My Cherry Will Explode in the Apocalypse
Chapter 21
Author: Drunken Light Song
Source: Jostena M
Translator: オタク
【 Unicode 】
လူသုံးယောက်သည် အနောက်ဘက်အခြမ်းရှိပြတင်းပေါက်ဆီသို့လာခဲ့ကြသည်။ ကျန့်ယွင်သည် စုရွေ့ကျယ်ပေးထားသောကြိုးကို ကျွမ်းကျင်စွာချည်နှောင်လိုက်၏။ ထို့နောက် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့ကို အရင်ဆုံးဆင်းစေကာ ပြီးမှ သူဖြည်းဖြည်းချင်းဆင်းလာပြီး နောက်ဆုံး၌ကြိုးကို သူတို့ဆီသို့ဖြတ်ယူလိုက်ကာ ချောချောမွေ့မွေ့ရောက်သွားလေသည်။
သို့သော်လည်း ထွက်ပေါက်နားတွင် တစ်စုံတစ်ယောက်ရှိနေ၏။ သေချာတာပေါ့, သူတို့နေရာလွတ်ထဲမှကားကို ထုတ်မောင်းလို့မဖြစ်တော့ချေ။ ထို့ကြောင့် နောက်ကလှည့်ပတ်ပြီး သွားဖို့ဆုံးဖြတ်လိုက်သည်။ သူတို့လမ်းလျှောက်နေစဉ်မှာပဲ အုပ်စုတစ်ခုထဲပြေး၀င်သွားမှန်း ဘယ်သူသိမှာလဲ။
ထိုလူများတွင် အမျိုးသားခြောက်ယောက်နှင့် အမျိုးသမီးသုံးယောက် စုစုပေါင်းကိုးယောက်ရှိလေသည်။သူတို့အားလုံးတွင် ဘေ့စ်ဘောရိုက်တုတ်များ၊ ဂေါ့ဖ်ရိုက်တံများ၊ ထိုင်ခုံခြေထောက်များ နှင့်တခြားကိရိယာများရှိကြပြီး သူတို့သည် အနီးအနားတွင်နေထိုင်ကြသူများဖြစ်နိုင်ကာ စူပါမားကတ်သို့ အစားအသောက်ရှာဖွေရန်အတွက် လာခဲ့ကြခြင်းဖြစ်ပုံရသည်။ ကျန့်ယွင်ဦးဆောင်လာသောလူသုံးယောက်အုပ်စုကိုမြင်ပြီးနောက် သူတို့၏မျက်လုံးများတောက်ပသွားကြလေသည်။ ကြည့်လိုက်ရုံဖြင့်ပင် ကျန့်ယွင်၏ခန္ဓာကိုယ်သည် တိုက်ခိုက်ခြင်းအတွက် အလွန်စွမ်းရည်ရှိနိုင်သည်။ တစ်ခြားနှစ်ယောက်သည် အားနည်းကြသော်လည်း သူတို့လက်များထဲတွင် ဓားများရှိနေကြပြီး အားကောင်းသောတိုက်ခိုက်ရေးအဖွဲ့တစ်ခုလည်းဖြစ်နိုင်သည်။
၀တ်စုံပြည့်၀တ်ထားသောလူတစ်ယောက်သည် ချက်ချင်းရှေ့သို့ထွက်လာကာပြောလာ၏။
“မင်းတို့သုံးယောက်လည်း ဒီကို အစားအသောက်စုဆောင်းဖို့လာခဲ့တာလား”
ကျန့်ယွင် မငြင်းဆန်နိုင်တော့ပဲ ခေါင်းငြိတ်လိုက်သည်။။
“ဘာလို့ငါတို့အတူမသွားရမှာလဲ? ရှောင်၀မ်က ဒီကုန်တိုက်ရဲ့ ငွေသိမ်းတစ်ယောက်ပဲ။ သူမရဲ့အမျိုးသားက ဒီမှာ လုံခြုံရေးတစ်ယောက်လေ။ သူမက ဒီကုန်တိုက်နဲ့ အရမ်းအကျွမ်းတ၀င်ရှိတယ်။ ငါတို့အစားအစာအတူရှာလို့ရတယ်! ”
၀တ်စုံပြည့်၀တ်ဆင်ထားသောအမျိုးသားက သူတို့ထဲမှတစ်ယောက်အားညွှန်ပြလာ၏။
သူတို့ ကုန်တိုက်ကို အပြောင်ရှင်းလုနီးပါးပြီးသွားခဲ့ပြီမို့ သူတို့ပြန်မသွားလိုကြတော့ချေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ကုန်တိုက်၏မှန်ကိုခွဲလိုက်ပြီး သူတို့ကုန်တိုက်အရှေ့ဘက်မှ၀င်လာခဲ့ကြသည် ဆိုသောဇာတ်လမ်းအားပြောပြလိုက်သည်။
“အဲ့ဒါက အဆင်ပြေပါတယ်။ ကုန်တိုက်က အရမ်းကြီးတာမို့ သူတို့အရာတိုင်းကိုယူမသွားနိုင်ပါဘူး ဟုတ်တယ်မလား? ”
၀တ်စုံပြည့်၀တ်ထားသောလူသည် ရှုံ့ချစွာပြောလိုက်ပြီး
“ဒါ့အပြင် ကောင်းတဲ့ပစ္စည်းတွေက အနောက်ဘက်သိုလှောင်ရုံထဲမှာရှိတယ်။ ရှောင်၀မ်မှာသော့တွေရှိတယ်။ အနောက်ဘက်ကနေအထဲကိုသွားကြစို့ ပြီးရင် သူတို့နဲ့မဆုံတော့ဘူးပေါ့ ”
ပြောဆိုကြပြီးနောက် အကယ်၍သူတို့နောက်တစ်ကြိမ်ငြင်းလိုက်ပါက ထူးဆန်းနေပုံပေါက်နေလိမ့်မည်။ နောက်ဆုံးမှာတော့ သူတို့အားလုံးကအစားအသောက်လာရှာကြသူတွေလေ။ ဤကဲ့သို့သောအခွင့်အရေးကောင်းတစ်ခုကိုမယူဘူးဆိုလျှင် သံသယ၀င်စရာပင်။ ပိုအရေးကြီးသည်မှာ စုရွေ့ကျယ်သည် စူပါမားကတ်သိုလှောင်ရုံထဲမှ ပစ္စည်းများကိုလက်လွတ်မခံချင်ပေ။ အခုမှ ကမ္ဘာပျက်ကပ်အဆုံးသတ်ကြီး၏ အစပင်ရှိသေးသည်။ လူအများစုသည် ထိတ်လန့်တုန်လှုပ်ပြီး ပြာယာခတ်နေကြတုန်းပဲရှိသေးသည်။ သို့သော်လည်း မကြာခင်မှာပင် သူတို့အစားအသောက်ပျက်လပ်မှုကို သတိပြုမိလာပြီး နေရာတိုင်းတွင် ပစ္စည်းများစတင်ရှာဖွေကြတော့မည်။ အနာဂါတ်တွင် ပစ္စည်းများစုဆောင်းရန် ဤမျှလောက်ကြီးမားသော အခွင့်အရေးမျိုးများရနိုင်လိမ့်အုံးမလားဆိုသည်ကို သူမသိချေ။ သူ့ယခင်ဘ၀သည် အလွန်ဆင်းရဲမွဲတေသဖြင့် ဤဘ၀တွင် စုရွေ့ကျယ်၌ ပစ္စည်းများနှင့် အခြားအရာများကိုစုဆောင်းရသည်ကို အလွန်အမင်းစွဲလမ်းနေလေသည်။
