(PART_48)

6.9K 278 19
                                    

"မနွယ်! ကျွန်တော့်ကိုပြောစရာရှိတယ်ဆို။ဘာကြောင့် ဒီလူ့ကိုပါခေါ်ထားရတာလဲ "

"မနွယ်ပြောမယ့်အကြောင်းအရာတွေကို ကိုသူရိန်ရော မင်းရောသိမှရမယ် အာဏာ "

"ကျစ်!"

အာဏာစုတ်တစ်ချက်သပ်ပြီး ပါးစောင်ကိုလျှာဖြင့်ထိုးကာ ဆန့်ကျင်ဘက်အရပ်သို့မျက်နှာမူမိသည်။

အမုန်းဆုံးလူနဲ့တစ်ခုံတည်းထိုင်နေရတာဟာ ဘယ်လောက်တောင်စိတ်ရှုပ်ဖို့ကောင်းသလဲ။ဖြစ်နိုင်ရင် ဒီလူ့မျက်ခွက်စုတ်ပြတ်သပ်သွားအောင်ထိုးပစ်လိုက်ချင်သည်။

"အစ်ကို့ကြောင့် အနှောင့်ယှက်ဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ် အာဏာ။နွယ်က သျှားရဲ့အကြောင်းပြောပြမယ်ဆိုလို့ပါ "

"ခင်ဗျားပါးစပ်က မမနာမည်ထွက်ပြန်ပြီလား ငါလိုးမသားရဲ့ "

အာဏာ ထိုလူ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး  လက်သီးနဲ့ထိုးရန် ရွယ်လေတော့ မနွယ်ကအတင်းလာဆွဲတာကြောင့် ဆောင့်တွန်းကာလွှတ်ပေးလိုက်သည်။

"ဟဲ့ဟဲ့ သြော် ဒေါသထိန်းမှပေါ့ အာဏာရယ်။မနွယ်ရှင်းပြတာသာ နားထောင်ပေးစမ်းပါ။ဒီအတိုင်းဆက်သွားနေရင် မဖြစ်သင့်တာတွေဖြစ်ကုန်တော့မယ် "

"..."

"ပထမဆုံးအနေနဲ့ နွယ်ပြောချင်တာက ပန်းစက်က လွန်ခဲ့တဲ့ ၇နှစ်ကတည်းကဆုံးသွားပြီ ကိုသူရိန်ရဲ့။ပျောက်နေတာမဟုတ်ဘူး။ ဆုံးသွားတာ။ဆုံးသွားတာရှင့် !"

"ဗျာ!"

နွယ့်အသံကို အတတ်နိုင်ဆုံးငိုသံမပေါက်အောင်ထိန်းပြောပေမယ့် ပန်းစက်အကြောင်းတွေးမိရုံနဲ့တင် ရင်ထဲမှလှိုက်တက်လာပြီး တစ်ဆို့မွန်းကြပ်လာရသည်။အသံတွေဟာ ယိမ်းယိုင်လို့။မျက်ရည်ဥဥတို့ဟာ ပါးပြင်ပေါ် တစ်လိမ့်ချင်း စီးကျလို့ပေါ့။

"ဟင့်အင်း သျှားမသေဘူး ။သူ ...သူကလေ အစ်ကို့ကို စိတ်ကောက်နေတာနေမှာ နွယ်ရဲ့။အစ်ကိုအကြာကြီးထားသွားလို့ သူစိတ်ကောက်နေတာ။ဟုတ်တယ်မလားဟင် !"

သူရိန့်နားနဲ့ ကြားလိုက်ရတဲ့စကားရဲ့ဦးတည်ရာဟာ ဘယ်ကိုဦးတည်နေတာပါလိမ့်။သူ့ရဲ့ချစ်လှစွာသော အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၇နှစ်ကတည်းက ဆုံးပြီတဲ့လေ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now