"မူပိုင် ကိုယ်လုပ်မယ်"
"Hyungလုပ်နိုင်ကိုင်နိုင်ပါသေးတယ်
Park Jungkook~ssi"
"ကိုယ်ကစိတ်ပူလို့ပါ Jeon Jimin~ssi"
"အား တကယ်ပါဘဲ အဝတ်ခေါက်တာ အဝတ်သိမ်းတာက ဘာပင်ပန်းလို့တုန်း?"
"လမ်းလျှောက်နေရင်း ချော်လဲမှာတွေ ခလုတ်တိုက်မှာတွေ ကြောက်လို့ပါ မူပိုင်ရာ"
"အလတ်ကြီး အလတ်ကြီးရှိသေးတယ်လူက
သတိနဲ့လျှောက်....အာ့...... "
"Jimin!!"
"........"
ဗီရိုဆီမှ အိပ်ယာနားပြန်အလာ စ်ီးထားသော ဖိနပ်မှာJungkook၏ဖိနပ်ဖြစ်နေသောကြောင့်
ကြီးနေသည်။ဖိနပ်နောက်ဖျားနင်းမိ၍ လဲမလို့ဖြစ်သွားခြင်း။
ကလေးအဖေပေါက်စလောင်းက ဘေးကနေ ပွစိပွစိလေးပါဆိုမှ ကျားရှေ့ မှောက်လျက် လဲတတ်ပါပေတယ်။
ဆူခံထိတော့မယ်ထင်၏။
"ဘာဖြစ်သွားသေးလဲ?"
"ဟင့်အင်း လန့်....လန့်သွားရုံလေးဘဲ"
"ကြည့်ပါ့လား ကိုယ်ပြောရင် ကိုယ်ဆိုးဖြစ်ဦးမယ်
ကိုယ်စိတ်ပူတာ အဲ့ကြောင့်
မူပိုင်ရာ ကိုယ့်ကိုသာခိုင်း ဘာမှမလုပ်ပါနဲ့
ရင်တွေမောတယ်"
"အကြီးလည်း ကြီးမှန်းမသိ ဆူတာဘဲမင်းက"
ထိုစကားကို ဘယ်လိုပုံစံနှင့်ပြောနေသည်ထင်???
မဲ့ကျတော့မည့် နှုတ်ခမ်းထူထူလေးများနှင့်
မြတ်နိုးရသော မျက်ဝန်းတို့တွင် ငွေ့ရည်ကြည်လေးတွေဖွဲ့လျက် လက်ချောင်းလေးများက ဗိုက်ကလေးအား ပွတ်နေသည်။
အဲ့အပြုအမူတွေ!
"ကိုယ်ကို လူဆိုးဖြစ်အောင် တအားလုပ်တာဘဲ ကလေးအဖေလေးရာ..."
🍂🍂🍂
"Parkဘဲ"
"Jeonပါဆို"
"Parkဘဲ ထားမှာ"
"Jeonကိုဘဲ မျိုးရိုးနာမည်ယူမှာ"
"ဟင့်အင်း Park"
"တစ်ခုရွေး သားနဲ့သမီး"
"သား သား သားလေး"
"ဒါဆို ကိုယ်က သမီးပေါ့
ဟုတ်ပြီ အဲ့ကြောင့် သားလေးမွေးရင်
မူပိုင့်အလိုကျ Park
သမီးလေး မွေးရင်တော့ ကိုယ့်အလိုကျ Jeon သဘောတူလား မူပ်ိုင်ရှင်???"
"Cool!!"
