I'm Not A Girl |TK|✓

Da xinyin_wangqi

87.4K 9.2K 442

အချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End... Altro

ရှီလာသို့ကူးပြောင်းခြင်း
လက်ဆက်ခြင်း
သဘောတူညီချက်
မင်္ဂလာအိပ်ခန်းဟူသည်
နန်းတော်သို့ဝင်ရောက်ခြင်း
သတို့သမီးအိမ်တော်သို့ ပထမဆုံးပြန်ခြင်း
ချဉ်ပေါင်သီးများ
လျှို့ဝှက်ချက်တို့ ပေါ်ပေါက်ခြင်း
ကြင်ယာတော်အား ပြန်ခေါ်ခြင်း
တော်ဝင်မီးပုံးပွဲတော်
မန်ဒရင်းမီးပုံးလေး
လက်ဖက်စိမ်းရေနွေးကြမ်း
မင်းသားယူဂျင်
ကြင်ယာတော်၏ တစ်ပတ်တာလုပ်ဆောင်ချက်များ
ဖိတ်ကြားချက်
နဂါးမင်းသမီးလေးပုံပြင်
မနက်စာ
အမဲလိုက်ပွဲ
အတွင်းကျကျထိတွေ့ခြင်း
စစ်ထွက်တော့မည်
ဝိုင်ပြုလုပ်ခြင်း
ကုန်သည်ကိုယ်စားလှယ် အန်းယွမ်
ထက်မြက်လှသည့် ကြင်ယာတော်
လက်ဆောင်
လူပုံအလယ်ဝယ်
အိမ်တော်ပြန်ရောက်ခြင်း
ချစ်စကားတို့ဖွင့်ဟခြင်း
ဆင်တူဝတ်စုံ
Dandelion
ရာထူးဂုဏ်အင်တို့ စွန့်လွှတ်ခြင်း
ချိုမြိန်သောစိတ်ကူးနှင့် ရွာငယ်လေးဆီသို့
ရွာသားတို့၏ ကျန်းမာရေးပြဿနာ
ခွဲခွာခြင်းပြယုဒ်
နောက်ဆုံးသောထွက်သက်
Extra 1 : ပြန်လည်တွေ့ဆုံခြင်း
Extra 2 : Forget About Tomorrow
အမေးအဖြေ

ချစ်ခြင်းတို့ အစပြုရာ

2.2K 250 14
Da xinyin_wangqi

(Unicode)

အပိုင်း - ၁၆

နေ့လည်နေ့ခင်းအချိန် ကောင်းကင်ပြာ၌ တိမ်များကင်းစင်နေပြီး စိမ်းလန်းသည့်မြက်ခင်းပြင်ကျယ်ကြီးတစ်ခုဆီ၌လည်း လေပြေလေညင်းတို့က တဖြူးဖြူးတိုက်ခတ်နေသည် ။ ထိုစဉ် အဝေးတစ်နေရာမှ အရှိန်အဟုန်ဖြင့်ပျံသန်းလာသော မြှားတစ်စင်းသည် ‘ ရွှီ ’ ဟူသောအသံဖြင့် တစ်ဖက်ရှိ ပစ်မှတ်တည့်တည့်သို့ ‘ ဒုတ် ’ ခနဲကျရောက်လေသည် ။

“ အလယ်တည့်တည့်ကို ထိပါတယ် ကြင်ယာတော် ”

‌နံဘေးတွင်ရှိနေသော ကိုယ်ရံတော် ထယ်ဟန်၏စကားကြောင့် ထယ်ယောင်း ပြုံးလိုက်သည် ။
‘ အာ.... သူက 21 ရာစုမှာကတည်း မြှားပစ်တာသိပ်တော်တဲ့ ထိပ်တန်းအဆင့်ရုပ်ရှင်မင်းသားလေ... ဆယ်ပေအကွာလောက်က ပစ်မှတ်ကိုတော့ သူအေးဆေးပစ်နိုင်ပါတယ် ’

ထယ်ယောင်းနှင့် သူ့၏ကိုယ်ရံတော်လေးယောက်တို့ တိုက်ဆိုင်မှုကလည်း တော်တော်လေးကိုရယ်ရသည် ။ သူ့နာမည်က ထယ်ယောင်း... ကိုယ်ရံတော်လေးယောက်၏နာမည်တွေက ထယ်ဟန် ၊ ထယ်ဆို ၊ ထယ်မင်း ၊ ထယ်အို တဲ့... မသိရင်ညီအစ်ကိုအရင်းကြီးတွေကျနေတာပဲ ။ ယန်လေးရဲ့နာမည်ကိုသာ ထယ်ယန်း ‌လို့ပေးကြည့်လိုက်ပါလား... စစ်သူကြီးအိမ်တော်မှာ ‘ ထယ်လူမျိုး ’ ဆိုပြီးပေါ်ပေါက်သွားလေမလားမသိ ။

ယခုတလော နေ့လည်ခင်းပိုင်းတို့တွင် ထယ်ယောင်း မြင်းစီးခြင်းနှင့်မြှားပစ်‌ခြင်းကို အပြင်းအထန်လေ့ကျင့်ဖြစ်နေသည် ။ အကြောင်းမှာ မကြာမီအချိန်တွင်းမှာပင် ဆောင်းဦးရာသီအကြိုတော်ဝင်အမဲလိုက်ပွဲကျင်းပမည်ဖြစ်တာကြောင့်ပင် ။ အမဲလိုက်ပွဲသည် ထုံးစံအားဖြင့် တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပလေ့ရှိသည် ။ ပုံမှန်အားဖြင့်တော့ နွေဦးနှင့်ဆောင်းဦးတို့တွင်ကျင်းပလေ့ရှိသည် ။

သို့သော်ယခုနှစ်ကတော့ ဆောင်းဦးမရောက်ခင် ဆောင်းဦးအကြိုအဖြစ်ကျင်းပမည်ဖြစ်သည် ။ ထိုကဲ့သို့ ကျင်းပရခြင်းအကြောင်းကိုတော့ ဘုရင်မင်းမြတ်နှင့် အမတ်တစ်ချို့သာ သိပေလိမ့်မည် ။ ထယ်ယောင်းကိုယ်တိုင်ပင် ထိုအကြောင်းကိုမသိပေ ။ အချစ်ကိုမေးတော့ ‘ ငါလည်းမသိဘူး ’ ဟုသာပြန်ဖြေလေသည် ။ မဖြေပြချင်တဲ့ အဖြေတစ်ခုအတွက်တော့ ထယ်ယောင်းလည်း လေကုန်ခံပြီးမေးမနေတော့။

