My Cherry Will Explode in the Apocalypse
Chapter 26
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク
【 Unicode 】
ကျန့်ကျားဟယ်၏ခြေထောက်သည် ဒဏ်ရာရထားပြီး ရေချိုးရန်မလွယ်ကူချေ။ ထို့ကြောင့် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူထွက်လာသည့်အချိန်တွင် စုန့်ချန်ရှုသည် အပေါ်ထပ်တွင် ရေချိုးပြီးခဲ့ပြီးဖြစ်သည်။
စုန့်ချန်ရှုသည် ကျန့်ကျားဟယ်အား ဆိုဖာပေါ်တွင် ထိုင်စေပြီး သူပတ်ထားပေးခဲ့သော ပလပ်စတစ်အပတ်ကို ဖယ်ပေးလိုက်ပြီး သူ့ဆေးသေတ္တာကိုယူထုတ်လိုက်ကာ ထို့နောက် ကျန့်ကျားဟယ်၏အနာအားဂရုတစိုက်သန့်ရှင်းပေးပြီး ချုပ်ပေးလိုက်သည်။ ဤအကြိမ်တွင် စုန့်ချန်ရှုသည် ကျန့်ကျားဟယ်အား ထုံဆေးပေးခဲ့ပြီး နာကျင်မှုမှ သက်သာစေခဲ့သည်။
သူထိုကိစ္စနှင့်အလုပ်များနေချိန်တွင် စုရွေ့ကျယ်သည် မီးဖိုခန်းထဲမှ အစားအစာများနှင့် ထွက်လာခဲ့သည်။ သူသည် အရိုးရှင်းဆုံးသော ကြက်ဥပါ၀င်သော ယာဂုကိုပြုတ်ခဲ့ပြီး ကြက်ဥရှစ်လုံးကြော်လိုက်သည်။ ယာဂုသည် အလွန် ပျစ်ပျစ်နှစ်နှစ် နှင့် အရသာရှိလှသည်။ ထပ်ပေါင်းရလျှင် အသားနှင့် ကြက်ဥပါ၀င်သော အရသာသည် ပြီးပြည့်စုံသောပေါင်းစပ်မှုပင်။ အမှန်တကယ်ကို အရသာရှိလှသည်။ ကြော်ဖို့အတွက်အသုံးပြုထားသောကြက်ဥများသည် နေရာလွတ်ထဲမှ ကြက်မများဥထားသောဥများဖြစ်သည်။ သူတို့သည် ညှီသောအရသာမရှိပဲ နူးညံ့ပြီး မွှေးကြိုင်လှသည်။ သူတို့အား ပဲငံပြာရည်အနည်းငယ်နှင့် ရောနယ်ထားသည်။ အရသာရှိသောကြက်ဥများသည် လူအများအား သူ့တို့၏လျှာကိုပင် မြိုချချင်လောက်အောင်ဖြစ်စေသည်။
ကျန့်ကျားဟယ်သည် ကမ္ဘာကြီးတွင် ဤကဲ့သို့သောကြောက်မက်ဖွယ်ပြောင်းလဲမှုကြီးဖြစ်ပြီးနောက် ဤကဲ့သို့အရသာရှိသောအစားအစာကိုစားရန်အခွင့်အရေးရလိမ့်မည်ဟု စိတ်ကူးမထားဖူးခဲ့ပေ။ သူသည် စားသောက်နေစဉ် မျက်လုံးများ နီရဲလာခဲ့လေသည်။
“"ဘာမှားနေလို့လဲ? အနာက နာနေလို့လား?”
သူ့ပုံကိုမြင်ပြီး စုန့်ချန်ရှု စိုရိမ်မကင်းစိတ်နှင့်မေးလိုက်၏။
“မဟုတ်ပါဘူး, မဟုတ်ပါဘူး”
ကျန့်ကျားဟယ်သည် သူ့တစ်လုပ်ကိုမြိုချလိုက်ပြီး ပြောလာ၏။
“ကျွန်တော့်မိဘတွေအကြောင်းတွေးမိလို့ပါ...မနေ့ညက ကျွန်တော် အင်တာနက်ကဖေးကနေလွတ်မြောက်လာတော့ သူတို့ကိုဖုန်းခေါ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့ဖုန်းမှာ ဘာအချက်ပြမှုမှ မရှိတော့ဘူး။ ဒါကြောင့် သူတို့နဲ့လုံး၀ဆက်သွယ်လို့မရတော့ဘူး”
“မင်းမိဘတွေက ဘယ်မှာလဲ? မင်းရဲ့အိမ်က Sမြို့မှာလား?”
“မဟုတ်ဘူး...သူတို့က ပြည်ပမှာ”
ကျန့်ကျားဟယ် သူ့ဆံပင်ကို နာကျင်စွာ ဆုပ်ကိုင်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ညတွင်းချင်းပြောင်းလဲသွားပြီး သူကြည့်ခဲ့ဖူးသောရုပ်ရှင်များထဲကလို အမှန်တကယ်ဖြစ်လာခဲ့ပြီး သူတောင်မှ မကောင်းဆိုးဝါးများ၏ပါးစပ်ထဲတွင် သေလုနီးပါးဖြစ်ခဲ့သည်။ အိမ်နှင့်အဝေးမှာရှိနေသော သူ့မိဘများ ဘာတွေကြုံရပြီး ဘယ်လိုအခြေအနေရှိနေမှန်း သူမတွေးနိုင်တော့ချေ။
ကျန့်ကျားဟယ်၏ ၀မ်းနည်းနေသောအမူအရာကိုကြည့်ပြီး သူတို့အားလုံး သူတို့စိတ်ထဲမှာ အနည်းငယ်လှုပ်ခတ်သွားကြရသည်။ ကံမကောင်းစွာပင် ဤအခြေအနေမျိုးတွင် လေယာဉ်နှင့် တခြားအရာများသည် အတော်ကြာကတည်းက ပြေးဆွဲမှုများရပ်တန့်သွားခဲ့ပြီဖြစ်ပြီး သူတို့အကြောင်း ဘာကိုမှ ရှာဖွေဖို့နည်းလမ်းမရှိတော့ချေ။
“ပြည်ပမှာ သေနတ်တွေကိုင်ဆောင်ခွင့်ပြုထားတယ်။ သူတို့ အဆင်ပြေနိုင်ပါလိမ့်မယ်”
စုန့်ချန်ရှုသည် သူ့ပုခုံးအားပုတ်ကာ သူ့အား အားပေးလိုက်ပြီး
“မင်း ကောင်းကောင်းရှင်သန်ဖို့ပဲလိုပြီးတော့ အနာဂါတ်မှာ ဆက်သွယ်ရေးတွေပြန်ကောင်းသွားဖို့အတွက်စောင့်လိုက်ပါ။ မင်း သူတို့ကိုနောက်တစ်ကြိမ်ပြန်ဆုံနိုင်ဖို့ တစ်နေ့ရှိလာမှာပါ။”
ကျန့်ကျားဟယ် ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်ပြီး ဆက်လက်စားသောက်လေသည်။
ညစာစားသောက်ကြပြီးနောက် စုန့်ချန်ရှုသည် ပန်းကန်များနှင့်တူများကို သန့်ရှင်းရန် စုရွေ့ကျယ်အားကူညီပေးပြီး ဆေးကြောရန် မီးဖိုခန်းထဲသို့ သွားလိုက်ကြသည်။
ကျန့်ယွင် ကျန့်ကျားဟယ်အားကြည့်ပြီး ပြောလိုက်၏။
“နောက်ပိုင်း မင်းဘာဆက်လုပ်မလဲ?”
