[Unicode]
ချူ၀မ်၀မ်သူမ၏သေးသွယ်သောလက်မောင်းအားလွှတ်မပေးခင်ထိကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သေးသည်။
ယခုပိုင်စုရှင်းခန္ဓာကိုယ်နဲ့ယှဉ်ရင် ချူ၀မ်၀မ်သည်ကိုယ်ခံပညာကို ကျွမ်းကျင်သည်၊သူမကမူ... ယင်ကောင်ကိုတောင်မထိခိုက်နိုင်ပါ။
သူမခြေလှမ်းစလှမ်းလိုက်ပြီး ချူ၀မ်၀မ်၏လှပသောမျက်နှာပေါ်တွင်ဒေါသတကြီးမျက်နှာထားဖြင့်သာချန်ရစ်ခဲ့သည်၊စုရှင်းထောင့်ချိုးသို့ရောက်သွားမှ,အဓိကဇာတ်ဆောင်မင်းသမီးရဲ့အမြင်မှလွတ်သွားတော့သည်၊ထိုမှသာ သူမရဲ့သေသပ်စွာအချိုးကျနေတယ့်ဗီလိန်မျက်နှာက ငိုချင်နေသည့်စိတ်ဖြင့်ရှုံ့သွားတော့သည်။
'ငါ့နှယ့်သေသာသေလိုက်ချင်တော့တယ်'
သမားတော်နဲ့တော့ပြကြည့်ရအုန်းမယ်၊ဇာတ်ဆောင်မင်းသမီးက ငါ့လက်ချိုးလိုက်ပြီထင်တယ်၊ဒီခန္တာကိုယ်က နာကျင်မှုကိုအရမ်းခံစားလွယ်တယ်။
ကျင်းအာတစ်ခုခုသတိထားမိသွားကာ ရဲမက်များနှင့်အခြားအစေခံများကိုလက်ဟန်ခြေဟန်ဖြင့်ပြလိုက်သည်၊သူတို့ရပ်တန့်ကာခေါင်းညိတ်လိုက်ကြသည်၊ကျင်းအာပြောတာကိုသူတို့ဘယ်လိုလုပ်နားလည်ကြတာပါလိမ့်။
ကျင်းအာက သူတို့နှင့်သင့်တင့်တယ့်အကွာအဝေးမှာနေကာသူမကို သစ်ပင်နောက်သို့ဆွဲခေါ်သွားသည်၊ကျင်းအာ၏မျက်နှာသည် စိုးရိမ်နေပုံပေါက်နေသောကြောင့် သူမစုရှင်းလည်းပဲငိုချင်နေရာမှပြန်သက်သာသွားသည်၊ကျင်းအာသည်သူမသခင်မလေး၏ လက်မောင်းပေါ်သို့အသာလေးထိကာ သက်ပြင်းချနေသည်။
ဘုရားရေ!ငါ့လက်မောင်းမှာ အပြာရောင်အစင်းကြောင်းတွေ ပေါ်နေပြီ၊သူမပါးစပ်က 'အို'ပုံစံသို့ပင်ပြောင်းလဲသွားသည်။
ကျင်းအာရဲ့ဒေါသထွက်နေတယ့်မျက်နှာလေးကို မြင်လိုက်ရတော့သူမ စိတ်သက်သာရာရသွားသည်၊ကျင်းအာသည်သနားစရာကောင်းတယ့်သူမသခင်မလေးအား ဖက်၍ကျောကိုပွတ်သပ်ကာနှစ်သိမ့်ပေးလိုက်သည်၊ကျင်းအာသာစကားပြောနိုင်ရင်သူမသခင်မလေး မကြောက်ဖို့ပြောနေမှာအမှန်ပင်။
'ကျင်းအာ..ဟူး..ဟူး.. လှပတယ့်အဓိကဇာတ်ဆောင်မင်းသမီးကငါ့ကိုကြောက်အောင်လုပ်တယ်'
--
"နင်တို့ဘာပဲကြားကြား,၀င်မလာနဲ့"
စစ်သူကြီးမင်နှင့်အစေခံများသည်လေးလေးစားစားခေါင်းမညိမ့်ခင် တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျင်းအာကသူမသခင်မလေးလက်အားကိုင်ထားပြီးစိုးရိမ်တဲ့မျက်လုံးတွေနဲ့ ကြည့်နေလေသည်။
သူမကျင်းအာကိုပြုံးပြလိုက်ပြီး"စိတ်မပူပါနဲ့, နန်းဘုရင်ကငါ့ကို ကိုက်မစားရဲပါဘူး"
...ဟုတ်တယ်မလားဟင်????