နေ့လည်နေ့ခင်း လေ့ကျင့်ရေးအပြီးတွင်တော့ ကျန်ရှိနေသည့် အချိန်များတွင် ထယ်ယောင်းပြုလုပ်လေ့ရှိသည့်အရာမှာ စားသောက်ဆိုင်သို့သွားရောက်ကြည့်ရှုခြင်း (သို့မဟုတ်) အချစ်အတွက် ညနေစာချက်ပြုတ်ပြင်ဆင်ပေးခြင်းပင်ဖြစ်သည် ။ ယခင် 21ရာစုတုန်းက ဟင်းလျာများပြင်ဆင်ချက်ပြုတ်ခြင်းကို ဝါသနာပါခဲ့သော ထယ်ယောင်းသည် အလုပ်ကိစ္စနှင့်များစွာသောအကြောင်းရင်းတို့ကြောင့် ဝါသနာပါသောဟင်းချက်ခြင်းအလုပ်ကိုပြုလုပ်နိုင်စွမ်းမရှိခဲ့ချေ။ ထို့ကြောင့် ယခုလိုတစ်ဖန်ပြန်လည်ရရှိလာသောဘဝအသစ်၌ ယခင်သူမလုပ်ခဲ့ရသည့်အရာများကို အကောင်ထည်ဖော်သွားမည်ပင် ။

ဒီနေ့တော့ဖြင့် ထယ်ယောင်း စားသောက်ဆိုင်သို့မသွားတော့ဘဲ ဂျောင်ကုအတွက်ညစာသာချက်ပြုတ်ပေးတော့မည် ။ ထို့ကြောင့် ထယ်ယောင်းလည်းမြှားပစ်ကွင်းမှ တစ်ဆင့် စားဖိုဆောင်သို့သာတိုက်ရိုက်သွားလိုက်ကာ လင်ဗန်းတစ်ချပ်အား ထောင့်တစ်ခုအတွင်းမှ ထုတ်ယူလိုက်လေသည်။

ထိုစဉ်ဂျောင်ကုကတော့ ဟွာရန်းကျောင်းတော်က ကျောင်းအုပ် ၊ လက်ထောက်ကျောင်းအုပ်တို့နဲ့အတူ အထူးဆောင်အတွင်း၌ စကားလက်ဆုံကျနေမိသည် ။

“ ကျောင်းအုပ်ကြီး...ဒီလောကကြီးမှာလေ မဖြစ်နိုင်တဲ့အရာဆိုတာရှိလား ”

“ စစ်သူကြီးကဘာကိုပြောချင်တာတုန်း ”

“ဟိုလိုလေ...ယော..ယောင်္ကျားအချင်းချင်း... ကြိုက်....”

“ ဟေ...”

ဂျောင်ကု၏စကားကြောင့် ကျောင်းအုပ်‌ရော လက်ထောက်ပါ အံ့ဩသွားမိသည်မှာအမှန်ပင် ။ အရင်တုန်းက စစ်သူကြီးဟွမ်ဂျင်တစ်ယောက် ယောင်္ကျားလေးတွေကိုသာစိတ်ဝင်စားတယ်ဆိုပြီး သတင်းသဲ့သဲ့ထွက်ဖူးသည်မလား.....။ ဒါပေမဲ့ သူတို့ကတော့ မယုံကြည့်ခဲ့ပါဘူး ။ ကောလဟလအနေနဲ့သာ သဘောထားခဲ့တာ ။ အခုတော့ ‘ ယောင်္ကျားအချင်းချင်းကြိုက် ’ ဆိုသည့်စကားကို ကိုယ်တိုင်ထုတ်ပြောလာပြီဆိုတော့ကာ..... စစ်သူကြီးရဲ့ ကြင်ယာတော်က ကန်ထုတ်ခံရတော့မှာများလား....

“ စစ်သူကြီး...မေးချင်တာက ယောင်္ကျားလေးအချင်းချင်းကြိုက်လို့ရလား ဆိုတာကိုလား ”

ဂျောင်ကုခေါင်းသာညိတ်ပြလိုက်မိသည် ။

“ မလုပ်ကောင်းပါဘူး စစ်သူကြီး...ကြင်ယာတော်တောင်မြောက်ထားပြီးနေပြီဟာကို အမျိုးသားကိုယ်လုပ်ဝောာ် တော်ကောက်ချင်သေးသလား....ကြင်ယာတော်ကို အားနာပါဦး...ဆန္ဒကို သိက္ခာနဲ့ထိန်းပါ စစ်သူကြီး ”

“ အဲ...အဲ့လိုပြောတာမဟုတ်ဘူးလေ...ဟို ကျွန်တော်ပြောချင်တာက ကျွန်တော်အကြောင်းမဟုတ်ပါဘူး ”

“ စစ်သူကြီးရဲ့အကြောင်းမဟုတ်ရင် ဘယ်သူ့အကြောင်းလဲ ? ကျွန်တော်မျိုးဖြင့် ဒီရှီလာတစ်ခွင်မှာ ယောင်္ကျားလေးချင်းကြိုက်တာဆိုလို့ စစ်သူကြီးတစ်ယောက်ထဲရှိမှန်း ကြားဖူးထားတာ ”

“ ကျွန်တော်က ကြင်ယာတော်ကြီးငုတ်တုတ်ရှိနေတဲ့ဟာကို အဲ့လိုအခြေအမြစ်မရှိတဲ့ကောလဟာလ တွေကိုယုံနေတုန်းလား ကျောင်းအုပ်ကြီးရဲ့...အခုက ကျွန်တော့်သူငယ်ချင်းရဲ့ သူငယ်ချင်းအကြောင်းလေးကိုပြောပြပြီး အကြံတောင်းချင်လို့ပါဆို ”

“ အိုး...စစ်သူကြီးသူငယ်ချင်းရဲ့ သူငယ်ချင်းအကြောင်းလား ? ဒါဆိုတော့ ပြောပြစမ်းပါဗျာ ”

လက်ထောက်ကျောင်းအုပ်၏ သိလိုစိတ်ပြင်းပြနေသည့် မေးခွန်းကြောင့် ဂျောင်ကုလည်းအားကြိုးမာန်တက်ပြောပြရန်ပြင်လိုက်သည် ။

“ အဟမ်း... ဒီလို...ကျွန်တော့်သူငယ်ချင်းရဲ့ သူငယ်ချင်းက မျိုးရိုးမြင့်သခင်လေးတစ်ယောက်ပါပဲ...သူကတော်လည်းတော်တယ် ၊ ခန့်လည်းခန့်ညားတယ် ၊ ထက်လည်းထက်မြက်တယ်...ဒါပေမဲ့ တစ်နေ့တော့ သူရဲ့မိသားစုက သူ့ကိုမိန်းမပေးစားတယ်... ဖြစ်ချင်တော့ သူ့နဲ့ပေးစားတဲ့အမျိုးသမီးက မျိုးရိုးနိမ့်...ဒီတော့ သူကအစက အဲ့အမျိုးသမီးကိုမလိုချင်ဘူးပေါ့...