ကျန့်ယွင်သည် ဖုတ်ကောင်များစုစည်းသောအချိန်ကိုခန့်မှန်းလိုက်၏။ သူတို့မြန်မြန်လှုပ်ရှားမည်ဆိုလျှင် သူတို့ထွက်ခွာဖို့အချိန်အလုံအလောက်ရနိုင်သည်။
ထို့ကြောင့် လူသုံးယောက်သည် သူတို့၏အဖွဲ့နှင့်ပေါင်းလိုက်ပြီး သူတို့နောက် ကုန်တိုက်၏အနောက်ဘက်တံခါးဆီသို့ပတ်လိုက်သွားလိုက်ကြသည်။ သန်မာပြီးသေးကွေးသောလူတစ်ယောက်မှလာပြီး သော့ကိုထုတ်လိုက်ကာ အနောက်ဘက်တံခါးကိုဖွင့်လိုက်သည်။ သူက လုံခြုံရေးအစောင့်ဖြစ်ခဲ့ပုံရသည်။
အနောက်ဘက်တံခါးသည် အလျင်အမြန်ပွင့်သွားပြီး သို့သော်လည်း အထဲတွင် မှောင်မဲနေဆဲဖြစ်သည်။ ၀တ်စုံပြည့်၀တ်ထားသောအမျိုးသားသည် သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ဓာတ်မီးတစ်လက်ကိုထုတ်ယူလိုက်ကာ လျှောက်လမ်းများကြားသို့ထိုးလိုက်၏။ သူ့ခေါင်းဆောင်မှုအောက်တွင် လူအုပ်စုသည် တိတ်တဆိတ်လျှောက်သွားလိုက်ကြပြီး အနောက်ဘက်လှေကားများမှတဆင့် ဒုတိယထပ်ရှိ သိုလှောင်ရုံထဲသို့၀င်သွားလိုက်ကြသည်။
လုံခြုံရေးအစောင့်တွင်ရှိသောသိုလှောင်ရုံသော့ဖြင့် လေးလံသောသော့ခလောက်အား အလျင်အမြန်ဖွင့်လိုက်ပြီး အထဲသို့၀င်လိုက်ကြသည်။
၀တ်စုံနှင့်အမျိုးသားသည် သိုလှောင်ရုံပတ်လည်ကို ဓာတ်မီးနှင့်ပတ်ထိုးလိုက်ပြီး သူတို့ရှေ့တွင် သပ်သပ်ရပ်ရပ်စီထားသောပစ္စည်းအမျိုးစားအားလုံးကိုတွေ့လိုက်ရသည်။ ၀တ်စုံပြည့်နှင့်အမျိုးသားသည် သေတ္တာတစ်လုံးကိုဖွင့်လိုက်ကာ ကျောပိုးအိတ်တစ်ဒါဇင်ကျော်ကိုထုတ်ယူလိုက်ပြီး လူတိုင်းကိုတစ်အိတ်စီပေးလိုက်သည်။ လုံခြုံရေးအစောင့်ကလည်း စွမ်းအားမြင့်ဓာတ်မတစ်လက်ကိုထုတ်လိုက်ပြီး သေတ္တာပေါ်တွင်တင်လိုက်သည်။ ဓာတ်မီးအလင်းရောင်အောက်တွင် မင်းတို့ရှေ့မှာရှိတဲ့ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရတယ်လေ။
“အဆာခံနိုင်လောက်မယ့်အစားအစာတွေကိုမင်းတို့နိုင်သလောက်ယူ၊ သွားရေစာမဟုတ်ပဲ ကျန်တာမင်းတို့ကြိုက်တာယူ”
လူအုပ်သည် ခေါင်းငြိတ်လိုက်ပြီး လူစုခွဲလိုက်ကြသည်။
စုရွေ့ကျယ်သည် အသင့်စားခေါက်ဆွဲခြောက်များ၊ သကြားလုံးများနှင့် ဘီစကစ်များ သေတ္တာများစွာကိုတိတ်တဆိတ်စုလိုက်ပြီး ထို့နောက် သူ့ကျောပိုအိတ်ထဲသို့ ၀က်အူချောင်းများနှင့်ရေတို့ကိုထည့်လိုက်သည်။ ကျန့်ယွင်နှင့်စုန့်ချန်ရှုတို့လည်း ထိုသို့အတူတူပင်။ သူ့ကျောပိုးအိတ်ထဲသို့ ပစ္စည်းများကိုအာရုံစိုက်ကာထည့်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူထည့်သွားရမည်။ လက်ဗလာနှင့်တော့ ပြန်မထွက်ချင်ပေ။
သို့သော်လည်း ထိုလူများအနေဖြင့် သိုလှောင်ရုံကို အပြောင်ရှင်းချင်လျှင်တောင် သူတို့၏ကျောပိုးအိတ်များသည် ထိုလောက်မကြီးနေပေ။ ထို့ကြောင့် ၀တ်စုံပြည့်အမျိုးသားသည် သူ့ကျောပိုးအိတ်ကိုထုတ်ပိုးကာ သူ့နောက်တွင်သယ်လိုက်ပြီး အသားနှင့် နေ့လည်စာထမင်းဘူးကိုဖွင့်ကာ တစ်ကျိုက်လောက်စားလိုက်ပြီး သူ့လက်ထဲတွင် ဆန်နှစ်အိတ်ကိုသယ်ထားလိုက်သည်။
ထိုခဏတွင် အလွန်ကြေကွဲဖွယ် အော်သံတစ်ခု စူပါမားကတ်တလျှောက်ပျံ့နှံ့သွားပြီး ပစ္စည်းများစုဆောင်းနေသောလူများစွာကို ထိတ်လန့်သွားစေသည်။
“အဲ့ဒါဘာကြီးလဲ?”
