(PART_11)

7.1K 371 7
                                    

ဒီပါအစ်ကိုနေးကိုတိုင်ပင်စရာရှိတာကြောင့် ကော်ဖီဆိုင်တစ်ခုတွင်ပင် တွေ့ဖို့ချိန်းလိုက်လေသည်။ဒီပါ့ဆိုင်မှာဆိုနွယ့်ကိုအားနာတာကြောင့်ရော အစ်ကိုနဲ့အေးဆေးစကားပြောချင်တာကြောင့်ပါ ဒီနေရာကိုချိန်းလိုက်တာဖြစ်သည်။ဒီပါ အစ်ကို့ခံစားချက်တွေကိုနားလည်ပေးမယ့် အစ်ကိုပေးတဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေက  အစ်ကိုတစ်ယောက်က ညီလေးတစ်ယောက်ကို ဂရုစိုက်ပေးသလို အေးချမ်းတဲ့ မေတ္တာနဲ့သာတူပါသည်။ဒီအချိန် ကိုကိုသာ အငယ်လေးဘေးမှာရှိနေရင် ကျွန်တော့်ရဲ့ပထမဦးဆုံးချစ်မိတဲ့အချစ်ဦးဟာ ယောက်ျားတစ်ယောက်ဖြစ်နေလို့ ဆူနေလေမလား။ဒါမှမဟုတ် ကျွန်တော့ကိုကိုက အရင်ကလိုဘဲ အငယ်လေး သဘောဆိုပြီး ကျွန်တော့ဘက်ကရပ်တည်ပေးမလား ကျွန်တော်သိပ်သိချင်ပါတယ်။ ကိုကိုရော ကောင်းကောင်းမွန်မွန်ရှင်သန်လာရဲ့လား။ ကျွန်တော်ယုံကြည်ပါတယ် ကိုကိုနဲ့ကျွန်တော်ဟာ ဒီကောင်းကင်ကြီးရဲ့အရိပ်အောက်မှာ တူတူရှင်သန်နေကြမယ်ဆိုတာ။ ကျွန်တော်ကိုကို့ကိုအမြဲလိုက်ရှာနေခဲ့ပေမယ့် ၁၅ နှစ်လုံးလုံး ရှာမတွေ့ခဲ့ဘူးကိုကို။တစ်နေ့တော့ ကိုကို ကျွန်တော့်ကိုပြန်လာခေါ်မယ်မလား။

" ခေတ် "

ဒီပါအတွေးလွန်နေရင်းမှ အစ်ကို့အသံကြားလိုက်တာကြောင့်အပေါ်မော့ကြည့်မိတော့ အစ်ကိုက သူ့ရဲ့သွားတန်းဖွေးဖွေးလေးတွေပေါ်အောင် ပြုံးပြရင်းဒီပါ့ကိုကြည့်နေသည်။

အစ်ကို့အပြုံးတွေက သိပ်ကိုနွေးထွေးတယ် ။အစ်ကိုက ဒီပါ့ကိုအမြဲနည်းမှန်းရောက်အောင်သာဆုံးမတတ်တယ်။ ခင်လာတာ ၆လကျော်လာပြီဖြစ်ပေမယ့် အစ်ကို့ကိုတော့ အရင်ထဲကသိကျွမ်းနေသလိုခံစားရတယ်။အရာရာတိုင်ပင်ချင်တယ်။ အစ်ကို့ကိုအားကိုးတယ်။ဝေခွဲရခက်နေသမျှ အစ်ကိုကလမ်းမှန်ပြပေးနိုင်မယ်လို့ယုံကြည်တယ်။

" ခေတ် အစ်ကို့ကို ဒီအတိုင်းဘဲကြည့်နေတော့မှာလား မထိုင်ခိုင်းတော့ဘူးလား ဟင် "

အစ်ကိုက ဒီပါ့ကိုသူရဲ့မူပိုင်အပြုံးလေးဖြင့်ရယ်ရင်းစနောက်နေသည်။

" အာမဟုတ်ပါဘူး အစ်ကို ထိုင်ပါ "

" ခေတ် ကိုယ်နဲ့တိုင်ပင်စရာရှိတယ်ဆို ဒီကအပြန် အစ်ကိုလေလံပွဲတစ်ခုသွားစရာရှိတယ်။ မက်ဆေ့ခ်ျရရချင်းအစ်ကိုလာခဲ့တာ"

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now