အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝ...

By Maple-Lynn

482K 19.3K 553

Season (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်... More

အတၱတို႔ေခၚေဆာင္ရာ အခ်စ္ရပ္ဝန္းသို႔(intro)
( Part _ 1)
(PART _ 2 )
(PART _ 3)
(PART _ 4)
(PART _5)
(PART _ 6)
PART_ 7
(PART _ 8)
(PART_ 9)
(PART_10)
(PART_11)
(PART_12)
(PART_ 13)
(PART_ 14)
PART_ 15
(PART_16)warning🚨
(PART_17)
(PART_18)
(PART_ 19)
(PART_20)
(PART_ 21)
(PART_22)
(PART_23)
(PART _ 24)
(PART_25)
(PART_26)
(PART_27)
Character မိတ်ဆက်
(PART_28)
(PART_29)
(PART_30)
(PART _ 31)🚨
(PART_32)
(PART_33)
(PART_ 34)
(PART _35)
(PART_36)
(PART_37)
(PART_38)
(PART_39)
(PART_41)
(PART_42)
(PART_43)
(PART_44)
(PART_45)
(PART_46)
(PART_47)
(PART_48)
(PART_49)
(PART_50)
(PART_51)
(PART_52)
(PART_53)
(PART_54)
(PART_55)(Final)
ေက်းဇူးတင္လႊာ

(PART_40)

5.7K 230 2
By Maple-Lynn

"အန္ကယ္ ကြၽန္ေတာ့္ကို ေခၚတယ္ဆိုလို႔ပါ "

ေသြးသုကို အန္ကယ္ကေတြ႕ခ်င္တယ္လို႔ ဆိုတာေၾကာင့္ ကိုႀကီးတို႔အိမ္ကို သူေရာက္ေနျခင္းျဖစ္ပါတယ္။ေသြးသုေရာက္ေတာ့ အန္ကယ္က ဧည့္ခန္းထဲမွာထိုင္ေနၿပီး ကိုႀကီးကေတာ့ Macbook တစ္လံုးနဲ႔အလုပ္ရႈပ္ေနတာပါ။

"လာသား ကုေဋေရာ "

"ကိုကိုကဂ်ဴတီရွိလို႔ မပါလာဘူးဗ် "

"ေၾသာ္ "

"ေသြးသု ေရာက္ေနတာလား ေကာ္ဖီေသာက္ဦး "

" ကြၽန္ေတာ္က အစ္ကိုဆိုင္သြားၿပီေတာင္ ထင္ေနတာ "

"အင္းခနေနသြားမွာ ဒယ္ဒီက ေျပာစရာရွိလို႔တဲ့ "

" ဟုတ္ အစ္ကို "

ေကာ္ဖီခြက္ကို ေသြးသုေကာက္ကိုင္လိုက္ရင္း တစ္ငံုေမာ့ေသာက္မိသည္။အစ္ကို႔လက္ရာကေတာ့ ဘယ္အခ်ိန္ေသာက္ေသာက္ စြဲလမ္းေစေလာက္ေအာင္ ေကာင္းလြန္းသည္။

"သားတို႔ ဒီမွာခနလာထိုင္ၾကပါဦး "

အန္ကယ္က ဆိုဖာမွာထိုင္ေနရင္းမွ ေသြးသုတို႔ကို လွမ္းေခၚတာေၾကာင့္ ေသြးသုေရာ ကိုႀကီးတို႔ပါ အနားသို႔သြားထိုင္လိုက္သည္။

"ဒယ္ဒီ့ကို ခြင့္လႊတ္ပါ ေသြးသု "

"ဗ်ာ!"

နားမလည္နိုင္တဲ့ မ်က္လံုးဝိုင္းဝိုင္းေတြနဲ႔ ထြဋ္ျမတ္ကို ၾကည့္ေနတဲ့ ကေလးငယ္ေၾကာင့္ သူစကားေျပာေလာသြားမွန္း သတိထားမိလိုက္သည္။

ဟုတ္ပါရဲ႕။သားက ဘယ္လိုလုပ္ၿပီး ဒီအေၾကာင္းေတြသိဦးပါ့မလဲ။တကယ္ေတာ့ သူကသားနွစ္ေယာက္လံုးအေပၚမွာ ဖခင္တစ္ေယာက္ရဲ႕တာဝန္ေတြမေက်ပြန္ခဲ့တာ။အင္း သမီးေလးအတြက္ေရာေပါ့။

"ေဆာရီး အန္ကယ္စကားေျပာေလာသြားတာ"

"ပထမဆံုးအေနနဲ႔ အန္ကယ္သားကိုေတာင္းပန္ပါတယ္။အခုခ်ိန္ထိ အမွန္တရားတစ္ခုကို ဖံုးကြယ္ထားမိလို႔။တကယ္ေတာ့ ေသြးသုေလးက အန္ကယ့္သားပါ "

"ကြၽန္ေတာ္သိပါတယ္ အန္ကယ္ "

ေသြးသုေလးရဲ႕ အသံဟာ ေျခာက္ကပ္အက္ကြဲေနၿပီး တစ္စံုတစ္ခုကိုအားတင္းေျပာဆိုေနသည့္နွယ္ တိုးညႇင္းစြာထြက္ေပၚလာသည္။ဒီကေလး ဘယ္အခ်ိန္ထဲက ဒီအေၾကာင္းေတြသိေနတာလဲ။အခ်ိန္ေတြ ဘယ္ေလာက္ၾကာေအာင္ေရာ ၿမိဳသိပ္ထားခဲ့တာလဲ။

အို..ဘုရားရွင္ ကြၽန္ေတာ္မ်ိဳးရဲ႕အျပစ္ေတြဟာ ခြင့္လႊတ္နိုင္ဖြယ္ေတာင္မရွိေတာ့ပါဘူး။

"ခြင့္လႊတ္ေပးပါ ...ဒယ္ဒီ့ကို သားတို႔နွစ္ေယာက္စလံုးခြင့္လႊတ္ေပးပါ"

ရင္ထဲဆို႔တက္လာေသာ အစိုင္အခဲႀကီးနဲ႔အတူ သားတို႔အေပၚ တာဝန္မေက်မႈေတြေၾကာင့္ ယူႀကံဳးမရျဖစ္မိသည္။ၾကမ္းျပင္ေပၚဒူးေထာက္ခ်ကာ ေတာင္းပန္မိေလေတာ့ သားနွစ္ေယာက္စလံုးက အေျပးလာထူသည္။

" ထပါ ဒယ္ဒီ...ဒူးေထာက္ေတာင္းပန္ဖို႔အထိမလိုပါဘူး...ဒယ္ဒီ့ကို ကြၽန္ေတာ္က ဘယ္တုန္းကမွ အျပစ္မယူခဲ့ပါဘူး "

" ကြၽန္ေတာ္လည္း ကိုႀကီးေျပာတဲ့အတိုင္းပါဘဲ အန္ကယ္ "

ရင္ဘတ္ထဲက အမည္မတပ္နိုင္တဲ့ ခံစားခ်က္မ်ိဳးစံုေၾကာင့္ ရင္ေတြခုန္ကာ တုပ္လႈပ္ေနမိေပမယ့္ အျပင္ပိုင္းတြင္ေတာ့ အတတ္နိုင္ဆံုးအသံကို ထိန္းခ်ဳပ္လ်က္ မ်က္လႊာခ်ကာ ေျပာမိသည္။

ဒီခံစားခ်က္ေတြကို ေသြးသု တကယ္ကို အမည္မတပ္တတ္ေတာ့ပါဘူး။အနွစ္နွစ္ အလလ ေမ်ွာ္လင့္ခဲ့မိတဲ့ အသိမွတ္ျပဳမႈကို ခံရလို႔ ဝမ္းသာေနတာလား။ေသခ်ာပါသည္ ေသြးသုမ်က္နွာေပၚ စီးဆင္းလာတဲ့ မ်က္ရည္စီးေၾကာင္းမ်ားဟာ အေပ်ာ္လြန္ေနလို႔သာ ျဖစ္ပါလိမ့္မည္။

"ဒယ္ဒီ့အတၱေတြေၾကာင့္ သားရဲ႕ဒယ္ဒီလို႔ေခၚသံေတာင္ ၾကားခြင့္မရွိေတာ့ဘူးလား သားငယ္ "

"မဟုတ္ပါဘူး ဒယ္ ဒယ္ဒီ "

အား...ေနာက္ဆံုးေတာ့ ဒယ္ဒီလို႔ေခၚခြင့္ရခဲ့ၿပီ။ဒယ္ဒီ့ရဲ႕အသိမွတ္ျပဳမႈကို ေသြးသု ေစာင့္ေမ်ွာ္ေနခဲ့မိတာ။တင္းၾကပ္ေနတဲ့ ခံစားခ်က္အစံုကို လြတ္လပ္ခြင့္ေပးကာ စိတ္ကို လံုးလံုးခ်လိုက္မိသည္။

"ေက်းဇူးတင္ပါတယ္ ဒယ္ဒီ့ကို ခြင့္လႊတ္ေပးလို႔ "

ထြဋ္ျမတ္လက္ကို ဆန္႔တန္းထားေတာ့ သားနွစ္ေယာက္လံုးက သူ႔ကိုျပန္ဖက္တြယ္လာသည္။သားတို႔မ်က္ရည္က်တာ ဒီတစ္ခါေနာက္ဆံုးဘဲ သူခြင့္ျပဳပါမည္။

"ဒီပါေလး လာပါဦး "

"ဟုတ္ ဒယ္ဒီ "

ေမာင္တို႔မိသားစုေလး ျပန္ဆံုစည္းနိုင္တာကို ဒီပါဝမ္းသာမိပါတယ္။ေမာင္ငတ္မြတ္ခဲ့တဲ့ ေမတၱာေတြလည္း အခုေတာ့အျပည့္အဝျပန္ရေတာ့မယ္။ေသြးသုေလးလည္း သူ႔မိသားစုနဲ႔ျပန္ဆံုစည္းနိုင္ခဲ့ၿပီ။

တစ္ေန႔ေပါ့...ေမာင့္ကို ကိုယ္ထားခဲ့ရရင္ေတာင္ ဒီမိသားစုေလးနဲ႔ စိတ္ခ်ေစခ်င္တယ္။ကိုယ္ေမတၱာေတြမရနိုင္ေတာ့ရင္ေတာင္ ဒီမိသားစုရဲ႕ ေမတၱာေတြေတာ့ ေမာင့္ကိုအျပည့္အဝရေစခ်င္ပါသည္။

တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ဖက္တြယ္ထားရင္ ေမတၱာေတြေဝေနၾကသည့္ ဒီမိသားစုေလးက အခုလိုဘဲ အခ်ိန္အၾကာႀကီးအတူရွိနိုင္ပါ့မလား။ဒီမိသားစုကိုေရာ ကံၾကမၼာမုန္တိုင္းက ဘယ္လိုေတာင္ ေမႊဦးမွာပါလဲ။ဒါကေတာ့ ကံဇာတ္ဆရာရဲ႕ အလိုက်ဘဲေပါ့။

"ဒယ္ဒီသားတို႔ကိုခ်စ္တယ္"

ဒယ္ဒီ့ရဲ႕ခ်စ္တယ္ဆိုတဲ့စကားကို အာဏာေမ်ွာ္လင့္ခဲ့တာဟာ သူ႔ဘဝတစ္သက္ရွိၿပီျဖစ္သည္။၂၅နွစ္ၾကာၿပီးတဲ့ အခ်ိန္မွာေတာ့ အာဏာၾကားခြင့္ရၿပီ။မေမ်ွာ္လင့္ထားတဲ့စကားမို႔ မ်က္ရည္ၿဖိဳင္ၿဖိဳင္ က်ေနမိတာကိုလည္း အာဏာသတိမျပဳမိေတာ့။အာဏာတို႔မိသားစု ဒီေန႔ကစၿပီး ေပ်ာ္စရာေန႔ရက္ေတြကိုသာ ျဖတ္သန္းရေတာ့မယ္ ထင္ပါရဲ႕။ေသြးသုေလးကိုလည္း အာဏာအတတ္နိုင္ဆံုး ကာကြယ္ေစာင့္ေရာက္ပါမည္။

"ဒယ္ဒီ့သားသံုးေယာက္လံုး ယံုၾကည္ရာကိုေရွ႕ဆက္ၾကပါ။သားတို႔ေရွ႕မွာ ဒယ္ဒီက တံတိုင္းႀကီးအျဖစ္ ကာကြယ္ေပးပါ့မယ္ "

တစ္စံုတစ္ေယာက္က ကိုယ့္ဘက္မွာရွိတယ္ဆိုတဲ့စကားက အရာရာကို ရင္ဆိုင္ဖို႔ ယံုၾကည္မႈတစ္ဝက္ရသလိုဘဲမဟုတ္လား။ဒီစကားက ကိုယ္အေလးထားရတဲ့သူဆီကဆို ဘယ္ေလာက္ေတာင္ၾကည္ႏူးဖို႔ ေကာင္းပါသလဲ။ဒီေကာင္ေလးသံုးေယာက္ရင္ထဲ တစ္စံုတစ္ခုကို ေက်နပ္ပီတိျဖစ္ေနၾကမယ္ဆိုတာ ေျပာစရာမလိုေအာင္ပါဘဲ။

_______________________________

" အငယ္ေလး "

"ဗ်ာ ကိုကို "

"ေဆးရံုေျပာင္းၿပီး ဘာလို႔ျပခ်င္တာလဲ "

"လမင္းသာမွာက ကုေဋတာဝန္က်ေနတာေလ။အေနွးနဲ႔အျမန္သူသိသြားရင္ ေမာင့္ဆီ သတင္းကေရာက္သြားမွာဘဲ"

"သိသြားလည္း ဘာျဖစ္လဲ အငယ္ေလးရယ္။သူမ်ားေျပာမွသိရတာထက္ အငယ္ေလးကိုယ္တိုင္ေျပာျပလိုက္တာက သူ႔အတြက္ပိုမေကာင္းဘူးလား ။အဲဒီ့ accident မွာ အငယ္ေလးကလည္း ထိခိုက္ခဲ့ရတဲ့သူဆိုတာ သူသိသင့္တယ္ေလ "

" ကြၽန္ေတာ္ ေမာင့္ကို ေျပာျပဖို႔ သတၱိမရွိေသးဘူး ကိုကို...ရလဒ္က ေမ်ွာ္လင့္ထားသလို မဟုတ္ခဲ့ရင္ ကြၽန္ေတာ့္စိတ္နွလံုး အလဲလဲ အကြဲကြဲျဖစ္ရပါလိမ့္မယ္...ရနိုင္သေလာက္ အခ်ိန္ေလးေတာ့ ေမာင့္ေမတၱာေတြခံယူရင္း ဘဝေန႔ရက္ေတြေရွ႕ဆက္ခ်င္ေသးတယ္ ကိုကို "

"တစ္ခါတေလက် ျပႆနာအရပ္ရပ္ကို ကြယ္ဝိုက္ေသာနည္းနဲ႔မေျဖရွင္းဘဲ ထိပ္တိုက္ရင္ဆိုင္ေျဖရွင္းသင့္တယ္ အငယ္ေလး...ကိုကိုေျပာတာသေဘာေပါက္သလား "

"ကြၽန္ေတာ္ သေဘာေပါက္ပါတယ္ကိုကို "

ကိုကိုက သူပိုင္တဲ့ေဆးရံုက ေဒါက္တာတစ္ေယာက္နဲ႔ဒီပါ့ကိုသီးသန္႔ေဆြးေႏြးေစၿပီး အေျခအေနကို သိခ်င္လို႔ပါတဲ့။ဒါေၾကာင့္ ဒီပါ့ကို အိမ္ကေနေခၚလာၿပီး ေဆးရံုခနဝင္ၿပီးမွ ဆိုင္ကို လိုက္ပို႔ပါမည္တဲ့ေလ။ေမာင့္ကို ဒီပါ့အေျခအေနေတြေျပာျပၿပီးလည္း စိတ္မပူေစခ်င္ဘူး။ေဟာ္မုန္းေဆးေတြကိုလည္း စဥ္ဆက္မျပတ္စားေနရတာေၾကာင့္ ေဆးေတြကို အေတာ္ၿငီးေငြ႕လွပါၿပီ။ဒီပါက အမ်ိဳးသားတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔သားအိမ္က အမ်ိဳးသမီးတစ္ေယာက္လိုေတာ့ပံုမွန္အလုပ္မလုပ္နိုင္ပါ။ဒါေၾကာင့္ ေဟာ္မုန္းေဆးေတြအစားထိုးၿပီးေသာက္ၿပီးတိုင္း တစ္ခါတရံ ဗိုက္ထဲမွ နာက်င္မႈဒဏ္ကို အလူးအလဲ ခံစားရပါသည္။ေက်ာက္ကပ္တစ္ျခမ္းနဲ႔သာ အသက္ဆက္ေနရသူျဖစ္တာေၾကာင့္ အျခားလူမ်ားထက္ပိုအားနည္းၿပီး အေမာမခံနိုင္ျဖစ္ရသည္ကလည္း ဒီပါပါဘဲ။

_______________________________

ေသြးသု ကိုႀကီးတို႔အိမ္က အျပန္ ကိုကို႔ကို ေျပာစရာရွိတာေၾကာင့္ ကိုကို တာဝန္က်ရာေဆးရံုဆီသို႔ ကားကို ဝရုန္းသံုးကား ေမာင္းလာမိသည္။အူျမဴးကာေပ်ာ္႐ႊင္ေနေသာ စိတ္အစဥ္ေၾကာင့္ မီးပိြဳင့္ေတြကိုပင္္ မျမင္နိုင္ေတာ့ဘဲ ေက်ာ္ျဖတ္ေမာင္းနွင္လာမိသည္။ေဆးရံုသို႔ေရာက္ေလေတာ့ ကိုကို႔နားေနခန္းရွိရာသို႔သာ ေသြးသု တန္းတန္းမတ္မတ္ေလ်ွာက္လာမိသည္။အခန္းတံခါးကိုေခါက္ကာ ဝင္ခြင့္ေတာင္းေလေတာ့

"တံခါးဖြင့္ထားပါတယ္"

အေပၚကိုေမာ့မၾကည့္ဘဲ ျပန္ေျဖလာတဲ့ ေသြးသုေဒါက္တာေလး၏ အသံဟာ ဆရာ႕အသံၾကားရင္ေရာဂါတစ္ဝက္ေပ်ာက္တယ္ ဆိုသလိုဘဲ တည္ၿငိမ္ေအးခ်မ္းလြန္းသည္။ပါဝါမ်က္မွန္ေအာက္က မ်က္ဝန္းတစ္စံုဟာ ေသြးသုနွလံုးသားရဲ႕ ၿပိဳလဲရာရပ္ဝန္းျဖစ္ေလသည္။

"ေဘဘီပါလား ...ကိုကို႔ဆီကိစၥရွိလို႔မ်ားလား "

"ကိစၥရွိမွလာရမွာလား ကိုကို "

တံခါးေခါက္သံသာၾကားလိုက္ၿပီး ဘယ္သူမွဝင္မလာတာေၾကာင့္ ကုေဋမ်က္မွန္ကို လက္ညႇိဳးျဖင့္ အသာပင့္တင္ရင္း ေမာ့ၾကည့္မိေတာ့ တံခါးေဘာင္ကိုမီကာ ၿပံဳးၿပီးၾကည့္ေနသူမွာ ကုေဋ ့ေခ်ာကလက္ေလးျဖစ္ေလသည္။ကုေဋေမးလိုက္ေတာ့မွ လက္ထဲတြင္ အိတ္ေလးတစ္အိတ္ကို ကိုင္ကာ တစ္လွမ္းခ်င္းေလ်ွာက္လာတဲ့ေခ်ာကလက္ေလးရဲ႕ မ်က္နွာဟာ လမင္းႀကီးလို ေအးခ်မ္းဖြယ္ျဖစ္ေနသည္။ကေလးငယ္ရဲ႕ မ်က္နွာေပၚမွာျမင္ေနရတဲ့ ဒီအၿပံဳးဟာ အသက္အဝင္ဆံုး အၿပံဳးတစ္ခုသာ ျဖစ္ပါလိမ့္မယ္။

"ေဒါက္တာ့ဆီလာတာ ေနမေကာင္းလို႔မ်ားလား လူနာ "

"အင္း နွလံုးခုန္သံေတြအရမ္းျမန္ေနလို႔ ဒီကေဒါက္တာေလးရဲ႕ အခ်စ္ေတြနဲ႔ကုသေပးမွ ေပ်ာက္လိမ့္မယ္ ထင္တယ္ "