တစ်ယောက်ယောက်သည် တုန်လှုပ်နေသောအသံဖြင့်မေးလာ၏။
၀တ်စုံပြည့်အမျိုးသားသည် ခက်ခက်ခဲခဲတံတွေးမျိုချလိုက်ပြီး တစ်ခန်းလုံး မည်သည့်အသံမှမထွက်ရဲကြချေ။
သို့သော်ငြားလည်း အော်ဟစ်သံကြီးသည် ချက်ချင်းလက်ငင်း ခလုတ်တစ်ခုကိုဖွင့်လိုက်သလိုပင်။ နာနာကျင်ကျင်အော်ဟစ်သံနှင့် အကူအညီအတွက် အရေးတကြီးငိုသံသည် သွားလိုက်လာလိုက်ထွက်ပေါ်လာသည်။
ကြည့်ရတာ, အရှေ့ဘက်က၀င်လာတဲ့အုပ်စုမှာ ဖုတ်ကောင်တစ်ကောင်ရှိနေပုံပဲ....
ဘယ်လောက်ကြာသွားမှန်းမသိလိုက်ပဲ အော်ဟစ်သံများနောက်ဆုံး၌ရပ်တန့်သွားလေပြီး အလျင်လိုနေသောခြေသံများအဝေးမှ သူတို့ဆီသို့လာနေလေသည်။
“တံခါးသော့ခတ်လိုက်! ”
၀တ်စုံပြည့်အမျိုးသားသည် ရုတ်တရက်ပြောလိုက်၏။
“ဘာ..? ”
တစ်စုံတစ်ယောက်သည် သူ့အားထိတ်လန့်စွာကြည့်လိုက်သည်။ အသက်ရှင်နေသေးတဲ့တစ်စုံတစ်ယောက်က သူတို့ဆီဦးတည်ပြေးလာချင်နေတာလေ။
“အဲ့လူကိုဖုတ်ကောင်တစ်ကောင်ကိုက်လိုက်သလားဆိုတာ ဘယ်သူသိနိုင်မလဲ? အကိုက်မခံခဲ့ရဘူးဆိုရင်တောင် သူ့နောက်မှာ ဖုတ်ကောင်အများကြီးရှိနေရင် ဘယ်လိုလုပ်မလဲ။ ငါတို့ မစွန့်စားနိုင်ဘူး ! ”
အမျိုးသား၏အသံတိတ်ကျသွားသောအခါ ရှောင်၀မ်အမည်ရသော အမျိုးသမီး၏လက်များတုန်နေပြီး သိုလှောင်ရုံ၏တံခါးကိုသော့ခတ်လိုက်သည်။
ဖရိုဖရဲအလျင်လိုနေသောခြေသံများ မကြာခင်မှာပင် တံခါးဆီသို့ရောက်လာလေသည်။ ထိုလူသည် သိုလှောင်ရုံ၏တံခါးအားဖွင့်ရန်ကြိုးစားသော်လည်း တံခါးသည် သော့ပြန်ခတ်ထားလေပြီ။ သူဘယ်လောက်ပြင်းပြင်းထန်ထန်ကြိုးစားပါသော်လည်း ဖွင့်လို့မရချေ။
အမျိုးသားသည် တံခါးကို စတင်ပြင်းပြင်းထန်ထန်ရိုက်ပုတ်ပြီး အလျင်အမြန်ပြောလာ၏။
“အထဲမှာဘယ်သူရှိလဲ? တစ်ယာက်ယောက်အထဲမှာရှိလား? တံခါးဖွင့်ပေးပါ။ ကူညီပါ! ”
အသံအရ လူငယ်လေးတစ်ယောက်ဖြစ်ပုံရသည်။ သို့သော်လည်း သိုလှောင်ရုံထဲရှိ လူတိုင်းသည် အသံတိတ်နေကြကာ သူ့အကူအညီအတွက်ခေါ်သည်ကို ဘယ်သူကမှပြန်မဖြေကြပေ။
ထို့နောက် လျှောက်လမ်းတစ်ဖက်အဆုံးမှ လေးလံသောခြေသံများထွက်ပေါ်လာပြီး ကောင်လေး၏အကူအညီအတွက်အော်ဟစ်သံသည် ဆတ်ခနဲတိတ်ကျသွားပြီး တိတ်ဆိတ်နေသောနေရာ၌ ကြည်လင်ပြတ်သားသော အသက်ရှူသံတစ်ခုသာလျှင် အစားထိုးသွားသည်။
“အား! ”
ကောင်လေးသည် တံခါးကိုပြင်းပြင်းထန်ထန်ကန်လိုက်ကာ အော်သံကြီးတစ်ခုထွက်ပေါ်လာလေသည်။။
ထို့နောက် ဖုတ်ကောင်များ၏ညည်းညူသံများနှင့်အတူ ပြင်းထန်သောပျက်စီးမှုတစ်ခုဖြစ်သွားလေသည်။
အချိန်သည် အဆတစ်သောင်းလောက်နှေးသွားပုံရပြီး စက္ကန့်တိုင်းသည် အလွန်နှေးကွေးစွာသွားလေသည်။ အပြင်ဘက်တွင် တံခါးထုသံနောက်တစ်ကြိမ်ထွက်ပေါ်လာသောအခါ တံခါးနားတွင်ရပ်နေသော ရှောင်၀မ်သည် တုန်ယင်နေပြီး သူမခြေထောက်များပျော့သွာကာ မြေပေါ်သို့လဲကျသွားလေသည်။
“တံခါးဖွင့်ပါ...ကျေးဇူးပြုပြီး...တံခါးဖွင့်ပေးပါ...”
တံခါးအောက်ခြေကိုရိုက်နှက်နေလေပြီး ကောင်လေးသည် ထိုခဏ၌ ကြမ်းပေါ်တွင် ထိုင်နေခဲ့ပုံပေါ်သည်။ သူ့အသံတွင် စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုတို့ ပေါ်နေလေသည်။။
လူတိုင်းသည် ၀တ်စုံပြည့်၀တ်ထားသောအမျိုးသားအား ရိုကျိုးစွာကြည့်လိုက်ကြ၏။ ၀တ်စုံပြည့်အမျိုးသား၏မျက်နှာသည် ပြာသွားသော်လည်း စကားတစ်ခွန်းမှမပြောဘဲ သူ့သွားများကိုသာကြိတ်ထားလေသည်။။
နောက်ဆုံး၌ ကျန့်ယွင်သည် တံခါးဆီသို့သွားကာ အာမခံသော့ကိုဖွင့်လိုက်ပြီး တံခါးကိုနည်းနည်းလေးဟကာ အပြင်ဘက်ရှိလူ၏လက်မောင်းကိုလျင်မြန်စွာဖမ်းဆွဲလိုက်ပြီး သူ့ကိုအထဲသိုဆွဲသွင်းလိုက်ကာ တံခါးကိုအလျင်အမြန်ပြန်ပိတ်လိုက်လေသည်။ ကျန့်ယွင်၏အသည်းနှလုံးသည် မမာကြောနိုင်သေးပေ။ တစ်ဖက်သားက အလွန်စိတ်အားထက်သန်နေသောအခါတွင် သူထိန်းမထားနိုင်တော့ချေ။
အခန်းထဲသို့ဆွဲသွင်းခံလိုက်ရသော လူငယ်လေးသည် အနည်းငယ် ကြက်သေ သေနေဆဲဖြစ်လေသည်။ သူကြမ်းပေါ်တွင် ထိုင်နေဆဲပြီး သွေးများနီပြီးခြောက်သွားသော ရှပ်အင်္ကျီကို ၀တ်ထားဆဲဖြစ်သည်။ မူလအရောင်ကိုပင်မမြင်နိုင်တော့ချေ။ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး သူ့ပုံစံကြည့်ရသည်မှာ ကောလိပ်ကျောင်းသားလူငယ်လေးတစ်ယောက်ဖြစ်ပုံရသည်။
“သူဒဏ်ရာရထားတယ်! ”
ရုတ်တရက် တစ်စုံတစ်ယောက်သည် ကောင်လေး၏ခြေထောက်ရှိဒဏ်ရာအားညွှန်ပြလိုက်ပြီး ထိတ်လန့်တကြားအော်လိုက်သည်။
စာရေးသူတွင်ပြောစရာရှိပါတယ်။
【လမ်းမပေါ်ရှိ ပြဇာတ်ငယ်လေး 】
စုရှောင်ကျယ် : စူပါမားကတ်! လူတိုင်း အာရုံစိုက်ပါ! ထုရိုက် တွန်းထိုး မီးရှို့တာတွေမလုပ်ပဲ ပစ္စည်းတွေကို နိုင်ငံကြီးသားပီပီသသ ယူဆောင်ပါ။ နားလည်ကြလား?
