Villainess Series 1 : အဓိကဇာတ...

By PhuPhuUchiha

240K 21.8K 306

*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလ... More

၁..Transmigration
၂..ခေါင်းမာတတ်ခြင်း
၃..အကူအညီ
၄..ရက်စက်ခြင်း
၅..ပင်ပန်းနွမ်းနယ်ခြင်း
၆..အပြစ်ရှိခြင်း
၇..အကျည်းတန်အမာရွတ်
၈..ငန်းမလေး နှင့် ဘဲမလေး
၉..ဖရိုဖရဲဖြစ်လာခြင်း
၁၀..သူမ၏မျက်၀န်း
၁၁..ခေါ်ဆောင်သွားခြင်း
၁၂..လူလိမ်မလေး
၁၃..သံသယဖြစ်စရာ
၁၄..အေးစက်ခြင်း
၁၅..သူရဲကောင်း
၁၆..စောင့်ဆိုင်းပေးရခြင်း
၁၇..အလံဖြူလည်း မပြနိုင်ပါ
၁၈..ဖမ်းဆီးခံလိုက်ရခြင်း
၁၉..အလိမ်အညာ
၂၀..ပန်းအိုး
၂၁..မကောင်းသောအငွေ့အသက်
၂၂..ယုန်ဖြူလေး
၂၃..ဖမ်းဆီးလိုက်ခြင်း
၂၄..အကျိုးဆက်
၂၅..ဇနီး
၂၆..ဗီလိန်
၂၇..ငြင်းဆိုသည်
၂၉..ရူးသွပ်‌စေခြင်း
၃၀..အလဟသ
၃၁..လောင်ကျွမ်းသွားရမည်ဆိုရင်တောင်
၃၁..သနားစရာကောင်းခြင်း
၃၃..ကယ်ဆယ်ခြင်း
၃၄..အစီစဉ်ကျရှုံးခြင်း
၃၅..ပြောင်းလဲစေခြင်း
၃၆..ဓားသွား
၃၇..ဘယ်တော့မှလက်မလွှတ်ဘူး
၃၈..မျက်ရည်
၃၉..နေရာ
၄၀..၀န်ခံလိုက်
၄၁..ခွင့်မပြုခြင်း
၄၂..ဆိုင်းဘုတ်
၄၃..ပြန်လည်ရောက်ရှိလာခြင်း
၄၄..တွေ့ဆုံလိုခြင်း
၄၅..စိတ်ကြီး၀င်လာခြင်း
၄၆..မြှားတစ်ထောင်
၄၇..ထွက်ခွာသွားခြင်း
၄၈..ရူးမိုက်မိခြင်း
၄၉..ငိုနေခြင်း
၅၀...ကတိ
၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း
၅၂..ကိုယ့်အက္ခရာ
နိဂုံး

၂၈..အကြံပေးခြင်း

3.8K 380 4
By PhuPhuUchiha

[Unicode]


'ဗီလိန်ကောင်...ဒီဗီလိန်ကောင်စုတ်တော့'

စုရှင်းမျက်လုံးသည် သူ့မျက်နှာပေါ်တွင်ရှိနေသေးသည်၊ထို့နောက် သူမသေချာမှတ်ချက်ချလိုက်သည်;ဒီလူကအားကစားသမားတွေလိုခန္ဓာကိုယ်ရှိတာပဲ။စက္ကန့်ပိုင်းအကြာတွင် သူမ ကလစ်ဆိုတယ့်အသံကိုကြားလိုက်ရပြီးခေါင်းထဲသို့သွေးများပင် စီးကျလာသလိုခံစားလိုက်ရသည်(*ဆိုလိုတာက စုရှင်းကလီနင်မျက်နှာကိုကြည့်ပြီး ဘယ်သူဆိုတာပြန်အမှတ်ရလာတာပါ)

(ကျေးဇူးပြုပြီး သတိပြုချက်-နောက်စကားလုံးများတွင် ကျိန်ဆဲခြင်းများပါရှိသည်)
'ဒီမေ***!၊သူတောင်း***!၊ခွေး***! Stup*beep*beep*beep***!_, တစ်ယောက်ယောက်, မြန်မြန် ၊ငါ့ကို သေနတ်တစ်လက်လောက်ပေးကြစမ်းပါ!

