလုပ်နေသည်။အပိုင်းပိုင်းပြတ်သွားသော ခန္ဓာကိုယ် အပိုင်းစများနှင့် ရုပ်ပျက်ဆင်းပျက်ထွက်ကျနေတဲ့ အူခွေတွေကိုကြည့်ရင်း သူပြုံးလိုက်သည်။
"မင်းကတော့အေးချမ်းသွားပြီ စိုင်းသက်နောင်။ငါကမင်းကို စီနွန့်လက်ထဲက ကယ်လိုက်တာ ။သူ့ကိုထိတဲ့သူတိုင်းရဲ့ လားရာလမ်းဟာ ဒီလမ်းဘဲ ဟားဟား "
"နိုင်း ! စီနွန့်ဆီ သူ့ကိုသေချာထုပ်ပိုးပြီးပို့ပေးလိုက်လိုက် "
မျက်နှာပေါ်မှ သွေးစက်များကိုလျှာဖြင့်သပ်လိုက်ပြီး မဲ့ပြုံးပြုံးကာထွက်သွားလေသည်။
ထိုလူဟာ မျက်နှာနှစ်ခြမ်းနဲ့လူ။သူ့ချစ်ရသူကို လက်ဖျားလေးနဲ့တောင်ထိလို့မရတဲ့အထိ သွေးအေး ရက်စက်တဲ့ Night။ချစ်ရသူကို လိုလေးသေးမရှိ ဂရုစိုက်လွန်းတဲ့ ခွန်သလ္လာနာင်။မျက်နှာနှစ်ခြမ်းနဲ့ဒီလူဟာ သူ့ဘဝတစ်လျှောက်လုံး နေးခတ္တာရန် ခေါ် စေမိုရ်လွှမ်းခေတ်တစ်ယောက်တည်းကိုသာ ကာကွယ်ရင်း သူ့အချိန်တွေကိုပေးဆပ်ခဲ့သည်။
သွေးအေးရက်စက်လွန်းတဲ့ Night ဟာအချစ်ကြောင့်ကြမ်းတမ်းခဲ့သလို အေးချမ်းတဲ့အပြုံးနဲ့ နူးနူးညံ့ညံ့ချစ်ပြတတ်တဲ့ ခွန်သလ္လာနောင်ဆိုတဲ့ နာမ်နှစ်ခုဟာ လူတစ်ယောက်ထဲကသာဖြစ်တည်လာခြင်းဖြစ်သည်။သူဖုံးကွယ်ထားတဲ့ အမှောင်ခြမ်းက မျက်နှာဖုံးကိုခွာချလိုက်တဲ့အခါ သူသိပ်ချစ်ရတဲ့နေးကရော သူ့ဖြစ်တည်မှုကို လက်ခံနိုင်ပါ့မလား။
ကာကွယ်ပေးစိတ်လွန်ကဲခဲ့တဲ့အချစ်ကြောင့် ခွန်သလ္လာနောင်ဆိုတဲ့ကောင်ငယ်လေးဟာ သူဆိုတဲ့ဖြစ်တည်မှုပင်ကွယ်ပျောက်ရင်း အမှောင်လောကထဲ၌ ကျင်လည်ကျက်စားနေတဲ့ Nightဆိုတဲ့ ရက်စက်တဲ့သူဖြစ်ခဲ့ရသည်။
ခွန်သလ္လာနောင်၏ ရှင်သန်ရာအကြောင်းပြချက်သည် နေးခတ္တာရန်ဟူသော အမျိုးသားကြောင့်သာဖြစ်တည်ခဲ့ရသည်။
နောင့်ရဲ့ကာကွယ်ပေးမှုဟာ နည်းလမ်းမှားခဲ့ပေမယ့် သူ့မေတ္တာများကတော့ စာဖွဲ့မရအောင်အရောင်ကင်းမဲ့ခဲ့သည်။