"အရှင့်သားနန်းဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်"
သူမမင်းသားရဲ့အိပ်ခန်းထဲသို့တစ်ယောက်တည်း ၀င်သွားလိုက်သည်၊အိပ်ခန်းထဲတွင် လီဟန်သည် ကုလားထိုင်ပေါ်တွင်ထိုင်နေသည်။
'အာ့!ငါ့မျက်လုံး..ငါ့ရဲ့အင်နိုးစန့်မျက်လုံးလေးတွေ'
သူရဲ့အပေါ်ပိုင်းကို အပြည့်မြင်နေရသည်၊အနီရောင်စွန်းထင်းနေတယ့်ပတ်တီးဖြူများဖြင့်စည်းထားပြီးသူ့ကြည့်ရတာ နှစ်တစ်ထောင်လောက်စစ်တိုက်ခဲ့ရပြီး ကျရှုံးသွားတယ့်သူတစ်ယောက်လိုပဲ။
စစ်မြေပြင်ကပြန်လာတာ တစ်လနီးပါးရှိခဲ့ပြီဖြစ်သည်၊ဒီအဓိကဇာတ်ဆောင်တော့ ငါတကယ် ခံနိုင်ရည်မရှိတော့ဘူး!ဆန်းကြယ်စွာနဲ့ ဆယ်ကျော်သက်အရွယ်ကြီးပြင်းမှုကမြန်ဆန်လာသည်၊သူကြီးပြင်းလာတာ အရမ်းမြန်တာပဲ!
သူက ဆယ့်ရှစ်နှစ်ပဲရှိသေးတာလေ!
ဒီခန္ဓာကိုယ်က ဆယ့်ခုနစ်နှစ်ပဲရှိပေမယ့်သူမကမ္ဘာမှာတော့ သူမကနှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်သည်၊ဒီဝတ္ထုလောကထဲမှာ ငါးနှစ်ရှိပြီဆိုတော့.. အခြေခံအားဖြင့်ဆို.. နှစ်ဆယ့်ကိုးနှစ်လား?
'ဒါကို ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုလို့ ရှင်းရှင်းလင်းလင်း ယူဆလို့ရတယ်'
သုံးနှစ်ကြာပြီးနောက်တွင် သနားစရာကောင်းစွာအနိုင်ကျင့်ခံရသောမင်းသားသည် နာမည်ဆိုးဖြင့်ကျော်ကြားသောနန်းဘုရင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။လီဟန်က ချောမှန်းသိပေမယ့် ဒီနေ့တော့သူသည်တခြားအဆင့်သို့ရောက်နေပြီဖြစ်သည်.. အရမ်းချောတယ်!-_-
မဟုတ်ဘူး,ချောမောမှုအဆင့်က triple killပဲ!.. မဟုတ်ဘူး.. မဟုတ်သေးဘူး.. maniac leve-အွီး မဟုတ်သေးဘူး၊ဒီနေ့ကသူsavageအဆင့်နဲ့ကို အရမ်းခန့်နေတာ!-_-
*အတွင်းထဲမှာတော့သူမကိုယ်သူမပါးရိုက်နေသည်*ငါဘာတွေပြောနေမိပါလိမ့်။
ဒီဇာတ်ဆောင်ခွေးရူးက အရမ်းလှတယ်၊သူက အဓိကဇာတ်ဆောင်မင်းသမီးထက်ပိုလှတာကို ငါဘာလို့သတိမထားမိပါလိမ့်?စုရှင်းသူမရဲ့သနားစရာကောင်းတယ့်ဝိညဉ်လေး ခန္ဓာကိုယ်ကနေထွက်ခွာချင်နေပြီဖြစ်သည်။
'ဟဲ့,အရူးမ,စိတ်ကူးယဉ်နေတာတော်တော့!'
လူငယ်လေး၏ဖြူဖျော့သော အသားအရေ၊ပျင်းရိနေသော မျက်လုံးများနှင့်အားနည်းနေသောခန္တာကိုယ်သည်တစ်မျိုးတဖုံစွဲဆောင်မှုရှိနေသည်၊အဲ့ပုံစံက ငါ့စိတ်တွေထိန်းလို့မရတော့ဘူး!အပူရှိန်ပြင်းတယ့်သားရဲတစ်ကောင်လို အခုအချိန်မှာသူမ သူ့အပေါ်ကိုခုန်အုပ်လိုက်ချင်သလိုခံစားနေရသည်။
စိတ်ကူးယဉ်ဇာတ်ကောင်ကအရိုင်းဆန်တဲ့အလှတရားမျိုးပဲ...