လီနင်ကထိုနေ့ကဓါးပြခေါင်းဆောင်ဖြစ်သည်၊ မဟုတ်ဘူး၊သူက ဓားပြအတုပဲ၊အဲ့ဒီနေ့ကသူမစကတ်တွေညစ်ပတ်ကုန်တာပြန်တွေးမိသွားသောနှာခေါင်းရှုံ့ကာဒေါသထွက်နေသည်၊သူမသူ့ကို ကျွဲတွေလိုသဲကြီးမဲကြီးသာရိုက်ပုတ်ပလိုက်ချင်သည်။

'ဒီလိုဆိုက်ကိုကောင်နဲ့ငါဘယ်လိုလုပ်စောစောစီးစီးပက်သက်မိသွားရတာလဲ?'*ငိုနေခြင်း*'ဒီဗီလိန်မလေးငါကအရမ်းသနားဖို့ကောင်းတာပဲ!'

သူကငါ့ကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တာလား? ဆိုလိုတာကကွာ..ဘာလို့ငါလဲ?ငါက အဓိကဇာတ်ဆောင်မင်းသမီးလည်းမဟုတ်ဘူးလေ။ဒါပေမယ့်စုရှင်း သူ့ကိုမေးလိုက်တော့ပဟေဠိဆန်ဆန်ပြန်ဖြေလိုက်သည်"အို,ငါကအချက်အလက်တွေစုဆောင်းတာပါ"

ငါ့ကို...မျက်ခွက်လာပြောင်နေတာလား?! "အချက်အလက်..?"သူမဒေါသတကြီးဖြင့် သူမလက်ကိုသူ့ဆီကနေ ပြန်ဆွဲထုတ်လိုက်သည်။

"စိတ်ဆိုးသွားတာလား?"လီနင်ကရီမောကာပြောလိုက်သည်။

"မလုပ်ဝံ့ပါဘူး"

'အာ့!တစ်ချက်လောက်ပဲ.. သူ့ကိုလက်သီးနဲ့ထိုးချင်လိုက်တာ!တစ်ချက်လောက်ထိုးခွင့်ပေးကြပါ!'

"နောက်တစ်ခေါက်တော့ အဲ့လိုမလုပ်ဖို့မျှော်လင့်ပါတယ်,မင်းသား"

လီနင်က ဒူးထောက်‌နေရာမှမတ်တပ်ထရလိုက်ပြီး"ဒါပေမယ့်..အဲ့လိုကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်,သခင်မလေးရဲ့၊အဲ့တုန်းကလီဟန်ကစိတ်‌တွေတောင်လွတ်ပြီးမိန်းမတစ်ယောက်ကိုစိတ်ပူနေတာ..ရှားရှားပါးပါးမြင်ကွင်းလေးပဲ"လီနင်ကသူ့ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ပုန်းလျှိုးကွက်လျှိုးကြိတ်ရီနေသည်။

"မိန်းကလေးက သူ့အနက်ရောင်နှလုံးသားထဲမှာအထူးနေရာလေးတစ်ခုတော့ရှိနေတာဖြစ်မယ်"

စုရှင်းအားတင်းကာ ‌ပြုံးထားလိုက်သည်၊သူမကသေဖို့အတွက် လက်မှတ်အသင့်ထိုးထားပြီးသားသူပါ၊သူမစိတ်ထဲမှာတော့,ဗီလိန်ကို စိုက်ကြည့်လိုက်သည် 'ကျေးဇူးပြုပြီး,အဲ့လိုကြောက်စရာကောင်းတယ့်စကားတွေမပြောပါနဲ့လား'

နောက်နှစ်ရက်ကြာတော့ နောက်ဇာတ်ကွက်အတွက်အချိန်ကျပြီဖြစ်၏။

နန်းဘုရင် ပြန်လည်ကျန်းမာလာခဲ့သည်၊သူတို့ ကပြောလိုက်သည်;သူကတော့ထပ်ပြီးသေမင်းနဲ့တိုက်ခိုက်လာပြန်ပြီထင်တယ်၊လူအများကလည်း သိချင်နေကြသည်;နတ်ဘုရားလိုလူမျိုးလား မဟုတ်ရင်သူဘယ်လိုအသက်ရှင်မှာလဲ?