ဒါမဲ့ သူယူလိုက်ရတဲ့အမျိုးသမီးကလည်း အရမ်းကိုထက်မြက်တာ...ဒီတော့ သူကလည်း အဲ့မျိုးရိုးနိမ့်အမျိုးသမီးကို သဘောကျစပြုလာတယ်...ဒါပေမဲ့ မကြာလိုက်ဘူး...သူသိလိုက်ရတာက သူ့ရဲ့ထက်မြက်လှချည်ရဲ့ဆိုတဲ့အမျိုးသမီးက မိန်းကလေးဟန်ဆောင်ထားတဲ့ ယောင်္ကျားလေးဖြစ်နေတယ်...အဲ့ကိစ္စကိုသိသွားတာတောင်မှ သူက အဲ့ဒီယောင်္ကျားကို သဘောကျနေမိတယ်တဲ့...အဲ့မျိုးကဖြစ်နိုင်ရဲ့လား ”

“ ဖြစ်နိုင်တာပေါ့... ဘာလို့မဖြစ်နိုင်ရမှာလဲ.. စစ်သူကြီးရဲ့ ”

အားမာန်အပြည့်နဲ့ ပြောလာသည့် လက်ထောက်ကျောင်းအုပ်၏ စကားက ဂျောင်ကုစိတ်ကိုတက်ကြွစေသည် ။

“ ဒီမယ်စစ်သူကြီး...ကိုယ်ချစ်တဲ့သူက ဘယ်သူပဲဖြစ်နေပါစေ ချစ်နေရင် ချစ်တယ်ပဲပေါ့... သူက ယောင်္ကျားမလို့ ၊ မိန်းမမလို့ဆိုတဲ့အရာတွေက တကယ်တော့အလကားပဲ...စစ်သူကြီးက သူ့ကိုချစ်တယ်မလား...ချစ်နေရင်ပြီးပြီလေ...ဘာကိုဂရုစိုက်နေမှာလဲ...လူ့ဘဝကတိုတိုလေးပါ...ရှင်သန်ချိန်ခဏလေးမှာတော့ ကိုယ့်ရဲ့အချစ်တွေကို တစ်ဖက်လူသိအောင် လှပစွာပုံဖော်ပြလိုက်စမ်းပါ ”

“ အေးနော်...အဲ့ဒါလည်းဟုတ်သား ”

ဂျောင်ကုက သူ့အတွေးနဲ့သူနှစ်မြှုပ်သွားတာမို့ လက်ထောက်ကျောင်းအုပ်တစ်ယောက် သူ့ကိုရည်ညွှန်းပြီးပြောသွားတာတောင် ဂျောင်ကုခမျာ ဂရုမထားနိုင်တော့ပေ ။ ကြားထဲက ဟွာရန်းကျောင်းအုပ်မှာတော့ သူ့ရဲ့လက်ထောက်ကို စိတ်ပျက်စွာ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါ၍ ထိုနေရာမှ ထွက်သွားလေသည် ။ ပါးစပ်မှလည်း “ ဒီကောင် ဝတ္ထုတွေ ‌ဖတ်တာများလွန်းနေပြီ ” ဟုတောင်တတွတ်တွတ်ရွတ်သွားသေးသည် ။

ဂျောင်ကုကတော့ သူ့ရဲ့ပန်းနုရောင်အတွေးလေးတွေကို ရင်မှာထွေးပိုက်ရင်း အိမ်တော်ကိုအမြန်ဆုံးပြန်လာခဲ့သည် ။ အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ သူတွေးနေမိတာက လက်ထောက်ကျောင်းအုပ်ပြောသည့်

“ ရှင်သန်ချိန်ခဏလေးမှာတော့ ကိုယ့်ရဲ့အချစ်တွေကို တစ်ဖက်လူသိအောင် လှပစွာပုံဖော်ပြလိုက်စမ်းပါ ”

ဆိုသည့်စကားလုံးတွေပဲဖြစ်သည် ။ ဂျောင်ကု အိမ်ပြန်ရောက်သွားသည့်အချိန်တွင် ထယ်ယောင်းကလည်း ချက်ပြုတ်ပြီးလို့ စားဖိုဆောင်မှထွက်လာချိန်ဖြစ်သည် ။ ထယ်ယောင်းက အပြင်မှပြန်ရောက်လာသည့် ဂျောင်ကုကိုတွေ့တော့ ကိုင်ထားသည့်လက်သုတ်ပဝါအား ယန်‌လေးဆီပစ်ပေးလိုက်ကာ ဂျောင်ကုဆီသို့ပြေးသွားသည် ။

“ အချစ်...ပြန်ရောက်ပြီလား ”

ထယ်ယောင်းက ပါးစပ်မှလည်းအော်ဟစ်ရင်း လူကလည်းဂျောင်ကုဆီပြေးသွားကာ ဂျောင်ကု၏ ညာဖက်လက်မောင်းကို လက်နှစ်ဖက်နဲ့ ချိတ်တွယ်လိုက်သည် ။ ဂျောင်ကုကလည်း အိမ်ပြန်ရောက်ရောက်ချင်း သူ့ဆီသို့တန်းတန်းမတ်မတ်ပြေးလာကာ သူ၏လက်ကိုလာချိတ်သည့် ကလေးလေး ၊ ဘေဘီလေးကိုကြည့်ပြီး အသည်းယားလာတာကြောင့် လွတ်နေသည့်ဘယ်ဘက်လက်ကိုမြောက်ကာ သူသိပ်ချစ်ရသည့် ပေါက်စီလုံးလေးလို ပါးလေးကိုဆွဲလိုက်သည် ။

ပြောသာမပြောတာ ထယ်ယောင်း၏ ပါးလေးနှစ်ဖက်က သူနှင့်လက်ဆက်ပြီးနောက်ပိုင်းတွင် ပို၍ဖောင်းလာသည့်အပြင် ဗိုက်ကလေးကလည်း ပို၍ စူထွက်လာသည် ။ ဒါကအခြားလူတွေအတွက် ဝတယ်လို့ဆိုနိုင်ပေမဲ့ ဂျောင်ကုအတွက်ကတော့ ထယ်ယောင်းတစ်ယောက်ပိုပိုဝလာလေလေ သူပိုပြီးတော့ ချစ်မိလာလေလေပဲဖြစ်သည် ။

“ အင်း...ကိုယ်ပြန်လာပြီ...ဘေဘီ ဒီတစ်နေကုန်ဘာလုပ်နေတာလဲ ”

“ မြင်းစီးနဲ့မြှားပစ်တာကိုလေ့ကျင့်တယ်...ပြီးတော့ အချစ်ပြန်လာရင် အဆင်သင့်စားနိုင်ဖို့အတွက် ညစာချက်ပြုတ်ပေးနေတာ ”

“ ဟေ...ဒါဆိုဒီည ဘေဘီလေးကိုယ်တိုင်ချက်တာကိုစားရမှာပေါ့ ”

