I'm Not A Girl |TK|✓

By xinyin_wangqi

87.4K 9.2K 442

အချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End... More

ရှီလာသို့ကူးပြောင်းခြင်း
လက်ဆက်ခြင်း
သဘောတူညီချက်
မင်္ဂလာအိပ်ခန်းဟူသည်
နန်းတော်သို့ဝင်ရောက်ခြင်း
သတို့သမီးအိမ်တော်သို့ ပထမဆုံးပြန်ခြင်း
ချဉ်ပေါင်သီးများ
လျှို့ဝှက်ချက်တို့ ပေါ်ပေါက်ခြင်း
ကြင်ယာတော်အား ပြန်ခေါ်ခြင်း
တော်ဝင်မီးပုံးပွဲတော်
မန်ဒရင်းမီးပုံးလေး
လက်ဖက်စိမ်းရေနွေးကြမ်း
မင်းသားယူဂျင်
ကြင်ယာတော်၏ တစ်ပတ်တာလုပ်ဆောင်ချက်များ
ဖိတ်ကြားချက်
ချစ်ခြင်းတို့ အစပြုရာ
မနက်စာ
အမဲလိုက်ပွဲ
အတွင်းကျကျထိတွေ့ခြင်း
စစ်ထွက်တော့မည်
ဝိုင်ပြုလုပ်ခြင်း
ကုန်သည်ကိုယ်စားလှယ် အန်းယွမ်
ထက်မြက်လှသည့် ကြင်ယာတော်
လက်ဆောင်
လူပုံအလယ်ဝယ်
အိမ်တော်ပြန်ရောက်ခြင်း
ချစ်စကားတို့ဖွင့်ဟခြင်း
ဆင်တူဝတ်စုံ
Dandelion
ရာထူးဂုဏ်အင်တို့ စွန့်လွှတ်ခြင်း
ချိုမြိန်သောစိတ်ကူးနှင့် ရွာငယ်လေးဆီသို့
ရွာသားတို့၏ ကျန်းမာရေးပြဿနာ
ခွဲခွာခြင်းပြယုဒ်
နောက်ဆုံးသောထွက်သက်
Extra 1 : ပြန်လည်တွေ့ဆုံခြင်း
Extra 2 : Forget About Tomorrow
အမေးအဖြေ

နဂါးမင်းသမီးလေးပုံပြင်

2K 226 10
By xinyin_wangqi

(Unicode)

အပိုင်း - ၁၇

တစ်ခါတုန်းက နဂါးတွေအုပ်စိုးတဲ့တိုင်းပြည်ကြီးတစ်ခုမှာ အလွန်လှပတဲ့မင်းသမီးလေးတစ်ပါးရှိသတဲ့ ။ အဲ့ဒီမင်းသမီးလေးဟာ သိပ်ကိုလှပလွန်းတော့ နဂါးဘုရင်ကြီးဟာ သူ့ရဲ့သမီးတော်လေးကိုစိတ်မချနိုင်တာကြောင့် ဘုံခုနှစ်ဆင့်မြင့်တဲ့ ရတနာကိုးပါး မျှော်စင်ကြီးတစ်ခုကို ကြီးမားလှတဲ့‌တောကြီးအတွင်း ဆောက်လုပ်စေပြီး မင်းသမီးလေးကို ရတနာကိုးပါးဘုံနန်းစံစေခဲ့တယ် ။ ငယ်ရွယ်စဉ်ကတည်းက စိတ်အလိုရှိရာမှန်သမျှကိုရခဲ့တဲ့ မင်းသမီးလေးဟာ သိပ်ကိုကံကောင်းတယ်လို့ထင်ရပေမဲ့ သူမရဲ့အသက်တစ်ဆယ့်ခြောက်နှစ်မှာတော့ မနာလိုသူအောက်လမ်းပညာသည်တစ်ယောက်ရဲ့ ကျိန်စာကိုခံယူခဲ့ရတယ် ။

အနှီအောက်လမ်းပညာက ယုတ်ညံ့လွန်းပြီးအစွမ်းထက်လွန်းတာကြောင့် ဘယ်အထက်လမ်းပညာရှင်ကမှ ဖယ်ထုတ်နိုင်စွမ်းမရှိခဲ့လေဘူး...။ ဒါ့အပြင် ကျိန်စာရဲ့သဘောတရားက ကူးစက်နိုင်စွမ်းရှိတာကြောင့် နဂါးတိုင်းပြည်တစ်ခုလုံးက မင်းသမီးလေးကို တိုက်ပိတ်အကျဉ်းချထားဖို့ရန်အတွက် တောင်းဆိုခဲ့ကြတယ် ။ နဂါးဘုရင်ကြီးက သူ့ရဲ့သမီးလေးကို သိပ်ချစ်ပေမဲ့ သူဟာ ဘုရင်တစ်ပါးဖြစ်နေတာကြောင့် သူ့ရဲ့တိုင်းသူပြည်သားတွေကိုကာကွယ်ပေးဖို့ တာဝန်ကရှိနေပြန်ရော ။ ဒါကြောင့် နဂါးဘုရင်ကြီးဟာ ရင်နာနာနဲ့ပဲ သူ့ရဲ့ချစ်လှစွာသောသမီးတော်လေးကို ရတနာကိုးပါးဘုံနန်းရဲ့ အပေါ်ဆုံးထပ်မှာပိတ်လှောင်ထားခဲ့ရလေတယ် ။ ထိုနေ့မှစပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုဘုံနန်းဘက်ကို ခြေဦးတောင်မလှည့်ကြလေတော့ဘူး ။

