Villainess Series 1 : အဓိကဇာတ...

By PhuPhuUchiha

240K 21.8K 306

*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလ... More

၁..Transmigration
၂..ခေါင်းမာတတ်ခြင်း
၃..အကူအညီ
၄..ရက်စက်ခြင်း
၅..ပင်ပန်းနွမ်းနယ်ခြင်း
၆..အပြစ်ရှိခြင်း
၇..အကျည်းတန်အမာရွတ်
၈..ငန်းမလေး နှင့် ဘဲမလေး
၉..ဖရိုဖရဲဖြစ်လာခြင်း
၁၀..သူမ၏မျက်၀န်း
၁၁..ခေါ်ဆောင်သွားခြင်း
၁၂..လူလိမ်မလေး
၁၃..သံသယဖြစ်စရာ
၁၄..အေးစက်ခြင်း
၁၅..သူရဲကောင်း
၁၆..စောင့်ဆိုင်းပေးရခြင်း
၁၇..အလံဖြူလည်း မပြနိုင်ပါ
၁၈..ဖမ်းဆီးခံလိုက်ရခြင်း
၁၉..အလိမ်အညာ
၂၀..ပန်းအိုး
၂၁..မကောင်းသောအငွေ့အသက်
၂၂..ယုန်ဖြူလေး
၂၃..ဖမ်းဆီးလိုက်ခြင်း
၂၄..အကျိုးဆက်
၂၅..ဇနီး
၂၆..ဗီလိန်
၂၇..ငြင်းဆိုသည်
၂၈..အကြံပေးခြင်း
၂၉..ရူးသွပ်‌စေခြင်း
၃၀..အလဟသ
၃၁..လောင်ကျွမ်းသွားရမည်ဆိုရင်တောင်
၃၁..သနားစရာကောင်းခြင်း
၃၃..ကယ်ဆယ်ခြင်း
၃၄..အစီစဉ်ကျရှုံးခြင်း
၃၅..ပြောင်းလဲစေခြင်း
၃၆..ဓားသွား
၃၇..ဘယ်တော့မှလက်မလွှတ်ဘူး
၃၈..မျက်ရည်
၃၉..နေရာ
၄၀..၀န်ခံလိုက်
၄၁..ခွင့်မပြုခြင်း
၄၂..ဆိုင်းဘုတ်
၄၃..ပြန်လည်ရောက်ရှိလာခြင်း
၄၄..တွေ့ဆုံလိုခြင်း
၄၅..စိတ်ကြီး၀င်လာခြင်း
၄၆..မြှားတစ်ထောင်
၄၇..ထွက်ခွာသွားခြင်း
၄၉..ငိုနေခြင်း
၅၀...ကတိ
၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း
၅၂..ကိုယ့်အက္ခရာ
နိဂုံး

၄၈..ရူးမိုက်မိခြင်း

4.3K 404 8
By PhuPhuUchiha

[Unicode]

သူမကြားလိုက်ရတယ့်အရာကြောင့်;ဧကရာဇ်ကို အလိုလိုတွန်းထုတ်မိလိုက်ကာခြေလှမ်းများအနည်းငယ်နောက်ဆုတ်လိုက်၏။

ထို့နောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာနှစ်ယောက်စလုံးထိတ်လန့်သွားကြသည်၊‌လီရွေ့ကအခြေအနေ‌ကိုတွေးမိသွား၍သူ့လက်ကိုစုရှင်းထံထပ်မံဆန့်တန်းလိုက်ကာ "မိန်းကလေးပိုင်,ကိုယ်တော်က..."

"အရှင်မင်းကြီး!"

ထို့နောက်မျက်လုံးနီများနဲ့ပိုင်ယန်ကဆွဲဆောင်မှုရှိတဲ့အနီရောင်ဝတ်စုံကို၀တ်ဆင်ထားလျက်သူမတို့နားသို့လျှောက်လာ၏၊သူမသည် ဒေါသတကြီးဖြင့်စုရှင်းကိုစိုက်ကြည့်လိုက်သည်။

'ဒါက ဘယ်လိုအခြေအနေကြီးလဲဟ?!'

ဒါက မင်းသားနန်းဆောင်လေ၊ဘာလို့လူတိုင်းက ဒီကိုရောက်လာကြတာလဲ?ကိုယ့်ဘာသာကိုယ် စွန့်ပစ်ခံဇနီးတစ်ယောက်အနေနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေနေတာပါ၊ဒီဗီလိန်မဆီ ခွေးဇာတ်လမ်းတွေယူဆောင်လာတာရပ်လိုက်ပါတော့။

"အင်ပါယာရဲ့ဧကရီကိုနှုတ်ခွန်းဆက်သပါတယ်"စုရှင်းအရိုအသေပေးလိုက်သည်။

'ပိုင်ယန်နင်ထင်သလိုမဟုတ်ဘူးနော်၊နင်ဦးထုတ်စီမ်းအဆောင်းမခံရပါဘူး၊ငါ့ကိုယုံ'(ဦးထုတ်စိမ်း=ဖောက်ပြန်ခံရတယ့်သူ)

“နန်းတပ်ကနေ အရေးကြီးတယ့်စာတစ်စောင်ရောက်လာပါတယ်"

လီရွေ့ထိုစာကိုဖတ်ပြီးတယ့်နောက်တွင်;သူ့မျက်နှာပေါ်တွင်ရှုပ်ထွေးသောအမူအရာဖြင့် တိတ်တဆိတ်ရပ်နေ၏။

ပိုင်ယန်ကဟန်ဆောင်ပြုံးလိုက်ကာ"နန်းမိဖုရားချက်ချင်းထွက်ခွာဖို့အကြံပေးလိုက်ပါရစေ"

အဲ့လိုနဲ့ပဲ,ငါ့ရဲ့မသေမျိုးရန်သူစီ စေလွှတ်ခံလိုက်တော့တယ်...ရထားလုံးစုတ်တော့!

ငါ့ကျော၊တင်ပါးနဲ့အဖိုးတန်တစ်ကိုယ်လုံးကိုနာကျင်နေတာပဲ'လေယာဉ်‌လေးရေ,မင်းဘယ်မှာလဲ?တို့ကိုကယ်ပါအုန်း!'ထန်အင်ပါယာ (ယခု ရှင်း ဟုအမည်ပေးထားသည်)ကိုလာတယ့်လမ်းတစ်လျှောက်လုံးလည်းအသည်းထဲကရော အခြားအစိတ်အပိုင်းတွေထဲကပါအန်ထွက်နေသလားအောက်မေ့ရတယ်။

တစ်လလုံးပဲ...

နောက်ဆုံးတော့နယ်ဘက်ကိုရောက်ဖို့တစ်လလောက်အချိန်ယူလိုက်ရ၏။၊သူမရထားလုံးထဲကနေဖုတ်ကောင်လိုဆင်းလာလိုက်ကာထို့နောက် ဂိတ်တံခါးရှေ့မှာရပ်နေတယ့်လူကိုမြင်လိုက်‌တော့ချက်ချင်းမှတ်မိလိုက်သည်။

"စစ်သူကြီးမင်.."

"နန်းမိဖုရားကို နှုတ်ခွန်းဆက်သပါတယ်"

ရှေ့တစ်ခေါက်ကူးပြောင်းမှုတုန်းက စစ်သူကြီးမင်ကိုနန်းစစ်တပ်ထဲ၀င်ခိုင်းပြီး အဓိကဇာတ်ဆောင်အပေါ်သစ္စာရှိပေးဖို့တောင်းဆိုခဲ့သည်။ဒီဒုတိယအကြိမ်ကူးပြောင်းမှုမှာကျတော့ စစ်သူကြီးမင်ရဲ့နေရာကိုရှာမတွေ့သလို.. သူငါ့ဆီကနေရှောင်နေသလားပဲ.. ဒါမှမဟုတ် တစ်စုံတစ်ယောက်က သူ့ကိုငါ့ဆီကနေများရှောင်ခိုင်းထားတာလား?

'ဒါဆို,စစ်သူကြီးမင်က..အဓိကဇာတ်ဆောင်နားမှာဘယ်လိုလုပ်ရှိနေတာလဲ?

မူရင်းဇာတ်လမ်းကနေလုံးဝပြောင်းသွားတယ့် ဝတ္ထုကြောင့်;အရေးကြီးတယ့်ဇာတ်ကွက်တွေပါကျော်ချသလိုဖြစ်သွားသည်... ချူအင်ပါယာကနေအဓိကဇာတ်ဆောင်မင်းသမီးကိုခေါ်ဆောင်လာရမယ့်အခန်းတို့ ဒါမှမဟုတ် ချူဝမ်ဝမ်ကိုလုပ်ကြံရမယ့်အခန်းတို့ပါမပါတော့ပေ၊ ငါ..တကယ်မသုံးမကျဘူးလို့ခံစား‌ရတယ်။

ကိုယ့်ဗီလိန်အလုပ်ကိုလုပ်ချင်ပေမယ့် ဘယ်သူကမှငါနဲ့မပူးပေါင်းကြတော့.. ဘာလုပ်နေရမှာလဲ?အရမ်းနောက်ကျသွားပြီ..နှစ်နဲ့တောင်ကြာသွားပြီ*ငိုနေခြင်း အဟင့်*

စစ်သူကြီးမင်ကသူမကိုမင်းသားအိပ်ခန်းဆီလမ်းညွှန်ပေးလိုက်သည်၊ကျင်းအာကတော့အပြင်ဘက်မှာအခြားသူတွေနဲ့အတူစောင့်နေစေ၏။သူမအိပ်ခန်းထဲကိုဝင်လိုက်တာနဲ့လီဟန်ကိုချက်ချင်းတွေ့လိုက်ရသည်;သူကကုလားထိုင်တွင်ထိုင်နေပြီး စားပွဲပေါ်တွင်တော့ပုလင်းအလွတ်တွေနဲ့ရှုပ်ပွနေ၏။

"နန်းဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်"

သူ့ဘယ်ဘက်ပခုံးတစ်ဝိုက်ကအနီရောင်စွန်းထင်းနေတဲ့အဖြူရောင်ပတ်တီးဆီကိုသူမမျက်လုံးကရောက်သွားသည်၊အသက်နှစ်ဆယ်ပဲရှိသေးတယ့်သူ့ရဲ့ကိုယ်ပေါ်တွင်တစ်ဖက်နှင့်တစ်ဖက် ဖုံးအုပ်ထားသည့်ကြောက်မက်ဖွယ်အမာရွတ်များရှိနေခဲ့ပြီး ရင်ဘတ်ကရှည်လျားနက်နဲတဲ့အမာရွတ်ကိုကြည့်ရင်းသူမတုန်လှုပ်သွားမိသည်။

အကယ်၍ငါ့မှတ်ဉာဏ်အတိုင်းဆိုရင် ပထမကူးပြောင်းတုန်းကအဲ့တာမရှိပါဘူး၊လီဟန်ဆီမှာ တခါမှအဲ့ဒီလို..အမာရွတ်မျိုးမရှိခဲ့ဘူး။

ဒါပေမယ့် စာထဲမှာကျတော့နန်းဘုရင်ကဒဏ်ရာအပြင်းအထန်ရထားပြီးအိပ်ယာထဲလဲနေတာကြောင့်သူ့၀မ်ဖေးကိုတွေ့ချင်တယ်လို့ရေးထားတာမဟုတ်ဘူးလား?အဲ့တာဆို ဘာလို့တစ်ခန်းလုံးအရက်နံ့တွေထောင်းနေပြီး,ငါ့ကိုခေါင်းမူးအောင်လုပ်ရတာလဲ?

'ဘာလို့အခုလဲ?လက်ထပ်ပြီးငါးနှစ်ကြာမှအေးချမ်းနေတဲ့ဗီလိန်မလေးကိုဘာလို့တွေ့ချင်ရတာလဲ?ဖြစ်နိုင်တာက အရမ်းသံသယဖြစ်ဖို့ကောင်းတယ်!

သူမရဲ့အဖိုးတန်ကူးပြောင်းမှုကနေဖြည်းဖြည်းချင်းသိလိုက်ရတာက;အရင်ကငယ်ရွယ်ပြီးအနိုင်ကျင့်ခံရတယ့်မင်းသား...ပြီးတော့ရက်စက်ကြမ်းကြုတ်တဲ့နန်းဘုရင် အခုတော့အခွံနဲ့တူနေတဲ့လူ၊အဲ့ဒီပုံရိပ်သုံးခုက အခုတစ်ထပ်တည်းကျနေသလိုပဲ။

ငါးနှစ်ကြာမှသူနဲ့ပြန်တွေ့တော့ သူမတစ်ခုခုပျောက်ဆုံးနေသလိုခံစားနေရသည်။

"ရောက်ပြီလား"

နှစ်တွေကြာလာတာနဲ့အမျှသူ့အသံက ပိုနက်ရှိုင်းလာသည်၊မျက်၀န်းတွေကလည်း သူမ မှတ်မိခဲ့တာထက်ပိုပြီးနက်မှောင်နေပြီဖြစ်၏။

သူ့မျက်နှာသည် စစ်မြေပြင်မှာသေခြင်းတရားကိုအကြိမ်ထောင်ပေါင်းမျာစွာဖီဆန်ခဲ့တယ့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်လိုညို့မှိုင်းကာ မောပန်းနွမ်းနယ်နေပုံပင်။

"မင်းပြော,ငါ...ဘယ်လောက်ကြာကြာ..စောင့်နေသင့်လဲ?

ညကောင်းကင်ယံကသူမနဲ့အတူတိုက်ခတ်နေသလိုသူ့အကြည့်တွေကိုနားမလည်နိုင်ပေ။

"အသက်ဘယ်လောက်များများငါယူသင့်လဲ? အင်ပါယာဘယ်နှစ်ခုလောက်ကိုရောသိမ်းပိုက်သင့်လဲ?ငါမလဲပြိုခင်ဒါကိုရောဘယ်လောက်ကြာကြာထိန်းထားနိုင်လဲ?"အဓိကဇာတ်ဆောင်သည် ကြမ်းပြင်ပေါ်သို့ပုလင်းကိုမူးဝေစွာပစ်ချလိုက်သည်။*ပုလင်းကွဲသံ*

လီဟန်ကသူမဆီလျှောက်လာသည့်အခါ မသိစိတ်ကနောက်သို့ဆုတ်သွားမိ၍တံခါးနှင့်ကျောပင်ထိသွားသည်၊ထို့နောက်လီဟန်ကတံခါးနှင့်သူ့ခန္ဓာကိုယ်ကြားတွင်သူမကိုပိတ်ထားလိုက်သည်။

"မင်း သူ့မျက်နှာကိုဘယ်လိုတောင်တပ်ထားရဲတာလဲ?သူကြည့်နေကျမျက်၀န်းတွေနဲ့ရော ငါ့ကိုဘယ်လိုတောင်ကြည့်ရဲတာလဲ?"

"ဒီနှုတ်ခမ်းတွေနဲ့ရော ဘယ်လိုတောင်လိမ်ပြောရဲတာလဲ?"သူ့လက်မဖြင့် သူမနှုတ်ခမ်းကိုညင်သာစွာပွတ်တိုက်လိုက်သည်။

"သူမကိုတောင့်တမိလို့ အသက်ရှူရတာတောင်နာကျင်ရတယ်"

'ဘ..ဘာ?!'

လီဟန်သည်ဓားမြှောင်တစ်ချောင်းကိုယူလိုက်ကာသူမရှေ့တွင်ပြသလိုက်သည်၊'ငါ့ကိုသေအောင်သတ်တော့မလို့လာ?'ထို့နောက် လီဟန်ကသူမလက်နှစ်ဖက်စလုံးကိုဆွဲယူကာဓားမြှောင်ကိုကိုင်ခိုင်ပြီးသူ့ရင်ဘတ်ထဲထိုးထည့်လိုက်သည်၊သွေးများ စီးကျလာတော့သည်။

စုရှင်းထိတ်လန့်စွာအော်လိုက်၏။

သူ့ရဲ့မြင့်မားတယ့်အရပ်ကမူ သူမကို ပုရွက်ဆိတ်လေးလိုသေးငယ်သွားစေသည်;စုရှင်းသူ့ကို စိတ်ရှုပ်ထွေးစွာမော့ကြည့်လိုက်၏'ဘာ...ဘာတွေလုပ်နေတာလဲ?'

"စုရှင်းက.. ငါ့အသက်ကိုလိုချင်ခဲ့တယ်လေ"

သူပြောပြီးသည်နှင့်ဓားမြှောင်ကိုပို၍ထိုးထည့်လိုက်သည်'ရပ်လိုက်တော့လို့!'သူမလက်ကိုလွှတ်ချကာတွန်းဖယ်လိုက်ချင်သော်လည်းလီဟန်ကသူမလက်ကိုတင်းတင်းကိုင်ထားသည်။

နောက်ဆုံးတော့သူမအသံကိုရသွားကာတောင်းဆိုလိုက်၏"အ..အရှင့်သား,တော်ပါတော့"

အသားကိုဓါးနဲ့ထိုးတယ့်အသံကိုပါသူမ ကြားနေရသည်၊ထ်ို့နောက်ရင်ဘတ်က သွေးတွေကပိုပိုပြီးစီးကျလာကာသူမ၀တ်စုံကိုပင်စွန်းထင်းကုန်၏။

"လီဟန်!ရှင်ရူးနေလား?!လွှတ်တော့လို့!"သူမအသံလည်းမူမမှန်တော့ပေ။

လီဟန်၏မျက်၀န်းများသည် စူးရှနေကာနတ်ဆိုးကဲ့သို့သူမကိုအပြစ်ပေးချင်နေသည်၊စုရှင်းထိုမျက်၀န်းများကိုစိုက်ကြည့်ကာထပ်ပြောလိုက်သည် "လီဟန်,ရှင်ကအရူးပဲ!"

အဓိကဇာတ်ဆောင်ကတောင့်တင်းသွားသည်။

သူ့မျက်လုံးထဲတွင်တစ်စုံတစ်ခုတုန်လှုပ်သွားကာ ဓားမြှောင်ကိုကိုင်ထားတဲ့လက်လည်းပြေလျော့သွားတော့သည်၊ထို့ကြောင့်စုရှင်းဓားမြှောင်ကိုဆွဲထုတ်လိုက်ကာအဝေးသို့ပစ်ထုတ်လိုက်၏။

'ရှင်ဘာဖြစ်နေတာလဲ?ဘာလို့ကျွန်မကိုနာကျင်နေတဲ့အမူအရာနဲ့ကြည့်နေရတာလဲ?"

'ဘာလို့ရှင့်ကိုယ်ရှင်နှိပ်စက်နေရတာလဲ?လီဟန်, ရှင်ဘာလို့ဒီလောက်သနားစရာကောင်းသွားရတာလဲ?'

လီဟန်သည်သူမကိုကြည့်ကာမျက်ရည်များကျလာတော့သည်;ထိုမျက်၀န်းများကသူ့မှာရွေးချယ်စရာမရှိဘူးလို့ပြောပြနေပြီး သူ့ကိုလုံးဝလက်လျှော့ခိုင်းဖို့တွန်းအားပေးနေပြီဖြစ်ကြောင်းပြသနေသည်။

သူ့ရဲ့အသနားခံသောမျက်၀န်းတွေထဲမှာသူမမျှော်လင့်ချက်မဲ့စွာပိတ်မိနေသည်;စုရှင်းလက်ကိုသူ့ဒဏ်ရာတွေပေါ်တွင်တင်လိုက်ကာသွေးထွက်တာရပ်တန့်သွားဖို့ကြိုးစားလိုက်သည်။

သူမညင်သာတယ့်အသံနဲ့ပြောလိုက်သည်ထိုအသံသည်တိုးညှင်းစွာပြောတယ့်အသံထက်အနည်းငယ်ပို၏"လီဟန်...."

"လီဟန်,ရှင်ဘာလို့အဲ့လောက် ရူးမိုက်ရတာလဲ?"

****

[Zawgyi]

သူမၾကားလိုက္ရတယ့္အရာေၾကာင့္;ဧကရာဇ္ကို အလိုလိုတြန္းထုတ္မိလိုက္ကာေျခလွမ္းမ်ားအနည္းငယ္ေနာက္ဆုတ္လိုက္၏။

ထို႔ေနာက္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာႏွစ္ေယာက္စလုံးထိတ္လန္႔သြားၾကသည္၊‌လီေ႐ြ႕ကအေျခအေန‌ကိုေတြးမိသြား၍သူ႕လက္ကိုစု႐ွင္းထံထပ္မံဆန္႔တန္းလိုက္ကာ "မိန္းကေလးပိုင္,ကိုယ္ေတာ္က..."

"အ႐ွင္မင္းႀကီး!"

ထို႔ေနာက္မ်က္လုံးနီမ်ားနဲ႔ပိုင္ယန္ကဆြဲေဆာင္မႈ႐ွိတဲ့အနီေရာင္ဝတ္စုံကို၀တ္ဆင္ထားလ်က္သူမတို႔နားသို႔ေလွ်ာက္လာ၏၊သူမသည္ ေဒါသတႀကီးျဖင့္စု႐ွင္းကိုစိုက္ၾကည့္လိုက္သည္။

'ဒါက ဘယ္လိုအေျခအေနႀကီးလဲဟ?!'

ဒါက မင္းသားနန္းေဆာင္ေလ၊ဘာလို႔လူတိုင္းက ဒီကိုေရာက္လာၾကတာလဲ?ကိုယ့္ဘာသာကိုယ္ စြန္႔ပစ္ခံဇနီးတစ္ေယာက္အေနနဲ႔ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနေနတာပါ၊ဒီဗီလိန္မဆီ ေခြးဇာတ္လမ္းေတြယူေဆာင္လာတာရပ္လိုက္ပါေတာ့။

"အင္ပါယာရဲ႕ဧကရီကိုႏႈတ္ခြန္းဆက္သပါတယ္"စု႐ွင္းအ႐ိုအေသေပးလိုက္သည္။

'ပိုင္ယန္နင္ထင္သလိုမဟုတ္ဘူးေနာ္၊နင္ဦးထုတ္စီမ္းအေဆာင္းမခံရပါဘူး၊ငါ့ကိုယုံ'(ဦးထုတ္စိမ္း=ေဖာက္ျပန္ခံရတယ့္သူ)

“နန္းတပ္ကေန အေရးႀကီးတယ့္စာတစ္ေစာင္ေရာက္လာပါတယ္"

လီေ႐ြ႕ထိုစာကိုဖတ္ၿပီးတယ့္ေနာက္တြင္;သူ႕မ်က္ႏွာေပၚတြင္႐ႈပ္ေထြးေသာအမူအရာျဖင့္ တိတ္တဆိတ္ရပ္ေန၏။

ပိုင္ယန္ကဟန္ေဆာင္ျပဳံးလိုက္ကာ"နန္းမိဖုရားခ်က္ခ်င္းထြက္ခြာဖို႔အၾကံေပးလိုက္ပါရေစ"

အဲ့လိုနဲ႔ပဲ,ငါ့ရဲ႕မေသမ်ိဳးရန္သူစီ ေစလႊတ္ခံလိုက္ေတာ့တယ္...ရထားလုံးစုတ္ေတာ့!

ငါ့ေက်ာ၊တင္ပါးနဲ႔အဖိုးတန္တစ္ကိုယ္လုံးကိုနာက်င္ေနတာပဲ'ေလယာဥ္‌ေလးေရ,မင္းဘယ္မွာလဲ?တို႔ကိုကယ္ပါအုန္း!'ထန္အင္ပါယာ (ယခု ႐ွင္း ဟုအမည္ေပးထားသည္)ကိုလာတယ့္လမ္းတစ္ေလွ်ာက္လုံးလည္းအသည္းထဲကေရာ အျခားအစိတ္အပိုင္းေတြထဲကပါအန္ထြက္ေနသလားေအာက္ေမ့ရတယ္။

တစ္လလုံးပဲ...

ေနာက္ဆုံးေတာ့နယ္ဘက္ကိုေရာက္ဖို႔တစ္လေလာက္အခ်ိန္ယူလိုက္ရ၏။၊သူမရထားလုံးထဲကေနဖုတ္ေကာင္လိုဆင္းလာလိုက္ကာထို႔ေနာက္ ဂိတ္တံခါးေ႐ွ႕မွာရပ္ေနတယ့္လူကိုျမင္လိုက္‌ေတာ့ခ်က္ခ်င္းမွတ္မိလိုက္သည္။

"စစ္သူႀကီးမင္.."

"နန္းမိဖုရားကို ႏႈတ္ခြန္းဆက္သပါတယ္"

ေ႐ွ႕တစ္ေခါက္ကူးေျပာင္းမႈတုန္းက စစ္သူႀကီးမင္ကိုနန္းစစ္တပ္ထဲ၀င္ခိုင္းၿပီး အဓိကဇာတ္ေဆာင္အေပၚသစၥာ႐ွိေပးဖို႔ေတာင္းဆိုခဲ့သည္။ဒီဒုတိယအႀကိမ္ကူးေျပာင္းမႈမွာက်ေတာ့ စစ္သူႀကီးမင္ရဲ႕ေနရာကို႐ွာမေတြ႕သလို.. သူငါ့ဆီကေနေ႐ွာင္ေနသလားပဲ.. ဒါမွမဟုတ္ တစ္စုံတစ္ေယာက္က သူ႕ကိုငါ့ဆီကေနမ်ားေ႐ွာင္ခိုင္းထားတာလား?

'ဒါဆို,စစ္သူႀကီးမင္က..အဓိကဇာတ္ေဆာင္နားမွာဘယ္လိုလုပ္႐ွိေနတာလဲ?

မူရင္းဇာတ္လမ္းကေနလုံးဝေျပာင္းသြားတယ့္ ဝတၳဳေၾကာင့္;အေရးႀကီးတယ့္ဇာတ္ကြက္ေတြပါေက်ာ္ခ်သလိုျဖစ္သြားသည္... ခ်ဴအင္ပါယာကေနအဓိကဇာတ္ေဆာင္မင္းသမီးကိုေခၚေဆာင္လာရမယ့္အခန္းတို႔ ဒါမွမဟုတ္ ခ်ဴဝမ္ဝမ္ကိုလုပ္ၾကံရမယ့္အခန္းတို႔ပါမပါေတာ့ေပ၊ ငါ..တကယ္မသုံးမက်ဘူးလို႔ခံစား‌ရတယ္။

ကိုယ့္ဗီလိန္အလုပ္ကိုလုပ္ခ်င္ေပမယ့္ ဘယ္သူကမွငါနဲ႔မပူးေပါင္းၾကေတာ့.. ဘာလုပ္ေနရမွာလဲ?အရမ္းေနာက္က်သြားၿပီ..ႏွစ္နဲ႔ေတာင္ၾကာသြားၿပီ*ငိုေနျခင္း အဟင့္*

စစ္သူႀကီးမင္ကသူမကိုမင္းသားအိပ္ခန္းဆီလမ္းၫႊန္ေပးလိုက္သည္၊က်င္းအာကေတာ့အျပင္ဘက္မွာအျခားသူေတြနဲ႔အတူေစာင့္ေနေစ၏။သူမအိပ္ခန္းထဲကိုဝင္လိုက္တာနဲ႔လီဟန္ကိုခ်က္ခ်င္းေတြ႕လိုက္ရသည္;သူကကုလားထိုင္တြင္ထိုင္ေနၿပီး စားပြဲေပၚတြင္ေတာ့ပုလင္းအလြတ္ေတြနဲ႔႐ႈပ္ပြေန၏။

"နန္းဘုရင္ကို ႏႈတ္ခြန္းဆက္သပါတယ္"

သူ႕ဘယ္ဘက္ပခုံးတစ္ဝိုက္ကအနီေရာင္စြန္းထင္းေနတဲ့အျဖဴေရာင္ပတ္တီးဆီကိုသူမမ်က္လုံးကေရာက္သြားသည္၊အသက္ႏွစ္ဆယ္ပဲ႐ွိေသးတယ့္သူ႕ရဲ႕ကိုယ္ေပၚတြင္တစ္ဖက္ႏွင့္တစ္ဖက္ ဖုံးအုပ္ထားသည့္ေၾကာက္မက္ဖြယ္အမာ႐ြတ္မ်ား႐ွိေနခဲ့ၿပီး ရင္ဘတ္က႐ွည္လ်ားနက္နဲတဲ့အမာ႐ြတ္ကိုၾကည့္ရင္းသူမတုန္လႈပ္သြားမိသည္။

အကယ္၍ငါ့မွတ္ဉာဏ္အတိုင္းဆိုရင္ ပထမကူးေျပာင္းတုန္းကအဲ့တာမ႐ွိပါဘူး၊လီဟန္ဆီမွာ တခါမွအဲ့ဒီလို..အမာ႐ြတ္မ်ိဳးမ႐ွိခဲ့ဘူး။

ဒါေပမယ့္ စာထဲမွာက်ေတာ့နန္းဘုရင္ကဒဏ္ရာအျပင္းအထန္ရထားၿပီးအိပ္ယာထဲလဲေနတာေၾကာင့္သူ႕၀မ္ေဖးကိုေတြ႕ခ်င္တယ္လို႔ေရးထားတာမဟုတ္ဘူးလား?အဲ့တာဆို ဘာလို႔တစ္ခန္းလုံးအရက္နံ႔ေတြေထာင္းေနၿပီး,ငါ့ကိုေခါင္းမူးေအာင္လုပ္ရတာလဲ?

'ဘာလို႔အခုလဲ?လက္ထပ္ၿပီးငါးႏွစ္ၾကာမွေအးခ်မ္းေနတဲ့ဗီလိန္မေလးကိုဘာလို႔ေတြ႕ခ်င္ရတာလဲ?ျဖစ္ႏိုင္တာက အရမ္းသံသယျဖစ္ဖို႔ေကာင္းတယ္!

သူမရဲ႕အဖိုးတန္ကူးေျပာင္းမႈကေနျဖည္းျဖည္းခ်င္းသိလိုက္ရတာက;အရင္ကငယ္႐ြယ္ၿပီးအႏိုင္က်င့္ခံရတယ့္မင္းသား...ၿပီးေတာ့ရက္စက္ၾကမ္းၾကဳတ္တဲ့နန္းဘုရင္ အခုေတာ့အခြံနဲ႔တူေနတဲ့လူ၊အဲ့ဒီပုံရိပ္သုံးခုက အခုတစ္ထပ္တည္းက်ေနသလိုပဲ။

ငါးႏွစ္ၾကာမွသူနဲ႔ျပန္ေတြ႕ေတာ့ သူမတစ္ခုခုေပ်ာက္ဆုံးေနသလိုခံစားေနရသည္။

"ေရာက္ၿပီလား"

ႏွစ္ေတြၾကာလာတာနဲ႔အမွ်သူ႕အသံက ပိုနက္႐ိႈင္းလာသည္၊မ်က္၀န္းေတြကလည္း သူမ မွတ္မိခဲ့တာထက္ပိုၿပီးနက္ေမွာင္ေနၿပီျဖစ္၏။

သူ႕မ်က္ႏွာသည္ စစ္ေျမျပင္မွာေသျခင္းတရားကိုအႀကိမ္ေထာင္ေပါင္းမ်ာစြာဖီဆန္ခဲ့တယ့္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းတစ္ေယာက္လိုညိဳ႕မိႈင္းကာ ေမာပန္းႏြမ္းနယ္ေနပုံပင္။

"မင္းေျပာ,ငါ...ဘယ္ေလာက္ၾကာၾကာ..ေစာင့္ေနသင့္လဲ?

ညေကာင္းကင္ယံကသူမနဲ႔အတူတိုက္ခတ္ေနသလိုသူ႕အၾကည့္ေတြကိုနားမလည္ႏိုင္ေပ။

"အသက္ဘယ္ေလာက္မ်ားမ်ားငါယူသင့္လဲ? အင္ပါယာဘယ္ႏွစ္ခုေလာက္ကိုေရာသိမ္းပိုက္သင့္လဲ?ငါမလဲၿပိဳခင္ဒါကိုေရာဘယ္ေလာက္ၾကာၾကာထိန္းထားႏိုင္လဲ?"အဓိကဇာတ္ေဆာင္သည္ ၾကမ္းျပင္ေပၚသို႔ပုလင္းကိုမူးေဝစြာပစ္ခ်လိုက္သည္။*ပုလင္းကြဲသံ*

လီဟန္ကသူမဆီေလွ်ာက္လာသည့္အခါ မသိစိတ္ကေနာက္သို႔ဆုတ္သြားမိ၍တံခါးႏွင့္ေက်ာပင္ထိသြားသည္၊ထို႔ေနာက္လီဟန္ကတံခါးႏွင့္သူ႕ခႏၶာကိုယ္ၾကားတြင္သူမကိုပိတ္ထားလိုက္သည္။

"မင္း သူ႕မ်က္ႏွာကိုဘယ္လိုေတာင္တပ္ထားရဲတာလဲ?သူၾကည့္ေနက်မ်က္၀န္းေတြနဲ႔ေရာ ငါ့ကိုဘယ္လိုေတာင္ၾကည့္ရဲတာလဲ?"

"ဒီႏႈတ္ခမ္းေတြနဲ႔ေရာ ဘယ္လိုေတာင္လိမ္ေျပာရဲတာလဲ?"သူ႕လက္မျဖင့္ သူမႏႈတ္ခမ္းကိုညင္သာစြာပြတ္တိုက္လိုက္သည္။

"သူမကိုေတာင့္တမိလို႔ အသက္႐ွဴရတာေတာင္နာက်င္ရတယ္"

'ဘ..ဘာ?!'

လီဟန္သည္ဓားေျမႇာင္တစ္ေခ်ာင္းကိုယူလိုက္ကာသူမေ႐ွ႕တြင္ျပသလိုက္သည္၊'ငါ့ကိုေသေအာင္သတ္ေတာ့မလို႔လာ?'ထို႔ေနာက္ လီဟန္ကသူမလက္ႏွစ္ဖက္စလုံးကိုဆြဲယူကာဓားေျမႇာင္ကိုကိုင္ခိုင္ၿပီးသူ႕ရင္ဘတ္ထဲထိုးထည့္လိုက္သည္၊ေသြးမ်ား စီးက်လာေတာ့သည္။

စု႐ွင္းထိတ္လန္႔စြာေအာ္လိုက္၏။

သူ႕ရဲ႕ျမင့္မားတယ့္အရပ္ကမူ သူမကို ပု႐ြက္ဆိတ္ေလးလိုေသးငယ္သြားေစသည္;စု႐ွင္းသူ႕ကို စိတ္႐ႈပ္ေထြးစြာေမာ့ၾကည့္လိုက္၏'ဘာ...ဘာေတြလုပ္ေနတာလဲ?'

"စု႐ွင္းက.. ငါ့အသက္ကိုလိုခ်င္ခဲ့တယ္ေလ"

သူေျပာၿပီးသည္ႏွင့္ဓားေျမႇာင္ကိုပို၍ထိုးထည့္လိုက္သည္'ရပ္လိုက္ေတာ့လို႔!'သူမလက္ကိုလႊတ္ခ်ကာတြန္းဖယ္လိုက္ခ်င္ေသာ္လည္းလီဟန္ကသူမလက္ကိုတင္းတင္းကိုင္ထားသည္။

ေနာက္ဆုံးေတာ့သူမအသံကိုရသြားကာေတာင္းဆိုလိုက္၏"အ..အ႐ွင့္သား,ေတာ္ပါေတာ့"

အသားကိုဓါးနဲ႔ထိုးတယ့္အသံကိုပါသူမ ၾကားေနရသည္၊ထ္ိဳ႕ေနာက္ရင္ဘတ္က ေသြးေတြကပိုပိုၿပီးစီးက်လာကာသူမ၀တ္စုံကိုပင္စြန္းထင္းကုန္၏။

"လီဟန္!႐ွင္႐ူးေနလား?!လႊတ္ေတာ့လို႔!"သူမအသံလည္းမူမမွန္ေတာ့ေပ။

လီဟန္၏မ်က္၀န္းမ်ားသည္ စူး႐ွေနကာနတ္ဆိုးကဲ့သို႔သူမကိုအျပစ္ေပးခ်င္ေနသည္၊စု႐ွင္းထိုမ်က္၀န္းမ်ားကိုစိုက္ၾကည့္ကာထပ္ေျပာလိုက္သည္ "လီဟန္,႐ွင္ကအ႐ူးပဲ!"

အဓိကဇာတ္ေဆာင္ကေတာင့္တင္းသြားသည္။

သူ႕မ်က္လုံးထဲတြင္တစ္စုံတစ္ခုတုန္လႈပ္သြားကာ ဓားေျမႇာင္ကိုကိုင္ထားတဲ့လက္လည္းေျပေလ်ာ့သြားေတာ့သည္၊ထို႔ေၾကာင့္စု႐ွင္းဓားေျမႇာင္ကိုဆြဲထုတ္လိုက္ကာအေဝးသို႔ပစ္ထုတ္လိုက္၏။

'႐ွင္ဘာျဖစ္ေနတာလဲ?ဘာလို႔ကြၽန္မကိုနာက်င္ေနတဲ့အမူအရာနဲ႔ၾကည့္ေနရတာလဲ?"

'ဘာလို႔႐ွင့္ကိုယ္႐ွင္ႏွိပ္စက္ေနရတာလဲ?လီဟန္, ႐ွင္ဘာလို႔ဒီေလာက္သနားစရာေကာင္းသြားရတာလဲ?'

လီဟန္သည္သူမကိုၾကည့္ကာမ်က္ရည္မ်ားက်လာေတာ့သည္;ထိုမ်က္၀န္းမ်ားကသူ႕မွာေ႐ြးခ်ယ္စရာမ႐ွိဘူးလို႔ေျပာျပေနၿပီး သူ႕ကိုလုံးဝလက္ေလွ်ာ့ခိုင္းဖို႔တြန္းအားေပးေနၿပီျဖစ္ေၾကာင္းျပသေနသည္။

သူ႕ရဲ႕အသနားခံေသာမ်က္၀န္းေတြထဲမွာသူမေမွ်ာ္လင့္ခ်က္မဲ့စြာပိတ္မိေနသည္;စု႐ွင္းလက္ကိုသူ႕ဒဏ္ရာေတြေပၚတြင္တင္လိုက္ကာေသြးထြက္တာရပ္တန္႔သြားဖို႔ႀကိဳးစားလိုက္သည္။

သူမညင္သာတယ့္အသံနဲ႔ေျပာလိုက္သည္ထိုအသံသည္တိုးညႇင္းစြာေျပာတယ့္အသံထက္အနည္းငယ္ပို၏"လီဟန္...."

"လီဟန္,႐ွင္ဘာလို႔အဲ့ေလာက္ ႐ူးမိုက္ရတာလဲ?"

****

Continue Reading

You'll Also Like

709K 38.1K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
32.1K 2.5K 43
အချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ...
574K 58.9K 190
Author(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, cred...
418K 80.5K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...