ကျန့်ရှောင်ယွင် : ဇနီးလေးပြောတာနားထောင်ကြ!
စုန့်ချန်ရှု : ငါ့အမြင်ကိုဖော်ပြရဲပါ့မလား? ငါလုပ်ရဲပါ့မလား?!
စုရွေ့ကျယ် : အသင့်စားခေါက်ဆွဲခြောက်တွေ ဟုတ်ပါတယ် ကျေးဇူးပြုပြီး၊ ဘီစကစ်တွေ ယူကြပါ! ရေ ယူပါ! ....ကောင်းပါပြီ ဒါပါပဲ! (^_^)
ကျန့်ရှောင်ယွင် : မဟုတ်ဘူး တစ်ခုခုရှိနေသေးတယ်! အရမ်းအရေးကြီးတယ်!
စုရှောင်ကျယ် : ???ဘာလဲ?
ကျန့်ရှောင်ယွင်: ထီးသေးသေးလေးနဲ့ chrysanthemum ဘရန်း ချောဆီ! ဒါက ငါတို့ရဲ့ပျော်ရွှင်တဲ့ဘ၀နဲ့သက်ဆိုင်နေတယ်, မရှိမဖြစ်ပဲ!
စုရှောင်ကျယ် : →_→
စုန့်ချန်ရှု : ငါ အသင့်စာခေါက်ဆွဲတွေနဲ့ ဘီစကစ်တွေစားဖို့ လိုတော့မယ်မထင်ဘူး။ ဒီခွေးစာပန်းကန်လုံးက သုံးရက်စာလောက်ခံနိုင်တယ်။
ဘာသာပြန်သူမှာပြောစရာရှိပါတယ်။
ဒီအပိုင်းမှာ လူတွေရဲ့စိတ်နေသဘောထားတွေမြင်ရတယ်။ လူ့သဘောသဘာ၀ဒီလိုပါပဲ။ အယောက်တစ်ရာရှိရင်တောင် တစ်ယောက်လောက်ကပဲ ကိုယ့်အသက်ရှင်သန်ရဖို့ရုန်းကန်နေရချိန်မှာ တခြားလူကိုတွေးပေးနိုင်တာ။ လူတိုင်းကတော့ အသည်းမမာကြပါဘူး ဒါပေမယ့်သေမှာတော့ကြောက်ကြတယ်။ ရှောင်ကျယ်က အရင်ဘ၀က ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် လူတိုင်းကိုစေတနာမထားနိုင်သေးပါဘူး။ သူက MCဆိုပေမယ့် ကလေးစိတ်ပဲရှိသေးတာပါ။ ကျန့်ကောကကျတော့ ရဲတစ်ယောက်မို့ ကာကွယ်လိုစိတ်ရှိတာပုံမှန်ပါပဲ။ ကိုယ်တွေသာဆိုလည်း ၀တ်စုံပြည့်လူနဲ့အဖွဲ့ကို အပြစ်ပြောနိုင်မှာမဟုတ်ဘူး။ ဘာလို့ဆို ကိုယ်တွေသာဆိုလည်း တကယ့်အရကြုံရင် ဒီလိုမဖြစ်နိုင်ဘူးမပြောနိုင်လို့ပါ။ ဒီ၀တ္ထုက အရမ်း heavyမဖြစ်ပါဘူး။ ဒါပေမယ့် ဖတ်ရတာ ကောင်းပါတယ်။
စပွိုင်လာပေးချင်တာအရမ်းပဲ။ ဒါပေမယ့် နေ့တိုင်းတင်နေတာဆိုတော့ သိပ်မစောင့်ရပါဘူး။ ဆက်ဖတ်ပါနော်။ ကြိမ်းသေသဘောကျစရာကောင်းတဲ့ နိုဗယ်တစ်ခုပါ။ ^_^
🍒🍒
【 Zawgyi 】
လူသုံးေယာက္သည္ အေနာက္ဘက္အျခမ္းရွိျပတင္းေပါက္ဆီသို႔လာခဲ့ၾကသည္။ က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္ေပးထားေသာႀကိဳးကို ကြၽမ္းက်င္စြာခ်ည္ႏွောင္လိုက္၏။ ထို႔ေနာက္ စုေ႐ြ႕က်ယ္ႏွင့္ စုန႔္ခ်န္ရႈတို႔ကို အရင္ဆုံးဆင္းေစကာ ၿပီးမွ သူျဖည္းျဖည္းခ်င္းဆင္းလာၿပီး ေနာက္ဆုံး၌ႀကိဳးကို သူတို႔ဆီသို႔ျဖတ္ယူလိုက္ကာ ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္သြားေလသည္။
သို႔ေသာ္လည္း ထြက္ေပါက္နားတြင္ တစ္စုံတစ္ေယာက္ရွိေန၏။ ေသခ်ာတာေပါ့, သူတို႔ေနရာလြတ္ထဲမွကားကို ထုတ္ေမာင္းလို႔မျဖစ္ေတာ့ေခ်။ ထို႔ေၾကာင့္ ေနာက္ကလွည့္ပတ္ၿပီး သြားဖို႔ဆုံးျဖတ္လိုက္သည္။ သူတို႔လမ္းေလွ်ာက္ေနစဥ္မွာပဲ အုပ္စုတစ္ခုထဲေျပး၀င္သြားမွန္း ဘယ္သူသိမွာလဲ။