“ကျွန်တော်မသိဘူး...”
ကျန့်ကျားဟယ် ခေါင်းခါလိုက်ပြီး ကျန့်ယွင်အာ တုံ့ဆိုင်းမှုတချို့နှင့်ကြည့်လိုက်၏။
“ကျွန်တော် ခင်ဗျားတို့နောက်လိုက်လို့ရနိုင်မလား? ကျွန်တော် ဖုတ်ကောင်တွေကို သတ်ဖို့ကြိုးစားပါ့မယ် ပြီတော့ ရိက္ခာတွေစုဆောင်းဖို့လည်း ကြိုးစားပါ့မယ်”
ကျန့်ကျားဟယ် များများပိုပြောလာလေလေ သူ့အသံလည်းတိုးသွားလေသည်။ နောက်ဆုံးမှာတော့ သူတို့က အခွင့်အရေးတစ်ခုကြောင့် ဆုံခဲ့ရတဲ့ သူစိမ်းတွေပါပဲလေ။ တစ်ဖက်လူသည် သူ့အသက်ကို ကယ်တင်ပေးခဲ့ပြီး ထိုကဲ့သို့သော အရသာရှိသည့်အစားတစ်နပ်စားဖို့ သူ့အား ပြန်ခေါ်လာပေးခဲ့သည်။ ပိုပြီး တောင်းဆိုဖို့သူဘယ်လိုများအရှက်မဲ့နိုင်ရပါ့မလဲ?
ဤကဲ့သို့သော ကမ္ဘာကြီးတွင် အစားအစာသည် အရေးအကြီးဆုံးသောအရာဖြစ်သည်ကို လူတိုင်းသိကြသည်။ အစားအစာမရှိလျှင် အသက်မရှင်နိုင်ပေ။ အကယ်၍ သူတို့ သူ့ကိုခေါ်သွားဖို့သဘောတူခဲ့လျှင် သူတို့အနေဖြင့် လူတစ်ယောက်စာပိုပြီး ဖြုန်းတီးရလိမ့်မည်။
“ကောင်းပြီ”
ကျန့်ယွင်သည် သူက သူတို့အားဆွဲချသွားနိုင်သည်ကိုသိပါသော်လည်း ရိုးရိုးရှင်းရှင်းပင် သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေ စူးစမ်းလေ့လာပြီးနောက် ကျန့်ကျားဟယ်သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု သူထင်သည်။ ထို့ပြင် သူ့ကိုသူတို့နှင့် နေထိုင်ပါက အထောက်အကူဖြစ်ချေလိမ့်မည်။
ကျန့်ကျားဟယ်သည် မျက်နှာတွင် မယုံကြည်နိုင်မှုအပြည့်နှင့် ငုံ့ထားခဲ့သောသူ့ခေါင်းကို အလျင်အမြန်မော့လာ၏။
“ကျေးဇူးတင်ပါတယ်, ကျေးဇူးတင်ပါတယ်! ကျွန်တော် ကြိုးစားပါ့မယ်! ကျွန်တော်...”
ကျန့်ယွင် ရယ်မြူးလျက် လက်ခါပြလိုက်ကာ စိတ်လှုပ်ရှားနေသောကျန့်ကျားဟယ်အားပြောလိုက်၏။
“အောက်ထပ်မှာ နောက်အခန်းတစ်ခုရှိသေးတယ်။ မင်းအဲ့မှာနေလို့ရတယ်။ မင်း အကုန်လုံးသက်သာသွားဖို့စောင့်သင့်တယ်”
“ကောင်းပြီ, ကောင်းပြီ, ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်...”
ကျန့်ကျားဟယ်သည် တကယ့်ကိုပျော်ရွှင်နေ၏။ သူတို့သုံးယောက်စလုံးသည် လူကောင်းများဖြစ်ကာ ကောင်းမွန်သောကျွမ်းကျင်မှုများရှိကြသည်။ သူတို့နောက်သို့လိုက်ရန် အတော့်ကိုကောင်းလှသည်။
မနေ့ညက သူတို့တစ်ညလုံး နေခဲ့ကြရသည်။ လူတိုင်းသည် ပင်ပန်းနေကြပြီး မကြာခင်မှာပင် အနားယူရန် သူတို့အခန်းအသီးသီးသို့ပြန်သွားကြသည်။ဗီလာဧရိယာတွင် အိမ်ထောင်စုအများကြီးမရှိပေ။ ထို့ကြောင့် ဖုတ်ကောင်အများကြီး စုစည်းခြင်းမျိုးလည်းမရှိပေ။ ၎င်းသည် သူတို့အား အချိန်တစ်ခုအထိ လုံခြုံစေသည်။
******
လူတိုင်းသည် နေ့လည်ခင်းအထိ တချိုးတည်း အိပ်ပျော်ခဲ့ကြသည်။ စုရွေ့ကျယ်သည် ရေခဲသေတ္တာထဲမှ မတ်ပဲစွတ်ပြုတ်အေးကိုယူလာခဲ့ပြီး တခြားသူများအားထွက်လာပြီးသောက်ရန်ပြောလိုက်၏။ ထိုရက်များအတောအတွင်းတွင် အပူချိန်သည် အလွန်ပူပြင်းလှသည်။လေအေးပေးစက်ကိုဖွင့်ထားပြီး လိုက်ကာများကို ချထားခဲ့သည်။ သို့သော် အလွန်ပူနေသည်ကို ခံစားရနေဆဲပင်။ ရက်အနည်းငယ်အတွင်း ရေနှင့် လျှပ်စစ်ဓာတ်အားသည် ပြတ်တောက်သွားလိမ့်မည်ဖြစ်နိုင်သည်။ နေ့ရက်များ အဆိုးဆုံးတောင် ဖြစ်လာမည်ကိုစိုးရိမ်ရသည်။
“ရှောင်ကျယ် မင်းအရင်ကယူလာခဲ့တဲ့ အမြုတေပုံဆောင်ခဲရဲ့ အသုံးပြုပုံက ဘာလဲ?”