ဟယ်ပေမြို့စားကစတုတ္ထမင်းသား၏အရင်းနှီးဆုံးမိတ်ဆွေအဖြစ်သည်၊နန်းဘုရင်သေဆုံးပါက ထီးနန်းအတွက် အကြီးမားဆုံးပြိုင်ဖက် ဖြစ်လာမည်ဖြစ်သည်၊ထို့ကြောင့် နန်းတွင်း၀န်အမတ်အများအပြားသည် ဟေပေမြို့စားထံမှ အခွင့်ကောင်းရရှိရန် ကြိုးပမ်းခဲ့ကြသည်။

ဘယ်ဘက်အမတ်ချုပ်အိမ်နှင့်ပတ်သက်သည့် နောက်ထပ်ကောလာဟလတစ်ခုလည်း ရှိသေးသည်။ယခုဆိုလျှင် နန်းဘုရင်၏အသက်သည်သိပ်မသေချာလှပေ။ကြားတာက- ပိုင်မိသားစုရဲ့အကြီးဆုံးသမီး ပိုင်စုရှင်း၊စတုတ္ထမြောက် မင်းသားရဲ့ ပန်းပွင့်လေးဟုလူသိများသောသူသည် ဟေပေမြို့စားနှင့်လက်ထပ်ရန် သဘောတူထားပြီးဖြစ်ဟုပင်ဆိုသည်။

ပိုင်စုရှင်း၏အစေခံအသစ်များတွင်,စစ်သူကြီးမင်(စတုတ္ထမင်းသားရဲ့မိတ်တွေထဲကတစ်ယောက်)နဲ့ ခေါင်းမာတဲ့ ကျင်းအာကတော့သူမနောက်သို့ဆက်လိုက်နေမြဲဖြစ်သည်။

သူမ‌ကျင်းအာကိုသတိပေးခဲ့သည်၊သူမနောက်သာဆက်လိုက်မယ်ဆိုရင် လျှာတင်မကဘူးအသက်ပါဆုံးရှုံးသွားနိုင်သည်ဟု‌ပြောသော်လည်း ကျင်းအာသည်သူမစကားများကိုလျစ်လျူရှုကာ..သူမလေးကိုပြန်ခေါ်ဖို့သာတောင်းဆိုခဲ့သည်။

အခြားအစေခံများနှင့်မတူဘဲ၊သူမ၏သစ္စာရှိ‌အစေခံမလေးသည် စာပေတတ်မြောက်သူတစ်ယောက်ဖြစ်သည်၊ကျင်းအာသည် ကျင်းလင်ပြည်နယ်မှ ကျဆုံးသွားသော ပညာတော်သင်မိသားစုမှဆင်းသက်လာသူဟု ကြားသိရသည်၊ထို့ကြောင့်သူမ စာရေးတတ်၊ ဖတ်တတ်သည်၊ကျင်းအာသခင်အဖြစ်သူမတောင်ရှက်မိသည်၊ကျင်းအာ၏လက်ရေးလှသည်သူမထက်များစွာပိုကောင်းသည်၊စုရှင်းကူချင်းတီးခတ်ဖို့သင်ကြားချိန်ဆိုသူမဘေးကထိုင်ကြည့်တတ်သည်၊ထို့နောက်ကြည့်ရုံပင်ကျင်းအာကတတ်မြောက်သွားသည်၊ပြောရမယ်ဆိုရင် ကျင်းအာကတစ်ကယ်အရည်အချင်းရှိတယ့်ကောင်မလေးပါ။

'ချစ်စရာကောင်းတယ့်အစေခံလေး,လှပလွန်းတယ့်ကျင်းအာလေး,ကျေးဇူးပြုပြီး၊ငါ့ကိုခွင့်လွှတ်ပေးပါ'

