Time Spent Walking Through Me...

By psh_fever

46.9K 6.7K 1.6K

His daily dose of Sim Jae Yun through the years... ๐Ÿ‚ Title : ๊ธฐ์–ต์„ ๊ฑท๋Š” ์‹œ๊ฐ„ Written in : Burmese Pair : Park Sun... More

ํ”„๋กค๋กœ๊ทธ
ํ•˜๋‚˜
๋‘˜
์…‹
๋„ท
๋‹ค์„ฏ
์—ฌ์„ฏ
์ผ๊ณฑ
์—ฌ๋Ÿ
์•„ํ™‰
์—ด
์—ดํ•˜๋‚˜
์—ด๋‘˜
์—ด์…‹
์—ด๋„ท
์—ด๋‹ค์„ฏ
์—ด์ผ๊ณฑ
์—ด์—ฌ๋Ÿ
์—ด์•„ํ™‰
์Šค๋ฌผ
์Šค๋ฌผํ•˜๋‚˜
์Šค๋ฌผ๋‘˜
์Šค๋ฌผ์…‹ [meowz]
์Šค๋ฌผ๋„ท [meowz]
์Šค๋ฌผ๋‹ค์„ฏ
์Šค๋ฌผ์—ฌ์„ฏ
์Šค๋ฌผ์ผ๊ณฑ
์Šค๋ฌผ์—ฌ๋Ÿ
์—ํ•„๋กœ๊ทธ

์—ด์—ฌ์„ฏ

1.3K 216 55
By psh_fever

ဂျယ်ယွန်းနီးရဲ့ ဒိုင်ယာရီ (- )

အညိုရောင်သားရေပတ်လေးကိုဖယ်လိုက်တာနဲ့ အထဲမှာ မိုးပြာရောင်အဖုံးလေးနဲ့ ဒိုင်ယာရီစာအုပ်လေးက ထွက်လာတယ်။

စာရွက်သားတွေက ဝါကျင်ပြီး ဖတ်ပါများလွန်းလို့ လက်နဲ့စာအုပ်ရဲ့အဖုံးနှစ်ဖက်ဆီကို မကိုင်ထားဘဲ ဒီတိုင်းလေး စားပွဲပေါ်တင်ပြီး ဖတ်လို့တောင်ရနေပြီ။၊

ဆောင်းဟွန်းက စာကြည့်စားပွဲရှေ့က လက်တင်လို့ရတဲ့ထိုင်ခုံပေါ်မှာ ထိုင်နေတာဖြစ်တယ်။ ထိုင်ခုံက ကြီးလဲကြီး၊ ကျယ်လဲကျယ်၊ မှီလို့လဲရ၊ မြှင့်လို့လဲရ၊ နိမ့်လို့လဲရ၊ နောက်လှန်လို့လဲရပြီး သက်တောင့်သက်သာရှိလှတယ်။

ဆောင်းဟွန်းပေါင်ပေါ်မှာတော့ အညိုရောင်ဂျယ်ယွန်းလုံးလေးက ပုံ့ပုံ့လေးထိုင်နေတယ်။ အညိုရောင်ဆံနွယ်အုပ်အုပ်လေးနဲ့ဂျယ်ယွန်း၊ အညိုရောင်အင်္ကျီပွပွကြားမြုပ်နေတဲ့ ဂျယ်ယွန်းကလေး။ မောင့်ဂျယ်ယွန်းကလေး။

အဖြူရောင်ရှပ်လက်တိုဝတ်ထားတဲ့ ဆောင်းဟွန်းက သူ့ရဲ့လက်နှစ်ဖက်ကို ဂျယ်ယွန်းအင်္ကျီအောက်ထဲထည့်လို့ ဗိုက်သားအိအိလေးတွေကို ခပ်ဖွဖွပွေ့ဖက်ထားတယ်။