ချိုချိုအေးအေး မတ်ပဲစွတ်ပြုတ်ကိုသောက်ပြီးနောက် စုရွေ့ကျယ် ဖုတ်ကောင်ခွေး၏ ခေါင်းထဲမှ တူးယူလာခဲ့သော တောက်ပသောအမြုတေပုံဆောင်ခဲကို ကျန့်ယွင် ရုတ်တရက်သတိရသွားပြီး မေးလိုက်သည်။
“အဲ့ဒါက အရမ်းအသုံး၀င်တယ်”
စုရွေ့ကျယ် ပြောလိုက်ပြီး အမြုတေကိုထုတ်လိုက်၏။
ထိုအမြုတွေကို စုရွေ့ကျယ် ရေနှင့် ဆေးကြောထားခဲ့ပြီး အနီဖျော့ဖျော့နှင့် တောက်ပသောပုံပန်းသွင်ပြင်ကို ပြသနေသည်။ အကယ်၍ ဘယ်နေရာက တူးယူလာသည်ကိုသာ မသိလျှင် အလွန်ကို ကြည်နူးစရာကောင်းလိမ့်မည်။
“ဖုတ်ကောင်ကုတ်ခြစ်ခံရတာ နဲ့ကိုက်ခံရတာတွေကသာ စွမ်းရည်တွေကို လှုံဆော်ပေးနိုင်တာမဟုတ်ပဲ အမြုတေတွေ ကလည်း လှုံ့ဆော်ပေးနိုင်တယ်”
စုရွေ့ကျယ်သည် အမြုတေအား ကျန့်ယွင်အရှေ့သို့တင်လိုက်ပြီး ထို့ကြောင့် ပို၍ရှင်းရှင်းလင်းလင်းမြင်နိုင်သွားသည်။
အချိန်ကြာလာတာနဲ့အမျှ ဖုတ်ကောင်ရဲ့ ဦးနှောက်ထဲမှာ အမြုတေဖွဲ့စည်းလာပြီး သူ့အထဲမှာ ဖုတ်ကောင်ရောဂါပိုးပါ၀င်တယ်။ ဒါပေမယ့် စွမ်းအင်အများကြီးလည်း ပါ၀င်တယ်။
အရင်ဘ၀တုန်းက အမြုတေများကို ကမ္ဘာပျက်ကပ်ကြီးစတင်ပြီးတစ်လလောက်တွင် တဖြည်းဖြည်း ရှာဖွေသိရှိလာကြပြီး အချိန်တစ်ခုကြာပြီးနောက် အမြုတေများ၏အသုံးပြုပုံကို လေ့လာခဲ့ကြသည်။ စွမ်းရည်အသုံးပြုသူများသည် အမြုတေပုံဆောင်ခဲကို စားသုံးခြင်းဖြင့် ၎င်းတို့၏စွမ်းအားကိုအားဖြည့်ပေးနိုင်စဉ် သာမာန်လူများသည် အမြုတေပုံဆောင်ခဲကိုမြိုချပြီးနောက် စွမ်းအားအသက်၀င်လာနိုင်သည်။ ဖုတ်ကောင်တစ်ကောင်အကိုက်ခံရခြင်းသည် စွမ်းအားများကို လှုံ့ဆော်ပေးနိုင်သော်လည်း နောက်ဆုံးမှာတော့ ဒဏ်ရာရဖို့ရန် လိုအပ်သေးသည်။ အကယ်၍ သတိမမူမိပါက ဖုတ်ကောင်တစ်ကောင်ကြောင့် သေသည်အထိ အကိုက်ခံရလိမ့်မည်။ ဘယ်လိုများ အမြုတေပုံဆောင်ခဲထက်ပိုပြီး သင့်လျော်အဆင်ပြေနိုင်ပါ့မလဲ?
ထို့ကြောင့် အမြုတေများ၏ အသုံး၀င်ပုံများကိုရှာဖွေတွေ့ရှိမှုပြီးနောက် လူသားများအတွက် အမြုတွေလိုအပ်မှုသည်လည်း တိုးလာခဲ့သည်။ နောက်ပိုင်း၌ အမြုတေများသည် အစားအစာအပြင် နောက်ထပ်အစားထိုးငွေကြေးအသုံးပြုမှုဖြစ်လာခဲ့သည်။
ဒါပေါ့, အရာတိုင်းတွင် အစွန်းနှစ်ဖက်ရှိပြီး အမြုတေများတွင် ဖုတ်ကောင် ရောဂါပိုးလည်းပါ၀င်သည်။ အမြုတေအသုံးပြုခြင်းသည်လည်း အလွန် ကူးစက်ခံရနိုင်ချေရှိပြီး ဖုတ်ကောင်များဖြစ်လာနိုင်သည်။ သို့သော် ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်ရပ်တည်ရန်အတွက် မရေမတွက်နိုင်သောလူအများအပြားသည် စွန့်စွားပြီး ကြိုးစားချင်သောဆန္ဒရှိကြသည်။
“ခင်ဗျား ကြိုးစားကြည့်ချင်လား? ”
စုရွေ့ကျယ် ကျန့်ယွင်အားကြည့်လိုက်၏။
ကျန့်ယွင်သည် စုရွေ့ကျယ်အားကြည့်လိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ အမြုတေပုံဆောင်ခဲကိုကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲကို ပစ်ထည့်လိုက်သည်။
ငါးစက္ကန့်မျှကြာပြီးနောက် ကျန့်ယွင်သည် နောက်ပြန်လဲကျကာ မေ့မျောသွားလေသည်။
စုန့်ချန်ရှုသည် ထိတ်လန့်သွား၏။ ထို့ကြောင့် သူ အလျင်အမြန် ကျန့်ယွင်အား ကူညီလိုက်ပြီး ထို့နောက် စုရွေ့ကျယ်အား စိတ်အားထက်သန်စွာ ကြည့်လိုက်၏။
“သူ...သူအဆင်ပြေမှာပါနော် ဟုတ်တယ်မလား?”