ထိုအမျိုးသားငယ်ကို သူ့စိတ်နဲ့ခန္ဓာတည်သရွေ့ မြတ်နိုးတန်ဖိုးထားသွားမည်။ဒါဟာ မုသားမပါတဲ့သူ့စကားဖြစ်သည်။
(AN/ နောင်က Psycho ပါနော်။စာဖတ်သူတွေအနေနဲ့ ဒါဟာလုံးဝလိုက်မလုပ်သင့်တဲ့အချက်ပါ။စာရေးသူရဲ့ စိတ်ကူးသက်သက်ဖြစ်လို့ဒီလိုလူသတ်တဲ့နည်းက လုံးဝမမှန်ကန်ပါဘူးနော် )
_______________________________
"စီနွန့်အတွက် ပါဆယ်ရောက်နေပါတယ် "
"ဘယ်မှာလဲ"
"အိမ်ရှေ့မှာပါ"
"သွားမယ်"
စီနွန်အိမ်ရှေ့ကိုရောက်တော့ သေချာထုတ်ပိုးထားတဲ့ ပါဆယ်ပုံးနှစ်ခုကိုတွေ့လိုက်ရသည်။သူကဖွင့်ဖို့အမိန့်ပေးလိုက်တော့ သူ့တပည့်တွေက နှစ်ခုလုံးကို ပြိုင်တူဖွင့်လိုက်သည်။သူမြင်လိုက်တဲ့မြင်ကွင်းကြောင့် အော်ဂလီဆန်ပြီးပျို့တက်လာရသည်။အပိုင်းပိုင်းပြတ်နေတဲ့ အသားအပိုင်းစများကိုထည့်ထားတဲ့ပုံးနဲ့ ခေါင်းပြတ်တစ်လုံးသာပါတဲ့ပုံးတစ်ခုကိုသူတွေ့ရတာကြောင့် အကြည့်လွှဲမိသည်။
"ခေါင်းဆောင် ဒီမှာစာတွေပါပါတယ်"
"ဖတ်စမ်း"
အသားအပိုင်းစများကိုထည့်ထားသည့်ပုံးထဲမှစာရွက်ကို ယူလိုက်ပြီး...
Night ရဲ့ပိုင်ဆိုင်မှုကိုလာထိရင် လားရာလမ်းဟာ ဒီတစ်လမ်းဘဲရှိတယ်။အို လက်ဆောင်လေးကိုသဘောကျရဲ့လား စီနွန်။
Night...
"တောက်ခ် ! ဒီဆိုက်ကိုကောင်ကတော့ နေးခတ္တာရန်နဲ့သူနဲ့က ဘာပက်သက်လို့လဲ ။နောက်တစ်စောင်ပေးစမ်း "
စာရွက်ကိုလုံးခြေလိုက်ပြီး နောက်တစ်စောင်ကိုယူကြည့်မိတော့ ...
Jay Zကို နောက်ကျောကတိုက်ခိုက်တာက သိပ်ကြည့်မကောင်းဘူး စီနွန်။ကားဘရိတ်ဖျက်တာလောက်တော့ Jayကမမှုဘူး။ခင်ဗျားရဲ့နောက်လိုက်ခွေးလေး အေးချမ်းသွားပြီမို့ စိတ်မပူနဲ့တော့နော်။လက်ဆောင်လေးသဘောကျပါစေ ဆုတောင်းပေးရင်း...
Jay Z...