X

18 May 2012

Annyeonghaseyo! ပထမဆုံး ငါ့ကိုငါမိတ်ဆက်ပါရစေ။ ငါ့နာမည် ရှင်းဂျိတ်ခ်ပါ။ ဒီနေ့ ကိုရီးယားမှာ ကျောင်းအသစ်စတက်ရမယ့်နေ့။ အမှန်တိုင်း ငါဒီကိုပြောင်းလာချင်ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ဖေဖေက မေမေ့ကိုပြောတယ်။ Seoulကို မလိုက်ခဲ့ချင်ရင် မင်းနဲ့ငါအခုချက်ချင်း ကွာရှင်းမယ်တဲ့။ မေမေက ဖေဖေနဲ့ဝေးရာမှာမနေနိုင်တဲ့သူလေ။ မေမေ ခေါင်းငြိမ့်လိုက်တော့ ငါလဲ ကိုရီးယားကို ပြောင်းလာရတယ်။

ကျောင်းအသစ်က အကျယ်ကြီး။ ဒီက ကလေးတွေက ငါ့လိုပဲ ဆံပင်အညို၊ မျက်လုံးအညိုရောင်ရှိတဲ့သူတွေများတယ်။ ဆံပင်နက်နက်၊ မျက်ဆံနက်နက်တွေက ပိုများပေမယ့်ပေါ့လေ။

ကျောင်းမတက်ခင်က ငါ့ကို ကျောင်းသားသစ်ဖြစ်တာကြောင့် ဝိုင်းအနိုင်ကျင့်ကြမယ်ထင်နေတာ။ Australiaမှာနေတုန်းက ငါကလူကောင်သေးသေးလေးဖြစ်တဲ့အပြင် သူတို့လိုမျက်ဝန်းပြာတွေမရှိတာကြောင့် ခွဲခြားဆက်ဆံခံရတယ်လေ။ ထင်တာနဲ့ တခြားစီ၊ အံ့ဩဖို့ကောင်းလောက်အောင် ငါ့ကို ကျောင်းတက်တဲ့ပထမဆုံးရက်ထဲက လာမိတ်ဆက်တဲ့ သူငယ်ချင်းရှိခဲ့တယ်။

ငါ့သူငယ်ချင်းအသစ်နာမည်က ပတ်ဆောင်းဟွန်းတဲ့။ သူက အရမ်းချောလွန်းတယ်။ အသားအရေက နှင်းခဲတွေလို ဖွေးဆွတ်နေတာ။ မျက်နှာမှာလဲ မှည့်လေးတွေ အများကြီးပဲ။ သူ့ကိုစတွေ့တုန်းကဆို Disneyကားတွန်းကားထဲက မင်းသားလေး အပြင်ခုန်ထွက်လာတယ်လို့တောင် ထင်လိုက်တာ။

သူက အခန်းထဲမှာ နာမည်ကြီးတယ်တဲ့။ ကောင်မလေးတွေ သူ့အကြောင်းပြောပြောနေကြတာ ငါကြားတယ်လေ။ အဲဒါကြောင့် သူက ငါ့ခင်ချင်တယ်ပြောလို့ ငါအရမ်းအံ့ဩသွားတယ်။

အာ... ဒါနဲ့ ဒီဒိုင်ယာရီစာအုပ်လေးကို "ဂျယ်ယွန်းနီးရဲ့ဒိုင်ယာရီ"လို့ နာမည်ပေးမယ်နော်။ ငါ့ကိုလေ ဆောင်းဟွန်းနီးက ဂျယ်ယွန်းလို့ပဲ ခေါ်မယ်တဲ့။ ငါဖြင့် အဲနာမည်ရှိလို့ရှိမှန်းတောင် မသိဘူး။ ရှင်းဂျိတ်ခ်လို့ပဲ အခေါ်ခံရတာကြာတော့ မေ့တောင်မေ့နေတာ။ ဆောင်းဟွန်းက ကိုရီးယားနာမည်ရှိလားမေးမှပဲ စဉ်းစားမိတော့တယ်။ တခြားသူသာခေါ်ရင် စိတ်ဆိုးမိမှာမှန်ပေမယ့် ဆောင်းဟွန်းနီးခေါ်တော့ ဘာလို့လဲမသိဘူး။ တအားကြိုက်တယ် ခိခိခုခု


"အမယ် ကောင်လေးတစ်ယောက် စတွေ့ထဲက ကိုယ့်ကြိုက်နေတာနော်။ နို့နံ့တောင်မစင်သေးတဲ့အရွယ်လေးရှိသေးတာကို"

"ရူးနေလား ဘာတွေပြောနေတာလဲ။ နာမည်ခေါ်တာကြိုက်တယ်လို့ရေးထားတာလေ။ မင်းကိုကြိုက်တယ်လို့ ရေးတာမှမဟုတ်တာ"

"ဟုတ်လို့လား ခိခိခုခု အိဝိခုလေးရဲ့။ မောင့်အီခုလေးရယ်"

"တော်ပြီ မင်းဒီလိုတွေစနေမယ်ဆို ငါမဖတ်ပြတော့ဘူး"

"နောက်တာပါ ဂျယ်ယွန်းကလေးရဲ့။ ဆက်ဖတ်ပြပါ"

"ဟွင့်အင်း တော်ပြီ။ အလွတ်တောင်ရနေပြီဆို မောင်က ခဏဏပြန်ဖတ်ခိုင်းနေတာ။ ရှက်ပါတယ်ဆို"

"ရှက်ရင်လဲ မောင်တို့ ဂျယ်ယွန်းကလေးရဲ့ စိတ်နှလုံးအိမ်လေးထဲ ပြန်တံခါးခေါက်ကြည့်ကြမယ်နော်။ အတိတ်တွေကို ဒီတိုင်းလေးပဲ ပြန်တွေးရအောင်"

"အွန့်"

🍂

ဂျယ်ယွန်း ငယ်ငယ်လေးထဲက ခေါင်းထဲမှာ ရိုက်သွင်းခံထားရသလို သံမှိုစွဲနေတဲ့ သတ်မှတ်ချက်တွေရှိတယ်။ အဲဒီသတ်မှတ်ချက်တွေက ဂျယ်ယွန်းနေ့တိုင်းမြင်တွေ့နေရတဲ့ ဖေဖေနဲ့မေမေရဲ့ ရန်ပွဲတွေကနေ လာတာ။

ဖေဖေ ပြောနေကျစကားတစ်ခွန်းရှိတယ်။ "ငါက မင်းအမေကို မချစ်ဘဲလက်ထပ်ခဲ့ရတာ"တဲ့။ မေမေကလဲ ဂျယ်ယွန်းကို ညတိုင်းပြောတတ်တဲ့စကားတစ်ခွန်းရှိပါတယ်။ "ဂျိတ်ခီး သားချစ်တဲ့သူ ပျော်တာမြင်စေချင်ရင် လက်လွှတ်တတ်ဖို့ ကြိုးစားထားရမယ်။ သားကသူနဲ့အတူရှိနေရလို့ပျော်တိုင်း သူကပျော်ချင်မှပျော်ရှာမှာ"တဲ့။

ဂျယ်ယွန်းသေးသေးလေးက မေမေရဲ့စကားလုံးကြီးကြီးတွေကို နားလည်နိုင်စွမ်းမရှိသေးပါဘူး။ ဂျယ်ယွန်းသဘောပေါက်တာကတော့ ဖေဖေက မေမေနဲ့အတူရှိရတာမပျော်ဘူး၊ မေမေ့ကိုမချစ်ဘူး။ မေမေကတော့ ဖေဖေ့ကိုအရမ်းချစ်ပြီး လက်ထပ်ခဲ့မိတာကို နောင်တရနေတဲ့ပုံပါပဲ။

ဖေဖေက တချို့ညတွေမှာ အိမ်ပြန်လာတာ အရမ်းနောက်ကျတယ်။ တစ်နေ့တော့ ဂျယ်ယွန်းတို့အိမ်ကလေးဆီ ဖေ့ဖေ့ရဲ့အဖေ၊ ဂျယ်ယွန်းဘိုးဘိုးရောက်လာတယ်။ ဖေဖေက တခြားမိန်းကလေးတစ်ယောက်နဲ့ အပြင်မှာခြေရှုပ်နေတာတဲ့။ ဘိုးဘိုးက စိတ်အရမ်းတိုလွန်းလို့ ဖေဖေ့ကို ဒီနိုင်ငံက ထွက်သွားဖို့ပြောတယ်။

ဘိုးဘိုးပြန်သွားတော့ ဖေဖေနဲ့မေမေ အကြာကြီး စကားများတယ်။ ဖေဖေက မင်းပြောလိုက်တာမလားဆိုပြီး မေမေ့ကို ဆူပါရော။ နောက်တော့ မင်းပါကိုရီးယားကို လိုက်ခဲ့ရမယ်။ ငါတစ်ယောက်ထဲ ဘဝကို အသစ်ကပြန်စမနေနိုင်ဘူးဆိုပြီး ပြောတယ်။ ဒါက ဂျယ်ယွန်း ကိုရီးယားကိုပြောင်းလာရခြင်းရဲ့ ခရီးအစပါပဲ။

ဂျယ်ယွန်းက ချစ်စရာလေးပေမယ့် Australiaမှာနေတုန်းက သူငယ်ချင်းမရှိခဲ့ဘူး။ သူ့ကိုဆို လူကောင်သေးသေးလေးမို့၊ Asianလူမျိုးမို့ဆိုပြီး အတန်းကြီးတွေက အနိုင်ကျင့်ချင်ကြတယ်လေ။ ကိုရီးယားရောက်တော့လဲ အနိုင်ကျင့်ခံရမယ်ပဲထင်ခဲ့တာ။ ဒါပေမယ့် ဆောင်းဟွန်းနဲ့ တွေ့ခဲ့တယ်။ ဆောင်းဟွန်းက သူ့ဘဝမှာ ပထမဆုံးရခဲ့တဲ့ သူငယ်ချင်းပါပဲ။

ဆောင်းဟွန်းကို သူငယ်ချင်းအဖြစ်ရခဲ့တဲ့နေ့က ခံစားချက်ကို ဘယ်လိုပြောရမယ်တောင်မသိပါဘူး။ ယုံလဲမယုံနိုင်သလို အရမ်းလဲပျော်နေခဲ့တာ။ အဲနေ့က အိမ်ပြန်ရောက်တော့ ကုတင်ပေါ်မှာ ခေါင်းအုံးလေးကိုပိုက်ပြီး အကြာကြီးငိုမိသွားတယ်။ တသက်နဲ့တကိုယ် မရတော့ဘူးထင်တဲ့သူငယ်ချင်းကို ရခဲ့တာကိုး။ ကြည့်ရတာ ကြွေသွားတဲ့ကြယ်လေးတွေက သူ့ဆုတောင်းကို ကြားပုံပါပဲ။ Lilo and stitchထဲကလို တခြားဂြိုလ်ပေါ်ကကျလာတဲ့ အကောင်လေးကို ရခဲ့တာမဟုတ်ပေမယ့် Disneyကားထဲကထွက်လာတဲ့ မင်းသားလေးကို ရခဲ့တယ်။

ဆောင်းဟွန်းက သူ့အပေါ်ဆို အရမ်းကောင်းတယ်။ သူနားမလည်တဲ့စာတွေရှင်းပြတယ်။ ကိုရီးယားရိုးရာစကားလုံးတွေဆို မဖတ်နိုင်သေးတဲ့သူ့ကို စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ Englishနဲ့ပတ်သက်လို့ သူကဆရာကြီးလုပ်ရင်လဲ ဆောင်းဟွန်းက စိတ်မဆိုးတတ်ပါဘူး။ အတန်းထဲကတခြားသူတွေက သူ့ရဲ့ grammarပြင်ပေးတတ်တဲ့အကျင့်ကို အမြင်ကတ်တယ်ပြောပေမယ့် ဆောင်းဟွန်းကတော့ သူစာပြင်ပေးတိုင်း ရယ်ပဲရယ်နေတယ်။

မူလတန်းမှာ ဆောင်းဟွန်းနဲ့ နှစ်တဝက်ပဲတွေ့ရသေး။ အလယ်တန်းက တက်ရတော့မယ်။ ကျောင်းပြောင်းရတော့မှာမို့ ဆောင်းဟွန်းကို ဘယ်ကျောင်းတက်မှာလဲမေးလိုက်တယ်။ ဝမ်းနည်းဖို့ကောင်းလိုက်တာ။ ဆောင်းဟွန်းနဲ့ သူနဲ့က ကျောင်းတူတော့မှာမဟုတ်ဘူး။

အဲနေ့က ဂျယ်ယွန်းက မေမေ့ကို အစာငတ်ခံပြီး ဆန္ဒပြတယ်။ ညစာကို အိမ်အောက်ထပ် ဆင်းမစားဘူး။ နောက်တစ်နေ့ရောက်တော့လဲ မနက်စာမစားဖြစ်ဘူး။ နေ့လည်ရောက်တော့ ဗိုက်တွေထိုးအောင့်လာလို့ ဆေးခန်းပြေးလိုက်ရသေးတယ်။ အဲတော့မှ မေမေက ကျောင်းပြောင်းပေးတာ။

ဗိုက်အောင့်တာ တအားနေရထိုင်ရခက်ပေမယ့် အရမ်းပျော်ပါတယ်။ ဆောင်းဟွန်းနဲ့က တကျောင်းထဲ တက်ခွင့်ရခဲ့ပြီကိုး။

အလယ်တန်းအထိ သူက ဆောင်းဟွန်းဘေးမှာ အမြဲချွဲသဲနေတတ်တဲ့ ကလေးလေးလိုပဲ။ သူက ဆောင်းဟွန်းထက် ၂၃ရက်ကြီးပေမယ့် ဆောင်းဟွန်းနားရောက်ရင် သူ့ကိုသူ ကလေးလေးလို့ထင်နေတော့တာ။ ဆောင်းဟွန်းကလဲ သူ့ကိုဆို ကာကွယ်ပေးတယ်လေ။

ဆောင်းဟွန်းကပြောတယ်။ ဂျယ်ယွန်းဆိုတဲ့နာမည်က ငါတစ်ယောက်ထဲခေါ်မှာတဲ့။ ဆောင်းဟွန်းက အဲလိုပြောပြီးသားဟာကို ဆောင်းဟွန်းခေါ်လို့ဆိုပြီး အဲနာမည်အတိုင်းလိုက်ခေါ်တဲ့သူတွေက ရှိသေးတယ်။ ဘယ်လိုလူတွေမှန်းကို မသိပါဘူး။ ဂျယ်ယွန်းက စိတ်တွေတအားတိုလာလို့ အဲလူတွေကို ကျိန်စာတိုက်ပစ်ရတယ်။ စာအုပ်အသစ်ထုတ်တိုင်း စာရွက်ခေါက်ပါစေ၊ အိမ်သာတက်ချင်တိုင်း အိမ်သာထဲလူပြည့်နေပါစေ၊ တစ်သျှူးကုန်နေပါစေ၊ အတန်းထဲ အမြဲစာမေးခံရပါစေ၊ အိမ်စာထပ်ခါနီး စာအုပ်ပျောက်ပြီး ဆရာမအရိုက်ခံရပါစေဆိုပြီး ဟိဟိ

ဒါပေမယ့် အဲလိုတွေတွေးပြီးတိုင်း ဂျယ်ယွန်းနောက်ကနေ အမြှီးညှောင့်တောင့်လေး ထွက်လာတယ်လို့ ခံစားရတယ်။ ခေါင်းကနေတောင် ဂျိုသေးသေးလေးနှစ်ဖက်ထွက်လာသလိုပဲ။ ကာတွန်းကားထဲက နတ်ဆိုးလေးတွေလိုမျိုးလေ။

သူများတွေကို မကောင်းကြံရတာ မကောင်းပါဘူး။ အဲတာကြောင့် ဂျယ်ယွန်းက စိတ်ထဲ တနုံ့နုံ့ဖြစ်နေမယ့်အစား လက်သီးနဲ့ပဲ ဖြေရှင်းတော့တယ်။ အတန်းထဲကကောင်လေးတစ်ယောက်ဆို ဂျယ်ယွန်းထိုးလိုက်လို့ ငိုသွားတယ်။ ဂျယ်ယွန်းကိုတော့ ဘယ်သူမှပြန်မလုပ်ရဲပါဘူး။ ဂျယ်ယွန်းနောက်မှာက ဆောင်းဟွန်းတစ်ယောက်လုံးရှိတာကိုး။ အဲနေ့ကစ ဘယ်သူမှ ဂျယ်ယွန်းကို ဂျယ်ယွန်းလို့ မခေါ်ရဲတော့ဘူး။

ဆောင်းဟွန်းက figure skaterလေ။ စကိတ်စီးတာ အရမ်းလှတယ်။ စကိတ်ပြိုင်ပွဲတွေရှိတိုင်းလဲ ဂျယ်ယွန်းကို လက်မှတ်အလကားပေးပြီး လာကြည့်ဖို့ပြောတယ်။ တစ်နေ့ ဆောင်းဟွန်းက ဖိုင်နယ်အဆင့်ပြိုင်မှာမို့ သေချာပေါက်လာကြည့်ဖို့ပြောတယ်။ အဲတုန်းက နှစ်ယောက်လုံးအသက်၁၃နှစ်ဝန်းကျင်ပေါ့။