“အဆင်ပြေမှာပါ”
စုရွေ့ကျယ်သည် စုန်ချန်ရှုနှင့်အတူ ကျန့်ယွင်အား ဆိုဖာပေါ်သို့လှဲချပေးဖို့ ကူညီရန် အရှေ့သို့သွားလိုက်၏။
စုရွေ့ကျယ်သည် ကျန့်ယွင်အားပေါ့ပေါ့ဆဆဖြင့် အခွင့်အရေးတစ်ခု ဘယ်တော့မှ မယူနိုင်ပေ။ သူ့အတိတ်ဘ၀တွင် ကျန့်ယွင်၏စွမ်းအားသည် ဖုတ်ကောင်တစ်ကောင်ထံမှ ကုတ်ခြစ်ခံရသောမတော်တဆမှုမှ ရရှိခဲ့ခြင်းဖြစ်သည်။၎င်းသည် သူ့ခန္ဓာကိုယ်ထဲတွင် ပဋိပစ္စည်း(antibodies)ရှိသည်ကိုပြနေသည်။ ထို့ကြောင့်သူအမြုတေကိုယူလိုက်လျှင် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။
ယခုအချိန်သည် ကမ္ဘာပျက်ကပ်အစောပိုင်းသာရှိနေသေးပြီး အနှေးနဲ့အမြန်ပင် စွမ်းရည်သည် နှိုးစွခံရမည်ဖြစ်ပြီး အနှေးနဲ့အမြန်ပင် ခွန်အားသည် တိုးမြင့်လာလိမ့်မည်ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ခွန်အားနှင့်သာလျှင် အသက်ရှင်ရပ်တည်နိုင်လိမ့်မည်။
စာရေးသူမှာပြောစရာရှိပါတယ်။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】
စုန့်ချန်ရှု : အခန်းတွေအများကြီးရှိပြီ နောက်ဆုံးနေ့ရက်တွေရဲ့ ပထမဆုံးနေ့က တကယ့်ကို အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါ အနာဂါတ်မှာ အဲ့ဒါကိုလုပ်သင့်တယ်။ ငါက ဆရာ၀န်ငယ်လေးတစ်ယောက်ပါပဲ။ ငါနာကျင်အောင်လုပ်ဖို့မကြိုးစားနိုင်ဘူး။
ကျန့်ရှောင်ယွင် : ချွေးမလေးက ရေချိုးနေတယ် ~ ချွေးမလေးကရေချိုးနေတယ်လို့~ ငါချောင်းကြည့်ချင် မဟုတ်ဘူး သူသန့်ရှင်းရဲ့လားလို့ငါကြည့်ချင်တယ်
စုန့်ချန်ရှု : .........
ကျန်ကျားဟယ် (အိပ်ထမတင်လုပ်နေ) : အော်ဟစ်.....
စုန့်ချန်ရှု : ကျန့်ကျားဟယ်နဲ့ မင်းတို့ကောင်တွေ ဘာတွေလုပ်နေကြတာလဲ?
ကျန့်ကျားဟယ် : အို့ ကျွန်တော်စွမ်းရည်ရတာ ပထမဆုံးအကြိမ်လေ ကျွန်တော် ခွန်အားပြည့်နေတယ်လို့ ခံစားရတယ် မဟုတ်ဘူး ကျွန်တော် ဖုတ်ကောင်တစ်ကောင်ကို လှဲချဖို့သွားရမယ်
စုန့်ချန်ရှု : ......
စုရှောင်ကျယ် : ကျန့်ရှောင်ယွင် ရေသွားချိုး
ကျန့်ရှောင်ယွင် : မွှေးကြိုင်နေတဲ့ ဇနီးလေး (づ ̄ ³ ̄)づ
စုရှောင်ကျယ် : o(*////▽////*)o
စုန့်ချန်ရှု : ....ဆိုတော့ ငါ့တည်ရှိမှုက ဘာအဓိပ္ပါယ်လဲ?! ဆရာ၀န်လေးတစ်ယောက်ကို ဒီလိုဆက်ဆံတာ ကောင်းကြသေးရဲ့လား?!
🍒🍒
【 Zawgyi 】
က်န႔္က်ားဟယ္၏ေျခေထာက္သည္ ဒဏ္ရာရထားၿပီး ေရခ်ိဳးရန္မလြယ္ကူေခ်။ ထို႔ေၾကာင့္ အခ်ိန္အနည္းငယ္ ယူလိုက္ရသည္။ သူထြက္လာသည့္အခ်ိန္တြင္ စုန႔္ခ်န္ရႈသည္ အေပၚထပ္တြင္ ေရခ်ိဳးၿပီးခဲ့ၿပီးျဖစ္သည္။
စုန႔္ခ်န္ရႈသည္ က်န႔္က်ားဟယ္အား ဆိုဖာေပၚတြင္ ထိုင္ေစၿပီး သူပတ္ထားေပးခဲ့ေသာ ပလပ္စတစ္အပတ္ကို ဖယ္ေပးလိုက္ၿပီး သူ႕ေဆးေသတၱာကိုယူထုတ္လိုက္ကာ ထို႔ေနာက္ က်န႔္က်ားဟယ္၏အနာအားဂ႐ုတစိုက္သန႔္ရွင္းေပးၿပီး ခ်ဳပ္ေပးလိုက္သည္။ ဤအႀကိမ္တြင္ စုန႔္ခ်န္ရႈသည္ က်န႔္က်ားဟယ္အား ထုံေဆးေပးခဲ့ၿပီး နာက်င္မႈမွ သက္သာေစခဲ့သည္။