"ငါ့လူတွေထိရင်လည်း ဘာဖြစ်မလဲဆိုတာပြရမှာပေါ့ Nightနဲ့Jay Z "
စီနွန်ဟာ မကောင်းမှုမှန်သမျှ အကုန်လုပ်၊ယုတ်မာရိုင်းစိုင်းပေမယ့် Night နဲ့ Jayလောက်တော့ သွေးအေးအေးနဲ့လူမသတ်ပေ။လူသတ်ရင်တောင် သေနတ်ဖြင့်သာ သတ်ခဲ့ခြင်းဖြစ်သည်။
Nightနဲ့သူတို့ဂိုဏ်းဟာ အပြိုင်ဖြစ်ပေမယ့် Nightဟာတစ်ခါမှသူတို့လူတွေမသတ်ဖူးပေ။
ဒါဟာပထမဆုံးအကြိမ် သွေးပျက်စရာမြင်ကွင်းကိုတွေ့လိုက်ရခြင်းဖြစ်သည်။ဒါဟာလည်း နေးခတ္တာရန်ကို ဓားနဲ့ရှပ်ထိမိရုံကြောင့်တဲ့လေ။Sun ဆောက်လုပ်ရေးရဲ့ CEOနဲ့အမှောင်လောကရဲ့ညဘုရင်ဟာ ဘာများပက်သက်မှုရှိပါသလဲ။
နောက်ပြီး Jay Z။လွန်ခဲ့တဲ့ ၇နှစ်ထဲက အမြဲတမ်းသူ့ကိုတိုက်ခိုက်နေတဲ့သူ။အစကဘာရန်ငြိုးမှမရှိဘူးလို့ ထင်နေခဲ့တာ။သူ့အစ်မအတွက် လက်စားချေချင်လို့တိုက်ခိုက်နေခဲ့တာဘဲ။သူကသားနဲ့သဘောမတူလို့ ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်ခိုင်းခဲ့တာ။သေဖို့အထိမှမရည်ရွယ်ခဲ့ဘဲ။ပြီးတော့ သူ့မြေလေးကိုလွယ်ထားရမှန်းလည်း သူတကယ်မသိခဲ့ရိုးအမှန်ပါ။သားသာသိသွားရင် သူ့ကိုမုန်းသွားမှာဆိုးလို့ ဒီအကြောင်းတွေဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။Jayရဲ့အားနည်းချက်ကိုလည်းသူသိပါသည်။သူသိပ်မုန်းတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူ့အတွက် ဓားစာခံဖြစ်လာတော့မှာပေါ့။ဒီညီအစ်ကိုနှစ်ယောက်ဟာ အဖေကစလို့သူ့ကိုဒုက္ခပေးတုန်း။နေးခတ္တာရန်နဲ့အာဏာစက်သျှားကြောင့် သူ့ကုမ္ပဏီအရှုံးပေါ်နေသလို Jay Z နဲ့ Night ကြောင့်လည်းသူ့လက်နက်တွေရော ပစ္စည်းတွေရော တစ်ခြားနိုင်ငံသို့ တစ်ခုမှပို့မရဖြစ်ပြီး ငွေအမြောက်အမြားဆုံးရှုံးနေရသည်။ကြာရင် သူ့ဘဝကုန်းကောက်စရာမရှိအောင် မွဲပြာကျတော့မယ်။
တကယ်တော့ အာဏာစက်သျှားနဲ့ Jay Zဆိုတာ နာမည်သာကွဲတဲ့ လူတစ်ယောက်တည်းဖြစ်သည်။
"မင်းယောက်ျားက မင်းရဲ့မျက်နှာဖုံးကွာကျသွားရင် လက်ခံနိုင်ပါ့ဦးမလား အာဏာ။အင်း Jay Zလို့ပြောရမလား "
စီနွန့်မျက်လုံးတွေထဲမှာ ကောက်ကျစ်တဲ့ အခိုးအငွေ့တွေဖြတ်ပြေးနေပြီး သူ့နှုတ်ခမ်းကမဲ့ပြုံးဟာ ကျောချမ်းစရာဖြစ်သည်။
စီနွန်...
