(PART_17)

8.2K 355 2
                                    

ဒီနေ့မောင့်မွေးနေ့ဖြစ်တာကြောင့် ဒီပါ မောင့်အတွက် ပွဲလေးတစ်ခုစီစဉ်နေတာဖြစ်သည်။မနက်ကတည်းက နွယ်နဲ့နှစ်ယောက်အတူတူ ပြင်ဆင်နေကြခြင်းဖြစ်သည်။ခနနေရင် မောင့်သူငယ်ချင်းကလည်း ဂျူတီ off ပြီမို့ သူတို့လည်း လာကူမယ်ပြောတာပါဘဲ။

" ဒီပါ ပူဖောင်းတွေက အမည်းဘဲသုံးမှာလား "

"အင်း ရွှေရောင်လေးပါထည့်မယ် မောင်က အမည်းကြိုက်ပေမယ့် မှောင်သွားမယ်ထင်တယ်နော်"

ဒီပါက မောင့်အတွက် birthday cake ဖုတ်မလို့ပြင်ဆင်နေတာဖြစ်သည်။ နွယ်ကတော့အပြင်အဆင်ကို သူပြင်မယ်ဆိုတာကြောင့် နွယ့်ကိုသာလွှတ်ထားလိုက်ရသည်။အခုလည်း ဒီပါက ပူဖောင်းအမည်းရောင်ဘဲသုံးမယ်ပြောလို့ မနက်ကတည်းက ဂျစ်တိုက်နေတာပါ ။

" အမလေး မောင်တဲ့တော် မြသီရိနွယ်တို့ ရှင်ချင်တယ်အေ အသည်းတွေ ယားလိုက်တာ"

" နွယ်နော် အလုပ်ကိုသေချာလုပ် ငါ့ကိုဘဲလိုက်စမနေနဲ့"

" အစကတော့ မချစ်ပါဘူး ငါ့ကိုစိတ်ချပါတဲ့ အခုတော့များ မောင်တဲ့ ဟင်းဟင်း "

" နွယ်! "

ဒီပါ ဒီနေ့ မောင့်မွေးနေ့မှာ မောင့်ကိုလက်ခံလိုက်တော့မယ်လို့ ပြောပြလိုက်ပြီးကတည်းက နွယ် ဒီပါ့ကိုစနေတာပါ။

ဒီပါတကယ်ကို မျက်နှာတွေလည်း ပူလာပါပြီ။

" အစ်ကို "

" သြော်ကုဋေ ရောက်ပြီလား သွေးသုလည်းပါလာတာလား"

" ဟုတ်ကဲ့ အစ်ကိုလေး"

"အစ်ကိုလို့ဘဲခေါ်ပါ ပေါ့ပေါ့ပါးပါးနေဟုတ်ပြီလား"

" ဟုတ်အစ်ကို... ဒီနေ့ boss က အလုပ်လည်းပါးတာနဲ့ ကျွန်တော်လည်း လက်ကဒဏ်ရာ မပျောက်သေးဘူး ဆိုပြီး နားခိုင်းလိုက်လို့ ....တကယ်တော့ ကျွန်တော့်လက်က ဘာမှတောင်မဖြစ်ပါဘူးဗျာ...."

"ဒါကတော့ စက်က မင်းကို ညီတစ်ယောက်လို သံယောဇဉ်ရှိတာကို စိတ်ပူလို့နေမှာပေါ့ "

" ဟုတ်တယ် boss ကလေ အပြင်ပိုင်းကြည့်တော့သာ မာကြောနေပေမယ့် သူ့ရဲ့အတွင်းစိတ်က တကယ် နူးညံ့တယ်.... ပြီးတော့အစ်ကို့ကိုလည်း သိပ်ချစ်တာ..."

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now