“ အင်း...အာ့ကြောင့်လေ ရေမြန်မြန်သွားချိုးတော့နော်...ခ‌ဏနေ ဟင်းတွေကအေးသွားလိမ့်မယ် ”

“ ကောင်းပါပြီ...ခဏပဲစောင့်နော် ကိုယ်ရေမြန်မြန်ချိုးပြီး ထွက်လာခဲ့မယ် ”

“ အွန်း ”

ဂျောင်ကု ရေချိုးပြီးထွက်လာသည့် အချိန်မှာတော့ ထယ်ယောင်းက ဇွန်းလေးနှစ်ချောင်းကိုင်ပြီး ဧည့်ခန်းဆောင်က ထမင်းစားစာပွဲလေးမှာထိုင်ပြီးတော့စောင့်နေသည် ။

“ ဘေဘီ... ဟင်းပွဲတွေရော ? ”

“ အကုန်ပြင်ဆင်လို့ပြီးပါပြီ အချစ်ရဲ့... ဒီမှာလာထိုင် ”

ဂျောင်ကုလည်း ထယ်ယောင်းပြောသည့်အတိုင်း ထယ်ယောင်း၏ ဘေးဘက်တွင်ဝင်ထိုင်လိုက်သည် ။ ဂျောင်ကုထိုင်ပြီးပြီးချင်း ထယ်ယောင်းက ဂျောင်ကုလက်ထဲသို့ ဇွန်းတစ်ချောင်းထည့်လာပေးသည် ။ ဂျောင်ကု သူ့လက်ထဲကိုင်ထားမိသည့် ဇွန်းကိုကြောင်ပြီး ကြည့်နေမိစဉ် ထယ်ယောင်းက လက်ခုပ်နှစ်ချက်တီးလိုက်သည် ။ ထယ်ယောင်း၏ လက်ခုပ်သံအဆုံး ‌အစေခံနှစ်ဦးသည် ဧည့်ခန်းတွင်းသို့ လင်ဗန်းကြီးတစ်ချပ်ကိုကိုင်၍ ဝင်လာကြသည် ။ လင်ဗန်းပေါ်ရှိ တောင်လိုပုံနေသော အစားအသောက်ကြောင့် အစေခံနှစ်ဦးမှာလည်း အသက်ပင်ရဲရဲမျှမရှူရဲဘဲ သတိကြီးစွာထား၍ သယ်လာရသည် ။

ထိုအစားအသောက်ဗန်းကြီးကို ထယ်ယောင်းနှင့်ဂျောင်ကုရှေ့ရှိ စာပွဲပေါ်သို့တင်ပြီးသည့်နောက်တွင် အစေခံတို့က အပြင်သို့ပြန်ထွက်သွားကြသည် ။ ဂျောင်ကုလည်း သူ့ရှေ့၌ရှိနေသော အစားအသောက်ဗန်းကြီးကိုကြည့်၍ အံ့ဩမင်သက်နေသည် ။

“ ဘေဘီ...ဒါက ဘာဟင်းလျာကြီးလဲ ”

“ ဒါကဘယ်နေရာမှာမှမရနိုင်တဲ့ အချစ်တစ်ဦးတည်းအတွက် အထူးရှယ်ရှီလာထမင်းသုပ်...ပြီးတော့ အပေါ်ကဟာက သိုးခြေထောက်ကင် ”

ယုံကြည်ချက်အပြည့်နှင့်ပြောနေသည့် ထယ်ယောင်းကိုကြည့်ပြီး ဂျောင်ကုမှာရယ်ချင်လာမိသည် ။ ကဲပါလေ ... ဒီရဲ့အထူးရှယ် ရှီလာထမင်းသုပ်က အမြင်တော့သိပ်မလှပေမဲ့ အရသာကတော့ ကောင်းမှာပါ... ဘာလို့ဆို ဘေဘီကိုယ်တိုင်လုပ်ထားပေးတာလေ ။ ဂျောင်ကုလည်း ထိုကဲ့သို့သာနှလုံးသွင်း၍ ထမင်းသုပ်ကိုတစ်ဇွန်းခပ်စားလိုက်သော် သူထင်သကဲ့သို့ပင် အနှီထမင်းသုပ်က အမြင်မလှပေမဲ့ အရသာကတော့ တမူထူးခြားပြီးကောင်းမွန်လှသည် ။ ထို့ကြောင့် ဂျောင်ကုလည်း ရှီလာထမင်းသုပ်ကို အလျင်အမြန် လွေးလေတော့သည် ။

ထယ်ယောင်းလည်း လာစားမည့်သူမရှိတာတောင် အလျင်အမြန်စားနေသည့် ဂျောင်ကုကိုကြည့်ပြီး သူမစားလိုက်ရမှာစိုးတာကြောင့် အလျင်အမြန်လိုက်စားရပေတော့သည် ။ညစာကို မြိန်ရည်ရှက်ရည်စားပြီးသည့်နောက်တွင် အစေခံနှစ်ဦးသည် လင်ဗန်းကိုလာရောက်သိမ်းဆည်းကြသည် ။ ထိုအချိန်မှ ဂျောင်ကုသည် လင်ဗန်း၏ ပုံးစံကိုသတိထားလိုက်မိသည် ။

“ ဘေဘီ...ကိုယ်အဲ့လင်ဗန်းကိုရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ “

“ အင်းလေ....အဲ့တာမင်္ဂလာဦးညတုန်းက ထယ်ယူလာတဲ့ လင်ဗန်းပဲဟာကို ”

“ အမ် ? ”



ပြဇာတ်ငယ်လေး :

ဂျောင်ကု - သူ့ကိုမှချစ်မိနေပါသည်~~~

လက်ထောက်ကျောင်းအုပ် - ဘယ်သူ့ကိုလဲ ?

ဂျောင်ကု - ကောင်လေးတစ်ယောက်ကို

ကျောင်းအုပ်ကြီး - ဆန္ဒကိုသိက္ခာနဲ့ထိန်းပါ စစ်သူကြီး...ကြင်ယာတော်က အလကားမြှောက်ထားတာမဟုတ်ဘူးလေ...

