(PART_36)

4.6K 226 2
                                    

" ကလေးမ မပြီးသေးဘူးလားကွယ် ...ဒီပါစောင့်နေပြီထင်တယ် "

"လာပြီမမရေ !!!...အင်္ကျီကြိုးချည်နေလို့"

" မြန်မြန်လုပ်နော် ကလေးမ "

" ဟုတ်!"

ကလေးမက ရေချိုးမယ်ဆိုပြီး ဝင်သွားတာဟာ တစ်နာရီလောက်ရှိတော့မယ် ။အခုထိတောင်ထွက်မလာသေးဘူး။ဒီပါကတော့စောင့်နေရတော့မယ်ထင်တယ်။သူ့ယောက်ျားက အလုပ်ကိစ္စရှိသေးတော့ သူသွားလည်ချင်တဲ့နေရာတွေသွားဖို့ နွယ်တို့ကိုပါ အဖော်ခေါ်နေတာပါ။နွယ်လည်းငွေဆောင်တစ်ခါမှ မရောက်ဖူးတာကြောင့် ဒီနေရာတွေကတော့ အသစ်ဆန်းပါဘဲ။

ဟော ထွက်လာပါပြီ။ရင်ပြတ်ဂါဝန်ကို လည်ပင်းမှာကြိုးစချည်ထားပြီး ခြေမျက်စိအထိဖုံးတဲ့ ဂါဝန်အရှည်ကြီးကို ဝတ်ထားတဲ့ကလေးမက တစ်လှမ်းချင်းလှမ်းလာရင်း နွယ့်အနားရောက်တော့

"ဘုတ်"

"ဟီး ကလျာဘာမှမဖြစ်ဘူးမမ ...သော့ပြုတ်ကျသွားလို့ ကောက်တာ"

သူ့ဂါဝန်စ သူတက်နင်းမိပြီး နွယ့်ရှေ့ လေးဘက်ထောက်လေး ပြုတ်ကျသွားတဲ့ ကလေးမက သော့ကောက်တာပါဆိုပြီး ဗြောင်လိမ်နေသေးတာပါ။ဒီကောင်မလေးကတော့လေ အမြဲပြာကလက်စိန်လေး။

နွယ့်ခေါင်းလေးကို အသာရမ်းလိုက်ပြီး ပြုံးကာ လက်ကမ်းပေးတော့ ကလေးမက နွယ့်လက်ကိုပြန်ဆုပ်ကိုင်လာသည်။ကလေးမ နွယ့်ကိုကြည့်နေတဲ့ အကြည့်တွေထဲမှာ အမည်မတပ်နိုင်တဲ့ အဓိပ္ပါယ်တွေပါနေတယ်။ဟင့်အင်း ....ဒီအတိုင်းလေးဘဲ နေပါရစေလား။နွယ် ဒီမျက်ဝန်းတွေကို အဓိပ္ပါယ်မဖော်ချင်ဘူး။ကလေးမက နွယ့်ကို အစ်မတစ်ယောက်လို သံယောဇဉ်တွယ်နေတာ။ဒါကို နွယ်အရောင်မဆိုးချင်ဘူး။

" နောက်ဆို ဂရုစိုက်ကလေးမ....တို့က မင်းလဲကျတိုင်း အမြဲထူပေးနိုင်မှာမဟုတ်ဘူး...စိတ်မချရအောင်မလုပ်စမ်းနဲ့ "

မမအသံတွေဟာ တုန်ရီနေတယ်။မမက ကလျာ့ကို ဆွဲထူပြီးတာနဲ့ တစ်ချက်တောင်လှည့်မကြည့်ဘဲထွက်သွားတာ။

မမပြောသွားတဲ့ စကားရဲ့အဓိပ္ပါယ်က ဘယ်ကို ဦးတည်နေသလဲဆိုတာတော့ ကလျာမသိတော့ပါ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now