" ဟက္! အတတ္ကေလး လာရင္းကိစၥက? "

"ကိုကို အားရဲ႕လား "

"အားတယ္ေဘဘီ ညေနမွ ဂ်ဴတီျပန္ဝင္ရမွာ "

"ကိုကို႔ကို ဒါေလးလက္ေဆာင္ေပးခ်င္လို႔...ကြၽန္ေတာ့္ကိုယ္ပိုင္ လစာနဲ႔ ကိုကို႔အတြက္ရည္႐ြယ္ၿပီး ေပးတာပါဗ် "

ေဘဘီကမ္းေပးတဲ့အိတ္ကို ကုေဋလွမ္းယူလိုက္ၿပီးဖြင့္ၾကည့္ေလေတာ့ အျဖဴေရာင္ဂ်ဴတီကုတ္ေလးတစ္ထည္ျဖစ္ေလသည္။လည္ဂုတ္အတြင္းဘက္မွာ ခ်ည္မ်ွင္နဲ႔ေသခ်ာထိုးနွံထားတဲ့ စာလံုးေလးက KOEMARN တဲ့ေလ။ေပ်ာ္လြန္းလို႔ လွိုက္တက္လာတဲ့ခံစားခ်က္ကို ထိန္းခ်ဳပ္ကာ မ်က္ရည္မက်ေအာင္ ႀကိဳးစားမိသည္။ဒါဟာ ေဘဘီသူ႔အတြက္ ရည္႐ြယ္ၿပီး ပထမဆံုးလုပ္ေပးဖူးတဲ့အရာျဖစ္ပါလိမ့္မည္။

"ဒါက ကိုကို႔အတြက္လား ေဘဘီ "

မ်က္မွန္ေအာက္က မ်က္ဝန္းေလးေတြက မယံုၾကည္နိုင္ဟန္ အေၾကာင္သားၾကည့္ေနရင္း နႈတ္ခမ္းထူထူေလးေတြကေတာ့ အေမးစကားထုတ္ေနသည္။ကိုကို မယံုၾကည္နိုင္တာဟာ အျပစ္ေတာ့လည္းမဟုတ္။သူကသာအၿမဲအနိုင္ယူၿပီး ကိုကိုကေတာ့အၿမဲအေလ်ာ့ေပးခဲ့ရသည္မဟုတ္လား။ခ်စ္ေၾကာင္းကိုလည္း တစ္ခါမွထုတ္မျပခဲ့ဖူးေတာ့ ကိုကို႔အျပစ္ေတာ့မဟုတ္ပါေလ။

"အပ္ခ်ည္ေတာင္ ေကာင္းေကာင္းမကိုင္တတ္တဲ့ေကာင္မို႔ မေသမသပ္ျဖစ္သြားရင္ ကိုကိုကဘဲ ခြင့္လႊတ္ေပးပါဦး ...ဒါက ကိုကိုတစ္ေယာက္ထဲအတြက္သီးသန္႔ရည္႐ြယ္တာျဖစ္လို႔ ကိုကို႔အပိုင္ပါ "

" ေက်းဇူးပါ ကေလးရယ္ ...ကိုကို အျမတ္တနိုးတန္ဖိုးထားပါ့မယ္ "

"ဒီဂ်ဴတီကုတ္ေလးက ကိုကို႔အတြက္ သီးသန္႔ရည္႐ြယ္တာျဖစ္သလို မာန္ကလည္း ကိုးလ္တစ္ေယာက္ထဲအတြက္သီးသန္႔ျဖစ္တည္လာသူပါ "

" အင္း KOEMARN ဆိုတာ ဘယ္သူခြဲခြဲ မကြဲနိုင္တဲ့ နာမ္စားေလး "

"ကြၽန္ေတာ္တို႔ကို ဘယ္သူမွခြဲလို႔မရဘူး ကိုကို "

ကိုကိုက ေခါင္းေလးၿငိမ့္ၿပီး ရယ္သံလြင္လြင္ေလးျဖင့္ ခပ္ဖြဖြၿပံဳးေလသည္။ေလျပည္ေလးမွတစ္ဆင့္ သယ္ေဆာင္လာေသာ ယုဇနပန္းရဲ႕ရနံ႔ကဘဲ ေသြးသုနွလံုးသားကိုၾကည္လင္ေစသလား။ေဒါက္တာေလးရဲ႕အၿပံဳးႏုႏုတို႔ကဘဲ သူ႔စိတ္ကိုဖမ္းစားထားေလသလား။အမွန္စင္စစ္ ေသြးသုလက္ခံလိုက္ရသည္က ေဒါက္တာ့အၿပံဳးေလာက္ ဘယ္အရာကမွမလွပနိုင္ေတာ့ေပ။

ေသြးသု ကိုကို႔ကို ေသြးသုရဲ႕မိဘအရင္းေတြအေၾကာင္းေျပာျပလိုက္ေလေတာ့ ကိုကိုက အံ့ၾသေနပံုရသည္။

"ဒါဆို ေဘဘီ့အေဖအရင္းက ဦးထြဋ္ျမတ္သ်ွားေပါ့...အာဏာက ေဘဘီ့အစ္ကိုအရင္းေပါ့ ...ကံၾကမၼာႀကီးကလည္း ထူးဆန္းလိုက္တာေနာ္"

"အင္း "

"ေဘဘီက ဒီအေၾကာင္းေတြသိေနတာ ၾကာၿပီေပါ့ "

"ကြၽန္ေတာ့္အသက္ ၁၈နွစ္ျပည့္ကတည္းကလို႔ ဆိုရမွာေပါ့...လတိုင္း ကြၽန္ေတာ့္ bank account ထဲကို ေငြေတြေရာက္ေနတာကစမယ္ထင္တယ္...ဘယ္သူထည့္ေပးေနမွန္းမသိေပမယ့္ ေထာင္ဂဏန္းနားကပ္ေနတဲ့ေငြေတြကို တစ္လတစ္ခါပို႔ေပးေနတာက အရမ္းမ်ားလြန္းတယ္မဟုတ္လား..."

" အဲ့ေတာ့ ေဘဘီက ဘယ္လိုသိသြားလဲ "

" အဲ့ေငြေတြ လႊဲေပးေနတဲ့သူကိုစံုစမ္းၾကည့္ေတာ့ေရွ႕ေနတစ္ေယာက္ျဖစ္ေနတယ္ ...အဲ့ဒီကေရွ႕ေနကို ၿခိမ္းေျခာက္ၿပီးေမးၾကည့္ေတာ့မွ အေၾကာင္းစံုသိခဲ့ရတာ...ကြၽန္ေတာ့္နာမည္နဲ႔လည္း ကုမၸဏီခြဲေတြလႊဲထားေပးေသးတယ္...အဲ့ဒါေတြကိုေတာ့ ကြၽန္ေတာ္အိမ္ေထာင္က်မွရမွာတဲ့"

"ဒါေတြသိရဲ႕နဲ႔ အမွန္တရားကိုသိရဖို႔ မေမးၾကည့္ခဲ့ဖူးဘူးလား "

"ကြၽန္ေတာ္မသိခ်င္ပါဘူးကိုကို...ေမတၱာတရားဆိုတာ လိုလိုလားလားေပးမွသာ ရနိုင္တာမ်ိဳးပါ...ေပးရင္ေတာ့လည္းယူလိုက္မွာ ျဖစ္သလို မရခဲ့ရင္မထိုက္တန္လို႔သာလို႔ မွတ္ယူလိုက္မွာပါ...ေမတၱာတရားနဲ႔ပက္သက္ရင္ ကြၽန္ေတာ္ေလာဘမႀကီးရဲပါဘူး ကိုကို "

" ကိုကို႔ေမတၱာေတြကိုေတာ့ ေဘဘီကေလာဘတက္ခြင့္ရွိပါတယ္"

ကိုကို႔စကားကို ေသြးသုၿပံဳးရံုေလးသာၿပံဳးျပလိုက္သည္။ခ်စ္ျခင္းေမတၱာနဲ႔ပက္သက္ရင္ေတာ့ ကြၽန္ေတာ္တကယ္ကို ေလာဘမတက္ရဲပါဘူး။အျမင့္ေရာက္မွရိုက္ခ်ခံရတဲ့ေတာင္ပံက ပိုအထိနာတယ္မဟုတ္လား။

_______________________________

ေကာ္ဖီဆိုင္ေလးအတြင္း၌ ပန္းႏုေရာင္ မဂၤလာဖိတ္စာေလးကိုကိုင္ကာ ၿပံဳးေနပါေသာေကာင္မေလးတစ္ေယာက္၏မ်က္နွာမွာ ေၾကကြဲလြမ္းဆြတ္ဖြယ္ အေငြ႕အသက္တို႔ျပည့္ေနေလသည္။

သူၿပံဳးေနတာလား။

ဒါမွမဟုတ္ အသံတိတ္ငိုေႂကြးေနတာမ်ားလား။

ရယ္ေမာျခင္္းရဲ႕အဆံုးသတ္ဟာ နာက်င္စရာမ်က္ရည္ေတြေတာင္မက်န္ေတာ့လို႔ အ႐ြဲ႕တိုက္ရင္း ရယ္ေမာေနတာလည္း ျဖစ္နိုင္တာပါဘဲ။

ဘယ္ေလာက္ေတာင္ စိတ္ပင္ပန္းထားလို႔ မ်က္ဝန္းေတြဟာ အနီေရာင္သန္းေနရပါသလဲ။မိႈင္းညိွဳ႕ညႇိဳ႕ မ်က္ဝန္းတစ္စံုကိုေရာ ဘယ္လို အဓိပၸါယ္ဖတ္ရပါမလဲ။

ဟုတ္တယ္ သူဟာ ခ်စ္ရသူေျပာသလို ႏြယ္ပင္လိုမိန္းမ။နွလံုးသားကိုစေတးၿပီး ခ်စ္ရသူကို နာက်င္ေစတဲ့မိန္းမ။

"ႏြယ္!"