ဂျောင်ကု - မရဘူး...မထိန်းနိုင်ဘူး ချစ်မှာပဲ

----------------------------
Plz! Vote, Feedback and follow me 🎐









(Zawgyi)

အပိုင္း - ၁၆

ေန႔လည္ေန႔ခင္းအခ်ိန္ ေကာင္းကင္ျပာ၌ တိမ္မ်ားကင္းစင္ေနၿပီး စိမ္းလန္းသည့္ျမက္ခင္းျပင္က်ယ္ႀကီးတစ္ခုဆီ၌လည္း ေလေျပေလညင္းတို႔က တျဖဴးျဖဴးတိုက္ခတ္ေနသည္ ။ ထိုစဥ္ အေဝးတစ္ေနရာမွ အ႐ွိန္အဟုန္ျဖင့္ပ်ံသန္းလာေသာ ျမႇားတစ္စင္းသည္ ‘ ႐ႊီ ’ ဟူေသာအသံျဖင့္ တစ္ဖက္႐ွိ ပစ္မွတ္တည့္တည့္သို႔ ‘ ဒုတ္ ’ ခနဲက်ေရာက္ေလသည္ ။

“ အလယ္တည့္တည့္ကို ထိပါတယ္ ၾကင္ယာေတာ္ ”

‌နံေဘးတြင္႐ွိေနေသာ ကိုယ္ရံေတာ္ ထယ္ဟန္၏စကားေၾကာင့္ ထယ္ေယာင္း ျပဳံးလိုက္သည္ ။
‘ အာ.... သူက 21 ရာစုမွာကတည္း ျမႇားပစ္တာသိပ္ေတာ္တဲ့ ထိပ္တန္းအဆင့္႐ုပ္႐ွင္မင္းသားေလ... ဆယ္ေပအကြာေလာက္က ပစ္မွတ္ကိုေတာ့ သူေအးေဆးပစ္ႏိုင္ပါတယ္ ’

ထယ္ေယာင္းႏွင့္ သူ႕၏ကိုယ္ရံေတာ္ေလးေယာက္တို႔ တိုက္ဆိုင္မႈကလည္း ေတာ္ေတာ္ေလးကိုရယ္ရသည္ ။ သူ႕နာမည္က ထယ္ေယာင္း... ကိုယ္ရံေတာ္ေလးေယာက္၏နာမည္ေတြက ထယ္ဟန္ ၊ ထယ္ဆို ၊ ထယ္မင္း ၊ ထယ္အို တဲ့... မသိရင္ညီအစ္ကိုအရင္းႀကီးေတြက်ေနတာပဲ ။ ယန္ေလးရဲ႕နာမည္ကိုသာ ထယ္ယန္း ‌လို႔ေပးၾကည့္လိုက္ပါလား... စစ္သူႀကီးအိမ္ေတာ္မွာ ‘ ထယ္လူမ်ိဳး ’ ဆိုၿပီးေပၚေပါက္သြားေလမလားမသိ ။

ယခုတေလာ ေန႔လည္ခင္းပိုင္းတို႔တြင္ ထယ္ေယာင္း ျမင္းစီးျခင္းႏွင့္ျမႇားပစ္‌ျခင္းကို အျပင္းအထန္ေလ့က်င့္ျဖစ္ေနသည္ ။ အေၾကာင္းမွာ မၾကာမီအခ်ိန္တြင္းမွာပင္ ေဆာင္းဦးရာသီအႀကိဳေတာ္ဝင္အမဲလိုက္ပြဲက်င္းပမည္ျဖစ္တာေၾကာင့္ပင္ ။ အမဲလိုက္ပြဲသည္ ထုံးစံအားျဖင့္ တစ္ႏွစ္လွ်င္ႏွစ္ႀကိမ္က်င္းပေလ့႐ွိသည္ ။ ပုံမွန္အားျဖင့္ေတာ့ ေႏြဦးႏွင့္ေဆာင္းဦးတို႔တြင္က်င္းပေလ့႐ွိသည္ ။

သို႔ေသာ္ယခုႏွစ္ကေတာ့ ေဆာင္းဦးမေရာက္ခင္ ေဆာင္းဦးအႀကိဳအျဖစ္က်င္းပမည္ျဖစ္သည္ ။ ထိုကဲ့သို႔ က်င္းပရျခင္းအေၾကာင္းကိုေတာ့ ဘုရင္မင္းျမတ္ႏွင့္ အမတ္တစ္ခ်ိဳ႕သာ သိေပလိမ့္မည္ ။ ထယ္ေယာင္းကိုယ္တိုင္ပင္ ထိုအေၾကာင္းကိုမသိေပ ။ အခ်စ္ကိုေမးေတာ့ ‘ ငါလည္းမသိဘူး ’ ဟုသာျပန္ေျဖေလသည္ ။ မေျဖျပခ်င္တဲ့ အေျဖတစ္ခုအတြက္ေတာ့ ထယ္ေယာင္းလည္း ေလကုန္ခံၿပီးေမးမေနေတာ့။

ေန႔လည္ေန႔ခင္း ေလ့က်င့္ေရးအၿပီးတြင္ေတာ့ က်န္႐ွိေနသည့္ အခ်ိန္မ်ားတြင္ ထယ္ေယာင္းျပဳလုပ္ေလ့႐ွိသည့္အရာမွာ စားေသာက္ဆိုင္သို႔သြားေရာက္ၾကည့္႐ႈျခင္း (သို႔မဟုတ္) အခ်စ္အတြက္ ညေနစာခ်က္ျပဳတ္ျပင္ဆင္ေပးျခင္းပင္ျဖစ္သည္ ။ ယခင္ 21ရာစုတုန္းက ဟင္းလ်ာမ်ားျပင္ဆင္ခ်က္ျပဳတ္ျခင္းကို ဝါသနာပါခဲ့ေသာ ထယ္ေယာင္းသည္ အလုပ္ကိစၥႏွင့္မ်ားစြာေသာအေၾကာင္းရင္းတို႔ေၾကာင့္ ဝါသနာပါေသာဟင္းခ်က္ျခင္းအလုပ္ကိုျပဳလုပ္ႏိုင္စြမ္းမ႐ွိခဲ့ေခ်။ ထို႔ေၾကာင့္ ယခုလိုတစ္ဖန္ျပန္လည္ရ႐ွိလာေသာဘဝအသစ္၌ ယခင္သူမလုပ္ခဲ့ရသည့္အရာမ်ားကို အေကာင္ထည္ေဖာ္သြားမည္ပင္ ။

ဒီေန႔ေတာ့ျဖင့္ ထယ္ေယာင္း စားေသာက္ဆိုင္သို႔မသြားေတာ့ဘဲ ေဂ်ာင္ကုအတြက္ညစာသာခ်က္ျပဳတ္ေပးေတာ့မည္ ။ ထို႔ေၾကာင့္ ထယ္ေယာင္းလည္းျမႇားပစ္ကြင္းမွ တစ္ဆင့္ စားဖိုေဆာင္သို႔သာတိုက္႐ိုက္သြားလိုက္ကာ လင္ဗန္းတစ္ခ်ပ္အား ေထာင့္တစ္ခုအတြင္းမွ ထုတ္ယူလိုက္ေလသည္။

ထိုစဥ္ေဂ်ာင္ကုကေတာ့ ဟြာရန္းေက်ာင္းေတာ္က ေက်ာင္းအုပ္ ၊ လက္ေထာက္ေက်ာင္းအုပ္တို႔နဲ႔အတူ အထူးေဆာင္အတြင္း၌ စကားလက္ဆုံက်ေနမိသည္ ။

“ ေက်ာင္းအုပ္ႀကီး...ဒီေလာကႀကီးမွာေလ မျဖစ္ႏိုင္တဲ့အရာဆိုတာ႐ွိလား ”

“ စစ္သူႀကီးကဘာကိုေျပာခ်င္တာတုန္း ”

“ဟိုလိုေလ...ေယာ..ေယာက်ၤားအခ်င္းခ်င္း... ႀကိဳက္....”

“ ေဟ...”

ေဂ်ာင္ကု၏စကားေၾကာင့္ ေက်ာင္းအုပ္‌ေရာ လက္ေထာက္ပါ အံ့ဩသြားမိသည္မွာအမွန္ပင္ ။ အရင္တုန္းက စစ္သူႀကီးဟြမ္ဂ်င္တစ္ေယာက္ ေယာက်ၤားေလးေတြကိုသာစိတ္ဝင္စားတယ္ဆိုၿပီး သတင္းသဲ့သဲ့ထြက္ဖူးသည္မလား.....။ ဒါေပမဲ့ သူတို႔ကေတာ့ မယုံၾကည့္ခဲ့ပါဘူး ။ ေကာလဟလအေနနဲ႔သာ သေဘာထားခဲ့တာ ။ အခုေတာ့ ‘ ေယာက်ၤားအခ်င္းခ်င္းႀကိဳက္ ’ ဆိုသည့္စကားကို ကိုယ္တိုင္ထုတ္ေျပာလာၿပီဆိုေတာ့ကာ..... စစ္သူႀကီးရဲ႕ ၾကင္ယာေတာ္က ကန္ထုတ္ခံရေတာ့မွာမ်ားလား....

“ စစ္သူႀကီး...ေမးခ်င္တာက ေယာက်ၤားေလးအခ်င္းခ်င္းႀကိဳက္လို႔ရလား ဆိုတာကိုလား ”

ေဂ်ာင္ကုေခါင္းသာညိတ္ျပလိုက္မိသည္ ။

“ မလုပ္ေကာင္းပါဘူး စစ္သူႀကီး...ၾကင္ယာေတာ္ေတာင္ေျမာက္ထားၿပီးေနၿပီဟာကို အမ်ိဳးသားကိုယ္လုပ္ေဝာာ္ ေတာ္ေကာက္ခ်င္ေသးသလား....ၾကင္ယာေတာ္ကို အားနာပါဦး...ဆႏၵကို သိကၡာနဲ႔ထိန္းပါ စစ္သူႀကီး ”

“ အဲ...အဲ့လိုေျပာတာမဟုတ္ဘူးေလ...ဟို ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ္အေၾကာင္းမဟုတ္ပါဘူး ”

“ စစ္သူႀကီးရဲ႕အေၾကာင္းမဟုတ္ရင္ ဘယ္သူ႕အေၾကာင္းလဲ ? ကြၽန္ေတာ္မ်ိဳးျဖင့္ ဒီ႐ွီလာတစ္ခြင္မွာ ေယာက်ၤားေလးခ်င္းႀကိဳက္တာဆိုလို႔ စစ္သူႀကီးတစ္ေယာက္ထဲ႐ွိမွန္း ၾကားဖူးထားတာ ”

“ ကြၽန္ေတာ္က ၾကင္ယာေတာ္ႀကီးငုတ္တုတ္႐ွိေနတဲ့ဟာကို အဲ့လိုအေျခအျမစ္မ႐ွိတဲ့ေကာလဟာလ ေတြကိုယုံေနတုန္းလား ေက်ာင္းအုပ္ႀကီးရဲ႕...အခုက ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ သူငယ္ခ်င္းအေၾကာင္းေလးကိုေျပာျပၿပီး အၾကံေတာင္းခ်င္လို႔ပါဆို ”

“ အိုး...စစ္သူႀကီးသူငယ္ခ်င္းရဲ႕ သူငယ္ခ်င္းအေၾကာင္းလား ? ဒါဆိုေတာ့ ေျပာျပစမ္းပါဗ်ာ ”

လက္ေထာက္ေက်ာင္းအုပ္၏ သိလိုစိတ္ျပင္းျပေနသည့္ ေမးခြန္းေၾကာင့္ ေဂ်ာင္ကုလည္းအားႀကိဳးမာန္တက္ေျပာျပရန္ျပင္လိုက္သည္ ။

“ အဟမ္း... ဒီလို...ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ သူငယ္ခ်င္းက မ်ိဳး႐ိုးျမင့္သခင္ေလးတစ္ေယာက္ပါပဲ...သူကေတာ္လည္းေတာ္တယ္ ၊ ခန္႔လည္းခန္႔ညားတယ္ ၊ ထက္လည္းထက္ျမက္တယ္...ဒါေပမဲ့ တစ္ေန႔ေတာ့ သူရဲ႕မိသားစုက သူ႕ကိုမိန္းမေပးစားတယ္... ျဖစ္ခ်င္ေတာ့ သူ႕နဲ႔ေပးစားတဲ့အမ်ိဳးသမီးက မ်ိဳး႐ိုးနိမ့္...ဒီေတာ့ သူကအစက အဲ့အမ်ိဳးသမီးကိုမလိုခ်င္ဘူးေပါ့...

ဒါမဲ့ သူယူလိုက္ရတဲ့အမ်ိဳးသမီးကလည္း အရမ္းကိုထက္ျမက္တာ...ဒီေတာ့ သူကလည္း အဲ့မ်ိဳး႐ိုးနိမ့္အမ်ိဳးသမီးကို သေဘာက်စျပဳလာတယ္...ဒါေပမဲ့ မၾကာလိုက္ဘူး...သူသိလိုက္ရတာက သူ႕ရဲ႕ထက္ျမက္လွခ်ည္ရဲ႕ဆိုတဲ့အမ်ိဳးသမီးက မိန္းကေလးဟန္ေဆာင္ထားတဲ့ ေယာက်ၤားေလးျဖစ္ေနတယ္...အဲ့ကိစၥကိုသိသြားတာေတာင္မွ သူက အဲ့ဒီေယာက်ၤားကို သေဘာက်ေနမိတယ္တဲ့...အဲ့မ်ိဳးကျဖစ္ႏိုင္ရဲ႕လား ”

“ ျဖစ္ႏိုင္တာေပါ့... ဘာလို႔မျဖစ္ႏိုင္ရမွာလဲ.. စစ္သူႀကီးရဲ႕ ”

အားမာန္အျပည့္နဲ႔ ေျပာလာသည့္ လက္ေထာက္ေက်ာင္းအုပ္၏ စကားက ေဂ်ာင္ကုစိတ္ကိုတက္ႂကြေစသည္ ။