သူမအကြည့်တွေက သူ့လည်ပင်းအကွေးတစ်လျှောက်ကထင်ရှားတဲ့ အာဒမ်ပန်းသီးကိုကျော်ပြီး အချိုးကျနေတယ့်မေးရိုး၊ပုခုံးကျယ်တွေ၊ရင်ဘတ်ကျယ်ပြီး သေးသွယ်တယ့်ခါးအောက်ထိပါလျှောကြည့်လိုက်မိသည်။
သူမကြို့ထိုးသွားကာ 'စိတ်လျှော့၊စိတ်လျော့အမိ'-___-
သူမကိုယ့်စိတ်ကို ပြန်စုစည်းကာသူ့ခွင့်ပြုချက်ကိုမစောင့်ဘဲ စားပွဲတစ်ဖက်တွင်မောက်မာစွာ ဝင်ထိုင်လိုက်သည်၊ထို့နောက် ခွက်တစ်ခုထဲသို့ ရေအနည်းငယ်လောင်းထည့်လိုက်၏။သူမရေတစ်ကယ်သောက်ဖို့လိုနေလေပြီလေ။
သို့သော် လီဟန်မျက်လုံးများကသူမဆီသို့ရောက်မလာခဲ့ချေ။
သူမနှလုံးသား တုန်လှုပ်သွားသည်။
ဝတ္ထုထဲတွင် ပိုင်စုရှင်းသည် လီဟန်၏သေခြင်းတရားရောက်လာတော့မည်ဟုထင်သောကြောင့်ဟန်ဆောင်စရာမလိုတော့ဘူးဟုထင်ခဲ့သည်၊ သေလုမြောပါးနန်းဘုရင်ရှေ့မှာ နှိမ့်ချနေစရာ မလိုတော့ဘူးဟုတွေးခဲ့သည်၊သူ့မျက်နှာသာရဖို့ ထပ်မလိုတော့ချေပြီ၊ဘယ်လိုပဲဖြစ်ဖြစ် အသုံးမကျတဲ့စတုတ္ထမင်းသားကို ဘယ်သူကလိုအပ်မှာလဲ,ဟုတ်တယ်မလား?
ပြီးတော့ ဟုတ်တယ်၊ပိုင်စုရှင်းက ဟယ်ပေ မြို့စားကိုသူ့ရဲ့ဧကရာဇ်အဖြစ် ရွေးချယ်ပြီးပြီဖြစ်သည်။
ထို့ကြောင့် နောက်တစ်ပိုင်းသည်ဗီလိန်မရဲ့ဟန်ဆောင်မျက်နှာဖုံးချွတ်လိုက်သည့်အခန်းဖြစ်သည်-လက်ဖက်ရည်ဗီလိန်မလေး ပိုင်စုရှင်း၏၀န်ခံချက်ဖြစ်သည်။*လက်ဖက်ရည်ခွက်ချင်းထိမိသွားသောမြည်သံ *
သူမခွက်ကို စားပွဲပေါ်သို့မှောက်ချလိုက်သည်၊သူ့အကြည့်တွေကြောင့်စိတ်ဆိုးဟန်ဆောင်ကာ လက်ဖက်ရည်ခွက်ကိုသူ့ဆီသို့ ပစ်ပေါက်လိုက်သည်၊ကြမ်းပြင်ပေါ်သို့ပြုတ်ကျပြီး ကျေမွမသွားခင်သူ၏နဖူးကို မှန်သွားသည်။
သူ့နဖူးတွင် အနီရောင်အဖုအထစ်များ ချက်ချင်းပေါ်လာတော့သည်၊လီဟန်သည်မတုန်လှုပ်သလိုတားဆီးရန်ပင် မကြိုးစားခဲ့ပေ။
သူ့မျက်၀န်းတွေက..
"မင်းဘာလို့အဲ့လောက်ကြာနေရတာလဲ?"
လီဟန်ပုံစံသည် သူမကမ္ဘာရှိအိမ်နားတွင်စွန့်ပစ်ထားတယ့်ခွေးကလေးကို ပြန်အမှတ်ရစေသည်။
ထိုခွေးလေးကအားငယ်နေတယ့်မျက်လုံးတွေနဲ့လမ်းသွာလမ်းလာတွေကိုကြည့်နေတတ်သည် 'ငါ့ပိုင်ရှင်က ငါ့ကို မလိုချင်တော့ဘူးပဲ' ဒါမှမဟုတ်ရင်လည်း'ငါသေလိုက်ရင်ကောင်းမလား'လို့ ပြောနေသလိုပဲ။
'အာ..ဒီအဓိကဇာတ်ဆောင်ကိုသနားနေလို့မရဘူး၊သူငါ့လူတွေကို နှိပ်စက်တယ်!ကျင်းအာ ကိုလည်း နာကျင်စေခဲ့တယ်!'