"သခင်မလေးကိုကျွန်မအပြစ်မတင်ပါဘူး,အအဲ့‌တာကြောင့် ကျေးဇူးပြုပြီးကိုယ့်ကိုကိုယ်ခွင့်လွှတ်လိုက်ပါ၊သခင်မလေးရဲ့ကရုဏာနဲ့အကြင်နာတရားက ကျွန်မနဲ့မထိုက်​တန်​ဘူးဆိုတာသိပါတယ်​၊ကျွန်မက အရမ်းကံ​ကောင်းတယ်​၊လူတိုင်းမှာသခင်မလေးလို သခင်​​ကောင်းတစ်​​ယောက်​​မရှိကြဘူး၊သခင်မလေးက ကျွန်မကိုသူငယ်ချင်းလိုကော ညီအစ်မတစ်ယောက်လိုကောဆက်ဆံပေးလို့တစ်ကယ်၀မ်းသာတယ်၊ဒီ နိမ့်ပါးတဲ့ဘဝ ကိုလည်းကာကွယ်ပေးလို့ ကျေးဇူးပါသခင်မလေးရယ်,အဲ့တာကြောင့် ကျေးဇူးပြုပြီး၊သခင်မလေးကိုလည်း..ကာကွယ်ခွင့်ပြုပါ၊ကျွန်မသခင်မလေးနဲ့အတူနေချင်တယ်၊ကျွန်မတို့ငယ်ငယ်တုန်းကလိုပဲ,သခင်မလေးကိုကာကွယ်ပြီးသခင်မလေးလိုချင်တဲ့အရာတွေအတွက်တိုက်ခိုက်ပြီး ကူညီပေးချင်တယ်လို့ပါ"

စုရှင်းစာဖတ်ပြီးတာနဲ့မျက်၀န်းထဲမှမျက်ရည်များစီးကျလာတော့သည်၊ငါ..တစ်ကယ်သူမနဲ့ဘာလုပ်ရမှန်းမသိတော့ဘူး..ငါကပိုင်စုရှင်းအစစ်မဟုတ်ပါဘူးဟာ။

သစ်ပင်များမှတဆင့်လေကသူမမျက်နှာပေါ်ဖြတ်သန်းလာသည်။

သူမတစ်ဖက်သို့လှည့်ကြည့်လိုက်၍ ခြေလှမ်းရပ်တန့်လိုက်သည်၊ထို့နောက် အဲဒီလူသူမနားရောက်လာဖို့စောင့်နေလိုက်သည်၊သူမကျင်းအာကိုချောင်းကြည့်လိုက်သည်,ထင်ထားသည့်အတိုင်ပင်၊ကျင်းအာမျက်နှာ ရှုံ့တွနေသည်၊ ချောမောလှပသောမိန်းကလေးချူကို ရွံရှာသည့်မျက်နှာထားဖြင့်ကြည့်နေသည်။

အာ!ဝတ္ထုထဲက အဲ့ဒီပါးရိုက်တယ့်အခန်းကိုတစ်ကယ်မကြိုက်ဘူး။

အမျိုးသမီးဇာတ်ဆောင်သည်မျက်နှာချေမလိမ်းထားဘဲယောက်ျားလေးအဝတ်အစားကို၀တ်ဆင်ထားသည်၊အမျိုးသမီးဇာတ်ဆောင်ကာရိုက်တာက ဒီလိုပါပဲ၊သူမသည် စွန့်စားခန်းများကို နှစ်သက်သည်၊သူ့ကိုယ်သူယောက်ျားတစ်ယောက်လို၀တ်စားကာ မိမိကိုယ်ကိုကိုယ်ဖုံးကွယ်ထားတတ်သည်။

'သူတို့ကမျက်လုံးများကန်းနေလို့လား?အို,ဖြစ်နိုင်တယ်'

ချူ၀မ်၀မ်သည်အရမ်းလှသည်၊သူမကအဲ့လို၀တ်စားတာမျိုးနဲ့ လူတွေကိုအရူးလုပ်နိုင်တာမယုံကြည်နိုင်ပေ၊ချူ၀မ်၀မ်ကယောက်ျားတစ်ယောက်နဲ့ ဘယ်နေရာကများတူနေလို့လဲ!

"သူမက ဒီကိုဘာလာလုပ်တာလဲ?သူဒီကိုလာလို့မရဘူး"

"အရှင့်သားနန်းဘုရင်က သခင်မလေး ပိုင်ကိုသူ့ဆီအလည်လာဖို့ဖိတ်ခေါ်ထားတာပါ,သခင်မလေးက နန်းဘုရင်ရဲ့အထူးဧည့်သည်တစ်ယောက်ပါ"စစ်သူကြီး မင် က ဆိုလိုက်သည်။

'အထူး'ဆိုတယ့်စကားလုံးကိုမပြောကြပါနဲ့တော့!အဲ့ဒီစကားလုံးက ဒီဗီလိန်မလေးကိုကြက်သီးထစေတယ်။

အဓိကဇာတ်ဆောင်မင်းသမီးကို စုရှင်းလျစ်လျူရှုဖို့စီစဉ်လိုက်သည်၊ထို့ကြောင့် အခြားတစ်ဖက်သို့ခြေလှမ်းလိုက်၏။