ထိုအကြောင်းအရာကြောင့်
တစ်ပတ်နှစ်ခါလောက် အသံထွက်ရမြဲ။
ပြီးရင်လည်း ဘာမှမဟုတ်သလို
Hyungအဖြူလွင်လွင်လေးသဘောဟု ပြောမြဲ။
ဗိုက်ကလေး ပူလာကတည်းက ဘယ်မှမထွက်ရတော့ ပျင်းတာလည်းပါမည်ထင်၏။ ကျွန်တော်ကိုဆို တအားဂျစ်တိုက်တတ်သည်။
ပြီးလျှင်လည်းသေချာပေါက်
'မူပိုင်က ချစ်လို့ လုပ်တာပါ' ဆိုပြီး စကားပုလ္လင်ခံလိမ့််မည်။
ကလေးလေး စရောက်လာသည့်အချိန်ကို သတိရမိ၏။ထိုနေ့က တစ်နေကုန် ဂျစ်တိုက်လို့ ပန်းချီပင်မဆွဲရ။Companyလည်းမသွားသလို ဘေးကလည်း မခွာပေ။
"Jungkookနဲ့ဝေးရင် မူး,မူးနေလို့ပါဆိုမှ"တဲ့
ထိုနေ့က အဲ့စကားပြောတော့ ကျွန်တော်ရယ်မိသည်။
ဒါဟာ ချွဲနေခြင်းထင်၍။
သို့သော် တကယ်ပင် မူးနေခဲ့ခြင်း။
မူပိုင်အိပ်နေတုန်း ဆေးဘူးအဝယ်ထွက်သွားမိရာ
မီးပွိုင့်တွင် ဝင်လာသော မေ့ဖုန်းCallကြောင့် သွေးဆောင့်တက်သွားသည်။
"Jiminလေး အန်ပြီး မေ့လဲသွားလို့"ဟူ၍......
အခန်းထဲရောက်တော့ မူပိုင်နိုးအလာနှင့် ဆုံသည်။လူလေးက ဖြူဖက်နေကာ မျက်ရည်လေးတွေ ဝဲနေသေး။
ဘေးသို့ သွားထိုင်ကာ လက်ချောင်းလေးများအား ဆုပ်ကိုင်ပေးထားလိုက်သည်။
"Jungkook မင်းသူ့ကို ပစ်ထားတာမလား?"
"Namjoon Hyungရာ ဘာဖြစ်တာလဲ အရင်ပြောပြပါ ဘာလို့လဲ?"
"၃လရှိနေပြီ
Congratulation ကလေးအဖေတို့! "
"ဗျာ!!!"
"၃လထဲတောင်ရောက်ပြီ အခုမှ လက္ခဏာတွေ ပြတာကို သတိထားမိတယ်ပေါ့"
"........"
Jungkookတစ်ယောက် စကားမပြောနိုင်ပေ။
သူအံ့သြလို့ မဆုံးဖြစ်နေသေးသည်မို့
Jiminကိုသာ ကြည့်နေတာ မျက်တောင်ပင်မခတ်။
"Jungkookက ဂရုစိုက်ပါတယ်
ကျွန်တော့်ဘာသာ မူး.....မူးလဲသွားတာ"
"Nam..Namjoon Hyung
ဟို...ကျွန်တော်...ကျွန်တော် ကလေးအဖေဖြစ်ပြီပေါ့"
"ဒါပေါ့ကွ"
ထိုနေ့က ကလေးအဖေလေးက ဆရာဝန်ကဆူတာကိုပင် ကျွန်တော့်ဘက်ကို ပါလိုက်သေးသည်။
ကြားကြားချင်းက
၃လထဲဆိုတာ ဘာကိုဆိုလိုမှန်းမသိ။
မေကဘေးကနေ 'ကလေးလေးရောက်လာပြီ'ဆိုမှ
လူက ပိုပြီးလှုပ်မရဖြစ်သွားရသည်။
တဖြည်းဖြည်းချင်း သိလာရတာက
'Morning Sicknessဟာ ကျွန်တော်နဲ့ဝေးရင်တဲ့ '
ကျွန်တော်နဲ့ ဝေးလျှင် မူးဝေအောအန်တတ်ကာ နီးနေလျှင် ကြည်လင်လို့။
အစားအသောက်ကြောင့်လည်း အောအန်တာသိပ်မရှိပေ။
ကျွန်တော်သာ ခွံလျှင်ပေါ့........။
ရက်တွေလာတွေ အလီလီပြောင်းလဲလာသည်မှာ ၄နှစ်ထဲကို ရောက်ရှိလာလေပြီ။
အိမ်ကြီးထဲလည်း ဆူညံကာ
ကြမ်းပြင်တွင်လည်း ကစားစရာတွေ အပြည့်....