သူထိုကိစၥႏွင့္အလုပ္မ်ားေနခ်ိန္တြင္ စုေ႐ြ႕က်ယ္သည္ မီးဖိုခန္းထဲမွ အစားအစာမ်ားႏွင့္ ထြက္လာခဲ့သည္။ သူသည္ အရိုးရွင္းဆုံးေသာ ၾကက္ဥပါ၀င္ေသာ ယာဂုကိုျပဳတ္ခဲ့ၿပီး ၾကက္ဥရွစ္လုံးေၾကာ္လိုက္သည္။ ယာဂုသည္ အလြန္ ပ်စ္ပ်စ္ႏွစ္ႏွစ္ ႏွင့္ အရသာရွိလွသည္။ ထပ္ေပါင္းရလွ်င္ အသားႏွင့္ ၾကက္ဥပါ၀င္ေသာ အရသာသည္ ၿပီးျပည့္စုံေသာေပါင္းစပ္မႈပင္။ အမွန္တကယ္ကို အရသာရွိလွသည္။ ေၾကာ္ဖို႔အတြက္အသုံးျပဳထားေသာၾကက္ဥမ်ားသည္ ေနရာလြတ္ထဲမွ ၾကက္မမ်ားဥထားေသာဥမ်ားျဖစ္သည္။ သူတို႔သည္ ညွီေသာအရသာမရွိပဲ ႏူးညံ့ၿပီး ေမႊးႀကိဳင္လွသည္။ သူတို႔အား ပဲငံျပာရည္အနည္းငယ္ႏွင့္ ေရာနယ္ထားသည္။ အရသာရွိေသာၾကက္ဥမ်ားသည္ လူအမ်ားအား သူ႕တို႔၏လွ်ာကိုပင္ ၿမိဳခ်ခ်င္ေလာက္ေအာင္ျဖစ္ေစသည္။
က်န႔္က်ားဟယ္သည္ ကမၻာႀကီးတြင္ ဤကဲ့သို႔ေသာေၾကာက္မက္ဖြယ္ေျပာင္းလဲမႈႀကီးျဖစ္ၿပီးေနာက္ ဤကဲ့သို႔အရသာရွိေသာအစားအစာကိုစားရန္အခြင့္အေရးရလိမ့္မည္ဟု စိတ္ကူးမထားဖူးခဲ့ေပ။ သူသည္ စားေသာက္ေနစဥ္ မ်က္လုံးမ်ား နီရဲလာခဲ့ေလသည္။
“"ဘာမွားေနလို႔လဲ? အနာက နာေနလို႔လား?”
သူ႕ပုံကိုျမင္ၿပီး စုန႔္ခ်န္ရႈ စိုရိမ္မကင္းစိတ္ႏွင့္ေမးလိုက္၏။
“မဟုတ္ပါဘူး, မဟုတ္ပါဘူး”
က်န႔္က်ားဟယ္သည္ သူ႕တစ္လုပ္ကိုၿမိဳခ်လိဳက္ၿပီး ေျပာလာ၏။
“ကြၽန္ေတာ့္မိဘေတြအေၾကာင္းေတြးမိလို႔ပါ...မေန႕ညက ကြၽန္ေတာ္ အင္တာနက္ကေဖးကေနလြတ္ေျမာက္လာေတာ့ သူတို႔ကိုဖုန္းေခၚခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ့ဖုန္းမွာ ဘာအခ်က္ျပမႈမွ မရွိေတာ့ဘူး။ ဒါေၾကာင့္ သူတို႔နဲ႕လုံး၀ဆက္သြယ္လို႔မရေတာ့ဘူး”
“မင္းမိဘေတြက ဘယ္မွာလဲ? မင္းရဲ႕အိမ္က Sၿမိဳ႕မွာလား?”
“မဟုတ္ဘူး...သူတို႔က ျပည္ပမွာ”
က်န႔္က်ားဟယ္ သူ႕ဆံပင္ကို နာက်င္စြာ ဆုပ္ကိုင္လိုက္သည္။ ကမၻာႀကီးတစ္ခုလုံးသည္ ညတြင္းခ်င္းေျပာင္းလဲသြားၿပီး သူၾကည့္ခဲ့ဖူးေသာ႐ုပ္ရွင္မ်ားထဲကလို အမွန္တကယ္ျဖစ္လာခဲ့ၿပီး သူေတာင္မွ မေကာင္းဆိုးဝါးမ်ား၏ပါးစပ္ထဲတြင္ ေသလုနီးပါးျဖစ္ခဲ့သည္။ အိမ္ႏွင့္အေဝးမွာရွိေနေသာ သူ႕မိဘမ်ား ဘာေတြႀကဳံရၿပီး ဘယ္လိုအေျခအေနရွိေနမွန္း သူမေတြးနိုင္ေတာ့ေခ်။
က်န႔္က်ားဟယ္၏ ၀မ္းနည္းေနေသာအမူအရာကိုၾကည့္ၿပီး သူတို႔အားလုံး သူတို႔စိတ္ထဲမွာ အနည္းငယ္လႈပ္ခတ္သြားၾကရသည္။ ကံမေကာင္းစြာပင္ ဤအေျခအေနမ်ိဳးတြင္ ေလယာဥ္ႏွင့္ တျခားအရာမ်ားသည္ အေတာ္ၾကာကတည္းက ေျပးဆြဲမႈမ်ားရပ္တန႔္သြားခဲ့ၿပီျဖစ္ၿပီး သူတို႔အေၾကာင္း ဘာကိုမွ ရွာေဖြဖို႔နည္းလမ္းမရွိေတာ့ေခ်။
“ျပည္ပမွာ ေသနတ္ေတြကိုင္ေဆာင္ခြင့္ျပဳထားတယ္။ သူတို႔ အဆင္ေျပနိုင္ပါလိမ့္မယ္”
စုန႔္ခ်န္ရႈသည္ သူ႕ပုခုံးအားပုတ္ကာ သူ႕အား အားေပးလိုက္ၿပီး
“မင္း ေကာင္းေကာင္းရွင္သန္ဖို႔ပဲလိုၿပီးေတာ့ အနာဂါတ္မွာ ဆက္သြယ္ေရးေတြျပန္ေကာင္းသြားဖို႔အတြက္ေစာင့္လိုက္ပါ။ မင္း သူတို႔ကိုေနာက္တစ္ႀကိမ္ျပန္ဆုံနိုင္ဖို႔ တစ္ေန႕ရွိလာမွာပါ။”
က်န႔္က်ားဟယ္ ခက္ခက္ခဲခဲ ေခါင္းညိတ္လိုက္ၿပီး ဆက္လက္စားေသာက္ေလသည္။
ညစာစားေသာက္ၾကၿပီးေနာက္ စုန႔္ခ်န္ရႈသည္ ပန္းကန္မ်ားႏွင့္တူမ်ားကို သန႔္ရွင္းရန္ စုေ႐ြ႕က်ယ္အားကူညီေပးၿပီး ေဆးေၾကာရန္ မီးဖိုခန္းထဲသို႔ သြားလိုက္ၾကသည္။
က်န႔္ယြင္ က်န႔္က်ားဟယ္အားၾကည့္ၿပီး ေျပာလိုက္၏။
“ေနာက္ပိုင္း မင္းဘာဆက္လုပ္မလဲ?”
“ကြၽန္ေတာ္မသိဘူး...”
က်န႔္က်ားဟယ္ ေခါင္းခါလိုက္ၿပီး က်န႔္ယြင္အာ တုံ႕ဆိုင္းမႈတခ်ိဳ႕ႏွင့္ၾကည့္လိုက္၏။
“ကြၽန္ေတာ္ ခင္ဗ်ားတို႔ေနာက္လိုက္လို႔ရနိုင္မလား? ကြၽန္ေတာ္ ဖုတ္ေကာင္ေတြကို သတ္ဖို႔ႀကိဳးစားပါ့မယ္ ၿပီေတာ့ ရိကၡာေတြစုေဆာင္းဖို႔လည္း ႀကိဳးစားပါ့မယ္”
က်န႔္က်ားဟယ္ မ်ားမ်ားပိုေျပာလာေလေလ သူ႕အသံလည္းတိုးသြားေလသည္။ ေနာက္ဆုံးမွာေတာ့ သူတို႔က အခြင့္အေရးတစ္ခုေၾကာင့္ ဆုံခဲ့ရတဲ့ သူစိမ္းေတြပါပဲေလ။ တစ္ဖက္လူသည္ သူ႕အသက္ကို ကယ္တင္ေပးခဲ့ၿပီး ထိုကဲ့သို႔ေသာ အရသာရွိသည့္အစားတစ္နပ္စားဖို႔ သူ႕အား ျပန္ေခၚလာေပးခဲ့သည္။ ပိုၿပီး ေတာင္းဆိုဖို႔သူဘယ္လိုမ်ားအရွက္မဲ့နိုင္ရပါ့မလဲ?
ဤကဲ့သို႔ေသာ ကမၻာႀကီးတြင္ အစားအစာသည္ အေရးအႀကီးဆုံးေသာအရာျဖစ္သည္ကို လူတိုင္းသိၾကသည္။ အစားအစာမရွိလွ်င္ အသက္မရွင္နိုင္ေပ။ အကယ္၍ သူတို႔ သူ႕ကိုေခၚသြားဖို႔သေဘာတူခဲ့လွ်င္ သူတို႔အေနျဖင့္ လူတစ္ေယာက္စာပိုၿပီး ျဖဳန္းတီးရလိမ့္မည္။
“ေကာင္းၿပီ”
က်န႔္ယြင္သည္ သူက သူတို႔အားဆြဲခ်သြားနိုင္သည္ကိုသိပါေသာ္လည္း ရိုးရိုးရွင္းရွင္းပင္ သေဘာတူလိုက္သည္။ မည္သို႔ပင္ျဖစ္ေစ စူးစမ္းေလ့လာၿပီးေနာက္ က်န႔္က်ားဟယ္သည္ လူေကာင္းတစ္ေယာက္ျဖစ္သည္ဟု သူထင္သည္။ ထို႔ျပင္ သူ႕ကိုသူတို႔ႏွင့္ ေနထိုင္ပါက အေထာက္အကူျဖစ္ေခ်လိမ့္မည္။
က်န႔္က်ားဟယ္သည္ မ်က္ႏွာတြင္ မယုံၾကည္နိုင္မႈအျပည့္ႏွင့္ ငုံ႕ထားခဲ့ေသာသူ႕ေခါင္းကို အလ်င္အျမန္ေမာ့လာ၏။
“ေက်းဇူးတင္ပါတယ္, ေက်းဇူးတင္ပါတယ္! ကြၽန္ေတာ္ ႀကိဳးစားပါ့မယ္! ကြၽန္ေတာ္...”
က်န႔္ယြင္ ရယ္ျမဴးလ်က္ လက္ခါျပလိုက္ကာ စိတ္လႈပ္ရွားေနေသာက်န႔္က်ားဟယ္အားေျပာလိုက္၏။
“ေအာက္ထပ္မွာ ေနာက္အခန္းတစ္ခုရွိေသးတယ္။ မင္းအဲ့မွာေနလို႔ရတယ္။ မင္း အကုန္လုံးသက္သာသြားဖို႔ေစာင့္သင့္တယ္”
“ေကာင္းၿပီ, ေကာင္းၿပီ, ေက်းဇူးတင္ပါတယ္ ေက်းဇူးတင္ပါတယ္...”
က်န့္က်ားဟယ္သည္ တကယ့္ကိုေပ်ာ္႐ႊင္ေန၏။ သူတို႔သုံးေယာက္စလုံးသည္ လူေကာင္းမ်ားျဖစ္ကာ ေကာင္းမြန္ေသာကြၽမ္းက်င္မႈမ်ားရွိၾကသည္။ သူတို႔ေနာက္သို႔လိုက္ရန္ အေတာ့္ကိုေကာင္းလွသည္။
မေန႕ညက သူတို႔တစ္ညလုံး ေနခဲ့ၾကရသည္။ လူတိုင္းသည္ ပင္ပန္းေနၾကၿပီး မၾကာခင္မွာပင္ အနားယူရန္ သူတို႔အခန္းအသီးသီးသို႔ျပန္သြားၾကသည္။ဗီလာဧရိယာတြင္ အိမ္ေထာင္စုအမ်ားႀကီးမရွိေပ။ ထို႔ေၾကာင့္ ဖုတ္ေကာင္အမ်ားႀကီး စုစည္းျခင္းမ်ိဳးလည္းမရွိေပ။ ၎သည္ သူတို႔အား အခ်ိန္တစ္ခုအထိ လုံၿခဳံေစသည္။
******
လူတိုင္းသည္ ေန႕လည္ခင္းအထိ တခ်ိဳးတည္း အိပ္ေပ်ာ္ခဲ့ၾကသည္။ စုေ႐ြ႕က်ယ္သည္ ေရခဲေသတၱာထဲမွ မတ္ပဲစြတ္ျပဳတ္ေအးကိုယူလာခဲ့ၿပီး တျခားသူမ်ားအားထြက္လာၿပီးေသာက္ရန္ေျပာလိုက္၏။ ထိုရက္မ်ားအေတာအတြင္းတြင္ အပူခ်ိန္သည္ အလြန္ပူျပင္းလွသည္။ေလေအးေပးစက္ကိုဖြင့္ထားၿပီး လိုက္ကာမ်ားကို ခ်ထားခဲ့သည္။ သို႔ေသာ္ အလြန္ပူေနသည္ကို ခံစားရေနဆဲပင္။ ရက္အနည္းငယ္အတြင္း ေရႏွင့္ လွ်ပ္စစ္ဓာတ္အားသည္ ျပတ္ေတာက္သြားလိမ့္မည္ျဖစ္နိုင္သည္။ ေန႕ရက္မ်ား အဆိုးဆုံးေတာင္ ျဖစ္လာမည္ကိုစိုးရိမ္ရသည္။
“ေရွာင္က်ယ္ မင္းအရင္ကယူလာခဲ့တဲ့ အျမဳေတပုံေဆာင္ခဲရဲ႕ အသုံးျပဳပုံက ဘာလဲ?”
ခ်ိဳခ်ိဳေအးေအး မတ္ပဲစြတ္ျပဳတ္ကိုေသာက္ၿပီးေနာက္ စုေ႐ြ႕က်ယ္ ဖုတ္ေကာင္ေခြး၏ ေခါင္းထဲမွ တူးယူလာခဲ့ေသာ ေတာက္ပေသာအျမဳေတပုံေဆာင္ခဲကို က်န႔္ယြင္ ႐ုတ္တရက္သတိရသြားၿပီး ေမးလိုက္သည္။
“အဲ့ဒါက အရမ္းအသုံး၀င္တယ္”
စုေ႐ြ႕က်ယ္ ေျပာလိုက္ၿပီး အျမဳေတကိုထုတ္လိုက္၏။
ထိုအျမဳေတြကို စုေ႐ြ႕က်ယ္ ေရႏွင့္ ေဆးေၾကာထားခဲ့ၿပီး အနီေဖ်ာ့ေဖ်ာ့ႏွင့္ ေတာက္ပေသာပုံပန္းသြင္ျပင္ကို ျပသေနသည္။ အကယ္၍ ဘယ္ေနရာက တူးယူလာသည္ကိုသာ မသိလွ်င္ အလြန္ကို ၾကည္ႏူးစရာေကာင္းလိမ့္မည္။
“ဖုတ္ေကာင္ကုတ္ျခစ္ခံရတာ နဲ႕ကိုက္ခံရတာေတြကသာ စြမ္းရည္ေတြကို လႈံေဆာ္ေပးနိုင္တာမဟုတ္ပဲ အျမဳေတေတြ ကလည္း လႈံ႕ေဆာ္ေပးနိုင္တယ္”
စုေ႐ြ႕က်ယ္သည္ အျမဳေတအား က်န႔္ယြင္အေရွ႕သို႔တင္လိုက္ၿပီး ထို႔ေၾကာင့္ ပို၍ရွင္းရွင္းလင္းလင္းျမင္နိုင္သြားသည္။
အခ်ိန္ၾကာလာတာနဲ႕အမွ် ဖုတ္ေကာင္ရဲ႕ ဦးႏွောက္ထဲမွာ အျမဳေတဖြဲ႕စည္းလာၿပီး သူ႕အထဲမွာ ဖုတ္ေကာင္ေရာဂါပိုးပါ၀င္တယ္။ ဒါေပမယ့္ စြမ္းအင္အမ်ားႀကီးလည္း ပါ၀င္တယ္။
အရင္ဘ၀တုန္းက အျမဳေတမ်ားကို ကမၻာပ်က္ကပ္ႀကီးစတင္ၿပီးတစ္လေလာက္တြင္ တျဖည္းျဖည္း ရွာေဖြသိရွိလာၾကၿပီး အခ်ိန္တစ္ခုၾကာၿပီးေနာက္ အျမဳေတမ်ား၏အသုံးျပဳပုံကို ေလ့လာခဲ့ၾကသည္။ စြမ္းရည္အသုံးျပဳသူမ်ားသည္ အျမဳေတပုံေဆာင္ခဲကို စားသုံးျခင္းျဖင့္ ၎တို႔၏စြမ္းအားကိုအားျဖည့္ေပးနိုင္စဥ္ သာမာန္လူမ်ားသည္ အျမဳေတပုံေဆာင္ခဲကိုၿမိဳခ်ၿပီးေနာက္ စြမ္းအားအသက္၀င္လာနိုင္သည္။ ဖုတ္ေကာင္တစ္ေကာင္အကိုက္ခံရျခင္းသည္ စြမ္းအားမ်ားကို လႈံ႕ေဆာ္ေပးနိုင္ေသာ္လည္း ေနာက္ဆုံးမွာေတာ့ ဒဏ္ရာရဖို႔ရန္ လိုအပ္ေသးသည္။ အကယ္၍ သတိမမူမိပါက ဖုတ္ေကာင္တစ္ေကာင္ေၾကာင့္ ေသသည္အထိ အကိုက္ခံရလိမ့္မည္။ ဘယ္လိုမ်ား အျမဳေတပုံေဆာင္ခဲထက္ပိုၿပီး သင့္ေလ်ာ္အဆင္ေျပနိုင္ပါ့မလဲ?