"ဘာလို့အခုမှလဲ?ဟန်ကနင့်ကိုရက်အတော်ကြာစောင့်နေပေမယ့်နင်မလာခဲ့ဘူး၊အဲ့တော့ ဘာလို့အခုမှလာတာလဲ?"အံ့သြဖို့ကောင်းတာက ချူ၀မ်၀မ်က သူမလက်မောင်းကိုဆုပ်ကိုင်လိုက်ထားပြီးစူးရှတယ့်မျက်၀န်းတွေနဲ့စိုက်ကြည့်နေသည်၊ထိုသည်က သူမကိုထိတ်‌လန့်စေသည်။(*ချူ၀မ်၀မ်က တို့ကောင်လေးကိုခေါ်တာ ဟန်တယ့်🙂)

"နင်က ..သူ့နှလုံးသားနဲ့မထိုက်တန်ဘူး..သူဒုက္ခရောက်နေပေမယ့်နင်မလာခဲ့ဘူး၊နင်သူ့ကိုစွန့်ပစ်လိုက်ပြီဆိုလည်း သူ့နှလုံးသားကိုနောက်ထပ်မကစားဖို့သတိပေးလိုက်မယ်"

စုရှင်း သူမကိုသိသိသာသာ၀မ်းနည်းနေတယ့်ပုံစံပြသလိုက်သည်"ဘာကိုဆိုလိုချင်တာလဲ?သူ..ဝေဒနာခံစားနေရတယ့်အကြောင်းတွေးလိုက်တိုင်းငါလဲ နာကျင်ရပါတယ်"

"ဟန်ဆောင်မနေနဲ့"

ပိုင်စုရှင်းအမူအရာ လှောင်ပြုံးအဖြစ်သို့ပြောင်းလဲသွားတော့သည်"ငါသိချင်တယ်၊နင်ချစ်တဲ့ယောက်ျား ကတခြားမိန်းမကိုအထီးကျန်စွာ စောင့်နေတာဘယ်လိုခံစားရလဲ?"

ချူ၀မ်၀မ်၏အမူအရာသည် ရုတ်ချည်းဆိုသလိုအကျည်းတန်လာကာရန်လိုစွာဖြင့် "နင်-..."

စုရှင်းတခစ်ခစ်ရယ်ကာ "ကဲ ကျေးဇူးပြုပြီး မိန်းကလေးချူ,ကျွန်မလက်ကိုလွှတ်ပါ"

'အမေရေ!ဒီအခြေအနေမှာသူငါ့လက်ကိုများချိုးတော့မှာလား?သူကဟာကြူလီ မိန်းကလေးဗားရှင်းပဲဖြစ်ရမယ်!လွှတ်လိုက်စမ်းပါ,အဓိကဇာတ်ဆောင်မင်းသမီးရေ၊တောင်းပန်ပါတယ်!နာလှပြီ!ငါ့ရဲ့သနားစရာလက်မောင်းလေး...တစ်ယောက်ယောက်ငါ့လက်မောင်းလေးကိုကယ်ကြပါအုန်း!အကူအညီလိုနေပြီ'

ထို့နောက်စုရှင်း သူမလေသံပြောင်းလဲသွားကာတင်းမာအေးစက်၍သနားညှာတာကင်းမဲ့မှုခြိမ်းခြောက်မှုတို့ဖြင့်ရောနှောကာ "အရှင့်သားက ငါ့ကိုစောင့်နေတယ်၊လက်ကိုအခုလွှတ်ဖို့ အကြံပေးလိုက်မယ်"

****

[Zawgyi]










"မလုပ်ဝံ့ပါဘူး"





























"ဟန်ဆောင်မနေနဲ့"






****

Continue Reading

You'll Also Like

83.2K 8.3K 52
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 Every friday, bonus day⭐ (စဆုံးPaid gp c...
259K 32.5K 46
နှစ်​​ပေါင်းများစွာ ကြာပြီး​နောက်​ အား​ကျော​င်းတစ်​​ယောက်​ သူမ၏သားစဉ်​​မြေးဆက်​တို့ကို သူမဘဝအ​ကြောင်းအား​ပြောပြ​နေ​လေသည်​။ "အစက​တော့ ငါက အဲ့ဒီလူရဲ...
174K 19.1K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
62.9K 8.1K 67
တစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရ...