အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝ...

By Maple-Lynn

480K 19.3K 553

Season (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်... More

အတၱတို႔ေခၚေဆာင္ရာ အခ်စ္ရပ္ဝန္းသို႔(intro)
( Part _ 1)
(PART _ 2 )
(PART _ 3)
(PART _ 4)
(PART _5)
(PART _ 6)
PART_ 7
(PART _ 8)
(PART_ 9)
(PART_10)
(PART_11)
(PART_12)
(PART_ 13)
(PART_ 14)
PART_ 15
(PART_16)warning🚨
(PART_17)
(PART_18)
(PART_ 19)
(PART_20)
(PART_ 21)
(PART_22)
(PART_23)
(PART _ 24)
(PART_25)
(PART_26)
(PART_27)
Character မိတ်ဆက်
(PART_28)
(PART_29)
(PART_30)
(PART _ 31)🚨
(PART_32)
(PART_33)
(PART_ 34)
(PART _35)
(PART_36)
(PART_37)
(PART_38)
(PART_39)
(PART_40)
(PART_41)
(PART_42)
(PART_44)
(PART_45)
(PART_46)
(PART_47)
(PART_48)
(PART_49)
(PART_50)
(PART_51)
(PART_52)
(PART_53)
(PART_54)
(PART_55)(Final)
ေက်းဇူးတင္လႊာ

(PART_43)

5.3K 254 4
By Maple-Lynn

ဒီပါ ေအာက္ထပ္မွာေမာင့္အတြက္မနက္စာျပင္ေပးေနရင္း ေမာင္မ်ားဆင္းလာေလမလားလို႔ ၾကည့္ေနမိသည္။ညကလည္း ေမာင့္ကိုေစာင့္ရင္း ဆိုဖာမွာသာအိပ္ေပ်ာ္သြားရတယ္။ေမာင္ကေတာ့ ယခုမနက္မိုးလင္းေပါက္မွသာ ျပန္လာေလသည္။ဒယ္ဒီကေတာ့ မနက္အေစာပိုင္းေလာက္ကတည္းက မိုးကုတ္က သူငယ္ခ်င္းျဖစ္သူနဲ႔ သြားေတြ႕ၿပီး ေသြးသုကလည္း ကုေဋ ့ကို သြားပို႔တယ္ဆိုေတာ့ အိမ္မွာဒီပါနဲ႔ေမာင္ နွစ္ေယာက္သာရွိပါသည္။ႀကီးေမတို႔လည္းအိမ္မွာမရွိ။႐ြာမေရာက္တာၾကာၿပီဆိုေတာ့ဒယ္ဒီက ႐ြာျပန္ဖို႔ ခြင့္ေပးလိုက္သည္ေလ။

"ေမာင္ မနက္စာစားသြားဦးေလ "

ေရခ်ိဳးၿပီး အဝတ္အစားလဲကာ လက္ဆြဲအိတ္ကိုကိုင္လ်က္ ေမာင္ကဆင္းလာေလသည္။မ်က္ခံုးကို တြန္႔ခ်ိဳးကာ  အၾကည့္စူးစူးျဖင့္ ဒီပါ့ကိုၾကည့္ရင္း

"ကြၽန္ေတာ္ ရံုးေရာက္မွစားလိုက္မယ္ ဒီပါ "

ေမာင့္ရဲ႕သူစိမ္းဆန္တဲ့ အသံုးနႈန္းေတြဟာ နားထဲမယဥ္ေသး။ေမာင္မ်ား စားေလမလားဟု အရဲစြန္႔ကာ ေနာက္တစ္ႀကိမ္ ေျပာမိသည္။ေမာင္က ဒီပါ့လက္ရာမဟုတ္ရင္ မစားတတ္ဘူးမလား။

"ကိုယ္ ေမာင့္အတြက္ black coffee ေဖ်ာ္ထားေပးတယ္ ၿပီးေတာ့ ေမာင္သိပ္ႀကိဳက္တဲ့ cheese cake ေရာ "

"ကြၽန္ေတာ္မစားေတာ့ဘူးေျပာေနတယ္ေလ။ ခင္ဗ်ားနားပါတယ္ မဟုတ္လား ဒီပါ "

ေမာင္ကစိတ္ရႈပ္ေနဟန္ ဒီပါ့ကို ေအာ္ေလသည္။အၿမဲတမ္း ဒီပါ့အေပၚ ေလျပည္ေအးေလးနွင့္သာ စကားဆိုတတ္တဲ့ ေမာင္က ပထမဆံုးအႀကိမ္ ေအာ္လာေလသည္။

အို...ဘာေၾကာင့္မ်ား အလိုက္မသိတဲ့ နွလံုးသားက တဆစ္ဆစ္နာက်င္ေနရတာလဲ။

ကိုယ္တို႔နွစ္ေယာက္ၾကား ခ်ည္ေနွာင္ထားတဲ့ ဒီႀကိဳးေလးကို ကိုယ့္တစ္ေယာက္ထဲအားနဲ႔ ဆြဲထားရမွာလား ေမာင္။

"ဒါဆို ကိုယ္က ဒါေတြဘာလုပ္ပစ္ရမွာလဲ ေမာင္ "

ဒီပါ ေမာင့္ကို အေမးစကားထုတ္မိသည္။သူ႔အတြက္ရည္႐ြယ္ၿပီး မနက္အေစာကတည္းက ထလုပ္ေပးထားရတာ။ဒါကို ေမာင္ကေလ သူ႔ကို ဘယ္လိုေတြဆက္ဆံေနရတာလဲ။

ကိုယ့္မွာဘာအျပစ္ေတြမ်ား ရွိေနသလဲ ေမာင္ရယ္...

"သြန္ပစ္လိုက္ေပါ့ ဒီပါရဲ႕။ဘာေတြကမ်ား ခက္ခဲေနတာလဲ "

"ေမာင့္!"

ဒီပါ့ အသံဟာ ယိမ္းယိုင္လို႔ နႈတ္ခမ္းသားႏုႏုဟာ တစ္ဆက္ဆက္တုန္ရီေနသည္။ေမာင့္စကားဟာ ဒီပါ့ေစတနာေတြကို ေစာ္ကားလိုက္တာမဟုတ္လား။ေတြေဝျခင္းေတာင္တစ္စက္မရွိဘဲ ရက္ရက္စက္ထြက္လာတဲ့ ဒီစကားဟာ ဟိုအရင္တစ္ခ်ိန္က ေမာင့္ barista ေလးဆိုၿပီး အသည္းနွလံုးကို ေႁခြတတ္တဲ့ ခ်စ္ရသူဆီကတဲ့ေလ။

စည္းခ်က္ညီညီ ခုတ္ေမာင္းေနတဲ့ ဒီအခ်စ္ရထားဟာ ဘယ္ဘူတာမွာစၿပီးလြဲခဲ့ၾကပါသလဲ။

တစ္ေယာက္ကိုတစ္ေယာက္ မယံုၾကည္ျခင္းေတြကလား။

ခ်စ္ျခင္းထက္ အတၲေတြေက်ာ္လြန္သြားတဲ့အခါ နွလံုးသားကို အေမွာင္ဖံုးေစတယ္မဟုတ္လား။

ကေလးငယ္ေရ ...မင္းနွလံုးသားကို ျမင္ေအာင္ၾကည့္ပါ။အေမွာင္ေတြဖံုးလို႔ အတၱကိုေရွ႕တန္းမတင္ပါနဲ႔လားကြယ္။

_______________________________

"ေသြးသု ခဏလာဦး "

"ဗ်ာ လာၿပီ ကိုႀကီး "

"ဒီေကာ္ဖီဘယ္သူေဖ်ာ္တာလဲ အရင္ေန႔ေတြနဲ႔တစ္စက္မွမတူဘူး "

"ကြၽန္ေတာ္ေဖ်ာ္တာပါ ကိုႀကီး။အရင္က အစ္ကိုေဖ်ာ္ေပးေနၾကေလ။အစ္ကို႔လက္ရာကိုေတာ့ ကြၽန္ေတာ္က ဘယ္မွီပါ့မလဲ"

ဟက္...ကြၽန္ေတာ့္ပါးစပ္ကေတာင္ ကြၽန္ေတာ့္ကို သစၥာေဖာက္ေနၿပီ ဒီပါ။ခင္ဗ်ားေဖ်ာ္တာမွမဟုတ္ရင္ မေသာက္တတ္ေတာ့ေလာက္ေအာင္ အက်င့္ပ်က္ေနခဲ့ၿပီ။

ခင္ဗ်ားကေလ ၾကာေလၾကာေလ တေျမ့ေျမ့နဲ႔ ပိုယစ္မူးရတဲ့ နွစ္ခ်ိဳ႕ဝိုင္လိုလူမ်ိဳးဘဲ ဒီပါ။

"shit! သူ႔အေၾကာင္းမပါရင္ မင္းစကားမေျပာတတ္ေတာ့ဘူးလား ,ျပန္ယူသြား ဒီေကာ္ဖီ "

"ကိုႀကီးကေရာ ေန႔စဥ္ဘဝမွာ အစ္ကိုမပါဘဲ ျဖတ္သန္းနိုင္လို႔လား "

"ငါဆိုတဲ့ေကာင္ရွိရင္ သူကလည္းရွိေနရမွာဘဲ,သူကငါပိုင္တဲ့လူ။ငါကသူ႔ကိုမလိုအပ္ဘူး သူကသာငါ့ကိုလိုအပ္ေနရမယ္ "

"ကိုႀကီးတို႔နွစ္ေယာက္ၾကား ဘာေတြျဖစ္ေနသလဲ ကြၽန္ေတာ္မသိဘူး။ဒါေပမယ့္ ကိုယ့္မ်က္စိနဲ႔ေတြ႕သမ်ွ နားနဲ႔ၾကားရသမ်ွဟာ အမွန္ဟုတ္မေနဘူးဆိုတာကိုေတာ့ ကိုႀကီးသိသင့္တယ္။တစ္ခါတေလက်ရင္ ကိုယ့္ကိုယ္ကိုေတာင္ယံုလို႔မရဘူး။အစ္ကိုနဲ႔ထိပ္တိုက္ေျဖရွင္းပါ။ၿပီးေတာ့ အစ္ကို႔ကို နာက်င္ရေအာင္မလုပ္ပါနဲ႔"

"ငါသူ႔ကို ေမးၿပီးၿပီ ေသြးသုရဲ႕။အခုခ်ိန္ထိ ငါ့ကိုလွည့္ျဖားေနတုန္း။ငါ့အခ်စ္ေတြကို ခုတံုးလုပ္ၿပီး သူကေလွာင္ရယ္ေနတုန္း။သူ႔ကိုအခြင့္အေရးေပးခဲ့တယ္။အဲ့ဒီမ်က္နွာလွလွေလးေနာက္ကြယ္က မ်က္နွာဖံုးက သိပ္ေၾကာက္ဖို႔ ေကာင္းတာမင္းသိလား ေသြးသု"