“ ဒီမယ္စစ္သူႀကီး...ကိုယ္ခ်စ္တဲ့သူက ဘယ္သူပဲျဖစ္ေနပါေစ ခ်စ္ေနရင္ ခ်စ္တယ္ပဲေပါ့... သူက ေယာက်ၤားမလို႔ ၊ မိန္းမမလို႔ဆိုတဲ့အရာေတြက တကယ္ေတာ့အလကားပဲ...စစ္သူႀကီးက သူ႕ကိုခ်စ္တယ္မလား...ခ်စ္ေနရင္ၿပီးၿပီေလ...ဘာကိုဂ႐ုစိုက္ေနမွာလဲ...လူ႕ဘဝကတိုတိုေလးပါ...႐ွင္သန္ခ်ိန္ခဏေလးမွာေတာ့ ကိုယ့္ရဲ႕အခ်စ္ေတြကို တစ္ဖက္လူသိေအာင္ လွပစြာပုံေဖာ္ျပလိုက္စမ္းပါ ”

“ ေအးေနာ္...အဲ့ဒါလည္းဟုတ္သား ”

ေဂ်ာင္ကုက သူ႕အေတြးနဲ႔သူႏွစ္ျမႇဳပ္သြားတာမို႔ လက္ေထာက္ေက်ာင္းအုပ္တစ္ေယာက္ သူ႕ကိုရည္ၫႊန္းၿပီးေျပာသြားတာေတာင္ ေဂ်ာင္ကုခမ်ာ ဂ႐ုမထားႏိုင္ေတာ့ေပ ။ ၾကားထဲက ဟြာရန္းေက်ာင္းအုပ္မွာေတာ့ သူ႕ရဲ႕လက္ေထာက္ကို စိတ္ပ်က္စြာ တစ္ခ်က္ၾကည့္လိုက္ၿပီး ေခါင္းခါ၍ ထိုေနရာမွ ထြက္သြားေလသည္ ။ ပါးစပ္မွလည္း “ ဒီေကာင္ ဝတၳဳေတြ ‌ဖတ္တာမ်ားလြန္းေနၿပီ ” ဟုေတာင္တတြတ္တြတ္႐ြတ္သြားေသးသည္ ။

ေဂ်ာင္ကုကေတာ့ သူ႕ရဲ႕ပန္းႏုေရာင္အေတြးေလးေတြကို ရင္မွာေထြးပိုက္ရင္း အိမ္ေတာ္ကိုအျမန္ဆုံးျပန္လာခဲ့သည္ ။ အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးမွာ သူေတြးေနမိတာက လက္ေထာက္ေက်ာင္းအုပ္ေျပာသည့္

“ ႐ွင္သန္ခ်ိန္ခဏေလးမွာေတာ့ ကိုယ့္ရဲ႕အခ်စ္ေတြကို တစ္ဖက္လူသိေအာင္ လွပစြာပုံေဖာ္ျပလိုက္စမ္းပါ ”

ဆိုသည့္စကားလုံးေတြပဲျဖစ္သည္ ။ ေဂ်ာင္ကု အိမ္ျပန္ေရာက္သြားသည့္အခ်ိန္တြင္ ထယ္ေယာင္းကလည္း ခ်က္ျပဳတ္ၿပီးလို႔ စားဖိုေဆာင္မွထြက္လာခ်ိန္ျဖစ္သည္ ။ ထယ္ေယာင္းက အျပင္မွျပန္ေရာက္လာသည့္ ေဂ်ာင္ကုကိုေတြ႕ေတာ့ ကိုင္ထားသည့္လက္သုတ္ပဝါအား ယန္‌ေလးဆီပစ္ေပးလိုက္ကာ ေဂ်ာင္ကုဆီသို႔ေျပးသြားသည္ ။

“ အခ်စ္...ျပန္ေရာက္ၿပီလား ”

ထယ္ေယာင္းက ပါးစပ္မွလည္းေအာ္ဟစ္ရင္း လူကလည္းေဂ်ာင္ကုဆီေျပးသြားကာ ေဂ်ာင္ကု၏ ညာဖက္လက္ေမာင္းကို လက္ႏွစ္ဖက္နဲ႔ ခ်ိတ္တြယ္လိုက္သည္ ။ ေဂ်ာင္ကုကလည္း အိမ္ျပန္ေရာက္ေရာက္ခ်င္း သူ႕ဆီသို႔တန္းတန္းမတ္မတ္ေျပးလာကာ သူ၏လက္ကိုလာခ်ိတ္သည့္ ကေလးေလး ၊ ေဘဘီေလးကိုၾကည့္ၿပီး အသည္းယားလာတာေၾကာင့္ လြတ္ေနသည့္ဘယ္ဘက္လက္ကိုေျမာက္ကာ သူသိပ္ခ်စ္ရသည့္ ေပါက္စီလုံးေလးလို ပါးေလးကိုဆြဲလိုက္သည္ ။

ေျပာသာမေျပာတာ ထယ္ေယာင္း၏ ပါးေလးႏွစ္ဖက္က သူႏွင့္လက္ဆက္ၿပီးေနာက္ပိုင္းတြင္ ပို၍ေဖာင္းလာသည့္အျပင္ ဗိုက္ကေလးကလည္း ပို၍ စူထြက္လာသည္ ။ ဒါကအျခားလူေတြအတြက္ ဝတယ္လို႔ဆိုႏိုင္ေပမဲ့ ေဂ်ာင္ကုအတြက္ကေတာ့ ထယ္ေယာင္းတစ္ေယာက္ပိုပိုဝလာေလေလ သူပိုၿပီးေတာ့ ခ်စ္မိလာေလေလပဲျဖစ္သည္ ။

“ အင္း...ကိုယ္ျပန္လာၿပီ...ေဘဘီ ဒီတစ္ေနကုန္ဘာလုပ္ေနတာလဲ ”

“ ျမင္းစီးနဲ႔ျမႇားပစ္တာကိုေလ့က်င့္တယ္...ၿပီးေတာ့ အခ်စ္ျပန္လာရင္ အဆင္သင့္စားႏိုင္ဖို႔အတြက္ ညစာခ်က္ျပဳတ္ေပးေနတာ ”

“ ေဟ...ဒါဆိုဒီည ေဘဘီေလးကိုယ္တိုင္ခ်က္တာကိုစားရမွာေပါ့ ”

“ အင္း...အာ့ေၾကာင့္ေလ ေရျမန္ျမန္သြားခ်ိဳးေတာ့ေနာ္...ခ‌ဏေန ဟင္းေတြကေအးသြားလိမ့္မယ္ ”

“ ေကာင္းပါၿပီ...ခဏပဲေစာင့္ေနာ္ ကိုယ္ေရျမန္ျမန္ခ်ိဳးၿပီး ထြက္လာခဲ့မယ္ ”

“ အြန္း ”