"Minjung~ah....ဖေ့ဆီလာတော့လေ မပြေးနဲ့"
"Park Minjungရေ...Appaလာပြီကွ"
ဦးဆုံးခေါ်နေတာ ကိုယ်ဖြစ်သော်လည်း ဆေးရောင်တွေ ပေပွနေသော ပန်းချီဆရာဆီကိုသာ ပြေးသည်။ချစ်ဖို့ကောင်းလိုက်တဲ့ သား....။
လုံးဝကို အပိုင်စား ရထားသောParkမျိုးရိုးနှင့် သားလေးမှာ Park Jungkook မှ
Park Jungkookပင်ဖြစ်သည်။
သူ့Appaမှ မဟုတ်ရင် စကားနားမထောင်ချင်။
လိုက်ဖက်တယ်မလား?
"ရော့ ပန်းချီဆရာ သားကို ဝတ်ပေးလိုက်တော့ ဒီအဖေခေါ်နေတာကို မလာဘူး ပတ်ပြေးတယ်"
"ခစ်ခစ် ခစ်ခစ်"
"ရယ်နေPark Minjung! မင်းAppaကို ငါရိုက်ဦးမှာ ငါစကားနားမထောင်လို့"
"ရဘူး လုပ်ရဘူး ဟင့်...."
ထိုစကား ခပ်ပြုံးပြုံးဖြင့် ပန်းချီဆရာကလက်ဖျားကို လှမ်းဆွဲကာ စကားဆိုသည်။
"ကလေးအဖေလေးရာ ကလေးနဲ့အပြိုင်
ကိုယ့်ကို လုစရာလား?"
"သြော် ခက်ပြီ ဘယ်သူကလုလို့?? ဒီကအချိန်တောင်မရှိဘူး အောက်ထပ်ဆင်းတော့မယ် ဒါဘဲ...."
'သားအချစ် မြေးအနှစ်'တဲ့....။
"မူပိုင် သားရော??"
"မေကြီးတို့က ခေါ်အိပ်တယ်
ဟူး....သားလေးတစ်ယောက်မို့ တော်သေး တစ်တိုက်လုံး ရှုပ်ပွနေတာ အရုပ်တွေ အဟွန်း..."
"ပင်ပန်းပေမယ့် ဒါလေးကဘဲပြန်အမောဖြေပေးတာကို မူပိုင်အသိဘဲမလား?"
"အင်း Companyက ပြန်လာလို့ ပင်ပန်းပြီး
စိတ်ရှုပ်နေလည်း သားအပြုံးကိုမြင်ရရင် အမောပြေရော"
"ယုန်သွားလေးတွေအသက်"
"ဘယ့်နှယ် သားသားမျက်လုံးမှေးမှေးက အသက်
ပြုံးလိုက်ရင် တောက်ပနေတော့တာ"
"အင်းလေ ပြုံးတော့ သွားလေးပေါ်လာတယ်
ယုန်သွားလေးတွေ"
"မျက်လုံးပါဆ်ို..."
"ကိုယ် အရှုံးပေးတယ် ဒါနဲ့ ညကျ အေးအေးဆေးဆေး လသာဆောင်ဘက် ခဏသွားစို့လေ"
"ဝိုင်လေးရော ဟီးဟီး..."
.
.
.
ရေချိုးပြီးကတည်းက ဝိုင်ကို သူ့ကိုယ်တိုင်ယူမယ် ဆိုပြီး အောက်ထပ်ဆင်းသွားသည်။
ခေါင်းလည်း ခြောက်အောင်မသုတ်ရသေးဘဲ ဇွတ်ပြေးသည်။လသာဆောင်ဘက်က ထိုင်ခုံလေးတွေ ထိုင်စောင့်နေမိသည်။
"ဒါလေးဘဲ ယူလာတယ် သောက်ကြည့်ဦး"
"ကောင်းတယ်...."
"ဘယ်သူ ရွေး...."
"ချစ်ဖို့!."
"ဟင်???"
"ကောင်းတယ်လို့ ချစ်ဖို့"
"အာ...အကောင်းမှတ်လို့ နားထောင်နေတာ"
"ကိုယ်လည်း အကောင်းပြောတာပါဗျာ"
"......"
"ဟားဟား ဘယ်လဲ အဲ့တာ.... ရှက်တာလား??