"အစ္ကိုက ကိုႀကီးကို တကယ္ခ်စ္တာပါဗ်ာ။ကိုႀကီးကေရာ အစ္ကို႔ကို အဆံုးရွံုးခံနိုင္တာ ေသခ်ာလို႔လား "

ဟင္! သူ ဒီပါ့ကို တကယ္ဘဲအဆံုးရွံုးခံနိုင္ရဲ႕လား။ဘာေၾကာင့္သူကဆံုးရွံုးရမွာတဲ့လဲ။ဒီပါလႊမ္းေခတ္ဟာ သူ႔ခြင့္ျပဳခ်က္မရရင္ အသက္ေတာင္ရွဴခြင့္မရွိဘူး။ကြၽန္ေတာ္ ခင္ဗ်ားကို အဲ့သေလာက္ေတာင္ မုန္းတယ္ ဒီပါ။

"ဒီပါလႊမ္းေခတ္ဆိုတာ အာဏာစက္သ်ွားတစ္ဦးတည္းသာပိုင္တယ္။ငါကေသခြင့္မျပဳရင္ သူ႔မွာေသခြင့္မရွိဘူး။ေသခ်င္ရင္ေတာင္ ငါ့လက္နဲ႔ဘဲ ကိုယ္တိုင္အဆံုးသတ္ပစ္မယ္ "

"အခ်ိန္ေတြမလြန္ခင္သာ အျမင္မွန္ရၾကပါေစေတာ့ဗ်ာ။အျပတ္ျပတ္နဲ႔ နွာေခါင္းေသြးထြက္ကုန္ေတာ့မယ္ ဟူး "

နားခ်လို႔မရသည့္ ေနာက္ဆံုးေတာ့ ေသြးသုလည္း ေကာ္ဖီခြက္ကိုင္ရင္းသာ အျပင္ျပန္ထြက္လာရသည္။ကိုႀကီးတို႔နွစ္ေယာက္အေၾကာင္းစဥ္းစားရတာ သူတကယ္ရင္ေမာလွပါသည္။တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ခ်စ္ၾကပါလ်က္ ဘာေတြကမ်ား လြဲမွားေနၾကတာလဲ။အစ္ကိုကလည္း ကိုယ္ဝန္ႀကီးနဲ႔ ဘာေတြဆက္ျဖစ္ၾကမွာလဲ။

_______________________________

"ဒီပါ နင္အဆင္ေျပရဲ႕လား "

"ေျပပါတယ္ႏြယ္ရယ္ ငါေခါင္းနည္းနည္းကိုက္ေနရံုပါ "

"ဒါဆိုရင္ျဖင့္ ႏြယ္ပ်ားရည္နဲ႔ေရေႏြးေလးစပ္ေပးမယ္ ခနေနာ္ "

ႏြယ့္မ်က္နွာဟာ အရင္လို႐ႊင္႐ႊင္ပ်ပ်မရွိေတာ့ေပမယ့္လို႔ အၿမဲၿပံဳးေနတုန္းပါဘဲ။ႏြယ္ကေလ သိပ္ကိုသန္မာတဲ့ အမ်ိဳးသမီးပါဘဲ။သူခ်စ္ရတဲ့သူရဲ႕ဘဝ တိုးတက္ေကာင္းမြန္ဖို႔ သူ႔နွလံုးသားကိုစေတးခဲ့တာ။ဒီပါဆိုရင္ေရာ ႏြယ့္ေလာက္ သန္မာနိုင္ပါ့မလား။ဟင့္အင္း ဒီပါမလုပ္နိုင္ေလာက္ဘူးထင္တယ္။ေမာင္မရွိေတာ့ရင္ ဒီပါ့ရွင္သန္ျခင္းကပါ အဓိပၸါယ္မဲ့သြားပါလိမ့္မယ္။ေမာင့္အနားမွာသာ ကပ္တြယ္ပါရေစ။ေမာင့္မ်က္နွာသာ ေငးေမာပါရေစ။ဘာေတြျဖစ္လာလာ...ဘာဘဲဆက္ျဖစ္ျဖစ္ေပါ့ ေမာင္ရယ္...

"ဒီပါ ရၿပီ "

ခြက္ထဲမွ ပ်ားရည္ေႏြးေႏြးေလးကို ေသာက္လိုက္ၿပီး အရသာကိုေသခ်ာခံစားမိသည္။ခ်ိဳျမျမအရသာေလးဟာ လ်ွာဖ်ားထဲမွတစ္ဆင့္ ေပ်ာ္ဝင္သြားသည္။ခ်ဥ္ၿပံဳးၿပံဳးအရသာေလးေၾကာင့္ ေနာက္က်ိေနတဲ့ ေခါင္းဟာ ၾကည္လင္လာရသည္။

"အင္း တကယ္ေကာင္းတယ္ႏြယ္...ပ်ားရည္က ခ်ိဳခ်ဥ္ေလး "

"ပ်ားရည္ကို ေရေႏြးေႏြးေလးရယ္ ပန္းသီးရွာလကာရည္ရယ္ ေရာေဖ်ာ္ထားတာ ဒီပါ ။အဆင္ေျပသြားလို႔ ေတာ္ေသးတာေပါ့။အရင္ထက္ နွစ္ဆပိုၿပီး ဂရုစိုက္ရမယ္ေနာ္ ပါပါးေရ "

"ဟက္ ...အခ်ိန္စက္ဝန္းဟာဘယ္လိုဘဲေ႐ြ႕သြားေ႐ြ႕သြား ႏြယ္ကေတာ့ ငါ့အေပၚ မေျပာင္းမလဲ ဂရုစိုက္တုန္းပါလား "

"ႏြယ့္ဘက္က ၿငိတြယ္မိလိုက္တဲ့သူမွန္သမ်ွ တစ္ခုမဟုတ္တစ္ခုေသာအေၾကာင္းေတြနဲ႔ ႏြယ့္အနားကထြက္သြားရတာဘဲေလ...ႏြယ္ျဖင့္ ဘာအေၾကာင္းနဲ႔မွ ဒီပါ့ကို မဆံုးရွံုးခ်င္ေတာ့ဘူး "

တိုးဖြဖြဆိုရင္း ထြက္ေပၚလာတဲ့ ႏြယ့္အသံညႇင္းသဲ့သဲ့မွာ ဘာေၾကာင့္နာက်င္ရိပ္ေတြသမ္းေနရတာလဲ။

"ဘာသတင္းမွမၾကားေတာ့ဘူးလား ႏြယ္ "

"အင္း"

"သတိရသလားဟင္"

"သတိရတယ္ဆိုတဲ့စကားဟာ ေမ့ေနမွသာသံုးရတာမလား။ႏြယ့္စိတ္ ၊ႏြြယ့္နွလံုးသားထဲမွာေတာ့ ကေလးမက စကၠန္႔မလပ္ ေနရာယူေနတာပါ ဒီပါ "

"ႏြယ္က သိပ္သန္မာတာဘဲ "

"နာက်င္ေနတဲ့နွလံုးသားကိုေတာ့ ဘယ္သူကမ်ားျမင္ခဲ့ပါသလဲ "

"..."

"ခ်စ္ျခင္းတိုင္းက အဆံုးသတ္မလွၾကသလို ၿပီးျပည့္စံုတဲ့ခ်စ္ျခင္းဆုိတာလည္း မရွိပါဘူး။ႏြယ္တို႔ရင္ထဲမွာေတာ့ ႏြယ္တို႔ခ်စ္ရသူေတြဟာ ထာဝရရွင္သန္ေနၾကမွာပါ"

"ငါကေတာ့ ႏြယ္တို႔နွစ္ေယာက္ကို ေပါင္းဖက္ေစခ်င္ခဲ့တာ"

ႏြယ္ေရာပါဘဲ ဒီပါရယ္။ေပါင္းဖက္ခ်င္ခဲ့တာေပါ့။

"မနက္ျဖန္ ဒီပါ့ေမြးေန႔ေနာ္ ဘာလုပ္မယ္လို႔ စိတ္ကူးထားလဲ"

"ငါလူ႔ေလာကထဲ စေရာက္တဲ့ေန႔က ငါ့မိဘေတြရဲ႕ လူ႔ေလာကထဲက ထြက္ခြာသြားရတဲ့ေန႔ျဖစ္ေနတာဟာ ေၾကကြဲစရာဘဲႏြယ္...ေမြးေန႔မလုပ္ျဖစ္တာ၁၇နွစ္ေတာင္ရွိၿပီ "

"အင္းဟုတ္သားဘဲ...ဒါဆို ဘုရားသြားၿပီးဘဲ အန္တီတို႔အတြက္ အလွဴသြားလုပ္မွာေပါ့ "

"ဒီနွစ္ေတာ့ ကိုကိုနဲ႔ နွစ္ေယာက္အတူေပါ့...ေလာဘႀကီးရာမေရာက္ဘူးဆိုရင္ေလ ဒီနွစ္ေမြးေန႔ေလးမွာ ေမာင္နဲ႔အတူ ေမြးေန႔ကိတ္ေလးခြဲရင္း ျဖတ္သန္းခ်င္တယ္"

"ျဖစ္လာမွာေပါ့ ဒီပါရယ္ ...ႏြယ္တို႔ ကုန္တိုက္သြားၾကမလား ဒါမွမဟုတ္ ရုပ္ရွင္သြားၾကည့္ၾကမယ္ေလ "

ဒီပါ့မ်က္နွာ ညႇိဳးႏြမ္းလို႔ မ်က္ဝန္းညိဳညိဳတို႔ကလည္း တစ္စံုတစ္ခုကို ေတြးေတာေနဟန္ရွိသည္။ႏြယ့္သူငယ္ခ်င္းကိုေတာ့ အတတ္နိုင္ဆံုး စိတ္မညစ္ေအာင္သူထားခ်င္သည္။ဒါေၾကာင့္ အာရံုေျပာင္းေအာင္ ႏြယ္ေျပာမိေတာ့

"မသြားခ်င္ပါဘူး ႏြယ္ရယ္ "

"ဒီပါရယ္ ႏြယ္ရုပ္ရွင္သြားၾကည့္ခ်င္လို႔ပါဆို ေနာ္ ေနာ္လို႔ "

"အစထဲက ႏြယ္ၾကည့္ခ်င္လို႔ပါလို႔ ေျပာပါလား "

"ဟီးဟီး သြားမယ္ေနာ္ လက္မွတ္ဖိုးႏြယ္စိုက္ပါ့မယ္"

"အခုတေလာ ဘာေတြ ခ်ဥ္ျခင္းတက္မွန္းမသိဘူး ေဂြးသီးကို ခ်ဥ္ငန္စပ္ေလး စားခ်င္ေနတာ "

"ႏြယ္ဝယ္ေကြၽးမယ္လို႔ လိုက္ခဲ့ေနာ္ "

"လိုက္ပါ့မယ္ ႏြယ္ရယ္ "