စီနွန်ဆိုတဲ့လူဟာ ယုတ်မာမှုအပေါင်းသရဖူဆောင်းထားတဲ့ လူယုတ်မာတစ်ယောက်ဖြစ်သည်။ငွေအတွက်ဆို ဘာကိုမှထည့်မကြည့်တဲ့လူတစ်ယောက်။ဥပဒေနဲ့မလွတ်ကင်းသမျှ အကုန်လုပ်တဲ့အပြင် အရွယ်ရောက်ခါစ မိန်းမပျိုလေးတွေကို တစ်ဖက်နိုင်ငံသို့ လိင်ကျွန်အဖြစ်ရောင်းချသည်အထိ ယုတ်မာကောက်ကျစ်သေးသည်။သူ့လမ်းကို လာရှုပ်သမျှ ခလုတ်ကန်သင်းတိုင်းကိုလည်း အကြင်နာတရားမရှိဖယ်ရှားပစ်ခဲ့သည်။
လူတိုင်းကိုချမပြထားတဲ့ မျက်နှာဖုံးတစ်ခုဟာ လူတိုင်းမှာရှိကြတာဘဲမလား။Dark sideဆိုတဲ့ အမှောင်ခြမ်းလည်းရှိသလို Bright side ဆိုတာလည်းရှိကြတာဘဲမလား။
မကောင်းမှုဒုစရိုက်အားလုံး၏ဘုရင်စီနွန်ဟာ စီးပွားရေးလုပ်ငန်းရှင်ဦးသူရိန်မင်းမောင်အဖြစ်လဲ သူ့မျက်နှာဖုံးကို ဖုံးကွယ်ထားသေးတယ်။
_______________________________
ဂျူးလီက နောက်ဆုံးအနေနဲ့ သူနဲ့ထမင်းအတူစားပေးပါဆိုလို့ သူချိန်းတဲ့နေရာကို အာဏာရောက်နေခြင်းဖြစ်သည်။ဂျူးလီဆိုတာဟာတကယ်တော့ သူ့ညီမလေးလိုပါဘဲ။လွန်ခဲ့တဲ့ ၃နှစ်ကတည်းက ဂျူးလီရဲ့ချစ်သူကောင်လေးဟာ accident တစ်ခုကြောင့်ဆုံးပါးသွားခဲ့ရသည်။ဒါကို ဂျူးလီကလက်မခံနိုင်ဘဲ ယဉ်ယဉ်လေးရူးနေတာဖြစ်သည်။အာဏာ့ကိုတွေ့တော့ သူ့ကောင်လေးကိုပြန်တွေ့ပြီဆိုပြီး အတင်းလိုက်ကပ်နေတာနဲ့ ဂျူးလီအဖေက သူ့သမီးရောဂါကိုထိန်းနိုင်အောင်သူ့ချစ်သူအဖြစ် ခဏလောက်ဟန်ဆောင်ပေးပါဆိုလို့သူကူညီခဲ့တာပါ။ဒါပေမယ့်သူမသိလိုက်တာက သူ့လုပ်ရပ်ကြောင့်ငယ့်ရင်ထဲ နာကျင်မှုအစိတ်အပိုင်းပျိုးနေမိပြီဆိုတာပါဘဲ။ဒါဟာနောက်ဆုံးအဆုံးသတ်ပါ။ဦးသူရိန်မင်းမောင်ကို လက်စားချေပြီးတာနဲ့ အားလုံးကိုအဆုံးသတ်ပြီး သူချစ်ရတဲ့ငယ်နဲ့သာ ဘဝကြီးကိုရှင်သန်တော့မည်။ငယ်ခွင့်မလွှတ်မချင်းသူတောင်းပန်မယ်။သူ့ဘဝတစ်လျှောက်လုံး လက်စားချေဖို့သာလုံးပန်းရင်း အမှောင်လောကထဲ၌လည်းကျင်လည်ခဲ့ရသည်။ဒီလက်စားချေမှုကြီးပြီးရင်တော့ ၇နှစ်တာကျင်လည်ခဲ့တဲ့ မွန်းကြပ်စရာဒီလောကကို သူအဆုံးသတ်တော့မည်။
"ကိုကို! ဂျူးလီခေါ်တဲ့နေရာကိုလိုက်လာပေးလို့ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ် ဒါပြီးရင်ကိုယ်တို့ပက်သက်စရာမှမလိုတော့ဘဲ"
