Jay's pov :
အရူးလို dramaတွေရိုက်၊ တနိုင်ငံစီဝေးပြီး အခုမှပြန်ပေါင်းထုပ်ရသလို ချစ်ကြည်နူးတစ်တီတူးနေကြတဲ့ နှစ်ယောက်ကိုကြည့်ရင်း စိတ်ကုန်လွန်းလို့ ဂျေးသက်ပြင်းချလိုက်မိတယ်။
အော် အချစ် အချစ်.. အန္တရာယ်များလိုက်တာ။
တကယ်ကြုံတဲ့လူတွေ ဘာလို့ဒီလောက်ထိခံစားနိုင်တယ် နားမလည်ပေမယ့် ဘေးလူအနေနဲ့မြင်နေရတာတောင် အတော်စိတ်ရှုပ်ဖို့ကောင်းနေပြီ။အဲဒါကြောင့်ပြောတာ။ ဖြစ်နိုင်မယ်ဆို လူသားအားလုံးကို သူ့လိုမျိုး ရည်းစားလဲမထား၊ ကြိုက်တဲ့သူလဲမရှိဘဲ တစ်ယောက်ထဲ အေးဆေးသက်သာနေစေချင်တယ်။
ဒါတောင် ဂျိတ်ခ်နဲ့က တစ်နှစ်လောက်ပဲခင်ရသေးလို့နော်။ ၉နှစ်လောက်သာခင်ခဲ့ရင် သူပါအသက်တိုတော့မှာပဲ။ တငိုငိုတရယ်ရယ်နဲ့ အရူးလိုဖြစ်နေတာလေ။ တကယ်တမ်း ဂျိတ်ခ်ကလဲမဟုတ်၊ ဆောင်းဟွန်းကလဲမဟုတ်၊ အရင်ကဆောင်းဟွန်းကောင်လေးဆိုတဲ့သူကလဲမဟုတ်။ ဖြစ်နိုင်မယ်ဆို သုံးယောက်လုံးကို ဘာတွေဒီလောက်ရှုပ်နေကြတာလဲဆိုပြီး တချက်စီရိုက်ပစ်ချင်မိတယ်။
ဖြောင်း!!
"ဟာ ငါ့ဟာငါနေနေတာကို ဘာလို့ပါးရိုက်တာလဲ"
Bus stopမှာ အတွေးလွန်နေတုန်း ရုတ်တရပ် ပါးရိုက်ခံလိုက်ရတာကြောင့် ကြောင်အသွားတာအမှန်။ ဒေါသတကြီးနဲ့ စွတ်အော်ပြီးမှ တဖက်လူရဲ့မျက်နှာငယ်လေးကိုမြင်လိုက်တော့ ဒေါသက မီးကင်ခံလိုက်ရတဲ့ ရေခဲမုန့်လို အရည်ပျော်သွားတယ်။
ချစ်စရာလေး...
"ဟို ဟို စိတ်မရှိပါနဲ့။ ပါးမှာ ခြင်ကြီးနားနေတာ။ ကျွန်တော်ကြည့်နေတာကြာလှပြီ။ ခင်ဗျားကလဲ ဒီတိုင်းကြီးနေနေတာနဲ့ ကျွန်တော်အသည်းယားလာလို့ ခြင်ကိုရိုက်လိုက်မိတာပါ"
ကောင်လေးက ခန္ဒာကိုယ်လေးရို့လို့ လက်အုပ်လေးချီပြီး တောင်းပန်တယ်။
တခြားသူသာဆို နေရာမှာတင် လူရိုက်ပွဲတွေဖြစ်သွားနိုင်ပေမယ့် ဒီကောင်လေးက ချစ်ဖို့ကောင်းနေတော့.. အဟမ်းဟမ်း ရှိစေတော့။ ရုပ်ချောသဘောကောင်း ပိုက်ဆံအိတ်အမြဲဖောင်းနေတဲ့ အစစရာရာပြီးပြည့်စုံလှတဲ့ ပတ်ဂျေးကပဲ ခွင့်လွှတ်လိုက်ပါ့မယ်။
YOU ARE READING
Time Spent Walking Through Memories [PSH x SJY]
FanfictionHis daily dose of Sim Jae Yun through the years... 🍂 Title : 기억을 걷는 시간 Written in : Burmese Pair : Park Sunghoon x Sim Jaeyun Genre : Romance, light drama Start Date : March 26, 2022 End Date : May 22, 2022 Present for @Greenee_ 💚