သနားစရာကောင်းလှတဲ့မင်းသမီးလေးဟာ သူ့ရဲ့ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်မှာ ကျိန်စာကြီးကိုပွေ့ပိုက်ပြီး ဝမ်းနည်းအထီးကျန်စွာနဲ့ကုန်ဆုံးရတော့မယ်မှန်းသိတာကြောင့် ညစဉ်ငိုကြွေးခဲ့လေတယ် ။ နဂါးတို့ရဲ့သဘာဝအရ နှစ်ထောင်ချီပြီးအစာမစားပဲနေနိုင်ပေမဲ့ သူမရရှိခဲ့တဲ့ကျိန်စာကြောင့် သူမရဲ့သက်တမ်းဟာ နောင်သုံးနှစ်သာ အသက်ဆက်ရှင်နိုင်တော့မည်သာ ။ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ ကျိန်စာက ထိုသုံးနှစ်အတွင်းမှာ သူမကို တစ်ဖြေးဖြေးနဲ့ လူသေကောင်လိုပုတ်သိုးလာစေမှာဖြစ်တယ် ။ ထို့ကြောင့် မင်းသမီးလေးဟာ မွေးရာပါလှပလွန်းတဲ့ သူမကိုယ်ကိုအပြစ်တင်စိတ်နဲ့ ညစဉ်ညတိုင်းနာကျည်းစွာငိုကြွေးခဲ့လေသတဲ့ကွယ် ။

တစ်ညသောအချိန်အခါမှာတော့ လူသားတိုင်းပြည်ကမင်းသားလေးတစ်ပါးဟာ နတ်မြင်းပျံကြီးကိုစီးလို့ လောကတစ်ခွင်ကို လှည့်လည်ကြည့်ရှူလေတယ် ။ နတ်မြင်းပျံကြီးကိုစီးထားတဲ့မင်းသားလေးဟာ တောကြီးတစ်ခုရဲ့တစ်နေရာကိုရောက်တော့ မိန်းမငယ်လေးတစ်ဦးရဲ့ နာကျည်းစွာငိုကြွေးနေတဲ့ အသံကိုကြားတာကြောင့် သိလိုစိတ်နဲ့အတူ အသံကြားရာနောက်ကိုလိုက်ခဲ့လေတယ် ။ မင်းသားလေးဟာ ငိုသံနောက်ကိုလိုက်ရင်း တစ်နေရာအရောက်မှာတော့ မှောင်မဲပြီးကြောက်ဖို့ကောင်းလှတဲ့ ဘုံနန်းကြီးတစ်ခုကိုတွေ့လိုက်ရတယ် ။ ငိုသံဟာ ဘုံနန်းရဲ့ အပေါ်ဆုံးထပ်ကနေကြားနေရတာကြောင့် မင်းသားလေးဟာ သူ့ရဲ့နတ်မြင်းပျံကြီးကို ဘုံနန်းရဲ့ အပေါ်ဆုံးထပ်ဆီကိုဦးတည်လိုက်လေတယ် ။

မင်းသားလေးဟာ ဘုံနန်းရဲ့အပေါ်ဆုံးထပ်ကိုရောက်တော့ မီးရောင်ပြပြလေးလင်းနေတာကိုတွေ့လိုက်ရ‌တာကြောင့် သူ့ရဲ့နတ်မြင်းပျံကြီးကို လေသာပြတင်းပေါက်ဆီမှာ ရပ်လိုက်ပြီး သူကိုယ်တိုင်ကတော့ ငိုသံကြားနေရတဲ့ နေရာဆီကိုသွားလိုက်တယ် ။ သနားစဖွယ်ငိုကြွေးနေတဲ့ မိန်းမငယ်လေးတစ်ဦးဟာ ကြီးမာလှတဲ့ ကုတင်ရဲ့အောက်ခြေမှာ သူမရဲ့သေးငယ်တဲ့ကိုယ်လုံးလေးကို ကွေးနိုင်သလောက်ကွေးထားပြီး ငိုကြွေးနေတာကြောင့် သူမရဲ့ဘေးမှာ သူစိမ်းတစ်ဦးရောက်ရှိနေတာကိုပင်သတိမထားမိလိုက်ချေ ။ မင်းသားလေးဟာ ငိုကြွေးနေတဲ့မိန်းမငယ်လေးကိုတွေ့တော့ သနားစိတ်ဝင်သွားပြီး အနှီမိန်းမငယ်လေးကို မဝံ့မရဲနဲ့ သွားတို့ထိလိုက်လေတယ် ။

မင်းသမီးလေးဟာ သူမငိုကြွေးနေတုန်း တစ်စုံတစ်ယောက်က သူမကိုလာထိသလိုခံစားလိုက်ရတာကြောင့် သူမရဲ့ဦးခေါင်းကိုထောင်၍ကြည့်လိုက်မိသည် ။ ထိုစဉ်မင်းသားလေးကလည်း မင်းသမီးလေးကိုကြည့်နေတာကြောင့် သူတို့နှစ်ဦးအကြည့်ချင်းဆုံသွားပြီး မြင်မြင်ချင်းပင်ချစ်ခင်စုံမက်မိကြလေသတဲ့ ။ မင်းသားလေးဟာ ထိုအချိန်ကစပြီး လူသားတိုင်းပြည်ကိုမပြန်တော့ပဲ ထိုဘုံနန်းအတွင်း၌သာ မင်းသမီးလေးနဲ့အတူပေါင်းဖက်ပြီးနေကြသတဲ့ ။ သူတို့နှစ်ဦးဟာတစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ ကျိန်စာမိနေတဲ့ မင်းသမီးလေးဟာ အချိန်ကြာလာလေ သူမရဲ့ရုပ်ရည်ဟာ ပျက်ယွင်းလာလေဖြစ်လာတယ် ။

မင်းသားလေးကလည်း သူချစ်ရတဲ့မင်းသမီးလေးဟာ တစ်နေ့တစ်ခြားပိုပိုပြီး ရုပ်ဆိုးအကျည်းတန်လာမှာကိုသိပေမဲ့ ဆက်လက်၍သာချစ်ခင်ခဲ့လေတယ် ။ သူတို့နှစ်ဦးအတူတူနေပြီး တစ်နှစ်အကြာမှာတော့ မင်းသမီးလေးသာ နဂါးဥလေးနှစ်ဥကိုအောင်မြင်စွာဖွားမြင်နိုင်ခဲ့တယ် ။ ထိုနဂါးဥထဲကနဂါးလေးတွေဟာ လူတစ်ပိုင်းနဂါးတစ်ပိုင်းလေးတွေဖြစ်လာကြမည်ပင် ။ သို့သော် မင်းသမီးလေးရဲ့လှပတဲ့ ခန္ဓာကိုယ်နဲ့ရုပ်ရည်သွင်ပြင်ကတော့ တစ်ဖြည်းဖြည်းနဲ့ ပျက်စီး၍လာနေပြီဖြစ်သည် ။ သူမရဲ့ လှပတဲ့ဆံနွယ်လေးတွေကလည်း တဖြည်းဖြည်းနဲ့ ကျွတ်လာကုန်လေပြီ ။ နုပျိုလှတဲ့သူမရဲ့ မျက်နှာလေးဟာလည်း အခုဆိုရင် အရေခွံတွေက ရှုံတွကာ အဖွားအိုကြီးတစ်ဦးလိုပင်ဖြစ်နေချေပြီ ။ ထို့ပြင် သူမရဲ့ခန္ဓာကိုယ်ဆီမှလည်း မကောင်းတဲ့အနံ့အသက်တွေက စတင်ပြီးထွက်ပေါ်လို့လာနေပြီဖြစ်သည် ။

တစ်နေ့တစ်ခြားပိုပြီး ပျက်ယွင်းလာတဲ့မင်းသမီးလေးဟာ သူမရဲ့ခင်ပွန်းမင်းသားလေးကို နဂါးဥနှစ်လုံးကိုယူဆောင်ပြီး ဘုံနန်းမှထွက်သွားဖို့တိုက်တွန်းခဲ့ပေမဲ့ မင်းသားလေးဟာ နဂါးဥလေးနှစ်လုံးကို သူ့ရဲ့နတ်မြင်းပျံကြီးဆီတင်ပြီး စာတစ်စောင်နဲ့အတူ လူသားတိုင်းပြည်ကိုစေလွှတ်လိုက်ပြီး မင်းသားလေးကတော့ မင်းသမီးလေးနဲ့အတူနေထိုင်ရန်ကိုသာရွေးချယ်ခဲ့လေတယ် ။

မင်းသမီးလေးဟာ ကျိန်စာမိပြီးသုံးနှစ်တိတိပြည့်တဲ့နေ့မှာတင် သူမရဲ့ခန္ဓာကိုယ်က အပုတ်ကောင်လုံးလုံးသို့ပြောင်းသွားပြီး သူမချစ်တဲ့မင်းသားလေးရဲ့လက်အတွင်းမှာပင်သေဆုံးခဲ့လေတယ် ။ မင်းသမီးလေးသေဆုံးပြီးမကြာခင်မှာပဲ မင်းသားလေးဟာ မင်းသမီး‌လေးရဲ့အလောင်းကိုပွေ့ဖက်ကာ ဘုံနန်းရဲ့‌လေသာဆောင်ကနေပြီး ခုန်ချကာသေကြောင်းကြံခဲ့လေသည် ။ ထိုအချိန်မှစပြီး နဂါးတိုင်းပြည်ရဲ့ညကောင်းကင်ကြီးမှာ ကြယ်လေးနှစ်လုံးထွန်းလင်းလာပြီး ထိုကြယ်လေးနှစ်လုံးဟာ အမြဲတမ်းပူးကပ်နေလေ့ရှိသတဲ့ကွယ်........။

" ပုံပြင်လေးကတော့ ဒါပါပဲ..."

လပြည့်ညဖြစ်တာကြောင့် ထယ်ယောင်းနဲ့ဂျောင်ကုတို့နှစ်ဦးဟာ လသာဆောင်မှာနေရင်း မက်မွန်ဝိုင်လေးသောက်ကာ လကိုရှူစားနေခြင်းဖြစ်သည် ။ ရုတ်တရက်ဆန်စွာ ပုံပြင်ပြောပြချင်သည်ဟူသော ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ကြာစေ့တွေကို ထယ်ယောင်းအတွက်ခွာရင်း ထယ်ယောင်းပြောသမျှကို နားထောင်နေရခြင်းဖြစ်သည် ။

" အချစ်...ပုံပြင်လေးက ဝမ်းနည်းဖို့ကောင်းတယ်လို့မထင်ဘူးလားဟင် "

" မထင်ပါဘူး...မဖြစ်နိုင်တာကြီးတွေကို ဘယ်သူကများ တစ်ခါမှမမြင်ဖူးတဲ့လူတစ်ယောက်ကို တစ်ခဏလေးအတွင်းချစ်မိသွားမှာတဲ့လဲ... အလကား ကလေးကြိုက်ပုံပြင်တွေ "

ဂျောင်ကုအဖြေကြောင့် ထယ်ယောင်း၏ နဂိုဝမ်းနည်းစိတ်လေးဝင်နေမိတာတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး မျက်နှာလေးကချက်ချင်းကို စူပုပ်လာခဲ့သည် ။

" နှလုံးသားမရှိတဲ့လူ...သိပ်ကိုအ,တာပဲ...ဖူးစာပါရင်လေ တစ်ယောက်ကိုတစ်ယောက်ချစ်မိသွားဖို့က အချိန်ငါးစက္ကန့်ပဲလိုတယ်...သိဖို့ ဟွန့် "

" အမလေး ဟုတ်ပါပြီနော်...ဒီမှာကြာစေ့ခွာထားပေးတယ် စားစရာရှိသာစားစမ်းပါ စကားများမနေနဲ့ "

ထိုအခါမှသာ ထယ်ယောင်းလည်းစိတ်ကိုလျော့လိုက်ပြီး ဂျောင်ကုခွာထားပေးသည့် ကြာစေ့ကိုပျော်ရွှင်စွာစားလေသည် ။

" အချစ်...တကယ်လို့လေ တစ်နေ့မှာ ထယ်ကပုံပြင်ထဲက မင်းသမီးလေးအတိုင်းဖြစ်လာခဲ့ရင် အချစ်က ထယ့်ကိုထားခဲ့မှာလားဟင် "

တွေးတွေးစစပြောလာသည့် ထယ်ယောင်း၏စကားက ဂျောင်ကုကိုအတွေးများစေသည် ။ ထယ်ယောင်းသာ ပုံပြင်ထဲကမင်းသမီးလေးအတိုင်းဖြစ်လာရင် သူထားခဲ့လေမလား ... ဒါမှမဟုတ် မင်းသားလေးလိုပဲသေသည်အထိ ဆက်ချစ်သွားနိုင်လေမလား...သူတကယ်ကိုမဖြေတတ်‌ချေ ။ ထယ်ယောင်းက သူ့ရဲ့ကြင်ယာတော်ဆိုပေမဲ့ ယောင်္ကျားလေးတစ်ယောက် ။ အဲ့ဒီယောင်္ကျားကို သူသေသည်အထိချစ်သွားနိုင်ပါ့မလား ...ဂျောင်ကုတကယ် မဖြေတတ်ပါ ။

လက်ထောက်ကျောင်းအုပ်ပြောသလို ကိုယ်ချစ်တာက ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အဓိကက ချစ်နေဖို့ပဲလိုတယ်ဆိုပေမဲ့လို့ ထယ်ယောင်းဟူသည့် ဤကောင်လေးအား တစ်ဘဝလုံးစာ သူတကယ်ချစ်မချစ်မသေချာသေးပေ ။ ထို့ကြောင့် ထယ်ယောင်း၏အမေးကို သူပြန်မဖြေမိပဲ စကားလမ်းကြောင်းလွှဲလိုက်မိသည် ။

" အဟမ်း...တဖြည်းဖြည်းနဲ့ ညဥ့်နက်လာပြီ...နောက်နှစ်ရက်ဆို အမဲလိုက်ပွဲကစတော့မှာ ပြင်ဆင်တာတွေအဆင်ပြေရဲ့လား ဘေဘီ "

" ပြီးပြီ...ဝတ်စုံလည်းအဆင်သင့် မြှားတံတွေလည်းအဆင်သင့် အကုန်အဆင်သင့်ပဲ "

" အင်း...အဲ့နေကျရင် ကိုယ့်အနားမှာပဲနေနော်...ဘယ်မှလျှောက်မသွားနဲ့ "

" အင်းပါ "

" အင်းပါ လုပ်မနေနဲ့...ကိုယ့်ပြောစကားကိုသေချာနားထောင်...ဒီမှာကအင်းပါ အင်းပါပေါ့...ဟိုရောက်လို့ပြောစကားနားမထောင်ကြည့် အပြစ်ပေးခံရမယ်မှတ် "

" ဟွန့်...အချစ်ကလည်း စိတ်ချည်းပဲ...ထယ့်ကိုဆို အော်မယ် ငေါက်မယ်ဆိုတာချည်း ထယ်က ကလေးမဟုတ်တော့ပါဘူးနော်... အဲ့လောက်တော့နားလည်ပါတယ် "

" ဟမ့်! ပြောတာပဲ...ဟိုရောက်မှကြည့်ကြသေးတာပေါ့ "

ထိုနေ့ညက စကားပြောပြီးနောက်မှာတော့ ထယ်ယောင်းက သူ့အဆောင်သူပြန်သွားခဲ့သည် ။ ဂျောင်ကုကတော့ စာဖတ်ခန်းမှာပင် အမဲလိုက်ပွဲအတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ရင်း ထယ်ယောင်းပြောသမျှကိုပြန်လည်စဉ်းစားနေမိသည် ။ အထူးသဖြင့် သူ ထယ်ယောင်းဆိုသည့် ကောင်လေးအား ချစ်မိနေပြီလား ဆိုတာကိုပင် ။


ပြဇာတ်ငယ်လေး :

ထယ်ယောင်း : ပုံပြင်ပြောပြမယ်

ဂျောင်ကု : ကလေးပုံပြင်တွေလား ? နားမထောင်ချင်ဘူး....

ထယ်ယောင်း : အိုး...ဒါဆို လူကြီးတွေအတွက် သီးသန့်ဖြစ်တဲ့ အဝါရောင်ပုံပြင်ပြောပြရမလား ?

ဂျောင်ကု : မင်းက ကြင်ယာတော်ဆိုတာကိုလည်းသတိရပါဦး....


----------------------------
(A/N : အဝါပုံပြင်ဆိုတာကလေ အခုခေတ်အနေနဲ့ပြောရရင် အပြာစာတွေကိုပြောတာ...ရှေးခေတ်မှာက အဲ့လိုစာတွေကို စာအုပ်ဖုံးအဝါတွေမှာရေးတာလေ...အဲ့တော့ အဝါစာပေါ့ရှင် XD )

Plz! Vote, Feedback and follow me 🎐










(Zawgyi)

အပိုင္း - ၁၇

တစ္ခါတုန္းက နဂါးေတြအုပ္စိုးတဲ့တိုင္းျပည္ႀကီးတစ္ခုမွာ အလြန္လွပတဲ့မင္းသမီးေလးတစ္ပါး႐ွိသတဲ့ ။ အဲ့ဒီမင္းသမီးေလးဟာ သိပ္ကိုလွပလြန္းေတာ့ နဂါးဘုရင္ႀကီးဟာ သူ႕ရဲ႕သမီးေတာ္ေလးကိုစိတ္မခ်ႏိုင္တာေၾကာင့္ ဘုံခုႏွစ္ဆင့္ျမင့္တဲ့ ရတနာကိုးပါး ေမွ်ာ္စင္ႀကီးတစ္ခုကို ႀကီးမားလွတဲ့‌ေတာႀကီးအတြင္း ေဆာက္လုပ္ေစၿပီး မင္းသမီးေလးကို ရတနာကိုးပါးဘုံနန္းစံေစခဲ့တယ္ ။ ငယ္႐ြယ္စဥ္ကတည္းက စိတ္အလို႐ွိရာမွန္သမွ်ကိုရခဲ့တဲ့ မင္းသမီးေလးဟာ သိပ္ကိုကံေကာင္းတယ္လို႔ထင္ရေပမဲ့ သူမရဲ႕အသက္တစ္ဆယ့္ေျခာက္ႏွစ္မွာေတာ့ မနာလိုသူေအာက္လမ္းပညာသည္တစ္ေယာက္ရဲ႕ က်ိန္စာကိုခံယူခဲ့ရတယ္ ။

အႏွီေအာက္လမ္းပညာက ယုတ္ညံ့လြန္းၿပီးအစြမ္းထက္လြန္းတာေၾကာင့္ ဘယ္အထက္လမ္းပညာ႐ွင္ကမွ ဖယ္ထုတ္ႏိုင္စြမ္းမ႐ွိခဲ့ေလဘူး...။ ဒါ့အျပင္ က်ိန္စာရဲ႕သေဘာတရားက ကူးစက္ႏိုင္စြမ္း႐ွိတာေၾကာင့္ နဂါးတိုင္းျပည္တစ္ခုလုံးက မင္းသမီးေလးကို တိုက္ပိတ္အက်ဥ္းခ်ထားဖို႔ရန္အတြက္ ေတာင္းဆိုခဲ့ၾကတယ္ ။ နဂါးဘုရင္ႀကီးက သူ႕ရဲ႕သမီးေလးကို သိပ္ခ်စ္ေပမဲ့ သူဟာ ဘုရင္တစ္ပါးျဖစ္ေနတာေၾကာင့္ သူ႕ရဲ႕တိုင္းသူျပည္သားေတြကိုကာကြယ္ေပးဖို႔ တာဝန္က႐ွိေနျပန္ေရာ ။ ဒါေၾကာင့္ နဂါးဘုရင္ႀကီးဟာ ရင္နာနာနဲ႔ပဲ သူ႕ရဲ႕ခ်စ္လွစြာေသာသမီးေတာ္ေလးကို ရတနာကိုးပါးဘုံနန္းရဲ႕ အေပၚဆုံးထပ္မွာပိတ္ေလွာင္ထားခဲ့ရေလတယ္ ။ ထိုေန႔မွစၿပီး မည္သူတစ္ဦးတစ္ေယာက္ကမွ် ထိုဘုံနန္းဘက္ကို ေျခဦးေတာင္မလွည့္ၾကေလေတာ့ဘူး ။

သနားစရာေကာင္းလွတဲ့မင္းသမီးေလးဟာ သူ႕ရဲ႕က်န္႐ွိတဲ့သက္တမ္းတစ္ေလွ်ာက္မွာ က်ိန္စာႀကီးကိုေပြ႕ပိုက္ၿပီး ဝမ္းနည္းအထီးက်န္စြာနဲ႔ကုန္ဆုံးရေတာ့မယ္မွန္းသိတာေၾကာင့္ ညစဥ္ငိုေႂကြးခဲ့ေလတယ္ ။ နဂါးတို႔ရဲ႕သဘာဝအရ ႏွစ္ေထာင္ခ်ီၿပီးအစာမစားပဲေနႏိုင္ေပမဲ့ သူမရ႐ွိခဲ့တဲ့က်ိန္စာေၾကာင့္ သူမရဲ႕သက္တမ္းဟာ ေနာင္သုံးႏွစ္သာ အသက္ဆက္႐ွင္ႏိုင္ေတာ့မည္သာ ။ သိပ္ကိုေၾကာက္ဖို႔ေကာင္းတဲ့ က်ိန္စာက ထိုသုံးႏွစ္အတြင္းမွာ သူမကို တစ္ေျဖးေျဖးနဲ႔ လူေသေကာင္လိုပုတ္သိုးလာေစမွာျဖစ္တယ္ ။ ထို႔ေၾကာင့္ မင္းသမီးေလးဟာ ေမြးရာပါလွပလြန္းတဲ့ သူမကိုယ္ကိုအျပစ္တင္စိတ္နဲ႔ ညစဥ္ညတိုင္းနာက်ည္းစြာငိုေႂကြးခဲ့ေလသတဲ့ကြယ္ ။

တစ္ညေသာအခ်ိန္အခါမွာေတာ့ လူသားတိုင္းျပည္ကမင္းသားေလးတစ္ပါးဟာ နတ္ျမင္းပ်ံႀကီးကိုစီးလို႔ ေလာကတစ္ခြင္ကို လွည့္လည္ၾကည့္႐ွဴေလတယ္ ။ နတ္ျမင္းပ်ံႀကီးကိုစီးထားတဲ့မင္းသားေလးဟာ ေတာႀကီးတစ္ခုရဲ႕တစ္ေနရာကိုေရာက္ေတာ့ မိန္းမငယ္ေလးတစ္ဦးရဲ႕ နာက်ည္းစြာငိုေႂကြးေနတဲ့ အသံကိုၾကားတာေၾကာင့္ သိလိုစိတ္နဲ႔အတူ အသံၾကားရာေနာက္ကိုလိုက္ခဲ့ေလတယ္ ။ မင္းသားေလးဟာ ငိုသံေနာက္ကိုလိုက္ရင္း တစ္ေနရာအေရာက္မွာေတာ့ ေမွာင္မဲၿပီးေၾကာက္ဖို႔ေကာင္းလွတဲ့ ဘုံနန္းႀကီးတစ္ခုကိုေတြ႕လိုက္ရတယ္ ။ ငိုသံဟာ ဘုံနန္းရဲ႕ အေပၚဆုံးထပ္ကေနၾကားေနရတာေၾကာင့္ မင္းသားေလးဟာ သူ႕ရဲ႕နတ္ျမင္းပ်ံႀကီးကို ဘုံနန္းရဲ႕ အေပၚဆုံးထပ္ဆီကိုဦးတည္လိုက္ေလတယ္ ။

မင္းသားေလးဟာ ဘုံနန္းရဲ႕အေပၚဆုံးထပ္ကိုေရာက္ေတာ့ မီးေရာင္ျပျပေလးလင္းေနတာကိုေတြ႕လိုက္ရ‌တာေၾကာင့္ သူ႕ရဲ႕နတ္ျမင္းပ်ံႀကီးကို ေလသာျပတင္းေပါက္ဆီမွာ ရပ္လိုက္ၿပီး သူကိုယ္တိုင္ကေတာ့ ငိုသံၾကားေနရတဲ့ ေနရာဆီကိုသြားလိုက္တယ္ ။ သနားစဖြယ္ငိုေႂကြးေနတဲ့ မိန္းမငယ္ေလးတစ္ဦးဟာ ႀကီးမာလွတဲ့ ကုတင္ရဲ႕ေအာက္ေျခမွာ သူမရဲ႕ေသးငယ္တဲ့ကိုယ္လုံးေလးကို ေကြးႏိုင္သေလာက္ေကြးထားၿပီး ငိုေႂကြးေနတာေၾကာင့္ သူမရဲ႕ေဘးမွာ သူစိမ္းတစ္ဦးေရာက္႐ွိေနတာကိုပင္သတိမထားမိလိုက္ေခ် ။ မင္းသားေလးဟာ ငိုေႂကြးေနတဲ့မိန္းမငယ္ေလးကိုေတြ႕ေတာ့ သနားစိတ္ဝင္သြားၿပီး အႏွီမိန္းမငယ္ေလးကို မဝံ့မရဲနဲ႔ သြားတို႔ထိလိုက္ေလတယ္ ။

မင္းသမီးေလးဟာ သူမငိုေႂကြးေနတုန္း တစ္စုံတစ္ေယာက္က သူမကိုလာထိသလိုခံစားလိုက္ရတာေၾကာင့္ သူမရဲ႕ဦးေခါင္းကိုေထာင္၍ၾကည့္လိုက္မိသည္ ။ ထိုစဥ္မင္းသားေလးကလည္း မင္းသမီးေလးကိုၾကည့္ေနတာေၾကာင့္ သူတို႔ႏွစ္ဦးအၾကည့္ခ်င္းဆုံသြားၿပီး ျမင္ျမင္ခ်င္းပင္ခ်စ္ခင္စုံမက္မိၾကေလသတဲ့ ။ မင္းသားေလးဟာ ထိုအခ်ိန္ကစၿပီး လူသားတိုင္းျပည္ကိုမျပန္ေတာ့ပဲ ထိုဘုံနန္းအတြင္း၌သာ မင္းသမီးေလးနဲ႔အတူေပါင္းဖက္ၿပီးေနၾကသတဲ့ ။ သူတို႔ႏွစ္ဦးဟာတစ္ေယာက္ကိုတစ္ေယာက္သိပ္ခ်စ္ၾကေပမဲ့ က်ိန္စာမိေနတဲ့ မင္းသမီးေလးဟာ အခ်ိန္ၾကာလာေလ သူမရဲ႕႐ုပ္ရည္ဟာ ပ်က္ယြင္းလာေလျဖစ္လာတယ္ ။

မင္းသားေလးကလည္း သူခ်စ္ရတဲ့မင္းသမီးေလးဟာ တစ္ေန႔တစ္ျခားပိုပိုၿပီး ႐ုပ္ဆိုးအက်ည္းတန္လာမွာကိုသိေပမဲ့ ဆက္လက္၍သာခ်စ္ခင္ခဲ့ေလတယ္ ။ သူတို႔ႏွစ္ဦးအတူတူေနၿပီး တစ္ႏွစ္အၾကာမွာေတာ့ မင္းသမီးေလးသာ နဂါးဥေလးႏွစ္ဥကိုေအာင္ျမင္စြာဖြားျမင္ႏိုင္ခဲ့တယ္ ။ ထိုနဂါးဥထဲကနဂါးေလးေတြဟာ လူတစ္ပိုင္းနဂါးတစ္ပိုင္းေလးေတြျဖစ္လာၾကမည္ပင္ ။ သို႔ေသာ္ မင္းသမီးေလးရဲ႕လွပတဲ့ ခႏၶာကိုယ္နဲ႔႐ုပ္ရည္သြင္ျပင္ကေတာ့ တစ္ျဖည္းျဖည္းနဲ႔ ပ်က္စီး၍လာေနၿပီျဖစ္သည္ ။ သူမရဲ႕ လွပတဲ့ဆံႏြယ္ေလးေတြကလည္း တျဖည္းျဖည္းနဲ႔ ကြၽတ္လာကုန္ေလၿပီ ။ ႏုပ်ိဳလွတဲ့သူမရဲ႕ မ်က္ႏွာေလးဟာလည္း အခုဆိုရင္ အေရခြံေတြက ႐ႈံတြကာ အဖြားအိုႀကီးတစ္ဦးလိုပင္ျဖစ္ေနေခ်ၿပီ ။ ထို႔ျပင္ သူမရဲ႕ခႏၶာကိုယ္ဆီမွလည္း မေကာင္းတဲ့အနံ႔အသက္ေတြက စတင္ၿပီးထြက္ေပၚလို႔လာေနၿပီျဖစ္သည္ ။

တစ္ေန႔တစ္ျခားပိုၿပီး ပ်က္ယြင္းလာတဲ့မင္းသမီးေလးဟာ သူမရဲ႕ခင္ပြန္းမင္းသားေလးကို နဂါးဥႏွစ္လုံးကိုယူေဆာင္ၿပီး ဘုံနန္းမွထြက္သြားဖို႔တိုက္တြန္းခဲ့ေပမဲ့ မင္းသားေလးဟာ နဂါးဥေလးႏွစ္လုံးကို သူ႕ရဲ႕နတ္ျမင္းပ်ံႀကီးဆီတင္ၿပီး စာတစ္ေစာင္နဲ႔အတူ လူသားတိုင္းျပည္ကိုေစလႊတ္လိုက္ၿပီး မင္းသားေလးကေတာ့ မင္းသမီးေလးနဲ႔အတူေနထိုင္ရန္ကိုသာေ႐ြးခ်ယ္ခဲ့ေလတယ္ ။

မင္းသမီးေလးဟာ က်ိန္စာမိၿပီးသုံးႏွစ္တိတိျပည့္တဲ့ေန႔မွာတင္ သူမရဲ႕ခႏၶာကိုယ္က အပုတ္ေကာင္လုံးလုံးသို႔ေျပာင္းသြားၿပီး သူမခ်စ္တဲ့မင္းသားေလးရဲ႕လက္အတြင္းမွာပင္ေသဆုံးခဲ့ေလတယ္ ။ မင္းသမီးေလးေသဆုံးၿပီးမၾကာခင္မွာပဲ မင္းသားေလးဟာ မင္းသမီး‌ေလးရဲ႕အေလာင္းကိုေပြ႕ဖက္ကာ ဘုံနန္းရဲ႕‌ေလသာေဆာင္ကေနၿပီး ခုန္ခ်ကာေသေၾကာင္းၾကံခဲ့ေလသည္ ။ ထိုအခ်ိန္မွစၿပီး နဂါးတိုင္းျပည္ရဲ႕ညေကာင္းကင္ႀကီးမွာ ၾကယ္ေလးႏွစ္လုံးထြန္းလင္းလာၿပီး ထိုၾကယ္ေလးႏွစ္လုံးဟာ အၿမဲတမ္းပူးကပ္ေနေလ့႐ွိသတဲ့ကြယ္........။

" ပုံျပင္ေလးကေတာ့ ဒါပါပဲ..."

လျပည့္ညျဖစ္တာေၾကာင့္ ထယ္ေယာင္းနဲ႔ေဂ်ာင္ကုတို႔ႏွစ္ဦးဟာ လသာေဆာင္မွာေနရင္း မက္မြန္ဝိုင္ေလးေသာက္ကာ လကို႐ွဴစားေနျခင္းျဖစ္သည္ ။ ႐ုတ္တရက္ဆန္စြာ ပုံျပင္ေျပာျပခ်င္သည္ဟူေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုမွာ ၾကာေစ့ေတြကို ထယ္ေယာင္းအတြက္ခြာရင္း ထယ္ေယာင္းေျပာသမွ်ကို နားေထာင္ေနရျခင္းျဖစ္သည္ ။

" အခ်စ္...ပုံျပင္ေလးက ဝမ္းနည္းဖို႔ေကာင္းတယ္လို႔မထင္ဘူးလားဟင္ "

" မထင္ပါဘူး...မျဖစ္ႏိုင္တာႀကီးေတြကို ဘယ္သူကမ်ား တစ္ခါမွမျမင္ဖူးတဲ့လူတစ္ေယာက္ကို တစ္ခဏေလးအတြင္းခ်စ္မိသြားမွာတဲ့လဲ... အလကား ကေလးႀကိဳက္ပုံျပင္ေတြ "

ေဂ်ာင္ကုအေျဖေၾကာင့္ ထယ္ေယာင္း၏ နဂိုဝမ္းနည္းစိတ္ေလးဝင္ေနမိတာေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္သြားၿပီး မ်က္ႏွာေလးကခ်က္ခ်င္းကို စူပုပ္လာခဲ့သည္ ။

" ႏွလုံးသားမ႐ွိတဲ့လူ...သိပ္ကိုအ,တာပဲ...ဖူးစာပါရင္ေလ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္မိသြားဖို႔က အခ်ိန္ငါးစကၠန္႔ပဲလိုတယ္...သိဖို႔ ဟြန္႔ "

" အမေလး ဟုတ္ပါၿပီေနာ္...ဒီမွာၾကာေစ့ခြာထားေပးတယ္ စားစရာ႐ွိသာစားစမ္းပါ စကားမ်ားမေနနဲ႔ "

ထိုအခါမွသာ ထယ္ေယာင္းလည္းစိတ္ကိုေလ်ာ့လိုက္ၿပီး ေဂ်ာင္ကုခြာထားေပးသည့္ ၾကာေစ့ကိုေပ်ာ္႐ႊင္စြာစားေလသည္ ။

" အခ်စ္...တကယ္လို႔ေလ တစ္ေန႔မွာ ထယ္ကပုံျပင္ထဲက မင္းသမီးေလးအတိုင္းျဖစ္လာခဲ့ရင္ အခ်စ္က ထယ့္ကိုထားခဲ့မွာလားဟင္ "

ေတြးေတြးစစေျပာလာသည့္ ထယ္ေယာင္း၏စကားက ေဂ်ာင္ကုကိုအေတြးမ်ားေစသည္ ။ ထယ္ေယာင္းသာ ပုံျပင္ထဲကမင္းသမီးေလးအတိုင္းျဖစ္လာရင္ သူထားခဲ့ေလမလား ... ဒါမွမဟုတ္ မင္းသားေလးလိုပဲေသသည္အထိ ဆက္ခ်စ္သြားႏိုင္ေလမလား...သူတကယ္ကိုမေျဖတတ္‌ေခ် ။ ထယ္ေယာင္းက သူ႕ရဲ႕ၾကင္ယာေတာ္ဆိုေပမဲ့ ေယာက်ၤားေလးတစ္ေယာက္ ။ အဲ့ဒီေယာက်ၤားကို သူေသသည္အထိခ်စ္သြားႏိုင္ပါ့မလား ...ေဂ်ာင္ကုတကယ္ မေျဖတတ္ပါ ။

လက္ေထာက္ေက်ာင္းအုပ္ေျပာသလို ကိုယ္ခ်စ္တာက ေယာက်ၤားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ အဓိကက ခ်စ္ေနဖို႔ပဲလိုတယ္ဆိုေပမဲ့လို႔ ထယ္ေယာင္းဟူသည့္ ဤေကာင္ေလးအား တစ္ဘဝလုံးစာ သူတကယ္ခ်စ္မခ်စ္မေသခ်ာေသးေပ ။ ထို႔ေၾကာင့္ ထယ္ေယာင္း၏အေမးကို သူျပန္မေျဖမိပဲ စကားလမ္းေၾကာင္းလႊဲလိုက္မိသည္ ။

" အဟမ္း...တျဖည္းျဖည္းနဲ႔ ညဥ့္နက္လာၿပီ...ေနာက္ႏွစ္ရက္ဆို အမဲလိုက္ပြဲကစေတာ့မွာ ျပင္ဆင္တာေတြအဆင္ေျပရဲ႕လား ေဘဘီ "

" ၿပီးၿပီ...ဝတ္စုံလည္းအဆင္သင့္ ျမႇားတံေတြလည္းအဆင္သင့္ အကုန္အဆင္သင့္ပဲ "

" အင္း...အဲ့ေနက်ရင္ ကိုယ့္အနားမွာပဲေနေနာ္...ဘယ္မွေလွ်ာက္မသြားနဲ႔ "

" အင္းပါ "

" အင္းပါ လုပ္မေနနဲ႔...ကိုယ့္ေျပာစကားကိုေသခ်ာနားေထာင္...ဒီမွာကအင္းပါ အင္းပါေပါ့...ဟိုေရာက္လို႔ေျပာစကားနားမေထာင္ၾကည့္ အျပစ္ေပးခံရမယ္မွတ္ "

" ဟြန္႔...အခ်စ္ကလည္း စိတ္ခ်ည္းပဲ...ထယ့္ကိုဆို ေအာ္မယ္ ေငါက္မယ္ဆိုတာခ်ည္း ထယ္က ကေလးမဟုတ္ေတာ့ပါဘူးေနာ္... အဲ့ေလာက္ေတာ့နားလည္ပါတယ္ "

" ဟမ့္! ေျပာတာပဲ...ဟိုေရာက္မွၾကည့္ၾကေသးတာေပါ့ "

ထိုေန႔ညက စကားေျပာၿပီးေနာက္မွာေတာ့ ထယ္ေယာင္းက သူ႕အေဆာင္သူျပန္သြားခဲ့သည္ ။ ေဂ်ာင္ကုကေတာ့ စာဖတ္ခန္းမွာပင္ အမဲလိုက္ပြဲအတြက္ ျပင္ဆင္စရာ႐ွိတာေတြကိုျပင္ဆင္ရင္း ထယ္ေယာင္းေျပာသမွ်ကိုျပန္လည္စဥ္းစားေနမိသည္ ။ အထူးသျဖင့္ သူ ထယ္ေယာင္းဆိုသည့္ ေကာင္ေလးအား ခ်စ္မိေနၿပီလား ဆိုတာကိုပင္ ။


ျပဇာတ္ငယ္ေလး :

ထယ္ေယာင္း : ပုံျပင္ေျပာျပမယ္

ေဂ်ာင္ကု : ကေလးပုံျပင္ေတြလား ? နားမေထာင္ခ်င္ဘူး....

ထယ္ေယာင္း : အိုး...ဒါဆို လူႀကီးေတြအတြက္ သီးသန္႔ျဖစ္တဲ့ အဝါေရာင္ပုံျပင္ေျပာျပရမလား ?

ေဂ်ာင္ကု : မင္းက ၾကင္ယာေတာ္ဆိုတာကိုလည္းသတိရပါဦး....


----------------------------
(A/N : အဝါပုံျပင္ဆိုတာကေလ အခုေခတ္အေနနဲ႔ေျပာရရင္ အျပာစာေတြကိုေျပာတာ...ေ႐ွးေခတ္မွာက အဲ့လိုစာေတြကို စာအုပ္ဖုံးအဝါေတြမွာေရးတာေလ...အဲ့ေတာ့ အဝါစာေပါ့႐ွင္ XD )

Plz! Vote, Feedback and follow me 🎐





Continue Reading

You'll Also Like

271K 7.9K 89
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
198K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.1M 37.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
457K 31.2K 46
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...