ဟက်!ဂျူးလီက ကိုကို့ကို ဒီလိုလွယ်လွယ်နဲ့ အဆုံးရှုံးခံမတဲ့လား ကိုကို။
"ဒါပေါ့"
"ကိုကို အအေးလေးသောက်လိုက်ပါဦး "
"တော်ပြီ ဂျူးလီ။ကိုယ်ဗိုက်တင်းနေပြီ။ပြီးတော့ အစ်ကို့အမျိုးသားစောငိ့နေလိမ့်မယ် "
ဂျူးလီတစ်ယောက်လုံးရှိတာတောင် ကိုကိုက အဲ့လူကိုဘဲတမ်းတနေတာလား။ဂျူးလီ ကိုကို့အချစ်တွေလိုချင်တာမှားသွားသလား ကိုကိုရယ်။ဂျူးလီယုတ်မာမှ ဂျူးလီအဆိုးမဆိုနဲ့ ကိုကို။ဒီလိုဖြစ်အောင် ကိုကိုဘဲအစပျိုးပေးခဲ့တာ။
စိတ်ထဲမှာတော့စကားလုံးများစွာကြောင့်လောင်မြိုက်နေပေမယ့် အပေါ်ယံမျက်နှာပြင်မှာတော့ အပြုံးတုကိုချိတ်ဆွဲထားတဲ့ အနှီကောင်မလေးဟာ သရုပ်ဆောင်ကောင်းလွန်းလှသည်။
"ဒါဆို ရေလေးတော့သောက်ပါဦး ကိုကိုရယ် "
အာဏာလည်း ခနခနငြင်းနေရင်မကောင်းတာနဲ့ ရေကိုယူသောက်လိုက်တော့ ခေါင်းထဲမှတရိပ်ရိပ်ဖြစ်လာပြီး သူ့အမြင်တွေဝေဝါးလာရသည်။ထို့နောက် သူ့ကမ္ဘာတစ်ခုလုံး မှောင်မိုက်ခြင်းသို့ ကူးပြောင်းသွားရသည်။
အိပ်ပျော်သွားတဲ့ ကိုကို့ကိုကြည့်ုပြီး ဂျူးလီပြုံးလိုက်သည်။ကိုကို့ရဲ့အစိတ်အပိုင်းတိုင်းက ဂျူးလီကိုရူးသွပ်စေနိုင်သည်။မျက်တောင်တိုစိပ်စိပ်ျလးကို ခပ်ဖွဖွတို့ထိရင်း...
"ကိုကိုက ဂျူးလီကို သိပ်လျှော့တွက်တာဘဲ ။မနက်မိုးလင်းရင် ကိုကိုတို့အိမ်ထောင်ရေးတည်မြဲပါ့တော့မလား "
ဂျူးလီ waiter လေးတစ်ယောက်ကိုလှမ်းခေါ်ပြီး အသင့်ငှားထားတဲ့ ဟိုတယ်ခန်းထဲသို့ ကိုကို့ကို ကူတွဲသွားလိုက်သည်။
ထို့နောက် ကုတင်ပေါ်မှာ ကိုကို့ကိုတင်လိုက်ပြီး ကိုကို့အဝတ်အစားများကိုချွတ်လိုက်သည်။ဂျူးလီရဲ့အဝတ်အစားများကိုလည်း အပေါ်ပိုင်းချွတ်ထားဟန်လုပ်လိုက်ပြီး ကိုကို့လက်မောင်းပေါ်အိပ်လိုက်သည်။waiterကောင်လေးကတော့ ရှုထောင့်မျိုးစုံမှ ဓာတ်ပုံများကို အမိအရရိုက်ကူးနေသည်။သူကျေနပ်လောက်တဲ့ပုံအနေအထားရပြီဆိုမှ waiterကောင်လေးကို မုန့်ဖိုးပေးကာပြန်လွှတ်လိုက်သည်။
"ဟမ့်!ဒီပုံတွေသာမြင်ရင် ရှင်သွေးပျက်သေသွားမလားဘဲ ဒီပါ "