ဒီလာလို့ ဟော ဒီလာပါဆို"
ရှက်ရမ်းရမ်းကာ ထိုင်နေရမှာ ထပြီး ဟိုပြေးရမလိုလို ဒီပြေးရမလိုလို။
အိမ်ထောင်သက်တမ်းကြာနေပြီ ပြောလည်း ရှက်တတ်တုန်းဘဲ။
စချစ်ခဲ့တာ ကိုယ်မဟုတ်သလိုပင်။
ရယ်မောကာ လက်ကိုလှမ်းဆွဲရင်း ပေါင်ပေါ်သို့
ထိုင်ခိုင်းသည်။
'မူပိုင် အသည်းယားစရာလုပ်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး'တဲ့...။
အဲ့လိုပြောပြီးတိုင်း ပါးဖောင်းဖောင်းတွေကို ဆွဲညစ်ရင်ညစ်မဟုတ်ရင်
လူကို လာပွေ့ပြီး ချီလိုက်၊မြှောက်လိုက်၊
ခါးတွေကို နစ်နေအောင် ဖက်လိုက်၊ဝါးစားချင်တယ်ပြောလိုက်....။
ယခုတော့ Tattooအပြည့်နှင့် လက်တစ်ဖက်ဟာ
ခါးသေးသေးလေးပေါ်တွင် တည်ရှိသည်။
ရယ်မောလျက် တင်းနေအောင် ဖက်ထားခြင်းက သူ့အသည်းယားနေသည့်စိတ်ကို ထိန်းချုပ်နေခြင်း။
"အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ?
အခုထိ မူပိုင်က ရှက်နေရင် ကိုယ်က ပိုရှက်ပါတယ်ဆို.... "
"ရှက်တာဘဲ အိမ်ထောင်သက်နဲ့ ရှက်ရမှာလား?"
"စကားအဖြစ်ပါဗျာ စကားအဖြစ်ပြောတာပါ"
"အာ့ အာ့ နာတယ်လေ"
"မကိုက်တာ ကြာလို့"
ပေါင်ပေါ်ထိုင်နေရင်းမှ နောက်ကနေလည်ပင်းကို
အဟမ်း markingပေးခြင်း။
'မကိုက်တာ ကြာလ်ို့'တဲ့ လူမမြင်ရတဲ့နေရာတွေကို ပြချင်တယ် ရင်ဘတ်ဘာညာပြောပါတယ်
နောက်သို့ လှည့်ကြည့်ကာ....
"ဟို တခါ သားသားမေးတာ အဲ့ကြောင့်မေးတာ"
"ဘာတဲ့လဲမူပိုင် ကိုယ်တော့ အမှတ်မရတော့ဘူး"
"......."
"ပြောပြလေ ပြွတ်စ်"
"အား!!! တော်တော့ မနမ်းနဲ့ အဲ့မျက်ခွံလည်း သူ့လက်ထဲတင် ဂျုံနယ်နေသလိုဘဲ လူလည်းနာလှပြီ...ခါးကို
အဲ့လက်ကြီးကလည်း တင်းအောင်ဖက်တော့ နာတာပေါ့"
"လုပ်တတ်တာ သိသားနဲ့ မူပိုင်ကလည်း
အဟမ်း..... စကားလမ်းကြောင်းမလွှဲနဲ့ မူပိုင် သားသားပြောတာ ပြောပြ"
"အကောင် အကောင်ကိုက်တာလား Appaလားတဲ့"
"ဟားဟား....."
"မရယ်နဲ့ Minjungက တအားလည်တယ်
Jungkookက သူ့ရှေ့မဆင်ခြင်လို့ သူမြင်တာ
အဲ့တော့.....အဲ့တော့..... သူ့Appaကိုက်တတ်မှန်း သိနေတာ.."
"သားသားကလေ စကားလေးနည်းနည်းပြောတတ်ပြီး ဆိုကတည်းက မျက်လုံးထဲ မြင်ရာ ပြောတော့တာဘဲ"
"ကလေးလေ မြင်ရာတွေ့ရာ ပြောမှာ အဲ့ကြောင့် ဆင်ခြင်ခိုင်းပေါင်း မနည်းတော့ဘူး"
"ညတွေဘဲ ကိုက်တော့မယ် အာ့....."
ရင်ဘတ်ကို လက်သီးဆုပ်လေးတွေနဲ့ထုတယ်ဗျာ...
"စကားလည်း နားမထောင်ဘူး
မရခင်ကတော့ မူပိုင်သဘော...မူပိုင်သဘောနဲ့..."