_______________________________

ႏြယ္နဲ႔ဒီပါ ကုန္တိုက္ဘက္ ထြက္လာရင္း လမ္းမွာ အခ်ဥ္ေပါင္းသည္ကို ေတြ႕ေတာ့

"ႏြယ္ ဟိုမွာ အခ်ဥ္ေပါင္း "

"ခဏေလးပါ ဒီပါရယ္ ႏြယ္ကားပါကင္ထိုးလိုက္ဦးမယ္ "

"အြန္"

ကားပါကင္ထိုးၿပီး ဒီပါတို႔ျပန္ထြက္လာေတာ့

"ေတြ႕လားႏြယ္ မရွိေတာ့ဘူးလို႔ အီးဟီး "

"အယ္ မငိုပါနဲ႔ ဒီပါရယ္ ေနာက္ေန႔က် ႏြယ္ဝယ္ေကြၽးပါ့မယ္ "

ဒီပါက ေျခကိုေဆာင့္ကာ လမ္းမေပၚ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ရင္း ေအာ္ငိုေနသည္။ဒီေကာင္ေလးကေတာ့ေလ ဗိုက္ေလးရွိလာတာနဲ႔ ပိုၿပီးဂ်ီက်လာေတာ့တာဘဲ။ျမင္ေယာင္ပါေသးတယ္ ကေလးနဲ႔အၿပိဳင္ေကာက္မယ့္ ေကာက္စိန္ေလးကို။

"ငါက အခုစားခ်င္တာလို႔ ႏြယ္ရဲ႕။အခ်ဥ္ေပါင္းသည္ကလည္း မာရသြန္အေျပးၿပိဳင္ေနသလား မွတ္ရတယ္။အသံဘဲၾကားၿပီး ေပ်ာက္သြားတယ္ ဟြန္႔ "

"အခုေတာ့ မရေတာ့ဘူးေလ ဒီပါရဲ႕။အျခားတစ္ခုခု စားရေအာင္ ေနာ္ "

"နင္ဝယ္ေကြၽးမွာလား "

"အင္းအင္း"

"ၾကက္ေၾကာ္ေရာ ပီဇာေရာ စေတာ္ဘယ္ရီေရခဲမုန္႔ေရာ "

သူ႔လက္ေခ်ာင္းေလးေတြကို လက္တစ္ဖက္ျဖင့္ တစ္ေခ်ာင္းခ်င္းခ်ိဳးကာ နႈတ္ခမ္းရဲရဲေလးေတြက တရစပ္ေျပာေနသည္။မ်က္ဝန္းညိဳညိဳေတြျဖင့္ ႏြယ့္ကို ေမာ့ျကည့္ရင္း

"အာလူးေၾကာ္လည္း စားမယ္ေနာ္ ...ဟီး ငါေျပာတာ ပိစိေလးေလာက္မ်ားသြားတယ္ထင္တယ္...ငါက အစားႀကီးတာမဟုတ္ဘူးေနာ္ ႏြယ္...ငါ့သူငယ္ခ်င္းက ဝယ္ေကြၽးမယ္ဆိုလို႔ ပါရမီျဖည့္တဲ့အေနနဲ႔ စားေပးမွာ "

"ဟမ့္ ဟုတ္ပါၿပီရွင္ ။ အခုေတာ့ ထပါဦး "

ႏြယ္က လက္ကမ္းေပးေတာ့ ဒီပါက သူ႔လက္ကို ျပန္လည္ဆုပ္ကိုင္လာၿပီး အားယူကာထလိုက္သည္။ထို႔ေနာက္ ေဘာင္းဘီတြင္ ကပ္ေနေသာ ဖုန္စေလးမ်ားကို လက္ျဖင့္ခါလိုက္ရင္း

"ခုနက သတိမထားမိလိုက္တာ လူေတြငါတို႔ကိုၾကည့္ေနတာဘဲ။ရွက္လိုက္တာ "

"အခုမွ ရွက္တယ္ေပါ့ေလ "

ႏြယ္က ၿပံဳးလ်က္ဒီပါ့ကိုမ်က္ေစာင္းထိုးလိုက္ၿပီး ဒီပါ့လက္ကိုကိုင္ကာ ဆြဲေခၚသြားေလသည္။ဒီပါစားခ်င္သမ်ွမုန္႔ေတြအကုန္စားၿပီးေတာ့ ဗိုက္ကအင့္လာရသည္။အခုဆို ဒီပါ့စတိုင္ဟာ ေသြးသု ေက်းဇူးေၾကာင့္ ပံုစံေျပာင္းခဲ့ၿပီေလ။Over size တီရွပ္အပြႀကီးနဲ႔ ေမ်ွာ႔ႀကိဳးပါတဲ့ ေဘာင္းဘီပြပြ အေပ်ာ့ကိုသာ ဝတ္ရပါတယ္။ လူေကာင္ကေသးရတဲ့ထဲ အဝတ္ပံုထဲေပ်ာက္ေနတဲ့ အေမာင္ဒီပါ့ဘဝကို စဥ္းစားၾကည့္ၾကပါေတာ့။

ႏြယ္က ရုပ္ရွင္လက္မွတ္သြားျဖတ္ေတာ့ အဝင္ေပါက္နားကတိုင္ကို မွီကာ ေရခဲမုန္႔စားရင္း ဒီပါေစာင့္ေနလိုက္သည္။

"ဒီပါ ဒီမွာနွစ္ေစာင္ ထည့္ထားလိုက္ဦး "

"ေပးေပး "

ႏြယ္ေပးတဲ့ လက္မွတ္ကို အက်ႌအိတ္ထဲထည့္ကာ ထိုေနရာမွထြက္မည္အလုပ္

"ဘုတ္"

လက္ထဲမွ ေရခဲမုန္႔ခြက္ဟာ တုန္ရီေနတဲ့ လက္ေၾကာင့္ ေျမေပၚခသြားခဲ့ရသည္။ႏြယ့္လက္ကိုဆြဲကာ တိုင္အေနာက္ဘက္၌ အျမန္ပုန္းရင္း ခုနကျမင္ကြင္းကို ျပန္ၾကည့္မိသည္။

ဒူးအတိဂါဝန္တိုေလးကို ဝတ္ဆင္ထားၿပီး ဆံပင္ကိုျမင့္ျမင့္စည္းထားတဲ့ ေကာင္မေလးက ေမာင့္လက္ေမာင္းကိုခ်ိတ္ၿပီး ရုပ္ရွင္ရံုထဲကထြက္လာတာ။

ေမာင္က မိန္းကေလးေတြကိုေရာ သေဘာက်တာလား။အရာအရာၿပီးျပည့္စံုၿပီးၾကည့္ေကာင္းလြန္းတဲ့ ဒီကေလးမက ဒီပါနဲ႔ယွဥ္ရင္ေတာ့ ဆီနဲ႔ေရလိုပါဘဲ။ဒီေလာက္လိုက္ဖက္လြန္းတဲ့ နွစ္ေယာက္ကို ဆက္ၾကည့္နိုင္တဲ့ အင္အားေတြ ဒီပါ့မွာ မရွိေတာ့။ေျခေထာက္မ်ားက အားအင္ကုန္ခမ္းကာ ဒူးပင္ေခြက်လုနီးနီးျဖစ္ရသည္။

ပထမဆံုးအႀကိမ္ ငါ့ျဖစ္တည္မႈကို သိမ္ငယ္မိတာပါဘဲ ေမာင္...

ကိုယ္မင္းကို ဆံုးရွံုးရေတာ့မွာလား...

"ဘာလို႔ ပုန္းလိုက္တာလည္း ဒီပါရယ္ ...နင္က သူ႔ရဲ႕ တရားဝင္ေယာက္်ား ...နင့္မွာေမးပိုင္ခြင့္ရွိတယ္ေလ "

"ေမးလိုက္လို႔ ဟုတ္တယ္ဆိုမွ ငါ့ရင္ကြဲေနရပါမယ္ႏြယ္ရယ္...ေမာင္စိတ္ခ်မ္းသာသလိုသာလုပ္ပါေစေတာ့ "

"ဟူး ခက္တယ္ ဒီပါရယ္ "

အာဏာ ဂ်ဴးလီကို ရုပ္ရွင္လိုက္ျပရင္းျပန္အထြက္ အေနာက္ဘက္ဆီမွ အသံၾကားရတာေၾကာင့္ လွည့္ၾကည့္မိေတာ့ ေျမေပၚခေနတဲ့ ေရခဲမုန္႔ခြက္တစ္ခြက္။အာဏာ့နွလံုးသားက အခ်က္ေပးလိုက္သည္က နွာေခါင္းဖ်ားထဲ ဝင္ေရာက္တိုးေဝွ႔လာေသာ ရနံ႔။ဒီအနံ႔ဟာ အိမ္ကလူရဲ႕ ကိုယ္သင္းရနံ႔။သူမ်ားျဖစ္ေလမလားလို႔ ဒီပါၾကည့္မိေတာ့လည္း ေျမေပၚက်ေနတဲ့ ေရခဲမုန္႔ခြက္ကလြဲလို႔ ဘာမွမရွိ။

"ကိုကို ဘာရပ္ၾကည့္ေနတာလဲ သြားမယ္ေလ "

"အင္း"

ေမာင့္ေဘးက ေကာင္မေလးက ဘာေျပာလိုက္သလဲေတာ့မသိပါ။ေမာင္က ေခါင္းၿငိမ့္ျပၿပီး ထြက္သြားၾကေလသည္။

ရုပ္ရွင္ဆက္ၾကည့္ဖို႔လည္း ဒီပါစိတ္မပါေတာ့။ေမာင့္ကို အဆံုးရွံုးမခံနိုင္သည့္စိတ္က ပို၍ႀကီးစိုးေနသည္။

တစ္စံုတစ္ေယာက္ကို ခ်စ္မိရင္  စြန္႔လႊတ္တတ္ဖို႔ပါ တစ္ခါထဲသင္ယူသင့္ေၾကာင္း ေမာင္က ကြၽန္ေတာ့္အား သင္ျပေပးခဲ့ျခင္း ျဖစ္သည္။

မင္းအေပၚနစ္ဝင္ေနတဲ့ ကိုယ့္စိတ္ကို အမ်ားႀကီး  ျပင္ဆင္ဖို႔လိုအပ္ေနတာဘဲ ေမာင္။

_______________________________

"ခင္ဗ်ား! ဒါအိမ္ျပန္လာတဲ့အခ်ိန္လား ဒီပါ"

"အင့္ အခုမွ လက္တံအတိုက ၁၂ ေက်ာ္ရံုေလးရွိတာကို။ေမာင္က ကိုယ့္ကို စိတ္ပူေနတာလား "

"ဟာ ခင္ဗ်ား !"

ရီေဝေဝမ်က္လံုးမ်ားနွင့္ အာဏာ့ကိုၾကည့္ရင္း ဒယိမ္းဒယိုင္ေလ်ွာက္လာေလသည္။အာဏာ့နားေရာက္ခါနီးေတာ့ သူ႔ကိုယ္သူမထိန္းနိုင္ဘဲ ျပဳတ္က်ေလေတာ့ သူလွမ္းဖက္လိုက္သည္။မ်က္စိတစ္မွိတ္ အခ်ိန္ေလးအတြင္းမွာဘဲ ႏွစ္ေယာက္သား ေျမျပင္ေပၚထပ္လ်က္ျပဳတ္က်သြားရသည္။

ေမတၱာဓာတ္အျပည့္နဲ႔ ၾကည့္ေနတဲ့ ရီေဝေဝ မ်က္ဝန္းတစ္စံုကို သူမျငင္းဆန္နိုင္ခဲ့ေပ။

ဒီခ်ိဳျမျမ နႈတ္ခမ္းပါးဟာ သူ႔စိတ္ေတြ ယိုင္နဲ႔လာေအာင္ ဖမ္းစားလြန္းသည္။

ဂ်ယ္လီလို အိစက္ေနတဲ့ ဒီနႈတ္ခမ္းသားႏုႏုကို စားသံုးမိေလေတာ့ ခံတြင္းထဲဝင္လာတဲ့ ျပင္းရွရွ အရသာ။

ဒီလူအရက္ေတြေသာက္လာတာလား။

သူကေတာ့ စိတ္ေတြပူလြန္းလို႔ အရူးတစ္ေယာက္လို လိုက္ရွာေနလိုက္ရတာ။ဒီလူက အရက္ေတာင္ ေသာက္လာတာတဲ့လား။ဘယ္တုန္းကမ်ား ေသာက္ဖူးလို႔ ဒီလူက ေသာက္လာရတာလဲ။တကယ္ကို ဒုကၡေပးလြန္းတဲ့လူ။အခုလည္း အာဏာ့ရင္ဘတ္ေပၚမွာ ေမွာက္ရက္ႀကီး အိပ္ေပ်ာ္သြားျပန္ၿပီ။

အရႈပ္ထုပ္ကို ကုန္းပိုးကာ အိပ္ခန္းထဲေရာက္ေတာ့

"ေဝါ့"

အာဏာ့တစ္ကိုယ္လံုး အန္ဖက္ေတြနဲ႔ ေပပြသြားၿပီး အိပ္ယာတစ္ခုလံုးလည္းေပကုန္ပါၿပီ။ဟိုလူကေတာ့ ဘာမွမသိသလို အိမ္မက္ကမာၻထဲ ေရာက္လို႔ တေခါေခါ အိပ္ေနျပန္ပါသည္။

"ဟက္! ခင္ဗ်ားက ဘာေလးလဲ ဒီပါ "

ေပပြေနတဲ့ အိပ္ယာခင္းကို လဲကာ ဟိုလူ႔ကိုလည္း သန္႔ရွင္းေရးလုပ္ၿပီးလအဝတ္လဲေပးလိုက္သည္။ၿပီးမွ သူလည္းေရမိုးခ်ိဳးကာ အဝတ္လဲရင္း

"ႁပြတ္"

အိပ္ေပ်ာ္ေနတဲ့ေကာင္ေလး မသိလိုက္တာကေတာ့ သူ႔ေျခဖမိုးထက္က အနမ္းဟာ သူမသိလိုက္တဲ့ အခ်ိန္အပိုင္းျခားအတြင္းမွာဘဲ ၂၈၉ ႀကိမ္ေျမာက္တိတိရွိခဲ့ေလၿပီ။

ဒီလူသားကို မုန္းနိုင္ဖို႔ႀကိဳးစားရင္း

ဒီလူသားကိုမွ ၿငိတြယ္လာမိတဲ့ အခိုက္အတန္႔ဟာ နာက်င္စရာအတိေပါ့ အခ်စ္ရယ္...

အမုန္းနဲ႔ ၿငိတြယ္မႈေတြၾကား ေမာင္ ဘယ္လိုလြန္ဆြဲရပါ့မလဲ။

______________________________

မွိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္သာရွိေနေသာ အခန္းထဲတြင္ စီးကရက္ကို ရႈိက္ဖြာရင္း တစ္စံုတစ္ခုကို အေလးအနက္စဥ္းစားေနသည့္ ေကာင္ေလးတစ္ေယာက္ရွိေလသည္။

"ဒီစီးကရက္ေငြ႕ေတြနဲ႔အတူ ေမာင့္နာက်င္မႈေတြပါ လြင့္ပါသြားရင္ေကာင္းမယ္...အဲဒီ့ေန႔ကသာ ေမာင္္မသြားခဲ့ရင္ အမွန္တရားတစ္ခ်ိဳ႕ကို ေမာင္မသိခဲ့ရင္ ေမာင္တို႔ဘဝေတြက သာယာေနမွာဘဲ "

"ေမာင္!"

ဘယ္ေလာက္ဘဲမုန္းတယ္ဆိုဆို ဒီလူက ေမာင္လို႔မ်ားေခၚလိုက္ရင္ နႈတ္ခမ္းေထာင့္စြန္းေတြ ေကာ့ၫြတ္သြားတတ္တာဟာ အာဏာ့ အက်င့္လိုေတာင္ျဖစ္ေနပါၿပီ။

"နိုးၿပီလား ဒီပါ "

"ကိုယ့္ေၾကာင့္ အလုပ္ရႈပ္သြားရင္ေတာင္းပန္ပါတယ္ ေမာင္ "

"ေနာက္တစ္ခါ ကြၽန္ေတာ္ အလုပ္ရႈပ္ေအာင္ မလုပ္နဲ႔ ဒီပါ ...ကြၽန္ေတာ့္အခ်ိန္ေတြ ဒီေလာက္မေပါဘူး "

"ကိုယ္သိပါၿပီ"

"သိေနခဲ့တယ္မဟုတ္လား ဒီပါ "

"ဘာကိုလဲ ေမာင္ "

ေခါင္းငံု႔ထားရာမွ ေမာ့ၾကည့္ၿပီး မ်က္ဝန္းညိဳညိဳေတြနဲ႔ အာဏာ့ကိုၾကည့္ေနျပန္သည္။

ဒီမ်က္ဝန္းညိဳညိဳေတြနဲ႔မ်ားညႇိဳ႕လိုက္ရင္ ကြၽန္ေတာ့္စိတ္ေတြ ယိုင္နဲ႔ကုန္ရတယ္ ဒီပါ။

"ကြၽန္ေတာ္က ပန္းစက္သ်ွားရဲ႕ေမာင္မွန္း ခင္ဗ်ားသိေနခဲ့တယ္မဟုတ္လားလို႔ "

ေမာင့္မ်က္လံုးေထာင့္စြန္းေတြဟာ နီရဲၿပီး ေဒါသထြက္ေနတဲ့ အသံေၾကာင့္ ဒီပါေၾကာက္လန္႔ေနမိသည္။ေမာင္ ဒီေလာက္ေဒါသထြက္ေနတဲ့ပံုကို သူမျမင္ဖူးေပ။

"တိတ္ဆိတ္ျခင္းက ဝန္ခံျခင္းတဲ့။တကယ္ႀကီးဘဲေပါ့ ဒီပါ။မမကေလ ေနာက္ဆံုးအခ်ိန္အထိ ခင္ဗ်ားကို ဘယ္ေလာက္ေတာင္ အားကိုးတစ္ႀကီး ေမ်ွာ္လင့္ခဲ့သလဲ။ဘယ္ေလာက္ေတာင္ေၾကာက္ေနခဲ့လိုက္မလဲ ခင္ဗ်ားမသိဘူးလား။ခင္ဗ်ားကေတာ့ေရာက္မလာခဲ့ဘူး။ခင္ဗ်ားသာေရာက္သြားခဲ့ရင္ မာမီေရာ မမေရာ အသက္ရွင္ရင္ရွင္ဦးမွာသိရဲ႕လား ။သိရဲ႕လားလို႔ ေစာက္က်ိဳးနည္း ခင္ဗ်ားရဲ႕ "

ဒီပါ့ပုခံုးကို လက္နွစ္ဖက္ျဖင့္ အတင္းၾကပ္ဆုပ္ကိုင္ကာ ေမာင္က ဆြဲရမ္းေနသည္။အသားေတြနာလြန္းလို႔ ေျပာခ်င္ေပမယ့္ ေမာင့္ရင္ထဲက ဒဏ္ရာက ပိုၿပီးနာက်င္ေနလိမ့္မယ္ထင္တယ္။

ကိုယ္သြားခဲ့ပါတယ္ ေမာင္ရယ္။မေရာက္သြား႐ံုေလးပါ။ဘာေၾကာင့္မေရာက္သြားလဲ ဆိုတာကိုေရာ ေမာင္ကမေမးေတာ့ဘူးလား။

"ကိုယ္ရွင္းျပပါရေစ ေမာင္ ။ကိုယ့္ကိုယံုၾကည္ေပးပါ "

"ခင္ဗ်ားရဲ႕ အလိမ္ညာစကားေတြကို ကြၽန္ေတာ္နားမေထာင္ခ်င္ဘူး ဒီပါ "

"ေမာင္ ကိုယ့္ကို ယံုၾကည္ေပးလို႔မရဘူးလား။တစ္ခါေလာက္ပါဘဲေမာင္ "

တစ္ခါထဲပါ။ဒီတစ္ခါေလာက္ဘဲ ေမာင္က ကိုာ့္ကိုယံုၾကည္ေပးပါ။ဘယ္သူ႔မွ ကိုယ့္အနားမရွိရင္ရင္ေတာင္ ေမာင္ကေတာ့ရွိေနေပးပါ။

"မယံုဘူးဒီပါ ...ကြၽန္ေတာ္ ခင္ဗ်ားကို ေသေလာက္ေအာင္ မုန္းတယ္ "

သြားၿပီ ။ဒီပါ့ရဲ႕ ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ဟာ ေရစုန္ေမ်ာသြားခဲ့ၿပီ။ကိုယ္ဘာေတြမ်ား ေလာဘႀကီးခဲ့မိလို႔လဲ ေမာင္ရယ္။ကိုယ္လိုအပ္တာ ေမာင့္ယံုၾကည္မႈ တစ္ခုထဲရယ္ပါ။ေမာင္သာ ကိုယ့္ကို ယံုၾကည္ေပးရင္ ေက်နပ္တဲ့အထိ ကိုယ္ကရွင္းျပေပးမွာေလ ေမာင္။အခုေတာ့ မယံုတဲ့သူကို ရွင္းျပေနလည္း အပိုဘဲမဟုတ္လား။

" မုန္းစမ္း ေမာင္။မင္းႀကိဳက္သေလာက္သာ မုန္းလိုက္စမ္း။မင္းက ကိုယ့္ကို ရက္စက္မယ္လို႔ ဆံုးျဖတ္ထားရင္ မင္းရက္စက္မႈေတြနဲ႔နည္းတူ ကိုယ္က ဆတိုးလို႔ခ်စ္ေပးမယ္ ေမာင္။ေမာင့္အမုန္းေတြကို အခ်စ္လို႔ သတ္မွတ္ၿပီးေလ "