ထို့နောက် ဓာတ်ပုံအချို့ကို ဖုန်းနံပါတ်တစ်ခုဆီသို့ပို့လိုက်လေသည်။
ဒီပါ ဧည့်ခန်းထဲမှာကလေးလေးကို စာဖတ်ပြနေရင်း ဖုန်းထဲမှ မက်ဆေ့ချ်သံကြောင့် ဖုန်းကိုယူကြည့်လိုက်တော့ Unknown number တစ်ခုမှပို့ထားသော မောင်နဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဝတ်လစ်စလစ်ပုံတွေနှင့်အတူ စာတစ်ကြောင်းဖြစ်သည်။
အိမ်ကအမျိုးသားက မပြုစုနိုင်ဘူးထင်တယ်နော် ဆိုတဲ့စာဖြစ်သည်။
အချိန်ခနကြာလောက် အောက်စီဂျင်ပြတ်သွားပေမယ့် အသက်ကိုမှန်မှန်ရှူကာ စိတ်ကိုငြိမ်ငြိမ်ထားပြီး စာပြန်လိုက်သည်။
ဒီပါပြန်လိုက်သည့်စာက
ကိုယ့်အမျိုးသားဘယ်သူနဲ့အိပ်အိပ် သူစိတ်ချမ်းသာရင်ပြီးရော။မောင်က တော်တော်ပင်ပန်းနေပုံဘဲ သေချာပြုစုပေးလိုက်နော်။မနက်ကျအစ်ကို့ဆီမုန့်ဖိုးလာယူ ဟူ၍ဖြစ်လေသည်။
ဒီပါ့ပြန်စာကြောင့်တစ်ဖက်မှ ဆွေ့ဆွေ့ခုန်ကာ ဒေါသထွက်သွားမှာကတော့အသေချာပင်ဖြစ်သည်။
ဒီပုံတွေအားလုံးဟာ တမင်ရိုက်ထားမှန်းမသိရအောင် ဒီပါကအရူးမှမဟုတ်ဘဲ။
ဒီလိုပုံလောက်နဲ့ မောင့်အပေါ်ထားတဲ့သူ့မေတ္တာတွေဟာ ပျောက်ပြယ်သွားမယ်လို့ ဘယ်လိုတောင်ထင်နေကြတာလဲ။
ဒါပေမယ့်လို့ မောင်သာအဲ့မိန်းကလေးနဲ့မပက်သက်ခဲ့ရင် ကိုယ်တို့နှစ်ယောက်ကြား ကြားလူဝင်လာစရာမလိုဘူးမောင်။အဲ့တစ်ခုတော့ကိုယ်မင်းကိုစိတ်ဆိုးတယ်။
မင်းချစ်တာကိုခံစားဖူးတာမို့ မင်းမမုန်းတာလည်းကိုယ်သိတယ်မောင်။ကိုယ်စိတ်ဆိုးတာဟာ အတ္တကြီးတဲ့မောင့်ကို ။
ဘယ်လောက်ဘဲမုန်းတယ်လို့ မင်းအော်နေပါစေ။ကိုယ့်ကိုတော့ သစ္စာမဖောက်ဘူးမလား။
ယုံကြည်ပါရစေ။မောင့်အချစ်တွေ ကိုယ့်အပေါ်မှာသက်ရောက်မှုရှိတုန်းလို့ ကိုယ်ခံယူပါရစေ။
ယုံကြည်ချင်သေးတာမို့ ကိုယ့်ကိုစိတ်ပျက်အောင်မလုပ်ပါနဲ့ မောင်။
______________________________
အာဏာမနက်အိပ်ယာနိုးတော့ သူ့ဘေးပတ်လည်ကိုကြည့်မိသည်။ဒါဟာသူ့အခန်းလည်းမဟုတ်။ဒါဆို သူဘယ်ရောက်နေတာလဲ။ညကအကြောင်းတွေ ပြန်စဉ်းစားတော့လည်း တစ်ခုမှမမှတ်မိဘဲ ခေါင်းသာကိုက်လာရသည်။သူနောက်ဆုံးမှတ်မိတာ ဂျူးလီနဲ့ ထမင်းစားနေတာကိုသာဖြစ်သည်။ဘာဘဲဖြစ်ဖြစ်သူအိမ်ကို အရောက်ပြန်ရမယ်။