သူမလက်ထဲနောက်ထပ်ဖန်ခွက်တစ်လုံးကိုင်ကာ အဓိကဇာတ်ဆောင်ဆီသို့လျှောက်သွားလိုက်သည်၊သူမနှလုံးသားကိုမာကျောအောင်ထားကာသူ့အနီးနားတွင်ရပ်လိုက်၏။ထို့နောက် သူမသူ့ခေါင်းပေါ်သို့ဖန်ခွက်ထဲကရေများဖြည်းညှင်းစွာလောင်းချလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ဘာတုံ့ပြန်မှုမှမရှိခဲ့ချေ။
လွန်ခဲ့သည့်နှစ်တွေနှင့်မတူတော့ပေ၊အရင်ကသူမလီဟန်ကိုအနိုင်ကျင့်သည့်အခါတိုင်းသူကသူမအား ဓားမြှောင်တစ်ထောင်ဖြင့်ပစ်သတ်ချင်နေသလို စူးစူးစိုက်စိုက်ကြည့်တတ်သည်၊ဒါပေမယ့်အခုတော့သူမ အဓိကဇာတ်ဆောင်ကိုအနိုင်ကျင့်ရတာခက်ခဲတယ့်အရာတစ်ခုလိုဖြစ်နေသည်။
ရေကသူ့မျက်နှာအောက်သို့ စီးကျသွားသည်၊စုရှင်းသူ့မေးရိုးတစ်လျှောက်အား လက်ချောင်းလေးတွေဖြင့် ဖြည်းညှင်းစွာခြေရာခံရင်း မေးစေ့ကိုသူမဘက်ဆွဲလှည့်လိုက်သည်။
စုရှင်းအပြုံးဖျော့ဖျော့လေးပြုံးကာ"အကြာကြီးစောင့်လိုက်ရလား?"
လက်တစ်ဖက်က သူ့နဖူးကိုထိလိုက်ကာစိုးရိမ်နေပုံဖြင့် "ရှင် နာသွားမှာပဲ"
လီဟန်ကခေါင်းရမ်းလိုက်ကာအားနည်းနေသောအပြုံးလေးဖြင့်ပြုံးပြလိုက်သည် "ဘာမှမဖြစ်ပါဘူး"
သူချောင်းဆိုးလိုက်တိုင်းအရမ်းနာကျင်နေပုံရသည်"ငါ့ကို တစ်ခုလိမ်ပြောပေးလို့ရမလား?"
'ဟ..ဟမ်?'
သူ့ရဲ့ဖျော့တော့နေသောအသွင်အပြင်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ကို ပြန်အမှတ်ရစေသည်၊အဲ့ဒီတုန်းကလည်းသူအားနည်းပြီး အပြင်းဖျားခဲ့သည်။
"မင်းငါ့ကိုကြိုက်တယ်လို့ပြောပေးပါ"
သူကသူမကိုလိမ်ပြောစေချင်ခဲ့တယ်.. ပြီတော့
သူ့ကိုကြိုက်တယ်လို့ပြောစေချင်ခဲ့ခြင်းဖြစ်သည်။
... အာ???