ထို႔ေၾကာင့္ အျမဳေတမ်ား၏ အသုံး၀င္ပုံမ်ားကိုရွာေဖြေတြ႕ရွိမႈၿပီးေနာက္ လူသားမ်ားအတြက္ အျမဳေတြလိုအပ္မႈသည္လည္း တိုးလာခဲ့သည္။ ေနာက္ပိုင္း၌ အျမဳေတမ်ားသည္ အစားအစာအျပင္ ေနာက္ထပ္အစားထိုးေငြေၾကးအသုံးျပဳမႈျဖစ္လာခဲ့သည္။
ဒါေပါ့, အရာတိုင္းတြင္ အစြန္းႏွစ္ဖက္ရွိၿပီး အျမဳေတမ်ားတြင္ ဖုတ္ေကာင္ ေရာဂါပိုးလည္းပါ၀င္သည္။ အျမဳေတအသုံးျပဳျခင္းသည္လည္း အလြန္ ကူးစက္ခံရနိုင္ေခ်ရွိၿပီး ဖုတ္ေကာင္မ်ားျဖစ္လာနိုင္သည္။ သို႔ေသာ္ ကမၻာပ်က္ကပ္ႀကီးထဲတြင္ အသက္ရွင္ရပ္တည္ရန္အတြက္ မေရမတြက္နိုင္ေသာလူအမ်ားအျပားသည္ စြန႔္စြားၿပီး ႀကိဳးစားခ်င္ေသာဆႏၵရွိၾကသည္။
“ခင္ဗ်ား ႀကိဳးစားၾကည့္ခ်င္လား? ”
စုေ႐ြ႕က်ယ္ က်န႔္ယြင္အားၾကည့္လိုက္၏။
က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္အားၾကည့္လိုက္ၿပီး တုံ႕ဆိုင္းမႈမရွိဘဲ အျမဳေတပုံေဆာင္ခဲကိုေကာက္ယူလိုက္ၿပီး သူ႕ပါးစပ္ထဲကို ပစ္ထည့္လိုက္သည္။
ငါးစကၠန႔္မွ်ၾကာၿပီးေနာက္ က်န႔္ယြင္သည္ ေနာက္ျပန္လဲက်ကာ ေမ့ေမ်ာသြားေလသည္။
စုန႔္ခ်န္ရႈသည္ ထိတ္လန႔္သြား၏။ ထို႔ေၾကာင့္ သူ အလ်င္အျမန္ က်န႔္ယြင္အား ကူညီလိုက္ၿပီး ထို႔ေနာက္ စုေ႐ြ႕က်ယ္အား စိတ္အားထက္သန္စြာ ၾကည့္လိုက္၏။
“သူ...သူအဆင္ေျပမွာပါေနာ္ ဟုတ္တယ္မလား?”
“အဆင္ေျပမွာပါ”
စုေ႐ြ႕က်ယ္သည္ စုန္ခ်န္ရႈႏွင့္အတူ က်န႔္ယြင္အား ဆိုဖာေပၚသို႔လွဲခ်ေပးဖို႔ ကူညီရန္ အေရွ႕သို႔သြားလိုက္၏။
စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္အားေပါ့ေပါ့ဆဆျဖင့္ အခြင့္အေရးတစ္ခု ဘယ္ေတာ့မွ မယူနိုင္ေပ။ သူ႕အတိတ္ဘ၀တြင္ က်န႔္ယြင္၏စြမ္းအားသည္ ဖုတ္ေကာင္တစ္ေကာင္ထံမွ ကုတ္ျခစ္ခံရေသာမေတာ္တဆမႈမွ ရရွိခဲ့ျခင္းျဖစ္သည္။၎သည္ သူ႕ခႏၶာကိုယ္ထဲတြင္ ပဋိပစၥည္း(antibodies)ရွိသည္ကိုျပေနသည္။ ထို႔ေၾကာင့္သူအျမဳေတကိုယူလိုက္လွ်င္ ျပႆနာရွိလိမ့္မည္မဟုတ္ေပ။
ယခုအခ်ိန္သည္ ကမၻာပ်က္ကပ္အေစာပိုင္းသာရွိေနေသးၿပီး အႏွေးနဲ႕အျမန္ပင္ စြမ္းရည္သည္ ႏွိုးစြခံရမည္ျဖစ္ၿပီး အႏွေးနဲ႕အျမန္ပင္ ခြန္အားသည္ တိုးျမင့္လာလိမ့္မည္ျဖစ္သည္။ ကမၻာပ်က္ကပ္ႀကီးထဲတြင္ ခြန္အားႏွင့္သာလွ်င္ အသက္ရွင္ရပ္တည္နိုင္လိမ့္မည္။
စာေရးသူမွာေျပာစရာရွိပါတယ္။
【လမ္းမေပၚက ျပဇာတ္ငယ္ေလး 】
စုန႔္ခ်န္ရႈ : အခန္းေတြအမ်ားႀကီးရွိၿပီ ေနာက္ဆုံးေန႕ရက္ေတြရဲ႕ ပထမဆုံးေန႕က တကယ့္ကို အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတယ္။ ငါ အနာဂါတ္မွာ အဲ့ဒါကိုလုပ္သင့္တယ္။ ငါက ဆရာ၀န္ငယ္ေလးတစ္ေယာက္ပါပဲ။ ငါနာက်င္ေအာင္လုပ္ဖို႔မႀကိဳးစားနိုင္ဘူး။
က်န႔္ေရွာင္ယြင္ : ေခြၽးမေလးက ေရခ်ိဳးေနတယ္ ~ ေခြၽးမေလးကေရခ်ိဳးေနတယ္လို႔~ ငါေခ်ာင္းၾကည့္ခ်င္ မဟုတ္ဘူး သူသန႔္ရွင္းရဲ႕လားလို႔ငါၾကည့္ခ်င္တယ္
စုန႔္ခ်န္ရႈ : .........
က်န႔္က်ားဟယ္ (အိပ္ထမတင္လုပ္ေန) : ေအာ္ဟစ္.....
စုန႔္ခ်န္ရႈ : က်န႔္က်ားဟယ္နဲ႕ မင္းတို႔ေကာင္ေတြ ဘာေတြလုပ္ေနၾကတာလဲ?
က်န႔္က်ားဟယ္ : အို႔ ကြၽန္ေတာ္စြမ္းရည္ရတာ ပထမဆုံးအႀကိမ္ေလ ကြၽန္ေတာ္ ခြန္အားျပည့္ေနတယ္လို႔ ခံစားရတယ္ မဟုတ္ဘူး ကြၽန္ေတာ္ ဖုတ္ေကာင္တစ္ေကာင္ကို လွဲခ်ဖိဳ႕သြားရမယ္
စုန႔္ခ်န္ရႈ : ......
စုေရွာင္က်ယ္ : က်န႔္ေရွာင္ယြင္ ေရသြားခ်ိဳး
က်န႔္ေရွာင္ယြင္ : ေမႊးႀကိဳင္ေနတဲ့ ဇနီးေလး (づ ̄ ³ ̄)づ
စုေရွာင္က်ယ္ : o(*////▽////*)o
စုန႔္ခ်န္ရႈ : ....ဆိုေတာ့ ငါ့တည္ရွိမႈက ဘာအဓိပၸါယ္လဲ?! ဆရာ၀န္ေလးတစ္ေယာက္ကို ဒီလိုဆက္ဆံတာ ေကာင္းၾကေသးရဲ႕လား?!
🍒🍒