ထိုလူမ်ားတြင္ အမ်ိဳးသားေျခာက္ေယာက္ႏွင့္ အမ်ိဳးသမီးသုံးေယာက္ စုစုေပါင္းကိုးေယာက္ရွိေလသည္။သူတို႔အားလုံးတြင္ ေဘ့စ္ေဘာရိုက္တုတ္မ်ား၊ ေဂါ့ဖ္ရိုက္တံမ်ား၊ ထိုင္ခုံေျခေထာက္မ်ား ႏွင့္တျခားကိရိယာမ်ားရွိၾကၿပီး သူတို႔သည္ အနီးအနားတြင္ေနထိုင္ၾကသူမ်ားျဖစ္နိုင္ကာ စူပါမားကတ္သို႔ အစားအေသာက္ရွာေဖြရန္အတြက္ လာခဲ့ၾကျခင္းျဖစ္ပုံရသည္။ က်န႔္ယြင္ဦးေဆာင္လာေသာလူသုံးေယာက္အုပ္စုကိုျမင္ၿပီးေနာက္ သူတို႔၏မ်က္လုံးမ်ားေတာက္ပသြားၾကေလသည္။ ၾကည့္လိုက္႐ုံျဖင့္ပင္ က်န႔္ယြင္၏ခႏၶာကိုယ္သည္ တိုက္ခိုက္ျခင္းအတြက္ အလြန္စြမ္းရည္ရွိနိုင္သည္။ တစ္ျခားႏွစ္ေယာက္သည္ အားနည္းၾကေသာ္လည္း သူတို႔လက္မ်ားထဲတြင္ ဓားမ်ားရွိေနၾကၿပီး အားေကာင္းေသာတိုက္ခိုက္ေရးအဖြဲ႕တစ္ခုလည္းျဖစ္နိုင္သည္။
၀တ္စုံျပည့္၀တ္ထားေသာလူတစ္ေယာက္သည္ ခ်က္ခ်င္းေရွ႕သို႔ထြက္လာကာေျပာလာ၏။
“မင္းတို႔သုံးေယာက္လည္း ဒီကို အစားအေသာက္စုေဆာင္းဖို႔လာခဲ့တာလား ”
က်န႔္ယြင္ မျငင္းဆန္နိုင္ေတာ့ပဲ ေခါင္းၿငိတ္လိုက္သည္။။
“ဘာလို႔ငါတို႔အတူမသြားရမွာလဲ? ေရွာင္၀မ္က ဒီကုန္တိုက္ရဲ႕ ေငြသိမ္းတစ္ေယာက္ပဲ။ သူမရဲ႕အမ်ိဳးသားက ဒီမွာ လုံၿခဳံေရးတစ္ေယာက္ေလ။ သူမက ဒီကုန္တိုက္နဲ႕ အရမ္းအကြၽမ္းတ၀င္ရွိတယ္။ ငါတို႔အစားအစာအတူရွာလို႔ရတယ္! ”
၀တ္စုံျပည့္၀တ္ဆင္ထားေသာအမ်ိဳးသားက သူတို႔ထဲမွတစ္ေယာက္အားၫႊန္ျပလာ၏။
သူတို႔ ကုန္တိုက္ကို အေျပာင္ရွင္းလုနီးပါးၿပီးသြားခဲ့ၿပီမို႔ သူတို႔ျပန္မသြားလိုၾကေတာ့ေခ်။ ထို႔ေၾကာင့္ တစ္စုံတစ္ေယာက္က ကုန္တိုက္၏မွန္ကိုခြဲလိုက္ၿပီး သူတို႔ကုန္တိုက္အေရွ႕ဘက္မွ၀င္လာခဲ့ၾကသည္ ဆိုေသာဇာတ္လမ္းအားေျပာျပလိုက္သည္။
“အဲ့ဒါက အဆင္ေျပပါတယ္။ ကုန္တိုက္က အရမ္းႀကီးတာမို႔ သူတို႔အရာတိုင္းကိုယူမသြားနိုင္ပါဘူး ဟုတ္တယ္မလား? ”
၀တ္စုံျပည့္၀တ္ထားေသာလူသည္ ရႈံ႕ခ်စြာေျပာလိုက္ၿပီး
“ဒါ့အျပင္ ေကာင္းတဲ့ပစၥည္းေတြက အေနာက္ဘက္သိုေလွာင္႐ုံထဲမွာရွိတယ္။ ေရွာင္၀မ္မွာေသာ့ေတြရွိတယ္။ အေနာက္ဘက္ကေနအထဲကိုသြားၾကစို႔ ၿပီးရင္ သူတို႔နဲ႕မဆုံေတာ့ဘူးေပါ့ ”
ေျပာဆိုၾကၿပီးေနာက္ အကယ္၍သူတို႔ေနာက္တစ္ႀကိမ္ျငင္းလိုက္ပါက ထူးဆန္းေနပုံေပါက္ေနလိမ့္မည္။ ေနာက္ဆုံးမွာေတာ့ သူတို႔အားလုံးကအစားအေသာက္လာရွာၾကသူေတြေလ။ ဤကဲ့သို႔ေသာအခြင့္အေရးေကာင္းတစ္ခုကိုမယူဘူးဆိုလွ်င္ သံသယ၀င္စရာပင္။ ပိုအေရးႀကီးသည္မွာ စုေ႐ြ႕က်ယ္သည္ စူပါမားကတ္သိုေလွာင္႐ုံထဲမွ ပစၥည္းမ်ားကိုလက္လြတ္မခံခ်င္ေပ။ အခုမွ ကမၻာပ်က္ကပ္အဆုံးသတ္ႀကီး၏ အစပင္ရွိေသးသည္။ လူအမ်ားစုသည္ ထိတ္လန႔္တုန္လႈပ္ၿပီး ျပာယာခတ္ေနၾကတုန္းပဲရွိေသးသည္။ သို႔ေသာ္လည္း မၾကာခင္မွာပင္ သူတို႔အစားအေသာက္ပ်က္လပ္မႈကို သတိျပဳမိလာၿပီး ေနရာတိုင္းတြင္ ပစၥည္းမ်ားစတင္ရွာေဖြၾကေတာ့မည္။ အနာဂါတ္တြင္ ပစၥည္းမ်ားစုေဆာင္းရန္ ဤမွ်ေလာက္ႀကီးမားေသာ အခြင့္အေရးမ်ိဳးမ်ားရနိုင္လိမ့္အုံးမလားဆိုသည္ကို သူမသိေခ်။ သူ႕ယခင္ဘ၀သည္ အလြန္ဆင္းရဲမြဲေတသျဖင့္ ဤဘ၀တြင္ စုေ႐ြ႕က်ယ္၌ ပစၥည္းမ်ားႏွင့္ အျခားအရာမ်ားကိုစုေဆာင္းရသည္ကို အလြန္အမင္းစြဲလမ္းေနေလသည္။