"ဘာလို့လဲဆိုတော့ မင်းရဲ့အလိမ်ညာကငါ့ကို ရူးသွပ်စေလို့ပဲ၊သေလောက်အောင်ကို..ရူးသွပ်စေနိုင်လို့"
****
[Zawgyi]
ခ်ဴ၀မ္၀မ္သူမ၏ေသးသြယ္ေသာလက္ေမာင္းအားလႊတ္မေပးခင္ထိကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ေသးသည္။
ယခုပိုင္စု႐ွင္းခႏၶာကိုယ္နဲ႔ယွဥ္ရင္ ခ်ဴ၀မ္၀မ္သည္ကိုယ္ခံပညာကို ကြၽမ္းက်င္သည္၊သူမကမူ... ယင္ေကာင္ကိုေတာင္မထိခိုက္ႏိုင္ပါ။
သူမေျခလွမ္းစလွမ္းလိုက္ၿပီး ခ်ဴ၀မ္၀မ္၏လွပေသာမ်က္ႏွာေပၚတြင္ေဒါသတႀကီးမ်က္ႏွာထားျဖင့္သာခ်န္ရစ္ခဲ့သည္၊စု႐ွင္းေထာင့္ခ်ိဳးသို႔ေရာက္သြားမွ,အဓိကဇာတ္ေဆာင္မင္းသမီးရဲ႕အျမင္မွလြတ္သြားေတာ့သည္၊ထိုမွသာ သူမရဲ႕ေသသပ္စြာအခ်ိဳးက်ေနတယ့္ဗီလိန္မ်က္ႏွာက ငိုခ်င္ေနသည့္စိတ္ျဖင့္႐ႈံ႕သြားေတာ့သည္။
'ငါ့ႏွယ့္ေသသာေသလိုက္ခ်င္ေတာ့တယ္'
သမားေတာ္နဲ႔ေတာ့ျပၾကည့္ရအုန္းမယ္၊ဇာတ္ေဆာင္မင္းသမီးက ငါ့လက္ခ်ိဳးလိုက္ၿပီထင္တယ္၊ဒီခႏၲာကိုယ္က နာက်င္မႈကိုအရမ္းခံစားလြယ္တယ္။
က်င္းအာတစ္ခုခုသတိထားမိသြားကာ ရဲမက္မ်ားႏွင့္အျခားအေစခံမ်ားကိုလက္ဟန္ေျခဟန္ျဖင့္ျပလိုက္သည္၊သူတို႔ရပ္တန္႔ကာေခါင္းညိတ္လိုက္ၾကသည္၊က်င္းအာေျပာတာကိုသူတို႔ဘယ္လိုလုပ္နားလည္ၾကတာပါလိမ့္။
က်င္းအာက သူတို႔ႏွင့္သင့္တင့္တယ့္အကြာအေဝးမွာေနကာသူမကို သစ္ပင္ေနာက္သို႔ဆြဲေခၚသြားသည္၊က်င္းအာ၏မ်က္ႏွာသည္ စိုးရိမ္ေနပုံေပါက္ေနေသာေၾကာင့္ သူမစု႐ွင္းလည္းပဲငိုခ်င္ေနရာမွျပန္သက္သာသြားသည္၊က်င္းအာသည္သူမသခင္မေလး၏ လက္ေမာင္းေပၚသို႔အသာေလးထိကာ သက္ျပင္းခ်ေနသည္။
ဘုရားေရ!ငါ့လက္ေမာင္းမွာ အျပာေရာင္အစင္းေၾကာင္းေတြ ေပၚေနၿပီ၊သူမပါးစပ္က 'အို'ပုံစံသို႔ပင္ေျပာင္းလဲသြားသည္။
က်င္းအာရဲ႕ေဒါသထြက္ေနတယ့္မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့သူမ စိတ္သက္သာရာရသြားသည္၊က်င္းအာသည္သနားစရာေကာင္းတယ့္သူမသခင္မေလးအား ဖက္၍ေက်ာကိုပြတ္သပ္ကာႏွစ္သိမ့္ေပးလိုက္သည္၊က်င္းအာသာစကားေျပာႏိုင္ရင္သူမသခင္မေလး မေၾကာက္ဖို႔ေျပာေနမွာအမွန္ပင္။
'က်င္းအာ..ဟူး..ဟူး.. လွပတယ့္အဓိကဇာတ္ေဆာင္မင္းသမီးကငါ့ကိုေၾကာက္ေအာင္လုပ္တယ္'
--
"နင္တို႔ဘာပဲၾကားၾကား,၀င္မလာနဲ႔"
စစ္သူႀကီးမင္ႏွင့္အေစခံမ်ားသည္ေလးေလးစားစားေခါင္းမညိမ့္ခင္ တစ္ေယာက္ကိုတစ္ေယာက္အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။
က်င္းအာကသူမသခင္မေလးလက္အားကိုင္ထားၿပီးစိုးရိမ္တဲ့မ်က္လုံးေတြနဲ႔ ၾကည့္ေနေလသည္။
သူမက်င္းအာကိုျပဳံးျပလိုက္ၿပီး"စိတ္မပူပါနဲ႔, နန္းဘုရင္ကငါ့ကို ကိုက္မစားရဲပါဘူး"
...ဟုတ္တယ္မလားဟင္????