"ဟက္! ခင္ဗ်ားက သိပ္ရူးတာဘဲ ဒီပါ "

"ကိုယ္ကအစကတည္းက ေမာင့္အခ်စ္ေတြၾကား ရူးသြပ္ေနတဲ့သူပါ "

"ခင္ဗ်ားက ကြၽန္ေတာ့္ကို ခ်စ္တယ္တဲ့လား ရယ္ခ်င္စရာဘဲ ဒီပါ "

"တစ္ခါတစ္ေလက် ေမာင္သိထားတဲ့ အမွန္တရားေတြက မွားေနတတ္တယ္။ငါမမွားတဲ့အတြက္ ငါကရွင္းျပေနမွာမဟုတ္ဘူး ေမာင္။ေမာင့္ လုပ္ရပ္ေတြအတြက္ ေမာင္ေသခ်ာေပါက္ ေနာင္တရလိမ့္မယ္ "

ၿပံဳးလ်က္သာစကားေတြဆိုေနတဲ့ ေကာင္ေလးရဲ႕ အငိုမ်က္လံုးေတြကိုေတာ့ ဘယ္သူကမ်ားျမင္ခဲ့ပါေသးသလဲ။

ဒီပါ ေမာင့္ကို ေျပာၿပီးၿပီးခ်င္း အခန္းအျပင္သို႔ ထြက္လာလိုက္သည္။

အခန္းထဲမွာ ဒူးေထာက္လ်က္သား က်န္ေနတဲ့ေကာင္ေလးကေတာ့

"ေမာင့္ဘဝရဲ႕ အေရးပါဆံုးလူကို ေမာင္သိပ္ခ်စ္ရတဲ့ ငယ့္ေၾကာင့္ဆံုးရွံုးသြားရတယ္ဆိုတဲ့ အသိက ေမာင့္ရင္ေတြ ကြဲထြက္မတတ္ဘဲ။ေမာင့္လုပ္ရပ္အတြက္ ေမာင္ဘယ္ေတာ့မွ ေနာင္တမရဘူး...ငယ္ "

အေမွာင္ထုႀကီးစိုးေနေသာ ေလထုကဘဲ ထိုေကာင္ေလးနွစ္ေယာက္ၾကား အမုန္းမီးအစပ်ိဳးခဲ့ေပးေလသလား ။

အတၱကိုေရွ႕တန္းတင္တဲ့ ေကာင္ေလးနဲ႔ မာနတရားကိုလက္ကိုင္ထားတဲ့ ေကာင္ေလးနွစ္ေယာက္ရဲ႕ ခ်စ္ေမတၱာေတြကေရာ ဒီလြန္ဆြဲျခင္းမွာ ဘယ္လိုဆက္ရွင္သန္ၾကပါ့မလဲ။

5.5.22

Maple Lynn🍁

ဒီပါ အောက်ထပ်မှာမောင့်အတွက်မနက်စာပြင်ပေးနေရင်း မောင်များဆင်းလာလေမလားလို့ ကြည့်နေမိသည်။ညကလည်း မောင့်ကိုစောင့်ရင်း ဆိုဖာမှာသာအိပ်ပျော်သွားရတယ်။မောင်ကတော့ ယခုမနက်မိုးလင်းပေါက်မှသာ ပြန်လာလေသည်။ဒယ်ဒီကတော့ မနက်အစောပိုင်းလောက်ကတည်းက မိုးကုတ်က သူငယ်ချင်းဖြစ်သူနဲ့ သွားတွေ့ပြီး သွေးသုကလည်း ကုဋေ့ကို သွားပို့တယ်ဆိုတော့ အိမ်မှာဒီပါနဲ့မောင် နှစ်ယောက်သာရှိပါသည်။ကြီးမေတို့လည်းအိမ်မှာမရှိ။ရွာမရောက်တာကြာပြီဆိုတော့ဒယ်ဒီက ရွာပြန်ဖို့ ခွင့်ပေးလိုက်သည်လေ။

"မောင် မနက်စာစားသွားဦးလေ "

ရေချိုးပြီး အဝတ်အစားလဲကာ လက်ဆွဲအိတ်ကိုကိုင်လျက် မောင်ကဆင်းလာလေသည်။မျက်ခုံးကို တွန့်ချိုးကာ  အကြည့်စူးစူးဖြင့် ဒီပါ့ကိုကြည့်ရင်း

"ကျွန်တော် ရုံးရောက်မှစားလိုက်မယ် ဒီပါ "

မောင့်ရဲ့သူစိမ်းဆန်တဲ့ အသုံးနှုန်းတွေဟာ နားထဲမယဉ်သေး။မောင်များ စားလေမလားဟု အရဲစွန့်ကာ နောက်တစ်ကြိမ် ပြောမိသည်။မောင်က ဒီပါ့လက်ရာမဟုတ်ရင် မစားတတ်ဘူးမလား။

"ကိုယ် မောင့်အတွက် black coffee ဖျော်ထားပေးတယ် ပြီးတော့ မောင်သိပ်ကြိုက်တဲ့ cheese cake ရော "

"ကျွန်တော်မစားတော့ဘူးပြောနေတယ်လေ။ ခင်ဗျားနားပါတယ် မဟုတ်လား ဒီပါ "

မောင်ကစိတ်ရှုပ်နေဟန် ဒီပါ့ကို အော်လေသည်။အမြဲတမ်း ဒီပါ့အပေါ် လေပြည်အေးလေးနှင့်သာ စကားဆိုတတ်တဲ့ မောင်က ပထမဆုံးအကြိမ် အော်လာလေသည်။

အို...ဘာကြောင့်များ အလိုက်မသိတဲ့ နှလုံးသားက တဆစ်ဆစ်နာကျင်နေရတာလဲ။

ကိုယ်တို့နှစ်ယောက်ကြား ချည်နှောင်ထားတဲ့ ဒီကြိုးလေးကို ကိုယ့်တစ်ယောက်ထဲအားနဲ့ ဆွဲထားရမှာလား မောင်။

"ဒါဆို ကိုယ်က ဒါတွေဘာလုပ်ပစ်ရမှာလဲ မောင် "

ဒီပါ မောင့်ကို အမေးစကားထုတ်မိသည်။သူ့အတွက်ရည်ရွယ်ပြီး မနက်အစောကတည်းက ထလုပ်ပေးထားရတာ။ဒါကို မောင်ကလေ သူ့ကို ဘယ်လိုတွေဆက်ဆံနေရတာလဲ။

ကိုယ့်မှာဘာအပြစ်တွေများ ရှိနေသလဲ မောင်ရယ်...

"သွန်ပစ်လိုက်ပေါ့ ဒီပါရဲ့။ဘာတွေကများ ခက်ခဲနေတာလဲ "

"မောင့်!"

ဒီပါ့ အသံဟာ ယိမ်းယိုင်လို့ နှုတ်ခမ်းသားနုနုဟာ တစ်ဆက်ဆက်တုန်ရီနေသည်။မောင့်စကားဟာ ဒီပါ့စေတနာတွေကို စော်ကားလိုက်တာမဟုတ်လား။တွေဝေခြင်းတောင်တစ်စက်မရှိဘဲ ရက်ရက်စက်ထွက်လာတဲ့ ဒီစကားဟာ ဟိုအရင်တစ်ချိန်က မောင့် barista လေးဆိုပြီး အသည်းနှလုံးကို ခြွေတတ်တဲ့ ချစ်ရသူဆီကတဲ့လေ။

စည်းချက်ညီညီ ခုတ်မောင်းနေတဲ့ ဒီအချစ်ရထားဟာ ဘယ်ဘူတာမှာစပြီးလွဲခဲ့ကြပါသလဲ။

တစ်ယောက်ကိုတစ်ယောက် မယုံကြည်ခြင်းတွေကလား။

ချစ်ခြင်းထက် အတ္တတွေကျော်လွန်သွားတဲ့အခါ နှလုံးသားကို အမှောင်ဖုံးစေတယ်မဟုတ်လား။

ကလေးငယ်ရေ ...မင်းနှလုံးသားကို မြင်အောင်ကြည့်ပါ။အမှောင်တွေဖုံးလို့ အတ္တကိုရှေ့တန်းမတင်ပါနဲ့လားကွယ်။

_______________________________

"သွေးသု ခဏလာဦး "

"ဗျာ လာပြီ ကိုကြီး "

"ဒီကော်ဖီဘယ်သူဖျော်တာလဲ အရင်နေ့တွေနဲ့တစ်စက်မှမတူဘူး "

"ကျွန်တော်ဖျော်တာပါ ကိုကြီး။အရင်က အစ်ကိုဖျော်ပေးနေကြလေ။အစ်ကို့လက်ရာကိုတော့ ကျွန်တော်က ဘယ်မှီပါ့မလဲ"

ဟက်...ကျွန်တော့်ပါးစပ်ကတောင် ကျွန်တော့်ကို သစ္စာဖောက်နေပြီ ဒီပါ။ခင်ဗျားဖျော်တာမှမဟုတ်ရင် မသောက်တတ်တော့လောက်အောင် အကျင့်ပျက်နေခဲ့ပြီ။

ခင်ဗျားကလေ ကြာလေကြာလေ တမြေ့မြေ့နဲ့ ပိုယစ်မူးရတဲ့ နှစ်ချို့ဝိုင်လိုလူမျိုးဘဲ ဒီပါ။

"shit! သူ့အကြောင်းမပါရင် မင်းစကားမပြောတတ်တော့ဘူးလား ,ပြန်ယူသွား ဒီကော်ဖီ "

"ကိုကြီးကရော နေ့စဉ်ဘဝမှာ အစ်ကိုမပါဘဲ ဖြတ်သန်းနိုင်လို့လား "

"ငါဆိုတဲ့ကောင်ရှိရင် သူကလည်းရှိနေရမှာဘဲ,သူကငါပိုင်တဲ့လူ။ငါကသူ့ကိုမလိုအပ်ဘူး သူကသာငါ့ကိုလိုအပ်နေရမယ် "

"ကိုကြီးတို့နှစ်ယောက်ကြား ဘာတွေဖြစ်နေသလဲ ကျွန်တော်မသိဘူး။ဒါပေမယ့် ကိုယ့်မျက်စိနဲ့တွေ့သမျှ နားနဲ့ကြားရသမျှဟာ အမှန်ဟုတ်မနေဘူးဆိုတာကိုတော့ ကိုကြီးသိသင့်တယ်။တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုတောင်ယုံလို့မရဘူး။အစ်ကိုနဲ့ထိပ်တိုက်ဖြေရှင်းပါ။ပြီးတော့ အစ်ကို့ကို နာကျင်ရအောင်မလုပ်ပါနဲ့"

