(PART _ 3)

21.3K 887 36
                                    

[Unicode]

At Sun Company,

နေးတစ်ယောက်ဒီရက်ပိုင်း ကုမ္ပဏီမှာခြေချုပ်မိနေသည်။ခေတ်လေးဆီဘဲသွားနေတော့အလုပ်တွေကို နောင်နဲ့လွှဲထားခဲ့တာ။အခုတော့သူဝင်မပါလို့ မဖြစ်တော့ ။ဒီတစ်ခေါက်ဆေးရုံစီမံကိန်းမှာ ထိခိုက်သွားတဲ့အလုပ်သမားတွေကများသည်။နေးကိုယ်တိုင်သွား၍ သေချာစီစစ်ကာ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကိုပါ နစ်နာကြေးပေးပြီး ညှိယူခဲ့ရသည်။အခုလည်းအလုပ်တွေကမပြီးသေး ။မနက်ကတည်းကနေ အခုနေ့လည် ၁နာရီကျော်သည်အထိနေရာမှမထရသေး။

" ဒေါက် ဒေါက် "

" တံခါးဖွင့်ထားတယ် ဝင်ခဲ့ပါ "
ပြောရင်း နေးရဲ့မျက်လုံးများသည် laptop မှမခွာ။ထို့နောက်မော့ကြည့်လိုက်စဉ်...

" သြော် ...နောင် လာလေ ပြောစရာရှိလို့လား "

" Boss နေ့လည်စာမစားရသေးဘူးမလား ။ကျွန်တော် ထမင်းလိပ်နဲ့ latte ယူလာတယ် "

" အာ...ဗိုက်ဆာနေတာနဲ့အတော်ဘဲ"

"ဒီနေရာမှာ ငါနဲ့မင်းဘဲရှိတာပါ နောင်ရာ...Boss Bossနဲ့ ကြားရတာ နားထဲဇောက်ထိုးကြီး"

" တာဝန်ချိန်မှာတော့ လေးစားမှုရှိရမှာပေါ့ နေးရ ။အခုက မင်းကအလုပ်ရှင် ငါကအလုပ်သမား ။သူငယ်ချင်းမို့လို့ ခွဲခြားဆက်ဆံတယ်ဆို မင်းဝန်ထမ်းတွေကမင်းကိုဘယ်လိုပြောမလဲ တာဝန်ချိန်ပြီးရင်တော့ဘယ်လိုခေါ်ခေါ်ရတယ်လေ။ဟုတ်တယ်မလား "

" တော်ပြီ တော်ပြီ မင်းခေါ်ချင်သလိုသာခေါ်တော့ ။ငါဒါလေးစားပြီး ဗိုက်ဖြည့်လိုက်ဦးမယ်"

နောင်နဲ့ စကားစဖျက်ပြီး စားစရာရှိတာကို နေးစားလိုက်သည်။စားသောက်ပြီးစီးတော့ လက်သုတ်ပဝါရှာနေရင်း နောင်ကသူ့အိတ်ထဲမှ အသင့်ထုတ်ပေးလာသည်။

"ခေတ်ဆီမရောက်တာတောင် တစ်ပတ်လောက်ရှိပြီကွာ ။အလုပ်တွေကပုံနေတာနဲ့ ဟူးးး"

နေးကပြောရင်း ခုံကိုလျော့တိလျော့ရဲမီကာ နက်ခ်တိုင်ကို လျော့လိုက်သည်။

" မင်းသူ့ကို သိပ်ချစ်တာဘဲလား နေး။ အခုလိုပုံစံက မင်းရဲ့ပုံစံမှမဟုတ်တာ။ မင်းကတစ်ယောက်ကို တစ်ပတ်ထက်တောင်ပိုတွဲဖူးတာမဟုတ်ဘူး ။မင်းစိတ်ရှုပ်တာနဲ့ လွှင့်ပစ်နေကြမဟုတ်လား"

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now