က်န႔္ယြင္သည္ ဖုတ္ေကာင္မ်ားစုစည္းေသာအခ်ိန္ကိုခန႔္မွန္းလိုက္၏။ သူတို႔ျမန္ျမန္လႈပ္ရွားမည္ဆိုလွ်င္ သူတို႔ထြက္ခြာဖို႔အခ်ိန္အလုံအေလာက္ရနိုင္သည္။
ထို႔ေၾကာင့္ လူသုံးေယာက္သည္ သူတို႔၏အဖြဲ႕ႏွင့္ေပါင္းလိုက္ၿပီး သူတို႔ေနာက္ ကုန္တိုက္၏အေနာက္ဘက္တံခါးဆီသို႔ပတ္လိုက္သြားလိုက္ၾကသည္။ သန္မာၿပီးေသးေကြးေသာလူတစ္ေယာက္မွလာၿပီး ေသာ့ကိုထုတ္လိုက္ကာ အေနာက္ဘက္တံခါးကိုဖြင့္လိုက္သည္။ သူက လုံၿခဳံေရးအေစာင့္ျဖစ္ခဲ့ပုံရသည္။
အေနာက္ဘက္တံခါးသည္ အလ်င္အျမန္ပြင့္သြားၿပီး သို႔ေသာ္လည္း အထဲတြင္ ေမွာင္မဲေနဆဲျဖစ္သည္။ ၀တ္စုံျပည့္၀တ္ထားေသာအမ်ိဳးသားသည္ သူ႕ေဘာင္းဘီအိတ္ကပ္ထဲမွ ဓာတ္မီးတစ္လက္ကိုထုတ္ယူလိုက္ကာ ေလွ်ာက္လမ္းမ်ားၾကားသို႔ထိုးလိုက္၏။ သူ႕ေခါင္းေဆာင္မႈေအာက္တြင္ လူအုပ္စုသည္ တိတ္တဆိတ္ေလွ်ာက္သြားလိုက္ၾကၿပီး အေနာက္ဘက္ေလွကားမ်ားမွတဆင့္ ဒုတိယထပ္ရွိ သိုေလွာင္႐ုံထဲသို႔၀င္သြားလိုက္ၾကသည္။
လုံၿခဳံေရးအေစာင့္တြင္ရွိေသာသိုေလွာင္႐ုံေသာ့ျဖင့္ ေလးလံေသာေသာ့ခေလာက္အား အလ်င္အျမန္ဖြင့္လိုက္ၿပီး အထဲသို႔၀င္လိုက္ၾကသည္။
၀တ္စုံႏွင့္အမ်ိဳးသားသည္ သိုေလွာင္႐ုံပတ္လည္ကို ဓာတ္မီးႏွင့္ပတ္ထိုးလိုက္ၿပီး သူတို႔ေရွ႕တြင္ သပ္သပ္ရပ္ရပ္စီထားေသာပစၥည္းအမ်ိဳးစားအားလုံးကိုေတြ႕လိုက္ရသည္။ ၀တ္စုံျပည့္ႏွင့္အမ်ိဳးသားသည္ ေသတၱာတစ္လုံးကိုဖြင့္လိုက္ကာ ေက်ာပိုးအိတ္တစ္ဒါဇင္ေက်ာ္ကိုထုတ္ယူလိုက္ၿပီး လူတိုင္းကိုတစ္အိတ္စီေပးလိုက္သည္။ လုံၿခဳံေရးအေစာင့္ကလည္း စြမ္းအားျမင့္ဓာတ္မတစ္လက္ကိုထုတ္လိုက္ၿပီး ေသတၱာေပၚတြင္တင္လိုက္သည္။ ဓာတ္မီးအလင္းေရာင္ေအာက္တြင္ မင္းတို႔ေရွ႕မွာရွိတဲ့ပစၥည္းေတြကို ရွင္းရွင္းလင္းလင္းျမင္ရတယ္ေလ။
“အဆာခံနိုင္ေလာက္မယ့္အစားအစာေတြကိုမင္းတို႔နိုင္သေလာက္ယူ၊ သြားေရစာမဟုတ္ပဲ က်န္တာမင္းတို႔ႀကိဳက္တာယူ”
လူအုပ္သည္ ေခါင္းၿငိတ္လိုက္ၿပီး လူစုခြဲလိုက္ၾကသည္။
စုေ႐ြ႕က်ယ္သည္ အသင့္စားေခါက္ဆြဲေျခာက္မ်ား၊ သၾကားလုံးမ်ားႏွင့္ ဘီစကစ္မ်ား ေသတၱာမ်ားစြာကိုတိတ္တဆိတ္စုလိုက္ၿပီး ထို႔ေနာက္ သူ႕ေက်ာပိုအိတ္ထဲသို႔ ၀က္အူေခ်ာင္းမ်ားႏွင့္ေရတို႔ကိုထည့္လိုက္သည္။ က်န႔္ယြင္ႏွင့္စုန႔္ခ်န္ရႈတို႔လည္း ထိုသို႔အတူတူပင္။ သူ႕ေက်ာပိုးအိတ္ထဲသို႔ ပစၥည္းမ်ားကိုအာ႐ုံစိုက္ကာထည့္ေနလိုက္သည္။ မည္သို႔ပင္ျဖစ္ေစ သူထည့္သြားရမည္။ လက္ဗလာႏွင့္ေတာ့ ျပန္မထြက္ခ်င္ေပ။
သို႔ေသာ္လည္း ထိုလူမ်ားအေနျဖင့္ သိုေလွာင္႐ုံကို အေျပာင္ရွင္းခ်င္လွ်င္ေတာင္ သူတို႔၏ေက်ာပိုးအိတ္မ်ားသည္ ထိုေလာက္မႀကီးေနေပ။ ထို႔ေၾကာင့္ ၀တ္စုံျပည့္အမ်ိဳးသားသည္ သူ႕ေက်ာပိုးအိတ္ကိုထုတ္ပိုးကာ သူ႕ေနာက္တြင္သယ္လိုက္ၿပီး အသားႏွင့္ ေန႕လည္စာထမင္းဘူးကိုဖြင့္ကာ တစ္က်ိဳက္ေလာက္စားလိုက္ၿပီး သူ႕လက္ထဲတြင္ ဆန္ႏွစ္အိတ္ကိုသယ္ထားလိုက္သည္။
ထိုခဏတြင္ အလြန္ေၾကကြဲဖြယ္ ေအာ္သံတစ္ခု စူပါမားကတ္တေလွ်ာက္ပ်ံ့ႏွံ႕သြားၿပီး ပစၥည္းမ်ားစုေဆာင္းေနေသာလူမ်ားစြာကို ထိတ္လန႔္သြားေစသည္။
“အဲ့ဒါဘာႀကီးလဲ?”