"ငါသူ့ကို မေးပြီးပြီ သွေးသုရဲ့။အခုချိန်ထိ ငါ့ကိုလှည့်ဖြားနေတုန်း။ငါ့အချစ်တွေကို ခုတုံးလုပ်ပြီး သူကလှောင်ရယ်နေတုန်း။သူ့ကိုအခွင့်အရေးပေးခဲ့တယ်။အဲ့ဒီမျက်နှာလှလှလေးနောက်ကွယ်က မျက်နှာဖုံးက သိပ်ကြောက်ဖို့ ကောင်းတာမင်းသိလား သွေးသု"

"အစ်ကိုက ကိုကြီးကို တကယ်ချစ်တာပါဗျာ။ကိုကြီးကရော အစ်ကို့ကို အဆုံးရှုံးခံနိုင်တာ သေချာလို့လား "

ဟင်! သူ ဒီပါ့ကို တကယ်ဘဲအဆုံးရှုံးခံနိုင်ရဲ့လား။ဘာကြောင့်သူကဆုံးရှုံးရမှာတဲ့လဲ။ဒီပါလွှမ်းခေတ်ဟာ သူ့ခွင့်ပြုချက်မရရင် အသက်တောင်ရှူခွင့်မရှိဘူး။ကျွန်တော် ခင်ဗျားကို အဲ့သလောက်တောင် မုန်းတယ် ဒီပါ။

"ဒီပါလွှမ်းခေတ်ဆိုတာ အာဏာစက်သျှားတစ်ဦးတည်းသာပိုင်တယ်။ငါကသေခွင့်မပြုရင် သူ့မှာသေခွင့်မရှိဘူး။သေချင်ရင်တောင် ငါ့လက်နဲ့ဘဲ ကိုယ်တိုင်အဆုံးသတ်ပစ်မယ် "

"အချိန်တွေမလွန်ခင်သာ အမြင်မှန်ရကြပါစေတော့ဗျာ။အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ကုန်တော့မယ် ဟူး "

နားချလို့မရသည့် နောက်ဆုံးတော့ သွေးသုလည်း ကော်ဖီခွက်ကိုင်ရင်းသာ အပြင်ပြန်ထွက်လာရသည်။ကိုကြီးတို့နှစ်ယောက်အကြောင်းစဉ်းစားရတာ သူတကယ်ရင်မောလှပါသည်။တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပါလျက် ဘာတွေကများ လွဲမှားနေကြတာလဲ။အစ်ကိုကလည်း ကိုယ်ဝန်ကြီးနဲ့ ဘာတွေဆက်ဖြစ်ကြမှာလဲ။

_______________________________

"ဒီပါ နင်အဆင်ပြေရဲ့လား "

"ပြေပါတယ်နွယ်ရယ် ငါခေါင်းနည်းနည်းကိုက်နေရုံပါ "

"ဒါဆိုရင်ဖြင့် နွယ်ပျားရည်နဲ့ရေနွေးလေးစပ်ပေးမယ် ခနနော် "

နွယ့်မျက်နှာဟာ အရင်လိုရွှင်ရွှင်ပျပျမရှိတော့ပေမယ့်လို့ အမြဲပြုံးနေတုန်းပါဘဲ။နွယ်ကလေ သိပ်ကိုသန်မာတဲ့ အမျိုးသမီးပါဘဲ။သူချစ်ရတဲ့သူရဲ့ဘဝ တိုးတက်ကောင်းမွန်ဖို့ သူ့နှလုံးသားကိုစတေးခဲ့တာ။ဒီပါဆိုရင်ရော နွယ့်လောက် သန်မာနိုင်ပါ့မလား။ဟင့်အင်း ဒီပါမလုပ်နိုင်လောက်ဘူးထင်တယ်။မောင်မရှိတော့ရင် ဒီပါ့ရှင်သန်ခြင်းကပါ အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်။မောင့်အနားမှာသာ ကပ်တွယ်ပါရစေ။မောင့်မျက်နှာသာ ငေးမောပါရစေ။ဘာတွေဖြစ်လာလာ...ဘာဘဲဆက်ဖြစ်ဖြစ်ပေါ့ မောင်ရယ်...

"ဒီပါ ရပြီ "

ခွက်ထဲမှ ပျားရည်နွေးနွေးလေးကို သောက်လိုက်ပြီး အရသာကိုသေချာခံစားမိသည်။ချိုမြမြအရသာလေးဟာ လျှာဖျားထဲမှတစ်ဆင့် ပျော်ဝင်သွားသည်။ချဉ်ပြုံးပြုံးအရသာလေးကြောင့် နောက်ကျိနေတဲ့ ခေါင်းဟာ ကြည်လင်လာရသည်။

"အင်း တကယ်ကောင်းတယ်နွယ်...ပျားရည်က ချိုချဉ်လေး "

"ပျားရည်ကို ရေနွေးနွေးလေးရယ် ပန်းသီးရှာလကာရည်ရယ် ရောဖျော်ထားတာ ဒီပါ ။အဆင်ပြေသွားလို့ တော်သေးတာပေါ့။အရင်ထက် နှစ်ဆပိုပြီး ဂရုစိုက်ရမယ်နော် ပါပါးရေ "

"ဟက် ...အချိန်စက်ဝန်းဟာဘယ်လိုဘဲရွေ့သွားရွေ့သွား နွယ်ကတော့ ငါ့အပေါ် မပြောင်းမလဲ ဂရုစိုက်တုန်းပါလား "

"နွယ့်ဘက်က ငြိတွယ်မိလိုက်တဲ့သူမှန်သမျှ တစ်ခုမဟုတ်တစ်ခုသောအကြောင်းတွေနဲ့ နွယ့်အနားကထွက်သွားရတာဘဲလေ...နွယ်ဖြင့် ဘာအကြောင်းနဲ့မှ ဒီပါ့ကို မဆုံးရှုံးချင်တော့ဘူး "

တိုးဖွဖွဆိုရင်း ထွက်ပေါ်လာတဲ့ နွယ့်အသံညှင်းသဲ့သဲ့မှာ ဘာကြောင့်နာကျင်ရိပ်တွေသမ်းနေရတာလဲ။

"ဘာသတင်းမှမကြားတော့ဘူးလား နွယ် "

"အင်း"

"သတိရသလားဟင်"

"သတိရတယ်ဆိုတဲ့စကားဟာ မေ့နေမှသာသုံးရတာမလား။နွယ့်စိတ် ၊နွယ့်နှလုံးသားထဲမှာတော့ ကလေးမက စက္ကန့်မလပ် နေရာယူနေတာပါ ဒီပါ "

"နွယ်က သိပ်သန်မာတာဘဲ "

"နာကျင်နေတဲ့နှလုံးသားကိုတော့ ဘယ်သူကများမြင်ခဲ့ပါသလဲ "

"..."

"ချစ်ခြင်းတိုင်းက အဆုံးသတ်မလှကြသလို ပြီးပြည့်စုံတဲ့ချစ်ခြင်းဆိုတာလည်း မရှိပါဘူး။နွယ်တို့ရင်ထဲမှာတော့ နွယ်တို့ချစ်ရသူတွေဟာ ထာဝရရှင်သန်နေကြမှာပါ"

"ငါကတော့ နွယ်တို့နှစ်ယောက်ကို ပေါင်းဖက်စေချင်ခဲ့တာ"

နွယ်ရောပါဘဲ ဒီပါရယ်။ပေါင်းဖက်ချင်ခဲ့တာပေါ့။

"မနက်ဖြန် ဒီပါ့မွေးနေ့နော် ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ"

"ငါလူ့လောကထဲ စရောက်တဲ့နေ့က ငါ့မိဘတွေရဲ့ လူ့လောကထဲက ထွက်ခွာသွားရတဲ့နေ့ဖြစ်နေတာဟာ ကြေကွဲစရာဘဲနွယ်...မွေးနေ့မလုပ်ဖြစ်တာ၁၇နှစ်တောင်ရှိပြီ "

"အင်းဟုတ်သားဘဲ...ဒါဆို ဘုရားသွားပြီးဘဲ အန်တီတို့အတွက် အလှူသွားလုပ်မှာပေါ့ "

"ဒီနှစ်တော့ ကိုကိုနဲ့ နှစ်ယောက်အတူပေါ့...လောဘကြီးရာမရောက်ဘူးဆိုရင်လေ ဒီနှစ်မွေးနေ့လေးမှာ မောင်နဲ့အတူ မွေးနေ့ကိတ်လေးခွဲရင်း ဖြတ်သန်းချင်တယ်"

"ဖြစ်လာမှာပေါ့ ဒီပါရယ် ...နွယ်တို့ ကုန်တိုက်သွားကြမလား ဒါမှမဟုတ် ရုပ်ရှင်သွားကြည့်ကြမယ်လေ "

ဒီပါ့မျက်နှာ ညှိုးနွမ်းလို့ မျက်ဝန်းညိုညိုတို့ကလည်း တစ်စုံတစ်ခုကို တွေးတောနေဟန်ရှိသည်။နွယ့်သူငယ်ချင်းကိုတော့ အတတ်နိုင်ဆုံး စိတ်မညစ်အောင်သူထားချင်သည်။ဒါကြောင့် အာရုံပြောင်းအောင် နွယ်ပြောမိတော့

"မသွားချင်ပါဘူး နွယ်ရယ် "

"ဒီပါရယ် နွယ်ရုပ်ရှင်သွားကြည့်ချင်လို့ပါဆို နော် နော်လို့ "

"အစထဲက နွယ်ကြည့်ချင်လို့ပါလို့ ပြောပါလား "

"ဟီးဟီး သွားမယ်နော် လက်မှတ်ဖိုးနွယ်စိုက်ပါ့မယ်"

"အခုတလော ဘာတွေ ချဉ်ခြင်းတက်မှန်းမသိဘူး ဂွေးသီးကို ချဉ်ငန်စပ်လေး စားချင်နေတာ "

"နွယ်ဝယ်ကျွေးမယ်လို့ လိုက်ခဲ့နော် "

"လိုက်ပါ့မယ် နွယ်ရယ် "

_______________________________

နွယ်နဲ့ဒီပါ ကုန်တိုက်ဘက် ထွက်လာရင်း လမ်းမှာ အချဉ်ပေါင်းသည်ကို တွေ့တော့

"နွယ် ဟိုမှာ အချဉ်ပေါင်း "

"ခဏလေးပါ ဒီပါရယ် နွယ်ကားပါကင်ထိုးလိုက်ဦးမယ် "

"အွန်"

ကားပါကင်ထိုးပြီး ဒီပါတို့ပြန်ထွက်လာတော့

"တွေ့လားနွယ် မရှိတော့ဘူးလို့ အီးဟီး "

"အယ် မငိုပါနဲ့ ဒီပါရယ် နောက်နေ့ကျ နွယ်ဝယ်ကျွေးပါ့မယ် "