"အ႐ွင့္သားနန္းဘုရင္ကို ႏႈတ္ခြန္းဆက္သပါတယ္"
သူမမင္းသားရဲ႕အိပ္ခန္းထဲသို႔တစ္ေယာက္တည္း ၀င္သြားလိုက္သည္၊အိပ္ခန္းထဲတြင္ လီဟန္သည္ ကုလားထိုင္ေပၚတြင္ထိုင္ေနသည္။
'အာ့!ငါ့မ်က္လုံး..ငါ့ရဲ႕အင္ႏိုးစန္႔မ်က္လုံးေလးေတြ'
သူရဲ႕အေပၚပိုင္းကို အျပည့္ျမင္ေနရသည္၊အနီေရာင္စြန္းထင္းေနတယ့္ပတ္တီးျဖဴမ်ားျဖင့္စည္းထားၿပီးသူ႕ၾကည့္ရတာ ႏွစ္တစ္ေထာင္ေလာက္စစ္တိုက္ခဲ့ရၿပီး က်႐ႈံးသြားတယ့္သူတစ္ေယာက္လိုပဲ။
စစ္ေျမျပင္ကျပန္လာတာ တစ္လနီးပါး႐ွိခဲ့ၿပီျဖစ္သည္၊ဒီအဓိကဇာတ္ေဆာင္ေတာ့ ငါတကယ္ ခံႏိုင္ရည္မ႐ွိေတာ့ဘူး!ဆန္းၾကယ္စြာနဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ႀကီးျပင္းမႈကျမန္ဆန္လာသည္၊သူႀကီးျပင္းလာတာ အရမ္းျမန္တာပဲ!
သူက ဆယ့္႐ွစ္ႏွစ္ပဲ႐ွိေသးတာေလ!
ဒီခႏၶာကိုယ္က ဆယ့္ခုနစ္ႏွစ္ပဲ႐ွိေပမယ့္သူမကမ႓ာမွာေတာ့ သူမကႏွစ္ဆယ့္ေလးႏွစ္႐ွိၿပီျဖစ္သည္၊ဒီဝတၳဳေလာကထဲမွာ ငါးႏွစ္႐ွိၿပီဆိုေတာ့.. အေျခခံအားျဖင့္ဆို.. ႏွစ္ဆယ့္ကိုးႏွစ္လား?
'ဒါကို ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈလို႔ ႐ွင္း႐ွင္းလင္းလင္း ယူဆလို႔ရတယ္'
သုံးႏွစ္ၾကာၿပီးေနာက္တြင္ သနားစရာေကာင္းစြာအႏိုင္က်င့္ခံရေသာမင္းသားသည္ နာမည္ဆိုးျဖင့္ေက်ာ္ၾကားေသာနန္းဘုရင္ အျဖစ္သို႔ ေျပာင္းလဲ သြားခဲ့သည္။လီဟန္က ေခ်ာမွန္းသိေပမယ့္ ဒီေန႔ေတာ့သူသည္တျခားအဆင့္သို႔ေရာက္ေနၿပီျဖစ္သည္.. အရမ္းေခ်ာတယ္!-_-
မဟုတ္ဘူး,ေခ်ာေမာမႈအဆင့္က triple killပဲ!.. မဟုတ္ဘူး.. မဟုတ္ေသးဘူး.. maniac leve-အြီး မဟုတ္ေသးဘူး၊ဒီေန႔ကသူsavageအဆင့္နဲ႔ကို အရမ္းခန္႔ေနတာ!-_-
*အတြင္းထဲမွာေတာ့သူမကိုယ္သူမပါး႐ိုက္ေနသည္*ငါဘာေတြေျပာေနမိပါလိမ့္။
ဒီဇာတ္ေဆာင္ေခြး႐ူးက အရမ္းလွတယ္၊သူက အဓိကဇာတ္ေဆာင္မင္းသမီးထက္ပိုလွတာကို ငါဘာလို႔သတိမထားမိပါလိမ့္?စု႐ွင္းသူမရဲ႕သနားစရာေကာင္းတယ့္ဝိညဥ္ေလး ခႏၶာကိုယ္ကေနထြက္ခြာခ်င္ေနၿပီျဖစ္သည္။
'ဟဲ့,အ႐ူးမ,စိတ္ကူးယဥ္ေနတာေတာ္ေတာ့!'
လူငယ္ေလး၏ျဖဴေဖ်ာ့ေသာ အသားအေရ၊ပ်င္းရိေနေသာ မ်က္လုံးမ်ားႏွင့္အားနည္းေနေသာခႏၲာကိုယ္သည္တစ္မ်ိဳးတဖုံစြဲေဆာင္မႈ႐ွိေနသည္၊အဲ့ပုံစံက ငါ့စိတ္ေတြထိန္းလို႔မရေတာ့ဘူး!အပူ႐ွိန္ျပင္းတယ့္သားရဲတစ္ေကာင္လို အခုအခ်ိန္မွာသူမ သူ႕အေပၚကိုခုန္အုပ္လိုက္ခ်င္သလိုခံစားေနရသည္။
စိတ္ကူးယဥ္ဇာတ္ေကာင္ကအ႐ိုင္းဆန္တဲ့အလွတရားမ်ိဳးပဲ...