ရေခဲပြင်ပေါ်မှာ ဆောင်းဟွန်းခြေတံရှည်တွေ သက်တောင့်သက်သာ ရွေ့လျားနေတာ သိပ်ကြည့်လို့ကောင်းတယ်။ ဒီရေခဲပြင်တစ်ခုလုံးကို ဆောင်းဟွန်းက လှလှပပ စိုးမိုးခြယ်လှယ်နေတာပဲ။

ပြိုင်ပွဲဝင်ခါနီး ဆောင်းဟွန်းက သူဝတ်ထားတဲ့hoodieအနက်ရောင်ကို ဇစ်ကနေ ဖြုတ်ပေးပြီး သူ့အမေကိုပေးလိုက်တာတွေ့တယ်။ ဆောင်းဟွန်းခန္ဒာကိုယ်အပေါ်ပိုင်းမှာ ဖြူလွလွအဝတ်တစ်ထည်ပဲရှိတော့တယ်။ အဲအဝတ်တောင်မှ နောက်ကျောဘက်က တမျှင်ချင်းချထားတဲ့လိုက်ကာစတွေလို ဖြစ်နေတာ။ ကြားထဲမှာလွတ်နေတာ ဆောင်းဟွန်းအသားဖြူဖြူကိုလဲ မြင်ရတယ်။ သူဖြင့် ချမ်းလွန်းလို့ တကိုယ်လုံးတုန်တက်သွားတာပဲ။ ဆောင်းဟွန်းကရော မအေးဘူးလား မသိပါဘူး။

ရေခဲပြင်ပေါ်မှာ အရှိန်နဲ့ခပ်သွက်သွက်လှုပ်ရှားနေတဲ့အခါ ဆောင်းဟွန်းဆံပင်တွေက လေထဲလွင့်လူးသွားတယ်။ ရေခဲပြင်ဖွေးဖွေး၊ အင်္ကျီဖြူဖြူ၊ ဆောင်းဟွန်းအသားအရည်ဖြူနုနု အရာအားလုံးက သိပ်ကိုလိုက်ဖက်ညီနေသလိုပဲ။ သူကြည့်ရင်း မျက်ရည်တွေဝဲလာတယ်။ သူ့အသက်က ငယ်သေးတယ်ဆိုပေမယ့်လည်း... ဒီ၁၃နှစ်တာကာလမှာ တသက်နဲ့တကိုယ် ဒီလိုမျိုး မခံစားဖူးဘူး။

ခန္ဒာကိုယ်ထဲက သွေးကြောတမျှင်ချင်းဆီကအစ တဖျစ်ဖျစ်မြည်ပြီး ရှိန်းတောက်လာတာ၊ ရင်ထဲကလှိုက်ခနဲတက်လာတဲ့ ခံစားချက်ကို မထိန်းချုပ်နိုင်လောက်တော့အောင်ထိ... မျက်ရည်တွေစီးကျလာတယ်။ ရင်တွေ တဒုန်းဒုန်းခုန်လာတယ်။ ဆောင်းဟွန်းက သူ့ဘက်ကိုလှည့်ကြည့်လို့ အကြည့်ချင်းဆုံသွားတဲ့အခါ... ခဏဆိုခဏလေးပါပဲ။ စက္ကန့်ပိုင်းလေးတင် မျက်လုံးချင်းခလုတ်တိုက်သွားတာလေ။ ဒါပေမယ့် ဒီအခိုက်အတန့်လေးမှာတင် သူ့နှလုံးသားက မီးတောင်ပူပူက ချေည်ရည်တွေလို ကွဲထွက်သွားတယ်။

နားထဲမှာ Ruth Bရဲ့ Dandelionsဆိုတဲ့ သီချင်းကိုပဲ ကြားယောင်နေတော့တာ။

And I've heard of a love that comes once in a lifetime
And I'm pretty sure that you are that love of mine