"ဟမ္ "

ႏြယ္ဟာ စိတ္နဲ႔လူနဲ႔မကပ္သလို ငူငူငိုင္ငိုင္ႀကီး ထိုင္ေနရင္း ပန္းေရာင္ဖိတ္စာေလးကိုသာၾကည့္ရင္း ရယ္ေနေလသည္။ညဘက္မအိပ္တာ ဘယ္ေလာက္ေတာင္ၾကာေနလို႔ ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနရတာပါလဲ။

ေမာင္မင္းခန္႔ညားေမာင္ နွင့္ မနန္းျမတ္ကလ်ာတို႔၏ မဂၤလာဧည့္ခံပြဲဟူေသာ ဖိတ္စာကို လက္ျဖင့္ ခပ္ဖြဖြတို႔ထိရင္း ၿပံဳးေနျပန္သည္။ ဒီအၿပံဳးဟာ နာက်င္မႈကို ဖံုးကြယ္ထားတဲ့ ဟန္ေဆာင္အၿပံဳးဆိုတာ ဒီပါသိပ္သိတာေပါ့။ခ်စ္ရက္သားနဲ႔ ခက္ခဲေအာင္လုပ္ေနတဲ့ ႏြယ့္လုပ္ရပ္ေတြကို ဒီပါျဖင့္ နားကိုမလည္နိုင္ေတာ့ပါ။

"မနာက်င္ဘူးလား ...ခ်စ္ရက္နဲ႔ ဒီလိုလုပ္တာ မနာက်င္ဖူးလား ႏြယ္ "

" ရင္ဘတ္တစ္ခုလံုး စုတ္ျပတ္မတတ္ဘဲ ဒီပါ "

ရယ္ျပန္ၿပီ။နာက်င္မႈေတြကို ဖံုးကြယ္ရင္း ႏြယ္ကရယ္ေနျပန္ပါၿပီ။ဒီတစ္ခါေတာ့ ႏြယ့္အၿပံဳးလွလွေလးေတြကလည္း ႏြယ့္နွလံုးသားရဲ႕နာက်င္မႈကို ဖံုးကြယ္မေပးနိုင္ခဲ့ပါဘူး။

"ခ်စ္ရင္ဆြဲထားရမွာမဟုတ္လား ႏြယ္ "

"မိခင္တစ္ေယာက္ရဲ႕ ေတာင္းဆိုမႈကို ႏြယ္က ျငင္းနိုင္မတဲ့လား ဒီပါ...တစ္ခါတေလေတာ့ အခ်စ္ဆိုတာ မပိုင္ဆိုင္ရလည္း ေငးၾကည့္ရံုနဲ႔တင္ ေက်နပ္ရတာမ်ိဳးပါ "

"မပိုင္ဆိုင္ရလည္း ေက်နပ္တယ္ဆိုတဲ့စကားဟာ နာက်င္မႈေတြ ေရာယွက္မေနဘူးလား ႏြယ္ "

"ေျပာမျပတတ္ေအာင္ပါဘဲ...နာက်င္ရလြန္းလို႔ရူးမလိုပါဘဲ ဒီပါ ...ကိုယ္မပ်ိဳးေထာင္နိုင္ေတာ့တဲ့ပန္းေလး သူမ်ားလက္ထဲမွာ လွလွပပပြင့္လန္းေနရင္ ၾကည္ႏူးဝမ္းသာေပးရမွာေပါ့ "

"ခ်စ္တယ္လို႔ေတာင္ ဝန္မခံခ်င္ခဲ့ဘူးလား "

"ေျပာဖို႔အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမယ့္ ႏြယ္မ်ားဝန္ခံလိုက္ရင္ ကေလးမက တစ္ဇြတ္ထိုးလုပ္ၿပီး မိဘေတြကို ပုန္ကန္ေတာ့မွာ...မုန္းလက္စနဲ႔မုန္းပါေစေတာ့ကြယ္ "

"ငါေတာ့ နင့္ကိုနားမလည္နိုင္ေတာ့ဘူး ႏြယ္...အတၱႀကီးတဲ့နင့္ကိုဘဲ အျပစ္ဆိုရမလား...ရက္စက္လြန္းတဲ့ ကံၾကမၼာကိုဘဲ အျပစ္ဆိုရမလား မသိေတာ့ပါဘူး "

" ဘယ္ခ်စ္ျခင္းကမွ အတၱမကင္းပါဘူး ဒီပါ...ရည္႐ြယ္ခ်က္ေလးသာ ကြာၾကတာပါ...ဘယ္သူ႔အျပစ္မွမဟုတ္ဘဲ သတၱိမရွိတဲ့ ဒီမိန္းမကိုသာ အျပစ္ဆိုၾကပါေတာ့ကြယ္ "

"ခက္တယ္ႏြယ္ ...သိပ္ခက္တယ္ "

"ခ်စ္ရသူရဲ႕ဘဝေလးအဆင္ေျပေစနိုင္ဖို႔ ဗီလိန္အျဖစ္ကခဲ့ရတဲ့ ဒီဇာတ္လမ္းမွာေတာ့ ႏြယ့္နွလံုးသားဟာ အလဲလဲအကြဲကြဲဘဲေပါ့"

" ဒီမဂၤလာပြဲကို တက္ဦးမွာလား ႏြယ္ "

"နာက်င္ရမယ္ဆိုရင္ေတာင္ ေနာက္ဆံုးအေနနဲ႔ ကေလးမကို သတို႔သမီးဝတ္စံုေလးနဲ႔ျမင္ခ်င္ေသးတယ္...လက္တြဲေဖာ္ဟာ ႏြယ္မဟုတ္ေပမယ့္လို႔ေပါ့ "

ဒီပါ ေျပာလည္းမနိုင္ေတာ့တာမို႔ ေခါင္းကိုသာအသာရမ္းရင္း သက္ျပင္းရွည္ႀကီးခ်မိသည္။

အခ်စ္ဆိုတာ ပံုစံအမ်ိဳးမ်ိဳးအေနနဲ႔တည္ရွိေနတာလား။စြန္႔လႊတ္ျခင္းနဲ႔ခ်စ္ၾကတဲ့သူေတြရွိသလို ေပးဆပ္ျခင္းနဲ႔ခ်စ္ၾကသူေတြလည္းရွိၾကပါတယ္။ဇာတ္သိမ္းမေကာင္းတဲ့ ဒီခ်စ္ျခင္းေတြကလည္း နွလံုးသားတစ္ခုလံုးနဲ႔ရင္းလို႔ ေမတၱာအစစ္ေတြသာ ေပးအပ္ခဲ့ၾကတာပါဘဲ။

_______________________________

"ရုတ္တရက္ႀကီးပါလားေမာင္ရယ္ ထိုင္းကိုတစ္ပတ္ႀကီးေတာင္ဆိုေတာ့ "

"အလုပ္ကိစၥအေရးႀကီးလို႔ပါ ငယ္ ...တစ္ပတ္ဆိုတာ ခနေလးပါ "

"ကိုယ့္ေမတၱာေတြေၾကာင့္ အရာရာအဆင္ေျပပါေစ ေမာင္ "

"ေက်းဇူးပါ ငယ္ "

"ႁပြတ္"

ေမာင့္ခရီးေဆာင္အိတ္ထဲ အဝတ္အစားမ်ားထည့္ေပးေနရင္း နဖူးထက္သို႔ ခပ္ေႏြးေႏြး ေလျပည္တစ္ခုက်ေရာက္လာသည္။ဒီပါ့စိတ္ေတြတအားေလးေနတယ္။မေကာင္းတာ တစ္ခုခုျဖစ္ေတာ့မယ္လို႔ ဘာေၾကာင့္ခံစားေနရတာလဲ။

ကိုယ့္ေမတၱာေတြေၾကာင့္ ေမာင္ေဘးမသီရန္မခ က်န္းက်န္းမာမာရွိပါေစ။

"ဟိုေရာက္ရင္ ေရာက္ေရာက္ခ်င္းဖုန္းဆက္ေနာ္...ထမင္းကိုလည္းပံုမွန္စား...အလုပ္အားရင္အားသလိုလည္း ကိုယ့္ကိုဖုန္းဆက္...ညဥ့္နက္တဲ့အထိ အလုပ္မလုပ္နဲ႔...ညဘက္ႀကီးလည္း ေကာ္ဖီမေသာက္နဲ႔ဦးေနာ္ "

" ငယ္ရယ္ ေမာင္သြားမွာတစ္ပတ္ထဲပါ ...ဘာေတြစိတ္ပူေနတာလဲ "

ေမာင္က ဒီပါ့ပုခံုးေလးကို လက္နွစ္ဖက္ျဖင့္ဆုပ္ကိုင္ထားကာ ေခါင္းေလးငံု႔လ်က္ေျပာေနသည္။

မသိဘူးေမာင္...ေမာင္နဲ႔တစ္သက္လံုးေဝးသြားေ်ာ့မလို ကိုယ္ခံစားေနရတယ္။

"အင့္ ကိုယ္ေတာ့လြမ္းေနေတာ့မွာဘဲ "

"ေဟာဗ်ာ မငိုပါနဲ႔အခ်စ္ရယ္ "

အာဏာ အခုသြားမယ့္ကိစၥက အလုပ္ကိစၥေတာ့မဟုတ္ပါ။အင္း ကုမၸဏီနဲ႔မသက္ဆိုင္ေပမယ့္လည္း အလုပ္ကိစၥဘဲေပါ့။မမသူငယ္ခ်င္းဆိုတဲ့လူအေၾကာင္း အာဏာစံုစမ္းခိုင္းထားတဲ့လူက ထိုင္းနယ္စပ္ဘက္ကိုေရာက္ေနတာျဖစ္လို႔ သူသြားရမွာပါ။ဖုန္းနံပါတ္က လြန္ခဲ့တဲ့ ၅နွစ္ေက်ာ္ေလာက္ကတည္းကမကိုင္ေတာ့တာျဖစ္ၿပီး အခုသူဘယ္သူမွန္းသိရပါၿပီတဲ့ေလ။ခင္ဗ်ားဘယ္သူျဖစ္ျဖစ္ ကြၽန္ေတာ္က သိပ္မုန္းတယ္လႊမ္း။ခင္ဗ်ားျဖတ္သန္းရမယ့္ေန႔ရက္ေတြမွာ ေပ်ာ္႐ႊင္မႈဆိုတာမရွိေစရဘူးလို႔ ကြၽန္ေတာ္ႀကိမ္ေျပာရဲတယ္။ဦးသူရိန္မင္းေမာင္ကလည္း သက္ေသေတြအားလံုးစုၿပီးရင္ ေသတာထက္ဆိုးတဲ့ဘဝမွာေနရေအာင္လုပ္ေပးမွာမို႔ ေစာင့္ၾကည့္ေနပါ ဟက္။