တစ္ေယာက္ေယာက္သည္ တုန္လႈပ္ေနေသာအသံျဖင့္ေမးလာ၏။
၀တ္စုံျပည့္အမ်ိဳးသားသည္ ခက္ခက္ခဲခဲတံေတြးမ်ိဳခ်လိဳက္ၿပီး တစ္ခန္းလုံး မည္သည့္အသံမွမထြက္ရဲၾကေခ်။
သို႔ေသာ္ျငားလည္း ေအာ္ဟစ္သံႀကီးသည္ ခ်က္ခ်င္းလက္ငင္း ခလုတ္တစ္ခုကိုဖြင့္လိုက္သလိုပင္။ နာနာက်င္က်င္ေအာ္ဟစ္သံႏွင့္ အကူအညီအတြက္ အေရးတႀကီးငိုသံသည္ သြားလိုက္လာလိုက္ထြက္ေပၚလာသည္။
ၾကည့္ရတာ, အေရွ႕ဘက္က၀င္လာတဲ့အုပ္စုမွာ ဖုတ္ေကာင္တစ္ေကာင္ရွိေနပုံပဲ....
ဘယ္ေလာက္ၾကာသြားမွန္းမသိလိုက္ပဲ ေအာ္ဟစ္သံမ်ားေနာက္ဆုံး၌ရပ္တန႔္သြားေလၿပီး အလ်င္လိုေနေသာေျခသံမ်ားအေဝးမွ သူတို႔ဆီသို႔လာေနေလသည္။
“တံခါးေသာ့ခတ္လိုက္! ”
၀တ္စုံျပည့္အမ်ိဳးသားသည္ ႐ုတ္တရက္ေျပာလိုက္၏။
“ဘာ..? ”
တစ္စုံတစ္ေယာက္သည္ သူ႕အားထိတ္လန႔္စြာၾကည့္လိုက္သည္။ အသက္ရွင္ေနေသးတဲ့တစ္စုံတစ္ေယာက္က သူတို႔ဆီဦးတည္ေျပးလာခ်င္ေနတာေလ။
“အဲ့လူကိုဖုတ္ေကာင္တစ္ေကာင္ကိုက္လိုက္သလားဆိုတာ ဘယ္သူသိနိုင္မလဲ? အကိုက္မခံခဲ့ရဘူးဆိုရင္ေတာင္ သူ႕ေနာက္မွာ ဖုတ္ေကာင္အမ်ားႀကီးရွိေနရင္ ဘယ္လိုလုပ္မလဲ။ ငါတို႔ မစြန႔္စားနိုင္ဘူး ! ”
အမ်ိဳးသား၏အသံတိတ္က်သြားေသာအခါ ေရွာင္၀မ္အမည္ရေသာ အမ်ိဳးသမီး၏လက္မ်ားတုန္ေနၿပီး သိုေလွာင္႐ုံ၏တံခါးကိုေသာ့ခတ္လိုက္သည္။
ဖရိုဖရဲအလ်င္လိုေနေသာေျခသံမ်ား မၾကာခင္မွာပင္ တံခါးဆီသို႔ေရာက္လာေလသည္။ ထိုလူသည္ သိုေလွာင္႐ုံ၏တံခါးအားဖြင့္ရန္ႀကိဳးစားေသာ္လည္း တံခါးသည္ ေသာ့ျပန္ခတ္ထားေလၿပီ။ သူဘယ္ေလာက္ျပင္းျပင္းထန္ထန္ႀကိဳးစားပါေသာ္လည္း ဖြင့္လို႔မရေခ်။
အမ်ိဳးသားသည္ တံခါးကို စတင္ျပင္းျပင္းထန္ထန္ရိုက္ပုတ္ၿပီး အလ်င္အျမန္ေျပာလာ၏။
“အထဲမွာဘယ္သူရွိလဲ? တစ္ယာက္ေယာက္အထဲမွာရွိလား? တံခါးဖြင့္ေပးပါ။ ကူညီပါ! ”
အသံအရ လူငယ္ေလးတစ္ေယာက္ျဖစ္ပုံရသည္။ သို႔ေသာ္လည္း သိုေလွာင္႐ုံထဲရွိ လူတိုင္းသည္ အသံတိတ္ေနၾကကာ သူ႕အကူအညီအတြက္ေခၚသည္ကို ဘယ္သူကမွျပန္မေျဖၾကေပ။
ထို႔ေနာက္ ေလွ်ာက္လမ္းတစ္ဖက္အဆုံးမွ ေလးလံေသာေျခသံမ်ားထြက္ေပၚလာၿပီး ေကာင္ေလး၏အကူအညီအတြက္ေအာ္ဟစ္သံသည္ ဆတ္ခနဲတိတ္က်သြားၿပီး တိတ္ဆိတ္ေနေသာေနရာ၌ ၾကည္လင္ျပတ္သားေသာ အသက္ရႉသံတစ္ခုသာလွ်င္ အစားထိုးသြားသည္။
“အား! ”
ေကာင္ေလးသည္ တံခါးကိုျပင္းျပင္းထန္ထန္ကန္လိုက္ကာ ေအာ္သံႀကီးတစ္ခုထြက္ေပၚလာေလသည္။။
ထို႔ေနာက္ ဖုတ္ေကာင္မ်ား၏ညည္းၫူသံမ်ားႏွင့္အတူ ျပင္းထန္ေသာပ်က္စီးမႈတစ္ခုျဖစ္သြားေလသည္။
အခ်ိန္သည္ အဆတစ္ေသာင္းေလာက္ႏွေးသြားပုံရၿပီး စကၠန႔္တိုင္းသည္ အလြန္ႏွေးေကြးစြာသြားေလသည္။ အျပင္ဘက္တြင္ တံခါးထုသံေနာက္တစ္ႀကိမ္ထြက္ေပၚလာေသာအခါ တံခါးနားတြင္ရပ္ေနေသာ ေရွာင္၀မ္သည္ တုန္ယင္ေနၿပီး သူမေျခေထာက္မ်ားေပ်ာ့သြာကာ ေျမေပၚသို႔လဲက်သြားေလသည္။
“တံခါးဖြင့္ပါ...ေက်းဇူးျပဳၿပီး...တံခါးဖြင့္ေပးပါ...”