သူမအၾကည့္ေတြက သူ႕လည္ပင္းအေကြးတစ္ေလွ်ာက္ကထင္႐ွားတဲ့ အာဒမ္ပန္းသီးကိုေက်ာ္ၿပီး အခ်ိဳးက်ေနတယ့္ေမး႐ိုး၊ပုခုံးက်ယ္ေတြ၊ရင္ဘတ္က်ယ္ၿပီး ေသးသြယ္တယ့္ခါးေအာက္ထိပါေလွ်ာၾကည့္လိုက္မိသည္။
သူမႀကိဳ႕ထိုးသြားကာ 'စိတ္ေလွ်ာ့၊စိတ္ေလ်ာ့အမိ'-___-
သူမကိုယ့္စိတ္ကို ျပန္စုစည္းကာသူ႕ခြင့္ျပဳခ်က္ကိုမေစာင့္ဘဲ စားပြဲတစ္ဖက္တြင္ေမာက္မာစြာ ဝင္ထိုင္လိုက္သည္၊ထို႔ေနာက္ ခြက္တစ္ခုထဲသို႔ ေရအနည္းငယ္ေလာင္းထည့္လိုက္၏။သူမေရတစ္ကယ္ေသာက္ဖို႔လိုေနေလၿပီေလ။
သို႔ေသာ္ လီဟန္မ်က္လုံးမ်ားကသူမဆီသို႔ေရာက္မလာခဲ့ေခ်။
သူမႏွလုံးသား တုန္လႈပ္သြားသည္။
ဝတၳဳထဲတြင္ ပိုင္စု႐ွင္းသည္ လီဟန္၏ေသျခင္းတရားေရာက္လာေတာ့မည္ဟုထင္ေသာေၾကာင့္ဟန္ေဆာင္စရာမလိုေတာ့ဘူးဟုထင္ခဲ့သည္၊ ေသလုေျမာပါးနန္းဘုရင္ေ႐ွ႕မွာ ႏွိမ့္ခ်ေနစရာ မလိုေတာ့ဘူးဟုေတြးခဲ့သည္၊သူ႕မ်က္ႏွာသာရဖို႔ ထပ္မလိုေတာ့ေခ်ၿပီ၊ဘယ္လိုပဲျဖစ္ျဖစ္ အသုံးမက်တဲ့စတုတၳမင္းသားကို ဘယ္သူကလိုအပ္မွာလဲ,ဟုတ္တယ္မလား?
ၿပီးေတာ့ ဟုတ္တယ္၊ပိုင္စု႐ွင္းက ဟယ္ေပ ၿမိဳ႕စားကိုသူ႕ရဲ႕ဧကရာဇ္အျဖစ္ ေ႐ြးခ်ယ္ၿပီးၿပီျဖစ္သည္။
ထို႔ေၾကာင့္ ေနာက္တစ္ပိုင္းသည္ဗီလိန္မရဲ႕ဟန္ေဆာင္မ်က္ႏွာဖုံးခြၽတ္လိုက္သည့္အခန္းျဖစ္သည္-လက္ဖက္ရည္ဗီလိန္မေလး ပိုင္စု႐ွင္း၏၀န္ခံခ်က္ျဖစ္သည္။*လက္ဖက္ရည္ခြက္ခ်င္းထိမိသြားေသာျမည္သံ *
သူမခြက္ကို စားပြဲေပၚသို႔ေမွာက္ခ်လိုက္သည္၊သူ႕အၾကည့္ေတြေၾကာင့္စိတ္ဆိုးဟန္ေဆာင္ကာ လက္ဖက္ရည္ခြက္ကိုသူ႕ဆီသို႔ ပစ္ေပါက္လိုက္သည္၊ၾကမ္းျပင္ေပၚသို႔ျပဳတ္က်ၿပီး ေက်မြမသြားခင္သူ၏နဖူးကို မွန္သြားသည္။
သူ႕နဖူးတြင္ အနီေရာင္အဖုအထစ္မ်ား ခ်က္ခ်င္းေပၚလာေတာ့သည္၊လီဟန္သည္မတုန္လႈပ္သလိုတားဆီးရန္ပင္ မႀကိဳးစားခဲ့ေပ။
သူ႕မ်က္၀န္းေတြက..
"မင္းဘာလို႔အဲ့ေလာက္ၾကာေနရတာလဲ?"
လီဟန္ပုံစံသည္ သူမကမ႓ာ႐ွိအိမ္နားတြင္စြန္႔ပစ္ထားတယ့္ေခြးကေလးကို ျပန္အမွတ္ရေစသည္။
ထိုေခြးေလးကအားငယ္ေနတယ့္မ်က္လုံးေတြနဲ႔လမ္းသြာလမ္းလာေတြကိုၾကည့္ေနတတ္သည္ 'ငါ့ပိုင္႐ွင္က ငါ့ကို မလိုခ်င္ေတာ့ဘူးပဲ' ဒါမွမဟုတ္ရင္လည္း'ငါေသလိုက္ရင္ေကာင္းမလား'လို႔ ေျပာေနသလိုပဲ။
'အာ..ဒီအဓိကဇာတ္ေဆာင္ကိုသနားေနလို႔မရဘူး၊သူငါ့လူေတြကို ႏွိပ္စက္တယ္!က်င္းအာ ကိုလည္း နာက်င္ေစခဲ့တယ္!'
သူမလက္ထဲေနာက္ထပ္ဖန္ခြက္တစ္လုံးကိုင္ကာ အဓိကဇာတ္ေဆာင္ဆီသို႔ေလွ်ာက္သြားလိုက္သည္၊သူမႏွလုံးသားကိုမာေက်ာေအာင္ထားကာသူ႕အနီးနားတြင္ရပ္လိုက္၏။ထို႔ေနာက္ သူမသူ႕ေခါင္းေပၚသို႔ဖန္ခြက္ထဲကေရမ်ားျဖည္းညႇင္းစြာေလာင္းခ်လိုက္သည္။
ေမွ်ာ္လင့္ထားသည့္အတိုင္း ဘာတုံ႔ျပန္မႈမွမ႐ွိခဲ့ေခ်။
လြန္ခဲ့သည့္ႏွစ္ေတြႏွင့္မတူေတာ့ေပ၊အရင္ကသူမလီဟန္ကိုအႏိုင္က်င့္သည့္အခါတိုင္းသူကသူမအား ဓားေျမႇာင္တစ္ေထာင္ျဖင့္ပစ္သတ္ခ်င္ေနသလို စူးစူးစိုက္စိုက္ၾကည့္တတ္သည္၊ဒါေပမယ့္အခုေတာ့သူမ အဓိကဇာတ္ေဆာင္ကိုအႏိုင္က်င့္ရတာခက္ခဲတယ့္အရာတစ္ခုလိုျဖစ္ေနသည္။
ေရကသူ႕မ်က္ႏွာေအာက္သို႔ စီးက်သြားသည္၊စု႐ွင္းသူ႕ေမး႐ိုးတစ္ေလွ်ာက္အား လက္ေခ်ာင္းေလးေတြျဖင့္ ျဖည္းညႇင္းစြာေျခရာခံရင္း ေမးေစ့ကိုသူမဘက္ဆြဲလွည့္လိုက္သည္။
စု႐ွင္းအျပဳံးေဖ်ာ့ေဖ်ာ့ေလးျပဳံးကာ"အၾကာႀကီးေစာင့္လိုက္ရလား?"
လက္တစ္ဖက္က သူ႕နဖူးကိုထိလိုက္ကာစိုးရိမ္ေနပုံျဖင့္ "႐ွင္ နာသြားမွာပဲ"
လီဟန္ကေခါင္းရမ္းလိုက္ကာအားနည္းေနေသာအျပဳံးေလးျဖင့္ျပဳံးျပလိုက္သည္ "ဘာမွမျဖစ္ပါဘူး"
သူေခ်ာင္းဆိုးလိုက္တိုင္းအရမ္းနာက်င္ေနပုံရသည္"ငါ့ကို တစ္ခုလိမ္ေျပာေပးလို႔ရမလား?"
'ဟ..ဟမ္?'
သူ႕ရဲ႕ေဖ်ာ့ေတာ့ေနေသာအသြင္အျပင္က လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကသူ႕ကို ျပန္အမွတ္ရေစသည္၊အဲ့ဒီတုန္းကလည္းသူအားနည္းၿပီး အျပင္းဖ်ားခဲ့သည္။
"မင္းငါ့ကိုႀကိဳက္တယ္လို႔ေျပာေပးပါ"
သူကသူမကိုလိမ္ေျပာေစခ်င္ခဲ့တယ္.. ၿပီေတာ့
သူ႕ကိုႀကိဳက္တယ္လို႔ေျပာေစခ်င္ခဲ့ျခင္းျဖစ္သည္။
... အာ???
"ဘာလို႔လဲဆိုေတာ့ မင္းရဲ႕အလိမ္ညာကငါ့ကို ႐ူးသြပ္ေစလို႔ပဲ၊ေသေလာက္ေအာင္ကို..႐ူးသြပ္ေစႏိုင္လို႔"
****