သီချင်းသံစဉ်က slow + reverb versionနဲ့ သူ့နားစည်တွေထဲ ထပ်တလဲလဲတီးခတ်နေတယ်။ ဆောင်းရာသီကြီးမှာတောင်မှလေ... နှလုံးသားထဲ ချော်ရည်တွေ ချော်ရည်တွေစီးကုန်တာ။ ရင်အစုံဟာ ပူနွေးပြီး လက်ဖျားတွေကအေးစက်၊ လည်ချောင်းဟာ ခြောက်ကပ်လို့။ ထူးဆန်းတဲ့ခံစားချက်က သူ့တကိုယ်လုံးကို တရှိန်းရှိန်းဖြစ်စေတဲ့အထိ ဝါးမြိုသွားတယ်။ မျက်နှာတွေပူပြီး ပါးနှစ်ဖက်က ရဲတောက်လာတာကို ခံစားမိတယ်။

And I see forever in your eyes
I feel okay when I see you smile

ဆောင်းဟွန်းက သူ့ဘက်ကိုလှည့်ကြည့်ပြီး ပြုံးလိုက်တဲ့အခါ။ သူနေရာမှာတင် ရူးပါရူးသွားတော့မလို့။ ထိုင်နေရင်းနဲ့ကို အသက်ထွက်တော့မလို ခံစားနေရတာ။ တကယ်လဲ အသက်ထွက်သွားရင်တောင် သူ့ဝိညာဉ်က ဆောင်းဟွန်းနားမှာပဲ ဖက်တွယ်နေတော့မယ့် သဘောရှိတယ်။ ဆောင်းဟွန်းမျက်လုံးတွေနဲ့ အကြည့်ချင်းဆုံကထဲက ထာဝရဆိုတဲ့ စကားလုံးကို ပြေးမြင်တာ။ ရင်တွေတသိမ့်သိမ့်တုန်တဲ့အထိ ခံစားလိုက်ရတာ။ အဆုံးမရှိတဲ့ ပျားရည်မြစ်ကြီးထဲ ပြုတ်ကျသွားသလိုပဲ။ ဘယ်နေရာက ခံစားခံစား အရမ်းကိုချိုမြိန်လွန်းလို့ ရုန်းထွက်ဖို့မစဉ်းစားနိုင်လောက်အောင်ထိ ရစ်မူးဖွယ်ရာအတိဖြစ်နေတယ်။

ဘဝမှာ ဒီလောက်ကြည့်ကောင်းတဲ့အရာ မမြင်ဖူးသေးဘူး။ လူတစ်ယောက်က သူ့အလုပ်ကို အာရုံစူးစိုက်ပြီးလုပ်နေတာ မျက်တောင်ခတ်လိုက်ဖို့တောင် နှမြောမိတဲ့အထိ။ သူက ဆောင်းဟွန်းဆိုတဲ့ ရေခဲပြင်ပေါ်က ပုံရိပ်လွှာကို တမေ့တမောငေးနေမိတော့တာ။ ဆောင်းဟွန်း လှလှပပစိုးမိုးခြယ်လှယ်နေတာ ရေခဲပြင်ရော ဟုတ်ပါ့မလား၊ သူ့နှလုံးသားများဖြစ်နေမလားလို့ တွေးမိတဲ့အထိ။

သေချာတာကတော့ သူက ပတ်ဆောင်းဟွန်းကို အလယ်တန်းဒုတိယနှစ်ထဲက သဘောကျခဲ့တာဖြစ်လိမ့်မယ်။

🍂

Suggested song - Dandelions (slow + reverb ver) by Ruth. B

Continue Reading

You'll Also Like

719K 16.1K 44
In wich a one night stand turns out to be a lot more than that.
5.2K 719 6
Kim Gyuvinแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€…แ€ฎแ€”แ€ฎแ€šแ€ฌแ€€แ€žแ€ฝแ€€แ€บแ€žแ€ฝแ€€แ€บแ€แ€ซแ€กแ€ฑแ€ฌแ€„แ€บแ€›แ€ฐแ€ธแ€”แ€ฑแ€แ€ฌแ€•แ€ฒแ‹
199K 14.4K 50
Nerys has never been much of a fighter but, to earn the gold needed to save her gravely ill brother, she sacrifices everything and becomes an apprent...
3K 216 2
SIM JAEYUN ร— PARK SUNGHOON (oneshot) Both 'Unicode' and 'Zawgyi' are included ๐Ÿ’•