အာဏာဟိုတယ်မှပြန်ထွက်လာလိုက်ပြီး အိမ်ကိုရောက်တော့ ငယ်က ခရမ်းရောင်တီရှပ်ပွကြီးနဲ့ မျှော့ကြိုးပါတဲ့ ဘောင်းဘီအပျော့သားအနက်ရောင်ကို ဝတ်ဆင်ထားသည်။အခုတလော ငယ်ဝတ်သမျှပုံစံလေးတွေဟာ ဒီလိုပုံကြီးပါဘဲ။အရင်ကထက်တောင် အသားတွေဖြူပြီး ပိုပြည့်လာသလိုပါဘဲ။တကယ့်ကို လုံးလုံးလေးနဲ့ ချစ်စရာလေး။အာဏာ့စိတ်ထဲ အသည်းယားလို့ ဖျစ်ညှစ်ချင်စိတ်တောင်ပေါက်ရသည်။အစားဆိုလည်း စားလိုက်တာမှလွန်ပါရော။အချဉ်ပေါင်းဆိုတာဟာလည်း တစ်နေ့တစ်မျိုးမရိုးရအောင်ကိုစားတာ။
ဦးသူရိန်မင်းမောင်ကို လက်စားချေပြီးရင် သူတကယ်စိတ်အေးပါပြီ။ဘဝတစ်လျှောက်လုံး သူ့မှာပူလောင်ခဲ့ရတာ။အမှောင်လောကထဲကျင်လည်ရင်း တစ်ယောက်ထဲအဖော်မဲ့အထီးကျန်ခဲ့ရတာ။ငယ့်ရင်ခွင်ကသာ သူ့အတွက်အေးချမ်းရပ်ဝန်းဖြစ်သည်။အဓိကနဲ့သာမညကို သူမခွဲခြားတတ်ခဲ့တာ။ဦးသူရိန်မင်းမောင်ကသာ အဓိက အပြစ်ရှိတဲ့သူ။ငယ့်အပြစ်တွေကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရမယ်ဆိုပေမယ့်လည်း သူမှငယ့်ကို မမုန်းနိုင်ဘဲလေ။
"သြော် မောင်ပြန်ရောက်လာပြီလား"
အာဏာ ဧည့်ခန်းအလယ်မှာကြောင်တောင်တောင်မတ်တပ်ရပ်ရင်း အတွေးလွန်နေတုန်း ငယ့်အသံကြောင့် ပစ္စုပ္ပန်သို့ ပြန်လည်ကူးလူးလာရသည်။
"ညက ဘယ်ရောက်နေလဲလို့မမေးတော့ဘူးလား ဒီပါ "
"မောင်ဖြေချင်လား "
"ညကကျွန်တော် ဂျူးလီထမင်းစားဖိတ်လို့ သွားတယ်ဒီပါ။ဒါပေမယ့်မနက်မိုးလင်းတော့ ဟိုတယ်တစ်ခုထဲရောက်နေတာဘဲ။ကျန်တာတော့ ကျွန်တော်လည်း မသိတော့ဘူး "
ဒါဆို ကိုယ်ထင်တာမမှားဘူးပေါ့။
ကျေးဇူးပါမောင်။ကိုယ့်ကိုစိတ်မပျက်စေခဲ့လို့။
"အင်း"
"ကျွန်တော်ပြောစရာရှိတယ် ဒီပါ "
"ကိုကိုနဲ့အပြင်သွားဖို့ ချိန်းထားလို့မောင်။နောက်ကျနေလို့ ပြန်လာမှဘဲပြောတော့ "
"အင်း"
ဒါဆိုလည်း ငယ်ပြန်လာမှဘဲသူတောင်းပန်ပါတော့မယ်။ငယ်ကအပြင်ကိုထွက်သွားပြီး အာဏာ့ဖုန်းထဲသို့ မက်ဆေ့ချ်တစ်စောင်ဝင်လာတာကြောင့်ကြည့်လိုက်တော့ မနွယ်ဆီမှဖြစ်သည်။
အာဏာသိသင့်တဲ့အမှန်တရားကို မနွယ်ဘဲပြောပြမှဖြစ်တော့မယ်။အခု ×××× shopကိုလာခဲ့ဟူ၍ဖြစ်သည်။
