1.6K 248 12
                                    

ဆောင်းဟွန်းဘဝရဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်တဲ့ ပထမဆုံးမှတ်ဉာဏ်တွေထဲ ဂျယ်ယွန်းဆိုတဲ့ကောင်လေးက ဒီလိုနည်းနဲ့ ပါဝင်လာခဲ့တာဖြစ်တယ်။

မူလတန်းနောက်နှစ်ဆုံးနှစ်အရွယ်
နှစ်ယောက်လုံးအသက် ၁၀နှစ်။

"ဒါ Australiaကနေ ပြောင်းလာတဲ့ကျောင်းသားသစ်လေး။ နာမည်က Sim Jakeတဲ့။ ကလေးတို့ သူငယ်ချင်းကို ဂရုစိုက်ပေးလိုက်ကြနော်"

Sim Jake
Sim Jake
Sim Jake...

လေဆိပ်မှာအမှတ်မထင်တွေ့ဆုံခဲ့မှုလေးက စာသင်ခန်းထဲထိပါ ရေစက်လာဆုံတယ်။ ဆုံတဲ့ရေစက်လေးကလဲ တော်ရုံမဟုတ်။ ဆောင်းဟွန်းဘေးကခုံမှာ ဂျယ်ယွန်းက လာထိုင်တာဖြစ်တယ်။

"Hi! Jake ငါက ပတ်ဆောင်းဟွန်း"

"Annyo! ဆောင်းဟွန်းနီး။ ငါက Jakeပါ Jakey"

အဲတုန်းက ပြန်နှုတ်ဆက်လာတဲ့ဂျယ်ယွန်းမျက်လုံးလေးတွေက လခြမ်းကွေးလေးတွေလိုပဲ။ ပြတင်းပေါက်အနောက်ဘက်ကနေ နေရောင်က ခပ်ဖျဖျဝင်နေတာမို့ ကလေးလေးဆောင်းဟွန်းက သူ့သူငယ်ချင်းအသစ်လေးကို ကာတွန်းကားထဲက ဇာတ်လိုက်လေးလို့တောင် ထင်သွားခဲ့တယ်။

"Jakeyလို့ ခေါ်လို့ရလား"

"ရတယ် အဲတာ appaနဲ့ ommaခေါ်တဲ့နာမည်။ Australiaက သူငယ်ချင်းတွေလဲ အဲလိုပဲခေါ်တာ"

"ကိုရီးယားနာမည်မရှိဘူးလားဟင်"

"ရှိတယ်။ ရှင်းမ်ဂျယ်ယွန်း"

"အဲဒါဆို ငါဒီနေ့ကစ မင်းကို ဂျယ်ယွန်းလို့ ခေါ်မယ်နော် ဖြစ်တယ်မလား"

"ဖြစ်တာပေါ့ ဟီး"

မဆိုစလောက် အတ္တလေးက ငယ်ရွယ်စဉ်ကလေးဘဝထဲက စတင်ခဲ့တယ်။ နာမည်လေးကိုတောင် တစ်ဦးထဲမူပိုင်ခေါ်လိုတဲ့ စိတ်ဆန္ဒလေးလေ။ တခြားအတန်းဖော်တွေက ဂျယ်ယွန်းကို Sim Jakeလို့ မခေါ်ဘဲ ဂျယ်ယွန်းလို့ခေါ်မိရင်ကို ရန်ဖြစ်ရတဲ့အထိ ပတ်ဆောင်းဟွန်းက အတ္တလှလှလေးကို ရင်ဝယ်ပိုက်ထားမိခဲ့တယ်။

🍂

အလယ်တန်းရောက်တော့လဲ မခွဲမခွါ နှစ်ယောက်အတူတူ။ ဘယ်လောက်တောင်ဆိုးလဲဆို ဂျယ်ယွန်း အိမ်သာသွားမယ်လုပ်ရင် ဆောင်းဟွန်းကပါလိုက်သွားတတ်တာမို့ ဆရာမတွေကပါ ဝိုင်းစကြတဲ့အထိ။

Time Spent Walking Through Memories [PSH x SJY]Kde žijí příběhy. Začni objevovat