ဒီပါက ခြေကိုဆောင့်ကာ လမ်းမပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း အော်ငိုနေသည်။ဒီကောင်လေးကတော့လေ ဗိုက်လေးရှိလာတာနဲ့ ပိုပြီးဂျီကျလာတော့တာဘဲ။မြင်ယောင်ပါသေးတယ် ကလေးနဲ့အပြိုင်ကောက်မယ့် ကောက်စိန်လေးကို။

"ငါက အခုစားချင်တာလို့ နွယ်ရဲ့။အချဉ်ပေါင်းသည်ကလည်း မာရသွန်အပြေးပြိုင်နေသလား မှတ်ရတယ်။အသံဘဲကြားပြီး ပျောက်သွားတယ် ဟွန့် "

"အခုတော့ မရတော့ဘူးလေ ဒီပါရဲ့။အခြားတစ်ခုခု စားရအောင် နော် "

"နင်ဝယ်ကျွေးမှာလား "

"အင်းအင်း"

"ကြက်ကြော်ရော ပီဇာရော စတော်ဘယ်ရီရေခဲမုန့်ရော "

သူ့လက်ချောင်းလေးတွေကို လက်တစ်ဖက်ဖြင့် တစ်ချောင်းချင်းချိုးကာ နှုတ်ခမ်းရဲရဲလေးတွေက တရစပ်ပြောနေသည်။မျက်ဝန်းညိုညိုတွေဖြင့် နွယ့်ကို မော့ကြည့်ရင်း

"အာလူးကြော်လည်း စားမယ်နော် ...ဟီး ငါပြောတာ ပိစိလေးလောက်များသွားတယ်ထင်တယ်...ငါက အစားကြီးတာမဟုတ်ဘူးနော် နွယ်...ငါ့သူငယ်ချင်းက ဝယ်ကျွေးမယ်ဆိုလို့ ပါရမီဖြည့်တဲ့အနေနဲ့ စားပေးမှာ "

"ဟမ့် ဟုတ်ပါပြီရှင် ။ အခုတော့ ထပါဦး "

နွယ်က လက်ကမ်းပေးတော့ ဒီပါက သူ့လက်ကို ပြန်လည်ဆုပ်ကိုင်လာပြီး အားယူကာထလိုက်သည်။ထို့နောက် ဘောင်းဘီတွင် ကပ်နေသော ဖုန်စလေးများကို လက်ဖြင့်ခါလိုက်ရင်း

"ခုနက သတိမထားမိလိုက်တာ လူတွေငါတို့ကိုကြည့်နေတာဘဲ။ရှက်လိုက်တာ "

"အခုမှ ရှက်တယ်ပေါ့လေ "

နွယ်က ပြုံးလျက်ဒီပါ့ကိုမျက်စောင်းထိုးလိုက်ပြီး ဒီပါ့လက်ကိုကိုင်ကာ ဆွဲခေါ်သွားလေသည်။ဒီပါစားချင်သမျှမုန့်တွေအကုန်စားပြီးတော့ ဗိုက်ကအင့်လာရသည်။အခုဆို ဒီပါ့စတိုင်ဟာ သွေးသု ကျေးဇူးကြောင့် ပုံစံပြောင်းခဲ့ပြီလေ။Over size တီရှပ်အပွကြီးနဲ့ မျှော့ကြိုးပါတဲ့ ဘောင်းဘီပွပွ အပျော့ကိုသာ ဝတ်ရပါတယ်။ လူကောင်ကသေးရတဲ့ထဲ အဝတ်ပုံထဲပျောက်နေတဲ့ အမောင်ဒီပါ့ဘဝကို စဉ်းစားကြည့်ကြပါတော့။

နွယ်က ရုပ်ရှင်လက်မှတ်သွားဖြတ်တော့ အဝင်ပေါက်နားကတိုင်ကို မှီကာ ရေခဲမုန့်စားရင်း ဒီပါစောင့်နေလိုက်သည်။

"ဒီပါ ဒီမှာနှစ်စောင် ထည့်ထားလိုက်ဦး "

"ပေးပေး "

နွယ်ပေးတဲ့ လက်မှတ်ကို အကျႌအိတ်ထဲထည့်ကာ ထိုနေရာမှထွက်မည်အလုပ်

"ဘုတ်"

လက်ထဲမှ ရေခဲမုန့်ခွက်ဟာ တုန်ရီနေတဲ့ လက်ကြောင့် မြေပေါ်ခသွားခဲ့ရသည်။နွယ့်လက်ကိုဆွဲကာ တိုင်အနောက်ဘက်၌ အမြန်ပုန်းရင်း ခုနကမြင်ကွင်းကို ပြန်ကြည့်မိသည်။

ဒူးအတိဂါဝန်တိုလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုမြင့်မြင့်စည်းထားတဲ့ ကောင်မလေးက မောင့်လက်မောင်းကိုချိတ်ပြီး ရုပ်ရှင်ရုံထဲကထွက်လာတာ။

မောင်က မိန်းကလေးတွေကိုရော သဘောကျတာလား။အရာအရာပြီးပြည့်စုံပြီးကြည့်ကောင်းလွန်းတဲ့ ဒီကလေးမက ဒီပါနဲ့ယှဉ်ရင်တော့ ဆီနဲ့ရေလိုပါဘဲ။ဒီလောက်လိုက်ဖက်လွန်းတဲ့ နှစ်ယောက်ကို ဆက်ကြည့်နိုင်တဲ့ အင်အားတွေ ဒီပါ့မှာ မရှိတော့။ခြေထောက်များက အားအင်ကုန်ခမ်းကာ ဒူးပင်ခွေကျလုနီးနီးဖြစ်ရသည်။

ပထမဆုံးအကြိမ် ငါ့ဖြစ်တည်မှုကို သိမ်ငယ်မိတာပါဘဲ မောင်...

ကိုယ်မင်းကို ဆုံးရှုံးရတော့မှာလား...

"ဘာလို့ ပုန်းလိုက်တာလည်း ဒီပါရယ် ...နင်က သူ့ရဲ့ တရားဝင်ယောက်ျား ...နင့်မှာမေးပိုင်ခွင့်ရှိတယ်လေ "

"မေးလိုက်လို့ ဟုတ်တယ်ဆိုမှ ငါ့ရင်ကွဲနေရပါမယ်နွယ်ရယ်...မောင်စိတ်ချမ်းသာသလိုသာလုပ်ပါစေတော့ "

"ဟူး ခက်တယ် ဒီပါရယ် "

အာဏာ ဂျူးလီကို ရုပ်ရှင်လိုက်ပြရင်းပြန်အထွက် အနောက်ဘက်ဆီမှ အသံကြားရတာကြောင့် လှည့်ကြည့်မိတော့ မြေပေါ်ခနေတဲ့ ရေခဲမုန့်ခွက်တစ်ခွက်။အာဏာ့နှလုံးသားက အချက်ပေးလိုက်သည်က နှာခေါင်းဖျားထဲ ဝင်ရောက်တိုးဝှေ့လာသော ရနံ့။ဒီအနံ့ဟာ အိမ်ကလူရဲ့ ကိုယ်သင်းရနံ့။သူများဖြစ်လေမလားလို့ ဒီပါကြည့်မိတော့လည်း မြေပေါ်ကျနေတဲ့ ရေခဲမုန့်ခွက်ကလွဲလို့ ဘာမှမရှိ။

"ကိုကို ဘာရပ်ကြည့်နေတာလဲ သွားမယ်လေ "

"အင်း"

မောင့်ဘေးက ကောင်မလေးက ဘာပြောလိုက်သလဲတော့မသိပါ။မောင်က ခေါင်းငြိမ့်ပြပြီး ထွက်သွားကြလေသည်။

ရုပ်ရှင်ဆက်ကြည့်ဖို့လည်း ဒီပါစိတ်မပါတော့။မောင့်ကို အဆုံးရှုံးမခံနိုင်သည့်စိတ်က ပို၍ကြီးစိုးနေသည်။

တစ်စုံတစ်ယောက်ကို ချစ်မိရင်  စွန့်လွှတ်တတ်ဖို့ပါ တစ်ခါထဲသင်ယူသင့်ကြောင်း မောင်က ကျွန်တော့်အား သင်ပြပေးခဲ့ခြင်း ဖြစ်သည်။

မင်းအပေါ်နစ်ဝင်နေတဲ့ ကိုယ့်စိတ်ကို အများကြီး  ပြင်ဆင်ဖို့လိုအပ်နေတာဘဲ မောင်။

_______________________________

"ခင်ဗျား! ဒါအိမ်ပြန်လာတဲ့အချိန်လား ဒီပါ"

"အင့် အခုမှ လက်တံအတိုက ၁၂ ကျော်ရုံလေးရှိတာကို။မောင်က ကိုယ့်ကို စိတ်ပူနေတာလား "

"ဟာ ခင်ဗျား !"

ရီဝေဝေမျက်လုံးများနှင့် အာဏာ့ကိုကြည့်ရင်း ဒယိမ်းဒယိုင်လျှောက်လာလေသည်။အာဏာ့နားရောက်ခါနီးတော့ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ပြုတ်ကျလေတော့ သူလှမ်းဖက်လိုက်သည်။မျက်စိတစ်မှိတ် အချိန်လေးအတွင်းမှာဘဲ နှစ်ယောက်သား မြေပြင်ပေါ်ထပ်လျက်ပြုတ်ကျသွားရသည်။

မေတ္တာဓာတ်အပြည့်နဲ့ ကြည့်နေတဲ့ ရီဝေဝေ မျက်ဝန်းတစ်စုံကို သူမငြင်းဆန်နိုင်ခဲ့ပေ။

ဒီချိုမြမြ နှုတ်ခမ်းပါးဟာ သူ့စိတ်တွေ ယိုင်နဲ့လာအောင် ဖမ်းစားလွန်းသည်။

ဂျယ်လီလို အိစက်နေတဲ့ ဒီနှုတ်ခမ်းသားနုနုကို စားသုံးမိလေတော့ ခံတွင်းထဲဝင်လာတဲ့ ပြင်းရှရှ အရသာ။

ဒီလူအရက်တွေသောက်လာတာလား။

သူကတော့ စိတ်တွေပူလွန်းလို့ အရူးတစ်ယောက်လို လိုက်ရှာနေလိုက်ရတာ။ဒီလူက အရက်တောင် သောက်လာတာတဲ့လား။ဘယ်တုန်းကများ သောက်ဖူးလို့ ဒီလူက သောက်လာရတာလဲ။တကယ်ကို ဒုက္ခပေးလွန်းတဲ့လူ။အခုလည်း အာဏာ့ရင်ဘတ်ပေါ်မှာ မှောက်ရက်ကြီး အိပ်ပျော်သွားပြန်ပြီ။

အရှုပ်ထုပ်ကို ကုန်းပိုးကာ အိပ်ခန်းထဲရောက်တော့

"ဝေါ့"

အာဏာ့တစ်ကိုယ်လုံး အန်ဖက်တွေနဲ့ ပေပွသွားပြီး အိပ်ယာတစ်ခုလုံးလည်းပေကုန်ပါပြီ။ဟိုလူကတော့ ဘာမှမသိသလို အိမ်မက်ကမ္ဘာထဲ ရောက်လို့ တခေါခေါ အိပ်နေပြန်ပါသည်။

"ဟက်! ခင်ဗျားက ဘာလေးလဲ ဒီပါ "

ပေပွနေတဲ့ အိပ်ယာခင်းကို လဲကာ ဟိုလူ့ကိုလည်း သန့်ရှင်းရေးလုပ်ပြီးလအဝတ်လဲပေးလိုက်သည်။ပြီးမှ သူလည်းရေမိုးချိုးကာ အဝတ်လဲရင်း

"ပြွတ်"

အိပ်ပျော်နေတဲ့ကောင်လေး မသိလိုက်တာကတော့ သူ့ခြေဖမိုးထက်က အနမ်းဟာ သူမသိလိုက်တဲ့ အချိန်အပိုင်းခြားအတွင်းမှာဘဲ ၂၈၉ ကြိမ်မြောက်တိတိရှိခဲ့လေပြီ။

ဒီလူသားကို မုန်းနိုင်ဖို့ကြိုးစားရင်း

ဒီလူသားကိုမှ ငြိတွယ်လာမိတဲ့ အခိုက်အတန့်ဟာ နာကျင်စရာအတိပေါ့ အချစ်ရယ်...