"ေမာင္ "

"ဗ်ာ "

"ေမာင္ကကိုယ့္ကိုထားသြားေတာ့မယ္လို႔ခံစားေန တယ္။ရင္ဘတ္ေတြေအာင့္လိုက္တာ "

"ေမာင္က ဘာလို႔ထားခဲ့ရမွာလည္းအခ်စ္ရယ္ "

"ဟင့္ "

အာဏာ့ေပါင္ေပၚမွာထိုင္ကာ လည္ပင္းကိုသိုင္းဖက္ထားရင္းခြၽဲေနတဲ့ အာဏာ့အသည္းအသက္က ဘာေတြစိုးရိမ္ေနမွန္းမသိေတာ့ပါ။ဒီခ်စ္မဝေလးကို အာဏာက ဘာလို႔မ်ားထားခဲ့ရမွာပါလဲ။

"ေမာင့္ကလြမ္းေနေတာ့မွာမို႔ တစ္ပတ္စာအလြမ္းေတြအတြက္ အတိုးခ်ၿပီး ခ်စ္ၾကရေအာင္လား "

"အင္း ေမာင့္သေဘာ "

ပန္းေရာင္သေႏၶအခ်ိဳ႕ ရုန္းႂကြသြားေသာ ပါးနွစ္ဖက္နွင့္အတူ ေမာင္ေပးတဲ့အၾကင္နာေတြခံယူရင္း အျပာေရာင္အခ်စ္ညကို ကူးလူးျဖတ္သန္းခဲ့ၾကေလသည္။

ခ်စ္ျခင္းနဲ႔အတၱယွဥ္ၿပိဳင္ၾကမယ့္ ဒီအခ်စ္ဇာတ္လမ္းမွာ ဘယ္သူကမ်ားအနိုင္ရမလဲ။အခ်စ္ထက္ အတၱေတြေက်ာ္လြန္သြားတဲ့အခါ ဘယ္လိုဇာတ္သိမ္းေတြျဖစ္လာမလဲ။တစ္ေယာက္ကိုတစ္ေယာက္သိပ္ခ်စ္ၾကတဲ့ ဒီေကာင္ေလးနွစ္ေယာက္ရဲ႕ ခ်စ္ျခင္းကို ဘယ္လို ၾကမၼာမုန္တိုင္းဆိုးက ဝင္ေမႊဦးမလဲဆိုတာ ဘယ္သူကေရာသိပါေသးသလဲ။

30.4.22

Maple Lynn🍁

"အန်ကယ် ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ "

သွေးသုကို အန်ကယ်ကတွေ့ချင်တယ်လို့ ဆိုတာကြောင့် ကိုကြီးတို့အိမ်ကို သူရောက်နေခြင်းဖြစ်ပါတယ်။သွေးသုရောက်တော့ အန်ကယ်က ဧည့်ခန်းထဲမှာထိုင်နေပြီး ကိုကြီးကတော့ Macbook တစ်လုံးနဲ့အလုပ်ရှုပ်နေတာပါ။

"လာသား ကုဋေရော "

"ကိုကိုကဂျူတီရှိလို့ မပါလာဘူးဗျ "

"သြော် "

"သွေးသု ရောက်နေတာလား ကော်ဖီသောက်ဦး "

" ကျွန်တော်က အစ်ကိုဆိုင်သွားပြီတောင် ထင်နေတာ "

"အင်းခနနေသွားမှာ ဒယ်ဒီက ပြောစရာရှိလို့တဲ့ "

" ဟုတ် အစ်ကို "

ကော်ဖီခွက်ကို သွေးသုကောက်ကိုင်လိုက်ရင်း တစ်ငုံမော့သောက်မိသည်။အစ်ကို့လက်ရာကတော့ ဘယ်အချိန်သောက်သောက် စွဲလမ်းစေလောက်အောင် ကောင်းလွန်းသည်။

"သားတို့ ဒီမှာခနလာထိုင်ကြပါဦး "

အန်ကယ်က ဆိုဖာမှာထိုင်နေရင်းမှ သွေးသုတို့ကို လှမ်းခေါ်တာကြောင့် သွေးသုရော ကိုကြီးတို့ပါ အနားသို့သွားထိုင်လိုက်သည်။

"ဒယ်ဒီ့ကို ခွင့်လွှတ်ပါ သွေးသု "

"ဗျာ!"

နားမလည်နိုင်တဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ထွဋ်မြတ်ကို ကြည့်နေတဲ့ ကလေးငယ်ကြောင့် သူစကားပြောလောသွားမှန်း သတိထားမိလိုက်သည်။

ဟုတ်ပါရဲ့။သားက ဘယ်လိုလုပ်ပြီး ဒီအကြောင်းတွေသိဦးပါ့မလဲ။တကယ်တော့ သူကသားနှစ်ယောက်လုံးအပေါ်မှာ ဖခင်တစ်ယောက်ရဲ့တာဝန်တွေမကျေပွန်ခဲ့တာ။အင်း သမီးလေးအတွက်ရောပေါ့။

"ဆောရီး အန်ကယ်စကားပြောလောသွားတာ"

"ပထမဆုံးအနေနဲ့ အန်ကယ်သားကိုတောင်းပန်ပါတယ်။အခုချိန်ထိ အမှန်တရားတစ်ခုကို ဖုံးကွယ်ထားမိလို့။တကယ်တော့ သွေးသုလေးက အန်ကယ့်သားပါ "

"ကျွန်တော်သိပါတယ် အန်ကယ် "

သွေးသုလေးရဲ့ အသံဟာ ခြောက်ကပ်အက်ကွဲနေပြီး တစ်စုံတစ်ခုကိုအားတင်းပြောဆိုနေသည့်နှယ် တိုးညှင်းစွာထွက်ပေါ်လာသည်။ဒီကလေး ဘယ်အချိန်ထဲက ဒီအကြောင်းတွေသိနေတာလဲ။အချိန်တွေ ဘယ်လောက်ကြာအောင်ရော မြိုသိပ်ထားခဲ့တာလဲ။

အို..ဘုရားရှင် ကျွန်တော်မျိုးရဲ့အပြစ်တွေဟာ ခွင့်လွှတ်နိုင်ဖွယ်တောင်မရှိတော့ပါဘူး။

"ခွင့်လွှတ်ပေးပါ ...ဒယ်ဒီ့ကို သားတို့နှစ်ယောက်စလုံးခွင့်လွှတ်ပေးပါ"

ရင်ထဲဆို့တက်လာသော အစိုင်အခဲကြီးနဲ့အတူ သားတို့အပေါ် တာဝန်မကျေမှုတွေကြောင့် ယူကြုံးမရဖြစ်မိသည်။ကြမ်းပြင်ပေါ်ဒူးထောက်ချကာ တောင်းပန်မိလေတော့ သားနှစ်ယောက်စလုံးက အပြေးလာထူသည်။

" ထပါ ဒယ်ဒီ...ဒူးထောက်တောင်းပန်ဖို့အထိမလိုပါဘူး...ဒယ်ဒီ့ကို ကျွန်တော်က ဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး "

" ကျွန်တော်လည်း ကိုကြီးပြောတဲ့အတိုင်းပါဘဲ အန်ကယ် "

ရင်ဘတ်ထဲက အမည်မတပ်နိုင်တဲ့ ခံစားချက်မျိုးစုံကြောင့် ရင်တွေခုန်ကာ တုပ်လှုပ်နေမိပေမယ့် အပြင်ပိုင်းတွင်တော့ အတတ်နိုင်ဆုံးအသံကို ထိန်းချုပ်လျက် မျက်လွှာချကာ ပြောမိသည်။

ဒီခံစားချက်တွေကို သွေးသု တကယ်ကို အမည်မတပ်တတ်တော့ပါဘူး။အနှစ်နှစ် အလလ မျှော်လင့်ခဲ့မိတဲ့ အသိမှတ်ပြုမှုကို ခံရလို့ ဝမ်းသာနေတာလား။သေချာပါသည် သွေးသုမျက်နှာပေါ် စီးဆင်းလာတဲ့ မျက်ရည်စီးကြောင်းများဟာ အပျော်လွန်နေလို့သာ ဖြစ်ပါလိမ့်မည်။

"ဒယ်ဒီ့အတ္တတွေကြောင့် သားရဲ့ဒယ်ဒီလို့ခေါ်သံတောင် ကြားခွင့်မရှိတော့ဘူးလား သားငယ် "

"မဟုတ်ပါဘူး ဒယ် ဒယ်ဒီ "

အား...နောက်ဆုံးတော့ ဒယ်ဒီလို့ခေါ်ခွင့်ရခဲ့ပြီ။ဒယ်ဒီ့ရဲ့အသိမှတ်ပြုမှုကို သွေးသု စောင့်မျှော်နေခဲ့မိတာ။တင်းကြပ်နေတဲ့ ခံစားချက်အစုံကို လွတ်လပ်ခွင့်ပေးကာ စိတ်ကို လုံးလုံးချလိုက်မိသည်။

"ကျေးဇူးတင်ပါတယ် ဒယ်ဒီ့ကို ခွင့်လွှတ်ပေးလို့ "

ထွဋ်မြတ်လက်ကို ဆန့်တန်းထားတော့ သားနှစ်ယောက်လုံးက သူ့ကိုပြန်ဖက်တွယ်လာသည်။သားတို့မျက်ရည်ကျတာ ဒီတစ်ခါနောက်ဆုံးဘဲ သူခွင့်ပြုပါမည်။

"ဒီပါလေး လာပါဦး "

"ဟုတ် ဒယ်ဒီ "

မောင်တို့မိသားစုလေး ပြန်ဆုံစည်းနိုင်တာကို ဒီပါဝမ်းသာမိပါတယ်။မောင်ငတ်မွတ်ခဲ့တဲ့ မေတ္တာတွေလည်း အခုတော့အပြည့်အဝပြန်ရတော့မယ်။သွေးသုလေးလည်း သူ့မိသားစုနဲ့ပြန်ဆုံစည်းနိုင်ခဲ့ပြီ။

တစ်နေ့ပေါ့...မောင့်ကို ကိုယ်ထားခဲ့ရရင်တောင် ဒီမိသားစုလေးနဲ့ စိတ်ချစေချင်တယ်။ကိုယ်မေတ္တာတွေမရနိုင်တော့ရင်တောင် ဒီမိသားစုရဲ့ မေတ္တာတွေတော့ မောင့်ကိုအပြည့်အဝရစေချင်ပါသည်။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖက်တွယ်ထားရင် မေတ္တာတွေဝေနေကြသည့် ဒီမိသားစုလေးက အခုလိုဘဲ အချိန်အကြာကြီးအတူရှိနိုင်ပါ့မလား။ဒီမိသားစုကိုရော ကံကြမ္မာမုန်တိုင်းက ဘယ်လိုတောင် မွှေဦးမှာပါလဲ။ဒါကတော့ ကံဇာတ်ဆရာရဲ့ အလိုကျဘဲပေါ့။

"ဒယ်ဒီသားတို့ကိုချစ်တယ်"

ဒယ်ဒီ့ရဲ့ချစ်တယ်ဆိုတဲ့စကားကို အာဏာမျှော်လင့်ခဲ့တာဟာ သူ့ဘဝတစ်သက်ရှိပြီဖြစ်သည်။၂၅နှစ်ကြာပြီးတဲ့ အချိန်မှာတော့ အာဏာကြားခွင့်ရပြီ။မမျှော်လင့်ထားတဲ့စကားမို့ မျက်ရည်ဖြိုင်ဖြိုင် ကျနေမိတာကိုလည်း အာဏာသတိမပြုမိတော့။အာဏာတို့မိသားစု ဒီနေ့ကစပြီး ပျော်စရာနေ့ရက်တွေကိုသာ ဖြတ်သန်းရတော့မယ် ထင်ပါရဲ့။သွေးသုလေးကိုလည်း အာဏာအတတ်နိုင်ဆုံး ကာကွယ်စောင့်ရောက်ပါမည်။

"ဒယ်ဒီ့သားသုံးယောက်လုံး ယုံကြည်ရာကိုရှေ့ဆက်ကြပါ။သားတို့ရှေ့မှာ ဒယ်ဒီက တံတိုင်းကြီးအဖြစ် ကာကွယ်ပေးပါ့မယ် "

တစ်စုံတစ်ယောက်က ကိုယ့်ဘက်မှာရှိတယ်ဆိုတဲ့စကားက အရာရာကို ရင်ဆိုင်ဖို့ ယုံကြည်မှုတစ်ဝက်ရသလိုဘဲမဟုတ်လား။ဒီစကားက ကိုယ်အလေးထားရတဲ့သူဆီကဆို ဘယ်လောက်တောင်ကြည်နူးဖို့ ကောင်းပါသလဲ။ဒီကောင်လေးသုံးယောက်ရင်ထဲ တစ်စုံတစ်ခုကို ကျေနပ်ပီတိဖြစ်နေကြမယ်ဆိုတာ ပြောစရာမလိုအောင်ပါဘဲ။

_______________________________

" အငယ်လေး "

"ဗျာ ကိုကို "

"ဆေးရုံပြောင်းပြီး ဘာလို့ပြချင်တာလဲ "

"လမင်းသာမှာက ကုဋေတာဝန်ကျနေတာလေ။အနှေးနဲ့အမြန်သူသိသွားရင် မောင့်ဆီ သတင်းကရောက်သွားမှာဘဲ"

"သိသွားလည်း ဘာဖြစ်လဲ အငယ်လေးရယ်။သူများပြောမှသိရတာထက် အငယ်လေးကိုယ်တိုင်ပြောပြလိုက်တာက သူ့အတွက်ပိုမကောင်းဘူးလား ။အဲဒီ့ accident မှာ အငယ်လေးကလည်း ထိခိုက်ခဲ့ရတဲ့သူဆိုတာ သူသိသင့်တယ်လေ "

" ကျွန်တော် မောင့်ကို ပြောပြဖို့ သတ္တိမရှိသေးဘူး ကိုကို...ရလဒ်က မျှော်လင့်ထားသလို မဟုတ်ခဲ့ရင် ကျွန်တော့်စိတ်နှလုံး အလဲလဲ အကွဲကွဲဖြစ်ရပါလိမ့်မယ်...ရနိုင်သလောက် အချိန်လေးတော့ မောင့်မေတ္တာတွေခံယူရင်း ဘဝနေ့ရက်တွေရှေ့ဆက်ချင်သေးတယ် ကိုကို "

"တစ်ခါတလေကျ ပြဿနာအရပ်ရပ်ကို ကွယ်ဝိုက်သောနည်းနဲ့မဖြေရှင်းဘဲ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသင့်တယ် အငယ်လေး...ကိုကိုပြောတာသဘောပေါက်သလား "

"ကျွန်တော် သဘောပေါက်ပါတယ်ကိုကို "

ကိုကိုက သူပိုင်တဲ့ဆေးရုံက ဒေါက်တာတစ်ယောက်နဲ့ဒီပါ့ကိုသီးသန့်ဆွေးနွေးစေပြီး အခြေအနေကို သိချင်လို့ပါတဲ့။ဒါကြောင့် ဒီပါ့ကို အိမ်ကနေခေါ်လာပြီး ဆေးရုံခနဝင်ပြီးမှ ဆိုင်ကို လိုက်ပို့ပါမည်တဲ့လေ။မောင့်ကို ဒီပါ့အခြေအနေတွေပြောပြပြီးလည်း စိတ်မပူစေချင်ဘူး။ဟော်မုန်းဆေးတွေကိုလည်း စဉ်ဆက်မပြတ်စားနေရတာကြောင့် ဆေးတွေကို အတော်ငြီးငွေ့လှပါပြီ။ဒီပါက အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် သူ့သားအိမ်က အမျိုးသမီးတစ်ယောက်လိုတော့ပုံမှန်အလုပ်မလုပ်နိုင်ပါ။ဒါကြောင့် ဟော်မုန်းဆေးတွေအစားထိုးပြီးသောက်ပြီးတိုင်း တစ်ခါတရံ ဗိုက်ထဲမှ နာကျင်မှုဒဏ်ကို အလူးအလဲ ခံစားရပါသည်။ကျောက်ကပ်တစ်ခြမ်းနဲ့သာ အသက်ဆက်နေရသူဖြစ်တာကြောင့် အခြားလူများထက်ပိုအားနည်းပြီး အမောမခံနိုင်ဖြစ်ရသည်ကလည်း ဒီပါပါဘဲ။

_______________________________

သွေးသု ကိုကြီးတို့အိမ်က အပြန် ကိုကို့ကို ပြောစရာရှိတာကြောင့် ကိုကို တာဝန်ကျရာဆေးရုံဆီသို့ ကားကို ဝရုန်းသုံးကား မောင်းလာမိသည်။အူမြူးကာပျော်ရွှင်နေသော စိတ်အစဉ်ကြောင့် မီးပွိုင့်တွေကိုပင် မမြင်နိုင်တော့ဘဲ ကျော်ဖြတ်မောင်းနှင်လာမိသည်။ဆေးရုံသို့ရောက်လေတော့ ကိုကို့နားနေခန်းရှိရာသို့သာ သွေးသု တန်းတန်းမတ်မတ်လျှောက်လာမိသည်။အခန်းတံခါးကိုခေါက်ကာ ဝင်ခွင့်တောင်းလေတော့

"တံခါးဖွင့်ထားပါတယ်"

အပေါ်ကိုမော့မကြည့်ဘဲ ပြန်ဖြေလာတဲ့ သွေးသုဒေါက်တာလေး၏ အသံဟာ ဆရာ့အသံကြားရင်ရောဂါတစ်ဝက်ပျောက်တယ် ဆိုသလိုဘဲ တည်ငြိမ်အေးချမ်းလွန်းသည်။ပါဝါမျက်မှန်အောက်က မျက်ဝန်းတစ်စုံဟာ သွေးသုနှလုံးသားရဲ့ ပြိုလဲရာရပ်ဝန်းဖြစ်လေသည်။

"ဘေဘီပါလား ...ကိုကို့ဆီကိစ္စရှိလို့များလား "

"ကိစ္စရှိမှလာရမှာလား ကိုကို "

တံခါးခေါက်သံသာကြားလိုက်ပြီး ဘယ်သူမှဝင်မလာတာကြောင့် ကုဋေမျက်မှန်ကို လက်ညှိုးဖြင့် အသာပင့်တင်ရင်း မော့ကြည့်မိတော့ တံခါးဘောင်ကိုမီကာ ပြုံးပြီးကြည့်နေသူမှာ ကုဋေ ့ချောကလက်လေးဖြစ်လေသည်။ကုဋေမေးလိုက်တော့မှ လက်ထဲတွင် အိတ်လေးတစ်အိတ်ကို ကိုင်ကာ တစ်လှမ်းချင်းလျှောက်လာတဲ့ချောကလက်လေးရဲ့ မျက်နှာဟာ လမင်းကြီးလို အေးချမ်းဖွယ်ဖြစ်နေသည်။ကလေးငယ်ရဲ့ မျက်နှာပေါ်မှာမြင်နေရတဲ့ ဒီအပြုံးဟာ အသက်အဝင်ဆုံး အပြုံးတစ်ခုသာ ဖြစ်ပါလိမ့်မယ်။

"ဒေါက်တာ့ဆီလာတာ နေမကောင်းလို့များလား လူနာ "

"အင်း နှလုံးခုန်သံတွေအရမ်းမြန်နေလို့ ဒီကဒေါက်တာလေးရဲ့ အချစ်တွေနဲ့ကုသပေးမှ ပျောက်လိမ့်မယ် ထင်တယ် "

" ဟက်! အတတ်ကလေး လာရင်းကိစ္စက? "

"ကိုကို အားရဲ့လား "

"အားတယ်ဘေဘီ ညနေမှ ဂျူတီပြန်ဝင်ရမှာ "

"ကိုကို့ကို ဒါလေးလက်ဆောင်ပေးချင်လို့...ကျွန်တော့်ကိုယ်ပိုင် လစာနဲ့ ကိုကို့အတွက်ရည်ရွယ်ပြီး ပေးတာပါဗျ "