တံခါးေအာက္ေျခကိုရိုက္ႏွက္ေနေလၿပီး ေကာင္ေလးသည္ ထိုခဏ၌ ၾကမ္းေပၚတြင္ ထိုင္ေနခဲ့ပုံေပၚသည္။ သူ႕အသံတြင္ စိတ္ပ်က္အားငယ္မႈႏွင့္ နာက်င္မႈတို႔ ေပၚေနေလသည္။။
လူတိုင္းသည္ ၀တ္စုံျပည့္၀တ္ထားေသာအမ်ိဳးသားအား ရိုက်ိဳးစြာၾကည့္လိုက္ၾက၏။ ၀တ္စုံျပည့္အမ်ိဳးသား၏မ်က္ႏွာသည္ ျပာသြားေသာ္လည္း စကားတစ္ခြန္းမွမေျပာဘဲ သူ႕သြားမ်ားကိုသာႀကိတ္ထားေလသည္။။
ေနာက္ဆုံး၌ က်န႔္ယြင္သည္ တံခါးဆီသို႔သြားကာ အာမခံေသာ့ကိုဖြင့္လိုက္ၿပီး တံခါးကိုနည္းနည္းေလးဟကာ အျပင္ဘက္ရွိလူ၏လက္ေမာင္းကိုလ်င္ျမန္စြာဖမ္းဆြဲလိုက္ၿပီး သူ႕ကိုအထဲသိုဆြဲသြင္းလိုက္ကာ တံခါးကိုအလ်င္အျမန္ျပန္ပိတ္လိုက္ေလသည္။ က်န႔္ယြင္၏အသည္းႏွလုံးသည္ မမာေၾကာနိုင္ေသးေပ။ တစ္ဖက္သားက အလြန္စိတ္အားထက္သန္ေနေသာအခါတြင္ သူထိန္းမထားနိုင္ေတာ့ေခ်။
အခန္းထဲသို႔ဆြဲသြင္းခံလိုက္ရေသာ လူငယ္ေလးသည္ အနည္းငယ္ ၾကက္ေသ ေသေနဆဲျဖစ္ေလသည္။ သူၾကမ္းေပၚတြင္ ထိုင္ေနဆဲၿပီး ေသြးမ်ားနီၿပီးေျခာက္သြားေသာ ရွပ္အကၤ်ီကို ၀တ္ထားဆဲျဖစ္သည္။ မူလအေရာင္ကိုပင္မျမင္နိုင္ေတာ့ေခ်။ သူ႕ဆံပင္မ်ားသည္ ရႈပ္ပြေနၿပီး သူ႕ပုံစံၾကည့္ရသည္မွာ ေကာလိပ္ေက်ာင္းသားလူငယ္ေလးတစ္ေယာက္ျဖစ္ပုံရသည္။
“သူဒဏ္ရာရထားတယ္! ”
႐ုတ္တရက္ တစ္စုံတစ္ေယာက္သည္ ေကာင္ေလး၏ေျခေထာက္ရွိဒဏ္ရာအားၫႊန္ျပလိုက္ၿပီး ထိတ္လန႔္တၾကားေအာ္လိုက္သည္။
စာေရးသူတြင္ေျပာစရာရွိပါတယ္။
【လမ္းမေပၚရွိ ျပဇာတ္ငယ္ေလး】
စုေရွာင္က်ယ္ : စူပါမားကတ္! လူတိုင္း အာ႐ုံစိုက္ပါ! ထုရိုက္ တြန္းထိုး မီးရွို႔တာေတြမလုပ္ပဲ ပစၥည္းေတြကို နိုင္ငံႀကီးသားပီပီသသ ယူေဆာင္ပါ။ နားလည္ၾကလား?
က်န႔္ေရွာင္ယြင္ : ဇနီးေလးေျပာတာနားေထာင္ၾက!
စုန႔္ခ်န္ရႈ : ငါ့အျမင္ကိုေဖာ္ျပရဲပါ့မလား? ငါလုပ္ရဲပါ့မလား?!
စုေ႐ြ႕က်ယ္ : အသင့္စားေခါက္ဆြဲေျခာက္ေတြ ဟုတ္ပါတယ္ ေက်းဇူးျပဳၿပီး၊ ဘီစကစ္ေတြ ယူၾကပါ! ေရ ယူပါ! ....ေကာင္းပါၿပီ ဒါပါပဲ! (^_^)
က်န႔္ေရွာင္ယြင္ : မဟုတ္ဘူး တစ္ခုခုရွိေနေသးတယ္! အရမ္းအေရးႀကီးတယ္!
စုေရွာင္က်ယ္ : ???ဘာလဲ?
က်န႔္ေရွာင္ယြင္ : ထီးေသးေသးေလးနဲ႕ chrysanthemum ဘရန္း ေခ်ာဆီ! ဒါက ငါတို႔ရဲ႕ေပ်ာ္႐ႊင္တဲ့ဘ၀နဲ႕သက္ဆိုင္ေနတယ္, မရွိမျဖစ္ပဲ!
စုေရွာင္က်ယ္ : →_→
စုန႔္ခ်န္ရႈ : ငါ အသင့္စာေခါက္ဆြဲေတြနဲ႕ ဘီစကစ္ေတြစားဖို႔ လိုေတာ့မယ္မထင္ဘူး။ ဒီေခြးစာပန္းကန္လုံးက သုံးရက္စာေလာက္ခံနိုင္တယ္။
ဘာသာျပန္သူမွာေျပာစရာရွိပါတယ္။
ဒီအပိုင္းမွာ လူေတြရဲ႕စိတ္ေနသေဘာထားေတြျမင္ရတယ္။ လူ႕သေဘာသဘာ၀ဒီလိုပါပဲ။ အေယာက္တစ္ရာရွိရင္ေတာင္ တစ္ေယာက္ေလာက္ကပဲ ကိုယ့္အသက္ရွင္သန္ရဖို႔႐ုန္းကန္ေနရခ်ိန္မွာ တျခားလူကိုေတြးေပးနိုင္တာ။ လူတိုင္းကေတာ့ အသည္းမမာၾကပါဘူး ဒါေပမယ့္ေသမွာေတာ့ေၾကာက္ၾကတယ္။ ေရွာင္က်ယ္က အရင္ဘ၀က ခံစားခဲ့ရတဲ့ စိတ္ဒဏ္ရာေၾကာင့္ လူတိုင္းကိုေစတနာမထားနိုင္ေသးပါဘူး။ သူက MCဆိုေပမယ့္ ကေလးစိတ္ပဲရွိေသးတာပါ။ က်န႔္ေကာကက်ေတာ့ ရဲတစ္ေယာက္မို႔ ကာကြယ္လိုစိတ္ရွိတာပုံမွန္ပါပဲ။ ကိုယ္ေတြသာဆိုလည္း ၀တ္စုံျပည့္လူနဲ႕အဖြဲ႕ကို အျပစ္ေျပာနိုင္မွာမဟုတ္ဘူး။ ဘာလို႔ဆို ကိုယ္ေတြသာဆိုလည္း တကယ့္အရႀကဳံရင္ ဒီလိုမျဖစ္နိုင္ဘူးမေျပာနိုင္လို႔ပါ။ ဒီ၀တၳဳက အရမ္း heavyမျဖစ္ပါဘူး။ ဒါေပမယ့္ ဖတ္ရတာ ေကာင္းပါတယ္။
စပြိုင္လာေပးခ်င္တာအရမ္းပဲ။ ဒါေပမယ့္ ေန႕တိုင္းတင္ေနတာဆိုေတာ့ သိပ္မေစာင့္ရပါဘူး။ ဆက္ဖတ္ပါေနာ္။ ႀကိမ္းေသသေဘာက်စရာေကာင္းတဲ့ နိုဗယ္တစ္ခုပါ။ ^_^
🍒🍒