အမုန်းနဲ့ ငြိတွယ်မှုတွေကြား မောင် ဘယ်လိုလွန်ဆွဲရပါ့မလဲ။

______________________________

မှိန်ဖျော့ဖျော့အလင်းရောင်သာရှိနေသော အခန်းထဲတွင် စီးကရက်ကို ရှိုက်ဖွာရင်း တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားနေသည့် ကောင်လေးတစ်ယောက်ရှိလေသည်။

"ဒီစီးကရက်ငွေ့တွေနဲ့အတူ မောင့်နာကျင်မှုတွေပါ လွင့်ပါသွားရင်ကောင်းမယ်...အဲဒီ့နေ့ကသာ မောင်မသွားခဲ့ရင် အမှန်တရားတစ်ချို့ကို မောင်မသိခဲ့ရင် မောင်တို့ဘဝတွေက သာယာနေမှာဘဲ "

"မောင်!"

ဘယ်လောက်ဘဲမုန်းတယ်ဆိုဆို ဒီလူက မောင်လို့များခေါ်လိုက်ရင် နှုတ်ခမ်းထောင့်စွန်းတွေ ကော့ညွတ်သွားတတ်တာဟာ အာဏာ့ အကျင့်လိုတောင်ဖြစ်နေပါပြီ။

"နိုးပြီလား ဒီပါ "

"ကိုယ့်ကြောင့် အလုပ်ရှုပ်သွားရင်တောင်းပန်ပါတယ် မောင် "

"နောက်တစ်ခါ ကျွန်တော် အလုပ်ရှုပ်အောင် မလုပ်နဲ့ ဒီပါ ...ကျွန်တော့်အချိန်တွေ ဒီလောက်မပေါဘူး "

"ကိုယ်သိပါပြီ"

"သိနေခဲ့တယ်မဟုတ်လား ဒီပါ "

"ဘာကိုလဲ မောင် "

ခေါင်းငုံ့ထားရာမှ မော့ကြည့်ပြီး မျက်ဝန်းညိုညိုတွေနဲ့ အာဏာ့ကိုကြည့်နေပြန်သည်။

ဒီမျက်ဝန်းညိုညိုတွေနဲ့များညှို့လိုက်ရင် ကျွန်တော့်စိတ်တွေ ယိုင်နဲ့ကုန်ရတယ် ဒီပါ။

"ကျွန်တော်က ပန်းစက်သျှားရဲ့မောင်မှန်း ခင်ဗျားသိနေခဲ့တယ်မဟုတ်လားလို့ "

မောင့်မျက်လုံးထောင့်စွန်းတွေဟာ နီရဲပြီး ဒေါသထွက်နေတဲ့ အသံကြောင့် ဒီပါကြောက်လန့်နေမိသည်။မောင် ဒီလောက်ဒေါသထွက်နေတဲ့ပုံကို သူမမြင်ဖူးပေ။

"တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းတဲ့။တကယ်ကြီးဘဲပေါ့ ဒီပါ။မမကလေ နောက်ဆုံးအချိန်အထိ ခင်ဗျားကို ဘယ်လောက်တောင် အားကိုးတစ်ကြီး မျှော်လင့်ခဲ့သလဲ။ဘယ်လောက်တောင်ကြောက်နေခဲ့လိုက်မလဲ ခင်ဗျားမသိဘူးလား။ခင်ဗျားကတော့ရောက်မလာခဲ့ဘူး။ခင်ဗျားသာရောက်သွားခဲ့ရင် မာမီရော မမရော အသက်ရှင်ရင်ရှင်ဦးမှာသိရဲ့လား ။သိရဲ့လားလို့ စောက်ကျိုးနည်း ခင်ဗျားရဲ့ "

ဒီပါ့ပုခုံးကို လက်နှစ်ဖက်ဖြင့် အတင်းကြပ်ဆုပ်ကိုင်ကာ မောင်က ဆွဲရမ်းနေသည်။အသားတွေနာလွန်းလို့ ပြောချင်ပေမယ့် မောင့်ရင်ထဲက ဒဏ်ရာက ပိုပြီးနာကျင်နေလိမ့်မယ်ထင်တယ်။

ကိုယ်သွားခဲ့ပါတယ် မောင်ရယ်။မရောက်သွားရုံလေးပါ။ဘာကြောင့်မရောက်သွားလဲ ဆိုတာကိုရော မောင်ကမမေးတော့ဘူးလား။

"ကိုယ်ရှင်းပြပါရစေ မောင် ။ကိုယ့်ကိုယုံကြည်ပေးပါ "

"ခင်ဗျားရဲ့ အလိမ်ညာစကားတွေကို ကျွန်တော်နားမထောင်ချင်ဘူး ဒီပါ "

"မောင် ကိုယ့်ကို ယုံကြည်ပေးလို့မရဘူးလား။တစ်ခါလောက်ပါဘဲမောင် "

တစ်ခါထဲပါ။ဒီတစ်ခါလောက်ဘဲ မောင်က ကိုာ့်ကိုယုံကြည်ပေးပါ။ဘယ်သူ့မှ ကိုယ့်အနားမရှိရင်ရင်တောင် မောင်ကတော့ရှိနေပေးပါ။

"မယုံဘူးဒီပါ ...ကျွန်တော် ခင်ဗျားကို သေလောက်အောင် မုန်းတယ် "

သွားပြီ ။ဒီပါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဟာ ရေစုန်မျောသွားခဲ့ပြီ။ကိုယ်ဘာတွေများ လောဘကြီးခဲ့မိလို့လဲ မောင်ရယ်။ကိုယ်လိုအပ်တာ မောင့်ယုံကြည်မှု တစ်ခုထဲရယ်ပါ။မောင်သာ ကိုယ့်ကို ယုံကြည်ပေးရင် ကျေနပ်တဲ့အထိ ကိုယ်ကရှင်းပြပေးမှာလေ မောင်။အခုတော့ မယုံတဲ့သူကို ရှင်းပြနေလည်း အပိုဘဲမဟုတ်လား။

" မုန်းစမ်း မောင်။မင်းကြိုက်သလောက်သာ မုန်းလိုက်စမ်း။မင်းက ကိုယ့်ကို ရက်စက်မယ်လို့ ဆုံးဖြတ်ထားရင် မင်းရက်စက်မှုတွေနဲ့နည်းတူ ကိုယ်က ဆတိုးလို့ချစ်ပေးမယ် မောင်။မောင့်အမုန်းတွေကို အချစ်လို့ သတ်မှတ်ပြီးလေ "

"ဟက်! ခင်ဗျားက သိပ်ရူးတာဘဲ ဒီပါ "

"ကိုယ်ကအစကတည်းက မောင့်အချစ်တွေကြား ရူးသွပ်နေတဲ့သူပါ "

"ခင်ဗျားက ကျွန်တော့်ကို ချစ်တယ်တဲ့လား ရယ်ချင်စရာဘဲ ဒီပါ "

"တစ်ခါတစ်လေကျ မောင်သိထားတဲ့ အမှန်တရားတွေက မှားနေတတ်တယ်။ငါမမှားတဲ့အတွက် ငါကရှင်းပြနေမှာမဟုတ်ဘူး မောင်။မောင့် လုပ်ရပ်တွေအတွက် မောင်သေချာပေါက် နောင်တရလိမ့်မယ် "

ပြုံးလျက်သာစကားတွေဆိုနေတဲ့ ကောင်လေးရဲ့ အငိုမျက်လုံးတွေကိုတော့ ဘယ်သူကများမြင်ခဲ့ပါသေးသလဲ။

ဒီပါ မောင့်ကို ပြောပြီးပြီးချင်း အခန်းအပြင်သို့ ထွက်လာလိုက်သည်။

အခန်းထဲမှာ ဒူးထောက်လျက်သား ကျန်နေတဲ့ကောင်လေးကတော့

"မောင့်ဘဝရဲ့ အရေးပါဆုံးလူကို မောင်သိပ်ချစ်ရတဲ့ ငယ့်ကြောင့်ဆုံးရှုံးသွားရတယ်ဆိုတဲ့ အသိက မောင့်ရင်တွေ ကွဲထွက်မတတ်ဘဲ။မောင့်လုပ်ရပ်အတွက် မောင်ဘယ်တော့မှ နောင်တမရဘူး...ငယ် "

အမှောင်ထုကြီးစိုးနေသော လေထုကဘဲ ထိုကောင်လေးနှစ်ယောက်ကြား အမုန်းမီးအစပျိုးခဲ့ပေးလေသလား ။

အတ္တကိုရှေ့တန်းတင်တဲ့ ကောင်လေးနဲ့ မာနတရားကိုလက်ကိုင်ထားတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ချစ်မေတ္တာတွေကရော ဒီလွန်ဆွဲခြင်းမှာ ဘယ်လိုဆက်ရှင်သန်ကြပါ့မလဲ။

5.5.22

Maple Lynn🍁

Continue Reading

You'll Also Like

38.2K 1.4K 35
အချစ်ဆိုတဲ့အရာရဲ့နိဂုံးအများစုက ပျော်ရွှင်ခြင်းနဲ့ ချုပ်ခဲ့ကြတယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးလေးရော ဘယ်လို ချူပ်ပါ့မလဲ ထင်သလိုပျော်ရွှင်ရပါ့မလား.....? မဟာသဣ...
382K 16.2K 41
လူသားတစ်ယောက်ကိုမှချစ်မိခြင်း
198K 9.3K 36
Start date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။