ဘေဘီကမ်းပေးတဲ့အိတ်ကို ကုဋေလှမ်းယူလိုက်ပြီးဖွင့်ကြည့်လေတော့ အဖြူရောင်ဂျူတီကုတ်လေးတစ်ထည်ဖြစ်လေသည်။လည်ဂုတ်အတွင်းဘက်မှာ ချည်မျှင်နဲ့သေချာထိုးနှံထားတဲ့ စာလုံးလေးက KOEMARN တဲ့လေ။ပျော်လွန်းလို့ လှိုက်တက်လာတဲ့ခံစားချက်ကို ထိန်းချုပ်ကာ မျက်ရည်မကျအောင် ကြိုးစားမိသည်။ဒါဟာ ဘေဘီသူ့အတွက် ရည်ရွယ်ပြီး ပထမဆုံးလုပ်ပေးဖူးတဲ့အရာဖြစ်ပါလိမ့်မည်။

"ဒါက ကိုကို့အတွက်လား ဘေဘီ "

မျက်မှန်အောက်က မျက်ဝန်းလေးတွေက မယုံကြည်နိုင်ဟန် အကြောင်သားကြည့်နေရင်း နှုတ်ခမ်းထူထူလေးတွေကတော့ အမေးစကားထုတ်နေသည်။ကိုကို မယုံကြည်နိုင်တာဟာ အပြစ်တော့လည်းမဟုတ်။သူကသာအမြဲအနိုင်ယူပြီး ကိုကိုကတော့အမြဲအလျော့ပေးခဲ့ရသည်မဟုတ်လား။ချစ်ကြောင်းကိုလည်း တစ်ခါမှထုတ်မပြခဲ့ဖူးတော့ ကိုကို့အပြစ်တော့မဟုတ်ပါလေ။

"အပ်ချည်တောင် ကောင်းကောင်းမကိုင်တတ်တဲ့ကောင်မို့ မသေမသပ်ဖြစ်သွားရင် ကိုကိုကဘဲ ခွင့်လွှတ်ပေးပါဦး ...ဒါက ကိုကိုတစ်ယောက်ထဲအတွက်သီးသန့်ရည်ရွယ်တာဖြစ်လို့ ကိုကို့အပိုင်ပါ "

" ကျေးဇူးပါ ကလေးရယ် ...ကိုကို အမြတ်တနိုးတန်ဖိုးထားပါ့မယ် "

"ဒီဂျူတီကုတ်လေးက ကိုကို့အတွက် သီးသန့်ရည်ရွယ်တာဖြစ်သလို မာန်ကလည်း ကိုးလ်တစ်ယောက်ထဲအတွက်သီးသန့်ဖြစ်တည်လာသူပါ "

" အင်း KOEMARN ဆိုတာ ဘယ်သူခွဲခွဲ မကွဲနိုင်တဲ့ နာမ်စားလေး "

"ကျွန်တော်တို့ကို ဘယ်သူမှခွဲလို့မရဘူး ကိုကို "

ကိုကိုက ခေါင်းလေးငြိမ့်ပြီး ရယ်သံလွင်လွင်လေးဖြင့် ခပ်ဖွဖွပြုံးလေသည်။လေပြည်လေးမှတစ်ဆင့် သယ်ဆောင်လာသော ယုဇနပန်းရဲ့ရနံ့ကဘဲ သွေးသုနှလုံးသားကိုကြည်လင်စေသလား။ဒေါက်တာလေးရဲ့အပြုံးနုနုတို့ကဘဲ သူ့စိတ်ကိုဖမ်းစားထားလေသလား။အမှန်စင်စစ် သွေးသုလက်ခံလိုက်ရသည်က ဒေါက်တာ့အပြုံးလောက် ဘယ်အရာကမှမလှပနိုင်တော့ပေ။

သွေးသု ကိုကို့ကို သွေးသုရဲ့မိဘအရင်းတွေအကြောင်းပြောပြလိုက်လေတော့ ကိုကိုက အံ့သြနေပုံရသည်။

"ဒါဆို ဘေဘီ့အဖေအရင်းက ဦးထွဋ်မြတ်သျှားပေါ့...အာဏာက ဘေဘီ့အစ်ကိုအရင်းပေါ့ ...ကံကြမ္မာကြီးကလည်း ထူးဆန်းလိုက်တာနော်"

"အင်း "

"ဘေဘီက ဒီအကြောင်းတွေသိနေတာ ကြာပြီပေါ့ "

"ကျွန်တော့်အသက် ၁၈နှစ်ပြည့်ကတည်းကလို့ ဆိုရမှာပေါ့...လတိုင်း ကျွန်တော့် bank account ထဲကို ငွေတွေရောက်နေတာကစမယ်ထင်တယ်...ဘယ်သူထည့်ပေးနေမှန်းမသိပေမယ့် ထောင်ဂဏန်းနားကပ်နေတဲ့ငွေတွေကို တစ်လတစ်ခါပို့ပေးနေတာက အရမ်းများလွန်းတယ်မဟုတ်လား..."

" အဲ့တော့ ဘေဘီက ဘယ်လိုသိသွားလဲ "

" အဲ့ငွေတွေ လွှဲပေးနေတဲ့သူကိုစုံစမ်းကြည့်တော့ရှေ့နေတစ်ယောက်ဖြစ်နေတယ် ...အဲ့ဒီကရှေ့နေကို ခြိမ်းခြောက်ပြီးမေးကြည့်တော့မှ အကြောင်းစုံသိခဲ့ရတာ...ကျွန်တော့်နာမည်နဲ့လည်း ကုမ္ပဏီခွဲတွေလွှဲထားပေးသေးတယ်...အဲ့ဒါတွေကိုတော့ ကျွန်တော်အိမ်ထောင်ကျမှရမှာတဲ့"

"ဒါတွေသိရဲ့နဲ့ အမှန်တရားကိုသိရဖို့ မမေးကြည့်ခဲ့ဖူးဘူးလား "

"ကျွန်တော်မသိချင်ပါဘူးကိုကို...မေတ္တာတရားဆိုတာ လိုလိုလားလားပေးမှသာ ရနိုင်တာမျိုးပါ...ပေးရင်တော့လည်းယူလိုက်မှာ ဖြစ်သလို မရခဲ့ရင်မထိုက်တန်လို့သာလို့ မှတ်ယူလိုက်မှာပါ...မေတ္တာတရားနဲ့ပက်သက်ရင် ကျွန်တော်လောဘမကြီးရဲပါဘူး ကိုကို "

" ကိုကို့မေတ္တာတွေကိုတော့ ဘေဘီကလောဘတက်ခွင့်ရှိပါတယ်"

ကိုကို့စကားကို သွေးသုပြုံးရုံလေးသာပြုံးပြလိုက်သည်။ချစ်ခြင်းမေတ္တာနဲ့ပက်သက်ရင်တော့ ကျွန်တော်တကယ်ကို လောဘမတက်ရဲပါဘူး။အမြင့်ရောက်မှရိုက်ချခံရတဲ့တောင်ပံက ပိုအထိနာတယ်မဟုတ်လား။

_______________________________

ကော်ဖီဆိုင်လေးအတွင်း၌ ပန်းနုရောင် မင်္ဂလာဖိတ်စာလေးကိုကိုင်ကာ ပြုံးနေပါသောကောင်မလေးတစ်ယောက်၏မျက်နှာမှာ ကြေကွဲလွမ်းဆွတ်ဖွယ် အငွေ့အသက်တို့ပြည့်နေလေသည်။

သူပြုံးနေတာလား။

ဒါမှမဟုတ် အသံတိတ်ငိုကြွေးနေတာများလား။

ရယ်မောခြင်းရဲ့အဆုံးသတ်ဟာ နာကျင်စရာမျက်ရည်တွေတောင်မကျန်တော့လို့ အရွဲ့တိုက်ရင်း ရယ်မောနေတာလည်း ဖြစ်နိုင်တာပါဘဲ။

ဘယ်လောက်တောင် စိတ်ပင်ပန်းထားလို့ မျက်ဝန်းတွေဟာ အနီရောင်သန်းနေရပါသလဲ။မှိုင်းညှို့ညှို့ မျက်ဝန်းတစ်စုံကိုရော ဘယ်လို အဓိပ္ပါယ်ဖတ်ရပါမလဲ။

ဟုတ်တယ် သူဟာ ချစ်ရသူပြောသလို နွယ်ပင်လိုမိန်းမ။နှလုံးသားကိုစတေးပြီး ချစ်ရသူကို နာကျင်စေတဲ့မိန်းမ။

"နွယ်!"

"ဟမ် "

နွယ်ဟာ စိတ်နဲ့လူနဲ့မကပ်သလို ငူငူငိုင်ငိုင်ကြီး ထိုင်နေရင်း ပန်းရောင်ဖိတ်စာလေးကိုသာကြည့်ရင်း ရယ်နေလေသည်။ညဘက်မအိပ်တာ ဘယ်လောက်တောင်ကြာနေလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရတာပါလဲ။

မောင်မင်းခန့်ညားမောင် နှင့် မနန်းမြတ်ကလျာတို့၏ မင်္ဂလာဧည့်ခံပွဲဟူသော ဖိတ်စာကို လက်ဖြင့် ခပ်ဖွဖွတို့ထိရင်း ပြုံးနေပြန်သည်။ ဒီအပြုံးဟာ နာကျင်မှုကို ဖုံးကွယ်ထားတဲ့ ဟန်ဆောင်အပြုံးဆိုတာ ဒီပါသိပ်သိတာပေါ့။ချစ်ရက်သားနဲ့ ခက်ခဲအောင်လုပ်နေတဲ့ နွယ့်လုပ်ရပ်တွေကို ဒီပါဖြင့် နားကိုမလည်နိုင်တော့ပါ။

"မနာကျင်ဘူးလား ...ချစ်ရက်နဲ့ ဒီလိုလုပ်တာ မနာကျင်ဖူးလား နွယ် "

" ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်မတတ်ဘဲ ဒီပါ "

ရယ်ပြန်ပြီ။နာကျင်မှုတွေကို ဖုံးကွယ်ရင်း နွယ်ကရယ်နေပြန်ပါပြီ။ဒီတစ်ခါတော့ နွယ့်အပြုံးလှလှလေးတွေကလည်း နွယ့်နှလုံးသားရဲ့နာကျင်မှုကို ဖုံးကွယ်မပေးနိုင်ခဲ့ပါဘူး။

"ချစ်ရင်ဆွဲထားရမှာမဟုတ်လား နွယ် "

"မိခင်တစ်ယောက်ရဲ့ တောင်းဆိုမှုကို နွယ်က ငြင်းနိုင်မတဲ့လား ဒီပါ...တစ်ခါတလေတော့ အချစ်ဆိုတာ မပိုင်ဆိုင်ရလည်း ငေးကြည့်ရုံနဲ့တင် ကျေနပ်ရတာမျိုးပါ "

"မပိုင်ဆိုင်ရလည်း ကျေနပ်တယ်ဆိုတဲ့စကားဟာ နာကျင်မှုတွေ ရောယှက်မနေဘူးလား နွယ် "

"ပြောမပြတတ်အောင်ပါဘဲ...နာကျင်ရလွန်းလို့ရူးမလိုပါဘဲ ဒီပါ ...ကိုယ်မပျိုးထောင်နိုင်တော့တဲ့ပန်းလေး သူများလက်ထဲမှာ လှလှပပပွင့်လန်းနေရင် ကြည်နူးဝမ်းသာပေးရမှာပေါ့ "

"ချစ်တယ်လို့တောင် ဝန်မခံချင်ခဲ့ဘူးလား "

"ပြောဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် နွယ်များဝန်ခံလိုက်ရင် ကလေးမက တစ်ဇွတ်ထိုးလုပ်ပြီး မိဘတွေကို ပုန်ကန်တော့မှာ...မုန်းလက်စနဲ့မုန်းပါစေတော့ကွယ် "

"ငါတော့ နင့်ကိုနားမလည်နိုင်တော့ဘူး နွယ်...အတ္တကြီးတဲ့နင့်ကိုဘဲ အပြစ်ဆိုရမလား...ရက်စက်လွန်းတဲ့ ကံကြမ္မာကိုဘဲ အပြစ်ဆိုရမလား မသိတော့ပါဘူး "

" ဘယ်ချစ်ခြင်းကမှ အတ္တမကင်းပါဘူး ဒီပါ...ရည်ရွယ်ချက်လေးသာ ကွာကြတာပါ...ဘယ်သူ့အပြစ်မှမဟုတ်ဘဲ သတ္တိမရှိတဲ့ ဒီမိန်းမကိုသာ အပြစ်ဆိုကြပါတော့ကွယ် "

"ခက်တယ်နွယ် ...သိပ်ခက်တယ် "

"ချစ်ရသူရဲ့ဘဝလေးအဆင်ပြေစေနိုင်ဖို့ ဗီလိန်အဖြစ်ကခဲ့ရတဲ့ ဒီဇာတ်လမ်းမှာတော့ နွယ့်နှလုံးသားဟာ အလဲလဲအကွဲကွဲဘဲပေါ့"

" ဒီမင်္ဂလာပွဲကို တက်ဦးမှာလား နွယ် "

"နာကျင်ရမယ်ဆိုရင်တောင် နောက်ဆုံးအနေနဲ့ ကလေးမကို သတို့သမီးဝတ်စုံလေးနဲ့မြင်ချင်သေးတယ်...လက်တွဲဖော်ဟာ နွယ်မဟုတ်ပေမယ့်လို့ပေါ့ "

ဒီပါ ပြောလည်းမနိုင်တော့တာမို့ ခေါင်းကိုသာအသာရမ်းရင်း သက်ပြင်းရှည်ကြီးချမိသည်။

အချစ်ဆိုတာ ပုံစံအမျိုးမျိုးအနေနဲ့တည်ရှိနေတာလား။စွန့်လွှတ်ခြင်းနဲ့ချစ်ကြတဲ့သူတွေရှိသလို ပေးဆပ်ခြင်းနဲ့ချစ်ကြသူတွေလည်းရှိကြပါတယ်။ဇာတ်သိမ်းမကောင်းတဲ့ ဒီချစ်ခြင်းတွေကလည်း နှလုံးသားတစ်ခုလုံးနဲ့ရင်းလို့ မေတ္တာအစစ်တွေသာ ပေးအပ်ခဲ့ကြတာပါဘဲ။

_______________________________

"ရုတ်တရက်ကြီးပါလားမောင်ရယ် ထိုင်းကိုတစ်ပတ်ကြီးတောင်ဆိုတော့ "

"အလုပ်ကိစ္စအရေးကြီးလို့ပါ ငယ် ...တစ်ပတ်ဆိုတာ ခနလေးပါ "

"ကိုယ့်မေတ္တာတွေကြောင့် အရာရာအဆင်ပြေပါစေ မောင် "

"ကျေးဇူးပါ ငယ် "

"ပြွတ်"

မောင့်ခရီးဆောင်အိတ်ထဲ အဝတ်အစားများထည့်ပေးနေရင်း နဖူးထက်သို့ ခပ်နွေးနွေး လေပြည်တစ်ခုကျရောက်လာသည်။ဒီပါ့စိတ်တွေတအားလေးနေတယ်။မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ ဘာကြောင့်ခံစားနေရတာလဲ။

ကိုယ့်မေတ္တာတွေကြောင့် မောင်ဘေးမသီရန်မခ ကျန်းကျန်းမာမာရှိပါစေ။

"ဟိုရောက်ရင် ရောက်ရောက်ချင်းဖုန်းဆက်နော်...ထမင်းကိုလည်းပုံမှန်စား...အလုပ်အားရင်အားသလိုလည်း ကိုယ့်ကိုဖုန်းဆက်...ညဥ့်နက်တဲ့အထိ အလုပ်မလုပ်နဲ့...ညဘက်ကြီးလည်း ကော်ဖီမသောက်နဲ့ဦးနော် "

" ငယ်ရယ် မောင်သွားမှာတစ်ပတ်ထဲပါ ...ဘာတွေစိတ်ပူနေတာလဲ "

မောင်က ဒီပါ့ပုခုံးလေးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားကာ ခေါင်းလေးငုံ့လျက်ပြောနေသည်။

မသိဘူးမောင်...မောင်နဲ့တစ်သက်လုံးဝေးသွားေျာ့မလို ကိုယ်ခံစားနေရတယ်။

"အင့် ကိုယ်တော့လွမ်းနေတော့မှာဘဲ "

"ဟောဗျာ မငိုပါနဲ့အချစ်ရယ် "

အာဏာ အခုသွားမယ့်ကိစ္စက အလုပ်ကိစ္စတော့မဟုတ်ပါ။အင်း ကုမ္ပဏီနဲ့မသက်ဆိုင်ပေမယ့်လည်း အလုပ်ကိစ္စဘဲပေါ့။မမသူငယ်ချင်းဆိုတဲ့လူအကြောင်း အာဏာစုံစမ်းခိုင်းထားတဲ့လူက ထိုင်းနယ်စပ်ဘက်ကိုရောက်နေတာဖြစ်လို့ သူသွားရမှာပါ။ဖုန်းနံပါတ်က လွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်ကတည်းကမကိုင်တော့တာဖြစ်ပြီး အခုသူဘယ်သူမှန်းသိရပါပြီတဲ့လေ။ခင်ဗျားဘယ်သူဖြစ်ဖြစ် ကျွန်တော်က သိပ်မုန်းတယ်လွှမ်း။ခင်ဗျားဖြတ်သန်းရမယ့်နေ့ရက်တွေမှာ ပျော်ရွှင်မှုဆိုတာမရှိစေရဘူးလို့ ကျွန်တော်ကြိမ်ပြောရဲတယ်။ဦးသူရိန်မင်းမောင်ကလည်း သက်သေတွေအားလုံးစုပြီးရင် သေတာထက်ဆိုးတဲ့ဘဝမှာနေရအောင်လုပ်ပေးမှာမို့ စောင့်ကြည့်နေပါ ဟက်။

"မောင် "

"ဗျာ "

"မောင်ကကိုယ့်ကိုထားသွားတော့မယ်လို့ခံစားနေ တယ်။ရင်ဘတ်တွေအောင့်လိုက်တာ "

"မောင်က ဘာလို့ထားခဲ့ရမှာလည်းအချစ်ရယ် "

"ဟင့် "

အာဏာ့ပေါင်ပေါ်မှာထိုင်ကာ လည်ပင်းကိုသိုင်းဖက်ထားရင်းချွဲနေတဲ့ အာဏာ့အသည်းအသက်က ဘာတွေစိုးရိမ်နေမှန်းမသိတော့ပါ။ဒီချစ်မဝလေးကို အာဏာက ဘာလို့များထားခဲ့ရမှာပါလဲ။

"မောင့်ကလွမ်းနေတော့မှာမို့ တစ်ပတ်စာအလွမ်းတွေအတွက် အတိုးချပြီး ချစ်ကြရအောင်လား "

"အင်း မောင့်သဘော "

ပန်းရောင်သန္ဓေအချို့ ရုန်းကြွသွားသော ပါးနှစ်ဖက်နှင့်အတူ မောင်ပေးတဲ့အကြင်နာတွေခံယူရင်း အပြာရောင်အချစ်ညကို ကူးလူးဖြတ်သန်းခဲ့ကြလေသည်။

ချစ်ခြင်းနဲ့အတ္တယှဉ်ပြိုင်ကြမယ့် ဒီအချစ်ဇာတ်လမ်းမှာ ဘယ်သူကများအနိုင်ရမလဲ။အချစ်ထက် အတ္တတွေကျော်လွန်သွားတဲ့အခါ ဘယ်လိုဇာတ်သိမ်းတွေဖြစ်လာမလဲ။တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ဒီကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းကို ဘယ်လို ကြမ္မာမုန်တိုင်းဆိုးက ဝင်မွှေဦးမလဲဆိုတာ ဘယ်သူကရောသိပါသေးသလဲ။

30.4.22

Maple Lynn🍁

Continue Reading

You'll Also Like

1.2M 63.7K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
336K 18.3K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
1.1M 82.4K 54
​ကျေးဇူးပြုပြီး အဆုံးထိစီး​မျော​ပေးပါ လူသားဆန်မှု၊တစ်ဦးအ​​ပေါ်တစ်ဦး ​လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရား​တွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သ​ဘောကျနှစ်...
358K 16.2K 37
"မင်းရှိတဲ့အရပ်ကိုသာမျက်နှာမူချင်တဲ့သူပါ မင်းသာ မောင့်အနားကမထွက်သွားပါနဲ့ ဘာပဲပေးဆပ်ရဆပ်ရ အဆင်ပြေတယ်ဘေဘီ" 𝐌𝐢𝐧𝐞 𝐍𝐲𝗼𝐡 𝐒𝐡𝐢𝐧+ 𝐍𝐠𝐚𝐲 𝐍𝐚𝐲...