ေဂ်ာင္ကု ေရခ်ိဳးၿပီးထြက္လာသည့္ အခ်ိန္မွာေတာ့ ထယ္ေယာင္းက ဇြန္းေလးႏွစ္ေခ်ာင္းကိုင္ၿပီး ဧည့္ခန္းေဆာင္က ထမင္းစားစာပြဲေလးမွာထိုင္ၿပီးေတာ့ေစာင့္ေနသည္ ။

“ ေဘဘီ... ဟင္းပြဲေတြေရာ ? ”

“ အကုန္ျပင္ဆင္လို႔ၿပီးပါၿပီ အခ်စ္ရဲ႕... ဒီမွာလာထိုင္ ”

ေဂ်ာင္ကုလည္း ထယ္ေယာင္းေျပာသည့္အတိုင္း ထယ္ေယာင္း၏ ေဘးဘက္တြင္ဝင္ထိုင္လိုက္သည္ ။ ေဂ်ာင္ကုထိုင္ၿပီးၿပီးခ်င္း ထယ္ေယာင္းက ေဂ်ာင္ကုလက္ထဲသို႔ ဇြန္းတစ္ေခ်ာင္းထည့္လာေပးသည္ ။ ေဂ်ာင္ကု သူ႕လက္ထဲကိုင္ထားမိသည့္ ဇြန္းကိုေၾကာင္ၿပီး ၾကည့္ေနမိစဥ္ ထယ္ေယာင္းက လက္ခုပ္ႏွစ္ခ်က္တီးလိုက္သည္ ။ ထယ္ေယာင္း၏ လက္ခုပ္သံအဆုံး ‌အေစခံႏွစ္ဦးသည္ ဧည့္ခန္းတြင္းသို႔ လင္ဗန္းႀကီးတစ္ခ်ပ္ကိုကိုင္၍ ဝင္လာၾကသည္ ။ လင္ဗန္းေပၚ႐ွိ ေတာင္လိုပုံေနေသာ အစားအေသာက္ေၾကာင့္ အေစခံႏွစ္ဦးမွာလည္း အသက္ပင္ရဲရဲမွ်မ႐ွဴရဲဘဲ သတိႀကီးစြာထား၍ သယ္လာရသည္ ။

ထိုအစားအေသာက္ဗန္းႀကီးကို ထယ္ေယာင္းႏွင့္ေဂ်ာင္ကုေ႐ွ႕႐ွိ စာပြဲေပၚသို႔တင္ၿပီးသည့္ေနာက္တြင္ အေစခံတို႔က အျပင္သို႔ျပန္ထြက္သြားၾကသည္ ။ ေဂ်ာင္ကုလည္း သူ႕ေ႐ွ႕၌႐ွိေနေသာ အစားအေသာက္ဗန္းႀကီးကိုၾကည့္၍ အံ့ဩမင္သက္ေနသည္ ။

“ ေဘဘီ...ဒါက ဘာဟင္းလ်ာႀကီးလဲ ”

“ ဒါကဘယ္ေနရာမွာမွမရႏိုင္တဲ့ အခ်စ္တစ္ဦးတည္းအတြက္ အထူး႐ွယ္႐ွီလာထမင္းသုပ္...ၿပီးေတာ့ အေပၚကဟာက သိုးေျခေထာက္ကင္ ”

ယုံၾကည္ခ်က္အျပည့္ႏွင့္ေျပာေနသည့္ ထယ္ေယာင္းကိုၾကည့္ၿပီး ေဂ်ာင္ကုမွာရယ္ခ်င္လာမိသည္ ။ ကဲပါေလ ... ဒီရဲ႕အထူး႐ွယ္ ႐ွီလာထမင္းသုပ္က အျမင္ေတာ့သိပ္မလွေပမဲ့ အရသာကေတာ့ ေကာင္းမွာပါ... ဘာလို႔ဆို ေဘဘီကိုယ္တိုင္လုပ္ထားေပးတာေလ ။ ေဂ်ာင္ကုလည္း ထိုကဲ့သို႔သာႏွလုံးသြင္း၍ ထမင္းသုပ္ကိုတစ္ဇြန္းခပ္စားလိုက္ေသာ္ သူထင္သကဲ့သို႔ပင္ အႏွီထမင္းသုပ္က အျမင္မလွေပမဲ့ အရသာကေတာ့ တမူထူးျခားၿပီးေကာင္းမြန္လွသည္ ။ ထို႔ေၾကာင့္ ေဂ်ာင္ကုလည္း ႐ွီလာထမင္းသုပ္ကို အလ်င္အျမန္ ေလြးေလေတာ့သည္ ။

ထယ္ေယာင္းလည္း လာစားမည့္သူမ႐ွိတာေတာင္ အလ်င္အျမန္စားေနသည့္ ေဂ်ာင္ကုကိုၾကည့္ၿပီး သူမစားလိုက္ရမွာစိုးတာေၾကာင့္ အလ်င္အျမန္လိုက္စားရေပေတာ့သည္ ။ညစာကို ၿမိန္ရည္႐ွက္ရည္စားၿပီးသည့္ေနာက္တြင္ အေစခံႏွစ္ဦးသည္ လင္ဗန္းကိုလာေရာက္သိမ္းဆည္းၾကသည္ ။ ထိုအခ်ိန္မွ ေဂ်ာင္ကုသည္ လင္ဗန္း၏ ပုံးစံကိုသတိထားလိုက္မိသည္ ။

“ ေဘဘီ...ကိုယ္အဲ့လင္ဗန္းကိုရင္းရင္းႏွီးႏွီးျမင္ဖူးေနသလိုပဲ “

“ အင္းေလ....အဲ့တာမဂၤလာဦးညတုန္းက ထယ္ယူလာတဲ့ လင္ဗန္းပဲဟာကို ”

“ အမ္ ? ”



ျပဇာတ္ငယ္ေလး :

ေဂ်ာင္ကု - သူ႕ကိုမွခ်စ္မိေနပါသည္~~~

လက္ေထာက္ေက်ာင္းအုပ္ - ဘယ္သူ႕ကိုလဲ ?

ေဂ်ာင္ကု - ေကာင္ေလးတစ္ေယာက္ကို

ေက်ာင္းအုပ္ႀကီး - ဆႏၵကိုသိကၡာနဲ႔ထိန္းပါ စစ္သူႀကီး...ၾကင္ယာေတာ္က အလကားေျမႇာက္ထားတာမဟုတ္ဘူးေလ...

ေဂ်ာင္ကု - မရဘူး...မထိန္းႏိုင္ဘူး ခ်စ္မွာပဲ

----------------------------
Plz! Vote, Feedback and follow me 🎐

Continua a leggere

Ti piacerà anche

233K 19.1K 19
Jeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !
268K 7.8K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
34.7K 2.1K 21
Taehyung×jungkook start date-28. 11.2023 end date-1.1.2024
12.7K 426 18
Y/N's world crumbles when she is betrayed by her girlfriend. Ready to give up, she encounters Jang Wonyoung, a disillusioned rich individual. Their u...