ဒီနေ့ ဒီပါ့ရဲ့ဆေးစစ်ရက်ဖြစ်တာကြောင့် ကိုကိုနဲ့အတူဆေးရုံသို့ လာခဲ့ခြင်းဖြစ်သည်။ဆေးစစ်ချက်အားလုံးကလည်း ပုံမှန်ပါဘဲ။ကလေးလေးကလည်း ကျန်းမာတယ်ဆိုတာကြောင့် ဘာမှစိတ်ပူစရာတော့မရှိပါဘူး။ဒါပေမယ့် အခုတလော ခါးကတော့တဆစ်ဆစ်နဲ့မကြာခဏဆိုသလို ကိုက်တတ်သည်။
"အငယ်လေး မုန့်စားဦးမလား "
"ဟုတ်ကိုကို , သရက်သီးရယ် ရေခဲမုန့်ရယ် အာလူးကြော်ရယ် "
"ဗိုက်တွေအောင့်ကုန်ပါ့မယ် အငယ်လေးရယ် ,တစ်ခြားဟာစားနော် "
"ကိုကိုကလည်း ကျွန်တော်စားချင်လိုပါဆို ။ဖြည်းဖြည်းချင်းစားမယ်လေနော် "
"သဘောဗျာ သဘော"
"ဟီး ချစ်လိုက်တာ မွ မွ "
"အငယ်လေးကို ကိုကိုပြောစရာရှိတယ် "
"ဟုတ် ကိုကို "
"အကယ်၍များ အငယ်လေးအရမ်းပင်ပန်းလာပြီထင်ရင် စိတ်ညစ်စရာရပ်ဝန်းကိုလွှတ်ချလိုက်ပါ။ဒီကလူတွေနဲ့အဝေးဆုံးမှာ ကိုကိုတို့ရှင်သန်ကြမယ်။ပင်ပန်းတယ်လို့တွေးမိတိုင်း ဒီပုခုံးတစ်စုံကို အငယ်လေးက သတိရပေးပါ "
"အခုချိန်ထိတော့ ဒီရပ်ဝန်းကို လွှတ်ချချင်တဲ့အကြောင်းပြချက်မတွေ့သေးပါဘူးကိုကို ,မွန်းကြပ်လာရရင်တော့ ကိုကိုပြောသလိုလုပ်ကြတာပေါ့ "
ကိုကိုက ဒီပါ့ပုခုံးကို ပုတ်ပေးလိုက်ပြီး သူ့ရဲ့မူပိုင်အပြုံးနုနုလေးဖြင့် ပြုံးပြလေသည်။ဒီပါတို့မုန့်ဝယ်ပြီးပြန်လာတော့ ဘယ်ကမှန်းမသိတဲ့ လူတစ်စုကသူတို့အနောက်မှလိုက်လာကြသည်။
နှာခေါင်းပေါ်သို့ ကျရောက်လာတဲ့ လက်ကိုင်ပုဝါအပိုင်းအစကြောင့် လေထုနှင့်အဆက်သွယ်ပြတ်ပြီး သူ့မျက်လုံးဟာမှေးစင်းသွားရသည်။သူဟာ ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်သွားပြီး အမြင်အာရုံများဟာ မှောင်မိုက်ခြင်းအတိသို့ ကူးလူးပြောင်းလဲသွားသည်။လက်ထဲမှမုန့်ထုတ်ဟာလည်း ကတ္တရာလမ်းပေါ်ပြန့်ကြဲလို့ မြေခလျက်ရှိနေသည်။
ဘယ်သူကများ သူတို့ညီအစ်ကိုနှစ်ယောက်ကို ဒုက္ခပေးချင်ရတာပါဘဲ။ဘယ်သူနဲ့ရော သူတို့ရန်ငြိုးရှိခဲ့လို့ပါလဲ။
တည်ငြိမ်စပြုနေတဲ့ လေပြည်လေးထံကို နောက်တစ်ကြိမ်မုတ်တိုင်းတိုက်ခတ်ဦးမလားဆိုတာကတော့ ဘယ်သူကများကြိုတင်သိခဲ့ကြပါသလဲ။
9.5.22
Maple Lynn🍁