"ဟောဗျာ ကိုယ့်အမျိုးသားကို မနမ်းဘဲ မဖက်ဘဲ မကိုက်ဘဲမှ မနေနိုင်တာ ကိုယ်က ဘာမှမလုပ်ဘဲနေရမှာလား မူပိုင်ရာ??"
"ဆုံးမနေတုန်း လိုက်နာချင်ယောင်ဆောင်လေ
Hyungက ဒါလုပ်လိုက် ဒါပြောလိုက်ဆို Jungkookက အင်း၊ဟုတ်ကဲ့၊
မူပိုင်ပြောတာနားထောင်မယ် ဘာညာပေါ့
နောက်မှ ဘယ်လိုလေးချွဲချွဲပေါ့......
ဆုံးမတုန်းတော့ နာခံလေ...."
"မူပိုင်ရာ......"
ဆွဲဖက်ပြီး ဖျစ်ညစ်ထားရုံကလွဲ ကျွန်တော်မတတ်နိုင်
အကြီးလေးက ဆုံးမချင်နေတာ....။
ဒါဟာ အချစ်ခံရတဲ့ခံစားချက်
မူပိုင်က ကျွန်တော်ကို အသည်းယားဖွယ်အချစ်မျိုးတွေနဲ့ ချစ်တာ။
"ပြန်ပြော မကိုက်တော့ဘူးလို့"
"ဟုတ်ကဲ့ မူပိုင်သဘောပါ မကိုက်တော့ဘူး"
"Aigoo Hyungကလေးလေးတော်တယ်"
"အဟွန်း"
ဒီစကားလေး မကြားရတာ ကြာပြီ
Hyungကလေးလေး...
သားသားကဘဲ ကလေးအစစ်ဖြစ်နေသကိုး။
ကလေးအဖေလေးက ဒီလိုခေါ်တော့ ကလေးမဟုတ်ကြောင်း သက်သေပြချင်ပေမယ့်
မကြားရတာ ကြာပြီဖြစ်လို့ ကလေးဟန်ဆောင်ပြီး ချွဲချင်စိတ်က ပိုသည်။
"မူပိုင်.."
"အင်း"
"ဒီလူကလေ....မူပိုင်ကိုဘဲ ကြည့်ပြီး တစ်ကမ္ဘာတည်ခဲ့တာ...."
"အဲ့တော့ အဲ့တော့"
"ဒီကမ္ဘာလေး လှပအောင် ရေလောင်းပေါင်းသင်းလာတာ အပင်လေးတစ်ပင်တောင်
တအားထွားလာပြီလေ....."
"ဟင်?????"
"ပန်းပွင့်လေး တစ်ပွင့် ထပ်မစိုက်ချင်ဘူးလား?"
"Jung......အား..သွား ဘာစကားလဲ?
"ဟင့်အင်း"
"မချီနဲ့ မလိုက်ဘူး"
"Jungkook...Jungkookလို့ သားသားက ငယ်သေးတယ်လေလို့"
ဘာတွေဘဲ ပြောနေ ငြင်းနေပါစေ
မူပ်ိုင်ကတော့ Tattooအပြည့်နဲ့ ပန်းချီဆရာလက်ထဲ
သူ့အဖြူလွင်လွင်လေးလက်ထဲ....
ပါသွားရတာပါဘဲ......။
အောက်နှုတ်ခမ်းပါးကို ကိုက်လို့ မှဲ့နက်လေးထင်းနေကာ
အကြည့်စူးစူးတို့က Jeon Jiminရဲ့ နှုတ်ခမ်းတွေဆီ ဦးတည်လျက် အသက်ရှူသံတွေ မသိမသာပြင်းနေချိန်
အမျိုးသားက တအားချောတာ...။
" မူပိုင် "
ထိုခေါ်သံက နားစည်ထဲသို့
အသာယာဆုံး ဝင်လာတတ်တာ ပန်းချီဆရာကို ပြောပြပေါင်း မနည်းတော့ပါ......။
ပန်းဆိုမှတော့ ပန်းပေါ့နော်.....
#Aji
Fic name changeတော့မယ် မူပိုင် ဆိုပြီး🤣
Extraလေး ပေးချင်နေတာ ကြာပြီမို့...